← Chapters

တင်းရှင့်၏သေဆုံးခြင်း

Vol. 5 Ch. 67

တင်းရှင့်၏သေဆုံးခြင်း

Vol. 5 Ch. 67

မန်ဟို မြောက်ပင်လယ်တစ်လျှောက် မြန်နိုင်သမျှ မြန်မြန်သွားနေသည်။ သူ့ ကိုယ်အတွင်းရှိ အမြုတေပင်လယ်က ပြင်းထန်စွာ လှုပ်ခါနေပြီး  မကြာခင်မှာပဲ ကန်‌‌ရေပြင်၏ မျက်နှာပြင်ကို တွေ့မြင်လိုက်ရသည် ။ သူပင်လယ်ရေထဲမှ ထွက်လာသည့်အတွက် ပတ်ပတ်လည်တွင်  လှိုင်းဂယက်များ ဖြစ်ပေါ်စေခဲ့သည်။

သူကန်ထဲမှ ထွက်လာသည်နှင့်တပြိုင်နက် သူ၏သစ်သားဓားနှစ်လက်သည် ဆန့်ကျင်ရာအရပ်များမှ လေထုကိုဖြတ်၍  သူ့ဆီသို့ ပျံသန်းလာခဲ့သည်။ ဓားနှစ်လက်က သူ့အနားတွင်ပျံဝဲနေပြီးနောက်  တစ်လက်သည် သူ့ခြေထောက်အောက်တွင် ရပ်တန့်သွားချိန်တွင် အခြားတစ်လက်မှာ သူ့ဘေးတွင်ဆက်လက်ပျံသန်းနေခဲ့သည် ။

ထိုအချိန်မှာပင် တင်းရှင့်လည်း ကန်ထဲမှထွက်လာပြီး ပျံသန်းလိုက်ချိန်တွင် မန်ဟိုကို‌တွေ့လိုက်ရသည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်သည့် အကြည့်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ မန်ဟို အသက်ရှင်နေသည်မှာ အဘယ်သို့ဖြစ်နိုင်မှာမည်နည်း။

“ဒါမဖြစ်နိုင်ဘူး! သူက ချီအခြေတည်အဆင့် မဟုတ်ပါဘူး။ ငါ့ဂိုဏ်းရဲ့ပြီးပြည့်စုံတဲ့ အရှေ့ဘက်က ခရမ်းရောင်ချီအပြင် ငါ့ကျင့်ကြံဆင့်ကိုအထိခိုက်ခံပြီး  ငါ့သက်တမ်းကိုစတေးထားခဲ့သေးတာ ဒါကိုဘယ်သူမှ ခံနိုင်ရည်မရှိနိုင်ဘူး။” သူ မန်ဟိုကို ငေးကြည့်ရင်း သူမြင်နေရသည်ကိုမယုံကြည်နိုင်ဖြစ်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်။

သူ မယုံကြည်လိုသည်မှာ လည်းဖြစ်ကောင်းဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အခုအချိန်တွင် သူကား စဦးချီဖွဲ့စည်းခြင်း အဆင့်(၉) ရှိမနေတော့ပေ။ စဦးချီဖွဲ့စည်းခြင်းအဆင့် (၈) သည်လည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေသေးသည်။ သူ့ ရင်ဘတ်က ဒဏ်ရာမှာလည်းမပျောက်ကင်းသေးဘဲ သူ့စိတ်ဝိညာဉ်စွမ်းအားများကလည်း ယိုစိမ့်နေသေးသည်။ သူမကြာခင် စဦးချီဖွဲ့စည်းခြင်းအဆင့်(၇) သို့ကျဆင်းသွားမည်ကို ကြောက်ရွံ့နေခဲ့မိသည်။

သူ၏မျက်နှာသည် ချက်ခြင်းပင် ဖြူဖျော့သွားလေသည်။ သို့သော်သူသည် ချင်းရွှယ်ဟန်နှင့်အခြားလို မဟုတ်ပေ။   မန်ဟိုအသက်ရှင် နေသည်ကို မြင်နေရသည့်အခါ တုန်လှုပ်သွားသော်လည်း မျက်စိတမှိတ်အတွင်း သတိပြန်၀င်သွားခဲ့သည်။ သူ တွေဝေမနေဘဲ ချက်ခြင်းလှည့်ပြေးလိုက်သည့်အခါ ဧရာမသစ်ရွက်ကြီးကား သူ့ခြေရင်းအောက်၌ပေါ်လာပြီး သူ့ကို အဝေးသို့ သယ်ဆောင်သွားခဲ့သည်။ သူသည် မတိုက်ခိုက်ပဲ ထွက်‌ပြေးနေခဲ့သည်။

သူ့အတွက် ထွက်ပြေးဖို့ကလွဲကပြီး အခြားရွေးချယ်စရာမရှိခဲ့ပေ။ သူပြောနိုင်သည်က မန်ဟို့ဒဏ်ရာများ အားလုံး ပြန်ကောင်းလားပြီး ကျင့်ကြံဆင့်ပင်တိုးတက်လာဟန်ရှိသော်လည်း သူကတော့ အတွင်းဒဏ်ရာ အများအပြားရရှိခဲ့သည်။ သူ့တွက် ပြန်လည်ဆုတ်ခွာရုံမှတပါး အခြားရွေးချယ်စရာမရှိပေ။

တင်းရှင့် ထွက်ပြေးသွားသည်ကို မန်ဟိုက သွေးအေးအေးဖြင့် ကြည့်နေခဲ့သည်။ သူသည် ချက်ခြင်းမလိုက်သွားသေးဘဲ ကန်ကို ငုံ့ကြည့်လိုက်ကာ နောက်ထပ်အရိုအသေပြုလိုက်သည်။

“ဒီကြီးမားလှတဲ့ ကျေးဇူးတရားကို ကျွန်တော့်ဘဝတ‌လျှောက်လုံး အမှတ်ရနေပါ့မယ်” ဟု မန်ဟို လေးလေးနက်နက် ပြောလိုက်သည်။ ထို့နောက်သူသည် ခေါင်းမော့ကာ သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ခြေထောက်အောက် ရှိသောဓားသည် အသံများထွက်ပေါ်လာပြီးနောက် တင်းရှင့်ကိုလိုက်လံရှာဖွေရန် တောက်ပသော အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

“ အခုကစပြီး မုဆိုးက သားကောင်ဖြစ်သွားပြီ။” ဟု‌ပြောလိုက်သော သူ့မျက်လုံးများတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နေခဲ့ သည်။ မှီခိုရာဂိုဏ်းမှ ထွက်ခွာသွားပြီးနောက် မန်ဟိုသည် ရှန့်ကွမ်းရှိုးမှလွဲ၍ တင်းရှင့်ကို သတ်ချင်သကဲ့သို့ မည်သူ့ကိုမျှ သတ်ပစ်ရန်ဆန္ဒမရှိခဲ့ပေ။ သူ၏လူသတ်ချင်စိတ်များသည် သူ့မျက်လုံးများသို့ပျံ့နှံ့ကာ အရောင်တောက်လာခဲ့သည် ။ သူ၏ဘ၀ တစ်လျှောက်လုံး ကျင့်ကြံနေသောကာလအတွင်း သူ ယခုလောက် ပြင်းထန်စွာဒဏ်ရာမရခဲ့ဖူးပေ။ တကယ်တော့ ဒါကိုဒဏ်ရာရသည်ဟုသတ်မှတ်၍ မရပေ။ သူ အသတ်ခံခဲ့ရပြီးပြီဖြစ်သည်။

တင်းရှင့်နောက်သို့ လိုက်နေသည့် အချိန်တွင် သူ့မျက်လုံးများက တောက်ပနေသည်။ မြောက်ပင်လယ်က သူ့အနောက်မှာ ကျန်နေခဲ့သည်။ အမွှေးတိုင် တစ်တိုင်ထွန်းစာ ကြည့်သည့်အချိန်တွင် သူ ဆေးလုံးများသောက်သုံးနေသည့်တိုင် ကျင့်ကြံဆင့်က ဆက်လက်ကျနေဆဲဖြစ်သော တင်းရှင့်ကို လိုက်မှီသွားခဲ့သည်။

မန်ဟိုက ဘာမှမပြောဘဲ ထိုအစား သူ့လက်ချောင်းကိုမလိုက်သည့်အခါ သူ့ဘေးနားတွင်‌ပျံနေသာ ဓါးပျံက တင်းရှင့်ထံ အရှိန်ဖြင့် ထွက်သွားသည်။ ဖြူဖျော့နေသော မျက်နှာဖြင့် တင်းရှင့်က နောက်သို့ကြည့်လိုက်သည်။ ထိုဓါးများ၏ ထူးခြားသော အစွမ်းကို သူကောင်းကောင်းသိသည်။ သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်သည့်အခါ အနက်ရောင် လေးတစ်လက် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။ သူ့ စိတ်ဝိညာဉ်စွမ်းအားများ ဆုံးရှုံးနေသည်ကို လျစ်လျူရှုလိုက်ရင်း လေးကြိုးကိုဆွဲကာ မြားတစ်ချောင်းပစ်လိုက်သည်။

မြားကား သစ်သားဓါးဆီသို့ ဦးတည်သွားသည်။ ထိုနှစ်ခု ဆုံသည့်အချိန်တွင် ပေါက်ကွဲသံကြီးထွက်လာပြီး မြားကားပြုတ်ကျသွားပြီး သစ်သားဓါးက သိမ့်သိမ့်တုန်သွားသည်။

မန်ဟိုကား အမူအရာမဲ့နေသည်။ သူ့လက်ချောင်းကို မလိုက်ပြန်သည့်အခါ သစ်သားဓါးက အရှေ့သို့ ထွက်သွားပြန်သည်။ တင်းရှင့်၏ မျက်နှာကား ဖြူဖျော့နေပြီး ရွေးချယ်ခွင့်မရှိဘဲ နောက်ထပ် မြားတစ်ချောင်း ထပ်ပစ်လိုက်ရပြန်သည်။

ကျယ်လောင်သော အသံထွက်လာပြီး သစ်သားဓါးက သူ့ထံဆက်လက်လာနေခဲ့သည်။

တင်းရှင့်မျက်လုံးမှာ သွေးများဖြင့် ရဲနေသည်။ သူ့ကျင့်ကြံဆင့်ကို လျော့ကျစေပြီး သူလုံးဝ ပင်ပန်းသွားအောင် တမင်လုပ်ကာ မန်ဟို ကလဲ့စားချေနေသည်ကို သူမမြင်နိုင်ဘဲ ရှိမည်လား။

စဦးချီဖွဲ့စည်းခြင်းအဆင့် (၉)မှ အဆင့်ကျသွားပြီးသည့်အခါ သူ့ဒဏ်ရာများက ပိုဆိုးလာခဲ့သည်။ သူကားအားနည်းနေပြီး သစ်သားဓါးနှင့် ပက်သက်ပြီး သူဘာမှ မလုပ်ဘဲ သူ့မြားကိုသာ ကာကွယ်ဖို့သုံးနေခဲ့ရသည်။ ကံမကောင်းစွာပဲ သူအားနည်းနေသည့်အတွက် သူ့မြမားမှာလည်း အားနည်းနေခဲ့သည်။ သူ ၆ ခုမြောက်မြားကို ပစ်လိုက်သည့်အခါ သူ့ကိုယ်က တုန်ခါသွားပြီး စဦးချီဖွဲ့စည်းခြင်းအဆင့် (၈) မှ အဆင့် (၇) သို့ကျသွားခဲ့သည်။

သစ်သားဓါးက ချက်ချင်းပင် သူ့ရင်ဘတ်ကို ထိုးမိသွားသည်။ ထိုဒဏ်ရာကား သေစေလောက်သည့် ဒဏ်ရာမဟုတ်သော်လည်း သွေးများက ထွက်လာခဲ့သည်။ တင်းရှင့်က အော်ဟစ်လိုက်ပြီး မြန်မြန်ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်သည်။ သစ်သားဓားသည်ချက်ချင်းပင်သူ့ရင်ဘတ်တွင်ဓားဖြင့်ထိုးကျခဲ့သည်။

စိတ်ဝိညာဉ်စွမ်းအင်များ ပိုမို ဆုံးရှုံးနေသည်ကို ခံစားလိုက်ရသည့်အခါ သူတုန်လှုပ်သွားခဲ့သည်။ သူ့ ယိမ်းယိင်နေသည့် ကျင့်ကြံဆင့်ကား စဦးချီဖွဲ့စည်းခြင်းအဆင့် (၈) မှ အဆင့် (၇) သို့  ထိုးကျသွားခဲ့သည်။

သူ့ကျင့်ကြံဆင့်က အမှန်တကယ် ဆုတ်ယုတ်သွားခြင်းမဟုတ်ခဲ့ပေ။ သို့သော်လည်း စိတ်ဝိညာဉ်စွမ်းအင်များကို အမြန်နှုန်းဖြင့် ဆုံးရှုံးနေခဲ့ရပြီး ပြန်လည် မကောင်းလာခဲ့ပေ။ စိတ်ဝိညာဉ်စွမ်းအင်များ အများကြီး ဆုံးရှုံးလိုက်ရခြင်းက သူ့စွမ်းအားများကို စဦးချီဖွဲ့စည်းခြင်းအဆင့် (၇) ၏စွမ်းအား အဆင့်တွင်သာ ရှိနေခဲ့စေသည်။

သူ ဆေးလုံးဆေးများကို သောက်သုံးနေခဲ့သော်လည်း ကံမကောင်းအကြောင်းမလှစွာဖြင့် စိတ်ဝိညာဉ်စွမ်းအင်များ စိမ့်ထွက်နေသော ဓားဒဏ်ရာနှစ်ခုရရှိခဲ့သည်။ အခုချက်ခြင်း ပြန်ကောင်းနိုင်ရန် နည်းလမ်းမရှိသေးပေ။

"ငါက ဇီယွင်ဂိုဏ်းက အတွင်းစည်း တပည့်ပဲ" တင်းရှင့်က ပြင်းပြင်းထန်ထန်အော်လိုက်သည်။ “မင်းငါ့ကို သတ်ရဲရင် ဇီယွင်ဂိုဏ်းက နှစ် ၁၀၀ အချိန်ယူရရင်တောင် မင်းကို လိုက်သတ်နေမှာ။ မင်းမသေမချင်း သူတို့ရပ်မှာ မဟုတ်ဘူး” သူ့အခြေအနေက မျှော်လင့်ချက်မဲ့ကာ ပြောမိပြောရာပြောနေမိသည်။ မန်ဟို၏ သစ်သားဓါး ဖြတ်သွားသည့်အခါ သူနောက်ထပ် သွေးထွက်သံယိုဖြစ်ကာ အော်ဟစ်လိုက်မိသည်။ ဓါးက သူ့ကို မထိုးဘဲ ရှရာလေး ဖြစ်ရုံသာ ဖြတ်လိုက်သော်လည်း စိတ်ဝိညာဉ်စွမ်းအင်များမှာ လျင်မြန်စွာပင် ယိုစီးသွားကြသည်။

"ငါ တစ်ခါသေပြီးသွားပြီ” မန်ဟိုက အေးဆေးစွာပြောလိုက်သည်။ သူ့မျက်လုံးများက အေးစက်နေကာ သူ့လက်ချောင်းများကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

အချိန်ကုန်လာခဲ့သည်။ မျက်စိတမှိတ်အတွင်းမှာပဲ တစ်နာရိကုန်သွားခဲ့ပြီး တင်းရှင့်၏ အော်သံများက ဆက်လက် ထွက်ပေါ်လာနေသည်။ သူ့ခန္ဓာကိုယ်သည် ထုံနေပြီး ရာနှင့်ချီသောဓားဒဏ်ရာများဖြင့်ပြည့်နေသည်။ သူ့ကိုယ်တွင်လည်း သွေးများရွှဲနေသည်။ ဒဏ်ရာများမှာ ဆိုးဆိုးရွားရွားကြီး မဟုတ်သော်လည်း သွေးများ အမြောက်အမြားထွက်နေခြင်းက သူ့ကို လူသေတစ်ယောက်နှင့် တူနေစေသည်။

တင်းရှင့်ကာ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့ကို အထိတ်လန့်ဆုံးမှာ သူ့ဒဏ်ရာမဟုတ်ဘဲ သူ ခန္ဓာကိုယ် ဇကာပေါက်ကဲ့သို့ ဖြစ်သွားသည်ကို ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအားများ သူ့ကိုယ်မှ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် စိမ့်ထွက်နေကြသည်။

စဦးချီဖွဲ့စည်းခြင်းအဆင့် အဆင့် (၆)၊ (၅)၊ (၄)…….

ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တင်းရှင့် မြေပေါ်လဲကျသွားကာ သွေးများ ထွက်လာသည်။ သူအလူးအလဲ ထလိုက်ကာ သပြေးနိုင်သမျှ မြန်မြန်ထွက်ပြေးလိုက်သည်။ သူ့တွင် ပျံနိုင်သည့် စွမ်းအားများမရှိတော့ပေ။ သူ့ကျင့်ကြံဆင့်က ကျသွားပြီး အခုဆိုလျှင် စဦးချီဖွဲ့စည်းခြင်းအဆင့် (၃) နှင့် ညီမျှနေသကဲ့သို့ ဖြစ်သည်။

“မန်ဟို မင်းငါ့ကို သတ်မယ်ဆိုရင် မင်းကို မြှုပ်စရာနေရာမရှိဖြစ်သွားအောင် လိုက်သတ်ကြလိမ့်မယ်။ ငါက ဇီယွင်ဂိုဏ်း က အတွင်းစည်းတပည့်ပဲ။ ငါသာ သေသွားမယ်ဆိုရင် ဒီကျိုးပြည်တစ်ခုလုံး ပြဿနာတက်သွားလိမ့်မယ်? မင်းငါ့ကို မသတ်ရဲပါဘူး” သူ့ တစ်ကိုယ်လုံးတုန်နေသည်။ သူ့အကြောက်တရားကို သူ့ဖာသာ ပြန်တွန်းလှန်လိုက်ရင်း သွေးများ အန်လိုက်သည်။

မန်ဟိုက တင်းရှင့်၏ ဧရာမသစ်ရွက်ကို ဆွဲယူလိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ သူ့လက်ကို ထပ်မံလှုပ်လိုက်သည့်အခါ သစ်သားကို တင်းရှင့်သို့ ပစ်လိုက်သည်။

အမွှေးတိုင် တစ်တိုင်ထွန်းစာခန့်ကြာပြီးသည်တွင်တော့ တောအုပ်အလယ်တွင် ရှိနေသော တင်းရှင့်မှာ ဂိုဏ်းကြီးတစ်ခုမှ ဂိုဏ်းသားတစ်ယောက်နှင့် မတူတော့ပေ။ သူက အာဃာတပြည့်နေသည့်အ မျက်လုံးများဖြင့် မန်ဟိုကို ကြည့်လိုကသည်။ ထို အာဃာသဆန်သည့် မျက်လုံးများထဲတွင် နောင်တများလည်း ပါနေသည်။ သူ့ရန်သူက မိစ္ဆာအမြုတေများ စားနေရခြင်းကို ကြည့်ချင်သည့် သူ့ဆန္ဒကို သူနောင်တရမိသည်။ အဲ့ဒီအစား ဘာမှ မကြည့်ဘဲ ချက်ချင်းသတ်ပစ်ခဲ့သင့်သည်။

"မင်းကိုငါသတ်ပစ်သင့်တယ်" သူက အံသွားကြိတ်လိုက်ကာ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်မှာ အသက်ရှူနေရခြင်းထက် သူ့ဒေါသကို ထုတ်ဖော်ပြရန် ပိုမိုစိတ်ဝင်စားပုံရသည်။

“မင်းငါ့ကို တစ်ခုခု သင်ပေးခဲ့တာကို မင်းသိလိုက်လား” ဟု မန်ဟိုကပြောလိုက်သည်။ သူ လက်စားချေလိုက်နိုင်ခဲ့ပြီ။ သူ့လက်ကို မလိုက်သည့်အခါ ဓါးက ပြုတ်ကျသွားခဲ့သည်။ တင်းရှင့်၏ ခေါင်းက လေထဲတွင် လွင့်သွားခဲ့ပြီး သွေးများက နေရာအနှံ့ ပြန့်ကျဲသွားသည်။ ခေါင်းက အတော်ဝေးဝေးကိုရောက်သွားပြီး လှိမ့်သွားကာ သစ်ပင်ကြီး တစ်ပင်အောက်တွင် ရပ်တန့်သွားခဲ့သည်။

သူ့မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြည့်နေသည်။ သူမယုံကြည်နိုင်ပေ အဘယ်ကြောင့်ဆိုသော် သူက ဇီယွင်ဂိုဏ်း ၏ တပည့်တစ်ယောက်ဖြစ်ပြီး စဦးချီဖွဲ့စည်းခြင်းအဆင့် (၉) တွင်ရှိသောသူဖြစ်သည်။ သူက ရွေးချယ်ခံဖြစ်ပြီး ချီအခြေ တည် အဆင့်သို့ရောက်သည့်အခါ တကယ့်ရွေးချယ်ခံအစစ်ဖြစ်လာပြီး သူ့နာမည်က တောင်ပိုင်းဒေသ တစ်လျှောက် ကျော်ကြား လာရမည်ဖြစ်သည်။

သို့သော်လည်း အခုတော့ ဝေးလံလှသီခေါင်တဲ့ ကျိုးပြည်ငယ်လေးမှာ သူ့လက်ထဲက ပိုးကောင်လို့အထင်သေးခဲ့သည့် မန်ဟို၏ သတ်ခြင်းကို ခံလိုက်ရကာ သေဆုံးသွားခဲ့သည်။

မန်ဟို သူ့မျက်လုံးကို အကြာကြီးမှိတ်ထားခဲ့သည်။ ဒီတစ်ကြိမ်က သူလူသတ်ဖူးသော မထမဆုံး အကြိမ်မဟုတ်တော့ဘဲ ဒီတစ်ကြိမ်တွင် စိတ်လှုပ်ရှားမှုများနှင့်လည်း ပြည့်မနေပေ။ သူသေသွားခဲ့ပြီဖြစ်သည်။

“ယန်ဇီကောင်းနဲ့တွေ့တဲ့နေ့က သူ့အဖော်တွေရော သူ့ကိုပါ သတ်ခဲ့သင့်တာ” သူ့မျက်လုံးများက စိတ်ပိုင်းဖြတ်မှုများနှင့် ပြည့်သွားသည်။ အဲ့ဒီအချိန်တုန်းက ယန်ဇီကောင်းကို သတ်နိုင်ရဲ့သားနဲ့ သူ့ရဲ့မပြတ်သားမှုကြောင့် ဖြစ်လာသည့် အကျိုးဆက် ကို သူကောင်းကောင်းကြုံတွေ့ခဲ့ရပြီဖြစ်သည်။

“ငါဒုတိယတစ်ခါ မသေချင်ဘူး” သူ့ညာလက်ကိုမလိုက်ပြီး လက်ယက်ခေါ်သည့်ဟန် လုပ်လိုက်သည့်အခါ တင်းရှင့်၏ သိုလှောင်အိတ်က ပျံထွက်လာခဲ့သည်။ ထို့နောက် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ မြွေမီးတောက် ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ တင်းရှင့်၏ ကိုယ်ခန္ဓာကိုလောင်ကျွမ်းသွားကာ ပြာများသာ ကျန်ခဲ့တော့သည်။

မန်ဟို လှည့်ထွက်သွားလိုက်သည်။

ညနေရောက်လာသည့်အခါ မန်ဟိုက အဝေးသို့ထွက်သွားလိုက်သည်။ နှင်းများက ကောင်းကင်ပေါ်မှ စတင်ကျဆင်း လာနေပြီး သူ့ကိုရော၊ သူ့ခြေရာများနှင့် သွေးညှီနံ့များကိုပါ ဖုံးလွှမ်းသွားသည်။ သူသွားရာ လမ်းတစ်လျှောက် ဆီးနှင်းက သူ့ကို အဖော်ပြုပေးနေသည်။

“ငါက ဆောင်ရာသီရဲ့ ဆီးနှင်းပါ။ တကယ်လို့ နွေရာသီနဲ့ ငါက သိပ်နီးကပ်သွားခဲ့ရင် အဲ့ဒီအခါ…. နွေက ငါ့ကို အရေည်ပျော် စေလိမ့်မယ်။ ဒီကမ္ဘာက ဆီးနှင်းရဲ့ ကမ္ဘာမဟုတ်သလို ငါ့ရဲ့ ကမ္ဘာလည်း မဟုတ်ခဲ့ဘူး” မန်ဟိုက ဟိုးဝေးဝေးသို့ ပျောက်ကွယ်သွားသည်။ သူ့ကိုကြည့်ရသည်မှာ စာပေပညာရှင်နှင့် တူသော်လည်း အတွင်းသဏ္ဌာန်တွင်တော့ သူကား ဆီးနှင်းကဲ့သို့ပင် အေးစက်လေသည်။

***

All Chapters