မည်သူ၏ ကျိုးပျက်လက်ဝါးဖြစ်သနည်း
Vol. 144 Ch. 1988
“ကလန်လား…” ဝမ်လင်းသည် သူ့ကျင့်ကြံခြင်းကနေ နိုးထလာ၏။ သူ့မျက်လုံးထဲတွင် အတိတ်ကို အောက်မေ့မှုတို့ ပြည့်လာသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက တည်ငြိမ်စွာ ပြောလာသည်။ “ငါဟာ တာအိုခုနစ်ခုကလန်ကနေ လာခဲ့တာပဲ…”
“တာအိုခုနစ်ခုကလန်လား…” ဟိုင်းဇီသည် စဉ်းစားသွား၏။ သူမသည် အစွမ်းထက်ကလန်များထဲ၌ တာအိုခုနစ်ခုကလန် မရှိဟု ထင်မိ၏။
“အရှေ့ပိုင်းကုန်းမြေ၊ တာအိုခုနစ်ခုကလန်ဟာ ကလန်ငယ်လေးတစ်ခုပါ…” ဝမ်လင်းက သက်ပြ်ငးချမိ၏။ တစုံတစ်ယောက်က သူ့ကို သူ့ကလန်နှင့် ပတ်သတ်၍ မေးလာသည့်အခါ သူသည် မွေးရပ်မြေကို လွမ်းမိလေ၏။
အင်ပါယာအတုဟိုင်းဇီက ညင်သာစွာ ပြောလာပြန်သည်။ “ငါ့မှာတော့ ကလန်မရှိဘူး။ ငါဟာ ကလေးဘဝတည်းက ဆရာ့နောက်ကို လုက်ခဲ့ပြီး အင်ပါယာတောင်မှာ ကြီးပြင်းလာခဲ့တာပဲ…”
“အင်ပါယာတောင်ဟာ အလွန်လှတယ်။ ဒီရာသီဆို ဒီတောင်မှာ သစ်ရွက်နီတွေ ဖုံးနေလောက်ပြီ။ နင့်မှာ အခွင့်အရေးရှိရင် နင် အင်ပါယာတောင်ကို လာလည်သင့်တယ်…”
သူတို့ စကားစမြည် ပြောနေကြစဉ် ဒီပေတစ်ထောင်ဧရိယာအတွင်း အခြေအနေက တမျိုး ဖြစ်လာ၏။
“နင့်ရဲ့ အင်ပါယာအတုတိုက်ခိုက်စွမ်းအားနဲ့ဆို တောင်ပိုင်းကုန်းမြေရဲ့ မဟာအင်ပါယာတောက်ရီက နင့်ကို စည်းရုံးဖို့ ကြိုးစားခဲ့မှာပဲ…။ နင် သဘောမတူခဲ့ဘူးလား…”
အင်ပါယာအတုဟိုင်းဇီ၏ အကြည့်က ဝမ်လင်းပေါ် ကျရောက်လာ၏။
“မတူခဲ့ဘူး…” ဝမ်လင်းက ခေါင်းယမ်းသည်။
ထိုအခါ ဟိုင်းဇီက ပြုံး၍ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ခပ်တိုးတိုး ဆို၏။ “ငါ့ဆရာဟာ အတော့်ကောင်းတဲ့ လူတစ်ယောက်ပဲ။ နင် သူ့နောက်ကိုရော ဘာကြောင့် မလိုက်ချင်ရတာလဲ…”
“ငါ အခုလက်ရှိမှာ ဒီကိစ္စကို မစဉ်းစားရသေးဘူး…” ဝမ်လင်းက တိုက်ရိုက် မငြင်းဆန်ပေ။ အချိန်ဆွဲထားလိုက်၏။
“နင် ကျင့်ကြံတာ ဘယ်လောက် ကြာမြင့်ခဲ့ပြီလဲ…” ဟိုင်းဇီက ရုတ်တရက် မေးလာ၏။
“နင့်လောက်တော့ မကြာလောက်သေးဘူး…” ဝမ်လင်း မျက်မှောင်ကြုတ်သွား၏။
ဟိုင်းဇီက ထိုအဖြေကို ကြားသည့်အခါ ပါးစပ်ဟကာ ရယ်မောတော့၏။ သူမအနေဖြင့် ထိုသို့ ရယ်မောသည်မှာ ပထမဆုံးအကြိမ်ပင်။
“နင့်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ နင်ဟာ အင်ပါယာအတုစွမ်းအားကို ပိုင်ဆိုင်နေပြီ။ ဒါပေမဲ့ နင်က ထွက်သွားဖို့ အလျင်စလို ဖြစ်မနေခဲ့ဘူး။ ဆိုလိုတာက ငါ့မှာ တာအိုလက်တွဲဖော် မရှိတဲ့ပုံပဲ။ မဟုတ်ရင် နင် ဒီလို တစ်စက်လေးမျှ မစိုးရိမ်တဲ့ပုံ ပေါ်နေမှာ မဟုတ်ဘူး…”
ဟိုင်းဇီက ရယ်ကာမောကာဖြင့် ပြောလာသည်။
ဝမ်လင်းသည် မျက်မှောင်ထပ်ကြုတ်မိသွားပြန်သည်။ သူက သူ့ရှေ့ရှိ ထိုမိန်းမလှကို ကြည့်သည်။ သူသည် သူမနှင့် ပတ်သတ်၍ တခုခု ထူးဆန်းနေသလို ခံစားမိသည်။
“အခု ငါတို့နှစ်ယောက်လုံးက ဒီမှာ ပိတ်မိနေပြီး နင်က ငါ့ကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်မသွားခဲ့ဘူးပဲ။ ဒါ့ကြောင့် ဒီနေရာမှာ အမကြီးက နင့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုရင်ရော….ဘယ်လိုလဲ….”
ဟိုင်းဇီက ဒီကိစ္စကို ပြောနေရခြင်း၌ အတော်လေး စိတ်ဝင်တစား ရှိနေသည့်ပုံပင်။
“ပုံပန်းရုပ်သွင်ကတော့ ပုံမှန်ပဲ။ ဒါပေမဲ့ သိသာတဲ့ဟန်ပန်အသွင် ရှိတယ်။ မဆိုးပါဘူး…”
“ကျင့်ကြံမှုအဆင့်ကလည်း သာမန်ပဲ။ ဒါပေမဲ့ အင်ပါယာအတုစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ သိပ်ကောင်းတယ်…”
“ယေဘုယျခြုံပြောရရင် အတော်လေး ကောင်းမွန်ပါတယ်။ ငါတို့ ဒီက ထွက်သွားရင် ဒီအမကြီးက နင့်ကို တာအိုလက်တွဲဖော်တစ်ယောက် ရှာပေးဖို့ ကူညီပေးမယ်ဆိုရင်ရော ဘယ်လိုလဲ…”
အင်ပါယာအတုဟိုင်းဇီ၏မျက်လုံးက အရောင်လဲ့လာ၏။ သူမက ဝမ်လင်းကို ကြည့်ကာ သူမ၏ စွဲညှို့နိုင်လှသော နှုတ်ခမ်းတစုံကို သပ်သည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အေးစက်စက် ပြောလိုက်သည်။ “နင့်ရဲ့ ညှို့ယူဖမ်းစားတဲ့မန္တာန်ကို ပြန်သိမ်းထားလိုက်…”
အင်ပါယာအတုဟိုင်းဇီ မျက်မှောင်ကြုတ်သွား၏။ သူမက စကားပြောရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်း၏မျက်လုံးထံမှ ရွှေရောင်အလင်းတစ်ခု ထုတ်လွှတ်လာ၏။ သူ၏မျက်လုံးထံမှ ဖိနှိပ်ခြင်းအားတစ်ခုလည်း ထွက်ပေါ်လာသည်။ ထိုအကြည့်ကြောင့် ဟိုင်းဇီသည် စကားဆက်မဆိုတော့ပေ။
“နင် ဒီမှာ အချိန်အကြာကြီး ပိတ်မိနေတော့ တစ်ယောက်ယောက်နဲ့ စကားပြောချင်ရင် ငါ နင့်ကို ကူညီပေးလိုက်မယ်…” ဝမ်လင်းက ထိုသို့ ပြောပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်တွင် အရိပ်တစ်ခု ပေါ်လာ၏။ သူ၏ သတ်ဖြတ်ခြင်းမိုးကြိုးအနှစ်သာရခန္ဓာကိုယ် လှမ်းထွက်လာကာ သူနှင့် ဟိုင်းဇီတို့ကြားတွင် ထိုင်ချလိုက်၏။
“ငါ့ကိုယ်ပွားနဲ့ စကားပြောလိုက်ပါ။ ငါ ကျင့်ကြံနေတာကိုတော့ မနှောက်ယှက်နဲ့တော့…”
ထိုသို့ပြော၍ ဝမ်လင်းက ဟိုင်းဇီနှင့် ပိုဝေးသော ထောင့်တစ်ခုဆီ လှမ်းလျှောက်သွားတော့သည်။ ထို့နောက် သူက ထိုင်ချကာ တတိယမြောက် တောင်တန်းပင်လယ်သစ်ပင်၏ စိတ်ဝိညာည်ကို စတင် သန့်စင်တော့သည်။
အင်ပါယာအတုဟိုင်းဇီသည် မင်သက်သွား၏။ သူမက ဝမ်လင်းသည် ထိုနည်းလမ်းကို တွေးလိမ့်မည်ဟု မထင်ထားမိပေ။ သူမ မျက်မှောင်ကြုတ်သွားကာ အေးစက်စက်အော်ရာကို ပေးစွမ်းပြီး သူမကို အေးတိအေးစက် စိုက်ကြည့်နေသော သတ်ဖြတ်ခြင်းမိုးကြိုးအနှစ်သာရခန္ဓာကိုယ်ကို ကြည့်၏။ သူမက နှာခေါင်းရှုံ့ကာ သူမလည်း စတင်ကျင့်ကြံတော့သည်။
“အင်ပါယာဟိုင်းဇီနဲ့ ပတ်သတ်လို့ တခုခုထူးခြားနေတယ်….”
ဝမ်လင်၏ မူရင်းခန္ဓာကိုယ်က ကျင့်ကြံဖို့ ထိုင်ချလိုက်ချိန်၌ သူက ဟိုင်းဇီကို လှမ်းကြည့်ကာ သူ့မျက်လုံးသူငယ်အိမ်သည် မဆိုသလောက် ကြုံ့သွားမိသည်။
“ကျိုးပျက်လက်ဝါး ထပ်ပေါ်လာခဲ့တဲ့အချိန်တုန်းက ငါ့အနေနဲ့ ဒီလက်ဝါးနဲ့ ပတ်သတ်လို့ တစ်ခုခု ပြောင်းလဲသွားခဲ့ပြီလို့ မူလတုန်းက ထင်နေခဲ့တာ။ ၎င်းက ငါ့ရှိ ပျံသန်းလာခဲ့တာ မဟုတ်ဘဲ သူမကို အရင်ဆုံး တိုက်ခိုက်လာခဲ့တာပဲ…”
”အခု ကြည့်ရတာ လျှို့ဝှက်ချက်အချို့ ရှိနေတဲ့ပုံပဲ…” အင်ပါယာအတုဟိုင်းဇီနှင့် ပတ်သတ်သည့် ပြောင်းလဲမှုက အတော့်ကို ထူးဆန်းနေ၏။ သို့သော် ဝမ်လင်းသည် ခန္ဓာကိုယ်တစ်ခုတည်း၌ စိတ်ဝိညာဉ်နှစ်ခုလိုမျိုး ရှိနေသည်ကိုမူ သတိမပြုမိပေ။
“ပထမတုန်းက ဟိုင်းဇီက ငါ့ကို ပုံမှန်လိုပဲ ခံစားချက်ကို ပေးတယ်။ ဒါပေမဲ့ အခု သူမက နည်းနည်း သရိုးသရီ ဖြစ်နေတဲ့ပုံပဲ…” ဝမ်လင်းက မျက်မှောင်ကြုတ်သွားမိကာ ခဏတဖြုတ် စဉ်းစားကြည့်သည်။ ထို့နောက် သူက ဒီကိစ္စကို လစ်လျူရှုကာ သူ့ကိုယ်သူ တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ကို စုပ်ယူခြင်း၌သာ နစ်မြုပ်ထားလိုက်တော့သည်။
ဖြတ်ခနဲအတွင်း အချိန်သုံးနှစ် ကုန်လွန်သွားခဲ့လေပြီ။
သည်သုံးနှစ်အတွင်း ဝမ်လင်းက ဟိုင်းဇီကို လစ်လျူရှုထား၏။ သူက တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ကိုသာ ဆက်လက် စုပ်ယူနေပြီး သူ၏ခန္ဓာကိုယ်ထဲရှိ သစ်သားအနှစ်သာရက ကြီးထွားလာနေသည်။ သုံးနှစ်ကြာပြီးနောက် သူက စိတ်ဝိညာဉ်လေးခုကို စုပ်ယူခဲ့ပြီးသည့်အခါ သူ့သစ်သားအနှစ်သာရသည် အဆင့်ငယ်ပြီးပြည့်စုံမှုသို့ ရောက်ရှိလာခဲ့လေပြီ။
ဝမ်လင်း၏အရေပြားပေါ်တွင် အစိမ်းရောင်ပုံစံကွက်များ ပေါ်လာ၏။ ယင်းတို့က အပင်သွေးကြောများကဲ့သို့ပင်။ ၎င်းက ဝမ်လင်းကို ထူးခြားသလိုအသွင်မျိုး ထင်ရစေသည်။
သည်သုံးနှစ်အတွင်း အင်ပါယာအတုဟိုင်းဇိကလည်း စကားတခွန်းမှ မဆိုပေ။ သူမသည်လည်း ဝမ်လင်းကဲ့သို့ ကျင့်ကြံခြင်း၌သာ နစ်မြုပ်ထား၏။ သူမ၏အမူအရာက ရံဖန်ရံခါတွင် ပြောင်းလဲသွားလေသည်။ သူမ မည်သည့်မန္တာန်ကို ကျင့်ကြံနေသည်ကိုမူ မသိရနိုင်ပေ။
သည်သုံးနှစ်အတွင်း အပြင်ဘက်၌ ကျယ်လောင်စွာ တုန်ဟည်းသံတို့ ထွက်ပေါ်နေ၏။ ပြင်းထန်သောအားတစ်ခုက အလင်းလိုက်ကာစကို ထုရိုက်နေသည့်အလား။ အချိန်ကုန်လာသည်နှင့်အမျှ ထိုတုန်ဟည်းမြည်သံက ပိုကျယ်လောင်လာသည်။
ပေတစ်ထောင်အလင်းလိုက်ကာစသည် လွန်ခဲ့သော သုံးနှစ်ကျော်က ကြုံ့မည့် အရိပ်အယောင်များ ပြသလာ၏။
သုံးနှစ်နောက်ပိုင်း လေးလမြောက်တွင် ကျယ်လောင်စွာ တုန်ဟည်းသံတစ်ခုသည် အရင်ထက် အဆများစွာ ပိုကျယ်လောင်စွာ ဟိန်းထွက်လာ၏။ ၎င်းအသံက ဝမ်လင်း၏ ကျင့်ကြံမှုကို နှောက်ယှက်သွားသဖြင့် သူက မော့ကြည့်လိုက်သည်။
သူ့အမူအရာ ပြောင်းလဲသွားကာ ရှေ့သို့ ခြေလှမ်း၏။ သူ ရှေ့သို့ ခြေလှမ်းစဉ် ပေတစ်ထောင်အလင်းလိုက်ကာစက ရုတ်တရက် ကြုံ့လာသည်။
၎င်းသည် ပေငါးရာထိ ကြုံ့သွား၏။ ဟိုင်းဇီလည်း ကျင့်ကြံခြင်းကနေ နိုးထလာကာ ရှေ့သို့ ခြေလှမ်းသည်။
ကျယ်လောင်စွာ တုန်ဟည်းမြည်သံက နာရီဝက်နီးပါး ကြာမြင့်ပြီးနောက်မှ ဖြည်းဖြည်းချင်း လွင့်ပြယ်သွား၏။ အလင်းလိုက်ကာစမှာလည်း ပေငါးရာထိ ကြုံ့သွားခဲ့လေပြီ။ ပေငါးရာက ဝမ်လင်းနှင့်ဟိုင်းဇီတို့ကို အတော်လေး နီးနီးကပ်ကပ် ဖြစ်သွားစေပေသည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။
“ကြည့်ရတာ ဒီလိုက်ကာစက ဆယ်နှစ်တောင် တောင့်ခံနိုင်ပါ့မလား…”
အင်ပါယာဟိုင်းဇီ၏ အသွင်အပြင်နှင့် ပြောဆိုပုံသည် လွန်ခဲ့သောနှစ်အချို့ကနေ ကွာခြားသွားခဲ့လေပြီ။ သူမက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပုံ ရသည်။
အင်ပါယာအတုဟိုင်းဇီက မျက်မှောင်ကြုတ်ကာ အကူအညီမဲ့ဟန် လှစ်ဟပေါ်သည်။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူမက အလင်းလိုက်ကာစထံ မော့ကြည့်ကာ အမှောင်ထုအတွင်း ပုန်းနေသော ဝိုးတဝါးပုံရိပ်ကို မြင်၏။ ထိုပုံရိပ်ကလည်း သူ့ကို ပြန်ကြည့်နေသလို ထင်ရသည်။
သူတို့အကြည့်ချင်း ဆုံသည့်အခါ ဝမ်လင်း၏စိတ်နှလုံးသည် တုန်ယင်သွားမိ၏။
“ဒီပုံရိပ်က ငါတို့ကို စိုက်ကြည့်နေတယ်။ ငါတို့ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတာပဲ…” အင်ပါယအတုဟိုင်းဇီသည် ထိုသို့ ပြောနေရင်း သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ဖြစ်ပေါ်သည်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒါက ကျိုးပျက်လက်ဝါးပဲ…”
“ဒါပေမဲ့ ဒါဟာ ဘယ်သူ့ရဲ့ ကျိုးပျက်လက်ဝါးလဲ…” ဝမ်လင်း၏ မျက်လုံးက အရောင်တောက်သွားသည်။ အင်ပါယာဟိုင်းဇီ မင်သက်နေစဉ် သူက အထက်သို့ ပျံတက်၏။
ဝမ်လင်း၏ရုတ်တရက် လှုပ်ရှားမှုက အင်ပါယာအတုဟိုင်းဇီကို စိုးရိမ်ပူပန်ဟန်အကြည့် ဖြစ်ပေါ်သွားစေ၏။ သူမကလည်း နောက်မှ လိုက်လာရန် ဟန်ပြင်သည်။
“လိုက်မတက်လာနဲ့။ နင် ငါနဲ့ ပတ်သတ်လို့ တစ်ခုခုမှားနေပြီလို့ ထင်မိရင် ငါ့ကို ချက်ခြင်း နှိုးလိုက်ပါ…” ဝမ်လင်းက ပြန်လှည့်မကြည့်ပေ။ သို့သော် သူ့စကားသံက ဟိုင်းဇီ၏စိတ်ထဲတွင် ပေါ်လာ၏။
ဟိုင်းဇီက ရပ်လိုက်ကာ ပျံတက်သွားသော ဝမ်လင်း၏နောက်ကျောကို ကြည့်၏။ တချို့အကြောင်းပြချက်များကြောင့် လွန်ခဲ့သောနှစ်အချို့က ဝမ်လင်း သူမအတွက် ထိုလက်ဝါးကို တားဆီးပေးခဲ့သော မြင်ကွင်းက သူမစိတ်ထဲတွင် ပြန်ပေါ်လာ၏။
ဝမ်လင်းက အလင်းလိုက်ကာစအစွန်းနားထိ ချက်ခြင်း ရောက်သွား၏။ သူက အလင်းလိုက်ကာစနှင့် သုံးပေပင် မလိုတော့ပေ။ သူ နီးကပ်လာသည့်အခါ အလင်းလိုက်ကာစ အပြင်ဘက်မှ ဝိုးတဝါးပုံရိပ်ကလည်း သူ့ထံ ရွှေ့လျားလာ၏။
အလင်းလိုက်ကာစ၏ အပြင်ဘက် သုံးပေလောက်အကွာတွင် ထိုဝိုးတဝါးပုံရိပ်က ရပ်သွား၏။ ၎င်းသည် ဝမ်လင်းနှင့် ခြောက်ပေလောက်သာ ကွာပေတော့သည်။
၎င်းမှာ အရေပြား မရှိသော မျက်နှာတစ်ခု ဖြစ်နေသလို သွေးအလိမ်းလိမ်းနှင့် အတော့်ကို ကြောက်မက်ဖွယ်ကောင်း၏။ သို့ပေမည့်လည်း ၎င်းမျက်နှာထံတွင် ထည်ဝါခမ်းနည်းမှု ပါဝင်နေချေ၏။ သို့သော် ယင်းပုံရိပ်က ဝေဝါးစွာသာ မပီမပြင် ရှိနေတုန်းပင်။
ထိုအရိပ်၏မျက်နှာကို တွေ့မြင်သည့်နောက် ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကြုံ့သွားကာ မယုံကြည်နိုင်ဟန် အကြည့် လှစ်ဟပေါ်၏။ သူ့စိတ်ထဲသို့ မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားမိပြီး သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။
ဝေဝါးဝါး အရေပြားကင်းမဲ့သော မျက်နှာ၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်ကာ ဝမ်လင်း၏မျက်လုံးတွင်းသို့ ဦးတည်ထွင်းဖောက်လာသလို ထင်မှတ်ရ၏။
ဝမ်လင်း၏စိတ်က တုန်ဟည်းသွားကာ အသိစိတ်လွတ်သွား၏။ သူ့စိတ်ထဲတွင် ထိုအကြည့်၌ ထာဝရမျက်လုံးတစုံ ပါဝင်နေသည့်အလား။ ထိမျက်လုံးတစုံတွင် ပြောပြ၍ပင် မရသော ထူးခြားမှုအာရုံ ပါဝင်နေသေးသည်။ ၎င်းက အသံတစ်ခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်သည်။
“လာ…လာခဲ့…လာခဲ့…”
ထိုအသံ ထွက်ပေါ်လာသည့်အခါ ဝမ်လင်း၏ခန္ဓာကိုယ်မှ နှလုံးခုန်သံ ကျယ်လောင်စွာ မြည်ကာ ယင်းအသံကို အဆက်မပြတ် ခုခံသည်။ ဝမ်လင်းသည် ရုတ်တရက် နိုးလာ၏။ သူက အင်ပါယာအတုဟိုင်းဇီ၏ စိုးရိမ်တကြီး ခေါ်သံများကို ကြားလိုက်ရ၏။ မွှေးရနံ့တစ်ခုက သူ့ထံ ဝေ့ခတ်လာကာ သူမသည် သူ့နား ရောက်လာခဲ့သည်။
“ငါ အဆင်ပြေပါတယ်…” ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူသည် အလင်းလိုက်ကာစနှင့် တစ်ပေလောက်သာ ကွာပေတော့သည်။ နောက်ထပ် ခြေတလှမ်းလှမ်းလိုက်သည်နှင့် သူ့အနေဖြင့် အလင်းလိုက်ကာ၏အပြင်သို့ ရောက်သွားပေလိမ့်မည်။
ဝမ်လင်း သတိပြန်ဝင်လာသည့်အခါ ဝိုးတဝါးပုံရိပ်ကာ အော်သံ ပြုကာ အလင်းလိုက်ကာစကို တိုက်ခိုက်၏။ အလင်းလိုက်ကာစသည် အပြင်းအထန် တုန်ခါသွားသော်လည်း မကျိုးပျက်သွားပေ။
“ကောင်းကင်ဘုံဘိုးဘေး…” ဝမ်လင်း၏အကြည့်က အလင်းလိုက်ကာစကို ထွင်းဖောက်ကာ အဆက်မပြတ် တိုက်ခိုက်နေသော ပုံရိပ်ပေါ်သို့ ကျရောက်သွားလေ၏။