← Chapters

ချန်အန်း ကိုမမြင်နိုင်ဘူး

Vol. 5 Ch. 59

ချန်အန်း ကိုမမြင်နိုင်ဘူး

Vol. 5 Ch. 59

ကျိူးပြည်နယ်သည် တောင်ပိုင်းဒေသ၏ တောင်ဘက်ပိုင်း တွင် တည်ရှိပြီး အနောက်ပိုင်းတိုက်ခွဲနှင့် ချိတ်ဆက်ထားသည်။ ဤဒေသနှစ်ခုအား နန်ရှင်းတိုက်ကြီးမှ နဂါးငွေ့တန်း ပင်လယ် ဖြင့်ခွဲခြားထားသည်။ ယခင်က နန်ရှင်းတိုက်ကြီး ဤသို့ မကွဲသေးသည်လည်း ဖြစ်နိုင်လေသည်။

ပိုမို ရှင်းလင်းစွာ ပြောရလျှင် ကျိူးပြည် သည် နဂါးငွေ့တန်း ပင်လယ်နှင့် ဝေးသည့် တောင်ပိုင်းဒေသ အစွန်းတွင် ရှိသည်။ မြောက်မြားစွာသော တောင်တန်းများကို ဖြတ်သန်းသွားမှ သာလျှင် ကျယ်ပြန့်လှသည့် နဂါးငွေ့တန်းပင်လယ်ကို မြင်တွေ့ရ လိမ့်မည်။

ကျိူးပြည်ကား သိပ်ပြီးမကြီးလှသည့်အပြင် လူနေထူထပ်လှသည်လည်း မဟုတ်ပေ။ သို့သော် မြို့တော်သည် စည်ကားနေသော နေရာဖြစ်ခဲ့သည်။ ညနေခင်းတွင် လေထုသည် နှင်းများဖြင့်ပြည့် နေသော်လည်း အိမ်များသည် အတွင်း ထဲရှိ လူတိုင်းကိုနွေးစေသည့် မီးအိမ်များဖြင့်  တောက်ပနေသည်။

နှင်းဖုံးနေသောညတွင် လမ်းလျှောက်နေသော အိမ်မပိုင်ဆိုင်သည့် မည်သူမဆို မဖော်ပြနိုင်သော အထီးကျန်မှုကို ခံစားရလိမ့်မည်။

မန်ဟို မှောင်မိုက်နေသော ကောင်းကင်အောက်တွင်  လမ်းလျှောက်သွားခဲ့သည်။ နေ့ဘက်တွင် မြင်နိုင်သော လူစုလူဝေးများကို ယခုချိန်တွင် မတွေ့ရပေ။ သွားလာနေသည့် မည်သူမဆို ၀ါးဦးထုပ်များ ဝတ်ဆင်ထားကြပြီး လျင်လျင်မြန်မြန် လျှောက်သွား ကြပြီး သူတို့၏ ခေါင်းကို ငုံ့ထားကြသည်။

အဝေးကိုကြည့်လိုက်တဲ့အခါ မန်ဟိုဟာ ကြီးမားပြီး မြင်လွယ်သော အဆောက်အအုံတစ်ခုရဲ့ သဏ္ဌာန်ကို ခပ်ရေးရေး မြင်တွေ့လိုက်ရသည်။ ထိုအရာကား ဘုရား၊ မျှော်စင် တစ်ခု ဖြစ်သည်။

တန်မျှော်စင်။

မျှော်စင်သည် အမြင့်သုံးရာနီးပါး ရှည်လျားပြီး တောင်နှင့်တူသောကြောင့် မြို့အတွင်းရှိ မည်သူမဆို၏ အာရုံကို ဖမ်းစားထား နိုင်ခဲ့သည်။  နှင်းများဖြင့် ဖုံးကာနေ သော်လည်း ကျိူးဘုရင်၊  ပညာရှင်များနှင့် မျှော်စင်ကို တည်ဆောက်ခဲ့သော အခြားလူများ အသေအချာ စောင့်ရှောက်ထားမှု အထောက်အထားကိုဖြင့် ဖုံးကွယ်၍ မရပေ။

မျှော်စင်သည်အရှေ့ဘက်ကုန်းမြေများ၊ တန်ပြည်နှင့် ချန်အန်း တို့ဘက်သို့ မျက်နာမူထားသည်။

မန်ဟို မြို့တော်နှင့် တန် မျှော်စင်တို့ကို ယခင်က တစ်ခါမျှ မမြင်ဖူး မရောက်ဖူးခဲ့ပေ။ သူသည် မျှော်စင်တည်ရှိရာ လမ်းပေါ်သို့လျှောက်သွားစဉ် သံသယကင်းစွာဖြင့် ထိုအရာသည် တန်မျှော်စင်ဖြစ်ကြောင်း သိလိုက်ရသည်။

သူသည် တစ်နေ့တွင် အစိုးရအရာရှိတစ်ဦး ဖြစ်လာကာ မျှော်စင်၏ထိပ်ဆုံးသို့ တက်ပြီး တစ်နိုင်ငံလုံးကိုကြည့်ရှုနိုင် လိမ့်မည်ဟု အမြဲစိတ်ကူးယဉ်ခဲ့သည်။

သူက နှင်းများကျနေတဲ့အချိန်မှာ တန် မျှော်စင်ကိုထိုင်ကြည့်နေမိပြီး အချိန်အတော်ကြာ ကုန်လွန်သွားခဲ့သည်။

“အမေနဲ့အဖေမပျောက်သွားခင်က….” သူ့ဖာသာရေရွတ်လိုက်ပြီး “အပြင်မှာ ခရမ်းရောင်လေတွေ တိုက်ခတ်သွားခဲ့တယ်။ လူတွေကတော့ အဲဒါက မင်္ဂလာရှိတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ကောင်းကင်၌ ကောင်းကင်ဘုံက တန်ခိုးရှင်ပေါ်လာခဲ့တယ်လို့ ပြောခဲ့ကြတယ်” သူကဆက် လျှောက်လိုက်ပြီး   တန်မျှော်စင်ကို ငေးကြည့်နေမိသည်။

ထိုညတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူစဉ်းစားနေခဲ့မိသည်။ ထိုညကို သူဘယ်တော့မှမေ့နိုင်မှာမဟုတ်ပေ။ ထိုညတွင်ပင်သူရဲ့ ငယ်ဘဝ ကို ဆုံးရှုံးခဲ့သည်။ ထိုညကစပြီး သူ့ မှာ အားကိုးစရာ ဖခင်နှင့်မိခင် မရှိခဲ့တော့ပေ။ ထိုအချိန်ကစ၍ သူ စတင် သန်မာလာ ခဲ့သည်။

ထို့နောက် အရှေ့ဘက်ကုန်းမြေများ၊ တန်ပြည်သို့သွားရန် သူ စတင် အိပ်မက်မက်ခဲ့သည် ။

သူ့မိဘများသေဆုံးခဲ့ကြောင်းကောလာဟလများပျံ့နှံ့ခဲ့သော်လည်း မန်ဟိုကသူတို့ ပျောက်ဆုံးနေသည်ဟု ယုံကြည်ထားသည်။ သူတို့က တစ်နေရာရာမှာ ရှိနေကြ၏။ ထိုညက ပြတင်းပေါက်ဘေးတွင် လေပြင်းမုန်တိုင်းကို ရပ်ကြည့်နေခဲ့သည့် သူ့ဖခင် ဝတ်ဆင် ထားသော ခရမ်းရောင်ဝတ်ရုံနဲ့အတူ မသက်မသာ ဖြစ် နေခဲ့သောမျက်လုံးများဖြင့် လှည့်ကြည့်လာသော သူ့ဖခင်ကို ဘယ်တော့မှမေ့လိမ့်မည် မဟုတ်။

ထို့ပြင် သူ့ မိခင် ငိုသံ ရော ထိုညကိုပါ ဘယ်တော့မှမေ့လိမ့်မည် မဟုတ်ပေ။

ထိုအရာတို့ကိုသူသည် ဘယ်သူ့ကို မျှမပြောပြခဲ့ဖူးသော်် လည်း သူ၏ နလုံးသားထဲ တွင် အ မြဲ သိမ်းဆည်း ထားခဲ့သည်။

တန်မျှော်စင်နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ သူ ယခင်က အကြောင်းအရာများနှင့် ပတ်သက်၍ ဘာကြောင့်ရုတ်တရက်စဉ်းစားမိ နေသည်ကို သိချင်လာခဲ့သည်။ သူ၏ သက်ပြင်းချသံ သည် နှင်းဖုံးနေသော လေထဲတွင် ပျောက် ကွယ်သွားသည်။ သက်ပြင်းချသံသည် မြို့တော်၊ ကျိူးပြည်နယ်နှင့် တောင်ပိုင်းဒေသများ မှစွန့်ခွာသွား မည်မဟုတ်ချေ။ နဂါးငွေ့တန်းကို မဖြတ်နိုင်သကဲ့သို့ချန်အန်း သို့လည်းရောက်လိမ့်မည်မဟုတ်ပါ။

“အမေက တန်ပြည်အကြောင်း အမြဲပြောတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့” ဟုသူက ရေရွတ်လိုက်သည်။ အမေက နိုင်ငံတိုင်းရဲ့မြို့တော်မှာ တန်မျှော်စင်လို မျှော်စင်ရှိတယ်လို့ပြောခဲ့ဖူးတယ်။ ဒီမျှော်စင်တွေဟာ တကယ်တော့ ချန်အန်း ကို ကိုယ်ကိုယ်တိုင် မရောက်ရှိသော်လည်း အနီးဆုံးရောက်နေသလို ခံစားနိူင်တဲ့ နေရာတွေ ဖြစ်တယ်လို့ လူတွေကပြောကြတယ်။ "

သူသည် တန်မျှော်စင် ပတ်ဝန်းကျင်သို့ရောက်သောအခါ မျှော်ကြည့်လိုက်သည်။

ဆီးနှင်းများသည် သည်းထန်စွာကျနေပြီး ဆောင်းရာသီလေပြင်းသည်လည်း သူ့ပတ်ဝန်းကျင်တွင် ရိုက်ခတ်နေသည်။ မျှော်စင်ပေါ်တွင်ဆီးနှင်းများ ပို၍များလာနေသည်။ မျှော်စင်သည် သေချာခိုင်မာစွာ တည်ဆောက် ထားကြောင်းကို သူရပ်နေသည့်နေရာမှ ရှင်းလင်းစွာ တွေ့မြင် နိုင်သည်။ ၎င်း၏အုတ်မြစ်မှာ ရှစ်မျက်နှာရှိပြီး ကြီးမားသော ဘုရားကဲ့သို့ထု ရှိသည်။

မျှော်စင်ကို သဘာဝ ပစ္စည်းများဖြင့် တည်ဆောက်ထားခဲ့ပြီး သူထင်မြင်ခဲ့သည့်အတိုင်း တည်ရှိနေသည်။

အစောင့်အရှောက်များ သည် ဆီးနှင်းများကြားမှ မျှော်စင်၏ပတ်ဝန်းကျင် ပတ်လည်တွင်ကင်းလှည့်နေကြသည်။ ဤနေရာသည် ယဇ်ပူဇော်ခြင်းနှင့် ဘာသာရေးထုံးတမ်းစဉ်လာများ ပြုလုပ်ရန်အတွက် အင်အားကြီးသောလူများနှင့် အဆင့်မြင့်အရာရှိများ သာဝင်ရောက်နိုင်သည့် နေရာတစ်ခုဖြစ်သည်။

သို့သော် အစောင့်အရှောက်များသည် မန်ဟို မျှော်စင်ထဲသို့ဖြတ်သန်းပြီး ဝင်ရောက်သွားသည်ကို သတိထားမိခဲ့ကြပေ။

ရှေးခေတ်လှေကားထစ်များသည် အတွင်းပိုင်းသို့ရစ်ပတ် တက်သွားပြီး ထိပ်ဘက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားသည်။ နံရံများ၌ အရှေ့ဘက်ကုန်းမြေများ၊ တန်ပြည်နှင့် ချန်အန်း တို့ကို သရုပ်ဖော်ထားကာ အရောင်တောက်ပစွာဖြင့် ထွင်းထားသည်။

တန်ပြည်အကြောင်း သူ့အမေ ပြောပြသည်ကို မှတ်မိ နေသေးသည်။ ထိုအခါက သူသည် အရမ်းငယ်သေး သဖြင့် သူ့အမေ ပြောခဲ့သည် များ ကို တကယ်နားမလည်ခဲ့ပေ။  သို့သော် ယခု စဉ်းစားကြည့်မိသောအခါ သူမသည် အရှေ့ဘက်မြေများ၊ တန်ပြည်နှင့် ချန်အန်း အကြောင်းပြော ပြခဲ့စဉ် က ... သူမ၏ကိုယ်ပိုင်မျက်လုံးများနှင့် မြင်ဖူးသကဲ့သို့ဖြစ်နေခဲ့သည်။ “အကယ်၍ သူမသာမမြင်ဖူးခဲ့လျှင်၊ အရာအားလုံးကိုအသေးစိတ်ဖော်ပြနိုင်မည်လား။ ဒီပန်းပုရုပ်လေးတွေလိုပဲ။ ” သူကလှေကား တက်နေရင်းဖြင့် သူတို့ကိုဆန်းစစ်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် ပန်းပုရုပ်၏အဆုံးရှိရာ မျှော်စင်ထိပ် ကိုရောက်ရှိခဲ့သည်။ ပန်းပုရုပ်များသည် ဘဝနှင့်ယဉ်ကျေးမှု၊ လှပသောရှုခင်းနှင့် မရေမတွက်နိုင်သော အံ့သြဖွယ်ကောင်းသည့် ပုံပြင်များကို ဖော်ပြထားခဲ့ကြသည်။ အရာအားလုံး သည် အလွန်စိတ်ဝင်စား ဖွယ် ကောင်း ပြီး ဆန်း ကြယ်နေခဲ့သည်။

အပြင်ဘက်တွင် ဆီးနှင်းများနှင့် အတူ လေကြမ်းများ   တဝီဝီ တိုက်ခတ်နေပြီး မျှော်စင်ထိပ်တွင် ဆီးနှင်းများ ထူထဲစွာ ကျရောက် လျက်ရှိသည်။ မန်ဟို အသက်ပြင်းပြင်းရှူလိုက်ပြီး အဝေးကိုကြည့်လိုက်မိရာ သူမြင်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဆီးနှင်းတွေပဲဖြစ်သည်။ အရှေ့ဘက်ကုန်းမြေများ၊ တန်ပြည်နှင့် ချန်အန်းတို့ကိုမူ မမြင်ရ ပေ။

"ဒါဆို ဒီကနေ ချန်အန်းကို မမြင်နိုင်ဘူးပဲ" ဟု သူက တိတ်တဆိတ်ညည်းညူ လိုက်သည်။ သူက မရေမတွက်နိုင်တဲ့ အတွေးတွေ ထဲမှာ မျောလွင့်ရင်း တိတ်ဆိတ်စွာ ရပ်နေသည်။

သူသည် ကောင်းကင်ကို ပူဇော်ရန် သည်နေရာသို့ ရောက်ရှိလာသည့် အစိုးရအရာရှိတစ်ဦး မဟုတ်ပါ။ စဦးချီဖွဲ့စည်းခြင်း အဆင့်၈ ရှိသည့် ကျင့်ကြံနေသူ   တစ် ဦး ဖြစ်သည်။

"ငါက အရင်ကနဲ့ ကွဲပြားခြားနားတဲ့ လမ်းကြောင်းကို လျှောက်နေပေမယ့် ဦးတည်ချက်ကတော့ အတူတူပဲဖြစ်တယ်" တိုက်ခတ် လာသော လေကသူ့ဆံပင်တွေကို မှုတ်ထုတ်လိုက်တယ်။ ပြီးတော့ သူ့ဘဝကလည်း ယခု သူ့ကိုယ်၌ တွယ်ကပ်နေသေးသော အရည်မပျော်သေးသည့် နှင်းများလိုပင်ဖြစ်သည်။

ခဏကြာပြီးတဲ့နောက် သူ ထိုင်လိုက်ပြီးတိတ်တဆိတ် စတင် ကျင့်ကြံလိုက်သည်။

ဆီးနှင်းကျဆင်းခြင်းမှုက ညဘက်တွင် ပိုမိုပြင်းထန်လာသည်။ မြို့တော်ရဲ့ အိမ်တွေမှာ မီးတွေ ထွန်းလိုက်ကြသည်။ တန်မျှော်စင် ထိပ်မှနေ၍ အရာအားလုံးသည် တဖြေည်းဖြည်း မှေးမှိန်လာခဲ့သည်။ တိတ်ဆိတ်သောအမှောင်ထုထဲတွင် မန်ဟိုသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ယွင်ကျဲ့စီရင်စု အလယ်က မိမိကိုယ်ကို မြင်တွေ့နေရသည်။

နှင်းကျသောညသည် တဖြည်းဖြည်းကုန်လွန်သွားသည်။

အရုဏ်တက်ချိန်တွင် မန်ဟို ကသူ၏မျက်လုံးများကိုဖွင့်လိုက်သည်။  သူသည်နေထွက်လာသည်ကို သူကြည့်နေသလား၊ သို့မဟုတ် ထွက်လာသည့်နေက သူ့ကို ဦးစွာကြည့်မည်လား ဆိုသည်မှာ ပြောရန်ခက်ခဲသည်။

မြို့သည်အရုဏ်တက်ခြင်းနှင့်အတူ ပြန်လည် နိုး ကြားလာ ခဲ့သည်။ များမကြာမီ လမ်းများသည် လူများ နှင့်ပြည့်နှက် သွား သည်။ မန်ဟို  မတည်မြဲသောကမ္ဘာကြီး ကိုငေးကြည့်နေခဲ့သည်။

သူ ညအထိမအိပ်နိုင်ဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပြီး နောက်အရုဏ်တက်ချိန်သို့ တဖန်ပြန်လည်ရောက်ရှိလာသည်၊

တစ်ရက်၊ နှစ်ရက်၊ သုံးရက်….

မန်ဟိုသည် ခုနစ်ရက်လုံးလုံး အရာရာ ကို ကြည့်နေ ခဲ့သည်။

အစဦးပိုင်းတွင် သူ့မျက်လုံးများသည် အားနည်းနေပုံရသော်လည်း နောက်ပိုင်းတွင် တောက်ပပြီး အေးဆေးတည်ငြိမ်လာသည်။

သူ့စိတ်ထဲမှာတစ်ခုခုပြောင်းလဲသွားပြီး ဘဝနှင့် ပက်သက်၍ အသိဉာဏ်အလင်းတစ်ခု ရရှိခဲ့သည်။ ၈ရက်မြောက်နေ့ အရုဏ်တက်ချိန်၌ အရာရှိများနှင့် အစောင့်အရှောက်များက ထုံးတမ်းစဉ်လာပြုလုပ်ရန် တန်မျှော်စင်သို့ရောက်ရှိလာသည်ကို သူမြင်တွေ့လိုက်သည်။ ထိုသူများထဲတွင် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းတစ်ယောက်ရပ်နေခဲ့သည်။ သူ့နောက်တွင် များလူစွာသော လူများက စနစ်တကျ ရပ်နေကြသည်။ သူသည်မြို့အတွင်း ရှိ သာမန်လူများ ကဲ့သို့ ကောင်းကင်နှင့် မြေကြီးကိုပူဇော်ခဲ့သည်။

မန်ဟိုသည် သူတို့ ကောင်းကင်သို့ ဦးညွှတ်သည်ကို ရပ်ကြည့်နေသည်။ ထို့နောက် သူတို့၏ ပူဇော်ပွဲ ကိုရှောင်ရှားပြီး, မျှော်စင်မှထွက်ခွာသွားခဲ့သည်။  သူထွက်ခွာမည့် အချိန်ရောက်လာပြီဟုသိလိုက်လျင် ရတနာယပ်တောင် ပေါ်သို့ တက်လိုက်ပြီး မျှော်စင်ကိုတစ်ဖန်ပြန်လှည့်ကြည့်လိုက်သည်။

ထိုသို့ကြည့်လိုက်သည့်အခါ သူ့ မျက်လုံးများ ကျယ်သွားသည်။

သူသည် မျှော်စင်အပြင်ဘက်ရှိ လူများက တဖြည်းဖြည်းချင်း တောက်ပလာသည့် တန်မျှော်စင်ကို ကန်တော့ နေသည် ကို မြင်နေရသည်။ ထိုသို့တောက်ပနေသည်ကို  သာမန်လူများမမြင်နိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအားနှင့် ပြည့်စုံနေသောသူက မြင်နိုင်လေသည်။

ထိုအလင်းသည်အထက်သို့တက်သွားကာ တိမ်တိုက်များထံသို့ ရောက်ရှိသွား ပြီး ကြီးမားသော ဝဲဂယက်တစ်ခု ပေါ်ပေါက်လာသည်။ ထို အရာကို သာမန်လူများ မမြင်ရသော်လည်း မန်ဟို က တော့ မြင်နေရသည်။ သူ ဝဲဂယက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အသက်ပြင်းပြင်းရှူလိုက်မိကာ တုန်လှုပ်သွားသည်။

သူ ဝဲဂယက် အတွင်း မြူမှုန်နက်များကြား၌ စက်ဆုပ်ဖွယ်ကောင်းသည့် များစွာသော အရိုးများနှင့် အပျက်အယွင်း များကိုတွေ့မြင်နေရသည်။ သူက ထိုအရာများကို ရှင်းရှင်းလင်းလင်း အသေးစိတ် မမြင်ရ သော်လည်း လျှို့ဝှက်ဆန်းကြယ်ခြင်း နှင့်စက်ဆုပ်ဖွယ် အဖြစ်ကိုတော့ ခံစားနေရသည်။

အထူးသဖြင့်  ဝဲဂယက်၏ မြူမှုန်နက်အတွင်း၌ ကြီးမားသောခေါင်းတလားတစ်ခု ရှိသည်ကို သတိပြုမိသောအခါ တုန်လှုပ်သွားသည်။ ထိုအပျက်အယွင်းများကြား ခေါင်းတလား ဘေးတွင် ခြေထောက်နှစ်ချောင်းချိတ် ကာ ထိုင်နေသော အလောင်းကောင် တစ်ခုရှိသည်။ ထိုအလောင်းကောင်က ရုတ်တရက်  သူ့ မျက်လုံးများကိုဖွင့်လိုက်သည်။ မျက်လုံးများ ကမီးခိုးရောင်ကဲ့သို့ ဖြစ်နေပြီး ၊ ၄င်းတို့ထဲ၌  မှိန်ဖျော့ဖျော့ အလင်းခုနစ်စက်က ကြယ်ပွင့်များကဲ့သို့ လှည့်နေသည်ကို တွေ့နေရသည်။ အလောင်းကောင်သည် ဝဲဂယက်ကြား မှနေပြီး မန်ဟိုကို တည့်တည့် စိုက်ကြည့်လာသည်။

မန်ဟိုသည် တုန်လှုပ်သွားပြီး နာကျင်မှုဝေဒနာကို ခံစားရလိုက်သည့်အတွက် မရည်ရွယ်ဘဲ သူ၏မျက်လုံးများကို အလျင်အမြန် ပိတ်ချမိလိုက်သည်။ အလောင်းကောင်၏ မီးခိုးရောင်မျက်လုံးများ အတွင်းရှိ ကြယ်များကဲ့သို့ သူ၏ မျက်လုံးများအတွင်း ကြယ်ခုနစ်လုံး ထွက်ပေါ်လာတော့မည်ဟု ပင် ခံစားလာရသည်။

ထို့နောက် ရုတ်တရက် အလောင်းကောင်၏ ခန္ဓာကိုယ်တစ်လျှောက်မှာ ညှိုးနွမ်းပျက်စီးနေသော အတွန့်အခေါက်များ ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အပေါက်များမှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အခိုးအငွေ့များ စတင်ထွက်ပေါ်လာသည်။

မန်ဟိုသည်တုန်လှုပ်ချောက်ချားပြီး အမြန်ဆုံးပြန်ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်, ဝဲဂယက်သည် ရုတ်တရက်တိမ်တိုက်များကြား သို့တက်ရောက် သွား ခဲ့သည်။ သူခံစားခဲ့ရသည့်စိတ်ပျက်ဖွယ်ခံစားချက်များ ပျောက်ကွယ်သွားပြီး အရာ အားလုံးပုံမှန်ပြန်ဖြစ်လာခဲ့သည်။ သူမြင်တွေ့ခဲ့သည့်အရာများ သည်စိတ်အာရုံချောက်ခြားခြင်းဖြစ်သကဲ့သို့သာ ကျန်ခဲ့သည်။

