အပိုင်း(၁၉၈)
Vol. 14 Ch. 198
“မလုပ်နဲ့…သွေးဝါးမျိုနတ်ဆိုးပညာရပ်..အား…”
“အား …ရှစ်ဖုန့် သေခြင်းဆိုးနဲ့ကိုသေရလိမ့်မယ်…မင်းကကောက်ကျစ်စဉ်းလဲတဲ့ကောင်ပဲ…မင်းကလုံအောင်လိုပဲကွ..အား”
ဝူကျန်းမှူးမတ် လျိုဖာနှင့် ချင်ပါမှူးမတ် မင်တာတို့က အော်ဟစ်လိုက်ကြသည်။ သူတို့၏ကိုယ်အတွင်းရှိသွေးတို့ကပြောင်းပြန်စီးဆင်းကုန်ပြီး သူတို့၏မျက်နှာများရှုံ့တွပုံပျက်လာသည်။ အဆင့်ငါးကောင်းကင်မီးတောက်၏ အောက်တွင် ဤဘုရင်နယ်ပယ် အမှိုက်နှစ်ယောက်မှာမည်ကဲ့သို့ခုခံနိုင်စွမ်းရှိနိုင်ပါမည်နည်း။
သူတို့၏ ဒွာရခုနှစ်ပေါက်မှ တောက်ပနီရဲသောသွေးများက ပန်းထွက်လာပြီး လေထဲရှိရှစ်ဖုန့်၏လက်အတွင်းသို့ စုစည်းသွားကြသည်။ ဤမှူးမတ်နှစ်ယောက်၏ ခန္ဓာကိုယ်တို့မှာ ရှုံ့တွသွားပြီး ခြောက်သွေ့သောအလောင်းများအဖြစ်သို့လျှင်
မြန်စွာပြောင်းလဲသွားသည်။ သူတို့ကပျံသန်းရေးနတ်ဆိုးသားရဲများ၏ ကျောပေါ်မှ ပြုတ်ကျသွားပြီး မြေပြင်နှင့်ပြင်းထန်စွာထိရိုက်မိကြသည်။
ဤမြင်ကွင်းကြည့်ရှုနေသူအားလုံးအား ကြောက်ရွံ့မှုကြောင့်တုန်ယင်သွားစေပြီး သူတို့၏ ဆံပင်များပင်ထောင်မတ်သွားစေသည်။ ခုဏကမှသူတို့အား စကားပြောနေကြသောလူနှစ်ယောက်မှာ ရှုံ့တွခြောက်သွေ့သော အလောင်းများအဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့သည်။
သွေးဝါးမျိုနတ်ဆိုးပညာရပ်ကတကယ့်ကိုမိစ္ဆာဆန်သောပညာရပ်တစ်ခုပင်ဖြစ်လေသည်။
ထို့နောက်ရှစ်ဖုန့်က တံဆိပ်ပြားသုံခုအားထုတ်ယူ၍ ကျန်းကျွင်းချင်ထံသို့ပစ်ပေးလိုက်သည်။
တံဆိပ်ပြားနှစ်ခုမှာ ဤမှူးမတ်နှစ်ယောက်ထံမှလာခြင်းဖြစ်ပြီး တစ်ခုမှာ ထိုသူတောင်းစားရှစ်ကျင်းထျန်းဆီမှလာခြင်းဖြစ်သည်။
ကျန်းကျွင်းချင်က တံဆိပ်ပြားသုံးခုအားဖမ်းယူလိုက်ပြီး ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီစစ်တပ်သုံးခုကိုလက်လွှဲယူဖို့အတွက် လူအချို့ကိုလွှတ်လိုက်ပါ”
“ဟုတ်ကဲ့ပါ သခင်လေးဖုန့်”
ကျန်းကျွင်းချင်ကပြောလိုက်သည်။ ထို့နောက်သူကတစ်ခြားသောမှူးမတ်နယ်စားများကိုအေးစက်စွာကြည့်လိုက်ပြီး စစ်တပ်သုံးခုအား လက်လွှဲယူရန်အတွက်လူအချို့ကိုစီမံ
လိုက်သည်။
“ခင်ဗျားတို့ကိုဒီသခင်လေးတစ်နာရီအချိန်ပေးမယ်”
ရှစ်ဖုန့်က အခြားသောသူများကိုလည်းပြောလိုက်၏။ နတ်ဆိုးအားသုတ်သင်ခဲ့သောနတ်ဆိုးက ဤနေရာတွင်သူ့စိတ်ကြိုက်ပြုမူနေပြီး သူတို့အနေဖြင့်လည်းသူ့အား အနိုင်မယူနိုင်ကြပေ။ သူငြင်းဆန်ခြင်းကိုပြုလုပ်ရဲခဲ့လျှင်တောင် လျိုဖာနှင့် မင်တာတို့၏ ရှုံ့တွခြောက်သွေ့နေသော အလောင်းများက အောက်ဘက်ရှိ မြေပြင်ပေါ်တွင်ရှိနေသေးသည်ဖြစ်သည်။ အခြေအနေမှာမျှော်လင့်ချက်မဲ့နေပြီဖြစ်ကြောင်းအား လူတိုင်းက နားလည်ထားကြပြီးဖြစ်သည်။
“ကျုပ်အနေနဲ့ တံဆိပ်ပြားကို လက်လွှဲပေးဖို့ ဆန္ဒရှိပါတယ်”
နယ်စားတစ်ယောက်ကပြောလိုက်သည်။ ထို့နောက်သူက လုံချန်ကိုကြည့်၍ သက်ပြင်းချကာပြောလိုက်၏။
“မင်းသားချန်အနေနဲ့ ကျန်တဲ့ကျုပ်ရဲ့သက်တမ်းတစ်လျှောက်လုံးမှာ ကောင်းမွန်စွာဆက်ဆံမယ်လို့မျှော်လင့်ပါတယ်”
သူတို့အနေဖြင့်သူတို့၏ စစ်တပ်အာဏာအားလွှဲပေးလိုက်ရပြီးကတည်းက သူတို့၏ စခန်းချရာနေရာသို့ပြန်သွား၍ မရတော့ကြောင်းအား သိပြီးဖြစ်သည်။ သူတို့အနေဖြင့် ကျန်သောလက်ကျန်ဘဝသက်တမ်းတစ်လျှောက်လုံးတွင် အင်ပါယာမြို့တော်၌ နေအိမ်အကျယ်ချုပ်ဖြင့်သာ နေထိုင်ကြရလိမ့်မည်ဖြစ်သည်။ ဂုဏ်ကျက်သရေနှင့်ပက်သက်၍ကား လုံချန်သူတို့အပေါ်တွင်မည်ကဲ့သို့ဆက်ဆံမလဲဆိုသည့်အပေါ်၌သာမူတည်သည်ဖြစ်သည်။
“ဗိုလ်ချုပ် လျို စိတ်မပူပါနဲ့ ကျုပ်ထီးနန်းကိုဆက်ခံပြီးတဲ့အချိန်ကြရင် ….ခင်ဗျားမိသားစုရဲ့ဂုဏ်ကျက်သရေနဲ့ထည်ဝါမှုအတွက် သေချာပေါက် စိတ်ကျေနပ်ရအောင်ပြုလုပ်ပေးပါ့မယ်”
လုံချန်က ဤပုဂ္ဂိုလ်အားကတိပေးလိုက်သည်။ ဤပုဂ္ဂိုလ်မှာလုံအောင်၏ အင်အားအကောင်းဆုံးအဖွဲ့ခြောက်ခုထဲမှ အနောက်ပိုင်းဗိုလ်ချုပ် လျို ယင်ပင်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် မင်းသားချန်”
လျိုယင်က တံဆိပ်ပြားကိုထုပ်ယူ၍ လုံချန်ထံသို့ပစ်ပေးလိုက်သည်။ လုံချန်က ဖမ်းယူလိုက်၏။
“ကျုပ်ကအသက်ကြီးနေပါပြီ…အနာဂတ်မှာမင်းသားချန်ကျုပ်ကိုကောင်းမွန်စွာဆက်ဆံမယ်လို့မျှော်လင့်ပါတယ်”
“ကျုပ်လည်းတံဆိပ်ပြားကိုလွှဲပေးပါ့မယ်..ဟူး..”
…..
….
“ကျုပ်လည်းလွှဲပေးပါ့မယ်”
အနောက်ပိုင်းဗိုလ်ချုပ်လျိုယင်က တံဆိပ်ပြားအားလွှဲပေးသည်ကို တွေ့လိုက်ရသောအခါတွင် အားလုံးကကူကယ်ရာမဲ့စွာဖြင့်သူတို့၏ တံဆိပ်ပြားတို့အားထုတ်ယူလိုက်ကြသည်။ ဤနေရာတွင်ရှိနေကြသောသူအားလုံးနီးပါးက သူတို့၏ ကံတရားအားလက်သင့်ခံလိုက်ကြပြီးဖြစ်သည်။ ထို့အချိန်မှသာ ဗိုလ်ချုပ်ဟွင်းဖှေးတစ်ယောက်ထွက်ခွာသွား
ပြီးဖြစ်ကြောင်းကိုလုံချန်သဘောပေါက်လိုက်သည်။ လူတိုင်းကရှစ်ဖုန့်နှင့်လုံအောင်တို့၏ တိုက်ပွဲအပေါ်၌ အာရုံစိုက်နေသည့်အချိန်တွင် ရှစ်ဖုန့်၏ အရိုက်ခံရမှုကြောင့် အဝေးသို့လွင့်ထွက်သွားခဲ့သောလုံရှင်းမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
လုံချန်ကသူ့လက်အတွင်းရှိ အမိန့်ပေးတံဆိပ်ပြားများအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်သည်။ ဤအမိန့်ပေးတံဆိပ်ပေးပြားများနှင့် ယွင်လိုင်အင်ပါယာ၏ အင်အားအကောင်းဆုံးသော စစ်သားများနှင့်ဆိုလျှင် ယင်းကလုံလောက်ပြီးဖြစ်သည်။
“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်”
“ဧကရာဇ်မင်း သက်တော်ရှည်ပါစေ…ဧကရာဇ်မင်း သက်တော်ရှည်ပါစေ”
“ဧကရာဇ်မင်း သက်တော်ရှည်ပါစေ…ဧကရာဇ်မင်း သက်တော်ရှည်ပါစေ”
လူများကတစ်ယောက်ပြီးတစ်ယောက် လုံချန်အား ဒူးထောက်လိုက်ကြသည်။
ဤအချိန် ဤအခိုက်အတန့်…..
ဤအခိုက်အတန့်အား လုံချန်အနေဖြင့် မည်မျှကြာအောင်စောင့်ဆိုင်းခဲ့ရမှန်းမသိတော့ချေ။ ယနေ့တွင် ယင်းက အမှန်တကယ် ဖြစ်မြောက်လာခဲ့ပြီဖြစ်သည်။
လုံချန်မှာပျော်ရွှင်နေပြီး သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသည်။သူက ခေါင်းမော့၍ ကောင်းကင်ထဲရှိ ရှစ်ဖုန့်အားကြည့်လိုက်သည်။ ရှစ်ဖုန့်၏ မျက်နှာမှာ အေးစက်မြဲအေးစက်ဆဲဖြစ်ပြီး သူကြည့်နေသည်အား တွေ့လိုက်ရသောအခါတွင် အနည်းငယ်ခေါင်းညိမ့်ပြသည်။
လုံချန်ကသူ့အကြည့်ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။ သူကတစ်ချိန်က မာနကြီးခဲ့ကြပြီးထိုးထိုးထောင်ထောင်နိုင်ကြ
သော လူများအားကြည့်လိုက်သည်။ ယခုအချိန်၌ ၎င်းတို့အားလုံးမှာ သူ့အား ဒူးထောက်နေကြရပြီဖြစ်သည်။ သူက ကျယ်လောင်စွာပြောလိုက်သည်။
“အားလုံးပဲ ထလို့ရပါပြီ”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
လူများက ပြန်လည်၍ ဖြေကြားလိုက်ကြသည်။
