အပိုင်း (၁၉၄)
Vol. 13 Ch. 194
လုံအောင်၏ ဝန်းကျင်တွင်ရှိနေသောနတ်ဆိုးချီတို့မှာ ယခင်ထက်ပို၍ အစများစွာ သိပ်သည်းလာသည်။ နတ်ဆိုးချီတို့က နတ်ဆိုးချီပင်လယ်တစ်ခုကဲ့သို့ တလိပ်လိပ်တက်လာ၏။ လုံအောင်၏ အစပိုင်းက အဖြူရောင်သန်းသော ဆံပင်တို့ပင် ပိတုန်းရောင်ကဲ့သို့ သိပ်သည်းနက်မှောင်လာသည်။ သူ့နေဖြင့်ရုတ်တရက် ဆယ်စုနှစ်များစွာငယ်ရွယ်သွားသကဲ့သို့ခံစား
လိုက်ရသည်။
လုံအောင်မှာ နတ်ဆိုးချီပင်လယ်၏ အလယ်တွင် ရှိနေသည်။ သူ၏ ခါးထိရှည်သော အနက်ရောင်ဆံပင်တို့က လေနှင့်အတူကခုန်နေပြီး သူ့အားပြိုင်ဘက်ကင်း နတ်ဆိုးတစ်ပါးကဲ့သို့ထင်မှတ်ရစေသည်။
လုံအောင်လက်များမှာ တိရစ္ဆာန်လက်သည်းပုံစံများကဲ့သို့ပင်ဖြစ်သည်။ သူ၏မျက်လုံးရှေ့တွင် အနက်ရောင်နတ်ဆိုးအင်းစာလုံးများဖြင်းဖုံးအုပ်ထားသောသူ၏လက်များကိုထားထားသည်။ ဤအချိန်တွင်သူ၏ လက်သည်းများမှာလည်း အနက်ရောင်ပင်ဖြစ်သည်။ တစ်ခုစီတိုင်းက လက်ချောင်းတစ်ချောင်းစာအရွယ်အစားရှည်
လျားပြီး ထက်ရှသောအနက်ရောင်ဓားမြှောင်များကဲ့သို့
ပင်ဖြစ်သည်။
သူ၏ကိုယ်အတွင်းရှိ စွမ်းအားကြီးစွမ်းအားများကိုအာရုံခံလိုက်ပြီး လုံအောင်က ရူးသွပ်စွာရယ်မောလိုက်သည်။
“ဟားဟားဟား….စွမ်းအား…ဒါကမှတကယ့်အစစ်အမှန်စွမ်းအား ခံစားချက်ပဲ”
“ဒီစွမ်းအား….နတ်ဆိုးကလန်ကလား”
နတ်ဆိုးဆန်သော လုံအောင်ကိုကြည့်ကာ ရှစ်ဖုန့်က တည်ကြည်လေးနက်သော အမူအယာဖြင့်မျက်မှောင်ကြုံ့လိုက်သည်။ သူ့အနေဖြင့် ရှေးဟောင်းစာအုပ်များအတွင်းမှ နတ်ဆိုးမျိုးနွယ်ဟူသော မျိုးသုဉ်းသွားသည့် မျိုးနွယ်တစ်ခုအကြောင်းကိုတစ်ကြိမ်ဖတ်ခဲ့ဖူးသည်ဖြစ်သည်။
သို့သော်ရှေးဟောင်းစာအုပ်အတွင်း၌ နတ်ဆိုးကလန်နှင့်ပက်သက်ပြီး သတင်းအချက်အလက်များစွာရှိမနေခဲ့ပေ။ ရှစ်ဖုန့်၌ သတင်းအချက်အလက်အများကြီးရှိမနေသော
ကြောင့် သူ့အနေဖြင့်သေချာမပြောတတ်ပေ။နတ်ဆိုး
ဆန်သောလုံအောင်မှာ ရှေးဟောင်းစာအုပ်အတွင်းရှိမှတ်တမ်းတစ်ခုနှင့် ဆင်တူသည်ဟုခံစားရသည်ဖြစ်သည်။
“လူသားမျိုးနွယ်မကလို့ နတ်ဆိုးကလန်ကပဲဖြစ်ဖြစ် ဒီသခင်လေးကိုသတ်ချင်တဲ့သူမှန်သမျှ…အကုန်အသတ်ခံရမယ်”
ရှစ်ဖုန့်က ပြောလိုက်သည်။ သေခြင်းရောင်ဝါတို့က ကောင်းကင်ထက်သို့ထိုးတက်လာပြီး အနက်ရောင်အလင်းတို့တောက်ပနေသော ဧရာမအနက်ရောင်လက်ချောင်းကြီးတစ်ခုအ
