← Chapters

စဦးချီဖွဲ့စည်းခြင်းနဝမအဆင့်အား ဖြတ်ကျော်ခြင်း

Vol. 5 Ch. 70

စဦးချီဖွဲ့စည်းခြင်းနဝမအဆင့်အား ဖြတ်ကျော်ခြင်း

Vol. 5 Ch. 70

“ဒီဆေးကိုဇီယွင်ဂိုဏ်းရဲ့ ဆေးလုံးမိစ္ဆာရဲ့  ကိုယ်တိုင်ဖန်တီးခဲ့တာ။ ဒါ... သခင်လေးတင်း! ဆေးလုံးမိစ္ဆာရဲ့  နဲ့ သခင်လေးက ဘယ်လိုများ ပက်သက်တာပါလဲ”

“စျေးဆုံးဖြတ်ပါ” ထိုစကားကလွဲပြီး သူ ဘာမျှမပြောဘဲ မျက်မှောင်ကြုတ်လိုက်ပြီး ကြည့်နေလိုက်သည်။ သူလိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ သူ့မှာဒီဆေးလုံးရောင်းရန် မှလွဲ၍ အခြားရွေးချယ်စရာ မရှိ ချေ။

“ဆေးလုံးမိစ္ဆာရဲ့ ကိုယ်တိုင် ပြုလုပ်ထားတဲ့ ဆေးလုံးကို အံ့သြဖွယ်ကောင်းတဲ့ စျေးနဲ့လေလံတင် နိုင်တယ်။ ဒီဆေးလုံး...”။ အမျိုးသမီးသည်ခဏတွန့်ဆုတ်နေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ “မင်းကို ဝိညာဉ်ကျောက်တုံး နှစ်သိန်းငါးသောင်း ပေးမယ်။”

မန်ဟို ခေတ္တမျှ အသံတိတ်သွားသည်။  နောက်ဆုံး သူကခေါင်းညိတ်ပြီး “ကောင်းပြီ” ဟု‌ပြောလိုက်သည်။ သူထရပ်လိုက်သည်။

ထိုအမျိုးသမီးသည် လက်ကိုမလိုက်ကာ သူမ၏လက်ချောင်းများအား အခန်းအလယ်၌ရှိသော နံ့သာပေါင်းမီးရှို့ရာဆီသို့ အသာအယာယမ်းလိုက်သည်။ ကြည်လင်၍သာယာသော အသံတစ်ခု ထွက်ပေါ် လာပြီး ၁၀ စက္ကန့်ခန့်အကြာတွင် ကျောက်စိမ်းလင်ပန်းတစ်ချပ်အားသယ်ဆောင်လာသော မိန်းကလေး ငယ်တစ်ဦး တတိယအထပ်မှဆင်းလာသည်။ သူမသည် မန်ဟို့အနီး သို့အလျင်အမြန် ရောက်ရှိလာပြီး လက်နှစ်ဖက်ဖြင့် လင်ပန်းအားပေးလိုက်သည်။

အဖြူရောင်ကျောက်စိမ်းလင်ပန်းပေါ်တွင် အိတ်တစ်လုံးရှိသည်။

မန်ဟို ထိုအိတ်ကိုလှမ်းယူလိုက်ပြီး အထဲကိုကြည့်လိုက်သည်။ ပြီ‌နောက်လှည့်ထွက်ပြီး လှေခါးအတိုင်း ဆင်းလာခဲ့သည်။ ပထမအထပ်တွင်ရှိသော ကျင့်ကြံသူများ၏အကြည့်များအောက်တွင် သူသည် ထျန်းဟယ်ဖန်းဆိုင် အပြင်ဘက်ကိုလျှောက်သွားပြီး အ‌ဝေးသို့ ထွက်သွားသည်။

ခဏအကြာတွင် သူ လူသိပ်မရှိသောနေရာတစ်ခုသို့ ရောက်သောအခါ လမ်းကြားတစ်ခုထဲသို့ ဝင်လိုက်ပြီး အပြင်ဘက်အဝတ်ကိုချွတ်လိုက်သည်။  သူသည် အခြားဝတ်ရုံတစ်ခုနှင့် ချက်ချင်း ပြောင်း၀တ်လိုက်ပြီး မြန်မြန်ဆန်ဆန်ထွက်ခွာသွားသည်။ သူ့ခေါင်းကိုငုံ့ပြီး လျှောက်လာခဲ့သည်။

ထိုအချိန်တွင် ထျန်းဟယ်ဖန်းဆိုင် ဒုတိယထပ်တွင် အမျိုးသမီးသည် အဘိုးအို၏ဘေးတွင် ရိုသေလေးစားစွာရပ်နေသည်။ အဝတ်အစား တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသော အဘိုးအို သည် ပြတင်းပေါက်နားတွင် ရပ်နေပြီး အဝေးသို့ကြည့်နေသည်။ သူ့လက်ထဲတွင် မန်ဟို‌ရောင်းခဲ့သော ချီအခြေတည်ဆေးလုံးအား ကိုင်ဆောင်ထားသည်။

အချိန်အတော်ကြာပြီးနောက်တွင် “မင်း သေချာရဲ့လား” ဟု သူအေးဆေးစွား ‌ပြောလိုက်သည်။

“ဒီဂျုနီယာမျိုးဆက်သစ်က တချို့ကို စစ်ခဲ့ပြီးပါပြီ” ဟု သူမက လေးစားစွာဖြင့် ပြောကြားခဲ့သည်။ “တင်း လို့ခေါ်တဲ့ ဇီယွင်ဂိုဏ်း တပည့်တစ်ယောက်က သိပ်မကြာခင်ကပဲ ကျိုးပြည်ကို ရောက်ခဲ့တယ်။”

“အဲ့ဒါက သူဆိုတာ သေချာလား?” အဘိုးအိုသည် ဖြည်းဖြည်းချင်မေးလိုက်သည်။

“အစကတော့ မသေချာခဲ့ဘူး၊ နောက်ဆုံး တင်းရှင့်က စဦးချီဖွဲ့စည်းခြင်းအဆင့်၉မှာရှိပြီး ဒီလူက အဆင့်၈မှာရှိခဲ့တယ်။ ဒါပေမဲ့ သူရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ ပုံစံက ဂိုဏ်းကြီး၏တပည့်တစ်ဦး ပုံမျိုး ဖြစ်တယ်။ ဒါက ပထမ သဲလွန်စပဲ။

“ဒုတိယထပ်ရောက်တော့ သူက ပြတင်းပေါက် ဒါမှမဟုတ် လှေကားနားက ကုလားထိုင်တစ်ခုကို မရွေးဘဲ အခန်းအလယ်က ခုံကို ရွေးချယ်ခဲ့တယ်။ ဒါက ကျွန်မတို့သူ့ကိုဆန့်ကျင်ပြီး လှုပ်ရှားမှာကို သူဂရုမစိုက်ဘူးလို့ သူ့ ယုံကြည်တယ်ဆိုတာ သက်သေပြတာပဲ။ ဒီလိုယုံကြည်မှုအဆင့်ဟာ အင်အားကြီး ဂိုဏ်း အဖွဲ့၀င် တစ်ဦးရဲ့ စဦးချီဖွဲ့စည်းခြင်းအဆင့်၈ ကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး။ ဒါက ဒုတိယ သဲလွန်စပဲ။

“ခဏကြာတော့ ဂျုနီယာက သူ့အဖြူရောင်အဝတ်အစားတွေနဲ့ ဇီယွင်ဂိုဏ်းဂိုဏ်းရဲ့ ကျောက်စိမ်းဆွဲပြား ကိုတွေ့တယ်။ ဒီနေရာဟာ ကျိုးပြည်နယ်ဖြစ်ပေမဲ့ သူတမင် ထုတ်ဖော်ပြခဲ့တယ်။ သူ ကြိုတင်ကာကွယ်မှု တွေ လုပ်ထားတယ်။ ဒါက တတိယ သဲလွန်စပဲ။”

“ထပ်ပြောရရင် သူက ဆေးပုလင်းကို ဂျုနီယာအား ပေးခဲ့တယ်။ ဒါဟာ ကျွန်မဆေးကို သောက်သောက် မသောက်သောက် သူဂရုမစိုက်ဘူး ဆိုတဲ့ သဘောပဲ။ ဂျုနီယာက ဒီအကြောင်းကို မေးမြန်းတဲ့အခါ ကျိုးပြည်ရဲ့ ဂိုဏ်းက အဖွဲ၀င်တစ်ယောက်ကို ဘယ်တော့မှ မယှဥ်နိုင်ဘူးလို့ ပြန်ဖြေခဲ့တယ်။ ဒါက စတုတ္ထ သဲလွန်စပဲ။”

“နောက်ဆုံးမှာ ချီအခြေတည်ဆေးကို ဆေးလုံးမိစ္ဆာရဲ့ မိစ္ဆာပုံစံ အမှတ်အသားလုပ်ထားတယ်။ ဘယ်သူမှ ဒီလို ဆေးလုံးအတု လုပ်ရဲကြမှာမဟုတ်ဘူး။ ဒါအပြင် တံဆိပ်ဟာ တကယ် အစစ်ဖြစ်ကြောင်းကို ဒီဂျူနီယာက လေ့လာထားပြီးပါပြီ။”

“ဒီသဲလွန်စ ၅ ခုကြောင့်ဂျုနီယာကဒီလူဟာ ဇီယွင်ဂိုဏ်းက တင်းရှင့် ဖြစ်တယ်ဆိုတာသေချာတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဆေးလုံးမိစ္ဆာရဲ့ က “တင်း”မျိုးနွယ်တပည့်တစ်ယောက် လက်ခံခဲ့တယ်။ ဒီနေ့ ဒီကိုရောက်လာတဲ့သူက သူကလွဲပြီး မဖြစ်နိုင်ဘူး။” အမျိုးသမီးသည် ပြုံးပြီးပြောလိုက်သည်။ သူမ၏မျက်နှာသည် ယုံကြည်မှု လိမ္မာပါးနပ်၍ တရားမျှတမှု စဥ်းစားဥာဏ်ရှိမှု တို့ဖြင့် ဖုံးလွမ်းထား လေသည်။

“မဟုတ်ရင်…” သူမသည်ရုတ်တရက်တွန့်ဆုတ်နေပုံရသည်။

“ဘာမဟုတ်ရင်လဲ?” အဘိုးအိုက သူမကိုကြည့်ပြီး နွေးထွေးပြီး အားပေးသည့်ပုံစံဖြင့် မေးလိုက်သည်။

“ဒီနေ့တွေ့တဲ့သူက မယုံနိုင်လောက်အောင်ဥာဏ်ပညာရှိပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ။ သူဟာ ပြီးပြည့်စုံတဲ့ပုံပြင်တစ်ပုဒ်ကို ဖန်တီးခဲ့ပြီး ချီအခြေတည်ဆေးပေါ်က တံဆိပ်ကလည်း အတုလုပ်ထားတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲလိုလုပ်ဖို့ကတော့ ဖြစ်နိုင်ခြေဝေးလွန်းတယ်။ ကျိုးပြည်နယ်ရဲ့ဂိုဏ်းလို့ ပြောပြောနေတဲ့ ဂိုဏ်းတွေထဲက ဘယ်တပည့်ကမှ ဒီလိုကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။” အမျိုးသမီးသည် ပြုံးလိုက်ပြီး တဖန် သူမ၏မျက်နှာသည် ယုံကြည်မှုများဖြင့် ဖုံးလွမ်းသွား ပြန်သည်။

“မှန်တယ်” အဘိုးအိုကပြောလိုက်သည်။ “သဲလွန်စတွေအကုန်ကို ဒီလို စနစ်တကျခွဲခြမ်း စိတ်ဖြာပြီး ပြောနိုင်တာက မင်းက ဘယ်လောက် လိမ္မာပါးနပ်တယ်ဆိုတာ ပြလိုက်တာပဲ မုအာ။ ဒီနှစ်တွေမှာ မင်းဟာ လိမ္မာပါးနပ်စွာ ကြီးပြင်းလာခဲ့တာပဲ။ ဒီဆေးဖက်ဝင်ဆေလုံးက အစစ်ပဲ။ ဒီလူက တင်းရှင့် မဟုတ်တောင် ၈၀ ကနေ ၉၀ ရာခိုင်နှုန်းလောက် ကတော့ တူတယ်” သူသည် အမျိုးသမီးအာ ကြင်နာစွာကြည့်ပြီး ပြောလိုက်သည်။

“ချီုးကျုးစကားအတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်” သူမကပြုံး၍ပြောလိုက်သည်။ ထို့နောက် သူ့အားကြည့်ပြီး မေးလိုက်သည် “သူ့ကို ဒီလိုပဲ တကယ် လွတ်ပေးလိုက်တော့မှာလား?”

“ဇီယွင်ဂိုဏ်းကို ငါတို့ ပြဿနာမရှာနိုင်ဘူး” ဆေးလုံးမိစ္ဆာရဲ့ ချီအခြေတည်ဆေးလုံးကိုတော့…...” အဘိုးအိုသည် ခဏမျှစဉ်းစားပြီး ညင်သာစွာပြောလိုက်သည် “မုအာ သမီးရဲ့ ပင်ကိုယ်ပါရမီ အရည်အချင်း တွေက သာမန်ပဲ၊ ဘာလို့ ဆေးလုံးကို သမီးအဖေကို မပေးလိုက်မှာလဲ”

ထိုစကားကို ကြားလိုက်သောအခါ သူမ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။

