← Chapters

မူလဆေးလုံး မီးတောက်ကျမ်း

Vol. 27 Ch. 377

မူလဆေးလုံး မီးတောက်ကျမ်း

Vol. 27 Ch. 377

အခန်း (၃၇၇) : မူလဆေးလုံး မီးတောက်ကျမ်း

ဂိုဏ်းအထက် ဝေဟင်ထက်တွင် ကောင်းချီးတိမ်တိုက်များက မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့သော်လည်း လူများစွာက အလန့်တကြား ဖြစ်သွားလေသည်။ တပည့်များဖြစ်စေ၊ အကြီးအကဲများဖြစ်စေ သို့မဟုတ် တခြားအင်အားစုမှ သူလျှိုများပင် အပါအဝင် ဖြစ်၏။

အများစုက မည်သူသည် ကုသိုလ် ရရှိပြီး မည်သည့်အကြောင်းအရင်းကြောင့် ရရှိကြောင်း စဉ်းစားနေကြသည်။ သို့သော်လည်း လူတချို့ကသာ ထိုသို့သော အချက်အလက်ကို သိရှိကြ၏။

ဘိုးဘေးကောင်းချီးကို ခံယူပြီးနောက်တွင် ဝမ်ဝေ့ထံ မူလဆေးလုံးတာအိုဂိုဏ်း၏ ဆေးလုံးဝိဇ္ဇာငယ်ဟု အဆင့်အတန်းပြသသည့် အမှတ်အသားပြားကို ပေးအပ်လာသည်။ ထို့နောက် သူက စစ်ဆေးပွဲမှ ထွက်လာလိုက်သည်။

သူ ထွက်လာသည်နှင့် ဂိုဏ်းမှ အကြီးအကဲများ ဝန်းရံနေသည်ကို မြင်လိုက်ရသည်။ ထိုလူများက သူ၏ ထူးချွန်လှသည့် ပါရမီကို ချီးကျူးနေကြပြီး သူ့အနာဂတ်က တောက်ပနေကြောင်း ပြောဆိုနေကြသည်။

ဝမ်ဝေ့က ပြုံးလိုက်ပြီးသည့်နောက် စိတ်ထဲတွင် သရော်လိုက်မိသည်။ ထိုလူအများစုက သူ့အား လွန်ခဲ့သည့်နှစ်ပိုင်းက မူလဆေးလုံးမီးတောက်ကျမ်းအား ရရှိဖို့ တားဆီးခဲ့သည့် လူများ ဖြစ်ကြသည်။

သူတို့သည် ယခု သူ့အား ကောင်းနေသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူတို့သည် သူ့ပင်ကိုဆေးလုံး နည်းစနစ်ကို စိတ်ဝင်စားပြီး တချို့ကမူ သူ့ကုသိုလ်ကို စိတ်ဝင်စားကြ၍ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က သူ့မကျေနပ်ချက်ကို ပြသဖို့အတွက် ထိုလူများကို လျစ်လျူရှုမထားပေ။ သူက ဤသည်မှာ အာဏာပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုမျှဖြစ်ကြောင်း နားလည်ကာ ကစားပွဲကို မည်သို့ကစားရမည်မှန်း သိလေသည်။

ထို့ကြောင့် သူက သူ့ဆီ လာရောက်ချီးကျူးသည့်သူများအား အပြုံးလေးဖြင့် တုံ့ပြန်လေသည်။ သို့သော်လည်း သူတို့က သူ့နည်းစနစ်အား မေးလာသည့်အခါ သူက ဝတ်ကျေတန်းကျေမျှသာ ပြန်လည်ဖြေကြားလေသည်။

တချို့လူများကမူ သူ ရရှိထားသော ကုသိုလ်အား ဂိုဏ်းထံပေးကာ ဂိုဏ်းအမှတ်များဖြင့် လဲလှယ်ဖို့ အကြံပြုလာကြပြီး ဂိုဏ်းက သူ့အား ပြုစုပျိုးထောင်ခဲ့သည့်အတွက် ပြန်လည်ပေးဆပ်သင့်သည်ဟုပင်ဆိုလာကြသည်။

ထိုလူများအတွက်ပင် ဝမ်ဝေ့က သူတို့၏ စောင်းပါးရိပ်ချည် စကားလုံးများကို နားမလည်ချင်ယောင်သာဆောင်ခဲ့သည်။

အဆုံးသတ်၌ ယဲ့လောင်က ဂိုဏ်းချုပ် ဖြစ်သည့်အတွက် ထိုလူများက သူ့အား မျက်နှာသာ ပေးရသည်။ သူက ထိုလူများအား ချက်ချင်း နှင်ထုတ်လိုက်ပြီးနောက် ဝမ်ဝေ့အား သူ့ ကျင့်ကြံရေးဂူဆီ ပြန်လည်ခေါ်ဆောင်သွားပေးခဲ့သည်။

ထိုဖြစ်စဉ်အတွင်း ပေါ်မထွက်လာသည့်သူမှာ ဖူချိုက်ယွင်သာ ဖြစ်၏။

ဝမ်ဝေ့က စစ်ဆေးမှု အောင်မြင်သွားသည်နှင့် သူက သူ့ကိုယ်သူ တန်းထွက်သွားလေသည်။

သူ့ဆရာဂူသို့ ရောက်ရှိသည့်အခါ ဝမ်ဝေ့က ပင်ကိုဆေးလုံး နည်းစနစ်အကြောင်း အသေးစိတ်ရှင်းပြထားသည့် ကျောက်စိမ်းအဆောင်အား ပေးလိုက်သည်။

ယဲ့လောင်က ထိုအရာကို ကြည့်ပြီးနောက် ပြောလိုက်သည် “ ဆရာကို ရက်အနည်းငယ်အချိန်ပေး။ အဲဒါဆိုရင် မင်းက ဂိုဏ်းရဲ့ ဧကရာဇ်ကျမ်းငါးခုလုံးကို လက်ခံရရှိလိမ့်မယ်”

ဝမ်ဝေ့က သူ့ဆရာသည် ထိုနည်းစနစ်အား အသုံးပြုကာ ဖူချိုက်ယွင်ဆီမှ ဂိုဏ်း၏ ထိန်းချုပ်မှုနှင့် အာဏာတချို့ကို ပြန်လည်သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူက ပေးဖို့ရာ တုံ့ဆိုင်းမနေပေ။ ထိုအရာက သူ့တပည့် ဖြစ်သည့်အတွက် အကျိုးအကြောင်း ပြန်လည်ပေးဆပ်မှုဟု ယူဆနိုင်လေသည်။

သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် ဂိုဏ်းချုပ်က ဝမ်ဝေ့ကို ကျမ်းခန်းမဆောင်ဆီ ခေါ်ဆောင်သွားလေသည်။

ထိုအရာကို မြင်ပြီးနောက် သူ့တာအို အခွင့်အလမ်းဂိုဏ်းမှ ကျမ်းမျှော်နန်းဆောင်နှင့် ယှဉ်နိုင်သောကြောင့် ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားမိသည်။

သို့သော်လည်း ဤဂိုဏ်းသည် ရှေးဟောင်းဧကရာဇ်ခေတ်ကာလကတည်းက တည်ရှိနေသည့် အရာကို စဉ်းစားကြည့်လျှင် သူတို့တွင် အမွေအနှစ်များစွာ ရှိနေသည်က အဓိပ္ပာယ်ရှိလေသည်။ ခေတ်များစွာ ရှင်ကျန်လာသည့် ဂိုဏ်းအနေနှင့် အချိန်များစွာ ဖြတ်ကျော်ခဲ့ရပြီး နက်နဲသည့် အုတ်မြစ် ရှိတတ်ကြသည်။

တချို့ကသာ အချိန်ကြာလာသည်နှင့်အမျှ အုတ်မြစ်ကို အလကားဖြုန်းတီးခဲ့ကြသည်။

ကျမ်းခန်းမဆောင်ကို ၇ ထပ် ခွဲခြားထားပြီး ပထမအထပ်တွင် သမိုင်းကြောင်း၊ ပထဝီဝင်၊ ကမ္ဘာ၏ အခြေခံသတင်း အချက်အလက်များ၊ တပည့်ငယ်များအတွက် အစောပိုင်း ဉာဏ်အလင်းပွင့်မှုများအတွက် အသုံးပြုနိုင်ရန်နက်နဲသည့် ကျမ်းများ ပါရှိလေသည်။ ထိုအထပ်၌ ထိုကျမ်းများကြောင့် အသုံးမဝင်ဆုံးနှင့် အဖိုးတန်ဆုံးဟု ပြောရလိမ့်မည်။

အကြောင်းအရင်းမှာ ထိုကျမ်းများစွာ ဘိုးဘေးများ၏ မိုးမြေနားလည်နိုင်စွမ်း၊ ကမ္ဘာ့အပေါ် ထင်မြင်မှုနှင့် စည်းမျဉ်းများအပေါ် နားလည်နိုင်စွမ်း ပါရှိနေသည်။

တပည့်တစ်ယောက်က ထိုအရာကို နားမလည်နိုင်လျှင်ပင် သူတို့မှတ်သားနိုင်သရွေ့ အချိန်ကျရောက်လာသည့်အခါ ကျမ်းများက သူတို့၏ ဉာဏ်အလင်းပွင့်မှုအတွက် အခြေခံအဖြစ် အသုံးပြုနိုင်လိမ့်မည်။

ဤသည်က ဝမ်ဝေ့၊ လီကျွင်း၊ ယန်းလီလင်းနှင့် တခြားသော ကောင်းကင်ရွေးချယ်ခံများအတွက် ငယ်စဉ်အခါက နားမလည်သော်လည်း ဖတ်ရှုကာ မှတ်သားထားရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။

ဒုတိယအထပ်၌မူ သွေးချီအဆင့်မှ အံ့ဖွယ်ပလ္လင်အဆင့်အထိ အသုံးပြုနိုင်သည့် နက်နဲအဆင့်ကျင့်စဉ်များ၊ နည်းစနစ်များနှင့် မန္တန်များ ပါရှိလေသည်။ တတိယအထပ်၌မူ မြေကမ္ဘာအဆင့် ရှိပြီး လေးထပ်မြောက်၌ ကောင်းကင်အဆင့် ဖြစ်ကာ ငါးထပ်မြောက်၌မူ သူတော်စင်အဆင့် ဖြစ်လေသည်။ ခြောက်ထပ်မြောက်၌ အထွတ်အထိပ်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်များရှိပြီး နောက်ဆုံးအထပ်တွင် ဧကရာဇ်ကျမ်းများ ရှိလေသည်။

ယဲ့လောင်က ဝမ်ဝေ့အား ထိုအထပ်များဆီကို အလွယ်တကူ ခေါ်ဆောင်သွားလေသည်။ သူ ဂိုဏ်းချုပ်အမှတ်အသားဖြင့် အထပ်တိုင်းတွင် တားဆီးထားသည့် အတားအဆီးများက ချက်ချင်းဆိုသလို အမှတ်အသားပြားများကို စစ်ဆေးကြည့်ပြီးနောက်တွင် ပွင့်သွားကြသည်။ သို့သော်လည်း သူတို့က နောက်ဆုံးအထပ်သို့ ဝင်ရောက်မည့်အခါ ဖြစ်စဉ်က မိနစ်ပိုင်းကြာမြင့်သွားသည်။

နောက်ဆုံးအထပ်သို့ ဝင်ရောက်သည့်အခါ ဝမ်ဝေ့က မတူညီသည့် မိုးမြေအတွင်း ဝင်ရောက်လိုက်သလို ခံစားမိလိုက်သည်။ ဤအထပ်က အသင်္ချေအင်ပါယာကမ္ဘာနှင့် ကွဲပြားပြီး အချိန်နေရာမတူညီသည့် ကမ္ဘာငယ်တစ်ခုသို့ ရောက်ရှိသွားလေသည်။

သူက သူ့ဦးတည်ချက်သို့ ရောက်ရှိသည်နှင့် သူတို့ခန္ဓာကိုယ်ကို တိတ်တဆိတ် စစ်ဆေးနေသော အားကောင်းသည့် အံ့ဖွယ်အသိစိတ်ကို ခံစားမိလိုက်သည်။ ထိုအဆင့်က အထွတ်အထိပ်အဆင့် ဖြစ်လေသည်။ သူက ထိုသူသည် ဤနေရာအား စောင့်ကြပ်နေသည့် အထွတ်အထိပ် အကြီးအကဲဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

ထိုလူက ယဲ့လောင်လက်ထဲမှ အမှတ်အသားပြားကို တွေ့ပြီးနောက် ဂရုမစိုက်တော့ပေ။ ဂိုဏ်းချုပ်က ဝမ်ဝေ့၏ ဆေးလုံးဝိဇ္ဇာငယ်အမှတ်အသားပြားကို ထုတ်လိုက်သည့်အခါ ထိုလူက နောက်ဆုတ်သွားလေသည်။

ထို့နောက် ချက်ချင်းဆိုသလို အလယ်အလတ် အရွယ်အစားရှိသည့် သစ်သားအိမ်တစ်လုံး ရုတ်ချည်း ပေါ်ထွက်လာလေသည်။ ယေဘုယျအားဖြင့် ထိုအိမ်သည် ဘာမှထူးခြားနေခြင်း မရှိပေ။ ဝမ်ဝေ့က ထိုအိမ်ထဲ ဝင်လိုက်ပြီးသည့်နောက်တွင် အပြင်ဘက်ထက်စာလျှင် အထဲက ပို၍ ကျယ်ဝန်းကြောင်း သဘောပေါက်သွားသည်။

အစီအရင်ဖြင့် အိမ်ထဲကို နေရာချဲ့ထားဟန်ပေါ်သည်။ ယဲ့လောင်က သူ့အား ဆယ်မီတာမြင့်မားသည့် ကျောက်တုံး ငါးတုံးရှိရာဆီ ခေါ်ဆောင်သွားလေသည်။ ထိုနေရာမှ ထူးခြားသည့် စည်းချက်များ ထုတ်လွှတ်နေလေ၏။ ဤသည်က အမွေအနှစ် ကျောက်တုံးများ ဖြစ်လေသည်။ သူ့အကြည့်က အလယ်တစ်ခုအပေါ် ရောက်ရှိနေပြီး ဤသည်က သူ ရှာဖွေနေသည့် အရာဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

သူ့ဆရာက ခေါင်းညိတ်ကာ သူ့အား တစ်ယောက်တည်း ထားသွားလေသည်။ ဝမ်ဝေ့က အသက်ပြင်းပြင်း ရှူလိုက်ပြီးသည့်နောက် အလယ်ကျောက်တုံး ရှေ့သွားကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက အံ့ဖွယ်အသိစိတ်ကို ထိုအရာထဲ ထည့်သွင်းလိုက်၏။

ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်အတွင်း အမည်မသိ စွမ်းအားတစ်ခု ချိုးဖောက်လာကာ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို စတင်စစ်ဆေးသည်။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်၏ တစ်လက်မပင်မချန် ရှာဖွေခံလိုက်ရသည်။ ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း ဝမ်ဝေ့က တစ်ခုခုမှားယွင်းသွားမည်ကို စိုးရိမ်ကာ သတိကြီးကြီး ထားထားလေသည်။

ကံကောင်းစွာဖြင့် သူ စိုးရိမ်နေသည့် အရာများက ဖြစ်မလာခဲ့ပေ။ ထိုရှာဖွေမှု ပြီးဆုံးသွားသည်နှင့် သူ့ဝိညာဉ်အတွင်း ထူးဆန်းသည့် သင်္ကေတ ပေါ်ထွက်လာလေသည်။ သူက ဤသည်က အပြင်လူများထံ ထုတ်ဖော်ခြင်း ဟန့်တားဖို့ အတားအဆီး ဖြစ်ကြောင်း သိလိုက်သည်။

နောက်ဆုံးတွင် မူလဆေးလုံးမီးတောက်ကျမ်း၏ ပါဝင်အကြောင်းအရာများ မြင်လိုက်ရသည်။ သူက ထိုကျမ်း၏ တစ်ဆင့်ချင်းစီကို ရှင်းပြနေသည့် အမျိုးသားအသံကို ကြားလိုက်ရသည်။ ဝမ်ဝေ့က ဉာဏ်အလင်းပွင့်အခြေအနေအတွင်းသို့ ချက်ချင်းဆိုသလို ဝင်ရောက်သွားပြီး ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်။

အမည်မသိ အချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က နက်နဲမှုအပြည့်ဖြင့် တောက်ပနေသည့် မျက်လုံးပွင့်လာလေသည်။ ထို့နောက် သူက ရေရွတ်လိုက်၏ “ တကယ်ကို ဖန်တီးဉာဏ်ကောင်းတဲ့ ကျင့်စဉ်ပဲ”

မူလဆေးလုံး မီးတောက်ကျမ်းသည် အဓိကအားဖြင့် ဆေးဝါးတာအို၊ မီးတောက်တာအိုနှင့် ကံကြမ္မာကောင်း တာအိုတို့ကို ပေါင်းစပ်ထားလေသည်။ ပထမနှစ်ခုက ကိုယ်တိုင်ရှင်းပြထားပြီး ကံကြမ္မာကောင်း မီးတောက်တာအိုအကြောင်းကိုမူ စာလုံးအနည်းငယ်ဖြင့် ရှင်းပြထားလေသည်။

ပုပ်သိုးနေတဲ့ တစ်စုံတစ်ခုကို အဖိုးတန်တဲ့ တစ်စုံတစ်ခုအဖြစ် ပြောင်းလဲခြင်း …

ဤသည်က ထိုကျမ်း၏ အနှစ်သာရ ဖြစ်လေသည်။ ကံကြမ္မာကောင်း မီးတောက်ကို မူလဆေးလုံးမီးတောက်ဟုလည်း ခေါ်ဆိုကြသည်။ ထိုမီးတောက်သည် ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံရေးတွင် အသုံးပြုသည့်အရာ မဟုတ်ပေ။ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် ကံကြမ္မာကောင်း မီးတောက်က ပျောက်ကွယ်သွားမည် ဖြစ်ပြီး ကျမ်းမှ ဖွဲ့စည်းထားသည့် မီးတောက်ကမူ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

ဝမ်ဝေ့က တန့်ယွမ်ဧကရာဇ်သည် မူလဆေးလုံးမီးတောက်ကို ဖန်တီးစဉ်အခါက ကံကြမ္မာကောင်း မီးတောက်မှ ကိုးကားထားသည်ကို မြင်လေသည်။

ထိုမီးတောက်က ဆေးဝါးပညာရှင်အား မိုးမြေကြားရှိ အရာအားလုံးကို သန့်စင်ပြီး အရာအားလုံးကို ဆေးအာနိသင်အဖြစ် သန့်စင်နိုင်အောင် ခွင့်ပြုပေးထားသည်။ သဲ၊ ကျောက်တုံး သို့မဟုတ် အညစ်အကြေးများကဲ့သို့သော အသုံးမဝင်သော အရာဖြစ်စေကာမူ သို့မဟုတ် မိုးမြေကြားရှိ စည်းမျဉ်းကဲ့သို့သော အရေးပါသည့်အရာ ဖြစ်စေကာမူ ထိုအရာများကို သန့်စင်ကာ တခြားတစ်ခုအဖြစ် ပြောင်းလဲနိုင်လေသည်။

တန့်ယွမ်ဧကရာဇ်က မဟာကမ္ဘာတစ်ခုလုံးကို သန့်စင်ကာ ဆေးလုံးအဖြစ် ပြောင်းလဲခဲ့ဖူးသည်ဟု ကောလဟာလများ ထွက်ခဲ့ဖူးသည်။ ထိုအရာက သူ့ဆေးဝါးပါရမီကို ကူညီပေးနိုင်မည့် မျိုးနွယ်စုအသစ်ကို ဖန်တီးဖို့ရန်အတွက် မူလဆေးလုံး မီးတောက်ကျမ်းကို အသုံးပြုခဲ့သည်ဟု ကောလဟာလများပင် ရှိခဲ့ဖူးသည်။

ထိုကျမ်းကို ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုကောလဟာလများကို ယုံကြည်မိသွားသည်။ ထိုမီးတောက်က အမှန်တကယ် မှော်ဆန်လှ၏။ ကံကြမ္မာကောင်း မီးတောက်၏ စွမ်းအားဖြင့် တန့်ယွမ်ဧကရာဇ်က မှန်ကန်သည့် ပါဝင်ပစ္စည်း ရှိနေသရွေ့ အသက်ကို အလွယ်တကူ ဖန်တီးနိုင်လိမ့်မည်။

သူကိုယ်တိုင်ပင် ထိုကျမ်းကို လုံလောက်သည့် အဆင့်တစ်ခုထိ ရောက်အောင် ကျင့်ကြံနိုင်သည်နှင့် လုပ်ဆောင်နိုင်လိမ့်မည်။

ယခုသူ့ဝိညာဉ်နှင့် ပတ်သက်လာသည့်အခါ သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် သန့်စင်နိုင်မည်ကို သိထားသည့်အတွက် စိုးရိမ်နေခြင်း မရှိတော့ပေ။

ဝမ်ဝေ့က အပြုံးလေးဖြင့် ဆေးလုံး ဆေးကြောရေးကျမ်းဟု ပါဝင်သည့် ကျောက်တုံးရှေ့ကို သွားလိုက်သည်။ သူက ထိုကျမ်းကို စိတ်ဝင်စားမိသည်မှာ သူ့ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် အသုံးဝင်လိမ့်မည်ဟု ခံစားချက်ရနေ၍ ဖြစ်သည်။

သို့သော်လည်း သူက ချက်ချင်းဆိုသလို နားမလည်ဘဲ ထိုကျမ်း၏ တာအိုစည်းချက်များအား ဖွဲ့စည်းဖို့ရာအတွက် ဆေးလုံးဝိဇ္ဇာငယ်ဟူသော အဆင့်အတန်းကိုပင် အသုံးပြုခဲ့ရသည်။

ထို့နောက် သူက ၇ ထပ်မြောက်မှ ထွက်လာလိုက်လေသည်။

All Chapters