ဖြစ်ဖွဲ့စည်းသွားခဲ့သည်။ ၎င်းကလုံအောင်ကိုထိုးညွှန်ထား၏။ သေခြင်းလက်ချောင်း။ ၎င်းလက်ချောင်းအား သေခြင်းလက်ချောင်းအဖြစ်သိကြသည်ဖြစ်
သည်။
“ကောင်းလိုက်တာ..စွမ်းအားကြီးလှတဲ့ စွမ်းအားတွေပဲ”
တစ်စုံတစ်ယောက်က ကောင်းကင်ထဲရှိသေခြင်းလက်ချောင်းကိုကြည့်၍ အလန့်တကြားအော်ပြောလိုက်သည်။ ၎င်းက အကွာဝေးတစ်ခုတွင်ကြည့်ရှုနေကြသောသူများ၏ နှလုံးသားအား တဒိတ်ဒိတ်ခုန်အောင်ပြုလုပ်နေသည်။ သူတို့၏ ဝိညာဉ်များက သူတို့၏ ခန္ဓာကိုယ်များအတွင်းမှ ထွက်ခွာသွားတော့မည်သကဲ့သို့ဖြစ်သည်။
“ဟားဟား…ကောင်းတယ်”
သေခြင်းလက်ချောင်းကိုကြည့်ရင်း နတ်ဆိုးဆန်သောလုံအောင်က ကြောက်ရွံ့နေခြင်းမရှိပေ။ ထိုအစားသူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ သူက တလိပ်လိပ်ထနေသော နတ်ဆိုးမြူများနှင့်အတူ သေခြင်းလက်ချောင်းထံသို့ ဦးတည်ပျံသန်းသွားသည်။ သူ၏ အနက်ရောင်နတ်ဆိုးလက်သည်းတို့အား ဆန့်ထုတ်လိုက်၏။ သေခြင်းလက်ချေင်းနှင့်နှုင်းယှဉ်လိုက်လျှင် ၎င်းက သဲတစ်ပွင့်ကဲ့သို့ သေးငယ်လှသည်။ သို့သော် ၎င်းက သေခြင်းလက်ခြောင်းကို ဖမ်းဆုပ်ကိုင်လိုက်၏။
“ဒီလိုသိုင်းပညာရပ်မျိုးလောက်လေးနဲ့ မင်းကငါ့ကိုယှဉ်ပြိုင်ရဲတယ်လား’
လုံအောင်က သွေးရူးသွေးတန်းရယ်မောလိုက်သည်။ သူ၏ နတ်ဆိုးလက်သည်းက သေခြင်းလက်ချောင်းအား သာမန်ကာလျှံကာဖမ်းဆုပ်လိုက်ကသည်။ ထို့နောက်သူက ဖိညှစ်လိုက်၏။ ဧရာမသေခြင်းလက်ချောင်းကြီးက ဘာခြေရာလက်ရာမှကျန်ရစ်နေခဲ့ခြင်းမရှိဘဲ ရုတ်တရက်ပျောက်ကွယ်သွားသည်။
“ဟားဟားဟား…ဟားဟားဟား..စွမ်းအား…ဒါကအစစ်အမှန်စွမ်းအားကွ”
လုံအောင်က လေထဲတွင်ရပ်ပြီး ဆက်လက်၍ သွေးရူးသွေးတန်းရယ်မောနေသည်။
“ဒီမကောင်းဆိုးဝါးက ပိုပိုပြီး စွမ်းအားကြီးလာပြီ…ဘယ်လိုလုပ်ကြမလဲ…. ပုံစံကြည့်ရတာ ရှစ်ဖုန့်တောင်သူ့ကိုယှဉ်ပြိုင်နိုင်မဲ့ပုံမပေါ်ဘူး..”
လုံအောင်၏ နတ်ဆိုးရောင်ဝါများအားကြည့်ကာ လေထုက ထပ်မံ၍ လေးလံလာပြန်သည်။
“ကောင်းကင်ဘုံကိုငါတို့တို့ သေစေချင်နေတာများဖြစ်နိုင်မလား….ငါတို့ယွင်လိုင်အင်ပါယာရဲ့ ကံဇာတက ဒုက္ခဝေဒနာတွေထဲကိုကျရောက်နေပြီ… လူတွေအသက်ရှင်နိုင်အောင်ပြုလုပ်နိုင်စွမ်းရှိပါအုံးမလား..ဟူး…”
“ရှစ်ဖုန့် ငါမင်းကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်..ငါ့ကိုမွေးစားအဖေအဖြစ်မှတ်ယူ…ပြီးရင် တိုက်စားခြင်းမိစ္ဆာမျက်လုံးကိုနှိုက်ထုတ်ပြီးတော့ ငါ့ကိုပေးလိုက်..”
လုံအောင်က ရှစ်ဖုန့်အား ထိုးညွှန်၍ ပြောလိုက်သည်။
“ခင်ဗျားကြီးတော်ကြီးကိုပဲသွားတူးလိုက်”
ရှစ်ဖုန့်က သူ့ဓားအား ရှေ့သို့ထိုးညွှန်လိုက်ပြီးရုတ်တရက် မြေပြင်ပေါ်တွင်လဲနေသော ရှုံ့တွနေသည့်အလောင်းများကထရပ်လာကြ
သည်။ သိပ်သည်းသော သေခြင်းရောင်ဝါများက ထပ်မံ၍ လေထဲသို့စိမ့်ဝင်ပျံနှံ့လာသည်။ ရှစ်ဖုန့်ဓား၏ ဦးတည်ချက်နောက်သို့လိုက်ပါပြီး ၎င်းကဧရာမ အနက်ရောင်သေခြင်း ကောက်ရိတ်ဓားတစ်ခုအဖြစ်ဖွဲ့စည်းသွားကာ ကောင်းကင်ထက်ရှိ လုံအောင်အားခုတ်ပိုင်းလိုက်သည်။
ပျံသန်းနေရင်း အရှိန်အဟုန်ပြင်းစွာဖြင့်လည်ပတ်နေသော သေခြင်းကောက်ရိတ်ဓားကကောင်းကင်နှင့်မြေကြီးအား ချိတ်ဆက်ထားသကဲ့သို့ ဧရာမအနက်ရောင် မုန်တိုင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့် သည်လည်းသူ၏ ဓားဖြင့် ကောင်းကင်ထဲသို့ပျံသန်းတက်သွားသည်။ ထောင်ပေါင်းများစွာသော အလောင်းများကလည်း ရှစ်ဖုန့်နှင့်အတူရွေ့လျားပြီး ရှစ်ဖုန့်၏ အောက်မှလိုက်ပါလာကြသည်။
“ငါမင်းကိုကူညီမယ်”
တစ်ချိန်တည်းမှာပင် ကျယ်လောင်ပြီး ရှင်းလင်းသော အသံတစ်ခုက ဟင်းလင်းပြင်ထဲတွင်ထွက်ပေါ်လာသည်။ ဟွင်းဖှေး၏ ဘေးတွင်ရပ်နေသော လုံရှင်းက နောက်ဆုံးတွင်သူ့ကိုယ်သူထိန်းထားနိုင်ခြင်းမရှိတော့ဘဲ ကောင်းကင်ထဲသို့လျှင်မြန်စွာ ပျံသန်းလာသည်ကို လူတိုင်းတွေ့လိုက်ရသည်။
၎င်းကကောင်းကင်ထဲသို့ထိုးခွင်းပျံသန်းလာပြီး ၎င်း၏ နှလုံးနာမှ ရွှေရောင်မီးတောက်တို့ထုတ်လွှတ်နေပြီး ရွှေရောင်မီးတောက်လူသားအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဟားဟားဟား…ကောင်းတယ်…ဒီတော့ ငါ့ရဲ့ ပဉ္စမမင်းသားက သူရဲ့ ခွန်အားကို တစ်ချိန်လုံးဖုံးကွယ်ထားတာပေါ့ …မင်းငယ်ငယ်ကတည်းကနေ ငါ့ရဲ့ ချစ်ခြင်းတွေကို မဖြုန်းတီးခဲ့ဖူးပဲ..ကောင်းတယ်..အရမ်းကောင်းတယ်”
လုံအောင်ကရယ်မောကာ ဧရာမ အနက်ရောင်မုန်တိုင်းကြီးထံသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ျ
“ဝုန်း”
သူ၏ ဘယ်လက်က လက်သည်းတစ်ခုအဖြစ်ပြောင်းသွားပြီး အောက်သို့ဖမ်းဆုပ်လိုက်သည်။ ဧရာမအနက်ရောင်နတ်ဆိုးလက်သည်းကြီးကပေါ်လာပြီး သူ့အား ဖမ်းဆုပ်ရန်ဦးတည်လာသည်။
“ဝုန်း”
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကောင်းကင်နှင့်မြေကြီးတို့အား ဆက်သွယ်ထားပုံရသော ဧရာမအနက်ရောင်မုန်တိုင်းကြီးမှာ လုံအောင်၏ လက်သီးချက်အောက်တွင်ပျောက်ကွယ်သွား
သည်။ ထို့နောက်တွင် အရှိန်အဟုန်ဖြင့်လှည်ပတ်နေဆဲဖြစ်သော ဧရာမကောက်ရိတ်ဓားကြီးပေါ်လာပြီး လုံအောင်ထံသို့ခုတ်ပိုင်းချလိုက်သည်။
လုံအောင်က သူ၏လက်သီးအား လက်သည်းအသွင်သို့ပြန်ပြောင်းလိုက်ပြီး ဧရာမ အနက်ရောင်ကောက်ရိတ်ဓားထံသို့ ဖမ်းဆုပ်လိုက်သည်။ ရုတ်ချည်း လုံအောင်၏ လက်သည်းအောက်တွင် ဧရာမသေခြင်းကောက်ရိတ်ဓားကြီးက လှည်ပတ်နေရာမှ တကယ်ကြီးရပ်တန့်သွားသည်ကို အားလုံးတွေ့လိုက်ကြရသည်။ထို့နောက်တွင်လုံအောင်ကထပ်မံ၍ သူ၏ လက်များဖြင့်ခြေမွလိုက်ရာ သေခြင်းလက်ချောင်းကဲ့သို့ပင် သေခြင်းကောက်ရိတ်ဓားမှာလည်း အပိုင်းပိုင်းကွဲကြေသွားသည်။
“သေစမ်း”
ဤအချိန်တွင် ရှစ်ဖုန့်၏ အေးစက်သာ အော်ဟစ်သံက လုံအောင်၏အထက်၌ပေါ်လာသည်။ ရှစ်ဖုန့်လေထဲတွင်ဝင့်ကြွားစွာရပ်နေပြီး လုံအောင်ထံသို့ခုတ်ပိုင်းချလိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ဧရာမဓားချီကြီးတစ်ခုပေါ်လာသည်။ ထို့နောက်တွင် ဧရာမအဖြူရောင်ဓားချီမှာ သွေးနီရောင်မီးတောက်တို့စွန်းထင်းသွားသည်။ ထို့နောက်တွင် သွေးနီရောင်မီးတောက်က တိုက်စားခြင်းမီးခိုးရောင်မြူတို့ဖြင့်ရောနှောသွားသည်။နောက်ဆုံးတွင်၎င်းတို့က အနက်ရောင်သေခြင်းအခိုးအငွေ့များအဖြစ်ပြောင်းလဲသွားသည်။များပြားလှသောစွမ်းအားမျးနှင့်အတူ အရောင်လေးရောင်ဖြစ်သော အနက်၊အဖြူ၊အနီနှင့်မီးခိုးရောင်တို့က ဆက်လက်၍ ပြောင်းလဲနေသည်။ မူလကကြီးမားလှသောဓားရောင်ဝါမှာ နှိုင်းယှဉ်၍ မရနိုင်အောင်ကြီးမားလာပြီး ကောင်းကောင်အားထောက်ပံ့ထားသည့် တိုင်လုံကြီး တစ်ခုကဲ့သို့ဆင်တူသည်။ ၎င်းက လုံအောင်ပေါ်သို့ကျဆင်းလာပြီး ရုတ်ချည်းတလိပ်လိပ်ဖြစ်ပေါ်နေသော နတ်ဆိုးမြူများအား ထုနှက်သကဲ့သို့ရိုက်ချလိုက်သည်။ ၎င်းက လုံအောင်၏ ကိုယ်ပေါ်သို့ကျဆင်းလာပြီးလုံအောင်၏ ပုရွက်ဆိတ်ကဲ့သို့သေးငယ်လှသောခန္ဓာကိုယ်
နှင့်အတူ မြေပြင်ထံသို့ပါ ရိုက်နှက်လိုက်သည်။
“ငါမင်းကိုထပ်ပြီးတော့ကူညီမယ်”
အနက်ရောင်နတ်ဆိုးလက်သည်းကြီးကွဲထွက်သွားပြီးနောက်လုံရှင်းကထပ်မံ၍ အော်ပြောလိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ ရွှေရောင်မီးတောက်တို့က ဧရာမတိုင်လုံးကြီးကဲ့သို့ဓားရောင်ဝါထံ အလျှင်အမြန်ဦးတည်သွားသည်။ ထို့နောက်တွင် ဓားရောင်ဝါက ရွှေရောင်အလွှာတစ်ခုစွန်းထင်းသွားသည်။
ထို့နောက်၎င်းက ပျံ့ကားလာပြီး လုံအောင်နှင့်အတူမြေပြင်ပေါ်သို့ကျဆင်းသွားသည်။
“ဝုန်း”
ကောင်းကင်ပေါက်ကွဲသကဲ့သို့ပြင်းထန်သည့် အသံတစ်ခုထွက်ပေါ်လာသည်။ အောက်ခြေရှိမြေပြင်မှာရုတ်တရက်စတင်၍ စတင်တုန်ခါလာ၏။
“ဝုန်း..ဝုန်း..ဝုန်း...ဝုန်း..ဝုန်း..”
၎င်းမှာပြင်းထန်သောမြေငလျှင်တစ်ခုလှုပ်ခတ်သကဲ့သို့ဖြစ်သည်။ တန်ခါမှုတို့က ဆက်လက်ဖြစ်ပေါ်နေပြီး ကျယ်လောင်သောအသံက ကောင်းကင်နှင့်မြေပြင်တွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထွက်ပေါ်နေသည်။
လူတိုင်းက ပြင်းထန်စွာလှုပ်ခါနေသောမြေပြင်ကိုတုန်လှုပ်
စွာကြည့်နေကြသည်။ သူတို့အနေဖြင့်ကောင်းကင်ကိုပင် ပဲ့ထိန်းထားနိုင်သော ဧရာမတိုင်လုံးကြီးကဲ့သို့ဓားချီအား မြင်တွေ့ခဲ့ကြရသည်။ ယင်းမှာတကယ့်ကိုပင် အရမ်းတုန်လှုပ်ဖို့ကောင်းသည်ဖြစ်သည်။ ဤစွမ်းအား၏ အောက်တွင်မည်သူကများရပ်တည်နိုင်ပါမည်
နည်း။
“အခု…အာဏာရှင်က သေသင့်ပီမလား”
သူ့နောက်တွင်ရှိနေသောသူကခေါင်းညိမ့်ပြီး အမူအယာမဲ့သောမျက်နှာဖြင့် တိုးဖျော့စွာပြောလိုက်သည်။
“သူသေသင့်တယ်.. သူသာမသေဘူးဆိုရင် …ဒါက တော်တော်လေးကိုယုတ္တိမတန်တာကြီးဖြစ်သွားပြီ”
“အဲ့မွန်းစတား…သူကတကယ့်ကိုမှ မွန်စတားတစ်ကောင်ပဲ”
လူတိုင်းက ကောင်းကင်ထက်သို့မော့ကာ ဟင်းလင်းပြင်ထဲတွင်ဝင့်ကြွားစွာရပ်နေသော အနက်ရောင်ပုံရိပ်ကို ကြည့်လိုက်ကြသည်။ အဆုံးသတ်နား၌ လုံရှင်းတိုက်ခိုက်ခဲ့သော်လည်း ကျော်ကြားမှုကတော့ ရှစ်ဖုန့်၏ လုံးဝလွှမ်းမိုးမှုကိုခံခဲ့ရသည်။
“ဝုန်း..ဝုန်း”
တုန်ခါနေသောမြေပြင်မှာ ဖြည်းဖြည်းချင်းပြလည်ညိမ်ကျသွားပြီး ကျယ်လောင်သောအသံမှာလည်းဖြည်းဖြည်း
ချင်းညိမ်ကျသွားသည်။ ကောင်းကင်ကိုထိန်းတော့မည်သကဲ့သို့ ဧရာမတိုင်လုံးကြီးကဲ့သို့ ဓားချီမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ထို့နောက်တွင်သူတို့အားလုံးအသက်ပင်မရှူကြတော့ပဲ ရင်ဖိုစွာဖြင့် ပျက်စီးသွားသောမြေပြင်ထံသို့ကြည့်လိုက်ကြ
သည်။ယင်းနေရာတွင် နက်ရှိုင်းသော ပြင်းထန်သည့်အက်ကွဲကြောင်းကြီးရှိနေပြီး အက်ကွဲကြောင်းအတွင်းတွင် အနီရောင်များဖုံးကာနေပြီး ခုံးသောဦးချိုတစ်ခုရှိကာ တစ်ကိုယ်လုံးတွင်အနက်ရောင်အင်းစာလုံးများ
ပြည့်နှက်နေသောအလွှာတစ်ခုရှိသည့် လူတစ်ယောက်ရှိနေသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE