အပိုင်း (၁၉၆)
Vol. 14 Ch. 196
“ဟူး…အခုဆိုရင် ရှစ်ဖုန့်ပဲကျန်တော့တယ်……သူက ဘယ်လိုလုပ်ပြီးတော့ ဒီမသေနိုင်တဲ့ အာဏာရှင်ရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ”
“ဟုတ်တယ်…”
ခုဏက အသုံးပြုခဲ့တဲ့ သတ်ဖြတ်ခြင်းလှုပ်ရှားမှုက ရှစ်ဖုန့်ရဲ့အစွမ်းထက်ဆုံး လှုပ်ရှားမှုဖြစ်လိမ့်မယ်… အဲ့လှုပ်ရှားမှုက အရမ်းကိုအစွမ်းထက်တာတောင် အာဏာရှင်လုံအောင်ကို မသတ်နိုင်ခဲ့ဘူး..ဟူး..”
“အာဏာရှင်လုံအောင်က ဘယ်နယ်ပယ်အဆင့်ကို ရောက်နေပြီးလဲ… “
တစ်စုံတစ်ယောက်ကမေးလိုက်၏။ သို့သော်သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက်ခေါင်းကိုသာ ခါယမ်းလိုက်ကြသည်။ ဤအချိန်တွင် မည်သူမျှလုံအောင်၏ ကျင့်ကြံမှုနယ်ပယ်အား ဖောက်ထွင်းမြင်တွေ့နိုင်စွမ်းမရှိကြချေ။
ရှစ်ဖုန့်တစ်ယောက်သာလျှင် အာဏာရှင်လုံအောင်၏ ကျင့်ကြံမှုနယ်ပယ်မှာ ကြယ်သုံးပွင့် ဘိုးဘေးနယ်ပယ်ဖြစ်သည်ကို ပြောနိုင်သည်ဖြစ်သည်။ သို့သော် နတ်ဆိုးအသွင်သို့ပြောင်းလဲပြီးသည့်နောက်တွင် သူ၏ နတ်ဆိုးခန္ဓာကိုယ်မှထုတ်ဖော်ပြသနေသာစွမ်းအားမှာ သာမန် ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်ထက်သာလွန်သည်ဖြစ်၏။
ရှစ်ဖုန့်က သူနှင့်သိုပ်မဝေးသောနေရာတွင်ရှိနေသော လုံအောင်ကို ကြည့်၍ ထပ်မံအော်ပြောလိုက်သည်။
“တိုက်”
“တိုက်”ဟူသော စကားလုံးမှာ အောက်ဘက်ရှိလွင့်မျောနေသော အလောင်းတစ်သောင်းအား လှုံဆော်သည့်ပုံစံရသည်။ ၎င်းတို့က အနည်းငယ်တုန်ရင်သွားပြီးနောက် သိပ်သည်းသော သေခြင်းရောင်ဝါများ ထပ်မံထွက်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့စုစည်းသွားကြသည်။ သို့သော်ရှစ်ဖုန့်က သေခြင်းရောင်ဝါတို့အား သွေးဓားပေါ်တွင်စုစည်းလိုက်သည်။ ထို့နောက်တွင် တိုက်စားခြင်းတတိယမျက်လုံးထံမှ တိုက်စားခြင်း မြူများကိုထုတ်လွှတ်လိုက်ပြီး သွေးဓားပေါ်သို့ဖြန်းပတ်သလို လွှမ်းခြုံသွားသည်။ ၎င်းတို့မှာ သွေးဓား၏ လျှင်မြန်စွာစုပ်ယူမှုကိုခံလိုက်ရသည်။
“ဒါကို အဆုံးသတ်ဖို့အချိန်ရောက်ပြီ”
ရှစ်ဖုန့်က လုံအောင်အား အေးစက်စွာကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏လက်အတွင်းရှိသွေးဓားမှာ ရုတ်တရက် သွေးနီရောင်မီးတောက်တို့တောက်လောင်သွားသည်။ လုံအောင်အားသတ်ရန် သူ၏ စွမ်းအားများကို အသက်သွင်းရန် ကောင်းကင်မီးတောက်၏ အဆီအနှစ်စွမ်းအင်းအား လောင်ကျွမ်းရန်အတွက် ရှစ်ဖုန့်တုန့်ဆိုင်းနေခြင်းမရှိပေ။ ထိုသို့ပြုလုပ်လိုက်ခြင်းကြောင့် အစက ရှစ်ဖုန့်မှာ ကြယ်နှစ်ပွင့်အင်ပါယာနယ်ပယ်ဖြစ်သော်လည်း ယခုအခါတွင် ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်အဖြစ်သို့ ကျဆင်းသွားခဲ့သည်။
“ငရဲဘုံဓား “
နောက်ထပ် ဧရာမဓားချီကြီးက လေထဲတွင်ထပ်မံ၍ ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ဓားချီ၏ အရောင်မှာ သွေးဓားကဲ့သို့နတ်ဆိုးဆန်သော အနီရောင်ပင်ဖြစ်သည်။ ၎င်းက ယခင်တစ်ကြိမ်လောက် ကြီးမားခြင်းမရှိသော်လည်း ထူးဆန်းသောနတ်ဆိုးဆန်သည့်ဓားချီအား ကြည့်မိလိုက်သောအခါတွင် အားလုံးမှာ ၎င်း၏ စွမ်းအားက ယခင်ထက်ပိုပြီးထိန့်လန့်မှုနှင့်မွန်းကျပ်မှုတို့
အားခံစားရသည်ဖြစ်သည်။
“ရှစ်ဖုန့်ထပ်ပြီးတော့ စွမ်းအားကြီးလာပြန်ပြီ…ဒါစွမ်းအားက…အရမ်းကိုအားကောင်းတယ်”
“သူကတကယ့်ကိုငါတို့ဘွင်လိုင်အင်ပါယာရဲ့ နံပါတ်တစ်ပါရမီရှင်တစ်ယောက်ပဲ….ပိုပြီးတိုက်ခိုက်လေ..သူကပိုပြီးသန်မာလာလေပဲ”
“လုံအောင်ဒီတစ်ကြိမ်ရော တောင့်ခံရပ်တည်နိုင်ပါ့မလား”
“ဒါက..ဒီအာဏာရှင်က….ပြောဖို့ခက်တယ်”
“ခုတ်ပိုင်းစမ်း”
ဟင်းလင်းပြင်ထဲမှ သွေးနီရောင်နတ်ဆိုးမီးတောက်ဓားချီက လုံအောင်ထံသို့ခုတ်ပိုင်းကျရောက်လာသည်။
“ငါက ဧကရာဇ်ပဲ..ငါက ဧကရာဇ်ပဲကွ.. ငါက အရှေ့ပိုင်းဒေသက နိုင်ငံတွေအားလုံးကို မပေါင်းစည်းရသေးဘူး..ဒါကြောင့် ငါအလွယ်တကူနဲ့မသေနိုင်ဘူးကွ”
လုံအောင်က အော်ဟစ်လိုက်သည်။ မွန်းစတားဆန်သောနတ်ဆိုးချီတို့က အနက်ရောင်နတ်ဆိုးပင်လယ်တစ်ခုကဲ့သို့ လုံအောင်၏ အော်သံနှင့်အတူလိုက်ပါ၍ တလိပ်လိပ်ထိုးတက်လာသည်။ ထို့နောက်တွင် လုံအောင်က မွန်းစတားဆန်သောနတ်ဆိုးချီများနှင့်အတူ ရှေ့သို့ဦးတည်တက်လိုက်ပြီး ကျဆင်းလာသော သွေးနီရောင်နတ်ဆိုးမီးတောက်ဓားချီထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
“ချိုးဖြတ်လိုက်စမ်း”
လုံအောင်ကအော်ဟစ်လိုက်သည်။ သူ၏ အော်ဟစ်သံက ကောင်းကင်ထဲ၌ အကြာကြီးပဲ့တင်ထပ်သွားသည်။
“ဝုန်း”
လုံအောင်၏ လက်သီးက မီးတောက်ဓားချီနှင့် အပြင်းအထန်ထိပ်တိုက်ပစ်ဆောင့်မိကြသည်။
စောင့်ကြည့်နေကြသောသူများမှာ ဟင်းလင်းပြင်ထဲရှိတိုက်ပွွဲအားဆက်လက်၍ ရင်ဖိုစွာဖြင့်စောင့်ကြည့်နေကြသည်။ အများစုမှာ ထူးဆန်းသောခံစားမှုတစ်ခုအားခံစားနေကြရ၏။ ဤတိုက်ခိုက်မှုက တိုက်ပွဲ၏ ရလဒ်အားအဆုံးအဖြတ်ပေးမည့်အရာပင်ဖြစ်
သည်။ လုံအောင်အနေဖြင့်သေမည်လားရှင်သန်မည်
လား။ အဆုံးသတ်တွင်သူတို့အနေဖြင့်လုံအောင်၏ သတ်ဖြတ်မှုအားခံကြရမည်လား။ သူတို့အသတ်ခံရပြီးလျှင်သူတို့၏ မိသားစုများပါ အကုန်သုတ်သင်ခံရမည်လား ။စသည့်သို့လောသို့လော အတွေးများဖြစ် မျက်စိရှေ့ရှိတိုက်ပွဲအား ရင်တထိပ်ထိပ်စောင့်ကြည့်နေကြခြင်းဖြစ်သည်။
အားလုံးက လုံအောင်၏ ကိုယ်အား ရုတ်တရက် ခုတ်ပိုင်းတော့မည့် သွေးနီရောင်နတ်ဆိုးမီးတောက်ဓားချီအား ရင်တထိပ်ထိပ်ဖြင့်စောင့်ကြည့်နေကြသည်။ ထို့နောက်တွင် ၎င်းက လုံအောင်၏ ကိုယ်အားဝါးမျိုသွားပြီး အောက်ဘက်ရှိ တလိပ်လိပ်တက်လာသော နတ်ဆိုးချီများကိုပါခုတ်ပိုင်းလိုက်သည်။ မီးတောက်ဓားချီဖြတ်သန်းသွားသည့်နေရာတိုင်းတွင် အနက်ရောင်နတ်ဆိုးချီများမှာ ရုတ်ချည်းဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိကို လောင်ကျွမ်းသွားကြသည်။ ထို့နောက်တွင် မီးတောက်ဓားချီက မြေပြင်အားဆက်လက်၍ ခုတ်ပိုင်းလိုက်သည်။
“ဝုန်း”
ဤတစ်ကြိမ်မြည်ဟိန်းသောအသံက အရင်ကလောက်ပြင်းထန်ခြင်းမရှိသော်လည်း သွေးဓားကဆက်လက်၍ မြေကြီးအတွင်းသို့ခုတ်ပိုင်းဝင်ရောက်သွားသည်။ ၎င်းကမြေကြီးထဲတွင် ကြီးမားပြီး နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခုကို ဖန်တီးခဲ့သည်။
လှုပ်ရှားမှုကရပ်တန့်သွား၏။ ကြီးမားပြီးနက်ရှိုင်းသော အက်ကွဲကြောင်းကြီးအတွင်းမှ သွေးနီရောင်မီးတောက်တို့က ပျောက်ကွယ်သွားခဲ့သည်။
“အာဏာရှင်သေသွားလောက်ပြီ”
တစ်စုံတစ်ယောက်က ထပ်မံပြောဆိုလိုက်သော်လည်း သူ၏လေသံ၌ မသေချာမှုတို့ပါဝင်နေသည်အား ကြားနိုင်သည်ဖြစ်သည်။
“အက်ကွဲကြောင်းက အရမ်းကိုနက်တာပဲ..ငါ့တို့နဲ့ကလည်းအရမ်းကိုဝေးလွန်းနေတယ်…ငါရှင်းရှင်းလင်းလင်းမမြင်ရဘူး”
တစ်စုံတစ်ယောက်ကပြောလိုက်သည်။
“ဒါပေမဲ့ သူသေလောက်သင့်ပြီမလား.ခုဏကသူသွေးနီရောင်ဓားချီရဲ့ ဝါးမျိုတာကိုခံလိုက်ရတယ်…သူအနေနဲ့ အဲ့ဓားချက်နဲ့ ပြာဖြစ်တဲ့အထိကိုလောင်ကျွမ်းသွားသင့်ပြီ”
“မဟုတ်ဖူး…ကြည့်လိုက်”
ရုတ်တရက် တစ်စုံတစ်ယောက်က အလန့်တကြားအော်ပြောလိုက်သည်။ သူ၏ အလန့်တကြားအော်ဟစ်မှုနောက်လိုက်ပါ၍ အက်ကွဲကြောင်းအတွင်းမှာ ခုံးသောဦးချိုတစ်ခုပေါ်လာပြီး ၎င်းက ဖြည်းဖြည်းချင်း အပေါ်သို့မြင့်တက်လာသည်။ လူတိုင်း၏ နှလုံးမှာ လည်ချောင်းဝသို့ရောက်လာသကဲ့သို့ပင်ခံစား
လိုက်ကြရသည်။ ထို့နောက်တွင် အနက်ရောင်နတ်ဆိုးအင်းစာလုံးများဖြင့် ဖုံးကာထားသော ရင်းနှီးသည့်မျက်နှာတစ်ခုအား၎င်းတို့တွေိ့လိုက်ရပြီး နောက်ဆက်တွဲအနေဖြင့် တူညီသောနတ်ဆိုးအင်းစာလုံးများဖုံးကာထားသည့် အဝတ်ဗလာခန္ဓာကိုယ်တစ်ခုကိုပါမြင်တွေ့လိုက်ရသည်။
လုံအောင်မှာထပ်မံ၍ ရှင်သန်နိုင်ခဲ့ပြန်ပြီဖြစ်သည်။ လူတိုင်းမှာလုံအောင်အားမြင်တွေ့လိုက်ရသောအချိန်တွင် ကူကယ်ရာမဲ့မှုနှင့် အားအင်ကုန်ခမ်းပင်ပန်းမှုတို့ကိုခံစားလိုက်ရ
သည်။ လုံအောင်မှာတစ်ကယ်ပင်အင်မော်တယ်တစ်
ယောက်ဖြစ်နေပါသလော။
လုံအောင်မှ အက်ကွဲကြောင်းအတွင်းမှ မြေပြင်ပေါ်သို့ပျံသန်းထွက်လာသည်။ လုံအောင်မြေပေါ်သို့ဆင်းသက်လာပြီးသောအခါတွင် သူ၏ နတ်ဆိုးခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါနေသည်ကို လူတိုင်းသတိထားမိသွားသည်။
“ဝေါ့”
လုံအောင်မှာ ပါးစပ်အပြည့်သွေးတစ်ပွက်ကိုအံထုတ်လိုက်သည်။ ထို့နောက်တွင်လုံအောင်မှာသူ၏ခွန်အားတို့ဆုံးရှုံးသွားသည့်ပုံပေါ်သည်။ သူ၏ ညာဘက်ဒူးကကွေးသွားကာ မြေပြင်ပေါ်သို့ဒူးထောက်ကျသွားသည်။
“ဝေါ့”
လုံအောင်က နောက်ထပ်ပါးစပ်အပြည့်အနက်ရောင်သွေးတစ်ပွက်ကိုအန်ထုတ်လိုက်သည်။ လုံအောင်က သူအန်ထားသော သွေးနှစ်ပွက်ကိုကြည့်လိုက်သည်။ သူကသူ၏အနက်ရောင် နတ်ဆိုးလက်အားဆန့်ထုတ်က လက်ဖဝါးဖြင့် သူမျက်နှာကိုကားထားလိုက်၏။ နတ်ဆိုးအင်းစာလုံးများဖြင့်ဖုံးကာထားသော သူ၏ မျက်နှာထက်တွင်လက်သင့်မခံနိုင်မှု၊ပူဆွေး
သောကရောက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
“ငါ…ငါရှုံးသွားတာလား”
“မဟုတ်ဖူး”
လုံအောင်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ၏အမူအယာမှာ ရုတ်တရက် ပြတ်သားခိုင်မာမှုတို့ဖြင့်ပြည့်နှက်နေသည်။
“ငါက ကောင်းကင်ဘုံရဲ့ စစ်မှန်တဲ့သားပဲ..ပြီးတော့ ဒါက ငါ့ကံတရားပဲ..ငါကဘယ်လိုလုပ်ရှုံးမှာလဲ…..ငါကဘယ်လိုလုပ်ရှုံးရမှာလဲ”
ကျယ်လောင်သော အော်သံနှင့်အတူ လုံအောင်၏ နတ်ဆိုးရောင်ဝါတို့က ပြန်ပေါ်လာသည်ကို လူများမြင်တွေ့ လိုက်ကြရသည်။ သူကရုတ်တရက် ဒူးတစ်ဖက်ထောက်ရပ်လိုက်သည်။ သို့သော်လုံအောင်၏ဒူးမှာ “ဘန်း”ဆိုသောအသံနှင့်အတူ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ သူ့တွင် မတ်တပ်ရပ်ရန်အတွက် အားအင်ပင်မရှိတော့ချေ။
အနက်ရောင်ပုံရိပ်က ကောင်းကင်ထက်မှသက်ဆင်းလာသည်။ အနက်ရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသောရှစ်ဖုန့်က လုံအောင်၏ ရှေ့တွက်ဆင်းသက်လိုက်သည်။
လုံအောင်ကသူ့ခေါင်းအား အနည်းငယ်မော့လိုက်ပြီး တည်ကြည်ပြီးငယ်ရွယ်သောမျက်နှာအားကြည့်လိုက်သည်။ သူ၏အသံက အက်ကွဲကွဲနှင့်အားနေသည့်ပုံပေါက်နေကာ သူကပြောလိုက်သည်။
“ငါရှုံးသွားတယ်..ငါရှုံးသွားတယ်”
“ဒါဆို ခင်ဗျားရဲ့ ကံတရားကို လက်ခံလိုက်”
ရှစ်ဖုန့်ကပြောလိုက်သည်။ သူကညာလက်ကိုဆန့်ထုတ်လိုက်ပြီး နတ်ဆိုးအင်းစာလုံးများဖြင့်ဖုံးကာနေသော လုံအောင်၏မျက်နှာကိုဖမ်းဆုပ်ကိုင်လိုက်သည်။ ရှစ်ဖုန့်က သူ့အားဖမ်းဆုပ်ရန်လှမ်းလိုက်သည်ကိုမြင်တွေ့လိုက်ရသောအခါတွင် လုံအောင်က တည်ငြိမ်စွာဖြင့်သူ၏မျက်လုံးတို့အားပိတ်ထားလိုက်သည်။ ရှစ်ဖုန့်သည်လည်း သွေးဝါးမျိုနတ်ဆိုးပညာရပ်အားကျင့်ကြံထားသည်ကိုသူကြားထားခဲ့ပြီးသားဖြစ်သည်။ ရှစ်ဖုန့်နောက်ထပ်လုပ်ဆောင်မည့်အရာအား သူ့အနေဖြင့်သိထားပြီးသားဖြစ်၏။
“သူ့ကိုမြန်မြန်တား…သူကသွေးဝါးမျိုနတ်ဆိုးပညာရပ်ကိုအသုံးပြုပြီးတော့ လုံအောင်ရဲ့ သွေးတွေကိုစုပ်ယူဖို့လုပ်နေတာ.. သူလုံအောင်ရဲ့သွေးတွေကိုစုပ်ယူပြီးသွားရင်..ဘယ်သူကသူ့ပြိုင်ဘက်ဖြစ်နိုင်တော့မှာလဲ”
ရှစ်ဖုန့်အား လုံအောင်နှင့်တိုက်ခိုက်ရန်အသနားခံကာ လုံအောင်အား အနိုင်ယူရန်မျော်လင့်ခဲ့ပြီး အစောပိုင်းကချီးကျူးမှုတွေကိုပြုလုပ်ခဲ့ကြသောသူများထဲမှတစ်ယောက်က ရှစ်ဖုန့်က လုံအောင်ကိုတကယ်အနိုင်ယူခဲ့ပြီး လုံအောင်၏ သွေးများအားစုပ်ယူနေသည်ကိုမြင်တွေ့လိုက်ရသောအခါတွင် သူကတစ်ခြားသူများအားလျှင်မြန်စွာပြော
လိုက်သည်။
ထို့နောက်အခြားသူတစ်ယောက်ကလည်း စိုးရိမ်တကြီးပြောလိုက်၏။
“ဟုတ်တယ်…သူ့ကိုဘယ်
သူတားနိုင်မှလဲ…သူက မျိုးဆက်တစ်ခုရဲ့ပြိုင်ဘက်ကင်းမွန်းစတားတစ်ယောက်ဖြစ်နေပြီးပြီ….သွေးဝါမျိုနတ်ဆိုးပညာရပ်ကိုအသုံးပြုပြီး လုံအောင်ရဲ့သွေးတွေကိုစုပ်ယူပြီးတဲ့နောက် သူကဘယ်သူမှထိန်းချုပ်နိုင်ခြင်းမရှိတဲ့ တည်ရှိမှုမျိုးဖြစ်လာလိမ့်မယ်.. သူကသွေးဝါးမျိုနတ်ဆိုးပညာရပ်ကိုအသုံးပြုပြီးတော့ ငါတို့ရဲ့သွေးတွေကိုစုပ်ယူတဲ့အခါကြရင်လည်း …ငါတို့တွေ ခုခံနိုင်စွမ်းရှိကြတော့မှာမဟုတ်ဖူး…ဒီလူရဲ့ ပင်ကိုစရိုက်ကိုက မိစ္ဆာဆန်တယ်…သူကနောက်လုံအောင်ဖြစ်လာမလားဆိုတာကိုဘယ်သူက သိနိုင်မှာမို့လဲ”
ဆက်ရန်…
ဘာသာပြန်သူ- ARISE