လုံချန်ကပြောလိုက်သည်။
“ခင်ဗျားတို့အားလုံးဟာ ကျုပ်တို့နိုင်ငံရဲ့ ထောက်တိုင်တွေဖြစ်တယ်… ကျုပ်ကငယ်ရွယ်သေးတယ်.. အဲ့အတွက်ကြောင့် ကျုပ်မသိသေးတဲ့ အရာတွေအများကြီးရှိနေသေးတယ်… ဒါကြောင့် အနာဂတ်မှာ ကျုပ်ဟာ ခင်ဗျားတို့အား လုံးရဲ့ ကူညီမှုတွေကိုလိုအပ်လိမ့်မယ်”
“ကျွန်ုပ်တို့ အကောင်းဆုံးကြိုးစားပါ့မယ်”
“အရှင်မင်းကြီးကို လုံမုန့် နှုတ်ခွန်းဆက်သပါတယ်…ဟီးဟီး”
ဤအချိန်၌ ရွှတ်နောက်နောက်အသံတစ်ခုက ဟင်းလင်းပြင်ထဲတွင်ထွက်ပေါ်လာသည်။ လုံမုန့်က ပျံသန်းရေးနတ်ဆိုးသားရဲတစ်ကောင်ကိုစီးနင်း
ပြီး အင်ပါယာအကြံပေးဆရာသခင်ဖြစ်သူနလန်ယွမ်နှင့်အတူ အင်ပါယာမြို့ထဲမှာလာနေသည်။
“ညီမလေး..ဆရာ”
လုံမုန်နှင့်နလန်ယွမ်တို့ အတူတကွရောက်လာကြသည်ကိုတွေ့လိုက်ရသောအခါတွင် လုံချန်ကသူတို့ထံသို့အလျှင်အမြန်သွားရောက်နှုတ်ဆက်လိုက်သည်။ လုံအောင်၏ ဖြုံလောက်စရာစွမ်းအားအား လုံချန်မျက်မြင်တွေ့လိုက်ရသောအချိန်က သွေးဝါးမျိုနတ်ဆိုးပညာရပ်အားအမှတ်ရသွား
ပြီး နလန်ယွမ်တယောက်မတော်တဆတဒုက္ခရောက်သွားမည်အားသူစိတ်ပူမိခဲ့သည်။ယခုသူ၏ ဆရာဖြစ်သူနလန်ယွမ်တစ်ယောက် အဆင်ပြေသည်ကိုတွေ့လိုက်ရသောအခါမှသာ သူစိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်သည်ဖြစ်သည်။
“ဆရာ…ညီမလေး….ဆရာတို့အဆင်ပြေတာ တွေ့ရတော့ ကျွန်တော်စိတ်သက်သာရာရသွားပြီ”
လုံချန်က နလန်ယွမ်နှင့်လုံမုန့်တို့အားပြောလိုက်သည်။
လုံချန်၏ စကားတို့အားနားထောင်ပြီးသည့်နောက်တွင် နလန်ယွမ်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“အရှင်းမင်းကြီးက ကြမ်းကြုတ်ရက်စက်ပေမဲ့ သူက ငါ့ကိုတော့ ဂရုစိုက်တုံးပဲ…. အဲ့တာက….ဟူး…. “
နလန်ယွမ်က ဝမ်းနည်းသော မျက်နှာထားဖြင့်ပြောသည်။ ထို့နောက်သူက ခေါင်းခါယမ်း၍ ဘာမှထပ်မပြောတော့ပေ။ သူသက်ပြင်းချခြင်းက လုံအောင်ကပဲလမ်းကြောင်းသွေချော်သွားခြင်းကြေင့်လား
သို့မဟုတ် လုံအောင်ကသူ့အပေါ်တစ်ခြားတစ်ခုခုသူ့အား လုပ်ခဲ့ခြင်းကြောင့်လားဆိုသည်က နလန်ယွမ်တစ်ယောက်တည်းသာသိလိမ့်မည်
ဖြစ်သည်။
“အကို ထီးနန်းကိုဆက်ခံတာညီမလေးဂုဏ်ပြုပါတယ်”
လုံမုန့်က လုံချန်အား ဂုဏ်ပြုစကားဆိုလိုက်သည်။ ထို့နောက်သူမက အသံလေးတိမ်ကျသွားပြီး ပြေလိုက်သည်။
“ဝမ်းနည်းဖို့ကောင်းတာက …ခမည်းတော်က…သူ….”
လုံမုန့်မှာ ချစ်ဖို့ကောင်းပြီး ရွှတ်နောက်နောက်ရှိကာ သမီးများကြားထဲတွင်လုံအောင်၏ တုန်နေအောင်ချစ်ခြင်းကိုခံရသောသူဖြစ်သည်။ သူမအပေါ်တွင် အမြဲ ကြင်နာတတ်သောသူမ၏ ဖခင်ဖြစ်သူက ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့ခြင်းမရှိပေ။ သူ့ဖခင်မှာအရမ်းကိုကြောက်ဖို့ကောင်းသောသူတစ်ယောက်ဖြစ်လာခဲ့သည်ဖြစ်သည်။
“အတိတ်မှာဖြစ်ပျက်ခဲ့တာတွေက အတိတ်အဖြစ်ပဲကျန်ရစ်ခဲ့ပါပြီ… အဲ့တာတွေကိုထပ်ပြီးတော့ မတွေးနဲ့တော့ … “
လုံချန်မှာသူ့ညီမလေး၏ အတွေးတို့အားနားလည်ပြီး သူမအားနှစ်သိမ့်လိုက်သည်။
“အင်ပါယာအမိန့်ပြန်တမ်းရောက်ရှိလာတယ်”
ဤအချိန်တွင် ခံ့ညားထည်ဝါသော အော်သံတစ်ခုက ကောင်းကင်ထဲမှထွက်ပေါ်လာသည်။
“အင်ပါယာအမိန့်ပြန်တမ်းတဲ့လား..ဘာအင်ပါယာအမိန့်ပြန်တမ်းလဲ”
“အိုး..အင်ပါယာအမိန့်ပြန်တမ်းတဲ့လား”
ဤအသံအားကြားလိုက်ရသောအခါတွင် အားလုံးက အသံလာရာဆီသို့ကြည့်လိုက်ကြသည်။ ကောင်းကင်ထဲတွင် အတောင်ပံနှစ်ခု ရွှေရောင်ကျားအကောင်သုံးဆယ်ကိုစီးနင်းထားသူများအားဦးဆောင်လာသည့် သက်လက်ပိုင်းအရွယ်လူတစ်ယောက်ကိုတွေ့လိုက်ကြရသည်။ သူ၏ မျက်နှာမှာလေးထောင့်ဆန်ဆန်ရှိပြီး သူ၏ အသွင်အပြင်က တည်ကြည်ခံ့ညားမှုရှိသည်။ ၎င်းမှာလောလောဆယ်ကမှပျောက်ဆုံးသွားသည်ဟု ကောလဟာထွက်နေသော အကြီးဆုံးမင်းသားဖြစ်သူ လုံရှင်းပင် ဖြစ်သည်။
(စာရေးသူမှတ်ချက်-ပဉ္စမင်းသားနမည်မှာ အစပိုင်းတွင်လုံတရှင်းဖြစ်ပြီး နောက်ပိုင်းတွင် လုံရှင်းဟုရေးသားထားသာကြောင့် စာရေးသူမူရင်းအတိုင်းပြန်ဆိုခဲ့ရာ ရှစ်ဖုန့်လက်ချက်ကြောင့် လွင့်ထွက်သွားသော သူနှင့်ယခုရောက်လာသောသူအားမှားယွင်းမ
များဖြစ်နိုင်ပါသည်။ပဉ္စမမင်းသားအားနောက်
ပိုင်းပြန်ပါလာပါက လုံတရှင်းဟု ပြောင်းလဲသုံးနှုန်းမည်ဖြစ်ပါသည်။ ယခုရောက်လာသည်က အကြီးဆုံးပထမမင်းသားလုံရှင်းဖြစ်ပါသည်။)
ဤအချိန်တွင်လုံရှင်းက လက်သည်းကိုးခု ရွှေရောင်နဂါးဝတ်ရုံအားဝတ်ဆင်ထားပြီး သရဖူတစ်ခုအားသူ၏ ခေါင်းထက်တွင်ဝတ်ဆင်ထားသည်။ သူ၏ တည်ကြည်ခံ့ညားသောအသွင်အပြင်က သူ့အား ဧကရာဇ်မင်းတစ်ပါးနှင့်တူညီစေပြီး သူ၏ လက်ထဲတွင် အင်ပါယာအမိန့်ပြန်တမ်းအား ကိုင်ဆောင်ထားကာ အောက်ရှိလူအုပ်အား ဝင့်ကြွားစွာကြည့်လိုက်သည်။
