ခန္ဓာကိုယ်ကို မိုးမြေအဖြစ်
Vol. 27 Ch. 375
အခန်း (၃၇၅) : ခန္ဓာကိုယ်ကို မိုးမြေအဖြစ်
ဝမ်ဝေ့က ဆေးလုံးဝိဇ္ဇာစစ်ဆေးမှု မစတင်ခင် အနည်းဆုံး ၅နှစ်အချိန်ယူခဲ့ပြီး ဘိုးဘေးကောင်းချီးကို ရရှိဖို့အတွက် ပြင်ဆင်ခဲ့လေသည်။ ထို့အပြင် သူ့အကြောင်းပေါ်သွားမည်ကို စိုးရွံ့သည့်အတွက် တာအိုအခွင့်အလမ်းဂိုဏ်းအား မူလဆေးလုံးတာအိုဂိုဏ်းနှင့် အနီးဆုံးတွင် နေဖို့ ခေါ်ထားခဲ့သည်။
အကယ်၍ သူ့ဇစ်မြစ် ပေါ်ပေါက်သွားပါက သူ့နောက်ခံအား အသုံးပြုကာ ကိစ္စများကို ဖြေရှင်းရမည်။ သို့သော်လည်း အနည်းငယ်တော့ ရှက်ဖို့ ကောင်းနေသေးသည်။ ဂိုဏ်းက ရှေ့ထွက်ကာ အခြေအနေကို ရှင်းပြပြီး တန်ကြေးတစ်ခု ပေးဆပ်လိုက်သည်နှင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည်။ မည်သူကများ တာအိုအခွင့်အလမ်းဂိုဏ်းကို မျက်နှာသာ မပေးဘဲ နေရဲမည်နည်း။
ထို့အပြင် သူက ထိုအခွင့်အရေးကို အသုံးချကာ အခြေအနေအား ဖြေရှင်းပြီး ကျမ်းလဲလှယ်ဖို့ တောင်းဆိုနိုင်လေသည်။ သူတို့သဘောတူညီသည်နှင့် သူ့ဂိုဏ်းရှိ ဧကရာဇ်ကျမ်းများ၏ မည်သည့်အရာနှင့်ဖြစ်ဖြစ် လဲလှယ်ဖို့ စိတ်ထဲထားမည် မဟုတ်ပေ။ သူတို့နှစ်ဦးလုံးက အမြင့်မားဆုံး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးနိုင်ပြီး နှစ်ဖက်လုံးမှ အကျိုးအမြတ် ရရှိနိုင်လိမ့်မည်။
အကယ်၍ မူလဆေးလုံးတာအိုဂိုဏ်းက ထိုအခြေအနေများကို သဘောမတူညီခဲ့လျှင် ဝမ်ဝေ့အနေဖြင့် ဧကရာဇ်တာအိုစစ်ပွဲကို စတင်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
မူလဆေးလုံးမီးတောက်ကျမ်းက သူ့ကမ္ဘာဦးစိတ်ဝိညာဉ် ဖန်တီးဖို့ လိုအပ်နေရုံသာမက သူ့ ကျင့်ကြံရေးလမ်းစဉ်တွင် ကူညီနိုင်မည့် အရာတစ်ခုကို ဖန်တီးဖို့အတွက်လည်း လိုအပ်နေသည်။ ထို့ကြောင့် သူက အကျိုးအမြတ်များနှင့် အရေးသာချက်များကို မစွန့်လွှတ်လိုသလို သူ့စံပြအရည်အသွေး ဝိညာဉ်ပြဿနာအား ဖြေရှင်းဖို့အတွက် တခြားကျင့်ကြံရေး နည်းစနစ်ကိုလည်း ပြောင်းမကျင့်ချင်ပေ။ ထိုအရာက ပြဿနာများစွာ ထပ်ဖြစ်လာလိမ့်မည်။
အချိန်ကျရောက်လာသည်နှင့် ယဲ့လောင်က အကြီးအကဲများကို ခေါ်ကာ စစ်ဆေးမှုကို စတင်ခဲ့သည်။ ဤတစ်ကြိမ် အရာအားလုံးက ချောချောမွေ့မွေ့ သွားနေလေသည်။ ဖူချိုက်ယွင်က အချိန်နှောင့်နှေးဖို့ ကြိုးစားခဲ့သော်လည်း အကြောင်းအရင်း ကောင်းကောင်း မရှိခဲ့ပေ။
သူ လုပ်နေသည့်အရာက မမှန်ကန်ကြောင်း လူတိုင်းမြင်နိုင်လေသည်။ ဤတစ်ကြိမ် အကြီးအကဲများက ယဲ့လောင်ဘက်မှ နေခဲ့သည်။ လော့ချန်က ဖူချိုက်ယွင်ထက် မတော်လျှင်ပင် သူ့လောက် ပါရမီရှိကြောင်း သက်သေပြပြီးသား ဖြစ်၏။ သူတို့အနေနှင့် မျက်နှာသာ အနည်းငယ်ပေးလိုက်ခြင်းက နောက်ပိုင်းအောင်မြင်လာသည့်အခါ အကျိုးအမြတ် ဖြစ်လာလိမ့်မည်။
အနည်းဆုံး ယခင်ကိစ္စအတွက် သူ့အမုန်းတရားကို ဖယ်ရှားနိုင်လိမ့်မည်။
အကြီးအကဲများက ယဲ့လောင် လုပ်လိုသည့်အရာကို ခန့်မှန်းမိလေသည်။ သူတို့က သူ အောင်မြင်မည်ဟု မထင်ထားသော်လည်း ကိစ္စများကို မြင်တွေ့ချင်မိသေးသည်။
ဝမ်ဝေ့က အားများစွာ မစိုက်ထုတ်လိုက်ရဘဲ စစ်ဆေးမှု ကျင်းပသည့် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်။ ထိုအရာက အလယ်တွင် ရုပ်ထုငါးခု ရှိနေသည့် ခန်းမကျယ်တစ်ခု ဖြစ်၏။
ထိုရုပ်ထုများမှာ ဂိုဏ်း၏ မဟာဧကရာဇ်များ ဖြစ်လေသည်။ သူက ထိုရုပ်ထုများအား အရိုအသေ ပေးလိုက်ပြီးနောက် တိတ်တဆိတ်ဖြင့် သူက ထိုရုပ်ထုများထဲတွင် အကြွင်းအကျန်စိတ်ဆန္ဒ သို့မဟုတ် ဝိညာဉ်ရှိနေသည်လားဟု စစ်ဆေးကြည့်လိုက်သည်။
သူက အံ့ဖွယ်အသိစိတ်ကို အသုံးမပြုရဲသည့်အတွက် အစစ်အမှန် အမြင်အာရုံကိုသာ အသုံးပြုလိုက်သည်။ ကံဆိုးစွာဖြင့် သူက ဘာမှမတွေ့ရှိပေ။ သူက အဆုံးအစွန်သော နည်းလမ်းများကိုလည်း ထုတ်မသုံးရဲပေ။ အကြောင်းမှာ သူ့ဆရာနှင့် အကြီးအကဲများက စောင့်ကြည့်နေမှန်းသိ၍ ဖြစ်သည်။
သူက ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် သူ့အတွက် ရွေးချယ်မှု သုံးခုပေးလာလေသည်။ အကြောင်းမှာ ကွဲပြားသည့် စစ်ဆေးမှုနှစ်ခု ဖြစ်၍ ဖြစ်သည်။ တိုက်ပွဲစစ်ဆေးမှုနှင့် ဆေးလုံးဖော်စပ်ခြင်း စစ်ဆေးမှုတို့ဖြစ်သည်။ ဂိုဏ်း၏ စည်းမျဉ်းအရ လူတစ်ယောက်က မြင့်မားသည့် တိုက်ခိုက်စွမ်းရည် ရှိလျှင် ဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ထိုစစ်ဆေးမှု အပိုင်းကို ထည့်ထားခြင်း ဖြစ်၏။
သို့သော်လည်း တိုက်ပွဲစစ်ဆေးမှုကို ရွေးချယ်မည်ဆိုလျှင် သူတို့အနေဖြင့် ဆေးဝါးပညာရပ်ထဲ အောင်မြင်မှုအဆင့် တချို့ကို ပြသဖို့ လိုအပ်လေသည်။ ပြောရလျှင် ဤသည်က ဆေးဝါးပညာရပ်ဂိုဏ်းမဟုတ်ပါလော။ ဝမ်ဝေ့က ဆေးလုံးဖော်စပ်ခြင်း စစ်ဆေးမှုကို ရွေးချယ်ခဲ့သည်။
သူ့လော့ချန် အဖြစ် နေနေစဉ်အတွင်း မြင့်မားသည့် တိုက်ခိုက်စွမ်းရည်ကို မပြသဖူးပေ။ ထို့ကြောင့် သူက ရွေးချယ်မှု ပြုလုပ်ပြီးသည့်နောက်တွင် ချက်ချင်း စတင်လိုက်သည်။
သူက သိုလှောင်လက်စွပ်အတွင်းမှ ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်ပြီး လက်ချောင်းများကို လှုပ်ရှားကာ မန္တန်ချမှတ်လိုက်ပြီး ဆေးပင်များအား ပျောက်ကွယ်သွားအောင် လုပ်လိုက်သည်။ သူတို့ ပြန်ပေါ်လာသည့်အခါ သူ့အံ့ဖွယ်အသိစိတ်အတွင်း ရောက်ရှိနေပြီး သူ့မူလ ပင်လယ်ထဲ မျောလွင့်နေလေသည်။
ထိုစစ်ဆေးမှုကို ကြည့်နေသည့်လူများက သူ့ အပြုအမူများအား အံ့အားသင့်သွားကြသည်။ သူတို့အား အံ့အားသင့်သွားစေသည်က ထိုစစ်ဆေးမှုသည် လော့ချန်၏ အသိစိတ်ပင်လယ်အတွင်း ဖြစ်ပျက်နေသည့်အရာများကို ပြသနေခြင်း ဖြစ်၏။
ဝမ်ဝေ့က သူ့မူလအဆီအနှစ်များကို အသုံးပြုကာ ထိုဆေးပင်များ၏ အစိတ်အပိုင်း တစ်ခုချင်းစီကို စတင်ဆေးကြောလိုက်သည်။ ထိုအရာ ပြီးဆုံးသွားသည်နှင့် သူ့နှလုံးသားမှ မီးတောက် ထွက်ပေါ်လာကာ သူ့ အံ့ဖွယ်ပင်လယ်ထဲ ရောက်ရှိသွားသည်။
ထိုမီးတောက်က ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု စတင်သန့်စင်ပေးပြီး ထိုဆေးပင်များ၏ ဆေးနှင့် အရည်များက သင့်တော်သည့် အချိုးအစားဖြင့် ပေါင်းစပ်သွားသည်။
“ သူက…” ယဲ့လောင်က တအံ့တဩရေရွတ်လိုက်သည်။
“သူက သူ့ခန္ဓာကိုယ်ကို ဆေးပြင်းမီးဖိုအဖြစ် ဆေးလုံးဖော်စပ်ဖို့ သုံးနေတာလား။ တကယ်ကို အကြံကောင်းပဲ။ ဒါပေမဲ့ ဒါနဲ့လုံလောက်မှာ မဟုတ်ဘူး” နောက်ထပ်အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
“ မင်းတို့ ပြောတာ မှားနေပြီ။ သူက သူ့ခန္ဓာကိုယ်ကို ဆေးပြင်းမီးဖိုအဖြစ် အသုံးပြုနေတာ မဟုတ်ပဲနဲ့ မိုးမြေအဖြစ် အသုံးပြုနေတာပဲ” နောက်ထပ် လူတစ်ယောက်က ထပ်ပြောလိုက်သည်။
“ မိုးမြေကို အသုံးပြုပြီး ဆေးလုံးဖော်စပ်တာ ဒါက ပင်ကိုဆေးလုံးလို့ သတ်မှတ်လို့ ရပြီ မဟုတ်ဘူးလား။”
မည်သူကမှ ထိုမေးခွန်းကို မဖြေကြဘဲ လော့ချန်၏ အပြုအမူများကိုသာ အာရုံစိုက်ထားကြလေသည်။
ခန္ဓာကိုယ်အား မိုးမြေအဖြစ် အသုံးပြုခြင်းက ပါဝင်ပစ္စည်းများကို အံ့ဖွယ်အသိစိတ်အတွင်း ထည့်လိုက်ခြင်းဖြင့် အလုပ်ဖြစ်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ပြောရလျှင် ခန္ဓာကိုယ်အား စကြဝဠာအဖြစ် အသုံးပြုသလို ထိုသို့ဆက်ဆံရမည် ဖြစ်၏။
ဝမ်ဝေ့က ဘယ်လိုလုပ် လုပ်ဆောင်နိုင်တာလဲ။
ထိုအရာက ရိုးရှင်းလှပေသည်။ အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်အဆင့်၏ ကောင်းကင်အဆင့်တွင် ကျင့်ကြံသူများက စည်းမျဉ်းနားလည်ဖို့အတွက် မိုးမြေစွမ်းအားကို ထိန်းချုပ်ရသည်။
ဝမ်ဝေ့က ထိုစည်းမျဉ်းကို နက်နက်နဲနဲ လေ့လာထားပြီး အံ့ဖွယ်ပင်လယ်အား မိုးမြေနှင့် တူညီသည့် ဂုဏ်သတ္တိ ထုတ်လွှတ်နိုင်ဖို့ နည်းလမ်းကို ဖန်တီးခဲ့သည်။ အံ့ဖွယ်ပင်လယ်က လူသားခန္ဓာကိုယ်အတွင်း ကမ္ဘာငယ်တစ်ခုနှင့် တူညီလေသည်။
ဤသည်က အတုအယောင် ပင်ကိုဆေးလုံးကို ဖော်စပ်ဖို့အတွက် ဒုတိယအဆင့် ဖြစ်ပေသည်။ ပထမအဆင့်က သူသည် သူ့မူလအဆီအနှစ်များဖြင့် ပါဝင်ပစ္စည်းများဖြင့် ဆေးကြောလိုက်ခြင်း ဖြစ်၏။ ပင်ကိုဆေးလုံးကို ဖော်စပ်ဖို့အတွက် ပင်ကိုပစ္စည်းများ လိုအပ်ပေသည်။ သို့သော်လည်း သူ့တွင် ထိုအရာများ မရှိထားသလို အသုံးပြုဖို့လည်း မစီစဉ်ထားပေ။ ထို့ကြောင့် သူက နောက်ထပ် နည်းလမ်းတစ်ခု ဖန်တီးလိုက်သည်။ ထိုအရာများကို သူ့မူလအဆီအနှစ်ဖြင့် ဆေးကြောလိုက်သောကြောင့် သူ့ အံ့ဖွယ်ပင်လယ်ထဲ အမှတ်အသားပြုသလို ဖြစ်သွားလိမ့်မည်။
ဤနည်းဖြင့် သူတို့က မိုးမြေက ပါဝင်ပစ္စည်းများကို ကြီးထွားစေသကဲ့သို့ အံ့ဖွယ်ပင်လယ်မှ ကြီးထွားစေလိမ့်မည်။ ဝမ်ဝေ့၏ သဘောတရားအရ ဆေးလုံးကို ဖော်စပ်ဖို့ သူ့နည်းစနစ်အား အသုံးမပြုခင် အနာဂတ်တွင် အံ့ဖွယ်အသိစိတ်ထဲ ဆေးပင်များကို ပြုစုပျိုးထောင်ထားသည်က ပို၍ကောင်းပေသည်။
နောက်ဆုံးအဆင့် သင်္ကေတ ရေးထွင်းသည်နှင့် ပတ်သက်လာသည့်အခါ အခြေအနေက ပို၍ပင် အနုစိတ်လာသည်။ အံ့ဖွယ်သင်္ကေတများက ကျင့်ကြံသူများသည် မိုးမြေစည်းမျဉ်းနှင့် သဟဇာတဖြစ်ဖို့ ဖန်တီးထားသည့် ဘာသာစကားတစ်ခု ဖြစ်၏။ ရလဒ်အနေဖြင့် ကမ္ဘာတိုင်း၏ သင်္ကေတများက ကွဲပြားလေသည်။ အကြောင်းမှာ ကမ္ဘာတိုင်းရှိ စည်းမျဉ်းများက ကွဲပြား၍ ဖြစ်သည်။ ဆိုလိုသည်မှာ ဝမ်ဝေ့က ထိုအရာကို သူ့ကိုယ်ပိုင်ကမ္ဘာ တစ်ခုအဖြစ် သတ်မှတ်နေသည့်အတွက် သူ့ အသိစိတ်ပင်လယ်က ကွဲပြားလေသည်။
ဝမ်ဝေ့က အပြင်ဘက်တွင် အသုံးပြုသည့် တူညီသော သင်္ကေတများကို အသုံးမပြုနိုင်သော်လည်း အသင်္ချေအင်ပါယာ စည်းမျဉ်း၏ မိုးမြေစွမ်းအားကို အတု ခိုးထားသောကြောင့် တူညီမှုများစွာ ရှိလေသည်။
သူက သင်္ကေတများအား သူ့အံ့ဖွယ်ပင်လယ်နှင့် ကိုက်ညီဖို့ ပြောင်းလဲထားသည်။
ဤအဆင့်တစ်ခုတည်းဖြင့် သာမန်ဆေးဝါးပညာရှင်များ အသုံးပြုဖို့ အလွန်ခက်ခဲလိမ့်မည်။
လူတစ်ယောက်၏ အံ့ဖွယ်ပင်လယ်က ကွဲပြားသည့်အတွက် ထိုနည်းစနစ်ကို အသုံးပြုသည့်အခါ သူတို့အနေနှင့် သင်္ကေတအပေါ် နက်နက်နဲနဲ နားလည်နိုင်စွမ်းအပေါ် မှီခိုဖို့ လိုအပ်လေသည်။
သင်္ကေတများနှင့် ရင်းနှီးမှုနှင့် နားလည်နိုင်စွမ်း မပါဘဲ ဆေးဝါးပညာရှင်များက ထိုနည်းလမ်းကို အသုံးပြုနိုင်မည် မဟုတ်ပေ။ အမှန်အတိုင်းဆိုရလျှင် ဝမ်ဝေ့က ထိုပြဿနာ၏ ဖြေရှင်းနည်းကို စဉ်းစားထားပြီးသား ဖြစ်၏။
အနှစ်သာရ ဆေးဝါးပညာရပ်
သင်္ကေတ ရေးထွင်းထားသည့်ဖြစ်စဉ်ကို အပြီးအပိုင် ဖယ်ထုတ်လိုက်ခြင်းက ဆေးလုံးကို ဖော်စပ်ဖို့အတွက် တခြားသော ဆေးပင်အမြောက်အများအပေါ် မှီခိုဖို့ လိုအပ်လာသည်။ အနှစ်သာရ ဆေးဝါးပညာရပ်က ထိုနည်းစနစ်အသစ်အတွက် ပြီးပြည့်စုံစွာ ကိုက်ညီလေသည်။
သို့သော်လည်း ဝမ်ဝေ့က ထိုနည်းလမ်းကို အသုံးပြုမည် မဟုတ်ပေ။ အကြောင်းမှာ မူလဆေးလုံးတာအိုဂိုဏ်းက သင်္ကေတနည်းလမ်းကိုသာ သမာသမတ်ကျကြောင်း သတ်မှတ်ထား၍ ဖြစ်သည်။ သူတို့က အနှစ်သာရ ဆေးဝါးပညာကျဆင်းခြင်းအတွက် တာဝန်ရှိသူများလည်း မဟုတ်ပါလော။
သင်္ကေတ ရေးထွင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က နောက်ဆုံးသော ပြဿနာကို ဖြေရှင်းလိုက်သည်။
စည်းမျဉ်းဆေးကြောခြင်း
ဆေးလုံးတစ်လုံး ဖော်စပ်ပြီးသည်နှင့် အထဲရှိ သင်္ကေတများက မိုးမြေစည်းမျဉ်းနှင့် ကိုက်ညီနေပြီး ဆေးလုံးအား ပိုမြင့်မားသည့်အဆင့်သို့ ရောက်ရှိဖို့အတွက် ဆေးကြောခြင်းကို ခံယူရမည်။ ဆေးလုံးများပြုလုပ်ဖို့အတွက် စည်းမျဉ်းအားလုံး ပါဝင်နေသည့် အသင်္ချေအင်ပါယာကမ္ဘာ၏ မိုးမြေတွင် သူတို့၏ အာနိသင်နှင့် စွမ်းဆောင်ရည်များ၏ ဖြစ်နိုင်ချေ မြောက်များစွာ ရှိထားလေသည်။
ကံဆိုးစွာဖြင့် ဝမ်ဝေ့၏ အံ့ဖွယ်ပင်လယ်အတွက် အတူတူဟု မပြောနိုင်ပေ။ သူက လေဟာနယ်ဖြိုခွင်းခြင်း အဆင့်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်း စည်းမျဉ်းကို ပိုင်ဆိုင်ထားလျှင် သီးသန့်စည်းမျဉ်း ဖြစ်နေလိမ့်မည်။
ထိုစည်းမျဉ်းက သူ့ဆေးလုံးကို ဆေးကြောဖို့အတွက် လိုအပ်သည့်အရာ ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ သူ့အချက်အလက်အပေါ် မူတည်၍ သူ့နည်းလမ်းမှ ဖော်စပ်နိုင်သည့် အမြင့်ဆုံးဆေးလုံးမှာ ထိပ်တန်းမြေကမ္ဘာအဆင့်သာ ဖြစ်လိမ့်မည်။
မြင့်မားသည့် အဆင့်ဆေးလုံးများနှင့် ပတ်သက်လာသည့်အခါ ဆေးဝါးပညာရှင် တစ်ဦးချင်းစီက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တွင် သူတို့နားလည်ထားသည့် စည်းမျဉ်းပေါ် မူတည်၍ သီးသန့်ဆေးလုံးများကို ဖော်စပ်နိုင်လိမ့်မည်။ ဝမ်ဝေ့က ထိုပြဿနာအတွက်လည်း ကြိုတင် ပြင်ဆင်ထားလေသည်။
သူက သိုလှောင်လက်စွပ်အတွင်းမှ ဆေးနှစ်လုံးကို ထုတ်ကာ သောက်သုံးလိုက်သည်။ ပထမတစ်ခုက ဒုတိယကမ္ဘာဦး စိတ်ဝိညာဉ်ဆေးလုံးဟုခေါ်သည့် ဆေးလုံး ဖြစ်သည်။ ထိုဆေးလုံးက ကျင့်ကြံသူများအား ဒုတိယ သို့မဟုတ် ယာယီ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဖန်တီးခွင့်ပြုထားသည်။ ထိုဆေးလုံးကို အများစုအားဖြင့် အသုံးပြုကြသည်မှာ ဝိညာဉ်တန်ပြန်သက်ရောက်သည့်အခါတွင် ကျင့်ကြံသူများက ထိုဆေးလုံးအား အသုံးပြုကာ ဒဏ်ရာများ ကာကွယ်ဖို့ သို့မဟုတ် တန်ပြန်သက်ရောက်မှုကို ခုခံဖို့ အသုံးပြုကြသည်။
ထိုဆေးလုံးက ရှားပါးလွန်းပြီး နေရာအချို့ကသာ ဆေးဖော်စပ်နည်းကို ပိုင်ဆိုင်ထားကြသည်။ အကြောင်းအရင်းမှာ ဒုတိယအာနိသင်ကြောင့် ဖြစ်၏။ ဒုတိယ ကမ္ဘာဦးစိတ်ဝိညာဉ်သည် ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးပြီး နောက်အဆင့်အတွက် စည်းမျဉ်းကို ပိုမိုနားလည်အောင် ကူညီပေးသည်။
ဆေးလုံးကို သောက်သုံးပြီးသည့်နောက်တွင် ယာယီ ကမ္ဘာဦးစိတ်ဝိညာဉ်က သူ့အသိစိတ်ပင်လယ်အတွင်း ပေါ်ထွက်လာသည်။
ဒုတိယဆေးလုံးအတွက်မူ သူကိုယ်တိုင် ဖန်တီးထားသည့်အရာ ဖြစ်၏။