ဒါက သူ့ရဲ့ နေရာ မဟုတ်ဘူး
Vol. 5 Ch. 58
(၂) လကြာပြီးသော်…
မန်ဟို သည် နက်ရိူင်းသောတောင်များကြားရှိ ကျင့်ကြံခြင်းဂူထဲတွင် တင်ပလင်ခွေထိုင်ကာ တရားကျင့် နေသည်။
ရုတ်တရက် စူးရှပြီးနက်ရှိုင်းသော အသံ တစ်သံ ထွက်ပေါ်လာပြီး ထိုအသံကြောင့်ပင် အနီးနားရှိ တိရိစ္ဆာန် များသည် အလန့်တကြားထွက်ပြေးသွားသည်။ ကျင့်ကြံခြင်းဂူပေါက်ဝ ကိုပိတ်ထားသော ကျောက်တုံးကြီး လည်း အစိတ်စိတ် အမွှာမွှာ ကွဲထွက် သွားလေသည်။
ကျင့်ကြံခြင်းဂူထဲ မှ မန်ဟိုထွက်လာသောအခါ ကျောက်တုံးအပိုင်းအစ များ သည် မိုးရွာထားသော မိုးစက်ရေများ သကဲ့သို့ နေရာအနှံပြန့်ကျဲနေသည်။ သူ့ဆံပင်များက သူ၏ပညာရှင် ဝတ်စုံတစ်ဝိုက်တွင် ခြုံလွှာသကဲ့သို့ရှည်ကျနေလေသည်။ သူ၏ မျက်လုံးများသည်လည်း လျှပ်စီး သကဲ့သို့ တောက်ပနေပြီး သူ့ထံမှ အလွန်မွှေးကြိုင်သောရနံ့ နှင့် အတူ ထိန်လန့် တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါတခုထွက်ပေါ်နေသည်။
သူ၏မျက်နှာသည် ကျေနပ်မှုများနှင့် ပြည့်နှက်နေလေသည်။ အချိန်ကြာမြင့်စွာ တံခါးပိတ် ကျင့်ကြံပြီးနောက် သူ ရယ်မောပစ်လိုက်သည်။ ထိုရယ်သံက ပဲ့တင်ထပ်သွားကာ တောရိုင်းတိရိစ္ဆာန်များကို အလန့်တကြားထွက်ပြေးသွားစေသည်။
“စဦးချီဖွဲ့စည်းခြင်းအဆင့် ၈” ဟု သူ၏လက်သီးများကိုဆုပ်လျက် မန်ဟိုက ရေရွက်လိုက်သည်။ သူ၏မျက်လုံးများ သည်အလွန်တရာ တောက်ပနေသည်။ ထို တောက်ပမှုသည် မှောက်မိုက်သော ညအချိန်အခါတွင် ပို၍ပင် ထင်ရှား နေပေလိမ့်မည်။
(၂) လကြာ ကျင့်ကြံ မှု သည် စိတ်လှုပ်ရှားမှုများ၊ စိုးရိမ်ထိတ်လန့်မှုများနှင့် စတင်ခဲ့သော်လည်း ထို ခံစားမှုများသည် ကျင့်ကြံမှု ကြာလာသည်နှင့်အမျှ တဖြေးဖြေး ကွယ်ပျောက် သွားသည်။ ကျင့်ကြံရာတွင် သုံးသော ဆေးလုံး များကို ပွားရန် အတွက် ထောင်ပေါင်း များစွာသော ၀ိညာဉ်ကျောက်တုံးများကို သူ အသုံးပြုခဲ့ရသည်။
သူသည် အန္တရယ်ရှိသည့် အခြေအနေ နှင့်ထပ် မကြုံချင်တော့ပေ။ သူ့ကို ခြိမ်းခြောက်နေသည့် သူများကို ကျော်လွန်နိုင်ရန် အတွက် ခွန်အားရှိရန် လိုအပ်သည်။
မန်ဟို ကျင့်ကြံခြင်းဂူအပြင်ဘက် တွင် မတ်တပ်ရပ်ရင်း လတ်ဆတ်သည့်လေများကို ရှုသွင်းကာ “ငါ အစွမ်းရှိဖို့ လိုအပ်တယ်၊ ဘာအကြောင်းပြချက်မှမလိုဘူး၊ ငါ အစွမ်းရှိ ကို ရှိလာရမယ်” ဟု အခိုင်အမာ ဆုံးဖြတ်လိုက်သည်။
မန်ဟို သည် ကွန်ဖြူးရှပ်ဝါဒကို လိုက်နာသော သာမန် ကျောင်းသားတယောက်ဖြစ်ခဲ့သော်လည်း လွန်ခဲ့သုံးနှစ်အချိန် ကာလ တွင် အတွင်းအာရုံ ခံစားမှု ကို ပိုမိုစူးစိုက်ခဲ့သည်။ သူကြုံတွေ့ခဲ့ရသောအရာများကြောင့် မန်ဟို၏ပင်ကိုယ်စရိုက်သည် ယခင်ကထက် များစွာ ကွဲပြားခြားနားသွားသည်။ ယခင်ကထက်လည်း ပို၍ခေါင်းမာလာခဲ့သည်။
