မြင့်မြတ်သောကောင်းကင်ဘုံသားကျင်း
Vol. 144 Ch. 1992
အရှေ့ပိုင်းကုန်းမြေ၏ မြောက်ဘက်ပိုင်းတွင် မဟာပဏ္ဍိတကုန်းမြေဟု ခေါ်တွင်သော ကုန်းမြေတစ်ခု ရှိပေသည်။
ထိုကုန်းမြေသည် ခေါင်လွန်းသဖြင့် ကောင်းကင်ဘုံနွားထီးကုန်းမြေထက်စာလျှင် လူသူများစွာ ကင်းမဲ့သည်။ သို့သော် ထိုအချက်က ကျင့်ကြံသူများအတွက်သာ။ သေမျိုးများကမူ ဒီကုန်းမြေတွင် များပြားစွာ ရှိပေ၏။ မြေနေမြေထား ကောင်းမွန်သဖြင့် အပင်များက ဟိုဟိုဒီဒီ ပေါက်နေသည်။ မဟာပဏ္ဍိတကုန်းမြေပေါ်ရှိ သေမျိုးများက သက်သာချောင်ချိသော ဘဝတွင် နေထိုင်ရှင်သန်ကြသည်။
ကောင်းကင်ဘုံသားများ၏ ကောလဟာလစကားများက မရေမတွက်နိုင်သော နှစ်များစွာကြာ သေမျိုးများကြား လက်ဆင့်ကမ်းခဲ့ကြပေသည်။ ထို့ကြောင့် လူတိုင်းနီးပါးက ကောင်းကင်ဘုံသားများကို ပူဇော်သမှု ပြုကြ၏။ သူတို့အားလုံးကလည်း ကောင်းကင်ဘုံသားများ ဖြစ်လာချင်ကြသည်။
သို့ပေမည့် ဒီကုန်းမြေပေါ်ရှိ ကလန်များသည် အပြင်ဘက်သို့ ထွက်ခဲလှ၏။ ဖြစ်နိုင်သည်မှာ ဒီကုန်းမြေပေါ်ရှိ နံပါတစ်ကလန်၏ ထူးခြားဆန်းကြယ်မှုကြောင့် ဖြစ်နိုင်ကောင်းသည်။ ယင်းကလန်က တုန်လင်းကလန်ပင်။
တန်လင်းကလန်၏ ဆန်းကြယ်မှုက သူတို့ကို ကလန်ကိုးခု၊ အင်အားစုဆယ့်သုံးခုကြား၌ မထင်မရှား ဖြစ်စေခဲ့၏။ သူတို့၏ တပည့်များက အပြင်ဘက်သို့ ထွက်ခဲကာ အများစုသည် ကလန်အတွင်း၌သာ ကျင့်ကြံနေတတ်၏။
မဟာပဏ္ဍိကုန်းမြေအထက်ရှိ ကောင်းကင်ယံတွင် အဖြူရောင်တိမ်စိုင်များစွာ ရှိနေပေ၏။ ယင်းတိမ်စိုင်တို့က ကောင်းကင်ကို တနှစ်ပတ်လုံး ဖုံးအုပ်ထားသည်။ တိမ်ဖြူဖြူများက ကောင်းကင်၏အစိတ်အပိုင်း ဖြစ်လာသည့်နှယ်။ တိမ်စိုင်တိမ်ဖြူတို့မရှိသည့် အခါကျလျှင်သာ သေမျိုးများသည် အံ့အားတသင့် ဖြစ်မိပေလိမ့်မည်။
သည်အခိုက်၌ ဒီကုန်းမြေ၏ သေမျိုးမြို့တစ်မြို့ အပြင်ဘက်တွင် လူတစ်ရာနီးပါး ရပ်နေကြသည်။ ထိုသူတို့ကို လူအိုသုံးလေးယောက်က ဦးဆောင်ထား၏။ သူတို့၏ အစေခံများက သူတို့ကို ဖေးကူပေးထားရပြီး သူတို့စောင့်နေသည်မှာ အချိန်နှစ်နှစ်ရီလောက် ရှိနေပေပြီ။
ကျန်သည့်လူများကလည်း အတော့်ကို စိတ်ရှည်ကြလေ၏။ သူတို့သည် အကွာအဝေးတစ်ခုသို့ ကြည့်ကာ တစုံတစ်ခုကို စောင့်နေသည့်အလား။
သို့သော် သူတို့ စောင့်နေတာက အတော်ကြာနေပြီပုံ ရ၏။ နောက်တနေရာရီကြာပြီးနောက် နေမွန်းတည့်ချိန် ရောက်လာခဲ့လေပြီ။ ပူပြင်းသော နေမင်းက မြေကမ္ဘာပေါ်သို့ တောက်ပလေ၏။ လေများသည်ပင် ပူလာလေ၏။
တချို့လူများက ဆက်ပြီး တောင့်မခံနိုင်ကြတော့ပေ။သူတို့သည် ခိုင်ကျဉ်သော စိတ်နှလုံး ရှိနေလျှင်ပင် နေအပူကြောင့် ကသိကအောက် ဖြစ်လာကြ၏။ သက်လတ်ပိုင်းလူများထဲမှ တစ်ယောက်က အစေခံတစ်ယောက်ထံမှ ရေခဲတုံးတစ်ခုကို တောင်းယူလိုက်ပြီး သူ့နှဖူးပေါ်သို့ တင်လိုက်သည်။ သူသည် အထွန့်တက်ကာ မပြောမိဘဲ မနေနိုင်ဖြစ်သဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ကြီးမြတ်တဲ့ ကောင်းကင်ဘုံသားက ဒီကို လာဖို့ မေ့များ နေလား။ ကျုပ်တို့ စောင့်နေတာ သုံးနာရီနီးပါး ရှိနေပြီ။ အခုဆို နေမွန်းတည့်ချိန်၊ အပူပြင်းဆုံးအချိန် ဖြစ်နေပြီ။ ကျုပ်တို့ ဘယ်လောက်ကြာကြာ စောင့်ရအုံးမှာလဲ…”
ရှေ့ဆုံးမှ ပိန်သွယ်သွယ်အဘိုးအိုက ထိုသူ၏စကားကို ကြားသည့်အခါ ချက်ခြင်းလှည့်ကာ ဟောက်လိုက်၏။ “ပါးစပ်ပိတ်ထားစမ်း…။ မြင့်မြတ်တဲ့ကောင်းကင်ဘုံသား ရောက်မလာခဲ့ရင်လည်း အကြောင်းကိစ္စရှိလို့နေမှာပဲ။ မင်း ဆက်ပြီး မစောင့်ချင်ရင် ဘယ်သူမှ မင်းကို အတင်းမတားထားဘူး…”
ထိုအဘိုးအို၏ ဆူငေါက်ခြင်းကို ခံလိုက်ရသည့်အခါ အနှီသက်လတ်ပိုင်းလူသည် အပြုံးတစ်ခုကို ထုတ်ဖော်ကာ ရှင်းပြန်ရန် ဟန်ပြင်လိုက်သည်။
“ဟက်…ဒီအဘိုးအိုနဲ့ ရောင်ရင်းအချို့က မြင့်မြတ်တဲ့ကောင်းကင်ဘုံသားကို ဒီကို လာဖို့ အချိန်အကြာကြီး တောင်းပန်ခဲ့ရတာ။ ငါ့အသက်အရွယ်နဲ့တောင် ဒီမှာ စောင့်နေပြီး ဘာမလေးစားမှုမှ မပြဝံ့ဘူး။ မြင့်မြတ်တဲ့ကောင်းကင်ဘုံသားကို စော်ကားမိရင် မင်းရဲ့တမိသားစုလုံး ဒီမြို့ကနေ ထွက်သွားရလိမ့်မယ်…”
ထိုအဘိုးအိုက သက်လတ်ပိုင်းလူကို ရန်လိုဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အစေခံတစ်ယောက်ထံမှ ရေခဲစွတ်ထားသော လက်ကိုင်ပဝါကို တောင်းယူကာ သူ့နှဖူးကို သုတ်လိုက်သည်။
“မြင့်မြတ်တဲ့ ကောင်းကင်ဘုံသားဟာ မဟာပဏ္ဍိတကုန်းမြေ အနှံ့ ကျင့်ကြံတဲ့အချိန်ကို အဆုံးရှုံးခံပြီး ခရီးသွားလာနေတာ။ သူ့အမည်ကို မသိကြဘူးလား။ လင်းမြို့က အဲ့ဒီကောင်းကင်ဘုံသားကို ဖိတ်ခေါ်ခဲ့ပြီး ကလေးခုနစ်ယောက် ရွေးချယ်ခံခဲ့ရတယ်လို့ ငါ ကြားခဲ့ရတယ်။ သုံးယောက်ကို ပြန်ပို့ပေးခဲ့ပေမယ့်လည်း သူတို့ထဲကလေးယောက်ကတော့ ကောင်းကင်ဘုံကလန်ထဲ ဝင်ရောက်နိုင်ခဲ့ကြတယ်။ လူတစ်ယောက်ဟာ ကောင်းကင်ဘုံသား ဖြစ်လာတာနဲ့ ခွေးတွေ၊ကြက်တွေကိုတောင် မိုးထိမြင့်အောင် လုပ်ပေးနိုင်လိမ့်မယ်…”
“ဒါ့ကြောင့်လည်း ငါ့မြေးတစ်ယောက်သာ ကောင်းကင်ဘုံကလန်ထဲ ဝင်ရောက်နိုင်ခဲ့မယ်ဆို ငါ့စည်းစိမ်အားလုံး ပေးပစ်ဖို့ ဆန္ဒရှိတယ်…”
နောက်ထပ်အဘိုးအိုတစ်ယောက်က စိတ်လှုပ်ရှားသည့်ဟန်ဖြင့် ခပ်တိုးတိုး ပြောလာ၏။
“အမှန်ပဲ။ လင်းမြို့ရဲ့ လီယွမ်ဝေက ငါ့ မိတ်ဆွေပဲ။ မြင့်မြတ်တဲ့ ကောင်းကင်ဘုံသားက သူ့အိမ်မှာ တည်းခိုခဲ့တာ။ သူ့သမီးဟာ အသက်နှစ်ဆယ် ပြည့်နေခဲ့ပြီ။ ဒါ့ကြောင့် ပုံမှန်ဆို သူမအနေနဲ့ ကလန်တစ်ခုထဲ ဝင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ လီယွမ်ဝေရဲ့ တောင်းပန်မှုကြောင့် မြင့်မြတ်တဲ့ ကောင်းကင်ဘုံသားက သူမကို ခေါ်သွားပေးခဲ့တယ်…”
“ငါလည်း မြင့်မြတ်တဲ့ ကောင်းကင်ဘုံသား ပြောခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ ကောင်းကင်ဘုံသား ဖြစ်လာခဲ့ရင် ကြက်တွေ၊ခွေးတွေကိုတောင် မိုးထိ မြင့်မားအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ စကားကို ကြားခဲ့ဖူးတယ်။ ဒီစကားဟာ မဟာပဏ္ဍိတကုန်းမြေမှာ အတော့်ကို လူသိများလှတယ် မဟုတ်လား…”
ပတ်ဝန်းကျင်မှ လူများက စကားစမြည် ပြောဆိုကုန်ကြ၏။ သူတို့က ကံကောင်းသွားသော လူများအပေါ် အားကျကာ မနာလို ဖြစ်နေသည့်ပုံပင်။
လူတိုင်း ထိုသို့ ပြောဆိုနေပြီး ပူပြင်းစွာ တိုက်ခတ်နေသော လေများကိုပါ မေ့သွားကြပုံ ပေါ်၏။ ထိုစဉ် သည်လေက ဒီရာချီသောလူများကို အေးမြသွားစေ၏။ သူတို့အားလုံးက လှမ်းမျှော် ကြည့်လိုက်ကြသည်။
အကွာအဝေးတစ်ခုတွင် ပေရာချီရှိသော အနီရောင်ထီးတစ်လက်က ပွင့်ဟနေ၏။ ၎င်း၏အောက်တွင် ခရမ်းရောင်ဝါးကုလားထိုင်တလုံး ရှိနေသည်။ ရွှေရောင်ဝတ်စုံများဖြင့် လူသန်ကြီးလေးယောက်က ထိုကုလားထိုင်ကို သယ်ဆောင်လာသည်။
ထိုလူသန်ကြီးလေးယောက် ဘေးပတ်လည်၌ ကလေးဒါဇင်ချီ ရှိနေ၏။ သူတို့က ရတနာပုလင်းများ၊ တောက်ပသော ကျောက်စိမ်းပြားများကို ကိုင်ကာ လျှောက်လာကြသည်။
ထိုကုလားထိုင်၏ အလယ်တည့်တည့်၌ ဆံဖြူအဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူ့ထံမှ ကောင်းကင်ဘုံသားတစ်ယောက်၏ အရှိန်အဝါကို ပေးစွမ်းနေသည်။
သူက သာမန်လူများနှင့် ကွဲပြားတာ သိသာ၏။ သူက ဆံဖြူဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့တခေါင်းလုံးက ဖြူဆွတ်နေသော်လည်း သူ့အသားအရည်ကမူ ကလေးငယ်တစ်ယောက်ကဲ့သို့ နူးညံ့မှု ရှိနေ၏။ ထိုအခိုက်တွင် သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးထံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“ကောင်းကင်ဘုံသား…”
“ကြီးမြတ်တဲ့ ကောင်းကင်ဘုံသား…”
“ဒါက မြင့်မြတ်တဲ့ ကောင်းကင်ဘုံသားကျင်းပဲ…” ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ မြို့အပြင်ဘက်မှ လူရာချီက စိတ်လှုပ်တရှားဖြင့် ကြည်ညိုဟန်အကြည့်များကို လှစ်ဟ၏။ အစေခံများ ဖေးကူပေးထားသော လူအိုများက သူတို့၏ အစေခံများကို ဘေးသို့ ဖယ်စေကာ ဒူးထောက်လိုက်ကြပြီး စိတ်လှုပ်တရှား ဦးညွှတ်ကြကုန်၏။
“မြင့်မြတ်တဲ့ ကောင်းကင်ဘုံသား ကျိုးပြောင်၊ ဒီသေမျိုးတွေကို ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာဖို့ ကူညီပေးပါ။ မြင့်မြတ်တဲ့ ကောင်းကင်ဘုံသားကျင်းပြောင်ဟာ ဆေးလုံးတွေကို သန့်စင်ဖို့ ဆင်းသက်လာခဲ့ပြီ။ မြင့်မြတ်တဲ့ ကောင်းကင်ဘုံသားကျင်းပြောင် အကျွန်တို့ရဲ့ ကလေးငယ်တွေကို ကောင်းကင်ဘုံသား ဖြစ်လာအောင် လုပ်ပေးဖို့ ခေါ်သွားပေးပါ…”
ကုလားထိုင်ကို သယ်ဆောင်ပေးထားသော လူသန်လေးယောက်က သံပြိုင် အော်ဟစ်လိုက်ကြ၏။
သူတို့၏အသံသည် တသံတည်းအဖြစ် ပေါင်းစည်းသွားသည့်အလား။
“မြင့်မြတ်တဲ့ ကောင်းကင်ဘုံသားကျင်းပြောင်၊ အင်မောတယ်ကောင်းကင်ဘုံသား၊ မြင့်မြတ်တဲ့ ကောင်းကင်ဘုံသားကျင်းပြောင်။ လောကရဲ့ တောင်တန်းကြီး…”
ထိုလူသန်လေးယောက်က အော်ဟစ်လေသည့်အခါ သူတို့ပတ်လည်ရှိ ကလေးများကလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပါ အော်ဟစ်ကြွေးကျော်ကြ၏။ သူတို့၏အသံများသည် ပဲ့တင်ထပ်နေတော့သည်။
ထိုကုလားထိုင်ပေါ်ရှိ အဘိုးအိုက ကြင်နာဟန် မျက်နှာအမူအရာကို ထုတ်ဖော်၏။ သို့သော် ထိုကြင်နာမှု၌ ခွန်အားအငွေ့အသက် ပါဝင်နေသည်။ သူက သူ့အောက်ရှိ ဒူးထောက်နေသော လူများကို ကြည့်လိုက်သည်။ သူ့ညာလက်ကို မြှောက်၍ အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်လေသည်။
ထိုအခါ လောကသည် အရောင်များ ပြောင်းလဲသွားကာ ကောင်းကင်ထက်ရှိ တိမ်စိုင်တိမ်ဝေးတို့သည် ပြန့်ကြဲသွားသည်။ ကီလိုမီတာတစ်သောင်းအတွင်းရှိ ဧရိယာသည် အခုအခါ ကြည်လင်သောကောင်းကင် ဖြစ်သွားလေသည်။
ကောင်းကင်ထက်ရှိ ထိုသို့ ပြောင်းလဲမှုက အောက်ဘက်မှ သေမျိုးများကို လုံးဝ မင်သက်သွားစေကာ သူတို့အား ကြောက်လန့်မှုနှင့် စိတ်လှုပ်ရှားမှုကို ပိုမိုခံစားမိစေသည်။
နီးကပ်လာသည့်အခါ ကုလားထိုင်ပေါ်ရှိ တခေါင်းလုံး ဖြူဖွေးနေသော အဘိုးအိုက ကိုယ့်ကိုကိုယ်ကျေနပ်မှုကို လှစ်ဟဖော်သည်။ သူသည် အစစ်အမှန် ကောင်းကင်ဘုံသားများကိုပင် အရူးလုပ်နိုင်ခဲ့ပြီး ဖြစ်၍ သူ့ဘဝတွင် သေမျိုးများကို အရူးလုပ်ရတာကတော့ မပြောပချေပေ။
ထို့နောက် သူ့ဘယ်လက်ကို ပင့်မြှောက်ကာ ထပ်မံ ဝေ့ယမ်းလိုက်ပြန်၏။
အပြာရောင်ကောင်းကင်ထက်တွင် အလွန်ထည်ဝါခမ်းနားသော နန်းတော်တစ်ခု ပေါ်လာလေ၏။ ၎င်းသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း သည်အချိန်နေသာမှုအောက်၌ ထိုနန်းတော်က လူအများကို ကောင်းကင်ဘုံနန်းတော်အစစ်ကဲ့သို့ ခံစားမိစေတော့သည်။
အောက်ဘက်မှ လူများက ထိုထူးခြားဆန်းကြယ်သောမြင်ကွင်း၏ စွဲဆောင်ခြင်း ခံထားရသည်။
သည့်နောက် ထိုအဘိုးအိုက ထရပ်၏။ သူက လက်ကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးသံအလား ဟိန်းထွက်လာတော့၏။ “လူတစ်ယောက်ဟာ ကောင်းကင်ဘုံသား ဖြစ်လာတာနဲ့ ကြက်တွေ၊ခွေးတွေကိုတောင် မိုးထိမြင့်မားအောင် လုပ်ပေးနိုင်တယ်…”
ထိုအသံ ထွက်ပေါ်လာသည့်အခါ ဒူးထောက်နေသော သေမျိုးများက စိတ်လှုပ်တရှား ဖြစ်လာကာ ထိုအဘိုးအိုနှင့်အတူ လိုက်ပါ ရွတ်ဆိုကြကုန်သည်။
“လူတစ်ယောက်ဟာ ကောင်းကင်ဘုံသား ဖြစ်လာတာနဲ့ ကြက်တွေ၊ခွေးတွေကိုတောင် မိုးထိမြင့်မားအောင် လုပ်ပေးနိုင်တယ်…”
မြို့၏အပြင်ဘက်တွင် ကုလားထိုင်တစ်ခုက ကောင်းကင်ထက်မှ တဖြည်းဖြည်း ဆင်းသက်လာပြီး ဆံဖြူအဘိုးအိုက ပြုံးလေ၏။ ရှေ့ဆုံးမှ ဒူးထောက်နေသူများက ဖြည်းဖြည်းချင်း ထရပ်လာပြီး သူတို့အနေဖြင့် ယင်းအဘိုးအိုကို တွေ့မြင်ရသည့်အပေါ် အလွန်တရာ စိတ်လှုပ်ရှားမိနေတော့သည်။
“မြင့်မြတ်တဲ့ကောင်းကင်ဘုံသား ကျင်းပြောင်ကို ကြိုဆိုပါတယ်…”
“မြင့်မြတ်တဲ့ ကောင်းကင်ဘုံသားကျင်းပြောင်ကို ကြိုဆိုပါတယ်…”
“ကောင်းပြီ။ ငါ့အချိန်ဟာ အကန့်အသတ် ရှိိတယ်။ ဒါ့ကြောင့် ငါ ဒီမှာ သုံးရက်ပဲ နေမယ်။ ဒီသုံးရက်အတွင်း မင်းတို့ရဲ့ ကလေးတွေကို ငါ့ရှိခေါ်လာခဲ့ကြ။ ငါ့အနေနဲ့ သူတို့ဟာ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာဖို့ ကံကြမ္မာပါရဲ့လား ကြည့်ကြည့်မယ်။ ပြီးရင် ငါနဲ့အတူ သူတို့ကို ခေါ်သွားမယ်…”
ထိုဆံဖြူအဘိုးအိုက ပြုံးနေပြီး သူ၏စကားတို့က ညင်သာ၏။ သို့သော် သူက ထိုသို့ ပြုမူလေလေ သူ့ထံမှ ကောင်းကင်ဘုံသားတစ်ယောက်၏ အငွေ့အသက်မျိုး ပိုရလေပင်။
ဆံဖြူအဘိုးအိုက လူအများ၏ စိတ်လှုပ်ရှားသောဟန်ပန်အမူအရာများအပေါ် အသားကျနေပုံ ပေါ်၏။ သူက ပြုံးနေလျက် သူ့စိတ်ထဲ၌လည်း အနည်းငယ် ဂုဏ်ယူနေမိသည်။
“ငါ ကျင်းပြောင်ဇီဟာ အသက်် ခြောက်နှစ်၊ ခုနစ်နစ်မှာ ငါ့ရွာကနေ ထွက်လာခဲ့ပြီး လမ်းတစ်လျှောက်မှာ လူအများကို လှည့်စားခဲ့တယ်။ နှစ်များစွာ ကြာလာခဲ့တဲ့အလျှောက် ငါဟာ လူအများအပြားကို လှည့်စားနိုင်ခဲ့တယ်။ ငါ ကျိုးပြောင်ဇီဟာ တခြားသူတွေနဲ့ မတူကွဲပြားစွာ မွေးဖွားလာခဲ့တာ။ ငါဟာ ပါရမီပါတဲ့အတွက် ဆရာ၊ဒါမှမဟုတ် ကလန်မရှိပါဘဲ ငါ့ကိုယ်ပိုင် ကျင့်ကြံခြင်းလမ်းကြောင်းကို သင်ယူနိုင်ခဲ့တဲ့သူပဲ…”
“ငါ့လိုလူဟာ ရှားလိမ့်မယ်…”
ထိုအဘိုးအိုက ပြုံးနေလျက် သည်မြို့မှ လူများ၏ တလေးတစား နှုတ်ဆက်ခြင်းကို လက်ခံကာ သူသည် မြို့ထဲသို့ ဝင်ရောက်လာ၏။
ထိုအခိုက်တွင် ဒီမဟာပဏ္ဍိတကုန်းမြေ၌ သည်မြို့နှင့် အဝေးရှိ ကီလိုမီတာသောင်းချီအကွာ၊ ကောင်းကင်ထက်တွင် လှိုင်းဂယက်များ ထလာကာ ဝမ်လင်း ပေါ်လာ၏။ သူက ဘေးပတ်လည်သို့ ကြည့်ကာ သူ၏မျက်လုံးက အရောင်တောက်သွား၏။
“ဒီနေရာဟာ မဟာပဏ္ဍိတကုန်းမြေပဲ။ တန်လင်းကလန်က ဘယ်နေရာမှာများ တည်ရှိသလဲ…”