← Chapters

သူတော်စင်အဆင့် ဆေးဝါးပညာရှင်

Vol. 27 Ch. 369

သူတော်စင်အဆင့် ဆေးဝါးပညာရှင်

Vol. 27 Ch. 369

အခန်း (၃၆၉) : သူတော်စင်အဆင့် ဆေးဝါးပညာရှင်

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီးသည့်နောက်တွင် အံ့ဖွယ်အသိစိတ်ဖြင့် ဆေးလုံးကို ဆက်နွယ်လိုက်သည်။ သင်္ကေတများကို ရေးထွင်းပြီးသည့်နောက် သူက စည်းမျဉ်းစွမ်းအားကို စတင်ခံစားကာ လမ်းညွှန်ပေးလိုက်သည်။

လေ့လာထားသည့် နှစ်များအရ ကျင့်ကြံသူများအနေဖြင့် အံ့ဖွယ်သင်္ကေတများသည် မိုးမြေစည်းမျဉ်း၏ ရုပ်ပိုင်းဆိုင်ရာ ပုံဖော်မှုဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ ပုံမှန်အားဖြင့် စည်းမျဉ်းကို မမြင်ရသလို သတိပြုမိဖို့လည်း မဖြစ်နိုင်ပေ။

သို့သော်လည်း အံ့ဖွယ်သင်္ကေတများမှတဆင့် စည်းမျဉ်းများသည် ရုပ်ပိုင်းဆိုင်ရာ မြင်တွေ့လာရပြီး လေ့လာနိုင်သည့် သဘောတရား ဖြစ်လာသည်။

အကယ်၍ ဝမ်ဝေ့သာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ဖြစ်နေပါက သူ့စည်းမျဉ်းကို မိုးမြေစည်းမျဉ်းဖြင့် လိုက်ဖက်ညီအောင် ထိန်းချုပ်ပြီး စည်းမျဉ်းအား ဆေးလုံးထဲရှိ အံ့ဖွယ်သင်္ကေတများဖြင့် ပေါင်းစပ်ဖို့ လမ်းညွှန်ပေးပြီး နောက်ဆုံး အသွင်ပြောင်းမှုကို ကူးပြောင်းရမည် ဖြစ်၏။

ယခု သူက အလိုလိုသိစိတ်၊ ပါရမီနှင့် အာရုံခံများအား အသုံးပြုနေရသည်။ သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဖြစ်နေလျှင်ပင် ထိုဖြစ်စဉ်က ပို၍ လွယ်ကူသွားလောက်သည်။ သို့သော် ယခုတွင် သူက သူ့အာရုံအပေါ်သာ မှီခိုနေရလေသည်။ ကံကောင်းစွာဖြင့် သူက နှစ်နှစ်ရာကြာ လေ့ကျင့်ထားခဲ့သည်။

သူ့ အံ့ဖွယ်အသိစိတ်ဖြင့် သူတို့၏ တုံ့ပြန်မှု ပြင်းအားအရ စည်းမျဉ်းနှင့် သဟဇာတ ညီ၊ မညီကို ခံစားပြီး ပေါင်းစပ်ဖို့ လမ်းညွှန်ပေးရသည်။ ထိုဖြစ်စဉ်က ရက်အနည်းငယ် ကြာမြင့်ခဲ့သည်။ အဆုံးသတ်တွင် သူက ဖြူဖျော့ရုံသာမက ပိန်ပါပိန်သွားလေသည်။

ဤသည်က ဝိညာဉ်စွမ်းအားသာမက သူ့မူလအဆီအနှစ်ပါ သုံးစွဲမှုလွန်ကဲခြင်း၏ လက္ခဏာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူက ဆေးလုံးများအား ဆန်စေ့လို ဝါးစားပြီးသည့်နောက်တွင် အောင်မြင်ခဲ့လေသည်။ သူ ပြီးဆုံးသွားသည့်အခါ ဆေးလုံးမှ လျှို့ဝှက်ဆန်းကြယ် အလင်းတစ်ခု ထွက်ပေါ်လာပြီး ထူးခြားသည့် သဘာဝအား ပြသနေလေသည်။

