← Chapters

နောက်တစ်ချီ ပြီးဆုံးပြန်ပြီ…

Vol. 5 Ch. 63

နောက်တစ်ချီ ပြီးဆုံးပြန်ပြီ…

Vol. 5 Ch. 63

ထို့နောက် ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ချွိရွှယ်ဂိုဏ်းမှ စဦးချီဖွဲ့စည်းခြင်းအဆင့်၈ရှိ ဂိုဏ်းသားနှစ်ဦး၏ စွမ်းအားများ ပေါင်းစပ်ကာ ကြီးမားသော မြူခိုးလက်ဝါးတစ်ခုကို ဖန်တီးလိုက်သည်။   မန်ဟိုသည် ယခုပုံစံဖြင့် ထိုအရာကို အလွယ်တကူ ရင်ဆိုင်ရန် မဖြစ်နိုင်သည်ကို သိလိုက်သည်။ ထို့ကြောင့် သူသည် သိုလှောင်အိတ်ထဲမှ ဒုတိယမြောက် အဆန်းကြယ်ဆုံး မှော်ပစ္စည်းဖြစ်သော သစ်သားဓားကို ထုတ်သုံးလိုက်သည်။ ပထမ အဆန်းကြယ်ဆုံး မှော်ပစ္စည်းမှာ မလွှဲဧကန် ကြေးမုံပင် ဖြစ်သည်။

ဝမ်တန်ဖေး လိုချင်ခဲ့သော သစ်သားဓားများသည် ယခု မန်ဟို၏လက်အတွင်း၌ ရှိနေသည်။ ၎င်းတို့သည် မြူခိုးလက်ဝါးသိုင်းကို ဖြိုခွဲလိုက်ပြီး ချွိရွှယ်ဂိုဏ်းသားနှစ်ဦးထံသို့ ဦးတည် တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်နေစဉ်အတွင်း ၎င်းတို့သည် အားကောင်းသောအရှိန်အဝါများ မထုတ်လွှတ်ခဲ့သော်လည်း ပတ်ဝန်းကျင်မှ စိတ်ဝိဉာည်စွမ်းအားများကို စုပ်ယူနေခဲ့သည်။ ချွိရွှယ်ဂိုဏ်းသားနှစ်ဦးသည် အံ့သြထိတ်လန့်ကာ ချက်ချင်းပင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ မန်ဟိုသည် တုံ့ဆိုင်းခြင်း မရှိဘဲ အကွာအဝေး တစ်ခုသို့ ထွက်လာ ခဲ့သည်။

သစ်သားဓားများသည် မန်ဟိုထံသို့ ပြန်လည်ရောက်ရှိလာကြသည်။ သူသည် နောက်သို့လှည့်မကြည့်ဘဲ အရှိန်မြင့်ကာ ရှေ့သို့ ဦးတည်ထွက်လာ ခဲ့သည်။

သူ့နောက်တွင်ရှိသော အစ်ကိုလျှိုသည် မျက်မှောင်ကြုတ်ကာ လောဘ များ ပိုမိုပြင်းထန်လာသည်။

"ဒီ မန်လို့ခါ်တဲ့ လူ ရဲ့ပုံသဏ္ဌာန်ကို ကြည့်ရတာ သူ့မှာ မှော်ဆန်သောပစ္စည်းတွေအများကြီး ရှိနိုင်တယ်၊ ဒီသစ်သားဓားတွေကလည်း မယုံနိုင်လောက်အောင် ထူးဆန်းတဲ့အရာ ဖြစ်တယ်၊ ဒီဓားတွေက ဇီယွင်ဂိုဏ်းရဲ့ အံ့သြဖွယ်ကောင်းတဲ့ အစွမ်းတွေ ရှိနေတယ်ဆိုတာကို သက်သေပြသွားတာပဲ! ဒါပေမယ့် သူဘာလို့ သူ့ရဲ့ အစွမ်းကိုထုတ်မသုံးသေးတာလဲ?” အစ်ကိုလျှိုသည် မန်ဟိုနောက်မှ ထပ်ကြပ်မခွာ လိုက်လာခဲ့ရင်း တွေးတောနေမိသည်။ ထိုနည်းတူစွာပင် မန်ဟိုသည်လည်း ၎င်းသည် လေထဲ၌ အချိန်ကြာမြင့်စွာ ပျံသန်းရန် လုံလောက်သော ခွန်အားရှိမှာ မဟုတ်၊ မှော်ပစ္စည်း အထောက်အပံ့ တစ်ခုခုတော့ လိုအပ်မည်ဟု တွေးတော နေမိသည်။