လုံရှင်း၏ ဘေးတွင် ရည်မွန်ကြော့ရှင်းပြီး အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ရည်မွန်ကြော့ရှင်းချောမောသောလူငယ်တစ်ယောက်ရပ်နေသည်။ သူ၏ လက်ထဲတွင်စက္ကူယပ်တောင်တစ်ခုအားကိုင်
ဆောင်ထားပြီး ညင်သာစွာခပ်နေသည်။ အောက်တွင်ရှိသောလူများအားကြည့်သည်အ
ချိန်တွင်သူ၏ မျက်နှာထက်၌ အထက်စီးဆန်မှု၊အထင်သေးမှုတို့ဖြင့်ပြည့်နှက်
နေသည်။
“ထျန်းမြောင်အင်ပါယာကနေ အမိန့်ပြန်တမ်းတစ်ခုရောက်ရှိလာတယ်… ယွင်လိုင်အင်ပါယာမှာရှိနေတဲ့ မင်းမှုထမ်းအရာရှိအားလုံးဟာ ဒီအမိန့်ကိုနာခံကြရမယ်… ဒူးထောက်ကြ”
လုံရှင်းက သူလက်ထဲရှိ အင်ပါယာအမိန့်ပြန်တမ်းအားမြှောက်၍ အောက်ရှိလူအုပ်အားအော်ပြောလိုက်သည်။
“ဘာ..ထျန်းမြောင်အင်ပါယာရဲ့ ဧကရာဇ်က အမိန့်ပြန်တမ်းတစ်ခုထုတ်လိုက်တာလား”
“အညတရ အစေခံများက ဧကရာဇ်မင်းတရားကြီးကိုနှုတ်ခွန်းဆက်သပါ
တယ်….ဧကရာဇ်မင်း သက်တော်တစ်သောင်းရှည်ပါစေသော်”
ယွင်လိုင်အင်ပါယာမှာ ထျန်းမြောင်အင်ပါယာ၏ လက်အောက်ခံတစ်ခုသာဖြစ်သည်။ ထျန်းမြောင်အင်ပါယာဧကရာဇ်က အမိန့်ပြန်တမ်းတစ်ခုအားထုတ်ပြန်လိုက်သည်ဟုကြားလိုက်ရသောအခါတွင် အားလုံးအလျှင်အမြန်ဒူးထောက်လိုက်ကြပြီး လုံရှင်းအားဂါရဝပြုလိုက်ကြသည်။
လုံချန်၊လုံမုန့်၊ နလန်ယွွမ်၊ဝူရှောင်းယွင်၊ယဲ့ဝူရှင်းနှင့်အခြားသူများပင် လုံရှင်းအားဦးညွှတ်လိုက်ကြရသည်။
“ရှစ်ဖုန့် ထျန်းမြောင်အင်ပါယာဧကရာဇ်ရဲ့ရှေ့မှာ ဘယ်လိုတောင်ဒူးမထောက်ပဲနေရဲတာလဲကွ…”
ရှစ်ဖုန့်က လေထဲ၌ ဝင့်ကြွားစွာရပ်နေသေးသည်အား တွေ့လိုက်ရသောအခါတွင် လုံရှင်းက သူ့အားအေးစက်စွာကြည့်၍ အလျှင်အမြန်အော်ပြောလိုက်သည်။
ဤအချိန်တွင်အထက်စီးဆန်သော လုံရှင်းဘေးရှိ အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်ကလည်းရှစ်ဖုန့်ကိုကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားပြီးစိတ်ဝင်စားသောအပြုံးတစ်ခုကိုထုတ်ပြလိုက်သည်။
“ဒီလိုနိုင်ငံသေးသေးလေးမှာတကယ်ကို အရိုးမာတဲသူရှိသေးတာပဲ”
ဆက်ရန်….
ဘာသာပြန်သူ-ARISE