“သူပြန်လာပြီလား?” သူမ၏ အသံသည် ရုတ်တရက် တင်းမာသွားသည်။

“သူ ပြန်ရောက်တာ လအနည်းငယ်ရှိပြီ။ သူက ပြီးခဲ့တဲ့နှစ်တွေမှာ မှီခိုရာဂိုဏ်းကို ၀င်ခဲ့‌ပေမဲ့ ဂိုဏ်းက ဖျက်သိမ်းသွားခဲ့တယ်။ ပုံမှန်အတိုင်းပဲ သူ ချီအခြေတည်တဲ့အထိရောက်ခဲ့တယ်။ မင်းသူ့ကို သွားကြည့်သင့်တယ်” အမျိုးသမီးအားကြည့်ပြီး အဘိုးအိုသည် မျက်မှောင်ကြုတ်ကာ သက်ပြင်း ချလိုက်သည်။

သူမ ခဏတိတ်ဆိတ်သွားသည်။ “ကျွန်မ ဒီမှာ လုပ်ရမယ့်တာဝန်တွေရှိတယ်" သူမကအေးဆေးစွာ ပြောလိုက် သည်။ “ခေါင်းဆောင် ဘယ်သူ့ကို ချီအခြေတည်ဆေးလုံးပေးပေး ရပါတယ်။ ကျွန်မ နဲ့ မဆိုင်ပါဘူး”

“ဘာပဲဖြစ်ဖြစ် သူက သမီးရဲ့ အဖေပဲလေ။ ပြီးတော့ သူ အလေးထားစရာကိစ္စတွေရှိနေတယ်လို့ ထင်တယ်။ မကြခင် သူထွက်သွားရင် ထွက်သွားနိုင်တယ်။ ဒါကိုသေချာစဉ်းစားသင့်တယ်” ခေါင်းကို ယမ်းလိုက်ပြီး အဘိုးအိုက လှည့်ထွက်သွားသည်။

“အဖေ....” ရှန့်ကွမ်းမု ငြိမ်သက်စွာထိုင်ရင်း ပြတင်းပေါက်မှ နာကြည်းသောအကြည့်များနှင့် ငေးကြည့်နေမိသည်။

မန်ဟို အဝတ်လဲပြီးတဲ့နောက် အနက်ရောင်နံရံ ထျန်းဟယ်ဖန်းမြို့ တော်အား နည်းနည်းမှ မတွန့်ဆုတ်ဘဲ ထွက်ခွာသွားခဲ့သည်။ မြို့နှင့်အနည်းငယ်ဝေးသောအခါ အဖိုးတန်ယပ်တောင် ပေါ်သို့ ခုန်၀င်လိုက်ပြီး အရှိန်ဖြင့်ပြေးသွားကာ သူ့ခန္ဓာကိုယ်သည် အလင်းရောင်သက်တံအဖြစ် ပြောင်းလဲသွားသည်။

မည်သူတစ်ယောက်မျှ သူ့အားဖမ်းဆီးရန် လိုက်မလာသည်ကို သေချာသည်အထိ ရက်ပေါင်းများစွာ ဆက်သွားနေခဲ့သည်။ အဲဒီအချိန်တွင် သူသည် ပိုပြီးစိတ်အေးလက်အေးခံစားနေရသည်။ တာ့ချင်း တောင်နှင့်အနည်းငယ်ကွာဝေးသော တော၌ သူ့ဓါးပျံအား အသုံးပြုကာ ကျင့်ကြံခြင်း ဂူတစ်ဂူ ထွင်းလိုက် ပြီး ဂူအတွင်းသို့ ၀င်ရောက်ကာ တစ်ဦးတည်း ကျင့်ကြံအားထုတ်နေခဲ့သည်။

ဤတစ်ကြိမ်တွင်သူသည် ချီအခြေတည်ခြင်းအဆင့်၏နဝမအဆင့်သို့ ရောက်ရန်ဆုံးဖြတ်ခဲ့သည်။

သူ၌ ၀ိညာဉ်ကျောက်တုန်းများ အများအပြားရှိသည်။ ထိုအရာများဖြင့် နတ်၀ိညာဉ်ဆေးလုံးများကို နှစ်ဆဖြစ်အောင် သူစွမ်းဆောင်နိုင်သည်။ နတ်၀ိညာဉ်ဆေးလုံးများ အလုံအလောက် စားသုံးပြီးနောက် သူ၏ ကျင့်ကြံမှုအခြေခံသည် သင့်လျော်သောအဆင့်သို့ရောက်သွားပြီး သူသည် နောက်အဆင့်သို့ စတင်နိုင်တော့မည်ဖြစ်သည်။

အချိန်တဖြည်းဖြည်း ကုန်သွားသည်။ မကြာမီ လများစွာကုန်လွန်သွားသည်။ မန်ဟိုသည် ကျင့်ကြံခြင်းဂူမှ မထွက်ခွာခဲ့ချေ။ သူသည် တင်ပလင်ခွေလျက် ငြိမ်သက်စွာထိုင်ပြီး ဆေးလုံးစားကာ စတင်လေ့ကျင့်တော့သည်။ အချိန်ကုန်လွန်လာသည် နှင့်အမျှ သူ၏ ကျင့်ကြံမှုအခြေခံသည် ပို၍ ပို၍ တိုးတက်လာခဲ့သည်။

ပဉ္စမလရောက်ခဲ့ချိန်တွင် ထိုအရာသည် အကန့်အသတ်မဲ့ဖြစ်နေပုံရသည်။ သူ၏ ကျင့်ကြံမှုအခြေခံသည် ကျယ်လောင်စွာမြည်ဟီးသွားပြီး သူ၏အမြူတေပင်လယ်သည် နောက်ကျိလာသည်။ သူ စဦးချီ ဖွဲ့စည်း ခြင်း အဆင့် ၈ ၏အမြင့်ဆုံးအဆင့်သို့ ရောက်ခဲ့သည်မှာ ကြာနေပေပြီ။ သူ နဝမအဆင့်နှင့် ‌အလွန်နီးကပ် နေပြီဖြစ်သော်လည်း  ဒီနေရာတွင်တန့်နေသည်မှာ နှစ်လကြာခဲ့လေပြီ။

သူ ၀ိညာဉ်ကျောက်တုန်း တစ်သိန်းကျော် သုံးပြီးခဲ့ကြောင်း စဉ်းစားမိပြီးနောက် စိတ်ထိခိုက်သွားမိသည်။ သို့သော် ပို၍ပင် နာကျင်စေသည့်အရာမှာ ၀ိညာဉ်ကျောက်တုန်း အားလုံးကိုအသုံးပြုပြီး သည့်တိုင် သူအဆင့်မတက်နိုင်ခဲ့ခြင်းပင်။

“အစ်မရှုက စဦးချီဖွဲ့စည်းခြင်းအဆင့် လေး၊ခြောက်၊ရှစ်တို့ရဲ့ အတားအဆီးတွေအကြောင်း ပြောြပပေး ခဲ့တယ်။ ငါ သွေ့ခြောက်ဆေးလုံးနဲ့ အဆင့်လေးကို ဖြိုခွဲခဲ့တယ်။ အဆင့်ခြောက်ကို ဖြိုခွဲတုန်းက မြောက်ပင်လယ်က တာအိုက သရုပ်ပြသပေးခဲ့တယ်။ ငါအခု အဆင့်ရှစ်ရဲ့ အတားအဆီးကို ဘယ်လိုဖြိုခွဲရမလဲ” မန်ဟို သူ၏နီရဲနေသော မျက်လုံးများအားဖွင့်လိုက်သည်။

၀ိညာဉ်ကျောက်တုန်းနှစ်သိန်းကျော်သုံးပြီးနောက် သူ့ထံတွင် ငါးသောင်းခန့်သာကျန်တော့သည်။ ကျန်တာတွေကို နတ်၀ိညာဉ်ဆေးလုံးအဖြစ်ပြောင်းလိုက်သည်။ သူ့ထံတွင် နတ်၀ိညာဉ်ဆေးလုံး နည်းနည်းသာကျန်တော့သည်။

သူမှန်းဆခဲ့သည့်အတိုင်း သူ၏ကျင့်ကြံမှုအခြေခံ တိုးတက်လာရန် ဆေးဖက်၀င်လုံးဆေးများကိုသာ မှီခိုနေရသောအခါ ဆေးကိုပိုများများ သုံးလေလေ သက်ရောက်မှုက ပိုပြီးအားပျော့လာလေဖြစ် လာခဲ့သည်။ ထိုအခါ ပိုမိုများပြားသော ဆေးလုံးပမာဏကိုထပ်လိုအပ်လာပြီး ထိုအရာက စက်ဝန်းသဖွယ် ဖြစ်လာခဲ့သည်။

“ ဒီအခြေအနေမျိုးမှာတခြားလူတွေဘာလုပ်ကြမလဲ ငါ အံသြမိတယ်” သူ၏အခြေအနေကို ထပ်ခါ တလဲလဲ ဆင်ခြင်သုံးသပ်သော်လည်း အဖြေရှာမတွေ့ချေ။

ဒါဟာ သူဘယ်လောက်ပဲ နတ်၀ိညာဉ်ဆေးလုံးတွေစားစား ဘယ်လောက်ပဲ ကျင့်ကြံမှုအခြေခံ ကြီးမားလာပါစေ သူနောက်ဆုံးအဆင့်သို့ မရောက်နိုင်ခဲ့။

နောက်လတစ်လကုန်သွားခဲ့လေပြီ။ မန်ဟို တစ်ဦးတည်း ကျင့်ကြံအားထုတ်နေခဲ့သည်မှာ နှစ်တစ်၀က် ကုန်လွန်ခဲ့ပြီ။ ဒီနေ့ သူထိုင်နေသည်။ သူ၏ဆံပင်များသည် ဖရိုဖရဲဖြစ်နေပြီး မျက်လုံးများက နီရဲနေသည်။ လွန်ခဲ့သောလတွင် သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၉အား အထောက်အကူဖြစ်စေသော လွင်ပြင် အားဖြည့်ဆေးလုံး ဆယ်လုံးအား ပွားထားသည်။ ၎င်းတို့ကိုသုံးပြီး သူ့ရဲ့အခက်အခဲကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ၎င်းတို့သည် အတော်လေးထိရောက် သော်လည်း သူ၏ပန်းတိုင်ဆီသို့ မရောက်ခဲ့ချေ။

“ငါ စဦးချီဖွဲ့စည်းခြင်းအဆင့်၉ကို ရောက်ကိုရောက်ရမယ်” သူသည် အံကြိတ်ပြီး ကျန်ရှိနေသော ၀ိညာဉ်ကျောက်တုန်းငါးသောင်းကိုကြည့်နေသည်။ နောက်ထပ်တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ကြေးဝါမှန်ကို ထုတ်ယူလိုက်သည်။ သူ ချီအခြေတည်ဆေးလုံးများ ပြောင်းရန်ဆုံးဖြတ်လိုက်သည်။

သူ့ရှေ့တွင် ချီအခြေတည်ဆေးလုံးနှစ်လုံး ပေါ်လာသည်။ မူရင်းတလုံးအပါ သူ့တွင် သုံးလုံးရှိပြီ။ အကယ်၍ ဤဆေးသုံးလုံးကို တောင်ဘက်ကုန်းမြေဂိုဏ်းကြီး၏ တပည့်တစ်ဦးအား ပြသခဲ့လျှင် သူတို့သည် အလွန်အံ့အားသင့်သွားလိမ့်မည်။ ကျိုးပြည်နယ်တွင် မည်သူမဆို၎င်းတို့အားတွေ့ခဲ့လျှင် လူအများအား သတ်ဖြတ်ပစ်နိုင်သည်။

ဒီနေ့ မန်ဟို ချီအခြေတည်အဆင့်ရောက်ရန်မဟုတ်ဘဲ အတားအဆီးကိုကျော်လွှားရန် ဤဆေးသုံးလုံးကို သုံးလိမ့်မည်။ ဒီနည်းနဲ့ ဤဆေးသုံးလုံးကိုသုံးပစ်သည်မှာ မိုက်မဲသောအတွေးမှန်း မည်သူမဆို သိလေသည်။

သမိုင်းတစ်လျှောက်တွင် စဦးချီဖွဲ့စည်းခြင်းအတားအဆီးများကို ဖြတ်ကျော်ရန်အတွက် ဒီမဖြစ်နိုင်သော လုပ်ရပ်များနှင့် ဖြတ်ကျော်ခဲ့သူ အနည်းငယ်သာရှိလေသည်။

မန်ဟိုသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆေးလုံးတစ်လုံးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်ပြီး မျိုချလိုက်သည်။ သူ့စိတ်သည် အလွန်လှုပ်ရှားပြီး သူ့ခန္ဓာကိုယ်ကတုန်ခါနေသည်။ သူ၏ခန္ဓာကိုယ် တစ်လျှောက်လုံးတွင် ပေါက်ကွဲနိုင်လောက်သည့် တွေးမထားဘူးသော အံ့ဖွယ်ဝိညာဉ်ခွန်အားများဖြင့် ပြည့်နေသည်။

ကျင့်ကြံအားထုတ်နေသော နှစ်၀က်အတွင်း သူသတိမထားမိသော အဖြစ်အပျက်အချို့ဖြစ်ပွားခဲ့သည်။ ဤဖြစ်ရပ်များသည် ကျိုးပြည်နယ်တစ်ခုလုံးအပေါ် အကျိုးသက်ရောက်ခဲ့သည်။ ပထမဦးစွာ မန်ဟိုသည်  ဇီယွင်ဂိုဏ်း၏တပည့် နှင့် ရင်ဆိုင်ခဲ့သည့် သတင်းသည် တောမီးတောကဲ့သို့ ပြန့်ပွားခဲ့သည်။ မန်ဟို ဟူသော အမည်ကို ပြည်နယ်တစ်ခုလုံးက သိဖို့ အချိန်သိပ်မကြာခဲ့ချေ။

မန်ဟိုသည် ဇီယွင်ဂိုဏ်းအား လိမ်လည်လှည့်စားခဲ့ခြင်းအား လူတိုင်းသိကြသည်။

ထိုကိစ္စပြီးမကြာခင် ဖုန်းဟန်ဂိုဏ်းနှင့် ချွိရွှယ်ဂိုဏ်းသည် တစ်ဖက်နှင့်တစ်ဖက် စစ်ကြေညာလုနီးဖြစ်ခဲ့ သည်။ နောက်ဆုံးတွင် အမြုတေဖြစ်တည်ခြင်းအဆင့်ရှိ ဂိုဏ်းမှအကြီးအကဲများက ထွက်လာပြီး ထိုကိစ္စ များကို  တည်ငြိမ်စေခဲ့သည်။ များမကြာမီတွင် ဂိုဏ်းနှစ်ခုလုံးက ဖမ်းဆီးခြင်း အမိန့်ကို ပူးတွဲထုတ်ပြန်ခဲ့ သည်။

ယခုအခါ အပြစ်သားမန်ဟိုအား အလိုရှိနေကြသည်။ သူ့ကိုသတ်နိုင်သော မည်သူမဆို ဝိညာဉ် ကျောက်တုန်း များ၊ ဆေးဖက်၀င်ဆေးလုံးများနှင့် မှော်ပစ္စည်းများကို ဆုလာဒ်ရရှိလိမ့်မည်။ ၎င်းသည် နှစ်ပေါင်း ရာချီသောကာလအတွင်း ဂိုဏ်းကြီးနှစ်ခုမှ ဖမ်းဆီးခြင်းအမိန့်ကို ပူးတွဲထုတ်ပြန်ဖူးသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ဒီသတင်းသည် ကျိုးပြည်နယ်၏ ကျင်ကြံသူများကြားတွင် အလွန်စိတ် လှုပ်ရှားစရာ ဖြစ်ခဲ့သည်။

ငွေလှံနဲ့ပတ်သတ်ပြီး သွေးထွက်သံယိုဖြစ်စေတဲ့သူကို ဘယ်လိုရှာရမယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြပေ။ သို့သော် သူသည် အပြစ်သားအဖြစ် သတ်မှတ်ခြင်းခံလိုက်ရပြီး ထို သတင်းသည်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ သည်။ မကြာခင်မှာပဲ မန်ဟိုအကြောင်းသည် ကျိုးပြည်နယ် ကျင်ကြံသူများကြားတွင် နောက်တစ်ကြိမ် ဆွေးနွေးစရာ ပြန်လည်ဖြစ်လာခဲ့သည်။

ကျင်ကြံသူများစုရုံးသည့်အခါတိုင်း သူတို့သည် မန်ဟို့အကြောင်းပြောကြသည်။

“သူ မှီခိုရာဂိုဏ်းဝင်ဖြစ်တုန်းက ဂိုဏ်းအဖွဲ၀င်တစ်ယောက်ဖြစ်တဲ့ တောင်ဘက်ကုန်းမြေရဲ့ မျိုးနွယ်စုကြီး တစ်ခုရဲ့ ဝမ်တန်ဖေးဆိုတဲ့သူကို ခြိမ်းခြောက်လုယက်ခဲ့တယ်လို့ ကြားဖူးခဲ့တယ်။ သူ အတွင်းစည်း ဂိုဏ်းထဲရောက်သွားချိန်မှာ ဝမ်တန်ဖေးက အမျက်ဒေါသထွက်ခဲ့တယ်။”

“ဒါကဘာမှမဟုတ်ပါဘူး။ မန်ဟိုက အဲ့မှာ ဆိုင်တစ်ဆိုင်ဖွင့်ဖူးတယ်လို့ မှီခိုရာ အဖွဲ့ ၀င်ဟောင်းတွေ ဆီကနေ တိုက်ရိုက်ကြားခဲ့တယ်။ သူက သူ့တပည့် တော်တော်များများကို လိမ်ညာခဲ့တယ်။ သူတို့ ဒေါသထွက်ပေမဲ့ ဘာမှ ပြန်မပြော၀ံကြဘူး။”

“၀ါး...သူက အတော်လေးကို ဒီလိမ်ညာမှုတွေနဲ့ ကြီးပြင်းလာပုံပဲ။ သူက ဇီယွင်ဂိုဏ်းရဲ့ တပည့်တွေကို လိမ်ညာခဲ့တာ လျှိုတောက်ယွင်နဲ့ စွန်းဟွာတို့ကို လိမ်ညာခဲ့တာက အံ့သြစရာတော့မဟုတ်ပါဘူး။”

“သူက သူဆီ၀င်လာတဲ့ဘယ်သူကိုမဆို ခြိမ်းခြောက်မဲ့ပုံပဲ။ သူက မှီခိုရာဂိုဏ်းက ထွက်ခွာကတည်းက လူတွေကိုလိမ်လည်လှည့်ခဲ့တာပါ။ "

ကျိုးပြည်နယ်၏ စကား၀ိုင်းများသည် ဤကဲ့သို့သော စကားစမြည်ဝိုင်းများ ဆွေးနွေးမှုများပင်ဖြစ်သည်။ ၎င်းသည် အတိုင်းအတာတစ်ခုအထိရှိခဲ့သော်လည်း အလွန်ကြီးမားသော ဆွေးနွေးသုံးသပ်မှုတစ်ခုတော့ မဟုတ်ပေ။ နောက်ဆုံးတွင် တီးတိုးပြောစကားများသည် ပျောက်ကွယ်သွားလိမ့်မည်။ ဂိုဏ်းသုံးခုသည် ယခင်ဖမ်းဆီးမိန့်ကို ပြန်လည်ရုပ်သိမ်းရန်နှင့် အသစ်တစ်ခုကို ထုတ်ပြန်ရန်ပူးပေါင်းခဲ့သည့် အဖြစ်အပျက်ဖြစ်ပွားခဲ့သည်။  ထိုလုပ်ဆောင်မှုအတွက် သိမြင်နိုင်လောက်သည်အကြောင်းပြချက် မရှိခဲ့။

ဖမ်းဆီးမိန့်အသစ်သည် မန်ဟိုအတွက်ဖြစ်သည်။ သို့သော် သူ့ကို ယခုသတ်ရန်ကား တားမြစ်ထားသည်။

သူ၏သေဆုံးမှုအတွက်မဟုတ် သူအား ဖမ်းဆီးခြင်းသို့မဟုတ် သူ၏တည်နေရာနှင့် ပတ်သက်၍ သဲလွန်စများ အတွက် ဆုလဒ်များရရှိမည်ဖြစ်သည်။

အမိန့်အရ သူအား တိုက်ခိုက်နိုင် ဖမ်းဆီးနိုင်သော်လည်း သတ်၍မရပေ။

ထိုသို့ထူးဆန်းသည့် ဖမ်းဆီးမှုသည် လူအနည်းငယ်၏အာရုံကို ချက်ချင်းနှိုးဆွပေးခဲ့သည်။ နောက်ဆုံးတွင် သတင်းစုံသော လူတချို့သည် ဖြစ်ပျက်နေသောနေသောအရာအား နားလည်ရန် သဲလွန်စများကို အတူတကွစုစည်းနိုင်ခဲ့ကြသည်။

အမြုတေဖြည်တည်ခြင်းအဆင့်ကို ရောက်နေပြီးဖြစ်သော ဂိုဏ်းကြီးသုံးခု၏ အကြီးအကဲများသည် နောက်ဆုံးလတွင် ကောင်းကင်ဘုံသို့ လေ့လာရန် သွားရောက်ခဲ့ကြသည်။ သူတို့သည် ကောင်းကင်ဘုံနတ်ဘုရား ကိုလေးစားစွာဖြင့် မှီခိုရာဂိုဏ်းချုပ် သည် အမှန်တကယ် သေ မသေကို ကြည့်ပေးရန် တောင်းပန်ခဲ့သည်။

သူ၏မျှော်မှန်းချက်အရ မှီခိုရာဂိုဏ်းချုပ် သည် သေလောက်သည်အထိ အားနည်းနေသည်။ သို့သော် ကျင့်ကြံခြင်းဂူအား အတွင်းတပည့်ကသာလျှင် ဖွင့်လှစ်နိုင်သည်။ ကောင်းကင်ဘုံနတ်ဘုရားသည်  သူတို့နှင့်အတူ မှီခိုရာဂိုဏ်းချုပ် သတ်မှတ်ထားသော ကျင့်ကြံအားထုတ်ရန်နေရာကိုရှာဖွေရန် ကျိုးပြည် နယ်တွင် ရောက်ရှိနှင့်ပြီးဖြစ်သည်။

သတင်းများပျံ့နှံ့လာသည်နှင့်အမျှ ဂိုဏ်းကြီးသုံးခုသည် ကောလာဟလများကို ဖျက်ဆီးရန် များစွာ ကြိုးပမ်းကြရသည်။ ကောလာဟလများကို ဖြန့်ဖြူးနေသော မည်သူမဆိုသေဒဏ်ချမှတ်၍ ကောလာဟလများထွက်ပေါ်လာသော မြိုးများကို ဂိုဏ်းကြီးသုံးခုမှ တံဆိပ်ခတ်ထားသည့် စာလုံးများဖြင့် ဖုံးအုပ်ထားပြီး  ၀င်ထွက်ခွင့်မပြုချေ။

***

All Chapters