အပိုင်း (၁၉၂)
Vol. 13 Ch. 192
“အား”
ရှစ်ရွှယ်၏ ဝမ်းနည်းကြေကွွဲဖွယ်အော်ဟစ်သံက ကောင်းကင်ထက်တွင်ပဲ့တင်ထပ်နေသည်။ သူ၏ ငွေရောင်ချပ်ဝတ်မှာ ဓားသုံးချောင်းကြောင့်အပိုင်းပိုင်းကွဲကြေသွား
သည်။ ၎င်းတို့နှင့်ယှဉ်တွဲ၍ ရှစ်ရွှယ်၏ လက်မောင်းနှင့်ကျောတို့တွင် သွေးချင်းချင်းနီနေသော ဒဏ်ရာတို့ဖြစ်ပေါ်လာသည်။ သူ၏ အသားအတွင်းမှ အဖြူရောင်အရိုးတို့ကိုပင် ရှင်းရှင်းလင်းလင်းမြင်တွေ့ရနိုင်၏။
တစ်ကြိမ်တိုက်ခိုက်ပြီးသည့်နောက်တွင်ရှစ်ဖုန့်၏ ဓားရိပ်သုံးခုမှာ ပျောက်ကွယ်သွားခဲ့သည်။
“လူယုတ်မာကောင် ..ဒီနေ့ငါ့အဖေအတွက်လက်စားချေဖို့ ငါမင်းကို သေချာပေါက်သတ်မယ်.. အား..”
ရှစ်ရွှယ်၏ မျက်နှာထက်တွင် ကြမ်းကြုတ်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူက အံကြိတ်ကာ သူ၏ မလိုလားမှုနှင့်စိတ်ပိုင်းဖြတ်ထားမှုတို့အား ဖော်ပြထားသည်။ သူကလေထဲတွင်ရှစ်ဖုန့်၏ ဓားဖြင့်တားဆီးခံတားရသော သူ၏လှံကိုပြန်လည်၍ ရုတ်သိမ်းလိုက်ပြီး သူ၏လှံဖြင့် ရှစ်ဖုန့်၏ဓားနှင့်ဝမ်းဗိုက်ဆီသို့ ပြင်းထန်စွာလွှဲယမ်းလိုက်သည်။ သူ၏ ပြင်းထန်သောတိုက်ခိုက်မှုအားအကဲဖြတ်ရသ
လောက် သူ့အနေဖြင့် ရှစ်ဖုန့်၏ခါးနှင့်ဝမ်းဗိုက်အား ဖျက်ဆီးပစ်ချင်ပုံရသည်။ ရှစ်ဖုန့်၏ဓားက သူ၏ ခေါင်းအား ပိုင်းဖြတ်ရန်လာနေသည်ကိုပင် ဂရုစိုက်ခြင်းမရှိပေ။ သူကရှစ်ဖုန့်ကိုပါအတူတကွသေရာသို့ခေါ်သွားချင်နေသည်။
“ဟမ့် မင်းက မင်းရဲ့နိမ့်ကျတဲ့ အသက်လေးနဲ့များက ဒီသခင်လေးကို မင်းနဲ့အတူအပါခေါ်ချင်သေးတယ်တဲ့လား..ဘယ်လိုလုပ်ပြီးဒီသခင်လေးက မင်းဆန္ဒအတိုင်းဖြစ်ခွင့်ပေးမှာလဲ..ငရဲဘုံကိုးခု ပဉ္စမမြောက်ဓားနည်းစနစ် တံလျှပ်ဓား”
ရှဏ်ဖုန့်က ထပ်မံ၍ အော်ဟစ်လိုက်ပြီး အရိပ်သုံးခုက ထပ်မံပေါ်လာသည်။ ရှစ်ဖုန့်ကသူ့ဓားအားပြန်ရုတ်ကာ ရှစ်ရွှယ်၏ တိုက်ခိုက်မှုာအား တားဆီးလိုက်ချိန်တွင် အခြားအရိပ်သုံးခုက ၎င်းတို့၏ဓားများကို မြှောက်၍ ရှစ်ရွှယ်အားတစ်ပြိုင်တည်းခုတ်ပိုင်းချ
လိုက်သည်။
“ထန်”
ရှစ်ဖုန့်က သူ၏ ဓားအားလွှဲယမ်း၍ ရှစ်ရွှယ်၏ တိုက်ခိုက်မှုအား တားဆီးလိုက်သည်။
“ထန်..ထန်..ထန်”
