အပိုင်း (၁၉၅)
Vol. 13 Ch. 195
“သေသွားပြီလား”
လူတိုင်းက အက်ကွဲကောင်းအတွင်းတွင်လဲနေသော လုံအောင်ကို ကြည့်လိုက်ကြပြီးနောက် တစ်ယောက်ကိုယ်တစ်ယောက်ကြည်လိုက်ကြ
ပြီး တစ်ယောက်ယောက်ဆီက အဖြေထွက်လာနိုင်သောအမူအယာမျိုးဖြင့် မျှော်လင့်နေကြသည်။
“သူ့ရဲ့ကိုယ်ပေါ်မှာ ငါဘာဒဏ်ရာတွေမှမတွေ့ရဘူး”
ရုတ်တရက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။
ဤအသံကို ချိတ်ဆက်တုံ့ပြန်မှုတစ်ခုကဲ့သို့ပင်ဖြစ်သည်။ ကြားလိုက်ရသူတိုင်း ချက်ခြင်းသူတို့၏ အမူအယာမျာပြောင်းလဲသွားကြသည်။ ဟုတ်ပါသည်။ လုံအောင်မှာရှုပ်ပွနေပုံရသော်လည်း သူ၏ ခန္ဓာကိုယ်၌ ဘာဒဏ်ရာဒဏ်ချက် သို့မဟုတ် သွေးစွန်းထင်းမှုများ ရှိမနေချေ။
ဆိုလိုသည်ကား…….
“သောက်လခွီး..သူက မသေးသေဘူးဟ…မဖြစ်နိုင်တာပဲ..လုံအောင်က အင်မော်တယ်များဖြစ်နေနိုင်မလား”
ရှစ်ဖုန့်၏ ခန္ဓာကိုယ်အတွင်းရှိစွမ်းအင်များမှာ အစောပိုင်းက တိုက်ခိုက်မှုတစ်ချက်တည်းနှင့်ပင် ကုန်ခမ်းလုနီးပါးဖြစ်သွားခဲ့ပြီဖြစ်သည်။သူက သူ၏သိုလှောင်လက်စွပ်အတွင်းမှ အဆင့်လေးစွမ်းအင်ပြန်လည်ဖြည့်တင်းဆေး
လုံးငါးလုံးအား အလျှင်အမြန်ထုတ်ယူလိုက်ပြီး ၎င်းတို့အား စွမ်းအင်ပြည်လည်ဖြည့်တင်းရန်အတွက် သူ၏ ပါးစပ်အတွင်းသို့ပစ်သွင်းလိုက်သည်။
ရှစ်ဖုန့်မှာ လုံအောင်၏ ရောင်ဝါများတည်ရှိနေသေးသည်ကိုအာရုံခံ
မိသောကြောင့် ၎င်းမသေသေးကြောင်းကို သိပြီးဖြစ်သည်။
“သေစမ်း”
ရှစ်ဖုန့်၏ အောက်တွင် လုံရှင်းက အော်ပြောလိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ ရွှေရောင်မီးတောက်က ရုတ်ချည်း ဧရာမရွှေရောင်ဓားတစ်ခုအဖြစ်ဖွဲ့စည်းသွားကာ လုံအောင်အားခုတ်ပိုင်းလိုက်သည်။
“ဟားဟား…….ဟားဟားဟား…… ဟားဟားဟားဟားဟား”
လုံအောင်၏ ထူးဆန်းကျောချမ်းဖွယ်ရယ်မောသံက ရုတ်တရက်မြေပြင်ထက်မှ ပဲ့တင်ထွက်ပေါ်လာသည်။
ထူးဆန်းကျောချမ်းဖွယ်ရယ်မောသံအား ကြားလိုက်ရသော လူတိုင်းမှာ ချက်ချင်း သူတို့၏ ဆံပင်များထောင်မတ်သွားကာ ကျောရိုးတစ်လျှောက်ပင် အေးစိမ့်တက်သွားသလိုခံစားလိုက်ကြရသည်။
လုံအောင်၏ အစကတည်းက လှုပ်ရှားခြင်းမရှိသောနတ်ဆိုးကိုယ်မှ ရုတ်တရက် သူ၏လက်အား လှုပ်ရှားလိုက်သည်ကိုလူတိုင်းတွေိ့လိုက်ကြရသည်။ ရွှေရောင်မီးတောက်ဓားအား လက်သည်းတစ်ဖက်ဖြင့်ဖမ်းဆုပ်လိုက်ပြီး ဖိချေလိုက်သည်။ လုံအောင်၏ လက်သီးချက်ကြောင့် ရွှေရောင်မီးတောက်ဓားမှာ လေထဲတွင်ကွဲကြေသွားသည်။
“ဟီးဟီး..ဘယ်လိုတောင်တော်တဲ့ငါ့သားလဲ”
လုံအောင်၏လဲလျောင်းနေသောကိုယ်က အက်ကွဲကြောင်းအတွင်းမှာ ဖြည်းညှင်းစွာလွင့်မျောထွက်လာသည်။ သူ၏ အဝတ်မဲ့ ခန္ဓာကိုယ်က ထပ်မံ၍ လေထဲတွင်လွင့်မျောပျံသန်းနေပြီး လုံရှင်းအားကြည့်လိုက်သည်။
“ဝေါ့”
ရုတ်တရက် လုံအောင်၏ ပါးစပ်မှ အနက်ရောင်သွေးတစ်ပွက်ကိုအံထုတ်လိုက်
သည်။ အစောပိုင်းတိုက်ခိုက်ခံရမှုမှလုံအောင်အနေဖြင့် သေဆုံးခဲ့ခြင်းမရှိခဲ့သော်လည်း တိကျသောဒဏ်ရာတစ်ခုတော့ ရရှိခဲ့သေးသည်ဖြစ်သည်။
“သေစမ်း”
လုံရှင်းက ဇောက်ထိုးအနေအထားဖြင့် သူ၏ညာလက်အား လက်သီးတစ်ခုအသွင်ဆုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိရွှေရောင်မီးတောက်စွမ်း
အားများက သူ၏ ညာလက်သီးထံတွင်စုစည်းသွားသည်။
သူ၏ ခန္ဓာကိုယ်က ခပ်စောင်းစောင်းထောင့်ချိုးအနေအထားဖြင့် လုံအောင်ထံတစ်ဟုန်ထိုးဦးတည်လိုက်သည်။
“မင်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတဲ့ အရူးပဲ”
လုံအောင်က ခေါင်းမော့၍ ထပ်မံကြည့်လိုက်သည်။ သူ၏ ညာလက်ဖြင့် သူ့နှုတ်ခမ်းထောင့်၌ကျန်ရှိနေသော အနက်ရောင်သွေးတို့ကိုသုတ်လိုက်သည်။ လုံရှင်း ၏ ကြမ်းကြုတ်သော ရွှေရောင်မီးတောက်လက်သီးကို ရင်ဆိုင်၍ သူ၏ လက်သည်းကို အလွယ်တကူ ဆန့်ထုတ်လိုက်ကာ လုံရှင်း၏ လက်သီးကိုဖမ်းဆုပ်လိုက်သည်။
“ကွဲကြေစမ်း”
လုံအောင်၏ စကားကိုကြားလိုက်ရပြီးနောက် သူ၏ခွန်အားပြည့်တိုက်ခိုက်မှုကိုမျက်နှာချင်း
ဆိုင်ပြီး လုံအောင် ကအလွယ်တကူဖမ်းဆုပ်လိုသည်ကို မြင်တွေ့လိုက်ရသောအခါတွင် လုံရှင်း၏ နှလုံးသားထဲမှနေ၍ ဒေါသထွက်သွားသည်။ ၎င်း၏လက်သီးရှိ ရွှေရောင်မီးတောက်က ပို၍ ပြင်းထန်စွာတောက်လောင်လာသည်။ အချိန်တိုလေးအတွင်း လုံရှင်း၏ စွမ်းအားမှာသူ၏ဒေါသတရားကြောင့် အနည်းငယ်တိုးမြင့်လာခဲ့သည်။
“ဟီးဟီး…ငါ့သားတွေထဲမှာ မင်းကပါရမီအရှိဆုံးပေမဲ့..ဦးနှောက်မရှိဆုံးကလည်းမင်းပဲ”
လုံအောင်က မိစ္ဆာဆန်စွာရယ်မောလိုက်သည်။ သူ၏ နတ်ဆိုးလက်သည်းနှင့် လုံရှင်း၏ ရွှေရောင်မီးတောက်တို့က အပြင်းအထန်ပစ်ဆောင့်မိကြသည်။ လုံအောင်က သူနတ်ဆိုးလက်သည်းအား ဆုပ်ကိုင်လိုက်သောအခါတွင် လုံရှင်း၏ ရွှေရောင်မီးတောက်လက်သီးကြီးပေါ်သို့ ပျံနှံ့သွားသည်။ ထို့နောက်လုံအောင်က လုံရှင်း၏ လက်သီးအား အပိုင်းပိုင်းဖြစ်အောင်ဆက်လက်ခြွေမလိုက်
သည်။
“အား”
တိုက်ခိုက်မှုပြိုကွဲသွားခြင်းနှင့်အတူ ၎င်း၏လက်သီးက ကွဲကြေသွားသောအခါတွင် လုံရှင်းမှာ နာကျင်စွာအော်ဟစ်လိုက်သည်။ နာကျင်မှုအပြင် အလိုမရှိခြင်းစိတ်ဆန္ဒများကိုပါပေါင်းထည့်ရမည်ဖြစ်သည်။ လူတိုင်းကသူ့အား ယွင်လိုင်အင်ပါယာ၏ အနာဂတ် အသန်မာဆုံးသူတစ်ယောက်ဟုပြောနေကျဖြစ်သည်။ သို့သော်ဤအချိန်တွင် သူ့အနေဖြင့် အရမ်းကိုအားနည်းသူဖြစ်နေ၏။
“မဟုတ်ဖူး..ငါမရှုံးဘူး”
လုံရှင်းက လက်မခံနိုင်စွာဖြင့်အော်ဟစ်လိုက်သည်။ သူ၏ ဘယ်လက်ကလည်း ရွှေရောင်မီးတောက်တစ်ခုထွန်းတောက်သွား
သည်။ သူကလက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး စွမ်းအင်က သူ၏ ညာဘက်လက်သီးထက်ပို၍ပင်ပြင်းထန်သေး
သည်။ သူကရုတ်တရက် လုံအောင်၏ ခေါင်းအားတိုက်ခိုက်လိုက်သည်။
“အသုံးမကျတဲ့သားပဲ..မင်းကရှစ်ဖုန့်ရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိဘူး”
လုံအောင်က လုံရှင်းအား အထင်သေးစွာဖြင့်နှာခေါင်းရှုံ့ပြောဆိုလိုက်
သည်။ လုံရှင်း၏ ညာဘက်လက်သီးအားခြေမွပစ်ခဲ့သော နတ်ဆိုးလက်သည်းက လုံရှင်း၏ ဘယ်ဘက်လက်သီးထံသို့ဦးတည်သွားသည်။
“မဟုတ်ဖူးကွ”
လုံရှင်းမှာ လုံအောင်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် လက်မခံနိုင်ဖြစ်ပြီး လုံအောင်၏ နတ်ဆိုးလက်သည်းအားတိုက်ခိုက်လိုက်သည်။
“ဝုန်း”
လုံရှင်း၏ ဘယ်လက်သီးက လုံအောင်၏ နတ်ဆိုးလက်သီးနှင့် အပြင်းအထန်ပစ်ဆောင့်တော့မည့်အချိန်တွင် အဖြူရောင်ဓားချီရောင်ဝါတစ်ခုက ရုတ်တရက်ပေါ်လာပြီး လုံအောင်၏ ကိုယ်အားခုတ်ပိုင်းလိုက်ကာသူ့အားနောက်သို့ လွင့်ပျံစေလိုက်သည်။
ဟင်းလင်းပြင်ထဲတွင်ရှစ်ဖုန့်က သူ၏ ဓားကိုကိုင်ဆောင်၍ ရပ်နေသည်။ သူ၏ အောက်တွင် မရေတွက်နိုင်သော ခြောက်သွေ့နေသည့် အလောင်းများရှိသည်။ ထို့နောက် ရှစ်ဖုန့်၏ကိုယ်မှာလှုပ်ရှားလာပြီး သက်ဆင်းလာသည်။ ရှုံ့တွနေသော အလောင်းထောင်ပေါင်းများစွာကလည်း ရှစ်ဖုန့်၏ နောက်မှလိုက်ပါလာ၏။
လုံရှင်းမှာ ဆင်းသက်လာသော ရှစ်ဖုန့်ကိုကြည့်နေရင်း လုံအောင်ပြောခဲ့သိကိုသတိရသွားသည်။
သူကရှစ်ဖုန့်အား ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ငါ့အတွက်မင်းဘာမှလုပ်ပေးစရာမလိုဘူး”
ရှစ်ဖုန့်ကလုံရှင်းအား အေးစက်စွာတစ်ချက်ကြည့်လိုက်ပြီး ယဉ်ကျေးနေခြင်းမရှိပဲ ပြောလိုက်သည်။
“အစောပိုင်းက ..မင်းအဖေပြောတာမှန်တယ်…မင်းက ငါ့ရဲ့ဆယ်ပုံတစ်ပုံတောင်မရှိဘူး… ငါသာမင်းကိုသတ်ချင်ရင် ခွေးတစ်ကောင်ကိုသတ်သလိုမျိုး အလွယ်လေးသတ်ပစ်လိုက်လို့ရတယ်.. နောက်ဆုတ်နေ..ငါနဲ့ မင်းအဖေကြားက တိုက်ပွဲထဲကို ဝင်မစွတ်ဖက်နဲ့”
“မင်း..ငရဲကိုသွားလိုက်”
လုံရှင်းမှာ ရှစ်ဖုန့်၏ စကားတို့ကြောင့် ဆွေ့ဆွေ့ခုန်သွားသည်။ သူ့အနေဖြင့်သူ့ညာလက်သီး ခြေမွခံလိုက်ရစဉ်ကထက်ပင် ပို၍ ဒေါသထွက်နေ၏။ သူ၏ နှလုံးသားထဲတွင် ရှစ်ဖုန့်ကသာ သူနှင် အဆင့်တူညီသော ပြိုင်ဘက်တစ်ယောက်ဖြစ်သည်ဟု မြင်ထားခြင်းဖြစ်သည်။ ရှစ်ဖုန့်က သူ့အား ဤကဲ့သို့နှိမ့်ချကြည့်သောအခါတွင် သူမည်ကဲ့သို့ဒေါသမထွက်ပဲနေပါမည်နည်း။ သူက ဤအရာအားငြင်းဆန်ပြီး ရွှေရောင်မီးတောက်များလောင်ကျွမ်းနေသော လက်သီးတစ်လုံးအား ရှစ်ဖုန့်ထံသို့ပစ်သွင်းလိုက်သည်။
သူအနေဖြင့်သူသည်၎င်းထက်အားနည်းသော သူမဟုတ်ကြောင်းကိုရှစ်ဖုန့်အား သိစေချင်သည်။ ကမ္ဘာကြီးအား သူသည် စစ်မှန်သောပါရမီရှင်တစ်ယောက်အဖြစ်သိစေ
ချင်သည်။
“အရူး…ကိုယ့်အကန့်အသတ်ကို ကိုယ်မသိဘူးပဲ”
ရှစ်ဖုန့်က လုံအောင်အစောပိုင်းကပြောခဲ့သောစကားအတိုင်းပင်တူညီစွာပြောလိုက်ပြီး ယင်းက လုံအောင်၏ မျက်နှာအား ပါးဖြတ်ရိုက်လိုက်သည်နှင့်တူညီသည်။ ထို့နောက်ရှစ်ဖုန့်က သူ၏ ညာလက်သီးဖြင့်ထိုးလိုက်သည်။ ၎င်းက သိပ်သည်းသော အနက်ရောင်သေခြင်းချီများဖြင့် ဖုံးအုပ်ထားပြီး လုံရှင်း၏မီးတောက်ဘယ်လက်သီးဖြင့် အပြင်းအထန်ပစ်ဆောင့်လိုက်သည်။
“ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် လုံရှင်းမှာ ကြိုးပြက်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်ပျံထွက်သွားသည်ကို လူများတွေ့လိုက်ကြသည်။
“ဘာဖြစ်သွားတာလဲ..ဘာလို့ရှစ်ဖုန့်နဲ့ မင်းသား ရှင်းတို့ကတိုက်ခိုက်နေကြတာလဲ”
“ငါလဲမသိဘူး…..သူတို့က နတ်ဆိုးလုံအောင်နဲ့ ရင်ဆိုင်ရာမှာ အတူတူတိုက်ခိုက်ကြသင့်တာ…ဘာလို့တစ်
ယောက်နဲ့တစ်ယောက်ပြန်ပြီးတိုက်ခိုက်နေကြတာလဲ”
“မင်းသားလုံရှင်းက ရှစ်ဖုန့်ကို အရင်တိုက်ခိုက်တာကို ငါမြင်လိုက်ရတယ်လို့ထင်တယ်..ဘယ်လိုဖြစ်ပြီး မင်းသားရှင်းကသူ့ရဲ့ကိုယ်ပိုင်စွွမ်းရည်ကို ပိုတွက်ရလောက်တဲ့အထိ အရမ်းမိုက်မဲရတာလဲ…သူကဘယ်လိုလုပ်ပြီး ရှစ်ဖုန့်ကိုယှဉ်ပြိုင်နိုင်မှာတဲ့လဲ…သူ့အနေနဲ့ အာဏာရှင်လုံအောင်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ စွမ်းအားတွေကို ထိန်းထားသင့်တာ”
“ဟုတ်တယ်..အမှန်ပဲ..မင်းသားရှင်းက ရှစ်ဖုန့်ကိုတိုက်ခိုက်ရဲတယ်..သူက သူ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကိုပိုပြီးတွက်ဆနေတာပဲ..မင်းသားရှင်းက ရှစ်ဖုန့်ရဲ့ ပါရမီစွမ်းရည်တွေကို မနာလိုနေတာလို့ငါထင်တယ်…ငါတို့အားလုံး နံပါတ်တစ်မွန်းစတားလို့ပြောခဲ့ကြချိန် မင်းသားရှင်းကို တွေးခဲ့ကြတယ်ဆိုတာကို မမေ့ကြနဲ့အုံး..ဒါပေမဲ့ အခု ဘယ်ကမှန်းမသိ ရှစ်ဖုန့်ပေါ်လာတဲ့အချိန်မှာ သူက မင်းသားရှင်းရဲ့ ထွန်းတောက်မှုတွေကို လွှမ်းမိုးသွားခဲ့တယ်”
“ဟူးမင်းသားရှင်းကတကယ့်ကိုမှ သဘောထားသေးသိမ်တာပဲ..တစ်နေ့သူသာဧကရာဇ်ဖြစ်လာခဲ့ရင် လူတွေကို သစ္စာခံလာစေဖို့အတွက်ငါတို့ကို အရင်ဆုံးသတ်မှာ မလွဲဧကန်ပဲ”
“ဟုတ်တယ်…အမှန်ပဲ..မင်းသားရှင်းသာ တကယ်ဧကရာဇ်တစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင် အလိုမရှိဆုံးလို့ပြောရမဲ့သူက ငါအရင်ဆုံးပဲ”
“ငါရောပဲ..သူကအရမ်းသဘောထားသေးသိမ်တဲ့သူ….သူကိုပိုပြီး ဦးစားပေးရမဲ့အရာကိုတောင်ဂရုမစိုက်ဘူး..သူက အာဏာရှင်ကိုသတ်ဖို့အတွက်ရှစ်ဖုန့်နဲ့ အတူတူအလုပ်တွဲလုပ်ချင်စိတ်မရှိဘူး..ပြီးတော့ ရှစ်ဖုန့်ကိုတောင်အလစ်တိုက်လိုက်သေးတယ်..သူကငါတို့ယွင်လိုင်အင်ပါယာရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး…”
“ဟူး…လုံရှင်း မင်းက အရမ်းကို ရူးမိုက်တဲ့သူပဲ”
ဗိုလ်ချုပ်ဟွင်းဖှေးက ကောင်းကင်ထက်ရှိစိတ်ပျက်စရာကောင်းသော လုံရှင်းကိုကြည့်၍ သက်ပြင်းချလိုက်သည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE