← Chapters

အပိုင်း (၁၉၇)

Vol. 14 Ch. 197

အပိုင်း (၁၉၇)

Vol. 14 Ch. 197

“သောက်ရူးနှစ်ကောင်”

ကျန်းကျွင်းချွင်မှာ လူနှစ်ယောက်ကြားရှိစကားပြောဆိုမှုတို့အားကြားလိုက်ရသောအခါတွင် ထိုလူနှစ်ယောက်အား သူလက်ထဲရှိ မိုးပြာရောင် နဂါးဓားဖြင့်ထိုးညွှန်ပြီး ဒေါသတကြီးပြောလိုက်သည်။

“သခင်လေးဖုန့်က အာဏာရှင်လုံအောင်ကိုရင်ဆိုင်ပြီးတော့ တိုက်ခိုက်မှုကိုလုပ်ပေးနေတာ အဲ့တာက ငါတို့အသက်တွေကိုကယ်တင်ပေးနေတာနဲ့အတူတူပဲ…မင်းတို့  မနာလိုစိတ်ရှိနေတဲ့ သူတောင်းစားနှစ်ကောင် ငါတို့တွေရဲ့ အသက်ကိုကယ်တင်ပေးတဲ့အတွက်ကိုမင်းတို့ ကျေးဇူးမတင်တဲ့အပြင်  မင်းတို့ သခင်လေးဖုန့်ရဲ့ စရိုက်လက္ခာဏာနဲ့ပက်သက်ပြီး မယုံသင်္ကာတောင်ဖြစ်နေကြသေးတယ်”

“ဒါကပုံမှန်ပဲလေ..ရှစ်ဖုန့်က နောက်ထပ်လုံအောင်ဖြစ်လာမဖြစ်လာဆိုတာကိုဘယ်သူကသိမှာမို့လဲ”

သူတို့ထဲမှတစ်ယောက်က ခွန်းတုံ့ပြန်လိုက်သည်။

“ဟုတ်တယ်..လုံအောင်ရဲ့သွေးတွေကို ဝါးမျိုပြီးတဲ့နောက် ရှစ်ဖုန့်က ပိုပြီးသန်မာလာတဲ့အခါ သူက ကျုပ်တို့ရဲ့အသက်တွေကိုလည်း လိုချင်လာလိမ့်မယ်….အဲ့အခါကျရင် ကျုပ်တို့တွေဘယ်လိုလုပ်ကြမလဲ”

“ဟားဟားဟား”

ဤစကားလုံးများအားကြားလိုက်ရသော

အခါတွင် ကျန်းကျွင်းချင်က သူတို့ကိုကြည့်၍ ရယ်မောလိုက်သည်။

“ ဝူကျန်းမှူးမတ် လျိုဖာ….ချင်ပါမှူးမတ် ဟိုမင်တာ …ခင်ဗျားတို့နှစ်ယောက်က တကယ့်အရူးတွေပဲ…အကယ်၍ သခင်လေးဖုန့်သာ ခင်ဗျားတို့လို ကျေးဇူးကန်းတဲ့ သူနှစ်ယောက်ကို သတ်ချင်တယ်ဆိုရင် လုံအောင်ရဲ့ သွေးတွေကိုဝါးမျိုခြင်းမရှိတာတောင် ခင်ဗျားတို့သူ့ကိုတားဆီးနိုင်မယ်လို့ထင်လား…ကျုပ်တို့တွေကရော သူကိုတားဆီးလို့ရနိုင်မယ်လို့ထင်လား”

ကျန်းကျွင်းချင် ၏ စကားတို့က အဓိကသော့ချက်တစ်ခုအဖြစ်ထိမှန်သွားသည်။ သူတို့အနေဖြင့် ရှစ်ဖုန့်၏ ပိုပိုပြီးသန်မာအစွမ်းထက်လာမှုကိုသာစဉ်းစားနေခဲ့ကြသည်ဖြစ်သည်။ သို့သော် ယခုအချိန်၌ ရှစ်ဖုန့်က လုံအောင်ကဲ့သို့ဖြစ်သွားခဲ့လျှင်တောင် သူတို့မနေဖြင့် ၎င်းအားတားဆီးနိုင်ပါမည်လား။သူ့တို့အနေဖြင့် လုံအောင်ကိုပင် အစောပိုင်းက အနိုင်မယူနိုင်ခဲ့ပေ။ ရှစ်ဖုန့်တစ်ယောက်တည်းသာ လုံအောင်အား အနိုင်ယူခွင့်ပြုခဲ့ရသည်ဖြစ်သည်။

“အား”

အခြားတစ်ဖက်တွင် ရှစ်ဖုန့်က နတ်ဆိုး အင်းစားလုံများဖြင့် ဖုံးကာထားသော လုံအောင်၏ မျက်နှာပေါ်တွင်သူ၏ ညာလက်ကို ဖိညှစ်လိုက်သည်။ အားကောင်သောစုပ်ယူအားတစ်ခု၏အောက်

တွင် လုံအောင်၏ မျက်နှာမှာစတင်၍ ရှုံ့တွပုံပျက်လာသည်။ သူ့ကိုယ်အတွင်းရှိနတ်ဆိုးသွေးများက သူ၏ မျက်နှာမှ စီးဆင်းထွက်လာပြီး ရှစ်ဖုန့်၏ လက်ဖဝါးထံတွင်စုစည်းသွားသည်။

ယွင်လိုင်အင်ပါယာ၏ သုံးဆယ့်သုံးဆက်မြောက်ဧကရာဇ်မင်းတစ်ပါး

ဖြစ်သူ လုံအောင်မှာ မျိုးဆက်တစ်ခုတွင်ပြိုင်ဘက်ကင်း ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ် တစ်ယောက်ဖြစ်ခဲ့သည်။ သူကကြမ်းကြုတ်ရက်စက်သွေးဆာပြီး သူ၏ ယုတ်မာသောလုပ်ရပ်များကြောင့် အထက်တန်းလွှာလူတန်းစားအားလုံးက သူ့အား ပုန်ကန်ခဲ့ကြသည်။သူကစစ်တပ်တစ်ခုကိုဦး

ဆောင်ခဲ့ပြီး သူတို့အားတိုက်ခိုက်ရန်လုပ်ခဲ့သော်လည်း အင်ပါယာမြို့တော်၏ မြောက်ဘက်တွင်သေဆုံးခဲ့ရပြီး ရှုံ့တွနေသော အနက်ရောင်အလောင်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့ရသည်။

“ဟူး”

လုံချန်က လုံအောင်၏ ရှုံ့တွသွားသောအလောင်းအား အဝေးမှကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ လုံအောင်စတင်၍ နိုင်လိုမင်းထက်အပြုအမူများအားလုပ်ဆောင်ခဲ့သည့်အချိန်မှစတင်ပြီး သူ့အနေဖြင့် ပြန်လှည့်၍မရနိုင်သော လမ်းကြောင်းတစ်ခုအား ချိုးဖြတ်ဝင်ရောက်သွားခဲ့သည်ဖြစ်လေသည်။

လုံအောင်၏ သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအင်နှင့် သွေးတို့အား ဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ ရုတ်တရက် အဖြူရောင်အလင်းနှစ်ခု လင်းလက်သွားသည်။ကြယ်နှစ်ပွင့် အင်ပါယာနယ်ပယ်မှ ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်သို့ကျဆင်းပြီးသည့်နောက်တွင် သူ့အနေဖြင့်ယခုအခါ ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်ဖြစ်လာခဲ့သည်။

“ကြည့်အုံး…အဲ့မွန်းစတား လုံအောင်ကို သတ်ခဲ့ပြီးတော့ နောက်ထပ် အဆင့်နှစ်ဆင့်တက်သွားခဲ့ပြန်ပြီ”

“သွေးဝါးမျိုနတ်ဆိုးပညာရပ်က တကယ့်ကိုမှာ ထူးကဲတဲ့ပညာရပ်တစ်ခုပဲ….သူလုံအောင်ကိုသတ်ခဲ့တဲ့ အချိန်ကနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် သူအခုဆို ကြယ်နှစ်ပွင့်တောင်တက်သွားခဲ့တယ်….ငါတို့ရဲ့ ယွင်လိုင်အင်ပါယာမှာ ကျွမ်းကျင်သူတစ်ယောက်ဖုံးကွယ်တည်ရှိနေအုံးမယ်ဆိုရင်တောင် ဒီမွန်းစတားကို မယှဉ်ပြိုင်နိုင်မှာငါကြောက်မိတယ်”

“ဒီတိုက်ပွဲပြီးတဲ့နောက်မှာ…ငါတို့ယွင်လိုင်အင်

ပါယာရဲ့ မိသားစုအမည်က ရှစ်ပဲဖြစ်လိမ့်မယ်”

“ဒီမိစ္ဆာကလည်း သွေးဝါးမျိုနတ်ဆိုးပညာရပ်ကို ကျင့်ကြံထားတာ သူလုံအောင်ရဲ့ လမ်းစဉ်အတိုင်းလိုက်မလျှောက်ဖို့ကိုမျှော်လင့်တယ်…အဲ့လိုသာမဟုတ်ရင် ဒီမကမ္ဘာပေါ်မှာသူ့ကိုတားနိုင်တဲ့သူ ဘယ်သူများရှိနိုင်မှာမို့လဲ..”

အချို့လူများမှာ ထိန်းထားနိုင်ခြင်းမရှိပဲ စိုးရိမ်ပူပန်နေကြသည်။

တိုက်ပွဲက အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ အလောင်းတစ်သောင်းအစီအရင်ကြောင့်လေထဲတွင် ဆိုင့်ငံ့တန့်ထားသလိုဖြစ်နေသော အလောင်းတစ်သောင်းတို့မှာ  ဖက်ထုပ်များကဲ့သို့ မြေပြင်ပေါ်သို့တစ်ဖွဲဖွဲပြုတ်ကျလာကြသည်။ ၎င်းတို့ကြားထဲတွင် ယင်မိစ္ဆာလည်းပါပြီး  မြေပြင်ပေါ်သို့ကျရောက်ပြီးသည်နှင့် မြေကြီးအတွင်းသို့ပြန်လည်၍ နစ်မြုပ်ဝင်ရောက်သွားခဲ့သည်။

ရှစ်ဖုန့်က ကြည့်နေကြသော လူများရှိရာသို့ လှမ်းကြည့်လိုက်ပြီး လေကိုထိုးခွင်းပျံသန်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက ၎င်းတို့အထက်သို့ရောက်ရှိလာသည်။ ဤလူများအားကြည့်ကာ သူက ငြင်းဆန်ခွင့်မပေးသောလေသံမျိုးဖြင့်  ပြောလိုက်သည်။

“အခုကစပြီး အာဏာရှင်လုံအောင်သေဆုံးသွားပြီလို့ ဒီသခင်လေးတရားဝင်ကြေညာတယ်….ထီးနန်းရာဇပလ္လင်ကို မင်းသားလုံချန်က အမွေဆက်ခံလိမ့်မယ်”

“သခင်လေးဖုန့်”

လုံချန်က သူ၏ ခေါင်းကိုမော့၍ ရှစ်ဖုန့်အားကြည့်လိုက်သည်။ သူ၏ မျက်နှာထက်တွင်ကျေးဇူးတင်မှုတို့ဖြင့်ပြည့်နှက်နေသည်။  ယခုအချိန်ထိတိုင်အောင် ရှစ်ဖုန့်ကသူ့အားပေးထားသောကတိအား မှတ်မိနေသေးဆဲဖြစ်သည်။ လက်တွေ့၌ ရှစ်ဖုန့်က နန်းတတ်ပြီး ဧကရာဇ်တစ်ပါးဖြစ်လာခဲလျှင်ပင် ၎င်းအစွမ်းထက်လှသော စွမ်းအားတို့အောက်၌ ဤလူများအနေဖြင့်သူတို့၏ စစ်တပ်အာဏာတို့အားနာခံစွာဖြင့်လွှဲပေးလိုက်ရလိမ့်မည်ဖြစ်သည်။

“မင်းသားချန်က ထီးနန်းအမွေကိုဆက်ခံမှာလား”

အချို့သောသူများက သူတို့ဘေးနားတွင်ရှိနေသောသူများအား တီးတိုးပြောဆိုနေကြသည်။

ခဏအကြာတွင် တစ်စုံတစ်ယောက်က ရုတ်တရက်ထ၍ အော်ပြောလိုက်သည်။

“ကျုပ်သဘောမတူနိုင်ဘူး”

“အဲ့တာဝေ့ချန်နန်ပဲ….အဲ့တာလောင်ဟူဗိုလ်ချုပ် ဝေ့ချန်နန်ပဲ…”

သိပ်မဝေးလှသောနေရာတွင်  ပျံသန်းရေးသားရဲ၏ ကျောပေါ်၌  ရပ်နေသော သက်လတ်ပိုင်းအရွယ် ဗိုလ်ချုပ်တစ်ယောက်ကိုတွေ့လိုက်ရသည်။

“လုံအောင်ရဲ့ ယုတ်မာရက်စက်တဲ့လုပ်ရပ်တွေကြောင့် လူတွေအများကြီး အသတ်ခံခဲ့ရတယ်… လုံမိသားစုဟာ ထပ်ပြီးတော့ အုပ်ချုပ်သူဖြစ်လာဖို့ မသင့်တော့ဘူး”

ဝေ့ချန်နန်က ကျယ်လောင်စွာပြေလိုက်သည်။

ဝေ့ချန်နန်စကားပြောပြီးပြီးချင်း တစ်စုံတစ်ယောက်က လျှင်မြန်စွာပင်ထပ်မံ၍ ပြောလိုက်သည်။

“ဟုတ်တယ်….ဟုတ်တယ်….ဟုတ်တယ်… လုံမိသားစုက အုပ်ချုပ်သူတွေထပ်ပြီးတော့ မဖြစ်သင့်တော့ဘူး…. လုံအောင်ရဲ့ ဖိနှိပ်ညှင်းပန်းအုပ်ချုပ်မှုကို လူတိုင်းသိသိသာသာကိုမြင်တွေ့ခဲ့ပြီးကြပြီ  …မင်းသားချန်က အာဏာရှင်လုံအောင်ရဲ့သားပဲ… မင်းက သူထီးနန်းကိုဆက်ခံပြီးတဲ့အချိန်ကြရင် နောက်ထပ်လုံအောင်တစ်ယောက်ဖြစ်လာနိုင်မလားဆိုတာကိုဘယ်သူက သိနိုင်မှာမို့လဲ… “

ဤပုဂ္ဂိုလ်မှာ ဝူကျန်းမှူးမတ် လျိုဖာပင်ဖြစ်သည်။

လျိုဖာစကားပြောပြီးပြီးချင်းတွင် ရှစ်ဖုန့်အား ကြိုက်နှစ်သက်ခြင်းမရှိသော နောက်ထပ်ချင်မှူးမတ်ကလည်း ပြောလိုက်သည်။

“ဝူကျန်းမှူးမတ် ပြောတာမှန်တယ်…လုံမိသားစုက ထပ်ပြီးတော့ အုပ်ချုပ်သူဖြစ်ဖို့မသင့်တော်ဘူး”

“ဒါဆို ခင်ဗျားတို့ရဲ့ အမြင်မှာဘယ်သူက ထီးနန်းကိုဆက်ခံသင့်လဲ”

ရှစ်ဖုန့်၏ မျက်နှာက အေးစက်မှုသို့ပြောင်းလဲသွားသည်။ သူက ထိုလူများအား တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“အခုအင်ပါယာက ဖရိုဖရဲဖြစ်နေပြီး  သူရဲကောင်းတွေက  ပုန်ကန်နေတယ်.. ဒါက ပြောင်းလဲလို့မရနိုင်တဲ့ အခြေအနေတစ်ခုပဲ.,.. လိုရင်းကိုပြောရမယ်ဆိုရင် ချိုးဖြတ်ခြင်းနဲ့ တည်ဆောက်ခြင်းကသာနိုင်ငံကိုတည်ငြိမ်စေလိမ့်မယ်…. ကျုပ်အမြင်အရဆိုရင် ကျုပ်တို့အားလုံးကျုပ်တို့ရဲ့ နေရာတွေဆီကိုပြန်သွားကြပြီးတော့  ကျုပ်တို့ရဲ့ ကိုယ်ပိုင်အင်အားတွေနဲ့အင်ပါယာအတွက်တိုက်ခိုက်ကြမယ်…ညံတဲ့သူတွေကိုဖယ်ရှားခြင်းကသာ နိုင်ငံကိုပိုပြီးတည်ငြိမ်စေလိမ့်မယ်..”

ဝေ့ချန်နန်ကပြောလိုက်သည်။

“ဟုတ်တယ်..ဗိုလ်ချုပ်ပြောတာအမှန်ပဲ”

“ကျုပ်လည်း ဗိုလ်ချုပ်ရဲ့ အမြင်ကိုထောက်ခံတယ်….အဲ့လိုပဲဖြစ်သင့်တယ်”

ဝေ့ချန်နန်၏ စကားတို့အား ကြားပြီးသည့်နောက်တွင် လျိုဖာနှင့်မင်တာတို့က သူတို့၏ အမြင်များကိုလျှင်မြန်စွာထုတ်ဖော်ပြောဆိုလိုက်ကြသည်။

“ဒါက အကြံကောင်းတစ်ခုလို့ ကျုပ်လည်းထင်တယ်”

“အဲ့လိုပဲဖြစ်သင့်တယ်”

ထို့နောက်တွင်လူအများအပြားကလည်း သူတို့၏ အမြင်မျာအားထုတ်ဖော်ပြောဆိုကြသည်။

လုံအောင်၏ နိုင်လိုမင်းထက်လုပ်ရပ်များကြောင့် အင်ပါယာတစ်ခုလုံးအား ဖရိုဖရဲ ပရမ်းပတာဖြစ်စေခဲ့သည်။ ဤလူများအားလုံးတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိကြသည်ဖြစ်သည်။လုံအောင်အားတိုက်ခိုက်ရန် အင်ပါယာမြို့တော်ဆီသို့စစ်တပ်များအား ပို့လွှတ်ခြင်းက အစပင်ရှိသေးသည်ဖြစ်သည်။ သူတို့ စစ်တပ်များအား မပို့လွှတ်ခင်ကတည်းက  သူတို့အနေဖြင့် လုံအောင်ကို အရင်တိုက်ခိုက်ပြီးနောက်တွင် အင်ပါယာအတွက် သူရဲကောင်းများနှင့်အတူတိုက်ခိုက်ရန်စီစဉ်ထားခဲ့ကြပြီးဖြစ်သည်။သို့သော မီစာကုန်ရေခမ်းဖြစ်နေသည်ဟုသူတို့ တွေးထင်ထားကြသောလုံအောင်က သူတို့မျှော်မှန်းထားသလိုဖြစ်မနေဘဲ အခြေအနေများအား သူတို့၏ ထိန်းချုပ်မှုအောက်မှလွတ်ထွက်သွားတော့မည်အထိ အရမ်းကို အဆမတန်ထူးကဲနေခဲ့သည်။

“ဟမ့်..အင်ပါယာအတွက်ထပ်ပြီးတော့ တိုက်ခိုက်မှာတဲ့လား”

ဤလူများ၏ စကားလုံးများအား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။

“အင်ပါယာအတွက်ထပ်တိုက်ခိုက်ပြီးတော့ လူတွေကိုဒုက္ခဝေဒနာတွေထပ်ခံစားစေချင်တာလား….ခင်ဗျားတို့စစ်ပွဲအတွင်းမှာ စစ်သားတွေဘယ်လောက်များများအထိကို သူတို့ရဲ့အသက်တွေစွန့်လွှတ်ကြရမလဲဆိုတာကိုရော ခင်ဗျားတို့တွေ တွေးမိကြလား..အပြစ်မဲ့တဲ့သူတွေရော ဘယ်လောက်ထိကို သေကြေကြရမလဲ…အဲ့လိုသာဆိုရင်.ခင်ဗျားတို့ရဲ့ အပြုအမူနဲ့လုံအောင်ကြား ဘာတွေများကွာခြားချက်ရှိအုံးမှာလဲ..”

“ဒါတွေက အမြဲတမ်းဒီလိုပဲဖြစ်နေမှာပဲ…စစ်ပွဲဆိုတာက ရက်စစ်တတ်တဲ့သဘောတရားရှိပြီးသား”

ဝေ့ချန်နန်ကပြောလိုက်သည်။ သူတို့၏အမြင်တွင် စစ်ပွဲအတွင်းလူများသေရခြင်းနှင့် လုံအောင်ကြောင့်လူများသေရခြင်းက မတူညီသော အရာနှစ်ခုဖြစ်သည်။

“ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဆန္ဒအတွက်နဲ့ တစ်ခြားသူတွေရဲ့ အသက်ကိုဂရုမစိုက်တဲ့ အသုံးမကျတဲ့လူတစ်စုပဲ…ခင်ဗျားတို့နဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေပြောရမှာဒီသခင်လေး အရမ်းပျင်းတယ်… အမိန့်ပေးတံဆိပ်တွေကို လက်လွှဲပြီးတော့လုံချန်ရဲ့စကားကိုနားထောက်ဖို့ ခင်ဗျားတို့ကိုဒီသခင်လေး အချိန်တစ်နာရီပေးမယ်.. မဟုတ်ရင်ခင်ဗျားတို့တွေ ဒီသခင်လေးရဲ့ ဓားချက်အောက်မှာ တစ္ဆေတစ်ကောင်ဖြစ်လာရလိမ့်မယ်”

ရှစ်ဖုန့်က အောက်ရှိလူများအား အော်ပြောလိုက်သည်။ သူ၏ စကားတို့က ကြီးစိုးမှုရှိပြီး အထက်စီးဆန်သည်။ျ

“အ…အမိန့်ပေးတံဆိပ်တွေကို လက်လွှဲပေးရမယ်…ဒါကစစ်တပ်အာဏာတစ်ခုလုံးကိုလက်လွှဲပေးလိုက်ရတာနဲ့ အတူတူပဲ… ဘယ်လိုလုပ်ဒါကဖြစ်နိုင်မှာလဲ…အားလုံးက ကျုပ်တို့ရဲ့တပ်ဖွဲ့တွေဟာ”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင်  ဝူကျန်းမှူးမတ် လျိုဖာက လျှင်မြန်စွာပြောလိုက်သည်။

ချင်ပါမှူးမတ် မင်တာကလည်းလျှင်မြန်စွာပြောလိုက်သည်။

“ဟုတ်တယ်..ကျုပ်တို့တွေစစ်တပ်အာဏာတွေကိုလွှဲပေးလို့မဖြစ်ဖူး… အားလုံးပဲ လက်မလွှဲပေးကြနဲ့..စစ်တပ်အာဏာကိုသာကျုပ်တို့တွေလွှဲပေးလိုက်ရင် ကျုပ်တို့ရဲ့အသက်တွေက သူတို့တွေလက်ထဲမှာဖြစ်သွားလိမ့်မယ်..အဲ့တာက ကျုပ်တို့ကိုသတ်လိုက်တာနဲ့ဘာများကွာခြားမှုရှိတော့မှာလဲ”

“အမှိုက်နှစ်ကောင် ခင်ဗျားတို့နှစ်ကောင်ကိုဒီသခင်လေးကြည့်မရ

တာကြာပြီ”

ရှစ်ဖုန့်က အေးစက်စွာပြောပြီး သူ၏လက်တို့အားဆန့်ထုတ်လိုက်သောအခါ

တွင် လက်သည်းများဖြစ်ပေါ်လာကာ အောက်သို့စုပ်ယူလိုက်သည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters