အပိုင်း (၁၉၃)
Vol. 13 Ch. 193
ရှစ်ဖုန့်က သူ၏ ဓားဖြင့်ထိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဘယ်လက်ကလည်း ဆီးလ်တံဆိပ်လက်သင်္ကေတများကို စတင်ပုံဖော်လိုက်သည်။ အောက်ဘက်မြေပြင်ပေါ်ရှိ များပြားလှသော ရှုံ့တွနေသည့်အလောင်းများမှာ စွမ်းအားအချို့က ၎င်းတို့အားဆင့်ခေါ်ခြင်းခံရသကဲ့သို့ စတင်၍ အနည်းငယ် တုန်ယင်လာကြသည်။
သာမန်ဆန်သည်ဟုထင်ရသော ငရဲဘုံကိုးခု ဓားချက်က လုံအောင်အားထိုးသွင်းရန်ဦးတည်လာသည်။ ၎င်းနီးကပ်လာချိန်တွင် လုံအောင်ကလည်း သိပ်သည်းသော သိပ်သည်းသောအဖြူရောင်ဓားချီရိပ်များက သူ့ထံသို့ သိမ်းကျုံးဦးတည်လာသည်ကို တွေ့လိုက်ရသည်။
“တိုက်စားခြင်း”
လုံအောင်က အေးစက်စွာအော်ပြောလိုက်သည်။
သူ၏ကိုယ်မှ တိုက်စားခြင်းမီးခိုးရောင်မြူများ ထွက်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့တလိပ်လိပ်ဦးတည်လာသည်။ အဖြူရောင်ဓားရိပ်များမှာချက်ခြင်း လုံအောင်၏ တိုက်စားခြင်းမီးခိုးရောင်မြူများ၏ တိုက်စားမှုကိုခံလိုက်ရသည်။ ထို့နောက်တွင် ရှစ်ဖုန့်ထံသို့ တလိပ်လိပ်ဦးတည်လာသည်။
“ဖွင့်စမ်း”
ရှစ်ဖုန့်၏ တိုက်စားခြင်းတတိယမိစ္ဆာမျက်လုံးက ခပ်ကျယ်ကျယ်ပွင့်ဟလာသည်။ ၎င်းထံမှလည်း တိုက်စားခြင်းမီးခိုးရောင်မြူများထွက်လာပြီး လုံအောင်း၏တိုက်စားခြင်းစွမ်းအင်နှင့်အတူတကွ တွေ့ဆုံသွားသည်။
“တိုက်စားခြင်းမိစ္ဆာမျက်လုံး …မင်းတကယ်ကြီး မိစ္ဆာဖိနှိပ်ကျောက်ပြားအောက်က တိုက်စားခြင်းမိစ္ဆာမျက်လုံးကိုထိန်းချုပ်ခဲ့တာပဲ.. ကောင်းတယ်…အရမ်းကောင်းတယ်.. မင်းကမင်းအတွက်ဘာက ကောင်းလဲဆိုတာကိုမသိတာကြောင့် ငါမင်းကိုဖျက်ဆီးပြီးတော့ မင်းရဲ့ မိစ္ဆာမျက်လုံးကိုယူမယ်..”
ထို့နောက်တွင်လုံအောင်၏ လက်က ဓားလက်ချောင်းပုံစံတစ်ခုဖြစ်သွားကာ ရှစ်ဖုန့်ကိုထိုးညွှန်လိုက်သည်။ အနက်ရောင်နတ်ဆိုးချီများဖြင့်ဖွဲ့စည်း
ထားသော ဓားရှည်တစ်ချောင်းက ရှစ်ဖုန့်၏ ရှေ့တွင်ပေါ်လာပြီး ရှစ်ဖုန့် ၏ ခေါင်းထံသို့ခုတ်ပိုင်းလိုက်သည်။
ရှစ်ဖုန့်က သူ့ဓားအား တားဆီးရန်အတွက်မြှောက်လိုက်သည်။
“ထန်”
ရုတ်တရက်အားကောင်းသောအင်အားတစ်ခုက နတ်ဆိုးချီဓားမှ လာသည်ကိုရှစ်ဖုန့်ခံစားလိုက်ရပြီး ၎င်းက သွေးနီရောင်ဓားပေါ်သို့ ခုတ်ပိုင်းလိုက်သည်။ ရှစ်ဖုန့်မှာ လှုပ်ခါသွားပြီး သူ့တစ်ကိုယ်လုံးနောက်သို့လွင့်ပျံထွက်
သွားသည်။
“ဖျက်ဆီးစမ်း”
လုံအောင်က သူ၏ လက်ချောင်းအား နောက်သို့ လွင့်ပျံထွက်သွားသောရှစ်ဖုန့်ထံထိုးညွှန်
လိုက်သည်။ မွန်းစတားဆန်သော အနက်ရောင်နတ်ဆိုးချီတို့က ထပ်မံ၍ လည်ပတ်လာပြီး ဧရာမအနက်ရောက်လက်သီးကြီးတစ်ခုအဖြစ်ဖွဲ့စည်းသွားကာ အောက်ရှိရှစ်ဖုန့်အား ပြင်းထန်စွာ ထိုးနှက်ချလိုက်သည်။
ဧရာမအနက်ရောင်လက်သီးကြီးနှင့်နှိုင်းယှဉ်
လိုက်လျှင် ရှစ်ဖုန့်မှာ သေးငယ်သော ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ဖြစ်သည်။
“သူရှုံးနိမ့်သွားပြီလား”
ရှစ်ဖုန့်နှင့်လုံအောင်ကြားရှိ တိုက်ပွဲအား ကြည့်နေသောတစ်စုံတစ်ယောက်ပြောလိုက်
သည်။ ရှစ်ဖုန့်က ဓားချက်တစ်ခုထိမှန်သွားပြီးနောက် အနက်ရောင်နတ်ဆိုးလက်သီးကြီးက ကောင်းကင်ထက်မှထိုးနှက်ကျဆင်းလာသည်ကို တွေ့လိုက်ရသောအခါတွင် သူက အသံတိုးတိုးဖြင့်ရေရွတ်လိုက်ခြင်းဖြစ်သည်။ လုံအောင်ပေါ်လာခဲ့သောအချိန်မှစ၍ အခုချိန်ထိတိုင်အောင် သူ၏ နတ်ဆိုးလက်သီးကြီးထိုးနှက်လိုက်သည့်အချိန်တိုင်းတွင် အသက်တို့ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။
“ဟူး”
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။
“ဒီမွန်းစတားတောင်မှလုံအောင်ကို အနိုင်မယူနိုင်ဘူးလား.. အခုယွင်လိုင်အင်ပါယာမှာ ဒီအာဏာရှင်ရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကို တစ်ခြားဘယ်သူကများတားဆီးနိုင်မှာလဲ”
“ရှစ်ဖုန့်သာသေသွားခဲ့ရင် နောက်လာမှာက ငါတို့အလှည့်ဖြစ်လိမ့်မယ်”
အားလုံးက စိတ်လှုပ်ရှားရင်မောစွာစောင့်ကြည့်နေကြသည်။ ရှစ်ဖုန့်က လုံအောင်အားအနိုင်ယူနိုင်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း သူတို့တွေ့ဆုံပြီးမကြာမီတွင် လုံအောင်ကြောင့် ရှစ်ဖုန့်မှာ နောက်သို့လွင့်ပျံထွက်သွားရသည်။ ရှစ်ဖုန့်နှင့်ပက်သက်ပြီး မည်သူကမျှ အကောင်းမြင်မျှော်လင့်ခြင်းမရှိကြချေ။
“အခုမင်းရဲ့လှုပ်ရှားမှုတွေကိုလုပ်သင့်တယ်”
လုံချန်၏ ဘေးရှိ အဆင့်မြင့်အရာရှိဗိုလ်ချုပ်ဟွင်းဖှေးက ပြောလိုက်သည်။
“နေအုံး..အလျှင်လိုစရာမလိုသေးဘူး”
လုံရှင်းက ပြက်ပြက်သားသားပြောလိုက်သည်။
“သူကိုင်တွယ်နိုင်မယ်လို့ ကျုပ်ယုံကြည်တယ်.. အဲ့တာမှသာ သူကကျုပ်ပြိုင်ဘက်ဖြစ်ဖို့ ထိုက်ထန်မှာ”
ရှစ်ဖုန့်မှာ နောက်သို့လွင့်ပျံနေရာမှ ရပ်တန့်ခဲ့ပြီးဖြစ်သည်။ သူကခေါင်းမော့က သူထံသို့ထိုးနှက်ကျဆင်းလာသည့် ဧရာမနတ်ဆိုး ချီလက်သီးကြီးအားကြည့်လိုက်သည်။
လက်သင်္ကေတများပြောင်းလဲဖြစ်ပေါ်နေသော ရှစ်ဖုန့်၏ ဘယ်လက်မှာ ရုတ်တရက် လက်သည်းတစ်ခုအဖြစ်သို့ပြောင်းသွားသည်။ အောက်ဘက်ရှိရှုံ့တွနေသောအလောင်းများက ရုတ်တရက်ကောင်းကင်ထဲသို့ပစ်လွှတ်သလို
ထွက်လာသည်။ ရှစ်ဖုန့်ရှိနေသောကောင်းကင်ပြင်တွင် ရုတ်ချည်း အလောင်းပင်လယ်တစ်ခုနှင့်ပြည့်နှက်သွား
သည်။
သိပ်သည်းထူထပ်လှသော အလောင်းများက အနက်ရောင်သေခြင်းစွမ်းအားများအား ထုတ်လွှတ်နေသည်ကို လူအများလည်းမြင်နိုင်ကြသည်။ သူတို့ကြားထဲတွင် အဖြူရောင်ပုံရိပ်တစ်ခုက လေထဲ၌လွင့်မျောနေပြီး ဤအဖြူရောင်ပုံရိပ်ထံမှထုတ်လွှတ်နေသော သေခြင်းရောင်ဝါများက အပြင်းထန်ဆုံးပင်ဖြစ်သည်။ ဤအလောင်းကောင်မှာ အကြွင်းမဲ့ယင်အလောင်းကောင်ဖြစ်သော ယင်မိစ္ဆာပင်ဖြစ်သည်။
သေခြင်းဧကရာဇ်က ယင်အလောင်းကောင်တစ်သောင်းဖြင့် အလောင်းတစ်သောင်းအစီအရင်အား ခင်းကျင်းနိုင်သည်ဟုဆိုကြသည်။
“ချိုးဖြတ်စမ်း”
ရှစ်ဖုန့်က အော်ပြောလိုက်သည်။ အလောင်းများမှထုတ်လွှတ်နေသော သေခြင်းစွမ်းအင်များက အလယ်ဗဟိုရှိ ရှစ်ဖုန့်ထံသို့စုစည်းသွားကြသည်။ ထို့နောက်တွင်၎င်းက ကောင်းကင်ထက်သို့ထိုးတက်သွားပြီး ကျဆင်းလာသော ဧရာမနတ်ဆိုးချီလက်ကြီးထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။
ဤအချိန်တွင် ရှဏ်ဖနု့်၏ အလောင်းတစ်သောင်းအစီအရင်မှာ အလောင်းပေါင်းတစ်သောင်းဖြင့် လုပ်ကိုင်ထားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ ဖုန်ချမ့်ယွီနှင့်သူယှဉ်တိုက်စဉ်တုံးက ပြုလုပ်ခဲ့သော အလောင်းပေါ်င်းထောင်ဂဏန်းလောက် ဖြင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ၎င်းက သေခြင်းဧကရာဇ်၏ ယင်အလောင်းတစ်သောင်းအစီအရင်နှင့်နှိုင်း
ယှဉ်၍ မရနိုင်သော်လည်း ၎င်းမှာပြည့်စုံမှုရှိသော အလောင်းတစ်သောင်းအစီအရင်တစ်ခုအဖြစ်
ရှိနေဆဲဖြစ်သည်။
ရှစ်ဖုန့်မှာ ယခုအချိန်တွင် အင်ပါယာနယ်ပယ်တစ်ယောက်သာဖြစ်သည်။ သူ၏ ခွန်အားက ဘုရင်နယ်ပယ်ထက်အများကြီးကျော်လွန်သွားခဲ့ပြီဖြစ်သည်။ အင်ပါယာနယ်ပယ်တစ်ယောက်၏ လက်သင်္ကေတများမှဖြစ်ပေါ်လာသော အလောင်းတစ်သောင်းအစီအရင်မှ သိပ်သည်းသော အနက်ရောင်သေခြင်းစွမ်းအင်များအားထုတ်လွှတ်နေသည်။ ထို့နောက်တွင်၎င်းတို့က ကျဆင်လာသော ဧရာမနတ်ဆိုးချီတို့အား တိုက်ခိုက်လိုက်သည်။
“သူတားဆီးလိုက်တယ်..ဒီမွန်းစတားက ဆန်းကြယ်ပြိီး မိစ္ဆာဆန်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုပြီးတော့ အနက်ရောင်စွမ်းအင်တွေကိုထုတ်လွှတ်ဖို့ အလောင်းတစ်သောင်းကို စုစည်းခဲ့တယ်.. အဲ့တာက လုံအောင်ရဲ့ နတ်ဆိုးချီထက်တောင်ပိုပြီးအားကောင်း
နေသေးတယ်”
ရှစ်ဖုန့်၏ စွမ်းအားအား မြင်တွေ့လိုက်ရသောအခါတွင် တစ်စုံတစ်ယောက်က အလန့်တကြားအော်ပြောလိုက်သည်။
“ဒါက…..အလောင်းတစ်သောင်းနဲ့ပြုလုပ်ထားတဲ့ အစီအရင်တစ်ခုပဲ…အဲ့တာ သေခြင်းဧကရာဇ်ရဲ့ အန္တိမပညာရပ်တစ်ခုဖြစ်တဲ့ အလောင်းတစ်သောင်းအစီအရင်များဖြစ်နိုင်မလား”
အလောင်းများက ကောင်းကင်ထဲတွင်လွင့်မျောနေပြီး သေခြင်းစွမ်းအင်များက ကောင်းကင်ထဲ၌မြင့်တက်နေသည်ကို မြင်တွေ့ရသောအခါတွင် တစ်စုံတစ်ယောက် က အလန့်တကြားအော်ပြောလိုက်သည်။
“အဲ့မွန်းစတားက ငရဲဘုံးကိုးခု အဆက်အနွယ်ကနေဆင်းသက်လာတယ်လို့ ကောလဟာလတစ်ခုရှိတယ်.. သူ ကကြောင့်ကြမဲ့ ဧကရာဇ်ရဲ့ တပည့်တစ်ယောက်ဖြစ်လိမ့်မယ်တဲ့..ဒါပေမဲ့…အလောင်းတစ်သောင်းအစီအရင်ကို ကြည့်ပြီးတဲ့နောက် …. သူက သေခြင်းဧကရာဇ်ရဲ့ တပည့်တစ်ယောက်များ ဖြစ်နေနိုင်မလား”
“မဖြစ်နိုင်ဘူး သေခြင်းဧကရာဇ် လင်ယဲ့ဖုန်းက ဗဟိုစီရင်စု မှာရှိတာ …သူကငါတို့ယွင်လိုင်အင်ပါယာနဲ့ဆို မိုင်ပေါင်းထောင်ချီဝေးတယ်.. အဲ့တာထက်ပိုတာက သေခြင်းဧကရာဇ်…အမှောင်ဧကရာဇ်နဲ့ ယိုယွင်းခြင်း ဧကရာဇ်တို့က
ရှင်သန်းခြင်း ဧကရာဇ် ..အလင်းဧကရာဇ် …ကံကြမ္မာ ဧကရာဇ်တို့နဲ့ ထျန်းဟန်တိုက်ကြီးရဲ့ဗဟိုစီရင်စုမှာ ဆယ်စုနှစ်များစွာစစ်ပွဲဖြစ်နေခဲ့ကြတာ ….အခြေအနေတွေက အရမ်းကို တင်းမာနေတယ်…ငါတို့အရှေ့ပိုင်းဒေသက နိုင်ငံငယ်လေးကိုလာပြီးသူတို့ကဘာလို့ တပည့်တွေစုစည်းမှာလဲ”
“ဟုတ်တယ်..အမှန်ပဲ..ကြောင့်ကြမဲ့ဧကရာဇ်တစ်ယောက်တည်းကသာ သူ့ဘဝကိုလွတ်လွတ်လပ်လပ်နဲ့နေထိုင်တာ… သူဘယ်မှာရှိနေလဲဆိုတာတောင် ရေရေရာရာသိနိုင်တာမဟုတ်ဖူး…သူငါတို့ယွင်လိုင်အင်ပါယာကိုလာခဲ့ပြီး ရှစ်ဖုန့်ရဲ့ပါရမီကိုတွေ့သွားပြီးတဲ့နောက် သူ့တပည့်အဖြစ်ရွေးချယ်ခဲ့တာဖြစ်မယ်…..ဧကရာဇ်ရှေယောင်နဲ့ သေခြင်းဧကရာဇ်တို့က ဂိုဏ်းတစ်ခုတည်းကညီအကိုတွေဖြစ်ပြီး သူတို့တွေက ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ တပည့်တွေပဲ….ကြောင့်ကြမဲ့ ဧကရာဇ်ကလည်း အလောင်းတစ်သောင်းအစီအရင်ကို နားလည်တာကြောင့် ရှစ်ဖုန့်ကို သင်ပေးခဲ့တာဖြစ်မယ်”
တစ်ဖက်ခြမ်းတွင်ရှိနေသောသူများမှာ စတင်၍ တစ်ခုပြီးတစ်ခုဆွေးနွေးကြသည်။ အစောပိုင်းက ဆိုးရွားလေးလံလှသော ဖိအားတို့မှာ ရုတ်တရက် တော်တော်လေးကို ပြေပျောက်သွားသည်။ ရှစ်ဖုန့်က သေဆုံးခြင်းမရှိသည့်အပြင် သူဖွဲ့စည်းခဲ့သောသေခြင်းစွမ်းအင်တို့က လုံအောင်၏ နတ်ဆိုး ချီတို့အား နေရာအနှံ့သို့ ကွဲထွက်သွားစေသည်ကို မြင်တွေ့လိုက်ရသောအခါတွင်သူတို့မှာ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုံး၌ စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်
ကြသည်။
“ဟမ့်…မင်းကငါ့ကိုစိတ်မပျက်စေခဲ့ဖူးပဲ…မင်းလိုလူတစ်ယောက်တည်းကသာ ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ထိုက်တန်တယ်”
မင်းသားလုံရှင်းက နှာခေါင်းရှံ့လိုက်သည်။
“ဟမ့် ..ငါ့တိုက်ခိုက်မှုကို မင်းတကယ်ကြီးချိုးဖြတ်ခဲ့တာပဲ…အဲ့တော့ဘာ
ဖြစ်လဲ..ငါ့စွမ်းအားက အကန့်အသက်မရှိဘူး”
လုံအောင်က အေးစက်စွာအော်ပြောလိုက်သည်။ သူ၏ လက်က နတ်ဆိုးလက်သည်းများအဖြစ်သို့ပြောင်းသွားပြီး ရှေ့သို့ကုတ်ဖြဲချလိုက်သည်။ ရုတ်တရက်လေနှင့်တိမ်တို့က ပြောင်းလဲသွားသည်။ လုံအောင်၏ လှုပ်ရှားမှုအောက်တွင် ကမ္ဘာတစ်ခုလုံးက မှောင်မိုက်လာပုံပေါ်သည်။
“ဂျိန်း”
ရုတ်တရက် ကောင်းကင်ထက်မှလျှပ်စီးမိုးခြိမ်းသံတစ်ခု
ထွက်ပေါ်လာသည်။ ရုတ်တရက် ကောင်းကင်ထဲမှ သိပ်သည်းသော အနက်ရောင်လျှပ်စီးကြောင်းတစ်ခုက ကျဆင်းလာသည်။ ၎င်းမှာ သိပ်သည်းသော အနက်ရောင်ရောင်ခြည်တန်းတစ်ခုက လုံအောင်၏ ကိုယ်အားပစ်ခတ်လိုက်သကဲ့သို့ပင်ဖြစ်သည်။ ချက်ခြင်း၎င်းက လုံအောင်အားလွှမ်းခြုံသွားပြီး အချိန်ကြာမြင့်သည်အထိပျောက်ကွယ်သွားခြင်းမရှိပေ။
“အား..အား.အား..အား.အား.”
လုံအောင်၏ ခန္ဓာကိုယ်က အနက်ရောင်လျှပ်စီးအား ရင်ဆိုင်နေပြီး ကျယ်လောင်သော အော်ဟစ်သံထွက်ပေါ်လာသည်။ သူ့အနေဖြင့်အလွန်အမင်းနာကျင်ခံစားနေရသကဲ့သို့ သူ၏ မျက်နှာက တွန့်ရှုံ့နေ၏။ ထို့နောက်တွင် လုံအောင်မှာရုတ်တရက်နတ်ဆိုးတစ်ပါးကဲ့သို့ဖြစ်သွားသည်ကိုလူများတွေ့လိုက်ရသည်။ တွန့်လိမ်နေသော အနက်ရောင်နတ်ဆိုးအင်းစားလုံးတန်းများက သူ၏ ခံ့ညားသော မျက်နှာထက်တွင်ပေါ်လာသည်။ သူ၏ လက်နှစ်ဖက်လုံးပင်လျှင် တွန့်လိမ်သော နေသော နတ်ဆိုးအင်းစာလုံးများဖုံးအုပ်နေ၏။
“ဘန်း”
“ဘန်း”ဟူသောအသံနှင့်အတူ သူ၏ သရဖူမှာ ပေါက်ကွဲသွားပြီး ခုံးနေသော အနက်ရောင်ချိုတစ်ခုကလုံအောင်း၏ ဦးခေါင်းထိပ်မှ စူးဖောက်သလိုထွက်လာသည်။
“ဂါး”
လုံအောင်က ကောင်းကင်ထဲတွင် အော်ဟစ်လိုက်သည်။
နတ်ဆိုးဆန်သောအသံက ကောင်းကင်အား လှုပ်ခါသွားစေသည်။ လုံအောင်၏ အော်သံကြောင့် သူ့ပေါ်သို့ကျဆင်းလာသော အနက်ရောင်လျှပ်စီးမှာ ဖန်ကွဲစများကဲ့သို့ကွဲအက်သွားသည်။
“ဒါက..အဲတာကဘာကြီးလဲ”
လုံအောင်၏ ရုတ်တရက်ပြောင်းလဲမှုအားမြင်တွေ့လိုက်ရ
သောအခါတွင် တစ်စုံတစ်ယောက်က အလန့်တကြားအော်ပြောလိုက်သည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE