← Chapters

မြောက်ပင်လယ်တိုက်ပွဲ

Vol. 5 Ch. 65

မြောက်ပင်လယ်တိုက်ပွဲ

Vol. 5 Ch. 65

သံလှံကား ဇီယွင်ဂိုဏ်း မှ ဂိုဏ်းသားများကို လှည့်စားခဲ့သည်။

ငွေလှံကတော့ စွန်းဟွာနှင့်လျှိုတောက်ယွင်ကို လှည့်စားကာ ဂိုဏ်းနှစ်ခုကြားအဖုအထစ်ဖြစ်စေခဲ့ သည်။

အကယ်၍ ဖက်တီးအဖေသာ ဒီအကြောင်းကို သိပါက သူ့မျက်လုံးများ ပြူးကျယ်နေပေလိမ့်မည်။ ဒီလှံများကို သူ့ လက်မှုပညာရှင်များမှ ပြုလုပ်ပေးခဲ့သည် မဟုတ်ပါလား။

အကယ်၍ ဖက်တီးသာ ဒီအကြောင်းကို ကြားသိရသည်ဆိုပါက သူအူမြူးနေမည်မှာ သေချာလေသည်။

ဒီငွေလှံက မည်မျှအသုံးဝင်သည်ကို မန်ဟို မသိသေးပေ။ ချွိရွှယ်ဂိုဏ်း နှင့် ဖုန်းဟန်ဂိုဏ်း တို့မှ ဂိုဏ်းသားများက မန်ဟိုနောက်လိုက်ခြင်းကို ရပ်လိုက်ကြပြီဖြစ်သည်။ အခု သူတို့ မန်ဟိုနောက်သို့ လိုက်ချင်လျှင်ပင် မန်ဟိုကို ခြေရာခံဖို့ မဖြစ်နိုင်တော့ပေ။

မန်ဟို့မျက်နှာကား ခက်ထန်မြဲခက်ထန်နေသည်။ ရတနာယပ်တောင်ပေါ်တွင်  မိစ္ဆာအမြုတေကို မျိုချနေရသည်။ တင်းရှင့်က အေးစက်စက်မျက်နှာဖြင့် သူ့ဧရာမ သစ်ရွက်ကြီးကို စီးကာ မန်ဟိုနောက်သို့ လိုက်နေဆဲဖြစ်သည်။ မန်ဟိုကို သတ်ဖို့ ကမ္ဘာမြေ အဆုံးထိ သွားရလျှင်တောင် သူ လိုက်နေမည် ဖြစ်သည်။

အကယ်၍ ရိုးရိုးတမ်းတမ်းထွက်ပြေးနေရသည်ဆိုလျှင် မိစ္ဆာအမြုတေ အားကိုးဖြင့် ကွေ့ကွေ့ဝိုက်ဝိုက် လျှောက်သွားကာ ထွက်ပြေးနေလိုက်မည်ဖြစ်သည်။ သို့သော်လည်း အခု သူ ဒဏ်ရာအပြင်းအထန်ရနေသည်ကြောင့် မိစ္ဆာအမြုတေက သူ့အတွက် လောက်ရုံလေးသာ ဖြစ်နေသည်။

သူ တခဏတော့ ဒဏ်ရာကိုတောင့်ခံထားနိုင်သော်လည်း သူတောင့်ခံမထားနိုင်တော့သည့် အခြေအနေရောက်လာ မည်ဖြစ်သည်။ ထိုအခါ ဒဏ်ရာများက ပို၍  ဆိုးလာပေလိမ့်မည်။

ပို၍  စိတ်ရှုပ်ဖွယ်ကောင်းသည်မှာ တစ်ခါတစ်ရံ သူ့နောက်မှ ပစ်လိုက်သော မြားများဖြစ်ပြီး သူ့မှာရှိသော ရတနာများကို သူ့ကိုယ်ကာကွယ်ဖို့ အသုံးပြုရတာပင် ဖြစ်သည်။ အန္တရာယ်အရှိဆုံးအနေအထားမှာသူ မြေပြင်သို့ ဆင်းသက်ကာ ပြေးရသည့် အချိန်တွင်ဖြစ်သည်။ ထိုအခါတွင်တော့ သူ့အမြန်နှုန်း ကျသွားလေသည်။ ပြေးရာလမ်းတစ်လျှောက်တွင် သစ်တောများ ဖုံးလွှမ်းနေသည်ကိုပင် ကျေးဇူးတင်ရပေမည်။ နောက်ထပ် တောင်ထိပ်တစ်ခုသို့ရောက်သည့်အခါ သူ့ ရတနာယပ်တောင်ပေါ် သို့ သူ တစ်ဖြန် ပြန်ခုန်တက်နိုင်လိမ့်မည်။

တင်းရှင့်သည်လည်း တစ်ဆက်တည်း ပျံသန်းနိုင်ခြင်းမရှိပေ။ လျှိုတောက်ယွင်ကဲ့သို့ပင် သူလည်း မြေပေါ်သို့ ခဏခဏဆင်းကာ ထပ်မံပျံနိုင်သည့် သင့်လျော်သော မြေအနေအထားတွေ့ရန် စောင့်ရသည်။

“မင်းမပြေးနိုင်ပါဘူး"ဟု တင်းရှင့်က  ပြုံးရင်းပြောလိုက်သည်။  “ တကယ်လို့ မင်းသာ ပြန်မတိုက်ခိုက်ဘူးဆိုရင် မင်းကို ဂိုဏ်းဆီခေါ်သွားပြီး သူတို့ ကိုပဲဆုံးဖြတ်ခိုင်းလိုက်မယ်”

ဇီယွင်ဂိုဏ်းနဲ့ ငါ့ကြားက ပြဿနာက နည်းနည်းထူးခြားတယ်” မန်ဟိုက အရှေ့မှ ပြေးနေရင်းပြောလိုက်သည်။ “တာအိုရောင်းရင်း တင်း မင်း ငါပြောတာ နားလည်ရဲ့လားတော့ မသိဘူး”

“ ငါနားလည်ဖို့ မလိုအပ်ဘူး” သူက အေးဆေးစွာပဲ ပြန်ပြောလိုက်သည်။ “ငါမင်းကို ဂိုဏ်းကိုခေါ်သွားမယ်ဆိုရင် ဂိုဏ်းက အကြီးအကဲတွေက မင်းကို အပြစ်ပေးမှာ သေချာတယ်။ ဇီယွင်ဂိုဏ်းက တောင်းပိုင်းဒေသရဲ့ ဂိုဏ်းကြီးတွေထဲက တစ်ခုပဲ။ အမှား အမှန်ကို သေချာ စစ်ဆေးပြီး မင်းကို အပြစ်ပေးမှာပါ”

အဲ့ဒီနေ့က ဖြစ်တဲ့ကိစ္စက ငါတမင်လုပ်ခဲ့တာ မဟုတ်ဘူး။ ချင်းရွှယ်ဟန် နဲ့ လွီစုန့်က ငါ့ကို အတင်းရောင်းခိုင်းခဲ့တာ။ ဒါက သာမန် သံလှံလေးပါလို့ ငါ သူတို့ကို ပြေခဲ့ပေမယ့် သူတို့မှ လက်မခံခဲ့တာ။ သူတို့ ငါ့ကိုတောင် ခြိမ်းခြောက်လိုက်သေးတယ်။ မင်း ဒီအတွက် ငါ့ကို အပြစ်တင်လို့မရဘူး။” တောင်ထိပ်ပေါ်ရောက်သည်နှင့် မန်ဟို သူရဲ့ ရတနာယပ်တောင်ကို ထုတ်လိုက်ကာ လေဟုန်စီးလိုက်သည်။

“ ဘာလို့ မင်းအမှား မဟုတ်ရမှာလဲ” သူ၏ ပုံမှန်အေးစက်စက် လေသံနှင့်ပင် တင်းရှင့်က ပြောလိုက်သည်။ သူအမြန်နှုန်း မြင့်လိုက်ကာ အရှေ့ကို ဆက်သွားလိုက်သည်။ “ မင်း အဲ့ဒီလှံကို နေရာမှတင် ချိုးလိုက်ပြီး တကယ့် ရတနာအစစ်ကို ထုတ်လိုက်ရင် ဒီကိစ္စတွေ ဖြစ်လာတော့မှာ မဟုတ်ဘူး။” သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်သည့်အခါ အနက်ရောက် သစ်သားလေးတစ်ခု သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။ သူ မန်ဟိုထံချိန်ရွယ်၍ လေးကြိုးကို ဆွဲကာ မြားကို ပစ်လိုက်လေသည်။

မန်ဟို သူ့ကိုယ်သူ ကာကွယ်ရန် မှော်ပစ္စည်းကို ထုတ်သုံးလိုက်သည်တွင်တော့ ဝုန်းကနဲ မြည်းဟည်းသွားသည်။ သွေးများ အန်လိုက်ရင်း သူ ရယ်လိုက်သည။ သွေးများနှင့် ပေကျံနေသော သူ့သွားများကြောင့် သူ့အပြုံးကို ပို၍ ရက်စက်သည်ဟု ထင်ရစေသည်။

"ဒါက မင်းတို့ပြောတဲ့ ကျိုးကြောင်းဆီလျော်မှုလား" သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေပြီး ဘာမှ ထပ်မပြောတော့ပေ။ မိစ္ဆာသားရိုင်းအမြုတေကို မျိုချလိုက်ရင်း အရှေ့သို့ ပို၍ မြန်မြန်ရောက်ရန် သူ့ရတနာယပ်တောင်ကို တွန်းအားပေးလိုက်သည်။

နာရီပေါင်းများစွာကုန်လွန်ပြီးနောက် မွန်းလွဲပိုင်း၊ ထို့နောက် ညနေပိုင်းသို့ပင်ရောက်လာချေပြီ။ မန်ဟိုကား ပင်ပန်းနေပေပြီ သို့သော်လည်း ဒီလိုက်ဖမ်းခံရခြင်းကား နေ့ရက်များစွာ ကြာနိုင်မှန်း သူသိလေသည်။ သူ့နောက်က လိုက်နေသော သူသည် သူ့ကို အကြင်နာမဲ့စွာ  ကစားနေကြောင်း သူ၏ အေးစက်စက်မျက်လုံးများထဲတွင် မြင်နိုင်လေသည်။

သူ့ကို တစ်ခါတည်း သတ်လိုက်မည့်အစား သားကောင်အဖြစ်သတ်မှတ်ကာ ကစားနေပေသည်။ သူ ကစားလို့ ဝသွားသည်တွင် တစ်ကွက်တည်းနှင့်ပင် သူခံလိုက်ရတော့မည် ဖြစ်သည်။

ကျိုးပြည်ကား မန်ဟိုနှင့် တင်းရှင့်တို့အောက်တွင် တရိပ်ရိပ်ဖြစ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ မန်ဟို့ စဦးချီ ဖွဲ့စည်းခြင်း အဆင့်(၈) ကား အားနည်းလာလေသည်။ သူ မိစ္ဆာသားရိုင်းအမြုတေများကို အဆက်မပြတ်စားနေသော်လည်း ထိုသို့စားခြင်းက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေသည်။ သူ့သွေးသည်ပင် မိစ္ဆာနံ့ရနေသည်ဟု ခံစားနေရသည်။

ကျင့်ကြံသူ တစ်ဦးအနေနှင့် ဒီအရာက ကိုယ့်ကျင့်ကြံခြင်းကို ကိုယ်တိုင် ဖျက်စီးခြင်းနှင့် တူပေသည်။ မန်ဟိုကား ထိုအကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးသော်လည်း သူဖြစ်ပျက်နေသည်ကို ကြည့်ရင်း ရိပ်မိလာလေသည်။ သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။

ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သတိထားမိသွားတဲ့ တင်းရှင့်က ရည်ရွယ်ချက်ရှိရှိဖြင့်ပင် နှေးနှေးလေးသာ လိုက်နေလိုက်သည်။ စိတ်ဝင်စားဖွယ်ကောင်းသော ကစားစရာတစ်ခုကို တွေ့လိုက်ရသလဲ့သို့ စူးစမ်းလိုစိတ်က သူ့မျက်လုံးတွင် အထင်းသားပေါ်လွင်နေလေသည်။

“ မိစ္ဆာသားရိုင်းအမြုတေ အများကြီးစားပြီးတဲ့နောက်မှာ ဘာဖြစ်လာမလဲဆိုတာ ငါတကယ်သိချင်တယ်။ မင်းရဲ့အရှိန်အဝါက မိစ္ဆာသားရဲလို ဖြစ်သွားမှာလား။“ ငါမင်းကို သတ်လိုက်ရင် အဆင့်(၈) မိစ္ဆာသားရိုင်းအမြုတေကို ငါရမှာလား” ဟု ပြောရင်း တင်းရှင့် ရယ်လိုက်သည်။

သူ့စကားကို ကြားပြီး မန်ဟို့မျက်လုံးများတွင် သွေးနီရောင် သွေးကြောများ ပို၍ပင် များလာလေသည်။ သူ့မျက်နှာမှာလည်း ပို၍ သုန်မှုန်လာသည်။

သူက တိုက်ခိုက်နေစဉ် စကားများများ ပြောတတ်တဲ့သူ မဟုတ်ပေ။ အခု သူက ရှင်းပြဖို့ ကြိုးစားခဲ့ပြီး သူ့ပြိုင်ဖက်က ဂရုမစိုက်သည်ကို တွေ့လိုက်ရသည့်အခါ သူတစ်ခွန်းမှ မပြောတော့ပေ။ ထိုသည်က သူဝမ်တန်ဖေးနှင့် ရင်ဆိုင်ခဲ့ရသည်က နှင့် ဆင်တူလေသည်။ သူ အော်ဟစ်ခြင်း မပြုဘဲ  တိတ်ဆိတ်စွာ ရင်ဆိုင်ခဲ့သည်။

သူ အချိန်အတန်ကြာထွက်ပြေးတိမ်းရှောင်ခဲ့ပြီး သူ မြန်နှုန်းကို အဆုံးစွန်အထိရောက်အောင် ကြိုးစားလိုက်သည်။ နောက်ဆုံး တွင်တော့ သူ တာ့ချင်းတောင်ကို လှမ်းမြင်နေရသည်။ သူ နှစ်ဝက်လောက် အဝေးမှာ ပုန်းအောင်းနေခဲ့ပြီး အခုတော့ တာ့ချင်း တောင်ကို ရောက်လာခဲ့ပြန်ပြီ။

သူဆက်သွားသည့်အခါ မှန်နှင့်တူသော ကန်ရေပြင်ကြီးကို ခပ်လှမ်းလှမ်းမှ မြင်နေရသည်။ ထိုအရာ မြောက်ပင်လယ်ပင် ဖြစ်သည်။

ထိုအရာကို မြင်သည့်အခါ သူ့မျက်လုံးများ တောက်ပသွားသည်။

"မြောက်ပင်လယ် ... "

လှေငယ်လေး၊ လူအိုကြီးနှင့် မိန်းမငယ် တို့အကြောင်းကို တွေးမိလိုက်ရင်း မြောက်ပင်လယ်က တာအိုတရားကို ဘယ်လိုဖော်ကျုးခဲ့သည်ကို ပြန်တွေးမိသွားသည်။

သူ့အကြည့်ကား ခိုင်မာပြတ်သားလာပြီး သူ့လမ်းကြောင်းကို မြောက်ပင်လယ်သို့ ဦးတည်လိုက်တော့သည်။

ရတနာယပ်တောင်ကို အရှိန်မြှင့်လိုက်သည်။ သူ့အနောက်မှာတော့ တင်းရှင့်က သရော်ပြုံးပြုံးနေသည်။ သူ့ သားကောင်ကို မိစ္ဆာသားရဲ အမြုတေ ဆက်တိုက် စားနေရအောင် ဖိအားပေးရခြင်းကို နှစ်သက်သဘောကျနေသည်။

“ သူ့မှာ ဘာလို့ မိစ္ဆာသားရိုင်းအမြုတေတွေ အများကြီးရှိနေတာလဲ မသိဘူး” ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူမသေခင် ငါစစ်မေးလို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် သူအခု မိစ္ဆာသားရိုင်းအမြုတေတွေ အများကြီးစားပြီးနောက်မှာ ဘယ်လို ဖြစ်လာမလဲဆိုတာ ငါအရမ်းသိချင်နေပြီ။” သူက ပြုံးလိုက်ရင်း ဧရာမသစ်ရွက်ကြီးကို ခြေတစ်ချက်ဆောင့်လိုက်ကာ မန်ဟိုနောက်သို့ ဆက်လိုက်သွားသည်။

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးမကြားရခင်အထိ ပြေးတဲ့သူက ပြေးနေသလို လိုက်တဲ့သူလည်း လိုက်နေသည်။ မြောက်ပင်လယ်အပေါ်ကို ဖြတ်ပျံလိုက်သည်နှင့် မန်ဟိုက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည့်အခါ အနက်ရောင် ပိုက်ကွန်တစ်ခုပေါ်လာခဲ့သည်။

“အသုံးမဝင်တဲ့ ရတနာကို ထုတ်ပြပြီး မင်းဘယ်လောက်အရည်အချင်းမရှိကြောင်း ပြလိုက်တာလား” တင်းရှင့်က အေးစက်စက် ပြောလိုက်သည်။ ပိုက်ကွန်ကို ကြည့်ရသည်မှာ သာမန်ဟုတ်ပုံမရသည့်အတွက် သူကျောက်စိမ်းပြားကို ထုတ်သုံးလိုက်မိသည်။ တစ်ချက်တည်းနှင့် ထိုပိုက်ကွန်က လွင့်သွားလိမ့်မည်ဟု သူမထင်ခဲ့မိပေ။

မန်ဟို့မျက်လုံးများက ဝင်းလက်နေသည်။ သူလျှာကို ကိုက်လိုက်ပြီး သွေးအနည်းငယ် အန်လိုက်သည်။ သူ့မျက်နှာက ယခင်ကထက် ပို၍ ဖြူဖျော့လာသည်။ သူ မြောက်ပင်လယ်ကို ဖြတ်လိုက်သည့်အခါ လေမုန်တိုင်းထန်သွားသကဲ့သို့ လှိုင်းဂ ယက် ထသွားသည်။ ကန်ရေပြင်၏ တည်ငြိမ်မှုကား ပျက်ပြားသွားလေသည်။

ရေကန်အလယ်သို့ရောက်သည့်အခါ ရတနာ ယပ်တောင်က ရပ်တန့်သွားသည်။ တင်းရှင့် သူ့အနောက်က လိုက်လာကတည်းက အခုအကြိမ်သည် မန်ဟို ပထမဆုံး ရပ်တန့်လိုက်ခြင်းဖြစ်သည်။ သူ လှည့်လိုက်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်တွင် ပန်းချီစာလိပ်တစ်ခု သူ့လက်ထဲ၌ ပေါ်လာလေသည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုခြင်းများနှင့် တောက်ပနေသည်။

သူ နောက်ထပ်ထွက်ပြေးတော့မည် မဟုတ်ဘဲ စဦးချီဖွဲ့စည်းခြင်း အဆင့် (၉) ရှိသူ တင်းရှင့်နှင့် တိုက်ခိုက်တော့မည် ဖြစ်သည်။

မန်ဟိုက အဆင့်အားဖြင့် သာမနေသော်လည်း သူတိုက်ခိုက်ရမည် ဖြစ်သည်။ သူမတိုက်ခိုက်ခဲ့လျှင် သူ သေရမည်မှာ သေချာသည်။ သူ့အတွက် ရွေးချယ်စရာက တိုက်ခိုက်ဖို့ တစ်နည်းသာ ရှိလေသည်။

“ဒါဆို မင်းက မပြေးတော့ဘူးပေါ့” တင်းရှင့်က ပြေားရင်း မန်ဟိုနား တဖြည်းဖြည်းချဉ်းကပ်လာသည်။ လှောင်ပြုံးက သူ့မျက်နှာတါင် ပေါ်နေပြီး မန်ဟိုကို သတ်ဖြတ်လိုစိတ်ရှိသော မျက်လုံးများဖြင့် ကြည့်နသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ခရမ်းရောင် အလင်းတန်းက သူ့ရှေ့တွင်ပေါ်လာကာ ငှက်တစ်ကောင် အဖြစ်ပြောင်းလဲသွားသည်။ ထိုငှက်က  တောင်ပံခတ်လိုက်ပြီး မန်ဟိုထံသို့ ပြေးဝင်သွားသည်။

မန်ဟို၏ မျက်လုံးများက တလက်လက်တောက်ပနေသည်။ ခရမ်းရောင်ငှက် ပေါ်လာသည်နှင့် ပန်းချီစာလိပ်က တုန်ခါသွားပြီး သားရိုင်းများ၏ အော်သံကို ကြားနိုင်လေသည်။ မန်ဟို သူ့တွင် ရှိသမျှ ကျင့်ကြံခြင်းစွမ်းအားကို သုံးလိုက်သည်။ မိစ္ဆာစွမ်းအားများ သူ့သဘာဝစွမ်းအင်ထဲတွင် အများကြီးရှိနေသဖြင့် သားရိုင်းများ၏ အော်သံက ပို၍ ကြောက်မက်ဖွယ်ကောင်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မြူခိုးလေးခုပေါ်လာကာ မိစ္ဆာသားရိုင်းလေးကောင်း အဖြစ်ပြောင်းလဲသွားလျက် ခရမ်းရောင်ငှက်ထံ ပြေးဝင်သွားကြသည်။

တစ်ချိန်တည်းမှာပဲ မန်ဟိုရှေ့ထွက်လိုက်သည်။ သူ့ခြေထောက်အောက်ရှိ ရတနာယပ်တောင်က သူ့ တစ်ခုစီဖြစ်သွားကာ ငှက်မွေးများက သူ့ကို စက်ဝိုင်းသဖွယ်လှည့်ပတ်ပြီးနောက်တွင်တော့ ဓါးပျံတစ်လက်ကဲ့သို့ပင် တင်းရှင့်ထံ ပြေးဝင်သွား သည်။

မန်ဟိုကလည်း ဆုတ်ခွာမသွားခဲ့ပေ။ ဓါးပျံကို စီးနင်းကာ သူကိုယ်တိုင်လည်း တင်းရှင့်ထံ ပြေးဝင်သွားလိုက်သည်။

“ မင်းကိုယ့်ကိုယ် အထင်ကြီးလွန်းနေတာပဲ” တင်းရှင့်က အေးစက်စက် ရယ်မောလိုက်ပြီး သူ့မျက်လုံးများတွင်တော့ လှောင်ပြောင်ခြင်းများ ပြည့်နှက်နေသည်။ သူ့ညာလက်ကို ဂါထာမန္တယားဆိုင်ရာ မုဒြာပုံ လုပ်လိုက်ပြီး သူ့နဖူးကို ဖိလိုက်သည်။ အော်သံကြီးနှင့်အတူ ရေဝဲတစ်ခုထွက်ပေါ်လာခဲ့လေသည်။

“ ခရမ်းရောင်ကြမ္မာ အရှိန်အဝါ”

သိပ်သည်းသော ခရမ်းရောင်ချီများ ရေဝဲအတွင်းမှ ထွက်လာပြီး ခရမ်းရောင် စက်ဝန်းအဖြစ်ပြောင်းသွားကာ မန်ဟိုထံသို့ ပျံသန်းသွားသည်။

မိုးကြိုးသံများ အဆက်မပြတ်ထွက်ပေါ်နေပြီး မန်ဟို ပတ်ဝန်းကျင်ရှိ အမွေးအတောင်များ ကား ကြေမွကာ ပြတ်ကျသွားသည်။ ကျယ်လောင်သော အသံကြီးထွက်ပေါ်လာပြီး ထိုသံကြောင့်ပင် မန်ဟို သွေးများ အန်လိုက်ရသည်။ သို့သော်လည်း အခုချိန်ထိ မန်ဟို့မျက်လုံးများတွင်‌ ခေါင်းမာမှုကို တွေ့နိုင်လေသည်။ သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်သည့်အခါ ဓါးပျံ တစ်ရာလောက် ထွက်လာပြီး တင်းရှင့်ထံ ပြေးဝင်သွားကြလေသည်။

ဓါးမိုးရွာသကဲ့သို့ ကောင်းကင်တွင် ဓါးအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။ ဓါးများက တင်းရှင့်ထံရောက်လာသည့်အခါ သူ့ လှောင်ရယ်သံက ပို၍ပင် ကျယ်လာသည်။

“တော်တော် မဆင်မခြင် လုပ်တာပဲ” သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်ရင်းပြောလိုက်သည်။ အနီရောင် အလင်းတန်းတစ်ခု ထွက်လာကာ သားမြီးယပ် အဖြစ်ပြောင်းလဲသွားသည်။ သူ သားမြီးယပ်ကို လှည့်လိုက်သည့်အခါ အနီရောင် လေပြင်းများပေါ်လာကာ တစ်ရာနီးပါးရှိတဲ့ ဓါးများကို ပျက်စီးသွားစေပြီး အတော်များများမှာ အစိပ်စိပ်အမြွာမြွာ ကွဲကုန်ကြသည်။

လေပြင်းများက မန်ဟိုကိုပင် ရိုတ်ခတ်မိသွားသဖြင့် မန်ဟိုတစ်ယောက် သွေးများ ထပ်အန်လိုက်ရပြန်သည်။ သို့သော်လည်း ဓါးအကျိုးအပဲ့များကြားတွင် သစ်သားဓါးနှစ်လက်ပေါ်လာလေသည်။ ထိုဓါးနှစ်လက်က အနီရောင်လေပြင်းကို ဖြတ်ကာ တင်းရှင့်ထံ တည့်တည့်မတ်မတ် ရောက်ရှိလာသည်။

တင်းရှင့်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြကာ သူ့လက်ကို ဂါထာမန္တယားဆိုင်ရာ မုဒြာပုံ ပြုလိုက်ကာ တန်ပြန် တိုက်စစ်ဆင်လိုက်သည်။

သူ့မျက်လုံးများထဲတွင် သတ်ဖြတ်ခြင်းများ ပြည့်နေလျက် မန်ဟို က ညာလက်ကို မြှောက်လိုက်သည်။

သူလက်မြှောက်လိုက်သည်နှင့် စောစောက ဝေးသို့ လွင့်သွားသော အနက်ရောင်ပိုက်ကွန်ကား ၃၀ မီတာလောက်ထိ ကျယ်ပြန့်လာပြီး မယုံနိုင်လောက်အောင် လျင်မြန်သော အဟုန်ဖြင့် ကျလာခဲ့သည်။

ဖြစ်ပျက်နေသည်များကို ဖော်ပြနေရသည်မှာ ကြာသော်လည်း ထိုအရာအားလုံးက လျက်တစ်ပြက်အတွင်း ဖြစ်သွားခြင်းဖြစ်သည်။ တင်းရှင့်၏ အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ သူ ဘာမှ မလုပ်လိုက်ခင်မှာပဲ ပိုက်ကွန်ကြီးက သူ့ကို အုပ်မိသွားတော့သည်။ သစ်သားဓါးနှစ်လက်က သူ့ရင်ဘတ်ကို ဖောက်ထွက်တော့မည့် ဟန်ဖြင့် သူ့ထံသို့ ဦးတည်လာနေသည်။

ဤအရာကား မန်ဟိုခင်းလိုက်သော ရိုးရှင်းသည့် နည်းဗျူဟာပင် ဖြစ်သည်။ ထိုဗျူဟာက ပြည့်စုံလှသည် မဟုတ်သော်လည်း အခုအချိန်တွင် မန်ဟို အကောင်းဆုံး စဉ်းစားနိုင်သည့် နည်းဖြစ်သည်။ သူ့  ရန်သူ သတိမထားမိစေရန် ရတနာယပ်တောင်နှင့် ဓါးပေါင်းများစွာကို စတေးခဲ့ရသည်။ သူ ဒီအရာအားလုံးကို သူ့ပြိုင်ဘက် အာရုံလွင့်သွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာြဖစ်ပြီး ထိုအရာက အလုပ်ဖြစ်ခဲ့လေသည်။

***

All Chapters