← Chapters

ဆရာတစ်ယောက်အဖြစ် ကျရှုံးခြင်း

Vol. 27 Ch. 373

ဆရာတစ်ယောက်အဖြစ် ကျရှုံးခြင်း

Vol. 27 Ch. 373

အခန်း (၃၇၃) : ဆရာတစ်ယောက်အဖြစ် ကျရှုံးခြင်း

ဝမ်ဝေ့က အမှန်အတိုင်းပြောရုံမှအပ ရွေးချယ်စရာ မရှိပေ။ မီးတောက်ဧကရာဇ်၏ စည်းတံဆိပ်အရ သူထွက်သွားသည်နှင့် လော့ချန်က ထိုမီးတောက်တစ်သောင်း ပညာရပ်ကို လက်ခံရရှိလိမ့်မည်။

ထိုအရာကို ကြားပြီး ယဲ့လောင်က ပြောလိုက်သည် “ ဆရာ ကြည့်ရအောင်”

ထို့နောက် သူက အံ့ဖွယ်အသိစိတ်ဖြင့် လော့ချန်၏ အသိစိတ်ပင်လယ်အတွင်း စစ်ဆေးကြည့်လိုက်သည်။ နိဝမ်ဆုံမှတ်က အရမ်းကို ထိရှလွယ်ပြီး ကျင့်ကြံသူ၏ လမ်းစဉ်အတွက် အလွန်အရေးကြီးလေသည်။ ထို့ကြောင့် သာမန်အားဖြင့် သူတို့က တခြားတစ်ယောက်ကို စစ်ဆေးခွင့်ပြုမည် မဟုတ်ပေ။ သို့သော်လည်း ဆရာတပည့်အနေနှင့် သူတို့၏ ဆက်ဆံရေးက သားအဖထက်ပင် ပိုကောင်းလေသည်။

ထို့ကြောင့် ဝမ်ဝေ့က ယဲ့လောင်၏ တောင်းဆိုချက်ကို မသက်မသာ ဖြစ်မိသော်လည်း လော့ချန်အဖြစ် အယောင်ဆောင်နေရသည့်အတွက် လက်ခံလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က သူ့အသိစိတ်ပင်လယ်လည်း မဟုတ်ပေ။

ထို့ကြောင့် သူက သူ့စိတ်အခြေအနေကို မြန်မြန်ထိန်းညှိလိုက်ပြီး ဝိညာဉ်အတွင်းမှ အရူးအမူးစွဲလမ်းပန်းကို ဝှက်ထားလိုက်သည်။

ထိုစဉ် ယဲ့လောင်က သူ့တပည့်၏ ထူးထူးဆန်းဆန်း အပြုအမူကို သတိမထားမိပေ။ သူ့ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အထဲ၌ အားကောင်းသည့် စည်းတံဆိပ်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုစည်းတံဆိပ်က ဧကရာဇ်ကျမ်းများအား ထုတ်ဖော်ခြင်းမှ ကာကွယ်ဖို့ရာအတွက် ချမှတ်ထားသည့် အတားအဆီးနှင့် တူညီလေသည်။

သူက ထိုအတားအဆီးကို ဖယ်ရှားဖို့ ကြိုးစားကြည့်လိုက်သော်လည်း သူက သူတော်စင်အဆင့်သာ ဖြစ်သည့်အတွက် အင်အားမဲ့နေသည်။

ထို့နောက် သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာလေသည်။ သူက သူ့တပည့်အား ဤစစ်ဆေးမှု အောင်မြင်စေလိုသည့် အဓိက အကြောင်းအရင်းမှာ ထိုကျမ်းကို ရရှိပြီး မူလဆေးလုံးမီးတောက်ကျမ်းကို ရရှိဖို့အတွက် ညှိနှိုင်းမှုအတွက် အသုံးပြုဖို့ရန် ဖြစ်သည်။

မီးတောက်တစ်သောင်းကျမ်းက အားကောင်းသော်လည်း လျှို့ဝှက်ချက်တချို့ သိထားသည့် ဂိုဏ်းချုပ်အနေနှင့် ထိုအရာသည် မူလဆေးလုံး မီးတောက်ကျမ်းလောက် ကောင်းသည်ဟု မထင်မိပေ။

ထိုသို့ဆိုလျှင်ပင် သူ့တပည့်အား ရှေ့တစ်ခုကို ကျင့်ကြံစေလိုဆဲ ဖြစ်၏။ ဤသည်က သူတို့ဂိုဏ်း၏ သမာသမတ်ကျသည့် အမွေအနှစ် ဖြစ်ပေသည်။ ထိုအသက်ကြီးကာ ဂျီးများကြသည့် အထွတ်အထိပ် အကြီးအကဲများကလည်း ထိုအကြောင်းကို ဆက်လက် အငြင်းပွားနိုင်မည် မဟုတ်ပေ။

ဖူချိုက်ယွင်က ဂိုဏ်းအတွင်း အများအပြား ထောက်ပံ့မှုရသည့် အကြောင်းအရင်းတစ်ချက်မှာ သူက ထိုကျမ်းကို အောင်မြင်သည့် တစ်ဦးတည်းသောသူ ဖြစ်နေ၍ ဖြစ်သည်။ ယဲ့လောင်ပင် သူ့မျိုးဆက်အတွင်း ကျရှုံးခဲ့လေသည်။

သူ့တပည့်တစ်ယောက်က ထိုသို့လုပ်ဆောင်နိုင်သည်နှင့် သူက ဖူချိုက်ယွင်၏ လွှမ်းမိုးမှုကို သိသိသာသာ လျှော့ချနိုင်လိမ့်မည်။ ကံဆိုးစွာဖြင့် ယဲ့လောင်က ကိစ္စများသည် သူ ထင်ထားသလောက် မလွယ်ကူကြောင်း သိသွားလေသည်။

လော့ချန်အား စစ်ဆေးမှု အောင်မြင်သွားသည်ကို ဂုဏ်ပြုပြီးသည့်နောက်တွင် ယဲ့လောင်က ဂိုဏ်းသို့ အလျင်အမြန် ပြန်သွားလေသည်။ သူတို့ပြန်လမ်းတွင် လုပ်ကြံမှုတချို့နှင့် ကြုံတွေ့ခဲ့ရသေးသည်။

သို့သော်လည်း ဂိုဏ်းချုပ်က ကြိုတင်ပြင်ဆင်ထားပြီး တပည့်အား စိတ်ချလုံခြုံစေရန် အာမခံချက်ပေးထားသည်။

ဝမ်ဝေ့၏ အာရုံဖြင့် တိုက်ပွဲဖြစ်နေသည်ကို ခံစားမိလေသည်။ သူက မသိသလိုသာ ဟန်ဆောင်နေခဲ့၏။

မူလဆေးလုံးတာအိုဂိုဏ်းသို့ ပြန်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဂူသို့ ပြန်ကာ လော့ချန်ဆီ ဖြစ်ခဲ့သည့် အပြောင်းအလဲများအား စစ်ဆေးကြည့်လိုက်သည်။

သူက လော့ချန်၏ သွေးမျိုးဆက်အတွင်း သူ့ကျင့်ကြံရေးအတွက် သာမက ဆေးဝါးပါရမီအတွက်ပါ တိုးမြှင့်ပေးနိုင်သည့် အပြောင်းအလဲကို သတိထားမိလိုက်သည်။

ဆေးလုံးသန့်စင်ရာတွင် ဝမ်ဝေ့က လော့ချန်၏ စွမ်းရည်သည် လုံလောက်သည်ထက် ပိုနေသည့်အတွက် သူ့နားလည်မှုနှင့် အာရုံတို့အား အသုံးပြုဖို့ မလိုအပ်ပေ။ ဤသည်က ဝမ်ဝေ့အတွက် ရှာဖွေတွေ့ရှိခံရခြင်းမှ လျှော့ချခံရသည့်အတွက် သတင်းကောင်း ဖြစ်လေသည်။

ထို့အပြင် ဝမ်ဝေ့ ထိုခန္ဓာကိုယ်မှ ထွက်သွားသည်နှင့် သူ ဖန်တီးပေးခဲ့သည့် အဆင့်အတန်းလည်း အပါအဝင် လော့ချန်က ထိုစွမ်းရည်အားလုံးကို အလွယ်တကူ အမွေဆက်ခံသွားနိုင်လိမ့်မည်။ သို့သော်လည်း တစ်ချိန်တည်းဆိုသလို သူက စိုးရိမ်မိလေသည်။

သူ့အလိုလိုသိစိတ်က လော့ချန်သည် ဤကျမ်းအား အမွေဆက်ခံလိုက်ခြင်းသည် သူ့အား မီးတောက်ဧကရာဇ်၏ တွက်ချက်မှုအတွင်း ကျရောက်သွားသည်ဟု ပြောပြနေလေ၏။ အဆုံးသတ်တွင်မူ သူက ဆိုးဆိုးရွားရွား အဆုံးသတ်သွားနိုင်သည်။

အမှန်အတိုင်းဆိုရလျှင် ဝမ်ဝေ့က သူသာ တခြားတစ်ယောက်၏ တွက်ချက်မှုအတွင်း ကျရောက်သွားခဲ့သည်ဟု ခန့်မှန်းမိလိုက်သည်။ အကယ်၍ ထိုအရာကို တွေးကြည့်လျှင် လော့ချန်လိုလူမျိုးက သူ့ အကူအညီ မရှိဘဲ အမွေအနှစ် စစ်ဆေးပွဲကို အောင်မြင်မည် မဟုတ်ပေ။

ထိုအရာကို တွေးလိုက်ပြီးသည့်နောက်တွင် သူက မှန်ကန်သည်ဟု ခံစားမိ၏။ ထို့ကြောင့် သူက လော့ချန်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။ ထို့ကြောင့် သူက မီးတောက်ဧကရာဇ်သည် ဘာလုပ်ချင်မှန်းမသိသည့်အတွက် အနည်းငယ် စိုးရိမ်လာမိသည်။

အဆုံးသတ်တွင်မူ သူက လော့ချန် မဟုတ်သည်ကို သတိပြုမိပြီး တည်ငြိမ်သွားလေသည်။ သူက ကမ္ဘာရှိ အားအကောင်းဆုံးဂိုဏ်း၏ အမွေခံသားတော် ဖြစ်နေဆဲဖြစ်၏။ သူ့အား လှည့်ကွက်များဖြင့် လှည့်စားဖို့ မလွယ်ကူပေ။

ထိုအရာက ကျရှုံးသွားလျှင်ပင် သူ့တွင် မည်မျှအားကောင်းမှန်း မပြောနိုင်သေးသည့် လျှို့ဝှက်ဆန်းကြယ် ဇနီးတစ်ယောက် ရှိနေသေးသည် မဟုတ်ပါလော။ ထို့အပြင် သူသာ မဟာဧကရာဇ် ဖြစ်လာသည်နှင့် မီးတောက်ဧကရာဇ်အား ဂရုစိုက်နေစရာ မလိုတော့ပေ။ ထို့ကြောင့် မည်သို့ပင် ဖြစ်စေကာမူ ခံစားရမည့်သူက လော့ချန်သာ ဖြစ်လိမ့်မည်။

ထိုအရာကို သိရှိပြီးသည့်နောက်တွင် သူ့ဆရာဆီမှ သတင်းကို စောင့်ဆိုင်းနေရင်း စိတ်သက်သာရာရသွားလေသည်။ ယခုတွင် သူက သူ့ရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် နီးကပ်လာလေပြီ။ သူက စိတ်လှုပ်ရှားနေမိသော်လည်း စိတ်ခံစားချက်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ထားနိုင်သေး၏။

ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဆရာ၏ ဂူသို့ အခေါ်ခံလိုက်ရသည်။ သူ ဝင်ရောက်သွားသည်နှင့် လူအိုကြီး၏ မျက်နှာအထက် ပင်ပန်းမှုနှင့်အတူ စိတ်ပျက်လက်ပျက် မျက်နှာထားမျိုး ရှိနေသည်။

ဝမ်ဝေ့က အရက်နံ့ကိုပင် ရလိုက်သည်။ ယဲ့လောင်က ထိုအနံ့ကို ဖယ်ရှားဖို့ ကြိုးစားထားသော်လည်း ဆေးဝါးပညာရှင်အနေဖြင့် သူ့အနံ့ခံနှုန်းက နတ်ဆိုးခွေးများထက်ပင် ပို၍ကောင်းလေသည်။

“ ဆရာ အဆင်ပြေရဲ့လား”

“ ရှောင်ဝူ မင်းဆရာက အသုံးမကျဘူးလို့ ထင်လား”

ဝမ်ဝေ့က ထိုလူအိုကြီး၏ အခြေအနေကို မြင်သည့်အခါ တစ်ခုခု ဖြစ်ပျက်ခဲ့မည်မှန်း ခန့်မှန်းမိလိုက်သည်။ ပို၍အရေးကြီးသည်က သူက သူ့တာဝန်ကို ကျရှုံးသွားလေသည်။ သို့သော် ဤအခြေအနေအထိ ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။

“ ဆရာ ဘာဖြစ်လို့လဲ”

“ ငါ မင်းကို မူလဆေးလုံး မီးတောက်ကျမ်းကို ရဖို့ ကြိုးစားပေမဲ့ ဖူချိုက်ယွင်အပါအဝင် အကြီးအကဲတွေနဲ့ အထွတ်အထိပ် အကြီးအကဲအချို့ကတောင် ငါ့တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တယ်။ ငါက မင်းဆီမှာ မီးတောက်တစ်သောင်း ပညာရပ် ရပြီးပြီလို့ ပြောတာတောင် သူတို့က ငါ့ကို မယုံကြည်ကြဘူး။  သူတို့က မင်းရဲ့အသိစိတ်ပင်လယ်ကို စစ်ဆေးကြည့်ဖို့ ပြောနေကြတယ်။ ငါ မလိမ်ဘူးဆိုတာကို သက်သေပြဖို့အတွက်ပေါ့။

သူတို့စကားတွေရဲ့ အဓိပ္ပာယ်ကို ငါက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ တကယ်လို့ ဒီလိုသာ လုပ်ခွင့်ပေးလိုက်ရင် အဲဒီဖြစ်စဉ်အတွင်း မင်းဆီမှာ ဘာဖြစ်သွားမလဲ ကောင်းကင်ဘုံပဲ သိလိမ့်မယ်”

ယဲ့လောင်က သူ့လက်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

“ ဖူချိုက်ယွင်က ဂိုဏ်းရဲ့ အထက်ပိုင်းတွေကို ထိန်းချုပ်ထားတာကို သိပေမဲ့ ဒီလောက်ထိ ဆိုးရွားမယ်လို့ မထင်ထားမိဘူး။ ဒီနေ့ လူတော်တော်များများက သူ့ဘက်ကို ပါနေတယ်ဆိုတာကို မြင်လိုက်ရတဲ့အခါမှာ ငါက အသုံးမဝင်ဘဲနဲ့ ဘာမှမထိုက်တန်ဘူးဆိုတာကို ခံစားမိလာတယ်။

ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါ့ဂိုဏ်းမှာတောင် ငါက အာဏာနည်းနည်းပဲ ရှိတယ်။ အဆိုးဆုံးအရာက ဒီအခြေအနေက မင်းသာ သူတော်စင်အဆင့် ဆေးဝါးပညာရှင် ဖြစ်မလာခဲ့ရင် ပိုဆိုးသွားနိုင်တယ်”

ထိုသို့ပြောပြီးသည့်နောက်တွင် ယဲ့လောင်က များစွာ အိုမင်းသွားဟန်ပေါ်သည်။ သူ့ခန္ဓာကိုယ်မှ စိတ်ဓာတ်ကျသည့် အငွေ့အသက်လည်း ထွက်ပေါ်နေလေ၏။

“ ဆရာက အသုံးမကျတာ မဟုတ်ပါဘူး”

သူက သူ့ဘာသာသူ ခနဲ့ကာ ရယ်လိုက်သည်။

“ ဆရာအနေနဲ့ ငါက မျက်နှာသာပေးခံရဖို့ ငါ့တပည့်အပေါ်တောင် မှီခိုနေရတာ။ တကယ်လို့ ငါက အသုံးမကျတာ မဟုတ်ဘူးဆိုရင်ဘာဖြစ်ဦးမှာလဲ”

ဝမ်ဝေ့က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တွေးလိုက်မိသည်။ ကျင့်ကြံရေးလောကတွင် အားလုံးက သူတို့အခက်ခဲနှင့်သူတို့ ရှိကြလေသည်။ အဆင့်အတန်းနှင့် ခွန်အားက မည်သို့ပင်ဖြစ်စေကာမူ အရေးမပါပေ။

ယဲ့လောင်အား ကြည့်လိုက်ပါက ပြင်ပလောကတွင် သူက အားကောင်းသည့် ဧကရာဇ်မျိုးနွယ်မှ ဂိုဏ်းချုပ် တစ်ယောက်ဖြစ်ပြီး ကျင့်ကြံဆင့်လည်း မြင့်မားကာ လေးစားခံရသည့် အဆင့် ၅ ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်လေသည်။ သို့သော်လည်း သူ့ဂိုဏ်းအတွင်း ရုပ်သေးရုပ် ဂိုဏ်းချုပ်တစ်ယောက်လို ပြုမူနေရလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ သူ့ဂိုဏ်း၏ အရင်းအမြစ်များကိုပင် ထိန်းချုပ်နိုင်စွမ်း မရှိပေ။

ဝမ်ဝေ့ကို ကြည့်လိုက်လျှင် ပြင်ပလောကအတွက်မူ သူက ကမ္ဘာရှိ အားအကောင်းဆုံးဂိုဏ်းမှ အနာဂတ်ခေါင်းဆောင် ဖြစ်၏။ သူ့ဘဝတွင် ဘာမှစိုးရိမ်နေစရာ မရှိဘဲ လှပကာ အားကောင်းသည့် ဇနီးကိုလည်း ရှိထားလေသည်။

သို့သော်လည်း သူက သူ့ပုခုံးပေါ် လူမည်မျှ၏ ဘဝက မှီခိုနေပြီး ဖိအားမည်မျှရှိသည်ကို မည်သူက သိမည်နည်း။

နှစ်များကြာလာသည့်အခါ သူက ထိုမျှော်လင့်ချက်များနှင့် ကိုက်ညီအောင် နေထိုင်ခဲ့ရသည်။ သို့သော်လည်း သူသာ မဟာဧကရာဇ် ဖြစ်မလာခဲ့လျှင် အရာအားလုံးက အလကားဖြစ်သွားမည်ကို သိလေသည်။ ထို့ကြောင့် လူအားလုံးတွင် ပြဿနာကိုယ်စီရှိကြလေသည်။

“ ဆရာ အခုက ညည်းညူနေရမဲ့ အချိန်မဟုတ်ဘူး။” ဝမ်ဝေ့က ပြောလိုက်သည်။

“ အဲဒါဆိုရင် ငါက ဘာလုပ်နိုင်မှာလဲ”

“ ဆရာ ပြောတယ်မလား။ ကျွန်တော်သာ မူလဆေးလုံးမီးတောက်ကျမ်းကို ရယူနိုင်တာနဲ့ ဂိုဏ်းထဲမှာရှိတဲ့ ဖူချိုက်ယွင်ရဲ့ အာဏာက သိသိသာသာ လျော့ကျသွားလိမ့်မယ်ဆို။ ပြီးတော့ ကျွန်တော်က မီးတောက်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရှိထားတယ်။ အဲဒီကျမ်းနှစ်ခုနဲ့ဆိုရင် ကျွန်တော်က သူ့ကို ရင်ဆိုင်ဖို့ ပိုလွယ်မသွားဘူးလား”

ယဲ့လောင်က ထိုအရာကို ကြားပြီးနောက် အကြည့်များက တောက်ပလာလေသည်။

“ ဒါပေမဲ့ ငါက မူလဆေးလုံးတာအိုကျမ်းကို မရနိုင်သေးဘူး”

“ တကယ်ကို နည်းလမ်း မရှိတော့ဘူးလား။ ဖူချိုက်ယွင် တားတာ မခံရဘဲနဲ့ ရနိုင်မဲ့ နည်းလမ်းရှိသင့်တယ်။”

ယဲ့လောင်က စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့မျက်ဝန်းက နေမင်းအလင်းရောင်ထက်ပင် ပို၍တောက်ပသွားလေသည်။

“ ဆေးလုံးဝိဇ္ဇာ စစ်ဆေးပွဲ”

All Chapters