← Chapters

တစ်ချီတော့ ပြီးဆုံးခဲ့ပြီ…

Vol. 5 Ch. 62

တစ်ချီတော့ ပြီးဆုံးခဲ့ပြီ…

Vol. 5 Ch. 62

ငရဲဆူးချွန်သည် ယန်ဇီကောင်း၏မျက်ခုံးကြားသ်ို့ ထိုးစိုက်မိသည် နှင့်တပြိုင်နက် အမည်းရောင်နှင်းခဲများ  လျင်မြန်စွာ ပျံ့နှံ့သွားပြီး  မျက်စိတစ်မှိတ်အတွင်း၌ သူ၏တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့သည်။ ထို့နောက် ကွဲအက်သံတစ်ခုပေါ်ထွက်လာပြီး ယန်ဇီကောင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ ယန်ဇီကောင်း၏ မျက်နှာသည် အလွန် ထိတ်လန့်ဖွယ်ကောင်းသော အမူအရာများနှင့် ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အေးခဲနေသော အနက်ရောင်အပိုင်းအစများ အဖြစ် ကွဲအက်သွားကာ မြေပြင်ပေါ် သို့ ကျရောက်သွားသည်။

မူလအစက မန်ဟိုသည် ထွက်ပြေးရန်ကိုသာ လိုလားခဲ့သည်။ သို့သော် ယန်ဇီကောင်းသည် သူ၏ ထွက်ပေါက်လမ်းကြောင်းများကို ပိတ်ဆိုထားခဲ့သောကြောင့် မန်ဟိုသည် သူ့အား ပြန်လည် တိုက်ခိုက်ရန်မှ လွဲ၍ တခြားရွေးချယ်စရာ မရှိခဲ့။

သူသည် ယခုအခါ ကျင်ကြံခြင်းလောက၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပြီး တောတွင်းဥပဒေကိုလည်း ကောင်းစွာ သိနားလည်လာခဲ့သည်။ တိုက်ခိုက်ခြင်းသည် မကောင်း၊ သို့သော် တိုက်ခိုက်ရန် အချိန်ကာလ ရောက်လာလျှင်လည်း သနားကရုဏာမပါဘဲ တိုက်ခိုက်သင့်ပြီး၊ ထိုသို့ မဟုတ်ပါက သေခြင်းတရားနှင့် ရင်ဆိုင်ရမည် ကို ကောင်းစွာ သဘောပေါက်လာ သည်။

တခဏအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် များကြောင့် ဖုန်းဟန်ဂိုဏ်းသားများ၏ မျက်နှာများပေါ်တွင်   ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အမူအရာများနှင့် ပြည့်နေခဲ့သည်။ မန်ဟို၏ ပန်းချီကားလိပ်ထံမှ မြူခိုးသားရိုင်းသဏ္ဌာန် အခိုးအငွေ့များ ထွက်ပေါ်လာကာ သူတို့၏အနား၌ လေကြမ်းတိုက်သကဲ့သို့ အရှိန်အဟုန်ဖြင့် လှည့်ပတ် နေကြသည်။

သူတို့သည် ရက်စက်ကြမ်းကြုတ်သောအသွင်သဏ္ဌာန် ရှိပြီး  မြည်ဟိန်းသံကြီးက ကြီးမားသောဖိအားကြီးတစ်ခု ကဲ့သို့ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။ မြူခိုးသားရိုင်းသဏ္ဌာန် အမည်းရောင်အခိုးအငွေ့သုံးခုသည် ကျင့်ကြံသူများအား ရုတ်တရက် တဟုန်ထိုး ဝင်ရောက်တိုက်ခိုက် လိုက်သည်။

ထိုနောက် ပဲ့တင်ထပ်သော မြည်ဟိန်းသံတခု ထွက်ပေါ်လာပြီး စဦးချီဖွဲ့စည်းခြင်းအဆင့်၉ ရှိသူ အစ်ကို လျှိုု့မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှု များထင်ဟပ်လာသည်။ သူသည် လက်နှစ်ဖက်ကို ရိုက်လိုက်ပြီး ဝှေ့ယမ်းလိုက်သောအခါ အနီရောင်အသွင်အရိပ် တခုပေါ်ထွက်လာသည်၊ ၎င်းသည် ကြီးမားစွာတောက်လောင်နေသော မီးတောက်မီးလျှံကြီးကဲ့သို့ လေထဲတွင် ဖြစ်ပေါ်လာခဲ့ပြီး မီတာ ၃၀ကျော် အကွာအဝေး ပတ်ပတ်လည်တွင် ပျံနှံ့သွားကာ မြူခိုးသားရိုင်း အခိုးအငွေ့များထံသို့ ဝင်ရောက်သွားသည်။

မန်ဟိုသည် အသိစိတ်မကပ်သကဲ့သို့ ဖြစ်နေသော ကျင့်ကြံသူ ဘုန်းကြီးများကို ဂရုမစိုက်ပဲ အောက်ဘက်သို့ ရွေ့လျားသွားကာ ရေပုလဲကိုင်ဆောင်ထားသောအမျိုးသမီး ဆီသို့ တဟုန်ထိုး ဝင်ရောက်တိုက်ခိုက် လိုက်သည်။ ထိုပုလဲသည် မှော်ပစ္စည်းတခု ဖြစ်ပြီး ထူးခြားသည့် အစီအရင်တစ်ခု ကို ထိန်းသိမ်းထားသည် ဆိုသည်ကို သူတပ်အပ် ပြောနိုင်သည်။

သူမသည် ရုတ်တရက် စိုးရိမ်ထိတ်လန့်သွားကာ အလျင်အမြန် ပင် နောက်သို့ဆုတ်လိုက်သည်။သို့သော် မန်ဟို သည် သူမထက် ပို၍လျင်မြန်သောကြောင့် ရှေ့သို့ ဦးစွာ ရောက်ရှိသွားသည်၊ မန်ဟိုသည် လက်ကို ဝှေ့ရမ်းကာ သူမကို လည်ထွက်သွားစေလိုက်ပြီးသည့်နောက် သူမ၏ ပါးစပ်မှ သွေးများအန်ထွက်လာသည်။ သူမသည် အလွန်ကြောက်လန့်သွားကာ ပုလဲသည်လည်း သူမလက်မှ လွင့်စင်ထွက်သွားသည်၊၊

ထိုမိန်းမသည် လှပသောသူတစ်ယောက် ဖြစ်သည်။ သို့သော် ဤအချိန်တွင် မန်ဟို့ အတွက် ရန်သူတစ်ယောက်သာ ဖြစ်သည်၊ သူသည်သူမကို အေးဆေးစွာကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်း လိုက်သောအခါ ပုလဲသည် သူ့ထံသို့ ဦးတည်ပျံသန်းလာကာသူ၏လက်တွင်း သို့ကျရောက်လာခဲ့သည်။

ထိုပုလဲသည် သူ၏ လက်ဖြင့်ထိလိုက်မိသည့် တစ်ချိန်ထဲတွင်ပင် ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။ အမည်းရောင်အခိုးအငွေ့ကြီးသုံးခုကို အစ်ကိုလျှိုု၏ မီးတောက်ကြီးက လုံးဝဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် မီးတောက်ကြီး သည် မန်ဟိုထံသို့ ပျံနှံ့လာသည်။

အစ်ကိုလျှိုုက ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် “မင်းမှာ ရတနာတွေ အများကြီး ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမယ့် မင်းက ငါ့ ဖုန်းဟန်ဂိုဏ်းသား အဖွဲ့ဝင်တွေကို သတ်ခဲ့တယ်၊ မင်းသေပြီပဲ”ဟု ပြောလိုက်သည်၊ သူ၏နောက်တွင် ကျန်နေသော နောက်လိုက်ဂိုဏ်းသားများလည်း ဒဏ်ရာ များရကာ အခြေအနေမကောင်းတော့ပေ။ သို့သော် ထိုအခြေအနေသည် သူ့အတွက် အရေးကြီးဆုံး မဟုတ်။ ဂိုဏ်းသို့ပြန်ရောက်သည့်အခါ ယန်ဇီကောင်း သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်းကို ရှင်းပြခြင်းသည်က သူ့အတွက် ပို ခက်ခဲမည် ဖြစ်သည်။ သူသည် မန်ဟိုကို သတ်ဖြတ်ရန်သာ စိတ်ပြင်းပြ နေခဲ့သည်။

မန်ဟိုသည် ဘာမှ မပြော။  မီးတောက်မီးလျှံကြီး ဆင်းသက်လာသောအခါ ဘယ်ဘက်လက်ဖြင့် သူ၏သိုလှောင်အိတ် ကို ပုတ်လိုက် ပြီးနောက် ကြီးမားသော အမည်းရောင်ပိုက်ကွန် တစ်ခု ပေါ်ထွက်လာသည်။ မန်ဟိုသည် ၎င်းကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ အမည်းရောင်ပိုက်ကွန်သည် မီးတောက်မီးလျှံကို ဖြတ်သန်းသွားပြီး ချက်ချင်းပင် မီးတောက်ကြီး ကွယ်ပျောက်သွားသည်၊ ပိုက်ကွန်သည် တဖြည်းဖြည်းနှင့် ကြီးမားသထက် ကြီးမားလာပြီး အစ်ကိုလျှိုု ကို ဝန်းရံလိုက်သည်။

အစ်ကိုလျှိုု၏ မျက်နှာသည် မဲ့သွားပြီး ကျောက်စိမ်းပုရပိုက်ကို ကိုင်ထားသော ညာဘက်လက်ကို မြှောက်လိုက်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် မှေးမှိန်သွားပြီး ပိုက်ကွန်လာရာ လမ်းကြောင်းကို လွတ်ရုံမျှ ရှောင်လိုက်နိုင်သည်။ နောက်တွင်ရှိနေသော ဂိုဏ်းသားနှစ်ယောက်သည် ပိုက်ကွန် ၌ ဖမ်းမိသွားခဲ့သည်။ ပိုက်ကွန်သည် ပြင်းထန်သောအပူကို ဖြန့်ကျက်လိုက်ပြီး သူတို့၏ အဝတ်အစားများကို လောင်ကျွမ်း သွားစေသည်။ တစ်ခဏအတွင်း၌ပင် လောင်ကျွမ်းသွားသော သူတို့၏ခန္ဓာကိုယ်များသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။

ရုတ်တရက် ထွက်ပေါ်လာသည့် ကျယ်လောင်သော တုန်လှုပ်ဖွယ် အော်သံကြောင့် ကျန်ရှိသော ဖုန်းဟန်ဂိုဏ်းသားများ၏ မျက်နှာသည် ထိတ်လန့်ကာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ကြောက်ရွံ့တုန်လှုပ် သွားကြသည်။ အစ်ကိုလျှိုုလည်း ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေခဲ့မိသည်။ မန်ဟိုထံတွင် ထိုကဲ့သို့ မှော်ပစ္စည်းများ ရှိနေနိုင်သည်ကို သူ မခန့်မှန်းမိခဲ့ပေ။

ထိုအဖြစ်အပျက်များ ဖြစ်နေချိန်တွင် မန်ဟိုသည် ဆက်လက်လှုပ်ရှားနေခဲ့သည်။ သူသည် ညာလက်ဖြင့် ပုလဲကိုဆုပ်ကိုင် ခြေမွ လိုက်သည့်အခါ ပိတ်လှောင်ထားသော ကြီးမားသည့် အစီအရင် တစ်ခုသည် ထိုနယ်မြေအနှံ့ ရိုက်ခတ် သွားပြီး အဘက်ဘက်သောဦးတည်ရာသို့ ဖြန့်ကျက်သွားသည်။ မန်ဟိုသည် ရတနာယပ်တောင် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လက်ကိုဝှေ့ယမ်းလိုက်သည်။ ငှက်မွှေး ၁၆ချောင်းသည် သူ၏ဘေး ၌  အကာအကွယ်ဒိုင်းလွှာ ကဲ့သို့ လှည့်ပတ်နေစဉ် သူသည် ငွေရောင်လှံကို ဖမ်းယူဆုပ်ကိုင်လိုက်ပြီးသည်။ ထို ဒိုင်းလွှာသည် သူ့ကို ရှေ့သို့ သယ်ဆောင်သွားခဲ့ပြီး ပြိုကွဲနေသောအစီအရင်အတွင်းရှိ အပေါက်တစ်ခုသို့ ဦးတည်သွားသည်။

“မင်းက ထွက်ပြေးချင်တာလား? အိပ်မက်မက်မနေနဲ့!” အစ်ကိုလျှိုု သည် မန်ဟို၏ ရှေ့သို့ ဦးအောင် ပြေးသွားလိုက်ပြီးနောက် သူ၏ပါးစပ်ထဲမှ ဓားပျံတစ်လက် ထွက်ပေါ်လာသည်။ ပါးလွှာသေးငယ်ပြီး အလင်းရောင်ကို ထိုးဖောက်နိုင်သော ဓားပျံသည် လက်သန်းအရွယ်ခန့်သာရှိသည်။ ထိုဓားပျံကို မန်ဟိုထံသို့ ဦးတည်၍ ပစ်လွှတ်လိုက်သည်။

မန်ဟိုသည် ထွက်ပြေးလွတ်မြောက်ရန် အတွက် အရှိန်အဟုန်ဖြင့် ရွေ့လျားနေသည်။ သူသည်နောက်ဘက်သို့ ဦးတည်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ အမည်းရောင်ပိုက်ကွန်သည် ကျယ်လောင်သော ဆူညံသံ များ ထွက်လာ ခဲ့သည်။ ထိုပိုက်ကွန် ၌ ဖမ်းမိခဲ့သော ဂိုဏ်းသားနှစ်ဦးသည်လည်း အပိုင်းပိုင်း ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ပိုက်ကွန်သည် ဂိုဏ်းသားနှစ်ဦး၏ သိုလှောင်အိတ်များကို ဆွဲယူကာ မန်ဟိုထံသို့ ပျံသန်းလာခဲ့သည်။

ထိုအချိန်တွင် အစ်ကိုလျှိုု၏ တောက်ပ၍ ပုံဆောင်ခဲသဏ္ဌာန် ရှိသော ဓားပျံသည် မန်ဟိုထံ ရောက်လာခဲ့သည်။ မန်ဟိုသည် ဓားမြှောင်၏ အန္တရာယ်ကို သတိပြုမိသောအခါတွင် ၎င်းသည် သူ့အား ထိုးမိတော့မည့်ဆဲဆဲ အနေအထားသို့ရောက်နေပြီ ဖြစ်သည်။ သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၉၏ စွမ်းအားကို ခုခံနိုင်သည့် အနေအထားတွင်မရှိခဲ့ပေ။ ဓားမြှောင်၏ ရက်စက်ပြင်းထန်မှု အရှိန်အဝါ ကိုမြင်တွေ့ လိုက်ရသောအခါ မန်ဟို၏ မျက်လုံးများသည် တုန်လှုပ်သွားသည်။ ငှက်မွှေး၁၆ချောင်းကို ဓားပျံ၁၆ချောင်း အဖြစ် ပြောင်းလဲလိုက်ကာ အစ်ကိုလျှိုု၏ ဓားပျံဆီသို့ ဦးတည်၍ ပစ်လွှတ်လိုက်သည်။

မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ ငှက်မွှေး၁၆ချောင်းထဲမှ ၈ချောင်းသည် ပျက်စီးသွားခဲ့ပြီး ပုံဆောင်ခဲသဏ္ဌာန်ရှိဓားပျံသည်လည်း ပတ်ချာလည် လည်သွားသည်။ ကျန်ရှိနေသော ငှက်မွှေး၈ချာင်းသည် မန်ဟို၏ ခြေအောက်သို့ ယပ်တောင်အဖြစ် ပြန်လည်ရောက်လာသည်။ ထိုအချိန်တွင် ယပ်တောင်သည် ယခင်ကထက် ပို၍ နှေးကွေးသွားခဲ့သည်။

"ငှက်အမွှေးအတောင်နည်းနည်းလေးနဲ့ မင်းယပ်တောင်က ထင်သလောက်မြန်မြန် မသွားနိုင်ပါဘူး” ဟု အစ်ကိုလျှိူက ကြမ်းကြုတ်သော အသံဖြင့် လှောင်ရယ်လိုက်သည်။ ထိုသို့ပြောနေစဉ် မှာပင် သူ့မျက်လုံးများ အံ့သြစွာဖြင့် ပြူးကျယ်သွားသည်။ မန်ဟိုသည် သိုလှောင်အိတ်ကို ပုတ်လိုက်သောအခါ အလားသဏ္ဌာန် ထပ်တူကျသော နောက်ထပ် ငှက်မွှေး၈ချာင်း ပေါ်လာသည်။ ရတနာယပ်တောင်သည် တပေါင်းတစည်းတည်း ပြန်ဖြစ်သွားပြီးနောက် မန်ဟိုသည် မှုန်ဝါးသောအလင်းရောင်တစ်ခုကဲ့သို့ ပြောင်းလဲလိုက်ပြီး အကွာအဝေးတစ်ခုသို့ ထွက်ခွါသွားလိုက်သည်။

အစ်ကိုလျှိုသည် စိတ်တိုစွာ ရေရွတ်နေခဲ့ပြီး ၎င်း၏ မန်ဟိုအပေါ် သတ်ချင်သောစိတ်သည် ပို၍ ပြင်းထန်လာကာ သူသည် ဆက်လက်တိုက်ခိုက်နေခဲ့သည်။ ထိုအဖြစ်အပျက် များကို မြင်တွေ့နေသော ဂိုဏ်းသားများသည်လည်း ရွေးချယ်စရာမရှိဘဲ သူ့နောက်သို့သာ ဆက်လက် လိုက်လာခဲ့သည်။ ဂိုဏ်းသားများသည် ၎င်းတို့၏ မှော်ပစ္စည်းများကို ထုတ်လွှတ်နေရင်း မန်ဟို့နောက်သို့ ဆက်လိုက်လာခဲ့ကြသည်။

ကျင့်ကြံမှုအခြေခံ လုံလောက်စွာ မပြည့်ဝသေးသော အမျိုးသမီးဂိုဏ်းသားတစ်ဦးသာ တုံ့ဆိုင်းနေပြီး ကျန်ရစ် ခဲ့သည်။

မန်ဟိုသည် သူ၏ယပ်တောင်ပေါ်တွင် မတ်တပ်ရပ်နေပြီး မျက်နှာထားသည် ခက်ထန်နေသည်၊ အမည်းရောင်အခိုးအငွေ့များလည်း သူ့ထံမှ အဆက်မပြတ် ထွက်နေသည်။ သူက သိုလှောင်အိတ်၂အိတ်ကို ဆွဲယူလိုက်ပြီး အထဲ၌ပါသော ပစ္စည်းများကို ထုတ်ကြည့်လိုက်သည်။ သိုလှောင်အိတ်ထဲ၌ မှော်ပစ္စည်းနှင့် ဆေးလုံး အနည်းငယ် ပမာဏသာပါသည်။ သို့သော် သူတကယ် လိုအပ်နေသောပစ္စည်းဖြစ်သည့် အဖြူရောင်ပုလဲသုံးလုံးကို တွေ့ရှိခဲ့သည်။

သူသည် ပုလဲတစ်လုံးကိုထုတ်လိုက် သောအခါ ၎င်းသည် ချက်ချင်းပင် အမည်းရောင်အခိုးအငွေ့များကို စုပ်ယူလိုက်သည်။ ဆယ်ကြိမ်မျှ အသက်ရှူလိုက်ပြီးသော ကြာချိန်တွင် ပုလဲလုံးသည်အနက်ရောင် အဖြစ်ပြောင်းလဲသွားပြီး နောက်ထပ် စုပ်ယူနိုင်စွမ်းမရှိတော့ပေ။

မန်ဟိုသည် ဘဝင်မကျသောအကြည့်ဖြင့် ပုလဲကိုလွှတ်မချခင် စိုက်ကြည့်နေသည်။

"ဒီအချိန်မှာတော့ ငါဘာကိုမှ ထပ်ပြီး ပုံစံတူ မပွားနိုင်တော့ဘူး။ ဒီလူတွေကို လှည့်စားလိုက်တာနဲ့ ငါက ပုလဲတွေကို ထပ်ပြီး ပိုင်ဆိုင်နိုင်မယ်။ ဒါတွေနဲ့ လူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်တဲ့ အမည်းရောင်အခိုးအငွေ့ပြသနာကို ဖြေရှင်းနိုင်လိမ့်မယ်။" သူသည် မိုးကြိုး သဏ္ဌာန် အရာများကို လှည့်ကြည့်လိုက်သည်။ မန်ဟိုကို တဟုန်ထိုး လိုက်လံရှာဖွေနေသော ဖုန်းဟန်ဂိုဏ်းမှ အစ်ကိုလျှို သည် တောက်ပသော အလင်းရောင်များက ဝန်းရံထားသည်။ မြေပြင်ပေါ်၌လည်း လျင်မြန်သောအရှိန်ဖြင့် သူ့နောက်သို့လိုက်နေသော ပုံသဏ္ဌာန်သုံးခုကိုလည်း မြင်တွေ့နေရသည်။

မန်ဟိုက“ဒီလူသုံးယောက်ဟာဘာမှမဟုတ်ဘူး သူတို့ကိုသတ်လိုက်တာ ပြသနာမဟုတ်၊ ဒါပေမဲ့ စဦးချီဖွဲ့စည်းခြင်းအဆင့်၉ ရောက်နေတဲ့ လျှိူ အမည်ရ တဲ့ သူ၊ သူ့မှာလည်း မှော်ပစ္စည်းအများကြီးရှိနိုင်တယ်၊ ဒီတိုက်ပွဲမှာ သူက ဘယ် မှော်အတတ်ကိုမျှ အသုံးမပြုရသေးဘူး။ သူ့ကို ဒီတိုက်ပွဲမှာ လတ်စသတ်လိုက်ရင် ကောင်းလိမ့်မည် မဟုတ်….”  ဟု သူ့ဘသာသူ ရေရွှတ်လိုက်သည်။ အထင်သေးသော အပြုံးတခု သူ့မျက်နှာ၌ ပေါ်လွင်နေသည်။ အစ်ကိုလျှိုသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၉တွင်ရှိခဲ့လျှင်ပင် သူ့၌ မန်ဟိုကဲ့သို့ ဆေးလုံးများစွာ ရှိနေမည်မဟုတ်ပေ။ အခြားသူများ အားအင်ကုန်ခမ်း လာသည် အထိ သူသည် ဆက်ပြေး နေလိမ့်မည်ဖြစ်သည်။

သူ၏ စိတ်ထဲတွင် အကြံအစည်တစ်ခု ချလိုက်သည်။ မန်ဟိုသည် သူ၏ သိုလှောင်အိတ်ကို ရိုက်လိုက်ပြီးနောက် မြေကြီးဝိညာဉ်ဆေးလုံးသုံးလုံးကို ထုတ်ကာ သောက်လိုက်သည်။ သူ နောင်တကြီးစွာရမိသည်။

“ပွားထားတဲ့ငှက်မွှေး၈ချာင်းကို ဖြုန်းတီးခဲ့ပြီးပြီ အခုလည်း ဆေးလုံးတွေကို ဖြုန်းတီးမိပြန်ပြီ။ ငါဒီလိုမျိုးသာ ဆက်တိုက်ခိုက်နေမယ်ဆိုရင် ငါ့ခွန်အား နည်းသထက်နည်းလာလိမ့်မယ်။ ယန်ဇီကောင်းရဲ့ သိုလှောင်အိတ်ကို ယူခဲ့ဖို့လည်း မေ့ခဲ့တယ်၊ အနာဂတ်မှာ ငါ ပိုပြီး ဂရုစိုက်ဖို့ လိုတယ်” သူ အနည်းငယ်စိတ်ဓာတ်ကျ သွားခဲ့သည်။ မြေကြီးဝိညာဉ်ဆေးလုံး၏စွမ်းအားသည် သူ၏ကိုယ်ခန္ဓာအတွင်းသို့ ပျံနှံသွားပြီး စိတ်ဝိညာဉ်စွမ်းအားများဖြင့်  ပြည့်နှက်လာသည်။ သူ၏အရှိန်အဟုန်မှာ တိုးလာခဲ့သည်။

အချိန်များစွာကုန်လွန်ခဲ့ပြီး မကြာမီ နေဝင်တော့မည်ဖြစ်သည်။ မန်ဟိုသည် အမြန်ဆုံးနှုန်းဖြင့် တစ်လျှောက်လုံး မြန်ဆန်စွာ ရွေ့လျားနေခဲ့သည်။ တခါတရံ သူသည် ရတနာယပ်တောင်ဖြင့် ပျံဝဲသွားသည်။ အခြားအချိန်များတွင် သူသည် ခြေလျင် လျှောက်ပြေးသွားသည်။ သို့သော် အစ်ကိုလျှိုသည် မန်ဟို၏ နောက်သို့ တစ်ချိန်လုံး ထပ်ကြပ်မခွာ လိုက်လာခဲ့သည်။ မန်ဟိုသည် ယခုတွင် ပို၍ အတွေ့အကြုံရှိသောသူ ဖြစ်ခဲ့ပြီး ဖြစ်သည်။ တောက်ပသော ဓားပျံသည် သူ၏ရတနာယပ်တောင်ထက် လျင်လျင်မြန်မြန် မလိုက်လာနိုင် သောကြောင့် မန်ဟိုသည် လုံးဝတည်ငြိမ်နေသည်။

အနောက်ခပ်လှမ်းလှမ်းမှ သူ့အား ဖမ်းဆီးရန် လိုက်လာသော ဖုန်းဟန်ဂိုဏ်းသားသုံးဦးသည် အချိန် ကြာလာသည် နှင့်အမျှ ပင်ပန်းကာ ညည်းတွား လာကြသည်။ အစ်ကိုလျှို၏ မကျေမနပ်ဖြစ်နေသော ဒေါသကိုကြောက်သောကြောင့် သူတို့သည် အရှုံးမပေးဝံ့ကြပေ။

မန်ဟိုသည် နေမဝင်မီ အရှိန်အဟုန်ဖြင့် ပြေးနေခဲ့ပြီး ရုတ်တရက် တစ်စုံတစ်ရာကို အာရုံစိုက်မိလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အစဉ်ဆက်မပြတ်ထုတ်လွှတ်နေသော အမည်းရောင်အခိုးအငွေ့များသည် ယခုအခါ အကွာအဝေးတစ်ခုသို့ မျောလွင့် နေပြီး သူ၏စိတ်နှလုံးသည် ရုတ်တရက် တုန်လှုပ်သွားသည်။ သူသည် အကွာအဝေး တစ်ခုသို့လှမ်း ကြည့်လိုက် သောအခါ လေထဲတွင် ဖြတ်သန်းလာသည့် အလင်းတန်း ရောင်ခြည်တစ်ခုကို ရုတ်တရက်မြင်လိုက်ရသည်။ ထိုအရာ၏ နောက်တွင် ၁၀ ခုသို့မဟုတ် ထို့ထက်ပိုသော အသွင်သဏ္ဌာန်များကို တွေ့လိုက်ရသည်။

အလင်းတန်းရောင်ခြည်သည် လူနှစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုနှစ်ဦးစလုံးသည် အသက် ၂၅နှစ် သို့မဟုတ် ၂၆နှစ်အရွယ် ဖြစ်ပြီး စဦးချီဖွဲ့စည်းခြင်းအဆင့်၈ တွင်ရှိသည်။ ၎င်းတို့သည် နှစ်မီတာနီးပါး ရှည်လျားသော စိမ်းလန်းသောကျောက်စိမ်းပုလွေ တစ်ခုစီ ပေါ်တွင် ရပ်နေကြသည်။ သူတို့၏ မျက်လုံးများသည် လျှပ်စီးကဲ့သို့ တောက်ပနေပြီး ၎င်းတို့ထဲမှ တစ်ဦးသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင် ထားသည်။ ထိုသူတို့၏ ကျင့်ကြံမှုအခြေခံမှ ထွက်လာသော စွမ်းအင်ကို ကြည့်ခြင်းဖြင့် ၎င်းတို့သည် စဦးချီဖွဲ့စည်းခြင်းအဆင့်၉ သို့ ဝင်ရောက်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။

ခြေလျင် လျှောက်လိုက်လာ သူများထဲမှ တစ်ဦးမှာ စွန်းဟွာ ဖြစ်သည်။ သူ့လက်ထဲ၌ ပုလဲတစ်လုံးကို ကိုင်ဆောင်ထားပြီး ၎င်းက အမည်းရောင်အခိုးအငွေ့များကို စုပ်ယူနေသည်။

စွန်းဟွာသည် ကျယ်လောင်သော ရယ်သံဖြင့် "ဒါဆိုမင်းက ကျိုးပြည်နယ်မှာ ရှိနေတုန်းပဲလား, မန်ဟို!” ဟုပြောလိုက်သည်။ သူက မန်ဟိုကိုစူးစိုက်ကြည့်နေသည်။ “အစ်ကိုကျိုး၊ အစ်ကိုရှု၊ ဒါ မန်ဟို၊ သူ့မှာ မှီခိုရာဂိုဏ်းချုပ်ရဲ့ ရတနာတွေ ရှိတယ်၊ ဇီယွင်ဂိုဏ်းကတောင်မှ အဲ့ဒါကိုစိတ်ဝင်စားနေတယ်၊ မန်ဟိုက သူတို့ကိုလှည့်ဖြားပြီး ဒေါသထွက်စေခဲ့တယ်။ သူ့ဆီမှာ အဲဒီ ရတနာတွေရှိအုန်းမှာ သေချာတယ်!” စွန်းဟွာသည် မန်ဟိုပိုင်ဆိုင်သော ရတနာပစ္စည်းများအကြောင်း စဉ်းစားရင်း လောဘတကြီး ရယူရန် စိတ်အားထက်သန် နေခဲ့သည်။ သူသည် ထိုနေ့တွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီးစဥ်ကတည်းက ၎င်းရတနာများအား သူ့လက်ဖြင့် ရယူပိုင်ဆိုင်နိုင်ရန် အိမ်မက်မက်ခဲ့သည်။

ကံအားလျော်စွာပင်, သူသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဖုန်းဟန်ဂိုဏ်း၏ အစ်မဟန်နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်က သူသည် သူမထံမှ မန်ဟိုနှင့်ပတ်သက်၍ သတင်းအချက်အလက်အချို့ကို ရယူနိုင်ခဲ့သည်။ ထို့နောက် သူသည်ဂိုဏ်းမှညီအစ်ကိုများနှင့် ချက်ချင်းတွေ့ဆုံပြီး မန်ဟိုကို ခြေရာခံရှာဖွေရန် အမည်းရောင်အခိုးအငွေ့ကို စုပ်ယူနိုင်သည့်ပုလဲကို စတင်အသုံးပြုခဲ့သည်။

သူတို့မန်ဟိုကို ခြေရာခံမိချိန်တွင် အစ်ကိုလျှိုက မန်ဟိုအား သတ်ချင်ဇောဖြင့် လိုက်လံဖမ်းဆီးနေသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ အမူအရာများသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။

စွန်းဟွာသည်မျက်လုံးများ ပုတ်ခတ်လိုက်သော တစ်ခဏတွင် ကျိုး နှင့် ရှု တို့က လေထုထဲသို့ ပျံတက်လိုက်ပြီး လေအေးများ မှုတ်ထုတ်လိုက်သည်။ သူတို့သည် လျှပ်တပြက်အတွင်း လက်များကို ဝှေ့ယမ်းလိုက်ပြီး မန်ဟို၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ သူတို့၏ ခြေအောက်ရှိ ပုလွေများမှ ကြောက်မက်ဖွယ် ကောင်းသော အသံ ပေါ်ထွက်လာပြီး ပါးလွှာသော မြူခိုးငွေ့ အမျှင်စုများ စတင် ထွက်ပေါ်လာသည်။ အဆိုပါ မြူခိုးငွေ့များသည် အလွန်ကြီးမားသော လက်ဝါး အသွင် ပြောင်းလဲသွားပြီး   မန်ဟို ဆီသို့ ပစ်ခတ်လိုက်သည်။

"အနိုင်တိုက်စမ်း!"ဟု မန်ဟိုကပြောလိုက်သည်။ သူ၏မျက်လုံးများကလည်း တောက်ပ နေသည်။ သူသည် ညာဘက်လက်ကိုမြှောက်လိုက်ပြီး ချက်ချင်းဆိုလျှင် မီတာ ၂၀ သို့မဟုတ် ၃၀ ရှည်သော မြွေမီးတောက် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့သည် ပြင်းထန်သော အပူရှိန်ကို ဖြန့်ကျက်ပြီး ပျံသန်းနေသောလက်ဝါးထံသို့ ဦးတည်လိုက်သည်။

မန်ဟိုက သူ့၏ညာဘက်လက်ဝတ်ရုံကို ဝှေ့ယမ်းလိုက်သောအခါ သစ်သားဓားနှစ်ခု ပေါ်လာခဲ့သည်။ တောက်ပနေသောထို ဓားနှစ်ချောင်းသည် မြွေမီးတောက်၏အစွယ် ဖြစ်လာကာ တဟုန်ထိုး ရှေ့သို့ ထိုးတက် သွားသည်။

***

All Chapters