အကဲဖြတ်ဒိုင်အားလုံးက အသက်အောင့်ကာ ကြည့်လိုက်ကြပြီးနောက် စစ်ဆေးမှု၏ နောက်ဆုံးအဆင့်ဖြစ်သည့် ဆေးလုံးစမ်းသပ်ချက်ကို စောင့်မျှော်နေကြသည်။ အားလုံးက သူတို့မျက်နှာအထက်တွင် အားတက်သရော အမူအရာမျိုး ရှိနေကြသည်။ ဖူချိုက်ယွင်ကမူ ခြွင်းချက် ဖြစ်၏။

သူ့မျက်နှာက မတည်ငြိမ်ကာ မထူးမခြားနား ဖြစ်နေသည်။ သူ့ စိတ်ခံစားချက် သိသာသည့် တစ်ခုတည်းသောအရာမှာ သူဝတ်ရုံအောက်မှ လက်ကို တင်းတင်းဆုပ်ထားခြင်းသာ ဖြစ်၏။

သူ့မျိုးဆက်အတွင်း သူက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ဖြင့် သူတော်စင်အဆင့် ဆေးဝါးပညာရှင် ဖြစ်လာခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။ ထိုအချိန်တွင် သူက လက်ရှိ လော့ချန်လိုမျိုး အခြေအနေ ဆိုးရွားခဲ့လေသည်။ သို့သော် သူက လော့ချန်ထက် ပိုမိုအားကောင်းသည့် ဝိညာဉ်ရှိထားပြီး ဝိညာဉ်စွမ်းအားလည်း ပို၍ များပြားလေသည်။ ကံဆိုးစွာဖြင့် ထိုအချက်က သူ့အား မပျော်ရွှင်စေပေ။ ထိုသို့သော ပုံမှန်ဝိညာဉ်မျိုးဖြင့် လော့ချန်က သူနှင့် အတူတူ အောင်မြင်မှုမျိုးကို ရယူနိုင်ခဲ့သောကြောင့် သူ့ပါရမီက ပို၍ကောင်းကြောင်း ပြသနေလေသည်။

ဝိညာဉ် လိုအပ်ချက်နှင့် ပတ်သက်လာသည့်အခါ ဧကရာဇ်မျိုးနွယ်စုအနေနှင့် မူလဆေးလုံးတာအိုဂိုဏ်းက လော့ချန်အတွက် အမှီလိုက်နိုင်မည့် နည်းလမ်းများ ရှိလေသည်။ ထိုအရာကို တွေးကာ ဖူချိုက်ယွင်၏ စိတ်အတွင်း သတ်ဖြတ်လိုစိတ် တစ်ချက် ဖြတ်ပြေးသွားလေ၏။

ဒီလော့ချန်ကို လွှတ်ထားလို့ မဖြစ်တော့ဘူး

သူက သူ့ဘာသာသူ တွေးလိုက်မိသည်။ သို့သော်လည်း သူ့မျက်နှာအမူအရာက မပြောင်းမလဲ ကျန်ရှိနေပြီး သူ့ သတ်ဖြတ်ငွေ့ပင် ထုတ်ပြခြင်း မရှိပေ။

ကမ္ဘာရှိ ပါရမီကောင်းသည့် ဆေးဝါးပညာရှင်များက အကြောင်းအရင်း တစ်ချက်ကြောင့် အဆင့်အတန်း မြင့်မားလေသည်။ ထိုအရာက အင်မော်တယ်ဆေးလုံး ဖြစ်၏။

ဆေးဝါးပညာရှင်များ၏ ကန့်သတ်ချက်က အဆင့်(၆) ဆေးဝါးပညာရှင် ဖြစ်ပေသည်။ ဧကရာဇ်ဆေးလုံးက မဟာတာအိုအရင်းအမြစ်၏ စွမ်းအား ပါဝင်နေသည့်အတွက် မဟာဧကရာဇ်များနှင့် တာအိုအရှင်များသာ ထိုသို့သော စွမ်းအားမျိုး ရှိကြသည်။

မဟာဧကရာဇ်များက သူတို့၏ မဟာတာအိုအရင်းအမြစ်ကို တိုက်ရိုက်ထိန်းချုပ်နိုင်စဉ် တာအိုအရှင်များက ထိုစွမ်းအားကို ငှားယူနိုင်လေသည်။ သူတို့လုပ်နိုင်သည့် ဆေးလုံးက ဧကရာဇ်အဆင့် ဆေးလုံးနှင့် တာအိုဆေးလုံးဟူ၍ အဆင့်ပြန်ခွဲခြားထားသည်။

ထိုဆေးလုံးနှစ်လုံး၏ ပြဿနာကား မဟာဧကရာဇ် သို့မဟုတ် တာအိုအရှင်တိုင်းက ဖော်စပ်နိုင်ခြင်း မဟုတ်ပေ။ အကယ်၍ သူတို့ဆေးဝါးပညာရှင် မဟုတ်သလို ဆေးဝါးပါရမီ မရှိပါက သူတို့ဖော်စပ်သည့် ဆေးလုံးက အတုအယောင် ဧကရာဇ်ဆေးလုံးဟုသာ ယူဆနိုင်လေသည်။

နှစ်များစွာ ကြာမြင့်ပြီးသည့်အခါ ကျင့်ကြံသူများက ထိုသို့သော အခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းရှာဖွေခဲ့ကြသည်။ ဆေးဝါးပညာရှင် တစ်ယောက်က ပြီးပြည့်စုံသည့် ဧကရာဇ်တစ်ပိုင်း ဆေးလုံးကို ဖော်စပ်နိုင်သရွေ့ မဟာဧကရာဇ် သို့မဟုတ် တာအိုအရှင်များက ထိုဆေးလုံးအား မဟာတာအို အရင်းအမြစ်အဖြစ် ဆေးကြောပေးလိုက်သရွေ့ ဆေးလုံးသည် တာအို သို့မဟုတ် ဧကရာဇ်အဆင့် ဆေးလုံးအဖြစ် ဆင့်ကဲပြောင်းလဲလာနိုင်သည်။

ဤတွေ့ရှိချက်က ကိစ္စအကြီးကြီး ဖြစ်သော်လည်း ကမ္ဘာကြီးက ရက်စက်ကာ မမျှတကြောင်း ပြသနေလေသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ဆေးဝါးပညာရှင်များက သူတို့တစ်ဘဝလုံး သူတို့၏ အောင်မြင်မှုများက သတ်မှတ်ပြီးသားဖြစ်ကြောင်း သဘောပေါက်ခဲ့ကြသည်။

မှီခိုစရာ ဧကရာဇ် မရှိဘဲ သူတို့က အဆင့် ၇ ဆေးလုံးကို ဘယ်တော့မှ ဖော်စပ်နိုင်မည် မဟုတ်ပေ။ ဤသည်က လူများစွာ၏ တာအိုနှလုံးသားကို ဖျက်ဆီးပစ်နိုင်သည့် စိတ်ပျက်ဖွယ် အမှန်တရားတစ်ခု ဖြစ်ပေသည်။ တစ်ချိန်တည်းဆိုသလို အဆောင်ပြုလုပ်သူနှင့် တခြားသော ကျွမ်းကျင်အတတ်ပညာရှင် အများစုကလည်း ဘဝ၏ ရည်မှန်းချက်၊ ဘဝ၏ လမ်းကြောင်း ပျောက်ဆုံးသွားကြသည်။ သို့သော်လည်း ကောလဟာလတစ်ခုက ထိုအတတ်ပညာရှင်များထံ မျှော်လင့်ချက် ယူဆောင်ပေးလာသည်။

တခြားကမ္ဘာအသိုင်းအဝိုင်းတစ်ခုမှ ပါရမီပါသူက ဧကရာဇ်တစ်ပိုင်း အဆင့်ဖြင့် အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့လေသည်။ ထိုလူက ထိုဆေးလုံးအား အသုံးချကာ မဟာဧကရာဇ်၏ အကူအညီ မရှိဘဲ ထာဝရအရှင်တစ်ပါး ဖြစ်လာခဲ့၏။

ကျင့်ကြံရေးလောကက ထိုသတင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်သွားကာ အလိမ်အညာဟု တွေးခဲ့ကြသည်။ သို့သော်လည်း တခြားကမ္ဘာအသိုင်းအဝိုင်း တစ်ခုကို သွားလာနိုင်သည့် ဧကရာဇ်မျိုးနွယ်စုများက ထိုသတင်းသည် အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထို့ကြောင့် ထိုကျွမ်းကျင်အတတ်ပညာဆိုင်ရာ ပညာရှင်များက ရူးသွပ်ကုန်ကြသည်။ ဤသည်မှာ သူတို့၏ ကံကြမ္မာကို ထိန်းချုပ်ပြီး မဟာဧကရာဇ်များ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည်။ ထိုစဉ်အချိန်မှစ၍ ကျွမ်းကျင် အတတ်ပညာရှင်များသည် အင်မော်တယ်အဆင့် ထုတ်ကုန်ကို ဖန်တီးနိုင်ဖို့အတွက် ရည်မှန်းချက် ဖြစ်လာခဲ့ကြသည်။

ထိုလမ်းစဉ်က နှစ်များစွာ ကြာပြီးသည့်နောက်တွင် မအောင်မြင်ဘဲ တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ လူများစွာက ဧကရာဇ်မျိုးနွယ်များသည် ကမ္ဘာရှိ ကျွမ်းကျင်အတတ်ပညာရှင်များကို လှုံ့ဆော်ပေးဖို့အတွက် လိမ်ညာခဲ့သည်ဟု ယူဆခဲ့ကြသည်။

ထို့နောက် အလယ်အလတ် ဧကရာဇ်ခေတ်ကာတွင် အသင်္ချေအင်ပါယာကမ္ဘာ၏ လေလွင့်ကျင့်ကြံသူ ဆေးဝါးပညာရှင် တစ်ယောက်က အောင်မြင်ခဲ့သည်။ အတိအကျဆိုရလျှင် သူမက တစ်စိတ်တစ်ပိုင်း အောင်မြင်ခဲ့လေသည်။ သူမက စကြဝဠာမှ မသေမျိုးချီကို ဆွဲဆောင်နိုင်မည့် ဆေးလုံးကို ဖန်တီးနိုင်ခဲ့သည်။

ကံဆိုးစွာဖြင့် ထိုဆေးလုံးက စမ်းသပ်ချက် ကျရှုံးကာ မပြီးမြောက်သေးသည့် ထုတ်ကုန် ဖြစ်သွားလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာကို မျိုချပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်က မသေမျိုး အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ သူမ၏ သက်တမ်းက သိသိသာသာ တိုးတက်သွားလေသည်။

သိပ်မကြာခင် သူမက ကမ္ဘာမှ ပျောက်ကွယ်သွားလေ၏။ လူများစွာက သူမသည် မဟာဧကရာဇ်များ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသည်ကို မကြိုက်ကြသည့် လူများ၏ လက်ချက်ဖြင့် သေဆုံးသွားသည်ဟု ထင်ကြသည်။ လူများစွာကမူ သူမသည် မဟာဧကရာဇ်များ ပျောက်ကွယ်သွားသည့်နေရာသို့ ထွက်သွားသည်ဟု ယုံကြည်ကြသည်။ သူမက အမွေအနှစ်ကို ချန်မထားခဲ့သည်မှာ နှမြောဖွယ်ကောင်းလှသည်။

သို့သော်လည်း သူမ၏ အောင်မြင်မှုက လူများသည် သူတို့ရှေ့ဆက်ရမည့် လမ်းကြောင်းရှိကြောင်း ပြသနေလေ၏။ ရလဒ်အနေဖြင့် ပါရမီပါသည့် ဖူချိုက်ယွင်ကဲ့သို့ ကျွမ်းကျင်အတတ်ပညာဆိုင်ရာ ပညာရှင်များက ကမ္ဘာတွင် အဆင့်အတန်း မြင့်မားကြပြီး သူတို့၏ ဟာကွက်က မည်သို့ပင်ဖြစ်စေကာမူ သည်းခံကြရသည်။

ဤသည်က ကျွမ်းကျင်အတတ်ပညာဆိုင်ရာ အသီးသီး၏ အဖွဲ့အစည်းများကို ဖန်တီးခဲ့သည့် အကြောင်းအရင်း တစ်ချက်လည်း ဖြစ်ပေသည်။ ထိုအရာက အဆင့်(၇) အင်မော်တယ် ကျွမ်းကျင်အတတ်ပညာကို ဖန်တီးပြီး အတွေးအခေါ်များ လဲလှယ်နိုင်ဖို့ရာ ဖြစ်သည်။

………………

ဝမ်ဝေ့၏ ဆေးလုံးက စည်းမျဉ်းဆေးကြောမှု ခံယူပြီးသည့်နောက်တွင် ကောင်းကင်သို့ ချက်ချင်းပျံတက်သွားသည်။ ထိုစဉ် အဖွဲ့အစည်း၏ ပင်မဌာနအထက် တိမ်တိုက်များ စတင်စုစည်းလာလေ၏။ ထိုဖြစ်စဉ်က တစ်နာရီကျော် ကြာမြင့်ခဲ့၏။

နောက်ဆုံးတွင် မိုးကြိုးချက်က ဆေးလုံးအပေါ် ကျရောက်လာလေ၏။

ဆေးလုံးစမ်းသပ်ချက်နှင့် ပတ်သက်လာသည့်အခါ ကျင့်ကြံသူများက သူတို့၏ ဆေးလုံးကို အောင်မြင်ဖို့ ကူညီတတ်ကြသည်။ သို့သော်လည်း စစ်ဆေးမှုစည်းမျဉ်းအရ ထိုအရာကို ခွင့်ပြုမထားပေ။

အကြောင်းမှာ စမ်းသပ်ချက်က မိုးမြေ၏ ဆေးလုံးအပေါ် စစ်ဆေးမှုဖြစ်၍ ဖြစ်သည်။ စမ်းသပ်ချက်က အမြဲလိုလို မိုးကြိုးပုံသဏ္ဌာန်အဖြစ် ရောက်ရှိလာလေ့ရှိပြီး ဆေးလုံး၏ စွမ်းဆောင်နိုင်ရည်နှင့် ထိုက်တန်မှုတို့ကို စမ်းသပ်လေသည်။

အကယ်၍ ဆေးလုံးက ထိုဖြစ်စဉ်ကို ကျော်ဖြတ်နိုင်လျှင် မိုးကြိုးက ကံကြမ္မာကောင်း စွမ်းအားဖြင့် ပြောင်းလဲသွားကာ ဆေးလုံးအား အားဖြည့်ပေးပြီး အရည်အသွေးနှင့် စွမ်းဆောင်ရည်ကိုပါ တိုးမြင့်သွားစေလိမ့်မည်။

အားလုံးက ဝေဟင်ရှိ ဆေးလုံးကို အားတက်သရော ကြည့်နေကြစဉ် ဝမ်ဝေ့က ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ကုသနေလေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် တတ်နိုင်သည့်အရာ မရှိပေ။

အဖွဲ့အစည်း၏ စည်းမျဉ်းများအရ သူတော်စင်အဆင့် စစ်ဆေးမှုသည် သူတို့ဆေးလုံး ဖော်စပ်ဖို့အတွက် အကြိမ်ရေနှစ်ဆယ် ကြိုးစားခွင့် ရှိလေသည်။ သူတို့က တစ်ကြိမ် အောင်မြင်သည်နှင့် ဆေးလုံးအရည်အသွေးက သာမန်ဖြစ်စေကာမူ စစ်ဆေးမှု အောင်မြင်လိမ့်မည် ဖြစ်၏။

ထို့ကြောင့် ပါရမီရှင်အဆင့် ဆေးဝါးပညာရှင် ဖြစ်လာဖို့အတွက် ငါးရာခိုင်နှုန်း အောင်မြင်နိုင်ချေသာ လိုအပ်လေသည်။

နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်ရှိ တိမ်တိုက်များက ပျောက်ကွယ်သွားကာ ကောင်းချီးပေးသည့် တိမ်တိုက်များ ပေါ်ထွက်လာပြီး ဆေးလုံးအနား ဝန်းရံနေလေသည်။

“ အောင်တယ်” အကဲဖြတ်ဒိုင်တစ်ယောက်က ပြောလိုက်သည်။

ထို့နောက် အကဲဖြတ်ဒိုင် ၈ယောက်လုံးက ကောင်းကင်တွင် ပေါ်လာကာ ဆေးလုံးကို ကြည့်လိုက်ကြသည်။

“ ဒါက ထိပ်တန်းသာမန် အရည်အသွေးပဲ။  ဒါကို အထွတ်အထိပ်တစ်ပိုင်း အရည်အသွေးလို့တောင် သတ်မှတ်နိုင်တယ်။”

ဤအချက်က တခြားဒိုင်များအား အံ့အားသင့်သွားစေသည်။ စည်းမျဉ်းအရ ဝမ်ဝေ့က နိမ့်ကျ အရည်အသွေးဆေးလုံးကို ဖော်စပ်နိုင်လျှင်ပင် သူက သူ့ကျင့်ကြံဆင့် နိမ့်ကျမှုကြောင့် အောင်မြင်ဦးမည်သာ ဖြစ်၏။

ပို၍အရေးကြီးသည်က ထိုဆေးဝါးပညာရှင်များသည် ဆေးလုံးသည် အရည်အသွေး မမြင့်မားသည်မှာ ဝမ်ဝေ့၏ သန့်စင်ရေး ဖြစ်စဉ်ကြောင့် မဟုတ်ဘဲ ဝိညာဉ်စွမ်းအား ပြန်လည်ဖြည့်ဆည်းဖို့အတွက် သင်္ကေတရေးထိုးရာတွင် ခဏတိုင်း ရပ်တန့်ရသည့် အကျိုးဆက်ကြောင့် ဖြစ်မှန်း သိကြသည်။

သူတော်စင်အဆင့်များအား သူတို့၏ ပိုင်နက်ကို ချဲ့ထွင်ပြီး တိုက်ခိုက်စွမ်းရည်ကို ယာယီမြှင့်တင်ပေးနိုင်သည့် ပိုင်နက်ချဲ့ထွင်ရေး ဆေးလုံးကို လေ့လာပြီးနောက် သူတို့က အလျင်အမြန် ထွက်ခွာသွားသည့် ဖူချိုက်ယွင်အား မကြည့်ဘဲ မနေနိုင်ကြပေ။

သူတို့သိထားသလောက် ဖူချိုက်ယွင်သည် သူ့မျိုးဆက်အတွင်း ထိပ်တန်း နိမ့်ကျ အရည်အသွေးဆေးလုံးကိုသာ ဖော်စပ်နိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့က ဘာမှမပြောကြပေ။ ထိုအစား သူတို့က ဂိုဏ်းချုပ်ယဲ့လောင်အား ဤသို့သော အလားအလာကောင်းပြီး ပါရမီရှိသည့် တပည့်အား ပြုစုပျိုးထောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုနေကြသည်။

ဝမ်ဝေ့အတွက်မူ သူက ပြန်လည်အားဖြည့်နေရာမှ မျက်လုံးအနည်းငယ် ဖွင့်ကာ  စစ်ဆေးကြည့်လိုက်သည်။

ပထမခြေလှမ်းတော့ ပြီးသွားပြီ။ နောက်ခြေလှမ်းစလိုက်ကြရအောင် …

All Chapters