စွန်းဟွာ နှင့်အခြား ချွိရွှယ်ဂိုဏ်းမှ ဂိုဏ်းသားများ၏ မျက်နှာသည်လည်း မဲမှောင်နေကြသည်။ အထူးသဖြင့် ကျိုး နှင့် ရှု တို့ ဖြစ်သည်။ သူတို့သည် ထပ်ကြပ်မကွာ လိုက်ပါ လာကြသကဲ့သို့ စွန်းဟွာသည်လည်း အံကိုကျိတ်ကာ ၎င်းတို့နောက်မှ လိုက်ပါခဲ့သည်။ ကျိုး နှင့် ရှု တို့သည် လေထဲ၌ အရောင်စုံရောင်ခြည်တန်းများ အသွင်ပြောင်း၍ ဖုန်းဟန်ဂိုဏ်းမှ အစ်ကိုလျှို၏ မလှမ်းမကမ်း အကွာအဝေးမှနေကာ မန်ဟိုနောက်သို့ လိုက်ခဲ့ကြသည်။

မန်ဟို၏မျက်နှာပေါ်တွင် ခက်ထန်သော အမူအရာများ ထင်ဟပ်နေသည်။ ဖုန်းဟန်ဂိုဏ်းမှ အစ်ကိုလျှို သည် ယခုချိန်ထိ ၎င်း၏ အစွမ်းကို ထုတ်မသုံးရသေးသည်ကို မန်ဟို သိနေခဲ့သည်။ စွန်းဟွာ နှင့်အခြားသူများလည်း သူ၏နောက်သို့ လိုက်လာသောကြောင့် ယခု သူသည် နောက်တဖန် ကျင့်ကြံသူများနှင့် ရင်ဆိုင် တိုက်ခိုက်ရတော့မည်ဖြစ်သည်။ မန်ဟိုက မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။

မန်ဟို က“ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက်လောက် မရှိတော့ဘူး။ “ဟု သုန်မှုန်စွာဖြင့် တွေးလိုက်မိသည်၊ တကယ်လို့ ငါ့မှာ လုံလုံလောက်လောက်ရှိခဲ့ရင် နတ်ဝိညာဉ်ဆေးလုံးတွေကို ပွားပြီး စဦးချီဖွဲ့စည်းခြင်းအဆင့် ၉ ရောက်အောင် ချိုးဖောက်နိုင်မှာ၊ ငါ အဆင့်၉ ရောက်ရင် ဒီလူတွေ ငါ့နောက်ကို မလိုက်ရဲလောက်တော့ဘူး။”

ဒါတွေပြီးရင် ငါ့ရတနာ တချိူ့ကို ရောင်းမှဖြစ်တော့မယ်” ဟု မန်ဟိုက ကြေးမုံသုံး၍ အခြားမှော်ပစ္စည်းများကို ပွားကာ ရောင်းချရန် တွေးတောနေမိသည်။ သို့သော် ကျိုးပြည်နယ်သည် သေးငယ်ပြီး ဂိုဏ်းအဖွဲ့အစည်း အနည်းငယ်သာရှိသည်။ အကယ်၍ သူသည် မှော်ပစ္စည်းများကို ရောင်းချပြီးသော်လည်း နောက်ပိုင်းတွင် တူညီသောမှော်ပစ္စည်းတစ်ခုကိုအသုံးပြုခဲ့သည်ရှိသော် သံသယ ဖြစ်လာကြ လိမ့်မည် ဖြစ်သည်။

သူသည် တစ်ယောက်တည်း ဒွိဟအတွေးများနှင့် ရေရွတ်နေရင်း ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ သူသည်မြေကြီးပေါ်သို့ ဆင်းသက်လိုက်ကာ မြေကြီးဝိညာဉ်ဆေးလုံး အချို့ကို မျိုချလိုက်ပြီးနောက် သူ၏ကိုယ်ခန္ဓာ၌ သဘာဝစွမ်းအားများနှင့် ခွန်အားပြန်လည် ပြည့်လာသည် အထိ မြေပြင်ပေါ်တွင်သာ ပြေးနေခဲ့သည်။ ထို့နောက် သူသည် ရတနာယပ်တောင် ပေါ်သို့ ပြန်လည် ခုန်တက်ကာ ရှေ့သို့ ဆက်လက် ထွက်ပြေးခဲ့သည်။ ကံမကောင်းစွာပင် ထိုဒေသ ၌ တောင်များ ရှိသော်လည်း မိစ္တာသားရဲ အနည်းငယ်သာရှိသည်။ သူတွေ့မြင်ခဲ့သော သားရဲများသည် အားနည်းနေ သောကြောင့် ယခင်အသုံးပြုခဲ့သည့် နည်းလမ်းကိုအသုံးပြု၍ ရှောင်ပြေးရန်မူ မဖြစ်နိုင်ပေ။

သူ မည်ကဲ့သို့ လုပ်သင့်သည်ကို တွေးတောနေစဉ် ချွိရွှယ်ဂိုဏ်းမှ ကျိုး နှင့် ရှု တို့က ရုတ်တရက် ဂါထာမန္တယားဆိုင်ရာ မုဒြာပုံ လက်ဟန်ချီလိုက်သည်။ထို့နောက် သူတို့၏ ခြေဖဝါး အောက်ရှိ ပုလွေများမှ လေချွန်သံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။

ထိုအသံသည် မြည်တမ်းဝိညာဉ်စွမ်းအား နှင့်တူနေပြီး ၎င်းတို့၏လက်ချောင်များရွေ့လျားသည့်အတိုင်း လှည့်ပတ်နေကြသည်။

“ကောင်းကင်မိုးကြိုးဝိညာဉ်စွမ်းအား!”

ထိုသို့ရေရွတ်လိုက်ပြီးနောက် မန်ဟို၏ အနီးတွင် လေပြင်းတိုက်ခတ်လာပြီး လေထုထဲ ၌ အနက်ရောင်တိမ်များ ဖြစ်ပေါ်လာသည်။ တိမ်တိုက်များ အတွင်း လျှပ်စီးကြောင်းများ ဖြစ်ပေါ်ပြီး မန်ဟိုထံသို့ ဦးတည်လာသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် လျှပ်စီးအလင်းတန်းများ ဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရသောကြောင့် သူ၏မျက်နှာသည် တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်သွားသည်။ သူသည် ခြေထောက်ဖြင့်  ရတနာယပ်တောင်ကို ဆောင့်နင်းလိုက် သောအခါ ချက်ချင်းပင် ငှက်မွှေး၁၀ချောင်းသည် တစ်ခုနှင့်တစ်ခု ယှက်ကာ ပျံတက်လာသည်။ လျှပ်စီး အလင်းတန်းသည်  ၎င်းတို့အား အရှိန်အဟုန်ဖြင့် ပစ်ဆောင့်လိုက်သည်။

ငှက်မွှေးများ လည်ထွက်သွားပြီး မိုးခြိမ်းသံကဲ့သို့ အသံကြီး ပေါ်ထွက်လာခဲ့သည်။ လျှပ်စီးအလင်းတန်း သည် စဦးချီဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူနှစ်ဦး၏စွမ်းအင်ဖြင့် ပေါင်းစပ်ဖွဲ့စည်းလိုက်ခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးစွမ်းအားများစွာ မပါဝင်သော်လည်း မန်ဟိုထင်ထားသည့် အတိုင်း အမှန်တကယ်ကိုပင် အင်အားကြီးမားခဲ့သည်။

မန်ဟိုသည် မျက်နှာ၌ သွေးမရှိတော့လောက်အောင်ပင် စိုးရိမ်ထိတ်လန့်နေပြီး လူသတ်ချင်စိတ် ပြင်းပြနေသောအကြည့်ဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။ တိုက်ခိုက်မှုသည် သူ့ကိုသွေးအန်စေရန် စွမ်းအားမလုံလောက်သော်လည်း ယခုအချိန်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်သည် မတည်မငြိမ် ဖြစ်နေခဲ့သည်။

“ အရမ်းအားကောင်းတဲ့ ကောင်းကင်မိုးကြိုးဝိညာဉ်စွမ်းအားပဲ” "ချွိရွှယ်ဂိုဏ်းရဲ့ လျှပ်စီးအလင်းတန်းက မြင့်မြတ်လှပါပေတယ်၊  ဝမ်းနည်းစရာက မင်းတို့ရဲ့ ကျင့်ကြံမှုအခြေခံက မလုံလောက်သေးဘူး၊ မင်းတို့နှစ်ဦး ပေါင်းစပ်အားထုတ်မှု ရလာဒ်က ဒီလောက်ပဲ ရှိတာလား၊ မင်းတို့သာ တကယ်စွမ်းအားပြည့်နေမယ်ဆိုရင် သူကမသေရင်တောင် ဒဏ်ရာရမှာပဲ။ ” ဟု အစ်ကိုလျှို ကအေးဆေးစွာပြောသည်။ သူသည်ထိုသို့ ပြောနေသော်လည်း မန်ဟို့အား တိုက်ခိုက်ရန် မလှုပ်ရှားခဲ့ပေ။ သူသည် မန်ဟိုနှင့် တိုက်ခိုက်ခဲ့ပြီး ဖြစ်သောကြောင့် မန်ဟို၌ မှော်ပစ္စည်း များစွာရှိကြောင်း သိသည်။ သူ့အတွက် အကောင်းဆုံးအရာကား ရန်သူပြိုင်ဘက်ကို ခြေကုန်လက်ပန်းကျသည့်အချိန်စောင့်ပြီးမှ သူ၏ကိုယ်ပိုင် ကျင့်ကြံမှုအခြေခံ စွမ်းအားကို အားကိုး၍ တိုက်ခိုက်မည်ဟူ၍ ဖြစ်သည်။

အခြားသူများက မန်ဟိုအား သူ၏ စိတ်ဝိညာဉ်ရေးစွမ်းအားကို အသုံးပြု၍ တိုက်ခိုက်ရန် တွန်းအားပေးနေသည်ကို ကြည့်ရင်း ကျေနပ်အားရ နေမိသည်။

“ ငါတို့ရဲ့ မှော်အတတ်ပညာက မပြီးသေးဘူး " ရှု လို့ခေါ်တဲ့ ချွိရွှယ်ဂိုဏ်းက ဂိုဏ်းသားက ပြောလိုက်တယ်။ "စကားကို ရမ်း မပြောနဲ့ လျှိုတောက်ယွင်!" အပေါင်းအဖော်များသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကာ ဆေးလုံးကိုမျိုချလိုက် ပြီးနောက် သူတို့၏လက်ချောင်းများကို တစ်ပြိုင်တည်း ဂါထာမန္တယား ဆိုင်ရာ မုဒြာပုံ ဖော်လိုက်သည်။

မန်ဟို ကိုရှာဖွေနေသည့် အမည်းရောင်တိမ်တိုက်သည် ချက်ချင်းပင် စတင် လှုပ်ရှားလာခဲ့ကာ နောက်တဖန် လျှပ်စီးတန်း ပေါ်ထွက်လာပြီးနောက်  တစ်တိုင်းပြည်လုံးကို လွှမ်းခြုံနိုင်သည့် ကြီးမားသောအသံ တစ်ခု ထွက်ပေါ်လာသည်။ နောက်တဖန် ရတနာ ယပ်တောင်မှ ငှက်မွေးတောင်များသည် ခုခံကာကွယ်ရန် ရွေ့လျားလိုက်ကြသည်။ ဤအချိန်တွင်  လျှပ်စီးက အဆုံးမသတ်သေးပါ။ လျှပ်စီးအလင်းတန်းများက အဆက်အပြတ် တိုက်ခိုက်နေသည် ။

မျက်စိတမှိတ်အတွင်းမှာပင် လျှပ်စီးအလင်းတန်းသုံးခုက မန်ဟိုကိုသွေးအန်စေသည်အထိ တိုက်ခိုက်လိုက်သည်။ သူသည် ဝတ်ရုံ၏ညာဘက်လက်ကို မတင် လိုက်ပြီးနောက် ပန်းချီကားလိပ် ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအားကို ထိုထဲသို့ ထည့်လိုက်သောအခါ မြည်ဟိန်းသံကို ကြားလိုက်ကြရသည်။ မြူခိုးများထွက်လာပြီးနောက် ပန်းချီကားလိပ်မှ မြူခိုးသားရဲနှစ်ကောင် ပေါ်ထွက်လာကာ ကျိူး နှင့် ရှုထံ သို့ ဦးတည်သွားသည်။

သူတို့နှစ် ဦး သည် ဖြူဖျော့သွား ကြသည်။ သူတို့ရဲ့ တစ်ခုတည်းသော မှော်အတတ်ပညာ ဖြစ်သည့် ဆေးလုံးများကိုလည်း သောက်သုံး ပြီးဖြစ်သည်။ သို့သော် သူတို့ရဲ့စုပေါင်းအားထုတ်မှုနဲ့တောင်မှ ထိုအရာကို အချိန်တစ်ခု ကြာရုံမျှသာ ထိန်း ထားနိုင်ခဲ့သည်။ သူတို့က မန်ဟို ၏ပန်းချီကားလိပ်မှပေါ်ထွက်လာသော မြူခိုးသားရဲများကို  စတုတ္ထ အကြိမ်မြောက် အဖြစ် လျှပ်စီးအလင်းတန်းဖြင့် တိုက်ခိုက်လိုက်သည်။

ဒီမြူခိုးသားရဲများသည် ဝံပုလွေတို့၏အသွင်အပြင်ရှိသည်။ ၎င်းတို့သည် ပြင်းထန်စွာ အော်ဟစ် မြည်တမ်းနေကြပြီး ခြေထောက်အောက်မှ အမည်းရောင်လှိုင်းများ ဖြန့်ကျက်နေကာ ဂိုဏ်းသား၂ဦးကို ဖမ်းဆီးလိုက်သည်။

လျှိုတောက်ယွင်သည် မန်ဟို ကို တောက်ပနေသောမျက်လုံးများနှင့် ငေးကြည့်နေသည်။ သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည့် တစ်ချိန်ထဲတွင်ပင် မန်ဟိုက ပန်းချီကားလိပ်ကိုဖွင့်လိုက်သည်။ လျှပ်စီးအလင်းတန်းများက ကွယ်ပျောက်တော့မည့် အခြေအနေတွင် လျှိုတောက်ယွင်သည် လျှာကိုကိုက်ပြီး သွေးအချို့ကို ထွက်စေလိုက်သည်။ လက်ချောင်းများကို အသုံးပြုပြီး ထိုသွေးများကို သူ၏လက်၌ စက်ဝိုင်း ပုံသဏ္ဌာန် လည်ပတ်စေလိုက်သည်။ သူ၏မျက်နှာသည် အနီရောင်တောင်ပလာကာ မန်ဟိုထံသို့ ဦးတည်လိုက်သည်။

" စဦးချီဖွဲ့စည်းခြင်း, ဖုန်းဟန်လက်ချောင်းသိုင်း!"

ဖုန်းဟန်လက်ချောင်းသိုင်း တိုက်ခိုက်မှုသည် သတိပေးချက်မရှိဘဲရောက်လာသည်။ အနီရောင်သွေးများသည် ရုတ်တရက် အမည်းရောင်ဖြစ်လာပြီး ပြင်းထန်သောအအေးလိုင်းကို စတင်ထုတ်လွှတ်လိုက်ကာ မျက်လုံးတစ်မှိတ် အတွင်း၌ ရေခဲသတ္တုဖြင့် ပြုလုပ်ထားသော လက်ချောင်းတစ်ခုအဖြစ်အသွင်ပြောင်းသွားခဲ့သည်။ ၎င်းသည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ  မန်ဟို ထံသို့တိုက်ရိုက်ပစ်ခတ်လိုက်သည်။ ထိုအရာသည် သူနှင့် ၉ မီတာ အတွင်းရှိသည်။

ဖုန်းဟန်လက်ချောင်းသိုင်း တိုက်ခိုက်မှုသည် အလွန်ပင် အားကြီးသည်။ ထိုအရာအနီးသို့ရောက်လာစဥ် ပန်းချီကားလိပ်မှ ဆင်းသက်လာသော မြူခိုးသားရဲများက ကျိူး နှင့် ရှုတို့ကို တိုက်ခိုက်လိုက်သည်။ မန်ဟို အထက်တွင် စတုတ္ထလျှပ်စီးအလင်းတန်းသည် အားလျော့နည်းလာသည်။

မန်ဟို သည်သူ၏နှလုံးတွင် ပြင်းထန်သော ဝေဒနာကို ခံစားခဲ့ရသည်။ လျှိုတောက်ယွင် ရဲ့မျက်နှာ၌ မှောင်မိုက်သော အပြုံးတစ်ခုပေါ်ပေါက်လာ၏။  သူ၏အောက်တွင် ရေခဲသတ္တုဓားထံမှ တောက်ပနေသော အလင်းကိုမြင်နေရကာ မန်ဟို ဆီသို့ ပစ်ခတ်လိုက်သည်။

"မင်း ဘယ်လို ရှောင် မလဲ ကြည့်ကြတာပေါ့" ဟုသူက တောက်ပနေသော မျက်လုံးများ နှင့်အတူ စောင့်ကြည့် ရင်း ဆိုသည်။ " မင်း မနိုင်ပါဘူး! မင်းရဲ့ငွေရောင်လှံကို ထုတ်လိုက်တော့ ငါတကယ် မြင်ချင်နေပြီ! "

မန်ဟို့မျက်လုံးများက စူးစိုက်ကြည့်နေခဲ့ပြီး အခြားမှော်အရာတစ်ခုကိုဆွဲထုတ်ရန် အချိန်မရှိတော့ သောကြောင့် ပန်းချီကားလိပ်ကို သူ၏ဘေးဘက်တွင် ထား လိုက်သည်။ ယခုအချိန်သည် အရေးကြီးသော ကာလ တစ်ခုဖြစ်ပြီး စဉ်းစားရန် အချိန်ပင်မရှိတော့ပေ။ သူ့ရဲ့ညာဘက်ခြေထောက်ကို ရတနာ ယပ်တောင် ပေါ်သို့ ချလိုက်သည်နှင့်တပြိုင်နက် ယပ်တောင်သည် ချက်ချင်း တစ်စစီ ကွဲထွက်သွားပြီး , ငှက်မွေးတောင် ၁၆ချောင်းက မိုးရွာချလိုက်သကဲ့သို့ ပြောင်းလဲ သွားသည်။ ၎င်းတို့အနက်မှ ၁၀ချောင်း သည် ပုံဆောင်ခဲဓားကို တိုက်ခိုက်ခဲ့ပြီး ၆ ချောင်းမှာ လျှပ်စီးအလင်းတန်းရန်မှ ကာကွယ်ရန် ကျန်ရှိနေခဲ့သည်။

ဖုန်းဟန်လက်ချောင်းသိုင်း ကို ကိုင်တွယ်ရန် မန်ဟိုသည် မြေပေါ်သို့ဆင်းလိုက် ပြီး ညာဘက်လက် ကိုအထက်သို့ မြောက်လိုက်သည်။ မီတာ (၂၀) မှ (၃၀) ခန့်အရှည်ရှိသော မြွေမီးတောက်တစ်ခု သည် သူ၏ လက်ဖဝါး မှနေ၍ ဖုန်းဟန်လက်ချောင်းသိုင်း ကို ကြားဖြတ်ရန် ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင်, သူ၏ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှေ့သို့ ပစ်လွှဲလိုက်သည့် အခါ လေဓားတစ်ခု ပေါ်ထွက်လာသည်။ ၎င်း လေဓား သည် ဖုန်းဟန်လက်ချောင်းသိုင်း ဆီသို့ ဦးတည်သွားစဉ်ကထက် ပို၍ ကြီးမားလာခဲ့သော မြွေမီးတောက် ထံမှ စွမ်းအင်ကို ပြောင်းလဲရယူလိုက်သည်။ ။

ဤအရာအားလုံးကိုဖော်ပြရန် အချိန်ယူရသည်။ သို့သော် အမှန်တကယ်တွင် ၎င်းသည် မီးကျောက်တဖဲ့မှ မီးပွားတစ်ခု ထွက်ပေါ်လာသည့် အချိန်အတွင်း၌သာ ဖြစ်ပျက်ခဲ့သည်။ ငှက်မွေးတောင် ၆ချောင်းထဲသို့ လျှပ်စီး ကျရောက် သွားသည်နှင့် ကြီးမားသော အရှိန်အဟုန်တစ်ခု ပြင်းထန်စွာ ပေါ်ထွက်လာသည်။ လျှပ်စီးသည် အားနည်းသွားသော်လည်း မန်ဟို  ကိုထိမှန်ခဲ့ပြီးနောက် သူ၏ပါးစပ်မှ သွေးများအန်ထွက်စေခဲ့သည်။

တစ်ချိန်တည်းမှာပင်, ရေခဲသတ္တုဓားသည် ငှက်မွေးတောင် ၁၀ချောင်းနှင့် တိုက်မိခဲ့သည်။ ထို ငှက်မွေးတောင်များ ကွဲထွက်သွားသောအခါ ပေါက်ကွဲသံများကိုအဆက်မပြတ် ကြားလိုက်ရသည်။ ရေခဲသတ္တုဓား သည် မန်ဟိုကို ထိုးစိုက်ခဲ့သောကြောင့် သွေးများ အန်ထွက်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ထပ်မံ တိုက်ခိုက်မှုသည် အင်အားအပြင်းဆုံး ဖုန်းဟန်လက်ချောင်းသိုင်း ဖြစ်သည်။ ၎င်းကို စဦးချီဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများ အသုံးပြုနိုင် သော်လည်း လက်ရှိတွင် ၎င်းကို စဦးချီဖွဲ့စည်းခြင်း အဆင့်၉ ရှိ သူ တစ် ဦး ဦး ကသာ အသုံးပြုနိုင်သည်။

အသံ တစ်ခု ပြန်လည် ထွက်ပေါ် လာပြန်သည် ။ ကျင့်ကြံမှုအခြေခံ အဆင့်ဆင့်ကြားကွာဟမှုက ချက်ချင်း သိသာသွား ခဲ့သည်။ မြွေမီးတောက် နှင့် လေဓား တို့၏ပေါင်းစပ်မှုများစွာရှိသော်လည်း ၎င်းတို့သည် အပိုင်းပိုင်း ကွဲနေဆဲ ဖြစ်သည်။ ၎င်းပေါင်းစပ်မှုက အနက်ရောင် လက်ချောင်းသိုင်း ၏ ထက်ဝက်ခန့်ကိုဖျက်ဆီးပစ်နိုင်ခဲ့သည်။ ကျန် တစ်ဝက်က ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး မန်ဟို ၏ရင်ဘတ်ထဲသို့ထိုးစိုက် သွားသည်။ သူသည်သွေးများပိုအန် လာခဲ့ပြီး ၎င်းသွေးများက အနက်ရောင်ရေခဲတုံးများအဖြစ် ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်က အနောက်ဘက်သို့ ရွေသွားသည်။

သူ၏ခန္ဓာကိုယ်ရှိ ပြင်းထန်သောအေးစက်ခြင်းက သူ့ကိုအေးခဲအောင်လုပ်နေသကဲ့သို့ခံစားမိစေသည်။ ဤအချိန်သည် အရေးကြီးသောအချိန် ဖြစ်ကြောင်း သူသိလိုက်ရသောအခါ ညာလက်ကိုထုတ်လိုက်ပြီးနောက် အသွင်အရိပ်နှင့်အတူ ငရဲဆူးချွန်သည် သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာသည်။

လက်ရှိတွင် မန်ဟိုသည် အပြင်းအထန်ဒဏ်ရာရထားခဲ့သော်လည်း သူ၏ ပြန်လည်တိုက်ခိုက်လိုစိတ်သည် လျော့မသွား ခဲ့ပါ။ သူသည် အံကိုကြိတ်ကာ ပျံသန်း လိုက်သည်။ ထို့နောက် မည်သူမျှ မမျှော်လင့်သော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ပျံသန်း သွားသော မန်ဟို ၊ လျှိုတောက်ယွင် နှင့် ချွိရွှယ်ဂိုဏ်း မှလက်ရှိ ရှိနေသော ကျိူး နှင့် ရှု တို့ မဟုတ်ပဲ ရုတ်တရက် ရန်ပွဲသို့ တတိယလူတစ်ဦး ဝင်ရောက်လာသည်။

အဝေးမှ   မြှားတစ်ချောင်းသည် သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ ပျံသန်းလာပြီး မန်ဟို ထံသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။ သူ၏နှလုံးကိုထိုးဖောက်သတ်ရန် ရည်ရွယ်ထား သည်မှာ ရှင်းနေပေသည်။

၎င်းသည် သူ့ထံသို့ မယုံနိုင်လောက်အောင် မြန်ဆန်စွာဖြင့် ရွေ့လျားလာခဲ့ပြီးနောက် သူ၏ ရင်ဘတ်တွင် နာကျင်မှု ဝေဒနာကို ခံစားလိုက်ရသည်။ ပျံဝဲနေသည့် အသွင်အရိပ်နှစ်ခုသည် မြှားကိုတားဆီးရန် လှုပ်ရှား သွားခဲ့ ပြီး ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာသည်။ မြှားသည် ရှေ့သို့ ဆက်လက် ရွေ့လျားလာသောကြောင့် မန်ဟို သည်သူ၏ ညာဘက်လက်ကို ဝေ့ယမ်းလိုက်ပြီး မူလအစက ပြန်လည် တိုက်ခိုက်ရာတွင် အသုံးပြုရန် ရည်ရွယ်ထားသော ငရဲမီးတောက် ကို ပစ်လွှတ် လိုက်သည်။

တိုက်ခိုက်ခြင်းသည် အရှိန်မြင့်လာခဲ့ရာ မန်ဟိုသည်သွေးများကို ထွေးထုတ်ပစ်လိုက်ပြီး အနက်ရောင် ဆူးတောက် ပြိုကွဲသွားသည်ကို စူးစိုက်ကြည့်နေခဲ့သည်။ မြှား၏အရှိန်သည် နှေးကွေးသွားသော်လည်း သူ့ထံသို့ဆက်လက် ပျံသန်းလာခဲ့သည်။

သူသည် မြေပေါ်သို့ ဆင်းလိုက်ပြီး နောက်သို့ဆုတ်ခွာလိုက် သော်လည်း ပုန်းကွယ်ရန် နေရာမရှိပေ။ ကျန်ရှိ နေသေးသော မပျက်စီး သေးသည့် ငှက်မွေးတောင် အနည်းငယ်ကသူ့ကို ကာရံ ခေါ်ဆောင်သွားခဲ့ သော်လည်း ၎င်းတို့သည်ပမာဏ အရမ်း နည်းလွန်းနေသည်။ သူသည် မြှားကိုရှောင်ရှားရန် အချိန်လုံလောက်စွာ မရှိတော့ပေ။

ငရဲ ဆူးတောက် ၏ပေါက်ကွဲမှု အရှိန်အဟုန်ကြောင့် မန်ဟိုသည် အသက်ရှူကျပ်သွားသည်။ သူ့၏ မျက်လုံးများသည် ဒေါသ ကြောင့် ပြင်းထန် လာပြီး သိုလောင်အိတ်ကို နောက်တစ်ခေါက် ထပ်၍ ပုတ်လိုက် သောအခါ သစ်သားဓားတစ်ခု ပေါ်ထွက်လာသည်။ သူက ထိုဓားကို မြှားဆီသို့ ဦးတည်ရန်ပင် အချိန်မရှိခဲ့၊ မြှားသည် အလျင်အမြန်ဝင်လာပြီး လေဓား၏ ဘေးသို့ကျရောက်သွားသည်။

***

All Chapters