သူ နန်းတွင်းစာမေးပွဲ ကို ကျရှုံးခဲ့သည့် နောက်၌ပင် ခေါင်းမာစွာနှင့်အရှုံးမပေးဘဲ ဆက်ကြိုးစားခဲ့သည်။ မှီခိုရာဂိုဏ်းတွင်ရှိစဉ်က ဝမ်တန်ဖေးနှင့်ရင်ဆိုင်စဉ် ကလဲခေါင်းမာခဲ့သည်။ ယခုအခါတွင် သူ၏အနာဂတ်မျှော်လင့်ချက်အတွက် ခေါင်းမာနေခဲ့သည်။
အစွမ်းရှိလာခြင်းသည် ချမ်းသာလာခြင်းနှင့် တူညီသည်။ ထိုအရာ သည် အကြောင်းပြချက်မလိုအပ်သောအိမ်မက်ဖြစ်သည်။ အကြောင်းပြချက် တခု လိုအပ်သည်ဆိုပါက ထိုသည်ကား ဆင်းရဲခြင်းသို့မဟုတ် အားနည်းခြင်းဖြစ်မည်ကို စိုးရိမ်ခြင်း ဖြစ်နိုင်သည် ဟု မန်ဟိုက ယုံကြည်သည်။
“ဘဝဆိုသည်ကား တက်ကြွခြင်းများနှင့် ပြည့်နေသည့် လောင်ကျွမ်းနေသော မီးလျှံတစ်ခုဖြစ်သည်။ ဘဝတွင် ခွန်အားကြီးရန်လိုအပ်ပြီး တစ်ပါးသူ၏ လက်အောက်သို့ ခေါင်းငုံ့နှိမ့်ချရန် မလိုအပ်ပေ။” သူ ကောင်းကင် ကိုမော့ကြည့်ရင်း မှီခိုရာဂိုဏ်းအကြောင်းစဉ်းစားနေသည်။ မန်ဟိုသည် ကျိုးပြည်နယ်မှ သိုင်းသမားများ၏ မာနထောင်လွှားသောစိတ်၊ သူ့ကို သတ်ရန်ကြိုးစားခဲ့သူများ၏ သွေးအေးမှု၊ ထိုညက ဝမ်တန်ဖေး၏ဘေးတွင်ရပ်နေသော သက်လတ်ပိုင်းအရွယ် တာအိုစောင့်ရှောက်သူ၏ အကြည့်တို့ကိုပါ တွေးတောမိနေသည်။
ငါငယ်ငယ်တုန်းထဲက အမေနဲ့အဖေကို ဆုံးရှုံးခဲ့ရတယ်။ ကိုယ့်ကိုယ်ကို တိုးတက်အောင် မရုန်းကန်ခဲ့ရင် ငါ ဒီနေ့အထိ အသက်ရှင်မှာမဟုတ်ဘူး။ အဲဒီအစား ငါဟာ မျှော်လင့်ချက်မဲ့တဲ့ အရှုံးသမားတစ်ယောက် ဖြစ်နေလိမ့်မယ်။ ငါ မှီခိုရာဂိုဏ်းမှာရှိနေစဉ်က ပိုမိုခွန်အားကြီးလာဖို့ မကြိုးစားခဲ့ရင် ငါက အတွင်းစည်းတပည့် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ခေါင်းမာခြင်းက ကိုယ့်ကိုယ်ကို တိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေခဲ့တာ။ ဒါက အနာဂါတ်မှာ ငါလျှောက်ရမယ့် လမ်းပဲ။” သူ အသက် ပြင်းပြင်းရှုသွင်းလိုက်သည်။ ထို့နောက် သူသည်လက်ကိုမြှောက်ကာ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ အနက်ရောင် ရောင်ခြည်တစ်ခုပေါ်လာပြီး အနက်ရောင်သံချွန် အဖြစ်ပြောင်းလဲသွားသည်။ အနက်ရောင် ရောင်စဉ်တန်းများ ဖြာနေလျက် အနီးအနားရှိကျောက်တုံးကို ထိမှန်သွားသည်။
ကျယ်လောင်သော အသံ ပေါ်ထွက်လာကာ ၁၈ပေကျော်မြင့်သော ကျောက်တုံးကြီးသည် ပြိုကျသွားပြီး အပိုင်းပိုင်း အစစ ဖြစ်သွားကာ ရေခဲနက် အပိုင်းအစများ နှင့် ရောယှက်သွားသည်။
ကျေနပ်ရောင့်ရဲမှုအပြည့်ဖြင့် မန်ဟို သည် လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင်သံချွန်သည် သူ့ထံပြန်ရောက်လာ သည်။ သူသည် နောက်တဖန်လက်ကို လှုပ်ရှားလိုက်သည့်အခါ ရောင်စုံရောင်ခြည်တစ်ခု သူ့ပတ်ပတ်လည်တွင် ရစ်သန်းနေသည်။ ငှက်မွှေး ၁၆ချောင်းပါဝင်သော ယပ်တောင် သည် သူ၏လက်ချောင်းများလှုပ်ရှားမှုများ နောက်သို့ လိုက်၍ အရှေ့အနောက် ပျံသန်းနေသည်။ ထိုအမွေးများ ကွဲထွက်သွားသောအခါ ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ရောင်ခြည် တန်း ၁၆ ခု သည် အနီးပတ်ပတ်လည်တွင် လှည့်ပတ်ပျံသန်းနေသည်။ ငှက်မွှေး ၁၆ချောင်းသည် လည်း ဓားပျံ များ ကဲ့ သို့ လှည့်ပတ်ပျံသန်းနေသည်။ ထိုအရာ များကို သူ၏စိတ်ဝိဉာည်စွမ်းအားဖြင့် ထိန်းချုပ်ကာ သူ၏လက်လှုပ်ရှားမှု အတိုင်း ပျံသန်းစေပြီး သူ၏ပတ်ပတ်လည် တွင် အရံအကာ အတားအဆီးတခု အဖြစ် ပြုလုပ်လိုက်သည်။
ထို့နောက် ထိုအမွေးအတောင်များသည် ယပ်တောင် တစ်ခု အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီး သူ၏လက်ပေါ်သို့ ရောက်ရှိခဲ့သည်။
“ဝိညာဉ်ကျောက်တုံး အလုံအလောက်မရှိတာ တော်တော်ဆိုးတာပဲ၊ ကြေးမုံ က သူတို့ကို တကယ် စားလိုက်တာပဲ၊ မြေကြီးဝိညာဉ်ဆေးလုံးတစ်ခု ကို ပွားဖို့ ဝိညာဉ်ကျောက်တုံး အခု တစ်ရာ လိုအပ်တယ်၊ တန်တော့တန်ပါတယ်။ စချီဖွဲ့စည်းခြင်း အဆင့် ၈ ကိုရောက်ဖို့နတ်ဝိညာဉ်ဆေးလုံး က အခု ငါးရာ လိုအပ်တယ်၊ အရမ်းစျေးကြီးတာပဲ” ဝိညာဉ်ကျောက်တုံး အကြောင်း စဉ်းစားပြီး သူ မျက်မှောင်ကြုံလိုက်သည်။ ဝိညာဉ်ကျောက်တုံး အလုံး တသောင်းအနက် သူ့၌ အနည်းငယ်သာကျန်သည်၊ သူသည် စချီဖွဲ့စည်းခြင်း အဆင့်ရ မှ အဆင့်၈ သို့တက်လှမ်းခဲ့သည့် နှစ်လအတွင်းတွင် မြေကြီးဝိညာဉ်ဆေးလုံး ရှစ်ဆယ်ကျော် ကိုစားသုံးခဲ့သည်။ ထိုသည်က စချီဖွဲ့စည်းခြင်း အဆင့် ၈ သို့ ချိုးဖြတ် မရောက်ရှိခင် တနေ့ကို ဆေး ၂လုံးစားသုံးခဲ့သည်ကို ဖော်ပြနေသည်။
"အနာဂတ်မှာ" သူ့ကိုယ်သူ ရေရွတ်လိုက်ရင်း “ကျင့်ကြံဆင့်တက်ဖို့အတွက် စိတ်ဝိညာဉ်စွမ်းအား ပိုလိုအပ်တယ်။ ” သူ့ သိုလှောင်အိတ်ထဲ တွင် နတ်ဝိညာဉ်ဆေးလုံး ငါးခုသာရှိတော့သည်။ သူသည်တစ်လုံးကိုစားသုံးပြီးပြီ ဖြစ်၍ စချီဖွဲ့စည်းခြင်းအဆင့်၉ သို့ရောက်ရန်အတွက် ခန့်မှန်းခြေအားဖြင့် ဆေးလုံးတစ်ရာ့ငါးဆယ်လိုအပ်သည်။
“စိတ်ဝိညာဉ်စွမ်းအား တွေအများကြီးလိုတယ်ဆိုတာ ငါသိတယ်၊ ဒါက မိစ္ဆာသားရိုင်းအမြူတေကို အလွန်အကျွံသုံးစွဲပြီးတဲ့အခါ ငါ့ ကိုယ်ခန္ဓာက ဆေးဝါးဆေးပြား များကို စတင်ငြင်းဆန်စေတာ ဖြစ်နိုင်လား။” သူ့ အတွေးမှန်လား မမှန်လားကို သူသေချာမသိပေ။ အကယ်၍ သူ့အတွေးသာ မှန်ခဲ့လျှင် သူ နတ်ဝိညာဉ်ဆေးလုံးများ သို့မဟုတ် အခြား ဆေးလုံး ထပ်မံလိုအပ် ပေလိမ့်မည်။
"နတ်ဝိညာဉ်ဆေးလုံး တစ်ရာ့ငါးဆယ်... ဒါဟာ ဝိညာဉ်ကျောက်တုံး ခုနစ်သောင်းနဲ့ ညီမျှတယ်... အဲ့ဒါတွေသာ မရှိရင် စိတ်ဝိညာဉ်စွမ်းအား ကို စုဆောင်းဖို့ အချိန်တော်တော်ကြာလိမ့်မယ်။ ဒါ့အပြင် ပင်ကိုယ် စွမ်းရည်ကလည်း သာမန်ပဲ။ ဒီအဓိပ္ပယ်က ပိုပြီးတော့ ကြာမယ်ဆိုတဲ့ အဓိပ္ပယ်ပဲ” ဘာမှမရှိ လောက်အောင် ဖြစ်နေတဲ့ သူ့သိုလှောင်အိတ် ကို ကြည့်ပြီး သူ သက်ပြင်းချလိုက်သည်။
သူ့မှာ အလွန်ကြီးမားသော ဝိညာဉ်ကျောက်တုံး သုံးခုရှိသော်လည်း သူမသုံးဝံ့ပေ။ သူ့ကျင့်ကြံဆင့် မြင့်လာလေလေ အဲ့ဒီနှစ်တုန်းက သူ သစ်သားဓါးကို သူ ဘယ်လောက် မဆင်မခြင်ပွားခဲ့မိလဲဆိုတာ သူသိလာခဲ့လေဖြစ်သည်။ ၀ိဉာည်ကျောက်တုံး ကြီးများက သာမန်ထက်ထူးခြားသည်မှာ သေချာသည်။ သို့မဟုတ်ပါက ဗော်ပယ်ကျောက်စိမ်းပြား ကို သူ ပွားနိုင်မည် မဟုတ်ပါ။
"မလိုအပ်ဘူးဆိုရင် ဒီ ဝိညာဉ်ကျောက်တုံးကြီးတွေကို လုံးဝမသုံးဘူး" ဟု သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။ "သူတို့က အနာဂတ်မှာ တနည်းနည်းနဲ့ အသုံးဝင်လာ လိမ့်မယ်။" သူ ခြေထောက်အောက်ရှိ ယပ်တောင်သည် ထွန်းလင်းတောက်ပလာပြီး သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုသို့ အသွင်ပြောင်းကာ အဝေး သို့ရွေ့လျားသွားခဲ့သည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအင် ကိုဖြန့်ကျက်စေပြီး တိတ်ဆိတ်စွာ သွားနေသည်။ နောက်ဆုံးတွင် ရတနာယပ်တောင်သည် တဖြည်းဖြည်း မှေးမှိန်လာကာ သာမာန် ပုံပန်းသဏ္ဌာန် ပြန်ဖြစ်လာသည်။ သူ ပို၍ဝေးဝေးကို သွားသည်နှင့်အမျှ သူ့စိတ်သည်လည်း ပို၍ သက်တောင့်သက်သာရှိလာခဲ့သည်။
“ဒီလောက်လတွေ ကြာပြီးတဲ့နောက်မှာ ဇွီယွင်ဂိုဏ်းသားတွေ လည်း မေ့လောက်ပါပြီ” သူခရီးသွားစဉ် ဂရုတစိုက်နှင့် သွားလာခဲ့ပြီး တောင်များ ကြားမှ ထွက်ပေါ်လာခဲ့သည်။ သူသည် ဘေးပတ်ဝန်းကျင် ကို အကဲခတ်ပြီး သူသာမှန်မယ်ဆိုရင် ဒီ နယ်မြေဟာ မြို့တော် ကျိုးပြည်နယ်နှင့် နီးနေပြီဖြစ်သည်။
တစ်ချိန်က သူသည် မြို့တော်သို့ သွားရန် နေ့ရောညပါ တောင့်တခဲ့သည်။ ထိုဆန္ဒကား အရှေ့တိုင်းပြည်များရှိ တန်ပြည်သို့ လာရောက်လည်ပတ်ရန် ဆိုသည့် စိတ်ကူးအိပ်မက်ပြီးလျှင် ဒုတိယအိပ်မက်ဖြစ်သည်။ သူသည် သုံးနှစ်စာမေးပွဲနှင့် သုံးနှစ်ကျရှုံးမှုများကို စဉ်းစားရင်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ သူသည် နန်းတွင်း စာမေးပွဲရဲ့ နောက်ဆုံး အဆင့်ထိ တစ်ခါမှ မရောက်ခဲ့ဘူးပေ။ သုံးနှစ်ကြာခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ပညာသင်သား အနေဖြင့် မဟုတ်ဘဲ ကျင့်ကြံသူတစ် ဦး အဖြစ်ရောက်ရှိလာသည်။
သူသည် မြို့တော်သို့ ရောက်သောအခါ လမ်းမကြီး တစ်လျှောက် စတင်လျှောက် လာလိုက်သည်။ ထုံးနှောင်ထားသော သူ့ဆံပင်နှင့် သူ၏ ပညာရှင်ဝတ်ရုံတွေနဲ့ ပေါင်းစပ်လိုက်သည့်အခါ ယခင်က သူပုံဖြစ်သော စာပေပညာရှင်ဟောင်းနဲ့ တူနေခဲ့သည်။ ယခင်က သူ့အရပ်က အနည်းငယ်ပုခဲ့သော်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ယခုအခါတွင်တော့ သူကား အရပ်ရှည်ရှည် ပိန်သွယ်သွယ် ဖြစ်လာသည်။ သူ၏ အသားအရေမှာ အနည်းငယ် မည်းနေ သော်လည်း သူ့ကိုကြည့်ရသည်မှာ အားမာန် အပြည့်ဖြင့် တက်ကြွနေသည်။
သူ ဘေးပတ်ဝန်းကျင်ကို စိတ်ဝင်စားခြင်းမရှိဘဲ လျှောက်လှမ်း နေခဲ့သည်။ ယခုကာလသည် မတ်လ ဖြစ်ပြီး ကျိုးပြည်နယ်တွင် မတ်လ၌ နှင်းများကျလေ့ ရှိသည်။ ညနေခင်းတွင် အမှောင်ထုများကြီးစိုးလာပြီး နှင်းများဖြည်းဖြည်း ကျဆင်းလာသည်။
မကြာခင်မှာပဲ မြေကြီးသည် ငှက်မွှေးဖြင့်ပြုလုပ်ထားသော အိပ်ရာခင်း ကဲ့သို့ အဖြူရောင်များဖြင့် ဖုံးလွှမ်းသွားသည်။
လေတိုက်ခတ်မှုကြောင့် ဆီးနှင်းများသည် မန်ဟို၏ ဆံပင်၌ လာကပ်နေသည်။ ဆီးနှင်းများ သည် အရည်ပျော် မသွားဘဲ စုပြုံလာခဲ့သည်။
အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။ သူသည် မြို့တော်နှင့်နီးကပ်လာ သောအခါ မြင်းရထားတစ်စီးသည် သူ့နောက်မှ အရှိန်အဟုန်မြင့်စွာ ရှေ့သို့ပြေးသွားသည်မှာ မြို့တံခါး မကြာမီ ပိတ်တော့မည်ကို ကြောက်ရွံ့နေပုံရသည်။
ဖြတ်သန်းသွားသောအခါ ရထားဘီးလုံးကြီးများက ဆီးနှင်းပွင့်များကိုနင်းလိုက်ပြီး လှိုင်းများပမာ ဘေးဘက် သို့ ပျံနှံ့သွားသည်။ လေသည် ရထား၏ ကုလားကာကို ပွင့်သွားစေပြီး စာဖတ်နေသည့် လူငယ်စာပေပညာရှင် တစ် ဦး ကို တွေ့လိုက်ရသည်။
မန်ဟိုသည် သူ့ကို အေးဆေးစွာကြည့်ခဲ့ပြီး လွန်ခဲ့သောနှစ်အနည်းငယ်က သူ့ပုံစံကို ပြန်မြင်ယောင်နေခဲ့သည်။ ယခုအချိန်တွင် မန်ဟို သည်အနှစ် ၂၀ ခန့်ရှိနေပြီမှာ မှန်သော်လည်း အတွင်းစိတ်မှာ ထိုအသက်ထက်ပိုကြီးသည်ဟု သူထင်သည်။
သူသက်ပြင်းချလိုက်သည်။ သူ၏ ရှေ့တွင် ရထားသည် ရပ်တန့်သွားပြီး ကုလားကာပွင့်လာသည်။ ငယ်ရွယ်သော စာပေပညာရှင် က ရထားပေါ်က ဆင်းလာပြီး မန်ဟို ကို အရိုအသေ ပေးလိုက်သည်။
“ အစ်ကို၊ အစ်ကိုက နန်းတွင်း စာမေးပွဲအတွက် မြို့တော်ကို သွားနေတာလား”
မန်ဟိုကလည်း အလျင်အမြန် ပြန်အရိုအသေပေးလိုက်ရင်း “အရင်နှစ်တွေတုန်းကတော့ ငါအဲဒီလိုလုပ်ဖို့ အိပ်မက်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒီအိပ်မက်တွေ မရှိတော့တာ ကြာပါပြီ။ အခုတော့ ငါက တန်မျှော်စင်ကို သွားကြည့်ချင်ရုံပါ။”
"ဒါက စိတ်မကောင်းစရာပဲဗျာ” ဟု သူကနောင်တရနေသည့်ဟန်ဖြင့် ပြောလိုက်သည်။ အစ်ကိုရဲ့ ပြုမူဆက်ဆံမှုက အရမ်း ယဉ်ကျေးသိမ်မွေ့လွန်းတယ်။ ကျွန်တော်တို့က စာသင်ဖက်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော်တွေးနေတာ။ အစ်ကို ပြန်တမ်းဝင်အရာရှိဖြစ်ဖို့ စိတ်ဆန္ဒ ကို စွန့်လွှတ် လိုက်တာသေချာလားဗျာ" ထိုလူငယ်သည် မန်ဟို နှင့် အသက်တူတူ ဖြစ်လောက်သည်။
မန်ဟို က တိတ်တဆိတ်ခေါင်းခါလိုက်သည်။
“ကောင်းပြီ၊ ကိစ္စမရှိပါဘူး" ဟု စာပေပညာရှင်က ဆိုကာ မန်ဟို ရဲ့ စာပေပညာရှင် အသွင်အပြင်ကို ကြည့်ပြီး နွေးနွေး ထွေးထွေးပြုံးပြသည်။ "ဆီးနှင်း တွေက ပိုပိုကျလာပြီမို့ လမ်းလျှောက်ပြီးသွားဖို့အတွက် ခက်ခဲလိမ့်မယ်။ နောက်ကျသွားရင် မြို့ထဲကို ဝင်လို့မရနိုင်ဘူး။ အစ်ကို၊ ကျွန်တော်နှင့် အတူလိုက်ခဲ့ပါလား။ မြို့ထဲကို သွားဖို့ မှီပါသေးတယ်။”
မန်ဟို ကကောင်းကင်ကို မော့ကြည့်လိုက်ပြီး စာပေပညာရှင်လူငယ်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် လေးစားစွာ ဦး ညွှတ်ပြီးလျှင် ရထားပေါ် သို့တက်လိုက်သည်။
ရထားထဲ၌ မီးဖိုသေးသေးလေးတစ်ခုရှိပြီး အအေးဒဏ်ကိုဖယ်ရှားပေးထားသည်။ အသက်ကြီးသော အိမ်တော်ထိန်း က ရထားကို မောင်းနှင်နေသည်။ ထို အချက် များကိုကြည့်ခြင်းဖြင့် သူသည် ကြွယ်ဝသော မိသားစုမှလာကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။
အသက်ကြီးသော ရထား မောင်းနှင်သူသည် ကြီးမား ကျယ်ပြန့်သော ၀ါးခမောက် ကိုဆောင်းထားပြီး ထိုသူ၏ လက်ဆစ်များ သည် အလွန်ကြီးမားသည်၊ ထိုအရာကို ကြည့်ခြင်းဖြင့် သူသည် ကွန်ဖူးကျွမ်းကျင်သူဖြစ်ကြောင်းသိနိုင်သည်၊
“ကျွန်တော်က ကျန့်ယုံ ပါ” ဟု စာပေပညာရှင်က သူ့လက်ကိုနွေးအောင်လုပ်ရင်း ပြုံးပြီးမိတ်ဆက်လိုက်သည်။ "အစ်ကို, ရှက်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ နှစ်ယောက်လုံးက စာသင်သားတွေပါ၊ စာသင်သားတွေ ဆိုတာ အပြန်အလှန်ကူညီသင့်ပါတယ်"
“ကျွန်တော်က မန်ဟို ပါ” ဟုသူက နှိမ့်ချစွာပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အစ်ကိုကျန့်။” ဟုပြောရင်း ကျန့်ယုံ ဘေးတွင် ချထားသော စာအုပ်ကို သူ့အကြည့် ရောက်သွားသည်။ ထိုစာအုပ်က ဘာသာရေးထုံးတမ်းစာအုပ် ဖြစ်သည်။ စာအုပ်မှာ အလွန်ဟောင်းနွမ်းနေပြီး ကူးယူထားသောစာအုပ်မဟုတ်ဘဲ ၊ ရှေးဟောင်းမူရင်းကျမ်း ဖြစ်သည်။
"အစ်ကို့ မျိုးရိုးကမန်လား။" ဟု ကျန့်ယုံ က ဝမ်းသာအားရ မေးလိုက်သည်။ ရထားအတွင်း၌ အတော်အတန် ကျဉ်းကြပ်နေသော်လည်း သူသည် မတ်တပ်ရပ်ပြီး မန်ဟို အား လေးစားစွာ အရိုအသေပေးလိုက်သည်။ "ဂုဏ်သရေရှိ မျိုးရိုးအမည်ပဲ။ အစ်ကိုက ချင်ဖူ ရဲ့သားစဉ်မြေးဆက်ပဲ။ ကျွန်တော် မရိုမသေ ဆက်ဆံမိတယ် ကျေးဇူးပြုပြီးခွင့်လွှတ်ပါ၊ အစ်ကိုမန်"
မန်ဟို က မိတ်တပ်ရပ်ပြီး ပြန်အရိုအသေပေးလိုက်တယ်။ "အစ်ကိုကျန့် ဒီလိုလုပ်ဖို့ မလိုပါဘူး။ ဒါဟာမျိုးရိုးအမည် သက်သက်ပါပဲ” ကျွန်တော့် ဘိုးဘေးတွေဟာ တကယ့်ကို အံ့သြစရာကောင်းလောက်အောင် တော်ခဲ့ပေမဲ့ ကျွန်တော် ကတော့ နန်းတွင်းစာမေးပွဲ ကို အကြိမ်ကြိမ် ကျရှုံးခဲ့ လို့ ရှက်စရာပါပဲ” ဟုပြောပြီး သူတို့နှစ်ယောက်စလုံး ပြန်ထိုင်လိုက်တယ်။
“အစ်ကို မန် အခုပြောလိုက်တာက မမှန်ဘူး” ဟု ကျန့်ယုံကတည်ကြည်လေးနက်စွာပြောလိုက်သည်။ “ အစ်ကို့မျိုးရိုးနာမည်က အစ်ကို့အတွက် ကံကောင်းမှုတွေ နဲ့ဆောင်ကြဉ်းပေးနိုင်မှာပါ။ မျိုးရိုးအမည်က နှစ်ပေါင်းများစွာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ကြတာ။ ချင်ဖူရဲ့ သားစဉ်မြေးဆက် တစ်ယောက်အနေနဲ့ နန်းတွင်းစာမေးပွဲမအောင်ခဲ့ရင်တောင် မင်းရဲ့ နှလုံးသားထဲမှာ ကြင်နာမှုနဲ့ သီလ ရှိနေသမျှ မင်းဟာ ကွန်ဖြူးရှပ် ရဲ့ စံနှုန်း အတိုင်း အသက်ရှင်နိုင်သေးတယ်။”
မန်ဟို သည် ခဏ တာတိတ်ဆိတ်သွားပြီး သူ့ရှေ့တွင်ထိုင်နေသော စာသင်သားကို ကိုကြည့်ကာ“အစ်ကိုကျန့်၊ ကွန်ဖြူးရှပ်ဝါဒ ရဲ့ တကယ့်ဆိုလိုရင်းအဓိပ္ပာယ် က ဘာလဲ။" ဟုမေးလိုက်သည်။
“ယဉ်ကျေးရည်မွန်မှု၊ အကျိုးပြုမှု၊ သစ္စာစောင့်သိမှုနှင့်ရွှေရောင်အအဓိပ္ပာယ်ရှိခြင်း” ဟု သူကတွေဝေခြင်းမရှိဘဲ ဖြေလိုက်ကာ “ ဒါဟာကွန်ဖြူးရှပ်ဝါဒပဲ။ ”ဟု ပြောလိုက်သည်။
မန်ဟို က ဘာမှ တုံ့ပြန်မှုမရှိဘဲ ကုလားကာမှ တဆင့် ဆီးနှင်းများ ဖြင့်ပြည့်နေသာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ခဏကြာပြီးနောက် “ဘဝရဲ့အဓိပ္ပာယ်ကဘာလဲ။ ” ဟု အေးဆေးသော အသံဖြင့် ထပ်မံပြောဆိုခဲ့သည်။
“ဘဝလား” ကျန့်ယုံ ကအံ့အားသင့်စွာဖြင့်ကြည့်သည်။ သူက ဘာမှမပြောဘဲ ခဏ တွန့်ဆုတ်နေသည်။
ရထား၏အတွင်းပိုင်းတွင်တော့ တိတ်ဆိတ်မှုက ကြီးစိုးနေကာ ပြတင်းပေါက်မှ ဖြတ်ဝင်လာသော ဆီးနှင်းကျသံနှင့် သာပြည့်နေသည်။ မန်ဟိုက လက်ကို အပြင်ဘက်သို့ ထုတ်လိုက်သည်။ ဆီးနှင်း များ တဖြည်းဖြည်းသူ့လက်ပေါ်မှာ ပုံလာခဲ့သည်။