သူ့ခန္ဓာကိုယ်ကတော့ သွေ့ခြောက်နေဆဲဖြစ်လျက်, သေခြင်း တရားနှင့် နီးကပ်သော ကြောက်ရွံ့ခြင်းများ ကိုယ်တွင်းကနေ စိမ့်ထွက်် နေဆဲဖြစ်သည်။ သူ၏မျက်နှာ ကလည်း အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ သူသည် တန် မျှော်စင်ကိုငုံ့ကြည့်လိုက်သည်။ အဆိုပါအလင်းရောင်ကမရှိတော့ပေ။ သို့သော်လည်း လူတွေက ပူဇော်ခြင်းကို ဆက်လက် ဆောင်ရွက်နေကြသည်။ သူ တွန့်ဆုတ်ခြင်း မရှိဘဲ ရတနာ ယပ်တောင်ကို အရှိန် ထည့်လိုက်သည်။ သူ၏ကိုယ်ခန္ဓာသည်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား ပြီး အဝေးသို့ရောက်ကာ ပျောက်ကွယ်သွားသည်။

သူသည် မြို့တော်မှ ထွက်ခွာနေရင်း တန်မျှော်စင်ကို အကြိမ်များစွာ ပြန်လှည့်ကြည့်နေခဲ့ မိသည်။ သူ၏မျက်လုံးများက ကောင်းကင်ကို စူးစိုက်ကြည့်နေပြီး သူ့ နှလုံးသားထဲမှာ သံသယများစွာ ဝင်ရောက်လာသည်။

“ဒါဟာစိတ်အာရုံချောက်ခြားခြင်းမဖြစ်နိုင်ဘူး။ တန်မျှော်စင်… အဲဒါက အတိအကျ ဘယ်လို နေရာတစ်ခုလဲ။ အစက ဒါကို သာမန်နေရာတစ်ခုလို့ ထင်နေခဲ့ပေမယ့် ဒါက မဖြစ်နိုင်ဘူး။ ဝဲဂယက်အတွင်းမှာဘာရှိခဲ့တာလဲ။ အပျက်အစီးတွေ၊ သေခြင်းတရားနဲ့ အရိုးတွေပဲ” ဟု အပျက်အစီး များကြားတွင်သူမြင်တွေ့ခဲ့သောအလောင်းကိုစဉ်းစားရင်း ဦးခေါင်း တစ်ခုလုံးထုံထိုင်းလာသည်။

အထူးသဖြင့် မီးခိုးရောင်မျက်လုံးများအတွင်းရှိ အလွန်ဆိုးဝါးသောကြယ်ခုနစ်လုံး။ သူက ထို အကြောင်းကိုစဉ်းစားလိုက်သော အခါ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာပြီးချွေးများပါ စို့လာသည်။

"ပြီးတော့ ... ခေါင်းတလား။ " မန်ဟိုက အသက်ပြင်းပြင်းရှူလိုက် မိသည်။ သူ့ မျက်လုံးတွေကတော့ ကြောက်ရွံ့နေပုံရတယ်။

“ဒီခေါင်းတလားထဲမှာဘယ်သူရှိသလဲ၊ ဘာကြောင့်ဒီ ဝဲဂယက်ထဲမှာ ရုတ်တရက်ပေါ်ထွက်လာတာလဲ။ ဘာကြောင့်လဲ…? ဒါက တန် မျှော်စင်နဲ့တစ်ခုခုဆက်စပ်မှုရှိ လား။ ဒါမှမဟုတ် အရှေ့ပိုင်းကုန်းမြေက တန်ပြည် နှင့်ဆက်နွယ်မှုရှိတာလား။ မန်ဟို စဉ်းစားရင်း တန် မျှော်စင်ကိုပြန်လှည့်ကြည့်လိုက်ပြန် သည်။ သူ့စိတ် အတွင်း၌ကြောက်ရွံ့မှုက ပို၍ ပြင်းထန်လာသည်။ သူသည်နောက်တဖန်အသက် အသက်ပြင်းပြင်း ရှူလိုက် မိပြီးမြေကြီးပေါ်သို့ပြုတ် မကျမှီ ရှေ့သို့အမြန် ဆက်သွားလိုက်သည်။

သူသည် ဝဲဂယက်အတွင်းရှိ အလောင်းကို ကြည့်မိခြင်းက  ကပ်ဘေးတစ်ခုဖြစ်ခဲ့သည်ဟု ပင် သူစဉ်းစားလိုက်မိသည်။

***

All Chapters