← Chapters

ခရမ်းပြာရောင် မီးတောက်မှ အရိုးဖြူ အကာအကွယ်အား ဝါးမျိုခြင်း

Vol. 31 Ch. 428

ခရမ်းပြာရောင် မီးတောက်မှ အရိုးဖြူ အကာအကွယ်အား ဝါးမျိုခြင်း

Vol. 31 Ch. 428

ခရမ်းပြာရောင်သန်းနေသော မီးတောက်ကြီးမှ အရိုးဖြူအကာအကွယ်အား ကြောက်မက်ဖွယ် ကောင်းသောအရှိန်ဖြင့် ဝါးမျိုသွားခဲ့သည်။

စောင့်ကြည်နေကြသူများမှာ မျက်တောင်ပင် မခတ်နိုင်ဘဲ ထိုမြင်ကွင်းအား ကြည့်ရှုနေကြ၏။

ထိုခရမ်းပြာရောင် မီးတောက်မှာ ဇူယွမ်၏ဝှက်ဖဲဖြစ်ပြီး တိုက်ခိုက်မှု ကျရှုံးသွားခဲ့ပါက ဇူယွမ်မှာ ယန်ရွှမ်းထံ၌ ရှုံးနိမ့်သွားရတော့မည်ဖြစ်ကြောင်း လူတိုင်းမှ သိရှိထားကြသည်။

ပိုင်လီ၊ ကျိုးချူးချင်ယုနှင့် အခြားသူများမှာ လက်များကို တင်းကျပ်စွာဆုပ်ထားလျက် မျက်တောင်ပင် မခတ်နိုင်ဘဲ ရှိ၏။

အဝေးတွင်ရှိနေသော လီချင်းချန်နှင့် ဝမ့်ချီတို့မှာလည်း ဇူယွမ်တို့အား စောင့်ကြည့်နေကြသည်။ တိုက်ပွဲ၏အဆုံးအဖြတ် အချိန်မှာ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း လီချင်းချန်တို့မှလည်း သိရှိထားကြ၏။

မီးတောင်ဝ၌ …

အကြီးအကဲဝူမှာ စွမ်းအင်မှန်ချပ်အား ကြည့်ရှုနေရင်းဖြင့် မတ်တတ်ထရပ်လိုက်သည်။ အကြီးအကဲဝူမှာ အနီးတွင်ရှိနေသော မြင့်မြတ်သောနန်းတော်၏ အကြီးအကဲမှာလည်း တိုက်ပွဲရလဒ်အား အလွန်ပင် အာရုံစိုက်နေလျက်ရှိကြောင်း တွေ့ရှိလိုက်ရ၏။

အခြားသောအုပ်စုများမှာလည်း ဇူယွမ်တို့၏ တိုက်ပွဲအား အလွန်ပင် အာရုံစိုက်လျက် ရှိနေကြသည်။

မီးလျှံအဆီအနှစ် သွေးကြောနယ်မြေအတွင်းမှ လူငယ်လေးနှစ်ဦး၏တိုက်ပွဲမှာ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့၏။

အဘယ့်ကြောင့်ဆိုသော် ထိုလူငယ်လေးများမှာ ကန်ရွှမ်းကောင်းကင်ဒေသ၏ အင်အားအကြီးဆုံး ကလန်များဖြစ်သော မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့မှ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏ အောက်၌ပင် ခရမ်းပြာရောင်မီးတောက်မှာ ဆက်လက် လောင်ကျွမ်းနေပြီး ပတ်ဝန်းကျင်ရှိ ကျောက်ဆောင်များကိုပင် အရည်ပျော်စေသောကြောင့် ချော်ရည်ပူများပင် စီးဆင်းလာရ၏။

မီးတောက်ကြားတွင်ရှိနေသော ယန်ရွှမ်း၏အရိုးဖြူ အကာအကွယ်ထံမှ အေးခဲလှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေကာ အပူရှိန်အား ဆန့်ကျင်လျက် ရှိသည်။

ချပ် ... ချပ် ...

ခရမ်းပြာရောင်မီးတောက် အရိုးဖြူအကာအကွယ်တို့ ထိတွေ့သွားခဲ့ပြီး မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့၏။

အချိန်အချို့ကြာပြီးနောက် အရိုးဖြူအကာအကွယ်မှာ စတင် ပျော်ဆင်းလာခဲ့ပြီး ခရမ်းပြာရောင် မီးတောက်များ၏ လောင်ကျွမ်းနေမှုကြောင့် တစ်စထက်တစ်စ ပါးလွှာလာရသည်။

ဇူယွမ်၏ မျက်ဝန်းများ၌ ကျေနပ်အားရသော အရိပ်အယောင်များ ယှက်သန်းသွား၏။

ယန်ရွှမ်းမှာ ဇူယွမ်၏ ပျော်ရွှင်နေဟန်ရှိသော ပုံရိပ်အား တွေ့မြင်လိုက်ရပြီးနောက် လှောင်ပြောင်လိုဟန်ဖြင့် ရယ်မောလိုက်သည်။

ထို့နောက် ဇူယွမ်မှာ မျက်လုံးများ ပြူးကျယ်သွားရ၏။

ဇူယွမ်မှာ ပျော်ဆင်းနေသော အရိုးဖြူအကာအကွယ်ကြားမှ မှေးမှိန်စွာ လင်းလက်နေသော သွေးနီရောင် အရည်တစ်ခုအား တွေ့ရှိလိုက်ရသည်။ ထိုသွေးနီရောင်အရည်များ ကျဆင်းသွားသည်နှင့်တကွ အရိုးဖြူအကာအကွယ်မှာ သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ထူးခြားဆန်းကြယ်သော မြင်ကွင်းအား ပေးစွမ်းနေသယောင် ရှိ၏။

သွေးနီရောင်သို့ ပြောင်းလဲသွားသော အရိုးအကာအကွယ်မှာ ခရမ်းပြာရောင်မီးတောက်အား အချိန်အတန်ကြာအထိ တောင့်ခံထားနိုင်မည့်ဟန် ရှိသည်။ အေးခဲနေသော သွေးနီရောင် အရိုးအကာအကွယ်နှင့် လောင်ကျွမ်းနေသော ခရမ်းပြာရောင်မီးတောက်မှာ အလွန်ပနံသင့်လှပြီး လှပသောမြင်ကွင်းကို ဖြစ်ပေါ်စေ၏။

အချိန်များ ကုန်ဆုံးလာပြီးနောက် ခရမ်းပြာရောင်မီးတောက်မှာ အားနည်းလာခဲ့သည်။

ယန်ရွှမ်းမှာ ဇူယွမ်အားကြည့်၍ လှောင်ပြောသရော်ဟန်ဖြင့် ရီမောကာ အော်ဟစ်ပြောဆိုလိုက်၏။

“ကြည့်ရတာ မင်းငါ့ကိုနိုင်ဖို့ မဖြစ်နိုင်တဲ့ပုံဘဲ”

စောင့်ကြည့်နေကြသူများထံမှ သက်ပြင်းချသံများ အစီအရီ ထွက်ပေါ်လာခဲ့သည်။ ဇူယွမ်၏ ပြင်းထန်လှသော ခရမ်းပြာရောင် မီးတောက်သည်ပင် ယန်ရွှမ်းအား တားဆီးနိုင်ခြင်း မရှိပေ။

ဝှစ် ...

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်း သွားပြီးနောက် ခန္ဓာကိုယ်အား ဒြပ်မဲ့အသွင်သို့ ပြောင်းလဲကာ ယန်ရွှမ်းရှိနေသော ခရမ်းပြာရောင်မီးတောက်ထံသို့ ဦးတည်သွား၏။

တိုက်ပွဲဧရိယာအနီးရှိ စောင့်ကြည့်နေကြသူများထံမှ အာမေဋိတ်သံများ အလျှိုအလျှို ထွက်ပေါ်လာကြသည်။

“မင်းကဒီလောက်တောင် သေချင်နေတာပေါ့လေ” ယန်ရွှမ်း၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု တွဲလဲခိုသွား၏။

ဇူယွမ်မှာ မီးတောက်အတွင်းသို့ တိုးဝင်သွားခဲ့ပြီးနောက် ခရမ်းပြာရောင် မီးတောက်များအား ပို၍ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းလှသော အပူရှိန်များ ပျံ့နှံ့သွား၏။

လူတိုင်း၏အကြည့်များမှာ ပြင်းထန်လှသော မီးတောက်များစီသို့ ရောက်ရှိသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လူများမှ သက်ပြင်းချကာ ခေါင်းကိုခါယမ်းလိုက်ကြ၏။ ဇူယွမ်မှ ယန်ရွှမ်းထံသို့ တိုးဝင်သွားခဲ့ခြင်းမှာ ဇူယွမ်ထံ၌ လှည့်ကွက်များ မကျန်ရှိတော့ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ သို့သော် ယန်ရွှမ်းမှာ ယခုအချိန်ထိ သန်မာနေဆဲပင် ဖြစ်၏။

ဇူယွမ်တို့နှစ်ဦးကြားရှိ ကွာခြားချက်မှာ အလွန်ပင် ခြားနားလွန်း လှပေသည်။

ပိုင်လီမှာ မျက်လုံးများကို မှိတ်လျက် လက်များကို တင်းကျပ်စွာ ဆုပ်ထား၏။

ဝှစ် ...

မီးတောက်များအကြားမှ ဇူယွမ်မှာ ယန်ရွှမ်း၏ရှေ့သို့ ရောက်ရှိသွားပြီး နှစ်ဦးလုံး၏အကြည့်များ တွေ့ဆုံသွားကြသောအခါ သတ်ဖြတ်လုိသော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

“ငတုံးကောင် မင်းသေရမဲ့ အချိန်ရောက်ပြီ” ယန်ရွှမ်းမှ ကျယ်လောင်စွာ ရယ်မောပစ်လိုက်၏။ ထို့နောက် ယန်ရွှမ်းမှာ သွေးနီရောင် အရိုးအကာအကွယ်ကြားမှ တစ်ဆင့် ဇူယွမ့်ထံသို့ လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။ ပြင်းထန်လှသော ချီစွမ်းအင်များ ဇူယွမ့်ထံသို့ ဦးတည်ရောက်ရှိလာ၏။

ထိုထိုးနှက်ချက်၌ ယန်ရွှမ်း၏ မူလစဦး အဋ္ဌမအဆင့် စွမ်းအင်များ အကုန်အစင်နီးပါး ပါဝင်နေပေသည်။

သို့သော် ယန်ရွှမ်း၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအား ဇူယွမ်မှ အနည်းငယ်မျှပင် မရှောင်ရှားခဲ့ချေ။ ထို့နောက် ဇူယွမ်မှာလည်း လက်ကို တင်းတင်းဆုပ်ကာ ယန်ရွှမ်း၏ လက်သီးအား ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်၏။

ယန်ရွှမ်းမှာ ဇူယွမ်အားကြည့်၍ လှောင်ပြောသရော်ဟန်ဖြင့် ရယ်မောပစ်လိုက်သည်။ ယန်ရွှမ်းမှာ သွေးနီရောင် အရိုးအကာအကွယ်အား အသုံးပြုနေခြင်း ဖြစ်၏။ ထိုသည်တောင်မှ ဇူယွမ်မှာ ယန်ရွှမ်းအား ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သေးသည်။ ဇူယွမ်မှာ အမှန်တကယ်ပင် ဆင်ခြင်တုံတရား ကင်းမဲ့သူ ဖြစ်ပုံရ၏။

ထို့ကြောင့် ယန်ရွှမ်းမှာ ကျေနပ်အားရစွာဖြင့် စွမ်းအင်များအား ပိုမိုပေါက်ကွဲစေလိုက်သည်။

ဇူယွမ်နှင့်ယန်ရွှမ်းတို့၏ လက်သီးများမှာ လေထုကိုပင် ဆုတ်ပြဲစေခဲ့၏။

ဇူယွမ်မှာ နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။

“ငွေအရိပ် ... ”

ငွေရောင်အလင်းတန်းတစ်ခုမှာ ဇူယွမ်၏ခန္ဓာကိုယ် တစ်ခုလုံးအား လွှမ်းခြုံသွား၏။ မျက်စိတစ်မှိတ်စာမျှသော အချိန်လေး အတွင်းမှာပင် ဇူယွမ်၏ခန္ဓာကိုယ်၌ ငွေရောင်ချပ်ဝတ် တန်ဆာတစ်ခု ပေါ်လာခဲ့သည်။

ဝုန်း ...

ချက်ချင်းဆိုသလိုပင် ဇူယွမ်၏ခန္ဓာကိုယ်မှ ပြင်းထန်းလှသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာ၏။

ယန်ရွှမ်းမှာ မျက်ဝန်းများ ကျဉ်းမြောင်း သွားရပြီးနောက် မည်သည့်စကားမှ မဆိုနိုင်သေးခင်မှာပင် လေထုထဲ၌ လက်သီးနှစ်ခု တွေ့ဆုံသွားခဲ့ကြသည်။

ဝုန်း ...

စွမ်းအင်လှိုင်းဂယက်များ ပြင်းထန်စွာ ပျံ့နှံ့သွား၏။

မြေပြင်များပင် အက်ကွဲကုန်ရပြီး ပေထောင်ကျော်ဝန်းကျင်ရှိ တောင်ကုန်းများ အားလုံး ပြိုကျကုန်ရသည်။

ခရမ်းပြာရောင် မီးတောက်မှာ အားနည်းစွာဖြင့် ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့ပြီးနောက် အလုံးစုံ ပျောက်ကွယ်သွား၏။

လူတိုင်းမှာ ဇူယွမ်တို့၏ လက်သီးနှစ်ခု တွေ့ဆုံနေမှုအား အလုအယက် ကြည့်ရှုလိုက်ကြသည်။

ဇူယွမ်နှင့်ယန်ရွှမ်းမှာ ကျောက်ရုပ်များကဲ့သို့ပင် မလှုပ်မရပ် ရှိနေကြသော်လည်း သူတို့၏ ထိုးနှက်ချက်များထဲ၌ ပြင်းထန်လှသော စွမ်းအင်များ ပါဝင်နေခဲ့သည်ကို ခံစားနိုင်၏။

ငွေအရိပ်နှင့် သွေးနီရောင် အရိုးအကာအကွယ်များမှာ ခရမ်းပြာရောင်မီးတောက်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ပတ်ဝန်းကျင်မှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေ၏။ လူတိုင်းမှာ အသက်ရှူဖို့ပင် မေ့လျော့နေသည့်အလား တိုက်ပွဲရလဒ်ကိုသာ အာရုံစိုက်နေကြသည်။

လေပြေသွေးလေးတစ်ခု တိုက်ခတ်သွား၏။

ဇူယွမ်မှာ သွေးချင်းချင်းနီနေသော လက်မောင်းအား ကြည့်ရှုလိုက်သည်။ ထို့နောက် တည်ငြိမ်နေသော အမူအရာဖြင့်ပင် ယန်ရွှမ်းအား ကြည့်လိုက်၏။

“ကြည့်ရတာ မင်းခန့်မှန်းချက် မှားသွားတဲ့ပုံပဲ”

ဇူယွမ်၏စကားသံ၌ လှောင်ပြောင်လိုဟန်များ ပါဝင်နေသည်။

ယန်ရွှမ်းမှာ သူ၏လက်မောင်းအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုလိုက်၏။ ခေတ္တမျှသော အချိန်လေးအတွင်းမှာပင် ယန်ရွှမ်း၏လက်မောင်းတစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။

အရိုးများနှင့် အသွေးအသားများမှာ နေရာတိုင်းသို့ ပြန့်ကျဲသွား၏။

ကြောက်လန့် တုန်လှုပ်နေသော အသံများစွာ ထွက်ပေါ်လာခဲ့သည်။

ယန်ရွှမ်းမှာ မယုံကြည်နိုင်ဟန်ဖြင့် အနောက်သို့ ဆုတ်သွားပြီးနောက် မြေပြင်ပေါ်၌ ထိုင်ချလိုက်၏။

ဘာလို့ ငါ့လိုလူက ကန်ရွှမ်းကလန်က မူလစဦး စတုတ္ထအဆင့်ပဲရှိတဲ့ ဇူယွမ့်လိုကောင်ကို ရှုံးသွားရတာလဲ ...

နောက်ဆုံးအချိန်မှ ပေါ်လာတဲ့ ငွေရောင်ချပ်ဝတ်ကရော ဘာကြီးလဲ ... ဇူယွမ်ကရော ဘာလို့ရုတ်တရက်ကြီး သန်မာသွားရတာလဲ ...။

ဖြစ်ပျက်သွားသော အခြင်းအရာများမှာ လက်ခံနိုင်ရန် ခက်ခဲလှပေသည်။

ယန်ရွှမ်း၏ မျက်ဝန်းများမှာ မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက် နေခဲ့ပြီးနောက် ဖြည်းညင်းစွာဖြင့် ပိတ်သွားခဲ့တော့၏။

All Chapters