တောင်ပိုင်း ဒေသ မှ ထိတ်လန့်ဖွယ် အဖြစ်အပျက်
Vol. 5 Ch. 61
အသံလာရာ နေရာသည် အနီးအနားက မဟုတ်ပဲ အတော်လေး ဝေးကွာသောနေရာက ပျံ့လွင်လာပုံရ သည်။ ၎င်းသည် မန်ဟို နှင့်အခြားသူများ တည်ရှိရာ နေရာတစ်ခုထဲသို့ ဦးတည်လာခဲ့ ခြင်းမဟုတ်ပဲ ကျိုးပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ထင်ရသည်။ တိုင်းပြည်အတွင်းရှိ ကျင့်ကြံသူ တိုင်း ကျယ်လောင်သော ထို အသံကို ကြားလိုက် ကြရ သည်။
ထိုစဉ် အနီရောင်အလင်းတစ်ခု တောက်ပလာပြီး ထိုအလင်းရောင် သည် အလွန်ပင် ကြီးမားလွန်း သော ကြောင့် ဧရိယာမည်မျှဖုံးလွှမ်းသွား သည်ကိုပြောပြရန်ပင်မဖြစ်နိုင်ပေ။ ကောင်းကင်တစ်ခုလုံး ကတ္တီပါရောင် တောက်ပ နေ၏။ ဘာတွေဖြစ်နေသည် ဆိုတာ မည်သူမှသေချာ မသိကြပေ။
ကျိုးပြည်နယ် နှင့် အလွန်ကွာဝေးသော ကျင့်ကြံသူများ၏ မျက်ကွယ်ရာဖြစ်သော တောင်ပိုင်းဒေသအလယ် ကောင်းကင်ယံတွင် ကြီးမားသော အက်ကွဲကြောင်း တစ်ခု ပေါ်ထွက်လာသည်။
ဒါဟာကောင်းကင် အက်ကွဲကြောင်းပဲ!
မြည်ဟိန်းသံသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ကျိုးပြည်နယ် သာမက တောင်ပိုင်းဒေသတစ်ခုလုံးကိုပါ ဖြတ်ကျော် သွားသည်။ ကြီးမားသောတောင်ပိုင်းဒေသထဲရှိ နေရာတိုင်းက၊ ထိုအသံကို ကြားလိုက်ရသည်။
မန်ဟို ၏မျက်နှာသည် ပြောင်းလဲသွားသည်။ အနက်ရောင် အခိုးအငွေ့များသည် သူ၏ခန္ဓာကိုယ်မှ မြန်ဆန်စွာ ပေါ်ထွက် လာနေသည်ကိုတွေ့သောအခါ သူအလွန်အံ့အားသင့်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်၌ အလင်းရောင်များ ဖြာထွက်လာနေရင်းနှင့်ပင် ရှေ့သို့မြန်မြန်ဆန်ဆန်ရွေ့လျား လိုက် သည်။
ယန်ဇီကောင်း နှင့်အခြားသူများလည်း အံ့အားသင့်နေကြသည်။ သူတို့၏နှလုံးသားများ ခုန်ပေါက်နေခဲ့ပြီး ကျင့်ကြံမှု အခြေတည်ခြင်းတို့သည်လည်း ခန္ဓာကိုယ်တွင်းမှ ရုတ်တရက် ပေါက်ထွက်မတတ် မတည်မငြိမ်ဖြစ်လာသည်။
ထိုအချိန်တွင် ကျိုးပြည်နယ်တောင်တန်းများအတွင်းရှိ ကြီးမားသောဂိုဏ်းသုံးခုအနက်မှတစ်ခုဖြစ်သည့် ဖုန်းဟန်ဂိုဏ်း ဝန်းကျင်တွင်ထူထပ်သော မြူအခိုးအငွေ့များ မျောလွင့်နေကြသည်။
မြည်ဟိန်းသံကြီးထွက်လာသောအခါ မြူခိုးငွေ့များ စတင်ပျက်ပျယ်သွားပြီး တောင်ထိပ်များ တုန်ခါ သွား ကြ သည်။ ဂိုဏ်းအတွင်း ရာနှင့်ချီသော ဂိုဏ်းသားများသည် ကြောက်လန့်နေကြပြီး. ကောင်းကင်သို့ ထိတ်လန့် တုန်လှုပ်စွာ မော့ကြည့်လိုက်ကြသည်။
ဂိုဏ်း၏အနောက်ဘက်ရှိ တောင်ကြား လျှို့ဝှက်အခန်းထဲမှ အင်အားအကောင်းဆုံးအဖွဲ့ဝင်နှစ် ဦး ဖြစ်သည့် အမြုတေ ဖြစ်တည် ခြင်းအဆင့်ရှိ အကြီးအကဲနှစ်ဦးသည် ထွက်လာခဲ့ကြသည်။ သူတို့သည် မိုးကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ကျင့်ကြံမှုအခြေခံကို ဖြန့်ကျက်ကာ ပျံသန်းလိုက်သည်။
သူတို့သည် အဝေးမှ ဖြစ်ပျက်နေသော အရာများကိုအတိအကျမမြင်နိုင်သော်ငြားလည်း ကောင်းကင်မှ ကြီးမားသောဖိအားကို ခံစားနေရသည်။ ထို့ပြင် သူတို့၏ ထူးခြားတဲ့ကျင့်ကြံမှုအခြေခံကြောင့် ကောင်းကင်အက်ကွဲမှုကို ခံစား သိရှိ နေကြသည်။
"ဘာဖြစ်သွားတာလဲ? ဆူညံသံက တောင်ပိုင်းဒေသရဲ့ အလယ်ဗဟိုက ပါ်ထွက်လာနေတာ။ မဖြစ်နိုင်တာ! ဒါက မယုံနိုင်စရာ အကွာအဝေးပဲ၊ အသံက ဘယ်လောက်ဝေးဝေးသွားနိုင်မှာမလို့လဲ။ !”
ဖုန်းဟန်ဂိုဏ်း ဆက်ခံတည်ထောင်သူ အကြီးအကဲငါးဦးကလည်း သူတို့နောက်မှ လိုက်တက်၍ ပျံသန်းလိုက်သည်။ သူတို့၏မျက်နှာများသည် ဖြူဖျော့သွားပြီး ခန္ဓာကိုယ် များလည်း တုန်လှုပ်လာကြ၏။
ကျိုးပြည်နယ်၏ကြီးမားသောဂိုဏ်းကြီး ၃ အနက်မှ တစ်ခုဖြစ်သော ဖန်းယဲ့ဂိုဏ်း တွင်လည်း အမြုတေဖြစ်တည်ခြင်း အဆင့်ရှိ နှစ်ဦး နှင့် ချီအခြေတည်အဆင့် အကြီးအကဲလေး ဦးတို့သည် လေထဲတွင် ပျံဝဲနေပြီး အဝေး ကောင်းကင်သို့ငေးကြည့်နေခဲ့သည်။ ကောင်းကင်တစ်ခုလုံးက မီးလောင်နေသကဲ့သို့ ကတ္တီပါအနီရောင် ဖြစ်နေပြီး မြင်ရသူ အပေါင်းကို ထိတ်လန့် စေခဲ့သည်။
"ဒါဘာလဲ…?"
ဖုန်းဟန်ဂိုဏ်း နှင့် ဖန်းယဲ့ဂိုဏ်းမှ ဂိုဏ်းသားများသာမက ချွိရွှယ်ဂိုဏ်း၏ ဂိုဏ်းသား များ လည်း ထိုအသံကိုကြားလိုက်ကြရပြီး ကောင်းကင်သို့ အံ့သြတကြီး ငေးကြည့်နေ ကြသည်။ ဖုန်းဟန်ဂိုဏ်း၏ အမြုတေ ဖြစ်တည်ခြင်း အဆင့်ရှိ အကြီးအကဲ က တုန်လှုပ်နေခဲ့သည်။ ၎င်း၏ ကျင့်ကြံမှုအခြေခံ သည် အလွန်နက်ရှိုင်း သော်လည်း မည်ကဲ့သို့ ဖြစ်ပျက်နေသည် ကို သိလိုသောကြောင့် အဝေးသို့ ငေးကြည့်နေမိသည်။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်က ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော လောင်ကျွမ်းနေသည့် မျက်နှာပြင်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
"ဒါကသာမန်အသံမဟုတ်ဘူး၊ မဟုတ်ရင် ကျိုး ပြည်နယ်ကိုဖြတ်ပြီး ဒီလောက် အလျင်အမြန်ထုတ်လွှင့်နိုင် မှာ မဟုတ်ဘူး။ သူ့ရဲ့အမြန်နှုန်း ... ဒီအသံကအရာအားလုံးကိုသုတ်သင်ပေးနိုင်တယ်! "
အခြားအနီးအနား ပတ်ဝန်းကျင်တိုင်းပြည်များရှိဂိုဏ်းများ၏ အခြေအနေသည်လည်း ကျိုး ပြည်နယ် အခြေအနေ နှင့် အတူတူပင်ဖြစ်သည်။ တောင်ပိုင်းဒေသ၏ အဝေးတစ်နေရာတွင် အင်အားကောင်းသော ကျင့်ကြံမှုအခြေခံစွမ်းအားများ ပိုင်ဆိုင်ထားသော ဂိုဏ်းကြီးငါးခုနှင့် ကြီးမားသောမျိုးနွယ်စုသုံးစုတို့၏ ဘိုးဘေးများသည်လည်း ကောင်းကင်မှကြီးမားသောဖိအားကို ထပ်တူခံစားခဲ့ရသည်။ ၎င်းတို့သည် တောင်ပိုင်းဒေသ၏ အလယ်ဗဟိုတွင်ရှိနေသောကြောင့် အခြားသူများ မမြင်လိုက်ရသည့် အရာကို တွေ့မြင်လိုက်နိုင်သည်။
သူတို့သည်ကောင်းကင်၌ ကြီးမားသောအက်ကွဲမှု များကိုမြင်တွေ့လိုက်ရသောကြာင့် သူတို့ရဲ့မျက်နှာတွင် မယုံနိုင်မှု များ ဖုံးလွှမ်း နေကြ၏။
ထိုနေ့, ထိုအခိုက်တွင်, တောင်ပိုင်းဒေသတစ်ခုလုံး၌ ဆူညံလျက်ရှိနေခဲ့သည်။ မရေမတွက်နိုင်သော ကျင့်ကြံ သူများ သည် လေထဲတွင် ပျံဝဲနေကြပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူ အမြောက်အမြားသည်လည်း အံ့အားသင့် နေကြသည်။ လေထဲတွင်ပေါ်ထွက်လာသော ထူးဆန်းသောနိမိတ်လက္ခဏာက သူတို့အားလုံးကို အံ့အားသင့် စေခဲ့ သည်။
မန်ဟိုသည် သူတတ်နိုင်သလောက် မြန်မြန်ပျံသန်းနေခဲ့ သည်။ ပုံမှန်ထက်ပိုသော အနက်ရောင် အခိုးအငွေ့ များက ဆင့်ခေါ် ခံထား ရသကဲ့သို့ သူ့ကိုယ်ထဲက ထွက်နေခဲ့သည် ။ ၎င်း အခိုးအငွေ့ တို့သည် ကောင်းကင်ရှိ ထူးဆန်းသော နိမိတ်လက္ခဏာ နှင့် ပေါင်းစပ် လိုက်ခြင်းက သူ့ကို အသိစိတ်လွတ် နိုင်သည် အထိ ကြောက်လန့် စေခဲ့သည်။ သူသည် မြင့်မားသော တောင်ထိပ်သို့ မရောက်မချင်း အရှိန်အဟုန်ဖြင့်ရှေ့သို့ ဆက်သွားနေခဲ့သည်။ သူသည် ထိုနေရာတွင်ရပ်လိုက်လျက် ကောင်းကင်သို့ လှမ်းကြည့်လိုက်သည်။
အဝေးတစ်နေရာ၌ ကောင်းကင်သည် တဖြည်းဖြည်း ကွဲထွက်နေသကဲ့သို့ ထင်ရသည်။ ထို့နောက် မှောင်မိုက် နေသည့် အရောင်တစ်ခု ပေါ်ထွက်လာကာ ကောင်းကင်နှင့်မြေကြီး နှစ်ခုလုံး မှောင်မိုက်မှုများ ဖြင့်ပြည့်နှက်သွားခဲ့သည်။
အချိန်အနည်းငယ် ကုန်လွန်သွားသောပြီးနောက် တောင်ပိုင်းဒေသ တစ်ခုလုံး၌ အားကြီးသော အင်အားတစ်ခုက ၎င်း၏ အလယ်ဗဟိုကို လှုပ်ခါလိုက်သကဲ့သို့ တုန်ခါမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ တောင်များ ပြိုကျပြီး မြေကြီးများလည်း လှုပ်ခါသွားခဲ့သည်။
တောင်ပိုင်းဒေသသည်အလွန်ကြီးမားသဖြင့် သက်ရောက်မှုများပျံ့နှံ့ရန် အချိန်ကြာသည်။ တုန်ခါမှုသည်ဗဟိုမှ စတင်ခဲ့ပြီး နယ်စပ်အထိ နေရာတိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။ တောင်တန်းများသည် ဆက်လက်ပြိုလဲနေသော်လည်း ကျိုးပြည်နယ် သည် အလွန်ဝေးသောကြောင့် သက်ရောက်မှုမှာ မပြင်းထန်ပေ။ ၇ ရက်ခန့်မျှသာ ငလျင်ငယ်လေးများကဲ့သို့ တုန်ခါမှုများ ဖြစ်ပွား ခဲ့သည်။
ကျန် ကျိုးပြည်နယ်၏ အကြီးအကဲ တို့ပင် အံ့အားသင့်ခဲ့ရသည်။ ၎င်းတို့ထဲက တချို့သည် တောင်ပိုင်းဒေသ ၏ အလယ်ပိုင်းသို့ ရောက်ဖူးခဲ့ကြပြီး ဖြစ်သောကြောင့် မည်မျှ ဝေးကွာသည်ကို သိထားကြသည်။ ထိုနေရာတွင် ပြင်းထန်သောငလျင်တစ်ခုဖြစ်ခဲ့ လျှင်ပင် ၇ ရက်ခရီးဖြင့် ကျိုးပြည်နယ်သို့ ရောက်နိုင်မည်မဟုတ်ပေ။
ထိုခုနစ်ရက်အတွင်း၌ တောင်ပိုင်းဒေသကတစ်ဆင့် ကောလဟာလများ တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။ မကြာခင်မှာပဲ လူတိုင်းက တုန်လှုပ်ဖွယ်ကောင်းတဲ့ ပုံပြင်ကိုကြားခဲ့ရသည်။
အလောင်းကောင်တစ်ခုသည် ကောင်းကင်မှ ကျလာသည်။
၎င်းသည်တောင်ပိုင်းဒေသ၏ အန္တရာယ်စက်ကွင်း ၃ ခုအနက်မှ တစ်ခု ဖြစ်သည့် ပြန်လည်မွေးဖွားခြင်းဂူမှ ခန့်မှန်းခြေ အားဖြင့် ၅၀၀ ကီလိုမီတာကွာဝေး သောနေရာတွင် ကျဆင်းသွားသည်။
ထိုသတင်းကတောင်ပိုင်းဒေသတွင် အကြီးအကျယ် ပျံနှံ သွားခဲ့ပြီး လူတိုင်းကိုစိတ်ရှုပ်ထွေးစေခဲ့သည်။ အနောက် သဲကန္တာရမှ စွမ်းအားရှင်များက ထိုအရာကြောင့် တောင်ပိုင်းဒေသတွင် စုရုံးလာ ကြသည်ဟုပင်ဆိုကြသည်။
“ဒီအလောင်းဟာ ဘယ်စွမ်းအားရှင်များ ပိုင်ဆိုင်တာလဲ။ ကောင်းကင်က ကျလာတာဖြစ်တယ်.. အင်မော်တယ် အစွမ်း ပိုင်ဆိုင်တဲ့သူသာလျင် ကောင်းကင်သို့ တက်နိုင်တာ! ပေါ်ထွက်နေတဲ့အသံက ဒီအလောင်းကောင် မသေဆုံး ခင်က သူ့ဆီက ထွက်လာခြင်းလား။!”
“အင်မိုတယ်အစွမ်း ကိုရယူထားနိုင်တာလား။” ထိုစကားလုံးများက ပြောရန်သာ လွယ်ကူသော်လည်း ရှေးမှတ်တမ်းများ အရ တောင်ပိုင်းဒေသ တွင်လူခုနစ်ဦး သို့မဟုတ်ရှစ်ဦးသာ ထိုသို့ပြုမူနိုင်ခဲ့သည်။ သို့သော် ထိုအလောင်းသည် ... အလွန် အံ့သြ စရာ ကောင်းသည်။ ထိုအရာ မြေပေါ်သို့ကျသောအခါ ခုနစ်ရက်ပတ်လုံး မြေငလျင်များလှုပ်ခတ်စေခဲ့သည်။
စဦးချီဖွဲ့စည်းခြင်းအဆင့် နှင့် ချီအခြေတည်အဆင့်အမြုတေ ဖြစ်တည်ခြင်း အဆင့်၊ အနုသုခုမရုပ်ခန္ဓာ အခြေတည်ခြင်း၊ ဝိညာဉ်နတ်သူငယ်အဆင့်၊ တာအို ရှာဖွေခြင်းအဆင့် နှင့် နောက်ဆုံးတွင် အင်မိုတယ် အဆင့်သို့ တက်လှမ်း ခြင်း၊ ဟူ၍ အင်မိုတယ် ရရှိရန် အဆင့် ၇ဆင့် လိုအပ်သည်။ အင်မိုတယ် အဆင့်သို့ တက်လှမ်းခြင်း နှင့် နတ္ထိကိုအောင်နိုင်ခြင်း အဆင့် သို့ ရောက်ရှိရန် အလွန့် အလွန်ပင် ခက်ခဲ သည်။
ဤသတင်းသည်တောင်ပိုင်းဒေသ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သို့သော် ကျိူး ပြည်နယ်သည် အတော် အတန် ဝေးလံသော နေရာ ဖြစ်၍ ကောလာဟလများမရောက်ရှိခဲ့ပေ။ ကြီးမြတ်သောဂိုဏ်းများမှ အကြီးအကဲ အနည်းငယ်သာ ထိုသတင်းအချက်အလက်ကိုသိရှိခဲ့ရသည်။
မန်ဟိုကတော့ မျက်မှောင်ကြုတ်နေလျက်ပင် နက်ရှိုင်းသောတောင်များကြား ဆက်လက်ရွေ့လျားခဲ့သည်။ ခုနစ်ရက်တာ ကာလအတွင်း သူ၏ခန္ဓာကိုယ်တွင်းမှ အနက်ရောင် အခိုးအငွေ့များ သိသိသာသာ လျော့နည်းလာခဲ့သည်။ ထို့နောက် ၎င်းတို့သည် ယခင်ကကဲ့သို့ ပြန်လည်ထွက်ပေါ်လာနေခဲ့ပြန်သည်။ သူ၏ခန့်မှန်းတွက်ချက်မှုအရ ထိုအရာများ ပျောက်ကွယ် သွားရန် နောက်ထပ် ရက်ပေါင်း နှစ်ဆယ်ခန့် ကြာနိုင်သည်။
"ဒီအခိုးအငွေ့တွေက တကယ် စိတ်နှောင့်အယှက်ဖြစ်စရာ ကောင်းတယ်။ ဒါကြောင့်သာမဟုတ်ခဲ့ဘူးဆို, ငါ အရာရာကို ပြီးမြောက်နိုင်တယ်။ " မန်ဟို သည်မကျေမနပ် ဖြစ်နေခဲ့သည်။ လွန်ခဲ့သော (၇) ရက်ကဖြစ်ပျက်ခဲ့သော နားမလည် နိုင်သည့် ဖြစ်ရပ်ကြောင့် ကျိုး ပြည်နယ်ရှိ ကျင့်ကြံသူ များအားလုံး နိုးနိုးကြားကြား ဖြစ်နေခဲ့ကြသောကြောင့် မန်ဟိုက သိုသိုသိပ်သိပ် နေနေခဲ့သည်။ သူ့ကို အကြိမ်အနည်းငယ်မျှ ရှာဖွေတွေ့ရှိခဲ့ကြချိန်တွင်လည်း အန္တရာယ်ရှိသော အခြေအနေ များနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုအချိန်တိုင်း သူသည် ရှောင်ဖယ်ရန် နည်းလမ်းအချို့ကိုစဉ်းစားခဲ့သည်။ သူသည် သတ်ဖြတ်ခြင်းကို မကြိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် မကြာခဏ သတ်ဖြတ်နေခဲ့ရသည်။
"ဒါက အလုပ်မဖြစ်ဘူး ငါက တစ်ယောက်ယောက်ကို သတ်လိုက်မိရင် ပိုပြီး ပြဿနာ တွေဖြစ်လာ နိုင်တယ်။ ပုန်းနေတာက အများကြီးပိုကောင်းတယ်။ " သူကထိုသို့တွေးပြီး ရုတ်တရက် ရှေ့သို့မျှော်ကြည့်လိုက်သည်။ သူ့ရှေ့ရှိ မြောက်မြားစွာသော တောင်တန်းများ နှင့် အရာအားလုံး တိတ်ဆိတ်နေသည်။ မန်ဟို ကရပ်တန့်ပြီးဘေးဝန်းကျင် ကို ကြည့်လိုက်သည်။ သို့သော် အဘယ်ကြောင့် ထိုမျှ ငြိမ်းချမ်းနေသည် ဆိုသည်ကို အဖြေရှာမရခဲ့။
သူသည် မကောင်းသော အငွေ့အသက်ကို ခံစားနေရသည်။ သူကမျက်မှောင်ကြုတ်ကာ ရတနာ ယပ်တောင်ကို ထုတ်ရန် သိုလှောင်အိတ် ပုတ်လိုက်ပြီး သစ်တောထဲသို့ ပစ်လိုက်သည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် လေတိုက်မှုကြောင့် ထွက်ပေါ်လာသော သစ်ရွက် ရိုက်ခတ်သံများ သာ ကြား နေရသည်။ အရာရာတိုင်းသည် ထူးဆန်းသောတစ်စုံတစ်ရာမှ မရှိဘဲ ငြိမ်သက်ဆဲ ငြိမ်သက် နေခဲ့သည်။ သို့သော် မန်ဟို၏ မျက်နှာအမှုအရာ ပြောင်းလဲသွားသည်။ လွန်ခဲ့သော ၇ ရက်ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် သည်ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်သော်လည်း ထိုအချိန်ကတည်းက အခြေအနေများ ငြိမ်သက်နေခဲ့ပြီး ထိုဒေသရှိ တောရိုင်းတိရစ္ဆာန်တစ်ကောင်တစ်လေမျှ လည်း သေဆုံးခြင်းမရှိခဲ့ပါ။ အခုအချိန်တွင် ထွက်ပေါ်လာသောအသံသည်လည်း တိရစ္ဆာန် တွေကို ထွက်ပြေးစေနိုင်သည်။သို့သော် အရာအားလုံးက အေးဆေးတည်ငြိမ်နေသည်။
မန်ဟိုသည် တုံ့ဆိုင်းခြင်း မရှိဘဲပစ်ထားသည့် ယပ်တောင်ကို ဒီတစ်ကြိမ်တွင် အခြားတစ်နေရာသို့ ပစ်လွှတ် လိုက်သည်။ ထိုအချိန်တွင်အေးစိမ့်သောအသံထွက်ပေါ်လာပြီး အနီးအနားရှိတောင်ထိပ်များမှ အနက်ရောင် ရောင်ခြည် များထွက်ပေါ်လာသည်။ ထိုရောင်ခြည် များက တံဆိပ်ခတ်ဖုံးအုပ် လိုက်သကဲ့သို့ပင် ပတ်ဝန်းကျင် တစ်ခုလုံးကို ပတ်ပတ်လည် မှုန်မိုင်း သွားစေသည်။
မန်ဟိုသည် ထိုတံဆိပ်ခတ် ဧရိယာအတွင်းတွင်ရှိနေသော်လည်း အလယ် ဗဟိုတွင်မဟုတ်ဘဲ အစွန်းနားသို့ ရောက်နေ သည်။ အကယ်၍ သူသည်ယခုအချိန်တွင်သာသတိမရှိခဲ့ဘဲရှေ့သို့ ဆက်၍သွားခဲ့ပါက သူသည် ၎င်း၏ အလယ်၌ နစ်မြုပ်နေပေလိမ့်မည်။
ထို့နောက် အသွင်သဏ္ဌာန် ရှစ်ခုပေါ်လာပြီးသူတို့၏ ခန္ဓာကိုယ် များသည်မှုန်ဝါးနေသည်။ မန်ဟိုသည် မကြာခင်မှာပဲ ၎င်းတို့ကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။ သူတို့၏နောက်တွင် ထူးဆန်းသည့် ဒိုင်းလွှာအသွင်ကာရံထားသော ရေများကိုပါ မြင်တွေ့လိုက် ရသည်။
လူရှစ်ဦး - အမျိုးသားခြောက်ဦး နှင့်အမျိုးသမီးနှစ်ဦး ။ အမျိုးသမီးတစ်ဦး သည်ရှည်လျားသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာသည် ဖြူဖျော့ဖျော့ဖြစ်သည်။ သူမသည် လက်ထဲ ၌ ရေပုလဲ ကို ကိုင်ထားသည်။ ထိုပုလဲသည်သူမ ရှိနေခြင်းကို ဖုံးကွယ်ရန် ရေကဲ့သို့ဂယက်ထနေသော လှိုင်းများကို ထုတ်လွှတ် ပေးနေသည်။ ပုလဲသည် အက်ကွဲကြောင်း တစ်ခုနှင့် ဖုံးလွှမ်းထားသည်မှ လွဲပြီး အနှိုင်းမဲ့သောရတနာ တစ်ခု ကဲ့သို့ထင်ရှားနေသည်။
သူမသည် မန်ဟို့နားကို ချဉ်းကပ်မလာခဲ့ဘဲ အကွာအဝေးတစ်ခုတွင်သာ နေနေ၏။ အခြားသူများကတော့ သူ၏ ပတ်ပတ်လည် ကို အရှိန်ဖြင့်ချဉ်းကပ် လိုက်ကြသည်။ ၄င်းတို့ထဲမှ တစ်ဦး မှာ ယန်ဇီကောင်း ဖြစ်သည်။
မန်ဟို၏မျက်နှာသည် ၎င်းတို့ကို ကြည့်ရှုနေရင်း မှောင်မိုက်နေသည်။ ယန်ဇီကောင်း တစ်ဝိုက်တွင် လူကိုသေစေနိုင်လောက်အောင်ပင် အားပြင်းသောလေများ လည်ပတ်နေသော်လည်း သူ၏ ကျင့်ကြံမှုအခြေခံသည် ထိုအုပ်စုတွင် အမြင့်ဆုံးမဟုတ်ခဲ့ပေ။ အမြင့်ဆုံးသူက မြေပြင်ပေါ်မှာရပ်နေခဲ့သူတစ်ဦး မဟုတ်ပဲ မန်ဟို၏ အထက် လေထဲရှိ ဓားပျံပေါ်တွင်ပျံသန်းနေသည့် မိုးပြာရောင် တာအို ဝတ်စုံကိုဝတ်ဆင်ထားသော လူလတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ သူ၏မျက်လုံးများသည် အေးဆေး တည်ငြိမ် သော်လည်း သူသည်ပြင်းထန်သော လေကို မှုတ်ထုတ်လိုက်သည်။
သူ၏ ကျင့်ကြံမှုအခြေခံ သည် ချီဖွဲ့စည်းခြင်းအဆင့် ၉ တွင်ရှိသည်။
ကျိုး ပြည်နယ်၏ဂိုဏ်းများအကြား, ချီဖွဲ့စည်းခြင်းအဆင့် ၉ တွင်ရှိနေသူများသည် ထူးခြားသော အနေအထား တွင်ရှိ သည်။ အကယ်၍ အနှစ် ၆၀ သက်တမ်းအတွင်းသူတို့၏ ချီအခြေတည်အဆင့် ကို အောင်မြင်စွာ ထူထောင် နိုင်ပါက ဂိုဏ်းအကြီးအကဲအများ ဖြစ်လာပေလိမ့်မည်။ အကယ်၍ သူတို့သည်နှစ်ပေါင်း ၆၀ သက်တမ်းအတွင်း အခြေတည်မှု ကိုမထူထောင် နိုင်ပါက အတွင်းစည်းတပည့်များမဟုတ်တော့ဘဲ ဂိုဏ်းဂုဏ်ဆောင် သက်တော် စောင့် များသာ ဖြစ်နေပေမည်။
ရှန့်ကွမ်းရှိုးသည် အင်အားကြီးသော မှီခိုရာဂိုဏ်းဝင်တစ်ဦး ဖြစ်ခဲ့စဉ်အခါက အကြီးအကဲမဟုတ်ဘဲ ဂိုဏ်းဂုဏ်ဆောင် သက်တော်စောင့်တစ်ဦးသာ ဖြစ်သည်။
လူလတ်ပိုင်းအရွယ်ရှိထိုသူသည် ချီဖွဲ့စည်းခြင်းအဆင့် ၉ ၌သာ ၂ နှစ်ကြာ ရှိနေခဲ့ပြီး ၎င်း၏အနာဂတ်သည် မရေရာ ခဲ့ဟု ပြောနိုင်သည်။ အကယ်၍ သူသည် ချီအခြေတည်အဆင့် ကို ထူထောင်နိုင်ခဲ့လျှင် လုံးဝ ကွဲပြားခြားနားသော အဖြစ်သို့ရောက်ရှိနေပေလိမ့်မည်။
"မင်းကလိမ္မာပါးနပ်ပါတယ်" ယန်ဇီကောင်းက အေးဆေးစွာပြောလိုက်သည်။ "အဲလိုသာမဟုတ်ရင် မင်းက ဇီယွင်ဂိုဏ်း ကိုဘယ် လှည့်ဖြားနိုင်ပါလိမ့်မလဲ။ မင်းက အလယ်ဗဟိုမှာမရှိပေမဲ့, ဒီအစီအရင်ရဲ့ ပတ်ပတ်လည် အတိုင်းအတာကို ရောက်တာနဲ့ သေမှာပဲ။ အစ်ကိုလျို လဲ ရှိနေတော့ နောက်ဆုံးကျရင် မင်းဆီကနေ ရတနာအစစ် တွေကိုယူသွား နိုင်ကြမှာ။ မင်းရဲ့အလောင်းကိုတော့ ဒီအတိုင်းထားခဲ့မယ်။" ဟု သူက မန်ဟို၏ ရတနာ ယပ်တောင်ကို လိုချင်တပ်မက်စွာ ကြည့်ရင်း ပြောလိုက်၏။ လွန်ခဲ့သည့်ရက်များအတွင်းသူသည် မန်ဟို၏ အကြောင်း များစွာ ကိုသိခဲ့ပြီး ဇီယွင်ဂိုဏ်းသား များနှင့် အလဲအလယ် အသေးစိတ် အချက်အလက်များကိုပါ စွန်းဟွာ ထံမှ ကြားသိခဲ့ပြီးဖြစ်သည်။ ယခုမူ သူသည် မန်ဟို ၏ပစ္စည်းများကို ပို၍ ပင်လိုချင်လာခဲ့သည်။
မန်ဟိုသည် မျက်နှာတစ်ခုလုံး မှောင်မိုက်နေပြီး ယန်ဇီကောင်းကို ကြည့်မနေခဲ့ပါ။ ထိုအစား သူ သည် ချီဖွဲ့စည်းခြင်းအဆင့် ၉ ရှိကျင့်ကြံသူကိုသာကြည့်နေခဲ့သည်။
ထိုသူသည် ယန်ဇီကောင်းပြောခဲ့သည့် အစ်ကိုလျှို ဖြစ်သည်။ သူက စကားမပြောပဲ ပုံမှန်သာ ကြည့်နေခဲ့ ပြီး ပျံသန်းနေသောဓားပေါ်၌သာ ရပ်နေသည်။ မန်ဟို သည်ထိုသူ၏အစွမ်းကို ခံစားမိသောအခါ၊ သေသေချာချာ ကြည့်နေခဲ့သည်။
"မင်းက မန်ဟို ရဲ့ရတနာကိုလိုချင်တယ်ဆိုရင် တန်ရာတန်ကြေးတော့ ပေးရလိမ့်မယ်၊" သူက သိုလှောင်အိတ် ကို ရိုက်လိုက်ပြီး ငွေရောင်အလင်းတန်းတစ်ခုကို ပစ်လိုက်သည်။ မန်ဟို ၏လက်ထဲတွင် တောက်ပနေသော ငွေလှံတစ်ခု ပေါ်ထွက် လာပြီး ဘေးရှိ ရတနာယပ်တောင် အလယ်တည့် တည့်သို့ ထိုးစိုက်လိုက်သည်။
ငွေလှံပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအားလုံး၏အကြည့်က ထိုအရာထံ သို့စုပြုံလာသည်။ အစ်ကိုလျှို၏ မျက်လုံးများပင် တောက်ပလာသည်။
သူတို့၏မျက်လုံးများ လှံသို့အာရုံရောက်သွားသည့် တချိန်တည်းမှာပင် မန်ဟို၏ မျက်လုံးများက တောက်ပလာပြီး ပန်းချီကားလိပ် ကိုဖွင့်လိုက် သည်။ ပန်းချီကားအတွင်းမှ မြည်သံများ ထွက်ပေါ်လာကာ မြူခိုးသားရိုင်း သုံးကောင် ပေါ်ထွက်လာပြီး လူစုထံသို့ ဦးတည်သွားသည်။
ရုတ်တရက် ရှုပ်ထွေသွားသည်ကို အသုံးချပြီး မန်ဟိုက ဂါထာမန္တယားဆိုင်ရာ မုဒြာပုံ လက်ဟန်အသွင် ပြုလုပ်လိုက်ကာ အနက်ရောင်ရောင်ခြည်များကို မဖော်ပြနိုင်သော အမြန်နှုန်းဖြင့် ပစ်လွတ်လိုက်သည်။ ယန်ဇီကောင်းသည် ထိတ်လန့်သွားပြီး တစ်ချိန်တည်းတွင်နောက်သို့ ပစ်ခတ်လိုက်ကာ သူ၏နောက်ရှိ မှော်ပစ္စည်းထံက ဖြစ်ပေါ်လာသော တောက်ပနေသည့် အလင်းရောင်မှ သူ့ကိုယ်သူခွဲထွက်လိုက်သည်။ သူ မလှုပ်ရှားနိုင်မီပင်, အနက်ရောင် အလင်းသည်သူ၏မျက်ခုံးများအကြား, ဦး ခေါင်းထဲသို့စိုက်ဝင်သွားသည်။
ဒါက ငရဲဆူးချွန် ပဲ!
ဤသည်ကား မန်ဟို ရဲ့သဘောထားဖြစ်သည်။ တိုက်ခိုက်ခြင်းသည် မ ကောင်း။ သို့သော် တိုက်ခိုက်သည့် အခါ ပထမဆုံးစတင် တိုက်ခိုက်ရမည်။ ယန်ဇီကောင်း ကသေရန်ကြိုးစားနေတာကြောင့် မန်ဟို က သူ့ကို မရဏတွင်းသို့ ပို့လိုက်ခြင်းပင် ဖြစ်သည်။
***