တစ်ခြားသောဓားရှည်သုံးခုကလည်း ရှစ်ရွှယ်၏ ကိုယ်အားခုတ်ပိုင်းလိုက်သည်။ ဤအချိန်တွင် ရှစ်ရွှယ်၏ကိုယ်မှသတ္ထုထိခတ်သံတို့ ထုတ်လွှတ်နေ၏။ ဓားရှည်သုံးခုက တော်တော်လေးမာကျောသော သတ္ထုတစ်ခုအားထိမှန်ပုံရပြီး ရှစ်ရွှယ်၏ ကိုယ်အား မထိုးဖောက်နိုင်ဖြစ်သွားခဲ့သည်။
“ဘာဖြစ်သွားတာလဲ..ရုတ်တရက်ကြီးသူကိုယ်ကဘယ်လိုဖြစ်လို့ အရမ်းမာကျောသွားရတာလဲ”
ရှစ်ဖုန့်က မျက်မှောင်အနည်းငယ်ကြုံ့သွားခဲ့သော်လည်း သူ၏လက်တို့အားလှုပ်ရှားနေခြင်းမှရပ်တန့်ခြင်းမရှိခဲ့ပေ။ သူက သူ၏ ဓားဖြင့်ရှစ်ရွှယ်၏ နှလုံးထံသို့ ထိုးသွင်းလိုက်သည်။
ရှစ်ရွှယ်၏ ကိုယ်မှာ ငွေရောင်အလင်းတို့တောက်ပနေသည်။ အလွန်ပြင်းထန်သော ငွေရောင်အလင်းတန်းက ရှစ်ရွှယ်၏ ရင်ဘက်မှလာနေပြီး ကျန်သောအလင်းတို့မှာသူ၏ လည်ပင်းထံမှလာနေခြင်းဖြစ်သည်။
ရှစ်ရွှယ်၏ အမူအယာပြောင်းလဲသွားခဲ့သည်။ သူကခေါင်းငုံ့၍ သူ၏ ရင်ဘက်ပေါ်ရှိငွေရောင်ကျောက်တုံးကိုကြည့်လိုက်သည်။ သူကအော်ပြောလိုက်သည်။
“ဆရာ”
“ဘန်း”
ဤအချိန်တွင် ရှစ်ဖုန့်၏ဓားကရောက်ရှိလာပြီး ရှစ်ဖုန့်၏နှလုံးထံသို့ထိုးသွင်းလိုက်သည်။
“ထန်”
နောက်တစ်ကြိမ်ထက်မံ၍ ကျယ်လောင်သောသတ္ထုထိခတ်သံထွက်ပေါ်
လာသည်။ ရုတ်တရက်ပြင်းထန်သောပြန်ကန်အားတစ်ခုက ဓားဆီမှထွက်ပေါ်သာသည်ကိုခံစားလိုက်ရပြီး သူ၏ ရင်ဘက်အားလှုပ်ခတ်သွားစေကာသူ့အား
နောက်သို့ ထပ်တလဲလဲဆုတ်ခွာသွားစေသည်။
“ခရက်”
ရှစ်ရွှယ်၏ ရင်ဘက်ပေါ်ရှိ ငွေရောင်ကျောက်တုံးမှာရုတ်တရက်ကွဲကြေ
သွားသည်။ ရှစ်ရွှယ်ကတုန်လှုပ်စွာဖြင့်ကပျာကယာအော်
ဟစ်လိုက်သည်။
“မဟုတ်ဖူး.ဆရာ..ကျွန်တော်ထွက်မသွားနိုင်ဘူး..ဒီလူယုတ်မာက ကျွန်တော့်အဖေကိုသတ်ခဲ့တာ..ကျွန်တော်သူ့ကိုသတ်ရမယ်.အဖေ့အတွက်လက်စားချေရမယ်..ဆရာ..ကျွန်တော်ကိုအချိန်
နည်းနည်းပေးပါအုံး..နည်းနည်းပဲထပ်ပေးပါအုံး..ဆရာ”
ရှစ်ဖုန့်က ဆုတ်ခွာနေရာမှရပ်လိုက်သည်။ငွေရောင်
ကျောက်တုံးကွဲကြေသွားသည့်အချိန်တွင် ရုတ်တရက်ဆန်းကြယ်သောစွမ်းအားတစ်ခုအားသူခံစားလိုက်ရသည်။ ရှေးဟောင်းမှတ်တမ်းများတွင် ရှေးပဝေသဏီခေတ်ကာကလ အတိတ်၊ပစ္စုပ္ပန်နှင့်အနာဂတ်တို့အား သိနိုင်သည့် စစ်မှန်သော ကံကြမ္မစွမ်းအားကိုပိုင်ဆိုင်သည့်သူများရှိခဲ့ကြသည်ဟုဆိုသည်။ သို့သော်ယခုအချိန်တွင် ဆန်းကြယ်သောကံကြမ္မာစွမ်းအားအားအသုံးပြုနိုင့်သည့်သူများမှာ အနည်းငယ်သာရှိတော့သည်။ သူတို့အနေဖြင့်ထိုစွမ်းအားအား အသုံးပြုနိုင်ခဲ့လျှင်ပင် ရှေးပဝေသဏီခေတ်အချိန်ကလောက်တော့ ကောင်းလိမ့်မည်မဟုတ်ပေ။
ထို့နောက်တွင် အာကသနေရာလပ်စွမ်းအား၏အတက်အကျ
များကို ထပ်မံ၍ ရှစ်ဖုန့်ခံစားလိုက်ရသည်။ ယခင်တစ်ခေါက် သဲကန္တာရအတွင်းတိုက်ပွဲအတွင်းတွင် အာကာသနေရာလပ်များအား သက်ရောက်မှုရှိစေသောလျှို့ဝှက်ရတနာတစ်ခု ရှစ်ရွှယ်၌ရှိနေသည်ကိ ရှစ်ဖုန့်သိခဲ့သည်ဖြစ်သည်။
ရုတ်တရက် ရှစ်ရွှယ်၏ နောက်ရှိလေထုထဲမှာ အက်ကွဲကြောင်းတစ်ခုပေါ်လာသည်။ အားကောင်းသောစုပ်ယူအားတစ်ခုက ရှစ်ရွှယ်အားအတင်းသို့ အတင်းအကျပ်စုပ်ယူလိုက်သည်။
ရှစ်ရွှယ်က အံကြိတ်ကာသူ့အားစုပ်ယူနေမှုကိုခုခံနေသည်။ သူကရှစ်ဖုန့်ထံသို့အရမ်းခက်ခဲစွာဖြင့်လျှောက်လှမ်းလိုက်သည်။
“လူယုတ်မာကောင်..ဒီကိုလာပြီးအသေခံစမ်း..ယုတ်ညံ့တဲ့ကောင်..ဒီနေ့ ငါမင်းကိုသေချာပေါက်သတ်ရလိမ့်မယ်…အား..”
“ငရဲကိုဒိုးလိုက်တော့”
ရှစ်ဖုန့်ကဆီးလ်တံဆိပ်လက်သင်္ကေတများကိုဆက်တိုက်ဖော်ဆောင်လိုက်သည်။ လက်သင်္ကေတများက အဆက်မပြက်ပြောင်းလဲနေသည်။ ရုတ်တရက် ရှစ်ရွှယ်၏ အထက်တွင် ဧရာမအဖြူရောင်စတုရန်းဆီးလ်တံဆိပ်ကြီးက ပေါ်လာ၏။ ထို့နောက်သူကအောပြောလိုက်သည်။
“လှုပ်ခတ်ခြင်း”
ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုက ရှစ်ရွှယ်ပေါ်သို့ရုတ်တရက်ကျဆင်းလာသည်။
“အား..လူယုတ်မာ..သေစမ်း..ဆရာ..မလုပ်ပါနဲ့ ..ဆရာ..ကျွန်တော့်ကိုအချိန်ထပ်ပေးပါ”
ရှစ်ရွှယ်၏ ဆံပင်များက ရှုပ်ပွနေသည်။ သူကလူရူးတစ်ယောက်လိုမျိုးအော်ဟစ်နေ၏။ သို့သော်သူ၏ နောက်တွင်ရှိသော အာကာသနေရာလပ် အက်ကွဲကြောင်းမှအားကောင်းသည့်စုပ်ယူအားက ပို၍ပို၍ အားကောင်းလာသည်။ရှစ်ရွှယ်မှာနောက်သို့ခြေလှမ်းများစွာဆုပ်သွားသည်။ ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခုက ရှစ်ရွှယ်၏ကိုယ်အားထိမှန်တော့မည့်အချိန်တွင် ရှစ်ရွှယ်မှာ အာကာသနေရာလပ်အက်ကွဲကြောင်းအတွင်းသို့ စုပ်ယူခံလိုက်ရသည်။
“ဝုန်း”
ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုက မြေပြင်အားပြင်းထန်စွာလှုပ်ခါသွားစေသည်။ မြေပြင်မှာတုန်ဟီးပြီး အပြင်းအထန်လှုပ်ခါနေ၏။ ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု၏ စွမ်းအားအောက်တွင် မြေပြင်မှာ ညည်းညူနေသကဲ့သို့ပင်ဖြစ်သည်။
ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုက ပျောက်ကွယ်သွားပြီးနောက်ရှစ်ဖုန့်က ဖျက်ဆီးခံလိုက်ရသောမြေပြင်ကိုကြည့်ကာ စိတ်မကောင်းစွာဖြင့်ပြောလိုက်သည်။
“ အဆုံးသတ်ကျ ဒီသူတောင်းစားလေးအဝေးကိုလွတ်မြောက်
သွားသေးတာပဲ”
ရှစ်ဖုန့်က သူ၏ ခေါင်းကိုမော့လိုက်သည်။ ဤအချိန်၌ ဟင်းလင်းပြင်ထဲတွင်သူ့အား မျက်လုံးပေါင်းများစွာက ကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။သူ
တစ်ခါမှမြင်တွေ့ဖူးခြင်းမရှိသောသူများကပါသူ့အား
ကြည့်နေသည်ကိုတွေ့လိုက်ရပြီး သူကြည့်နေသည်ကိုတွေ့လိုက်ရသောအခါတွင် အများစုမှာ အဝေးသို့သွေဖယ်လိုက်ကြပြီး သူ့အားကြည့်ရဲခြင်းမရှိကြတော့ချေ။
“ဘာဖြစ်လို့လဲ…ဒီသခင်လေးကချောလို့လား”
ရှစ်ဖုန့်ကဤလူများကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။
“သခင်လေးဖုန့် အာဏာရှင်လုံအောင်က မိစ္ဆာသိုင်းပညာကိုကျင့်ကြံပြီးတော့ အပြစ်မဲ့တဲ့သူတွေကိုသတ်ပစ်ခဲ့တယ်..သခင်
လေးကသာသူကိုနှိမ်နင်းနိုင်မဲ့ တစ်ဦးတည်းသောသူပါ”
ရှစ်ဖုန့်တစ်ခါမျှမြင်တွေ့ဖူးခြင်းမရှိသော သက်လက်ပိုင်းအရွယ်လူက သူ့အားအသနားခံပြောဆိုသည်။
“ဟုတ်ပါတယ်သခင်လေးဖုန့်…ကမ္ဘာကြီးကိုကယ်တင်ရမဲ့ကြီးလေးတဲ့တာဝန်ဟာ သခင်လေးအပေါ်မှာရှိပါတယ်”
ရှစ်ဖုန့်မသိသော အခြားလူအိုကြီးတစ်ယောက်က မေတ္တာရပ်ခံသည်။
“သခင်လေးဖုန့်က ယွင်လိုင်အင်ပါယာရဲ့ ငယ်ရွယ်တဲ့ပါရမီရှင်တစ်ယောက်ပါ ..သခင်လေးဖုန့်အနေနဲ့ အာဏာရှင်လုံအောင်ကို မလွှတ်ပေးဖူးလို့ကျုပ်ထင်တယ်”
“သခင်လေးဖုန်ရဲ့ပါရမီက ကျုပ်ဘဝမှာတစ်ခါမှမြင်တွေ့ဖူးခြင်းမရှိတဲ့ပါရမီရှင်တစ်ယောက်ပါ ဒီလိုပါရမီစွမ်းရည်မျိုးနဲ့ သခင်လေးသေချာပေါက် လူယုတ်မာကိုသုတ်သင်ပြီးတော့ ယွင်လိုင်အင်ပါယာရဲ့ အရင်ဂုဏ်ကျက်သရေကို ပြန်လည်ယူဆောင်ပေးလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်”
လူတိုင်းကရှစ်ဖုန့်အားတစ်ယောက်ပြီး
တစ်ယောက်မြှောက်ပင့်ပြောဆိုကြသည်။
ရှစ်ဖုန့်က အာဏာရှင်လုံအောင်အားရင်ဆိုင်ခြင်းကိုပြုလုပ်လိမ့်မည်ဟုသူတို့အနေဖြင့်မျှော်လင့်ကြသည်။ ၎င်းမှသာသူတို့အနေဖြင့်ရှင်သန်နိုင်ရန် အခွင့်အရေးတစ်ခုရှိလိမ့်မည်ဖြစ်သည်။
“ကောင်းပြီ သက်ကြားအိုကြီးတွေ ကျုပ်က ခင်ဗျားတို့ပြောသလို ကောင်းတဲ့သူမဟုတ်ဖူး” ရှစ်ဖုန့်က သူ၏ လက်တို့အားဝေ့ယမ်း၍ ဆက်လက်စကားပြောချင်ကြသောသူများအား ကြားဖြတ်ဟန့်တားလိုက်သည်။ထို့နောက်သူက ခေါင်းလှည့်ပြီး လက်သည်းကိုးခု ရွှေရောင်နဂါးတစ်ကောင်နှင့်ရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လူအိုကြီးကိုကြည့်လိုက်သည်။ သူ၏ မျက်နှာက တည်ကြည်ခံ့ညားပြီး သူ၏ခံန္ဓာကိုယ်တွင် မိစ္ဆာစွမ်းအင်များဖြင့်ပြည့်နှက်နေ၏။ ထိုသူမှာလုံအောင်ပင်ဖြစ်သည်။
ရှစ်ဖုန့်၏ ပုံရိပ်က သွေးဓားကို ကိုင်ဆောင်ကာ ကောင်းကင်ထက်သို့မြင့်တက်သွားသည်။ ဖျက်ခနဲဆိုသလိုသူကလုံအောင်နှင့်သိပ်မဝေးလှသောနေရာသို့ပျံသန်းသွား၏။ လုံအောင်ကရှစ်ဖုန့်ကိုကြည့်လိုက်ပြီး ပြောင်းလဲမှုမရှိဘဲမေးလိုက်သည်။
“မင်းကငါ့အင်ပါယာတားမြစ်နယ်မြေကို ဝင်ရောက်ခဲ့ပြီး မိစ္ဆာဖိနှိပ်ကျောက်ပြားကိုဖျက်ဆီးခဲ့တဲ့အပြင် ဖုန်ချမ့်ယွီကိုလည်းသတ်ခဲ့ပြီးတော့ ယွင်လိုင်အင်ပါယာရဲ့ နံပါတ်တစ်နတ်ဆိုးလို့သိကြတဲ့ ရှစ်ဖုန့်မလား”
“ဟုတ်တယ်..အဲ့တာဒီသခင်လေးပဲ”
ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။ သူက သူ၏ သွေးဓားအား လုံအောင်ထံသို့ထိုးညွှန်၍ အေးစက်စွာပြောလိုက်သည်။
“ခင်ဗျားက အပြစ်မဲ့တဲ့ သက်ရှိတွေကိုသတ်ပစ်ခဲ့တဲ့ တိရစ္ဆာန်ပဲ..တိုက်ကြစို့”
“ကောင်းတယ်..အရမ်းကောင်းတယ်..”
ရှစ်ဖုန့်အားကြည့်လိုက်ကာလုံအောင်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“မင်းက ငါ့ရဲ့ အသုံးမကျတဲ့သားတွေထက်အများကြီးတော်
တယ်.. တကယ်ကိုကောင်းတာ… မင်းငါ့ကိုသစ္စာခံမယ်လို့ကတိပေးပြီး ငါ့ကိုမွေးစားအဖေတစ်ယောက်အနေနဲ့ ဂါရဝါပြုပါ.. ငါမင်းကိုအိမ်ရှေ့စံဆိုတဲ့ဘွဲ့ကိုပေးအပ်မယ်.. ငါတို့နှစ်ယောက် အဖေနဲ့သားအဖြစ်နဲ့ ကမ္ဘာကြီးကို အတူတကွ သိမ်းပိုက်စိုးမိုးကြမယ်.. နှစ်တရာကြာပြီးတဲ့နောက်မှာ မင်းကငါ့ရဲ့ အမွေဆက်ခံသူဖြစ်လိမ့်မယ်…မင်းဘယ်လိုထင်လဲ”
“ခင်ဗျားခေါင်းနဲ့ပက်သက်ပြီး တစ်ခုခုမှားနေတာပဲဖြစ်ရမယ်”
ရှစ်ဖုန့်က သူ၏ ဓားဖြင့်လုံအောင်ကိုလှမ်းထိုး၍ ပြောလိုက်သည်။
ဆက်ရန်..
ဘာသာပြန်သူ -ARISE