“နှင်းများက ဆောင်းရာသီမှာသာ ကျဆင်းပြီး၊ အေးခဲတဲ့လေထဲမှာသာတည်ရှိနိုင်တယ်၊ လို့ သူက တိတ်ဆိတ်စွာ ပြောလိုက်သည်။ “ဒါကြောင့် ဆီးနှင်းရဲ့ သက်တမ်း က ဆောင်းရာသီ အတွင်းမှာပဲ ရှိနိုင်တယ်” သူက လက်ကို ပြန်ရုတ်လိုက်ပြီး မီးဖိုဘေးတွင် ထားလိုက်သည်။ နှင်းများသည် အရည်ပျော်လာပြီး ရေအဖြစ်သို့ ပြောင်းလဲ သွားကာ၊ သူ၏လက်အတွင်း သို့ စီးဆင်းသွားသည်။
“နှင်းတွေက ဆောင်းရာသီမှာပဲ ရှိတယ်။ မီးအနီးနား ရောက်လာရင် ပျောက်ဆုံးသွားတယ်။ အဲ့ဒါ သူရဲ့ ဘဝပဲ။ သူ နွေရာသီ ကို တောင့်တကောင်း တောင့်တလိမ့်မယ်။ ဒါပေမဲ့ ဒါက သူရဲ့ ဆန္ဒ သက်သက်သာဖြစ်တယ်။ ကျွန်တော့်လက်ထဲမှာ နှင်းတွေ က ရေဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ သူရှိရမယ့် နေရာ မဟုတ်လို့ပဲ” သူက ပြတင်းပေါက် အပြင် ဘက်ကိုလက်ထုတ်ပြီးတော့ ရေတွေကို ဖယ်ရှားလိုက်သည်၊ ထိုရေများသည် နှင်းများ အဖြစ်ပြန်လည် ဖြစ်ပေါ်လာမည် ဖြစ်သည်။
ကျန့်ယုံ က တိတ်ဆိတ်စွာ ငေးကြည့်နေရင်း သူ့မျက်လုံးအကြည့်များက လေးနက်သွားသည်။ နောက်ဆုံးတော့ မြင်းရထားက မြို့ထဲကို ဝင်ရောက်လာသည်။
"အစ်ကိုကျန့် ကျွန်တော့်ကို အစ်ကိုနဲ့အတူ လိုက်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု မန်ဟိုအေးဆေးစွာပြောလိုက်သည်။ “ ကျွန်တော့်ကို သွားခွင့်ပြု ပါဦး" ဟု ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး ရထားပေါ် က ဆင်းလိုက်ကာ နှင်းများဖြင့် ပြည့်နေသော လမ်းမတလျှောက် ဆက်လျှောက်သွားသည်။
“နွေရာသီကိုတောင့်တတယ်၊ ဒါပေမယ့် ဆောင်းရာသီရဲ့ အေးစက်မှု မှာပဲရှင်သန်နိုင်တယ်၊ အဝးကို သာမျှော်ကြည့် နိုင်တယ် ...ဒါက နှင်းပဲ။ " ဟု တိုးတိုးလေးရေ ရွက်လိုက်သည်။ မန်ဟို ဟာ အဝေးကနေ ပျောက်ကွယ်သွားတာကို သူ ကြည့်နေမိသည်။ ခဏအကြာတွင် သူသည်လှည်းမှ ထွက်၍ မန်ဟို ဘက်ကို ဦးတည်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်သည်
ဆီးနှင်းက သူ့ကို ဖုံးအုပ်သွားသည်။ သို့သော် ရထားထဲပြန်ဝင်လိုက်သည် နှင့်တပြိုင်နက် ဆီးနှင်း များပျောက်ကွယ် သွားမည်ကို သူ သိသည်။ သူ မြင်ခဲ့ ကြားခဲ့ သည့်အရာများနှင့် ဖြစ်ပျက်ခဲ့သမျှ ကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်တော့ပေ။ နှစ်အနည်းငယ်အကြာတွင်တော့ သူသည် ကျိုးပြည်နယ်တွင် နာမည်ကြီး ကွန်ဖြူးရှပ်ပညာရှင် တယောက် ဖြစ်လာပြီးနောက် နှင်းများ အရည်ပျော်ချိန်ရောက်သည့် အခါ ထိုလေထန်သော ဆောင်းရာသီ ညတစ်ည အကြောင်း ကို ပြန်စဉ်းစားမိ နေလိမ့်မည်။ ထို့ပြင် သူသည် မန်ဟို ဆိုသော စာပေပညာရှင်တစ်ယောက်အကြောင်း ကို လည်းစဉ်းစားမိနေလိမ့်မည် ဖြစ်သည်။
***