အပိုင်း (၁၉၁)
Vol. 13 Ch. 191
ဧရာ မနတ်ဆိုးချီလက်သီးကြီးက ပျံသန်းနိုင်သောသားရဲစီးနင်းသည့်စစ်သည်
တော်များအား အနက်ရောက်ပုရွတ်ဆိတ်အုပ်အား ခြေမွပစ်မည့်လက်သီးကဲ့သို့ ထိုးနှက်လိုက်သည်။
“ဘန်း”
“အား”
ရုတ်တရက် နေရာအနှံတွင် အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်။
ဧရာမလက်သီးကြီးက ပြန်လည်၍ မတင်လိုက်သောအခါတွင် လတ်ဆတ်သော သွေးများက စွန်းထင်းနေသည်။ အနက်ရောင်ချပ်ဝတ်ပျံသန်းရေးစစ်တပ်၏ အလယ်ဗဟိုတွင် ဆိုးရွာစွာပုံပျက်ပန်းပျက်ဖြစ်နေသောကြီးမား
သည့် အလောင်းပုံကြီးအား တွေ့လိုက်ရသည်။၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဆိုးရွားလှသည့်မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
ထို့နောက်တွင် ဧရာမအနက်ရောင်လက်သီးကြီးက ထပ်ကာထပ်ကာ ထုနှက်ထိုးနှက်နေသည်။
“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း..”
“အား”
အသက်များက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။အနက်ရောင်ချပ်ဝတ်ပျံသန်းရေး စစ်တပ်မှာ သန်မာသည့် ခေါင်းဆောင်မရှိတော့သည့်နောက်တွင် လုံအောင် ၏ ဧရာမ အနက်ရောင်လက်သီးချက်အောက်၌ အမြစ်ပြက်သုတ်သင်ခံလိုက်ရသည်။ အသားအပိုင်းအစများ ကိုယ်လက်အင်္ဂါအပိုင်းအစများက ကောင်းကင်အနှံ့ပျံ့ကျဲနေသည်။ လုံအောင်၏ ညာလက်ဖဝါးကစုပ်ယူလိုက်ပြီး များပြားလှသည့်လက်ဆတ်သောသွေးများက ဒီရေကဲ့သို့ လုံအောင်ထံ တလိပ်လိပ်ဦးတည်လာသည်။
“မဟုတ်ဖူး”
ချန်ကန်းက ဝမ်းနည်းပူဆွေးသောကရောက်စွာဖြင့် နှလုံးကြေကွဲဖွယ်အော်ဟစ်လိုက်သည်။ သူ၏ ဒုတိယညီဖြစ်သူ ဘိုးဘေးနယ်ပယ်ချန်ရန်မှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူ၏ လက်အောက်ရှိ အစွမ်းအထက်ဆုံး အနက်ရောင်ချပ်ဝတ်စစ်သည်တို့မှာလည်း လုံအောင်၏ ရုတ်ချည်းသုတ်သင်မှုကိုခံလိုက်ရသည်။ ပရမ်းပတာ ဖရိုဖရဲ အခြေအနေများကို အခွင့်ကောင်းယူက ကမ္ဘာကြီးအားကြီးစိုးရန်အတွက် တိုက်ခိုက်မှုပြုလုပ်ရန်သူပြင်ဆင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် အရာအားလုံးမှာ ပြီးဆုံးသွားခဲ့သည်ဖြစ်သည်။
ချန်ကန်းအနေဖြင့် တောင်ပံနှစ်ခု အနက်ရောင်မီးတောက်ကျွဲ ပေါ်၌ ဤကြီးမားသောရိုက်ချက်နှင့်ကံတရားအား တောင့်ခံနိုင်ခြင်းမရှိပေ။
ဘိုးဘေးနယ်ပယ်ဖြစ်သူ ချန်ရန်မှာ လုံအောင်၏ တစ်ချက်တည်းဖြင့် သတ်ဖြတ်မှုကိုခံခဲ့ရသည်။ အနက်ရောင်ချပ်ဝတ်ပျံသန်းရေးစစ်သည်နှစ်
ထောင်မှာလည်း လုံအောင်၏ အလွယ်တကူ ချေမှုန်းမှုကိုခံလိုက်ရသည်၊ ထို့နောက်မှသာနယ်စားမြို့စားများ အနေဖြင့်လုံအောင်က မည်မျှကြောက်ဖို့ကောင်းကြောင်းကိုသဘော
ပေါက်ခဲ့သည်။ ဘယ်သူကများသူ၏ ပြိုင်ဘက်ဖြစ်နိုင်ပါမည်နည်း။
“ခင်ဗျားတို့တွေ.. ဘယ်သူတွေများဖုံးကွယ်ထားတဲ့ကျွမ်းကျင်သူတွေရှိနေသေးလဲ….အခုက ဖုံးကွယ်နေရမဲ့ အချိန်မဟုတ်တော့ဘူး.. သူတို့ကိုလုံအောင်ကိုတိုက်ဖို့ခေါ်လိုက်ကြ… မဟုတ်ရင် ကျုပ်တို့တွေသူသတ်တာကိုခံရလိမ့်မယ်”
မြို့စားတစ်ယောက်က ဘေးပတ်ဝန်းကျင်သို့ကြည့်၍ အော်ပြောလိုက်သည်။
“ဟုတ်တယ် မှူးမတ် ဝူကျန့်ပြောတာမှန်တယ်…အားလုံးပဲ ခင်ဗျားတို့ရဲ့ ကျွမ်းကျင်သူတွေကိုထပ်ပြီး မဖုံးကွယ်ထားကြပါနဲ့တော့ အခုက အာဏာရှင်ကိုသတ်ဖို့ကို လုပ်ရမဲ့အချိန်ပဲ”
တစ်စုံတစ်ယောက်က နောက်ကလိုက်ပါ၍ အော်ပြောလိုက်သည်။
ဤအချိန်တွင်လူတိုင်းက ချန်ကန်းကဲ့သို့ စိတ်ဓာတ်ခွန်အားတက်ကြွစွာဖြင့် မည်သူများ ရပ်တည်ထွက်ပေါ်လာမလဲဟူ၍ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြသည်။ သို့သော် သူတို့အားလုံးမှာ စိတ်ဓာတ်ကျသောအမူအယာများဖြစ်ပေါ်နေကြသည်ကိုတွေ့လိုက်ရသည်။ ဘိုးဘေးနယ်ပယ်များမှာ လမ်းပေါ်မှပေါချင်းသောချင်းကောက်ယူ၍ ရနိုင်သော ဂေါ်ဖီထုတ်များမဟုတ်ကြပေ။ ယွင်လိုင်အင်ပါယာ၌ တစ်ချို့တစ်လေရှိနေခြင်းကပင် တော်တော်လေးကို ထူးခြားနေခဲ့ပြီဖြစ်သည်။ ဘယ်လိုဖြစ်ပြီး ထပ်ပြီးတော့ရှိနိုင်ပါတော့မည်နည်း။
ရုတ်တရက်သူတို့အားလုံးလူတစ်ယောက်အား တစ်ပြိုင်တည်းတွင်တွေးမိလိုက်ကြသည်။ သူတို့အားလုံး၏အကြည့်များအား အကွာအဝေးတစ်ခုဆီသို့ရွှေ့လိုက်ကြသည်။ ထိုမွန်းစတားမှာ ယွင်လိုင်အင်ပါယာ၏ ကျော်လွှား၍ မရနိုင်သော ဒဏ္ဍာရီလိုလူစားဖြစ်သည်။ သူသည် ယွင်လိုင်အင်ပါယာ၏ နံပါတ်တစ်မွန်းစတားတစ်ကောင်ပင်ဖြစ်သည်။ သူပွဲထွက်လာသည့်အချိန်တိုင်းတွင် မမျှော်လင့်ပဲကြုံကြိုက်ကြသော အစွမ်းထက်ရန်သူများက သူ့အား အကောင်းမြင်ဝါဒီမရှိကြချေ။ ၎င်းတို့အားလုံးသူ့အား သေချာပေါက်သေပြီဖြစ်သည်ဟု တွေးကြသော်လည်း အကြိမ်တိုင်းအကြိမ်တိုင်းတွင် သူတို့မျှော်မှန်းထားသည်များထက်ကိုကျော်လွန်ပြီး ကမ္ဘာတုန်လောက်သည့် ကိစ္စများအား ပြုလုပ်ခဲ့ကာ သူ၏ မွန်းစတားဆန်သည့် အောင်မြင်မှုဂုဏ်သတင်းများအား ရယူခဲ့သည်ဖြစ်သည်။
နံပါတစ်ဂိုဏ်းဖြစ်သော ကောင်းကင်ဘုံလေဂိုဏ်းမှာ သူ၏ သုတ်သင်မှုကိုခံလိုက်ရသည်။ ကောလဟာလများအရ ဂိုဏ်းခေါင်းဆောင်ဖြစ် ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ် ဖုန်ချမ့်ယွီပင် သူ၏ သတ်ဖြတ်မှုအားခံခဲ့ရသည်ဟုဆို၏။
ရှစ်ဖုန့်နှင့်ရှစ်ရွယ်တို့ကြားရှိတိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ သို့သော် တိုက်ပွဲကြာလာသည်နှင့်အမျှ ရှစ်ရွှယ်မှဦပို၍ပို၍ ခြေကုန်လက်ပန်းကျလာသည်ကို ကြည့်နေကြသောသူများမှာ သတိထားမိကြသည်။ ဤသည်မှာ သူရှုံးနိမ့်တော့မည့် လက္ခဏာပင်ဖြစ်သည်။ အခြားတစ်ဖက်တွင် ရှစ်ဖုန့်မှာ တိုက်ပွဲကြာလာသည်နှင့်အမျှ ပို၍ လှုပ်ရှားတက်ကြွလာသည်ကို တွေ့ရသည်။ ထို့နောက်တွင် ရှစ်ဖုန့်၏ ကိုယ်မှ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသော
ကြောင့် အားလုံးမှာအံ့အားသင့်သွားကြရသည်။ သူအဆင့်တက်ခဲ့ခြင်းပင်ဖြစ်သည်။
“သူ..သူတကယ်ကြီး တိုက်ပွွဲအလယ်မှာ အဆင့်တက်သွားခဲ့တယ်.”
တစ်စုံတစ်ယောက်မှာ မထိန်းနိုင်ပဲ အံ့အား သင့်စွာဖြင့် အလန့်တကြားအော်ပြောလိုက်သည်။
“ဒီမွန်းစတား ..သူကတကယ့်ကိုပြိုင်ဘက်ကင်းမွန်းစတားပဲ.. အာဏာရှင်ကို ရင်ဆိုင်နိုင်မဲ့သူက သူတစ်ယောက်ပဲဖြစ်နိုင်လောက်တယ်”
“ရှစ်ဖုန့်နဲ့ ရှစ်ရွှယ်ရဲ့တိုက်ပွဲမှာ ရှစ်ရွှယ်က အဆက်မပြတ်တိုက်ခိုက်နေပေမဲ့..ရှစ်ဖုန့်က တော့ ရှစ်ကျင်းထျန်းပေါ်မှာပဲ ဖိနင်းထားတာကို မင်းတို့တွေသတိထားမိကြလား…သူလုံးဝကို မရွေ့လျားခဲ့ဖူး”
“ဒါက…အဲ့လိုဖြစ်တဲ့ပုံပဲ…အဲ့နောက် သူတိုက်ပွဲအလယ်မှာ အဆင့်တက်ခဲ့သေးတယ်”
အစောပိုင်းက လုံအောင်ကြောင့် မြောက်ပိုင်းဘုရင်လုံဝေ့၏ စစ်သည်နှစ်သောင်း သတ်ဖြတ်ခံလိုက်ရသည့်အချိန်တွင်
သေခြင်းစွမ်းအင်နှင့်ဝိညာဉ်တို့အားရှစ်ဖုန့်ကစုပ်ယူဝါးမျိုခဲ့သည်။ထို့နောက်တွင်မြောက်ပိုင်းဘု
ရင် ၏ သေခြင်းစွမ်းအင်နှင့်ဝိညာဉ်တို့အပြင် ချန်ရန်၏ သေခြင်းစွမ်းအင်နှင့်ဝိညာဉ် အနက်ရောင်ချပ်ဝတ်ပျံသန်းရေးစစ်သည်နှစ်
ထောင်၏ သေခြင်းစွမ်းအင်နှင့်ဝိညာဉ်တို့ကိုလည်း ဝါးမျိုစုပ်ယူခဲ့သည်။ နောက်ဆုံးတွင် ရှစ်ဖုန့်၏ ကျင့်ကြံမှုအဆင့်မှာ ကြယ်တစ်ပွင့်တိုးမြင့်လာခဲ့ပြီး ကြယ်နှစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်
ဖြစ်လာခဲ့သည်။
များပြားလှသောစွမ်းအင်များအားသူစုပ်ယူထားခဲ့ခြင်းကြောင့် ရှစ်ရွှယ်နှင့်တိုက်ခိုက်ရာတွင် သူကပို၍ပို၍ လှုပ်ရှားတက်ကြွနေခြင်းဖြစ်သည်။ တစ်ဖက်တွင်ရှစ်ရွှယ်မှာ ရှစ်ဖုန့်၏ တိုက်ခိုက်မှုအောက်၌ ပို၍ပို၍ ရှုံးနိမ့်လာသည်။ သူအနေဖြင့်စွမ်းအင်များကုန်ခမ်းတော့မည့်အသွင်ရှိ၏။
ရှစ်ဖုန့်၏ ခြေထောက်အောက်ရှိသွေးနီရောင် မီးတောက်လူသားအဖြစ်သို့ပြောင်းလဲသွားသော ရှစ်ကျင်းထျန်းမှာ ငယ်သံပါအောင်အော်ဟစ်နေခြင်းမှရပ်သွားခဲ့
ပြီဖြစ်သည်။ သူအနေဖြင့်သေဆုံးသွားခြင်းလား သို့မဟုတ် ညှင်းပင်းနှိပ်စက်များကြောင့် အော်ပင်မအော်နိုင်တော့ခြင်းလားကို မည်သူမျှမသိကြချေ။
ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ ညာခြေထောက်အား ရှစ်ကျင်းထျန်း၏ ကျောပေါ်မှ မလိုက်ပြီး ရှစ်ကျင်းထျန်း၏ ခေါင်းအား ဆောင့်နင်းချလိုက်သည်။
“မလုပ်နဲ့”
ရှစ်ဖုန့်၏ အပြုအမူအား မြင်တွေ့လိုက်ရသောအခါတွင် ရှစ်ရွှယ် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်သည်။ သူ၏ လှံက လေထဲတွင်ကခုန်နေပြီး ရုတ်တရက်ရှစ်ဖုန့်အပေါ်သူ၏ တိုက်ခိုက်မှုအား တိုးမြှင့်လိုက်သည်။လှံရိပ်ပေါင်းများစွာက ထပ်မံ၍ ပေါ်လာပြီး ရှစ်ဖုန့်ထံသို့ပြင်းထန်သောမုန်တိုင်းတစ်ခုကဲ့သို့သိမ်းကျုံးဦးတည်လာသည်။ အစောပိုင်းက ဖြစ်ပေါ်နေသော ခြေကုန်လက်ပန်းကျမှုများက ရုတ်ချည်းပြန်လည်၍ ကောင်းမွန်သွားသည့်ပုံပေါ်သည်။
“ဟမ့်…ဒီသခင်လေးက ဒီသူတောင်းစားရဲ့အသက်သေဖို့ဆောင့်နင်းချချင်တာ..မင်းကဒီသခင်လေးကိုတားနိုင်မယ်လို့ထင်နေတာလား”
ရှစ်ဖုန့်က အထင်သေးစွာဖြင့်ပြောလိုက်သည်။သူကစကားပြောရင်း သူ့ဓားအား ရှေ့သို့ ထိုးသွင်းလိုက်သည်။ အဖြူရောင်ဓားရိပ်များက ရှစ်ရွှယ်၏ တိုက်ခိုက်မှုအား တားဆီးလိုက်သည်။ သူ၏ ခြေထောက်ကိုလည်း ရပ်တန့်ခြင်းမရှိပဲ ရှစ်ကျင်းထျန်း၏ ခေါင်းပေါ်သို့ဆောင့်နင်ချလိုက်သည်။
“ဘန်း”
သွေးနီရောင်မီးတောက်ခေါင်းမှာ ရှစ်ဖုန့်၏ ခြေထောက်အောက်တွင်ဘာမျှမကျန်တော့
သည်အထိနင်းခြေခံလိုက်ရသည်။ သွေးနီရောင်မီးတောက်ခန္ဓာကိုယ်တွင် ခေါင်းပျောက်ဆုံးသွားပြီး မီးတောက်နေသော ခေါင်းမဲ့ကိုယ်သာကျန်ရစ်နေခဲ့သည်။
“အား…မဟုတ်ဖူး.အဖေ….အဖေ…အား…”
ရှစ်ရွှယ်ကရူးသွပ်စွာအော်ဟစ်လိုက်သည်။ သူအသက်လေးနှစ်အရွယ်တွင်မိသားစုအားထားရစ်ခဲ့ကာ သိုင်းပညာသင်ရန်တောင်ပေါ်သို့သွားခဲ့ပြီး ရှစ်နှစ်ကြာမြင့်ခဲ့ရသည်။ သူ့အနေဖြင့်ရှစ်နှစ်တိတိ သူ့မိဘများအား မတွေ့ခဲ့ရပေ။ ရှစ်နှစ်ကြာပြီးနောက်သူပြန်ရောက်လာချိန်တွင် သူ့မိဘများအား တွေ့ခဲ့ရပြီး မိသားစုပြန်လည်းပေါင်းစည်းနိုင်မှုအတွက်ပျော်ရွှင်ခဲ့ရသည်။ သူမိဘများနှင့်ကုန်ဆုံးခဲ့ရသောအချိန်များက အပျော်ရွှင်ဆုံးဖြစ်ပြီး သူ့ဘဝတွင် အပျော်ရွှင်ရဆုံးသောအချိန်လည်းဖြစ်သည်ဟုသူခံစားရသည်။
သို့သော သူ့အားအလွန်ချစ်ခင်သောသူဖြစ်သည့်သူ၏ သွေးသားရင်းချာဖခင်ဖြစ်သူ၏ ခေါင်းမှာ သူ့ရှေ့တွင်ရှိနေသောလူယုတ်မာ၏ နင်းခြေမွမှုကို ခံလိုက်ရသည်။ရှစ်ရွှယ်မှာသူ၏နှလုံးသားအား
ဓားဖြင့်အပိုင်းပိုင်းလှီးဖြတ်မွှန်းနေသကဲ့သို့ခံ
စားရသည်။ မိုးကောင်ကင်တစ်ခုလုံးမှာပြိုကျလာသကဲ့သို့ခ
စားရသည်။ သူ၏ ဆံပင်ရှည်တို့က ဖရိုဖရဲဖြစ်နေပြီး သူ့အနေဖြင့်ရူးသွပ်သောအခြေအနေသို့ဆိုက်
ရောက်သွားပုံရသည်။လူရူးတစ်ယောက်ကဲ့သို့ သူ၏ ငွေရောင်လှံအားလက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ သူ၏ ခွန်အားအကုန်အသုံးပြု၍ ရှစ်ဖုန့်ထံသို့ငွေရောင်လှံဖြင့်ရိုက်နှက်ချလိုက
်သည်။ လှံ၏ ကိုယ်ထည်တွင် ငွေရောင်နဂါးရိပ်တစ်ခုပေါ်လာပြီး ၎င်း၏ ကြမ်းကြုတ်စွာဟိန်းဟောက်သောအသံက ကမ္ဘာတစ်ခုလုံးကိုပင်တုန်ခါစေသည်။
ရှစ်ကျင်းထျန်း၏ ရဲရဲနီနေသော ဦးခေါ်င်းမှာ ရှစ်ဖုန့်၏ ဘာမှမကျန်ရစ်သည်အထိဆောင့်နင်းချမှုကိုခံခဲ့ရသည်။ သူ့အောင်တွင် ရှိနေသော မီးတောက်ကသူ့ကိုယ်အတွင်းသို့ပြန်လည်၍ ဝင်ရောက်သွားသည်။ တောင်ပိုင်းဘုရင် ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်ဖြစ်သူ ရှစ်ကျင်းထျန်းမှာ ကမ္ဘာကြီးပေါ်မှ လုံးဝကိုပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ရှစ်ရွှယ်၏ လှံအားကြည့်ကာ ရှစ်ဖုန့်က အထင်သေးစွာဖြင့်နှာခေါင်းရှုံ့ပြီးပြောလိုက်
သည်။
“မင်းရဲ့လက်ရှိအခြေအနေနဲ့ ဟာကွက်တွေက နေရာအနှံ့ပဲ.. အဲ့တာတောင်မင်းကဒီသခင်လေးကို ခုခံရဲသေးတယ်လား….ဒီသခင်လေးက ဒီတိရစ္ဆာရှစ်ကျင်းထျန်းကိုသေတဲ့ထိနင်းခြေ
ခဲ့သေးတယ်.. အခုမင်းကိုလည်းအတူတူ နိဗ္ဗာန်ကို ပို့ပေးရတာပေါ့”
ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု ပဉ္စမမြောက် ဓားနည်းစနစ် တံလျှပ်ဓား”
ရှစ်ဖုန့်၏ အဖြူရောင်ဓားက ရှစ်ရွှယ်၏ တိုက်ခိုက်မှုကိုတားဆီးလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏ အဖြူရောင်အရိပ်သုံးခုက ဘယ်၊ညာနှင့်အနောက်ဘက်တို့တွင်ပေါ်လာ
သည်။ သူတို့၏ ပုံစံမှာအေးစက်ပြီး အဖြူရောင်ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ ဓားရှည်သုံးခုက ရှစ်ရွှယ်ထံသို့အတူတကွခုတ်ပိုင်းလိုက်သည်။
“ထန်”
သွေးဓားက ရှစ်ရွှယ်၏ ငွေနဂါးရိပ်လှံနှင့် အပြင်းအထန်ပစ်ဆောင့်မိပြီး ရှစ်ရွှယ်၏ တိုက်ခိုက်မှုကိုတားဆီးလိုက်သည်။ သို့သော် အခြားရှစ်ဖုန့်အရိပ်သုံးခု၏ ဓားရှည်များက ရှစ်ရွှယ်၏ ကိုယ်အားခုတ်ပိုင်းလိုက်သည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE