← Chapters

ဆေးလုံးဝိဇ္ဇာ စစ်ဆေးပွဲ

Vol. 27 Ch. 374

ဆေးလုံးဝိဇ္ဇာ စစ်ဆေးပွဲ

Vol. 27 Ch. 374

အခန်း (၃၇၄) : ဆေးလုံးဝိဇ္ဇာ စစ်ဆေးပွဲ

ဝမ်ဝေ့က သူ့ဆရာ၏ စကားကို ကြားကာ မျက်မှောင်ကြုတ်လိုက်ပြီး နားရှုပ်သွားချင်ယောင်ဆောင်လိုက်သည်။ သူက ဆေးလုံးဝိဇ္ဇာ စစ်ဆေးပွဲသည် ဘာမှန်းသိထားလေသည်။ သူက မူလဆေးလုံး တာအိုဂိုဏ်းအပေါ် လေ့လာထားခဲ့၏။

သို့သော်လည်း ထိုအရာက သူ့အား မူလဆေးလုံး မီးတောက်ကျမ်းအား ရရှိနိုင်ဖို့ မည်သို့ကူညီပေးနိုင်မည်ကို မသိပေ။ ထိုအရာက ဂိုဏ်းချုပ်နှင့် လူတချို့သာ သိထားသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်လိမ့်မည်။

သူ့တပည့်၏ စိတ်ရှုပ်ထွေးနေသည့် မျက်နှာကို မြင်လိုက်ပြီးနောက် ယဲ့လောင်က ရှင်းပြလိုက်သည်။

“ ဂိုဏ်းအမျိုးမျိုးနဲ့ ဧကရာဇ်မျိုးနွယ်တွေက ကောင်းကင်ရွေးချယ်ခံတွေကို ရွေးချယ်ဖို့ နည်းလမ်းအမျိုးမျိုး ရှိကြတယ်။ ငါတို့ မူလဆေးလုံးတာအိုဂိုဏ်းနဲ့ ပတ်သက်လာတဲ့အခါ ဆေးလုံးဝိဇ္ဇာ စစ်ဆေးပွဲကို သုံးကြတယ်”

“ ဆရာ  … ကျွန်တော် ဂိုဏ်းရဲ့ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာတာက ကျွန်တော်တို့ အခြေအနေတွေကို သက်ရောက်မှု ရှိလိမ့်မယ်လို့ မထင်ဘူး”

“ ပုံမှန်ဆိုရင်တော့ မင်း ပြောတာ မှန်လိမ့်မယ်။ ဒါပေမဲ့ ငါတို့ဂိုဏ်းရဲ့ စစ်ဆေးမှုက ကွဲပြားတယ်။ ကောင်းကင်ရွေးချယ်ခံအထက် ဒီစစ်ဆေးပွဲမှာ ဘိုးဘေးကောင်းချီးလို့ခေါ်တဲ့ အဆင့်တစ်ခု ရှိတယ်။ မင်းသာ အဲဒီအဆင့်ကို ရယူနိုင်သရွေ့ ငါတို့ဘိုးဘေးရဲ့ စည်းမျဉ်းတွေအတိုင်း ဂိုဏ်းရဲ့ အရင်းအမြစ်တွေ အားလုံးကို မင်းက ရရှိလိမ့်မယ်”

“ အဲလောက်တောင် ရိုးရှင်းတယ်လား”

“ ရိုးရှင်းတယ်တဲ့လား။ ကောင်လေး မင်းက ဘာမှမသိသေးဘူးပဲ။ ဂိုဏ်း စတင်တည်ထောင်ကတည်းက ဒီအဆင့်ကို စတင်ရရှိနိုင်တဲ့လူက လက်တစ်ဖက်နဲ့ ရေလို့ ရတယ်”

“ ဖူချိုက်ယွင်ကရော ဘိုးဘေးကောင်းချီးကို ရခဲ့သေးလား”

“ သူတောင်မှ ကျရှုံးခဲ့တယ်” ယဲ့လောင်က သက်ပြင်းချကာ ပြောလိုက်သည်။ ဖူချိုက်ယွင်၏ ပါရမီဖြင့် လူများစွာက သူသည် အောင်မြင်မည်ဟု ထင်ထားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုစဉ် ယဲ့လောင်က စိတ်သက်သာရာရမိသလို စိတ်ပျက်မှုလည်း ခံစားမိလိုက်သည်။

“ ဒီဘိုးဘေးကောင်းချီး ဆိုတာက ဘာများလဲ” ဝမ်ဝေ့က နားမလည်စွာ မေးလိုက်သည်။ သူက ထိုအရာများကို တစ်ခါမှ မကြားဖူးသည့်အတွက် တတ်နိုင်သမျှ သတင်းများကို စုဆောင်းလိုလေသည်။

“ ဘိုးဘေးကောင်းချီးဆိုတာက ငါတို့ဂိုဏ်းရဲ့ တည်ထောင်သူ တန့်ယွမ်ဧကရာဇ်နဲ့ ပတ်သက်နေတယ်။ ဒီကမ္ဘာရဲ့ ကျွမ်းကျင်အတတ်ပညာဆိုင်ရာရဲ့ လက်ရှိပြဿနာနဲ့ ပတ်သက်နေတယ်”

ဝမ်ဝေ့က ဂရုစိုက်နားထောင်လိုက်၍ တိတ်ဆိတ်သွားလေသည်။

“ ဆေးဝါးပညာက ကမ္ဘာမှာ အရမ်းကိုခက်တယ်။ အဲဒါကြောင့် တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာနိုင်ဖို့ ကောင်းကင်အလိုဆန္ဒကို ရရှိဖို့အတွက် ခွန်အားကို လိုအပ်တော့  ဆေးဝါးပညာရှင်တွေက အရေးနိမ့်ကြတယ်။ ဆေးဝါးပညာရှင် အများစုက သူတို့တစ်ဘဝလုံး ဆေးလုံးဖော်စပ်ခြင်း အဆင့်မှာပဲ အားစိုက်ထုတ်ထားကြတော့ တိုက်ခိုက်စွမ်းမှာ အားနည်းကြတယ်။

အဲဒါကြောင့် ဧကရာဇ်ဖြစ်လာတဲ့ ဆေးဝါးပညာရှင်တိုင်းက ဆေးလုံးဖော်စပ်ရာမှာရော တိုက်ခိုက်စွမ်းမှာရော ထူးချွန်ကြတယ်။ ကျင့်ကြံသူအများစုက သူတို့တစ်ဘဝလုံး တိုက်ခိုက်စွမ်းကိုပဲ မြှင့်တင်ခဲ့ကြတယ်။ သူတို့က ကောင်းကင်အလိုဆန္ဒကို ခံယူဖို့အတွက် ဆေးဝါးပညာအဆင့်ကို တိုးမြှင့်ဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ”

ဝမ်ဝေ့က အခြေအနေသည် မတရားကြောင်း သဘောပေါက်သွားသည့်အတွက် တိတ်ဆိတ်သွားလေသည်။ လက်နက် သန့်စင်ခြင်း၊ အဆောင်ပြုလုပ်ခြင်းနှင့် အစီအရင်ဆရာများနှင့် ပတ်သက်လာသည့်အခါ သူတို့တွင် ကျင့်ကြံဆင့်နောက်ပိုင်း ရောက်လေလေ တိုက်ခိုက်စွမ်းတချို့ ရှိလာလေလေ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ထိုအချက်က သူတို့သည် ကောင်းကင်အလိုဆန္ဒတိုက်ပွဲနှင့် ပတ်သက်လာသည့်အခါ အရေးနိမ့်နေသည့် အချက်က မပြောင်းလဲပေ။ ရလဒ်အနေဖြင့် ဆေးဝါးပညာမှတဆင့် တာအိုကို သက်သေပြသည့် မဟာဧကရာဇ်များက အင်မတန် ထူးချွန်သည့်သူများ သို့မဟုတ် အင်မတန် ကံကောင်းသည့်သူများ ဖြစ်ကြလေသည်။

“ တခြားကမ္ဘာအသိုင်းအဝိုင်းကို သွားတုန်း တန့်ယွမ်ဧကရာဇ်က အသင်္ချေဆေးလုံးကမ္ဘာလို့ ခေါ်တဲ့ ကောင်းကင်အလိုဆန္ဒကမ္ဘာကို တွေ့ရှိခဲ့တယ်။ အဲဒီကမ္ဘာမှာ ဆေးလုံးဖော်စပ်တဲ့သူတွေကပဲ မဟာဧကရာဇ် ဖြစ်လာနိုင်ကြတယ်”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး အကြည့်များ တောက်ပသွားလေသည်။ အဆုံးမဲ့လေဟာနယ်အတွင်း ဘာမဆို ဖြစ်နိုင်လေသည်။ ကောင်းကင်အလိုဆန္ဒကမ္ဘာ တစ်ခုစီ၏ မိုးမြေစည်းမျဉ်းက ကွဲပြားပြီး မတူညီသည့် ကျင့်ကြံရေး နည်းစနစ်၊ ကွဲပြားသည့် တာအို၊ သဘောတရားများ၊ အတွေးအခေါ်များနှင့် လူမှုအဖွဲ့အစည်းများကို ဦးတည်နေသည်။

တစ်ရက်ကျ သူသည်လည်း သူ့အမြင်ကို ဖြန့်ကျက်ဖို့ ထိုအရာအားလုံးကို တွေ့ကြုံခံစားရမည်။

“ ဆရာ တခြားအတတ်ပညာရှင်တွေကရော မဟာဧကရာဇ် ဖြစ်လာနိုင်တာလား”

“ဒီကမ္ဘာမှာ ဆေးဝါးပညာရှင်အများစုက ဆေးဝါးပညာ ဖွံ့ဖြိုးတိုးတက်လာဖို့ပဲ တခြားနယ်ပယ်တွေမှာ အတွေ့အကြုံယူကြတယ်။ အဲဒါကြောင့် တခြားနယ်ပယ်တွေက ဧကရာဇ် ဖြစ်မလာနိုင်ဘူး”

“ အဲဒါဆိုရင် သူတို့က ကောင်းကင်အလိုဆန္ဒကို ဘယ်လိုယှဉ်ပြိုင်နိုင်ကြတာလဲ”

“ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမှာ ဆေးဝါးပညာရှင်တွေက သူတို့ရဲ့ အရည်အချင်းနဲ့ ယှဉ်ပြိုင်ရတယ်။ ဆေးလုံးဖော်စပ်တဲ့ နည်းလမ်း ကောင်းကောင်း ရှိထားတဲ့သူက ဧကရာဇ် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ပုံစံလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ မဟုတ်ဘူး”

ယဲ့လောင်က ခေတ္တမျှရပ်တန့်သွားလေသည်။

“ ဖော်ညွှန်းချက်တွေအရ အဲဒီကမ္ဘာမှာ ဆေးဝါးပညာက စိတ်ကူးထားတာထက် ကျော်လွန်နေတယ်။ နည်းစနစ်တွေ၊ အတွေးအခေါ်တွေ၊ ဆေးဖော်စပ်နည်းတွေက နေ့တိုင်းဆိုသလို အသစ်အသစ်တွေ များတယ်။ အဲဒီကမ္ဘာက ဆေးဝါးပညာရှင်တွေက ဘိုးဘေးတွေကို ကျော်လွန်ပြီး ဖန်တီးမှု အားကောင်းကြတယ်။ မျိုးဆက်တစ်ခုချင်းစီမှာ အတွေးအခေါ်အသစ်တွေနဲ့ ပတ်သက်ပြီးတော့ ဆေးလုံးတာအိုရဲ့ အတွေးအခေါ် အသစ်တွေက ဖြစ်ပေါ်လာတယ်”

“ ကြည့်ရတာ ဆေးဝါးပညာရှင်တွေအတွက် ကောင်းကင်ဘုံလည်း ဖြစ်သလို ငရဲလိုလည်း ဖြစ်နေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ အမှန်ပဲ” ဤသို့သော ကမ္ဘာမျိုးတွင် တကယ်ထက်မြက်သည့် ဆေးဝါးပညာရှင် တစ်ဦးတည်းသာ ရှင်သန်နိုင်ပြီး တခြားလူများက အလယ်အလတ်တန်းစားဟုအခေါ်ခံရပြီး ထာဝရချည်နှောင်ခံရလိမ့်မည်။

အသင်္ချေအင်ပါယာ ကမ္ဘာအတွင်း၌မူ ဆေးဝါးပညာရှင်များက မည်မျှနိမ့်ကျစေကာမူ အဆင့်အတန်း တချို့ရှိကြသည်။ အကြောင်းအရင်းမှာ ဆေးဝါးပညာရှင်နှင့် ကျင့်ကြံသူအရေအတွက် အချိုးအစားက နည်းပါးလွန်းသည့်အတွက် သူတို့က ထူးခြားနေလေသည်။

သို့သော်လည်း လူအားလုံးနီးပါးက ဆေးဝါးပညာရှင် ဖြစ်နေသည့် ကမ္ဘာတွင်မူ အစစ်အမှန် ပါရမီရှင်များသာ တောက်ပနိုင်ပြီး အဆင့်အတန်း၊ အာဏာနှင့် စွမ်းအားကို ရရှိနိုင်ကြသည်။

“ ဆရာ အဲဒါဆို ဆေးလုံးဝိဇ္ဇာစစ်ဆေးမှုကရော ဘယ်လိုမျိုးလဲ”

“ အဲဒီကမ္ဘာကို သွားပြီးတဲ့နောက်မှာ ငါတို့ရဲ့ တည်ထောင်သူက ဆေးလုံးဝိဇ္ဇာ စစ်ဆေးမှုလို့ ခေါ်တဲ့အရာကို တည်ထောင်ခဲ့ပြီးတော့ ဘိုးဘေးကောင်းချီးအဆင့်ကို သတ်မှတ်ခဲ့တယ်”

“ ဆရာ ပြောချင်တာက…”

“ ဟုတ်တယ်။ ဘိုးဘေးကောင်းချီးအဆင့်ကို ရရှိဖို့ မင်းက ဖန်တီးနိုင်စွမ်း ရှိရမယ်။ မင်းက ဆေးဝါးသဘောတရား အသစ် ဖန်တီးတာဖြစ်ဖြစ် ဒါမှမဟုတ်ဘူးဆိုရင် နည်းစနစ် မဟုတ်ရင် သန့်စင်တဲ့ ဖြစ်စဉ် ဒါမှမဟုတ်ဘူးဆိုရင် သဘောတရားပေါ့။ အဲဒါက အသစ်ဖြစ်နေသရွေ့ အဲဒီစစ်ဆေးမှုမှာ ဘိုးဘေးရဲ့ အလိုဆန္ဒက တီထွင်ဖန်တီးမှုကို အကဲဖြတ်ပြီးတော့ မင်းက သူတို့ရဲ့ ကောင်းချီးကို ရနိုင်လား မရနိုင်လားဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်။ တကယ်လို့ မင်း အောင်မြင်တယ်ဆိုရင် မင်းက ဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာပြီးတော့ မူလဆေးလုံးမီးတောက်ကျမ်း အပါအဝင် အရင်းအမြစ်အားလုံးကို ရရှိနိုင်လိမ့်မယ်”

ဝမ်ဝေ့က ထိုအရာကို တွေးလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာက ထင်ထားသည်ထက် ပိုမိုခက်ခဲလေသည်။ တန့်ယွမ်ဧကရာဇ်သည် ထိုသို့သော အဆင့်မျိုးကို ဖန်တီးခဲ့သည့် အကြောင်းအရင်းအား ခန့်မှန်းမိလေသည်။ သို့သော်လည်း ဤကမ္ဘာကား အသင်္ချေဆေးလုံးကမ္ဘာမှ လူများနှင့်မတူဘဲ ဤကမ္ဘာ၏ လူအများစုက ခေတ်နောက်ပြန်ဆွဲနေကြလေသည်။

သူတို့က သူတို့ဘိုးဘေးများ၊ အတိတ်မှ ပညာရှိများ၏ စကားများကိုသာ မှတ်သားထားပြီး လိုက်နာကြလေသည်။ အသစ်အဆန်းနှင့် ပတ်သက်လာသည့်အခါ လူများက သမာသမတ် မကျဘူးဟု စွပ်စွဲကာ အသက်ပင် အသတ်ခံရနိုင်သည်။

နမူနာကောင်းက အစီအရင် ဘိုးဘေးသည် သူ့ဆရာတူညီလေးက အစီအရင် တာအိုလမ်းကြောင်းအသစ်ကို ဖန်တီးသည့်အတွက် သတ်ပစ်ခဲ့သလို ဖြစ်၏။

ဝမ်ဝေ့က ထိုသို့သော ပြဿနာမျိုး မရှိပေ။ သူ့စိတ်က ထိုလူများ၏ အတွေးအခေါ်များ၊ အောင်မြင်မှုများ၏ ချုပ်နှောင်ခြင်းကို မခံရပေ။ သူက ကွဲပြားသည့် လူမှုအဖွဲ့အစည်းမှ ကူးပြောင်းလာသည့်သူ ဖြစ်၏။

သူ့စိတ်အတွင်း ဆေးဝါးပါရမီကို မည်သို့ ဖန်တီးရမည်ကို အတွေးအခေါ်များစွာ ရှိနေလေသည်။ သို့သော်လည်း ထိုစိတ်ကူးများကို လက်တွေ့အဖြစ် အကောင်အထည် ဖော်နိုင်ဖို့အတွက် ပြဿနာရှိနေသေး၏။ သူက အချိန်နှင့် သတင်းအချက်အလက်များစွာ လိုအပ်လေသည်။

“ ဆရာ ဘိုးဘေးကောင်းချီးကို ရရှိတဲ့လူတွေရဲ့ သတင်းအချက်အလက်ရော ရှိလား”

ယဲ့လောင်က ခေါင်းညိတ်လိုက်ပြီးနောက် အခန်းတစ်ခုအတွင်း ဝင်ရောက်သွားလေသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက ကျောက်စိမ်း အဆောင်နှစ်ခုကို ကိုင်ကာ ပြန်ရောက်လာလေ၏။ တစ်ခုက ယခင် ကောင်းချီးလက်ခံထားရသည့် ယခင်လူများ၏ သတင်းအချက်အလက်များ ပါဝင်သည်။

ထိုစဉ် နောက်တစ်ခု၌မူ မှတ်တမ်းတစ်ခု ပါရှိ၏။

ဝမ်ဝေ့က ထိုမှတ်တမ်းကို ကြည့်လိုက်သည်။ သူက အမျိုးသမီးတစ်ဦး ဆေးဖော်စပ်နေသည်ကို မြင်လိုက်ရ၏။ ပါဝင်ပစ္စည်းများနှင့် သင်္ကေတများအရ ဝမ်ဝေ့သည် ဤသည်က သူတော်စင်အဆင့် ဉာဏ်အလင်းပွင့် ဆေးလုံးဖြစ်ကြောင်း သိလိုက်သည်။

ဖြစ်စဉ်က စံနှုန်းမှီပြီး နည်းစနစ်များက သိမ်မွေ့လေသည်။ သို့သော်လည်း အသစ်ဖန်တီးခြင်းနှင့် မဆိုင်ပေ။ ထိုသို့ သူက တွေးလိုက်မိ၏။ သို့သော် သူက ပြီးဆုံးသွားသည့်အခါ သူမ၏ ဆေးပြင်းမီးဖိုအတွင်း ဆေးလုံး ၁၄လုံး မျောလွင့်နေပြီး အားလုံးက ပြည့်စုံအရည်အသွေး ဖြစ်ကြသည်။

ထို့နောက် သူမက ဆေးလုံး ၁၃ကို မတူညီသည့် နေရာများတွင်ထားကာ နောက်ဆုံးတစ်လုံးအား အလယ်တွင် ထားလိုက်သည်။

ဆေးလုံး ၁၃ မှ အစီအရင်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုဆေးလုံးအစီအရင်က ကျန်ဆေးလုံးများအား သူတို့၏ ဆေးဝါးဂုဏ်သတ္တိများနှင့် စွမ်းအားများအား အလယ်ရှိဆေးလုံးများဆီ ပို့ဆောင်ပေးပြီး အထွတ်အထိပ်တစ်ပိုင်း အဆင့် ဆေးလုံး ဖြစ်လာစေသည်။

“ ဖန်တီးဉာဏ်ကောင်းလိုက်တာ” ဝမ်ဝေ့က ရေရွတ်လိုက်မိသည်။

“ အဟုတ်ဘဲ။ အဲဒီအချိန်တုန်းက သူမက အဲဒီနည်းစနစ်ကို ဖန်တီးခါစဆိုတော့ မပြီးပြည့်စုံသေးဘူး။ နောက်ပိုင်းနှစ်တွေက သူမအနေနဲ့ အဲဒီနည်းစနစ်ကို ပြုပြင်မွမ်းမံပြီးတော့ တကယ်အစစ်အမှန် အထွတ်အထိပ်အဆင့် ဆေးလုံးကိုတောင် ဖော်စပ်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူမက မင်းလိုမျိုးပဲ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်မှာပဲ ရှိသေးတယ်”

“ ဆရာ … သူမက ဘယ်သူလဲ။ ဒီလိုမျိုး ပါရမီရှင်တစ်ယောက်ကို မသိနိုင်စရာ အကြောင်းမရှိဘူးမလား”

“ သူမက ပုံရိပ်ယောင်ဆေးလုံးဧကရီပဲ။”

“ အဲလိုဆို အဓိပ္ပာယ်ရှိသားပဲ”

ပုံရိပ်ယောင်ဆေးလုံးကျမ်းမှ ဖော်ပြချက်အရ သူမသည် အစီအရင်ဆရာနှင့် အဆောင်ပြုလုပ်သူများအား ကိုးကားခဲ့သည်မှန်း သိသာလှသည်။ နောက်ပိုင်းအဆင့်များတွင်မူ ထိုနယ်ပယ်များ၏ ပါရမီကောင်းသည့်သူများသာ အသင့်အစီအရင် သို့မဟုတ် အသင့် အဆောင်များကို ပြုလုပ်နိုင်ကြသည်။

ထိုကဲ့သို့ ပုံရိပ်ယောင် ဆေးလုံးဧကရီသည် အသင့်ဆေးလုံး၏ အတွေးအခေါ်ကို ရရှိကာ တခြားသော အတတ်ပညာများကိုလည်း လေ့လာခဲ့သည်။ ဤသို့ဖြင့် သူမက အောင်မြင်ခဲ့၏။

“ အဲဒါဆိုတော့ ရှောင်ချန် … မင်း ဘယ်လိုထင်လဲ။ မင်း စစ်ဆေးမှုကို အောင်မြင်ပြီးတော့ ဘိုးဘေးကောင်းချီးကို ရရှိနိုင်မယ်ထင်လား”

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်သည်။ သူက ထိုစစ်ဆေးမှုကို မအောင်မြင်မည်ကို မစိုးရိမ်ပေ။ သူ စိုးရိမ်မိသည်က အောင်မြင်သွားသည့်အခါ ဤဂိုဏ်း၏ မဟာဧကရာဇ်တစ်ယောက်ယောက်၏ စိတ်ဆန္ဒ ပေါ်ထွက်လာမည်ကို ဖြစ်၏။

မီးတောက်ဧကရာဇ်နှင့် တွေ့ဆုံမှုအရ သူ့နည်းလမ်းသည် သက်ရောက်မှု မရှိကြောင်း သိလေသည်။ ထို့ကြောင့် သူက ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“ ဆရာ ကျွန်တော်ကို ပြင်ဆင်ဖို့ အချိန်တချို့ပေးပါ။ အဲဒါဆိုရင် ပြဿနာ မရှိလောက်ဘူး”

All Chapters