အပိုင်း (၂၀၀)
Vol. 14 Ch. 200
သခင်းလေးပုက ခြေလှမ်းလိုက်ကာ ဟင်းလင်းပြင်ထဲတွင်လျှောက်လှမ်းလိုက်သည်။ သူ၏အဖြူရောင်ဝတ်စုံက သူ့အား သေမျိုးကမ္ဘာနှင့်သက်ဆိုင်ခြင်းမရှိသော အဖြူရောင်နှင့်ကောင်းကင်ဘုံသက်ရှိတစ်ပါးအ
ဖြစ်ပုံပေါ်စေသည်ဖြစ်သည်။
လုံရှင်းကရှစ်ဖုန့်အားငုံ့ကြည့်လိုက်သည်။ယင်းမှာ သူ့အနေဖြင့်ရှစ်ဖုန့်၏ မျှော်လင့်ချက်မဲ့ လက်မှိုင်ချမှုတို့အားမြင်တွေ့ထားပြီးသကဲ့သို့ပင်ဖြစ်၏။
လုံရှင်းအနေဖြင့်သခင်းပုဆိုသောသူအပေါ်တွင် အကြွင်းမဲ့ယုံကြည်မှုရှိသည်ဖြစ်သည်။ သူသည် မျိုးဆက်တစ်ခု၏ တကယ့်ပါရမီရှင်တစ်ယောက်ပင်ဖြစ်သည်။ သူသည် အထွတ်အထိပ်ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်တွင် ရှိနေသောသူတစ်ယောက်ဖြစ်ပြီး ဘိုးဘေးနယ်ပယ်နှင့်ခြေလှမ်းတစ်လှမ်းသာကွာ
ခြားတော့သည်ဖြစ်သည်။ ပုမိသားစု၏ သိုင်းပညာရပ်များ၊ သခင်လေးပု၏စွမ်းရည်ပါရမီတို့နှင့်ဆိုလျှင် သူ့အနေဖြင့် ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကို
ပင် စိန်ခေါ်နိုင်စွမ်းရှိသည်ဖြစ်၏။
ယွင်လိုင်အင်ပါယာအတွင်းတွင် သခင်လေးပုအနေဖြင့် သူလုပ်ချင်သမျှအရာအားလုံးအားလုပ်ဆောင်
နိုင်သည်ဖြစ်သည်။ လုံရှင်း၏ အမြင်၌ အင်ပါယာအကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ်သာသူနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဖြစ်၏။ သို့သော်သခင်လေးပု၏အဆင့်အတန်းဖြင့်ဆိုပါက နလန်ယွမ်အနေဖြင့်ဘယ်လိုလုပ်ပြီး သူ့အားယှဉ်ပြိုင်ရဲပါမည်နည်း။
အဆုံးသတ်တွင်လုံချန်၏စိတ်ရှုပ်ထွေးနေသော အမူအယာက ရှစ်ဖုန့်အားကြည့်ရင်း စိတ်ပိုင်းဖြတ်ထားသောအမူအယာမျိုးအဖြစ်သို့ပြောင်းလဲသွားသည်ကိုလုံရှင်းတွေ့
လိုက်ရသည်။
ဟုတ်ပါသည်။ လုံချန်မှာသူ၏ စိတ်ပျက်အားငယ်မှုများမှ ပြန်လည်၍ ကောင်းမွန်လာပြီဖြစ်သည်။ သူသည်ရှစ်ဖုန့်အားယုံကြည်သည်။ ရှစ်ဖုန့်သူ့ဘက်တွင်ရှိနေသ၍ သူ့အနေဖြင့်ဘယ်တော့မှ အရှုံးပေးလိမ့်မည်မဟုတ်ပေ။
ထျန်းမြောင်အင်ပါယာက ကြီးမားပြီး လုံရှင်း၌ အင်ပါယာအမိန့်ရှိနေသော်လည်း အကယ်၍ လုံရှင်းများသေဆုံးသွားခဲ့လျှင်မည်ကဲ့သို့ဖြစ်သွားပါမည်နည်း။ အကယ်၍များ လုံရှင်းနှင့်အတူပါလာသောလူငယ်ပါသေဆုံး
သွားခဲ့လျှင်ရော။ အကယ်၍ နယ်စားအားလုံးအားနေအိမ်အကျယ်ချုပ်ချ
ထားပြီး တိတ်တဆိတ်နေရန်ထိန်းသိမ်းထားလိုက်လျှင် မည်ကဲ့သို့ဖြစ်မည်နည်း။ သူသာဧကရာဇ်တစ်ပါးဖြစ်လာခဲ့ပါက လုံရှင်းရုတ်တရက်ပျောက်ဆုံးသွားခြင်းနှင့် လုံရှင်းလက်ထဲရှိအင်ပါယာအမိန့်ပျောက်ဆုံး
သွားခြင်းတို့ အခြေအနေများအား လုံချန်ကိုင်တွယ်နိုင်ရန်ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိသည်ဖြစ်သည်။
လုံချန်မှာ စိတ်ပျက်အားငယ်မှုမျာမှ ပြန်လည်၍ ကောင်းမွန်လာပြီး ရှစ်ဖုန့်အား စိတ်ပိုင်းဖြတ်ထားအမူအယာဖြင့်ကြည့်နေသည်ကိုမြင်တွေ့လိုက်ရသောအခါတွင် လုံရှင်းသည်လုံချန်၏ အကြည့်တို့နောက်လိုက်ပါ၍ ရှစ်ဖုန့်အားကြည့်လိုက်သည်။ လုံရှင်း၏ မျက်နှာမှာပုတ်သိုးနက်မှောင်နေ၏။ သူကအဖြူရောင်နှင့်သခင်လေးအားပြောလိုက်သည်။
“သခင်လေးပု ကျေးဇူးပြုပြီး ဒီသစ္စာဖောက်ကို မသတ်ပါနဲ့ သူ့ရဲ့ဒန်တန်ကိုဖျက်ဆီးလိုက်ပါ..တစ်ခြားသူတွေကိုသတိပေးတဲ့အနေနဲ့ ကျုပ်သူ့ကို အပိုင်းပိုင်းခုတ်ပိုင်းပစ်ချင်တယ်”
“ဟားဟား..ပြဿနာမရှိဘူး..လုပ်လိုက်ကြတာပေါ့”
သခင်လေးပုကတစ်ခစ်ခစ်ရယ်မောလိုက်သည်။ သူကသူ၏ညာလက်ဖြင့်လက်ဖဝါးတစ်ခုကိုပုံ
ဖော်လိုက်ပြီး ရှစ်ဖုန့်ပေါ်သို့သာမန်ကာလျှံကာရိုက်ချလိုက်
သည်။ ဖောက်ထွင်းမြင်ရနိုင်အောင်ကြည်လင်သောလက်ဖဝါးက ရှစ်ဖုန့်ထံသို့ကျရောက်လာသည်။ လက်ဖဝါးပုံရိပ်လာနေသောလမ်းကြောင်းက ရှစ်ဖုန့်၏ဒန်တန်ပေါ်သို့ဖြစ်သည်။
လက်ဖဝါးပုံရိပ်က ရှစ်ဖုန့်အားထိရိုက်တော့မည့်အချိန်တွင် ရှစ်ဖုန့်ကသူ၏ ဘယ်လက်ကိုဆန့်ထုတ်ပြီး လက်ဖဝါးပုံရိပ်အား သာမန်ကာလျှံကာရိုက်ထုတ်လိုက်သည်။ ရုတ်တရက် လက်ဖဝါးပုံရိပ်က လာတုံးကထက်မြန်ဆန်သောအရှိန်ဖြင့် နောက်ပြန်ပျံထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း၎င်းက သခင်လေးပု၏ ရင်ဘက်အားထိမှန်သွား၏။
“ဘန်း”
“အား”
နာကျင်စွာအော်ဟစ်သော အော်သံတစ်ခုက သခင်လေးပု၏ ပါးစပ်မှထွက်ပေါ်လာသည်။
“ဒါကဘယ်လိုဖြစ်သွားတာလဲ”
သခင်လေးပု၏ အော်သံအားကြားလိုက်ရသောအခါတွင် လုံရှင်းမှာတုန်လှုပ်အံ့အားသင့်သွားသည်။
“ဘယ်လိုဖြစ်ပြီး မြင့်မြတ်ပြီး ခံ့ညားသော သခင်လေးပုဆီက ဒီလိုမျိုးအသံကိုထွက်လာရတာလဲ”
“ငါ…ငါ….ဖျက်ဆီးခံလိုက်ရပြီ…”
သခင်လေးပု၏ မျက်လုံးတို့မှာ ပြူးကျယ်နေသည်။ သူတုန်လှုပ်အံ့အားသင့်နေ၏။ သူ့တွင်ဖြစ်ပျက်ခဲ့မှုအများအား သူမယုံကြည်နိုင်ပေ။ သူ၏ ဒန်တန်မှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ထိုထက်ပိုသည်က ၎င်းကိုပြုလုပ်ခဲ့သောသူမှာ သူနှိမ့်ချရှုမြင်ထားသော ကြယ်သုံးပွင့်အင်ပါ ယာနယ်ပယ်ပမွှားလေးတစ်ယောက်မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဤကဲ့သို့သောအမှိုက်လိုအင်ပါယာ၌ သူယခုကဲ့သို့ဖြစ်ခဲ့ရသည်။ဖြစ်ပျက်သမျှအားလုံးက အိမ်မက်ဆိုးကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။ သခင်းလေးပုမှာ သူအိမ်မက်မက်နေတာလားဟုပင် သံသယရှိနေသည်။ အခုသူ့အနေဖြင့် ဤ အဓိပ္ပါယ်မရှိသောအိမ်မက်က မကြာခင်တွင်ပြီးဆုံးသွားပါစေဟုသာ မျှော်လင့်နေမိသည်။
ထို့နောက်တွင် သခင်လေးပု၏ ဒန်တန်မှာ ပျက်ဆီးသွားပြီး သူ၏ ကျင့်ကြံမှုမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။သူ၏ ခန္ဓာကိုယ်က ကောင်းကင်ထက်မှနေ၍ ပြုတ်ကျလာသည်။
“မဟုတ်ဖူး…”
သခင်လေးပုမှာ ရုတ်တရက် နိုးကြားသွားသည်။သူ၏ ပြုတ်ကျနေသောကိုယ်က ဤသည်မှာ အိမ်မက်တစ်ခုမဟုတ်ကြောင်းကိုပြောကြားနေသည်။ ထို့နောက်တွင်လက်ချောင်းရှည်လေးများရှိပြီး ဖြူသော လက်တစ်ခုက သခင်လေးပုထံသို့ရောက်ရှိလာပြီး သူ့မျက်နှာအားဆုပ်ကိုင်လိုက်သည်။
လက်ချောင်းများကြားက အကွာအဟလေးကို ဖြတ်ကျော်၍ ငယ်ရွယ်ပြီး အေးစက်သော မျက်နှာတစ်ခုကို သခင်လေးပုတွေ့လိုက်ရသည်။ ၎င်းမှာ သူ၏ မျက်လုံးထဲတွင်ပုရွတ်ဆိတ်တစ်ကောင်အဖြစ်ရှု
မြင်ထားသောသူ၏ မျက်နှာပင်ဖြစ်သည်။ သို့သော် သူအလွယ်တကူ သတ်ပစ်နိုင်မည်ဟုထင်ခဲ့သော ဤပုရွတ်ဆိတ်
လက်ထဲတွင်သူ့အနေဖြင့်ဖမ်းဆီးခံလိုက်ရသည်
ဖြစ်သည်။
သခင်လေးပု၏ မျက်နှာက ကြမ်းကြုတ်ရှုံ့တွနေသည်။ သူ၏ပုံစံမှာ လေးလေးနက်နက်မဟုတ်သောပုံစံမျိုးထပ်ပြီး မဟုတ်တော့ပေ။ သူကအံ့ကိုကြိတ်၍ ရှစ်ဖုန့်အား ပြင်းပြင်းထန်ထန်ပြောလိုက်သည်။
“ပုရွတ်ဆိတ်ကောင်…ငါ့ဒန်တန်ကိုမင်းဘယ်လိုတောင်ဖျက်ဆီးရဲတာလဲ….မင်းဆိုးဆိုးရွားရွားကိုသေဆုံးရလိမ့်မယ်..ငါ့ရဲ့ပုကလန်က မင်းတို့ ကလန်တစ်ခုလုံးကို သတ်လိမ့်မယ်.. ဒီသောက်နိုင်ငံစုတ်မှာရှိတဲ့ဘယ်သက်ရှိကိုမဆို ငါတို့ပုကလန်က အစုလိုက်အပြုံလိုက်ကိုသတ်ဖြတ်လိမ့်မယ်…”
နောက်ဆုံးစကားအားပြောဆိုသောအခါတွင် သခင်းလေးပုက ဒေါသတကြီးဖြင့်အော်ဟစ်လိုက်သည်။
“ပုကလန်”
အထက်တန်းလွှာများအားလုံးမှာ ထိုနမည်အားကြားလိုက်ရသောအခါတွင် အံ့အားသင့်တုန်လှုပ်သွားခဲ့သည်။
“ပုကလန်တဲ့လား..ထျန်းမြောင်အင်ပါယာမှ ပုကလန်များလား”
“ရှစ်ဖုန့်က မင်းက ကောင်းကင်နဲ့မြေကြီးရဲ့ကြီးမားကျယ်ပြောမှုကိုမသိတဲ့ အရူးကောင်ပဲ…. မြန်မြန်သခင်လေးပုကိုလွှတ်ပေးလိုက်စမ်း… မင်းဒန်တန်ကိုကိုယ်တိုင်ဖျက်ဆီးပြီးရင် ခြေတွေလက်တွေကိုလည်း ကိုယ့်ဟာကိုယ်ချိုးပြီး သခင်လေးပုကိုတောင်းပန်လိုက်…. မဟုတ်ရင် မင်းက ယွင်လိုင်အင်ပါယာက လူတိုင်းကိုပါ ပါဝင်ငြိစွန်းစေမိ လိမ့်မယ်..”
လုံရှင်း၏ ဒေါသတကြီး ပြောဆိုသံက အပေါ်မှထွက်ပေါ်လာသည်။
“မဟုတ်ဖူး…သူသေသွားရင်တောင် မင်းတို့ အမှိုက်အင်ပါယာ ဖျက်ဆီးခံရလိမ့်မယ်..မင်းတို့အမှိုက်တွေအားလုံးလဲ သူနဲ့အတူသေရလိမ့်မယ်”
လုံရှင်း၏ ဒေါသတကြီးအော်ဟစ်သံအားကြားလိုက်ရ
သောအခါ တွင်သခင်လေးပုက ထပ်မံ၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။
“မင်းပြီးပြီလား”
ရှစ်ဖုန့်က ခပ်ပေါ့ပေါ့ပဲ ပြောလိုက်သည်။ သူက သခင်လေးပုအား အရူးတစ်ယောက်ကိုကြည့်နေသကဲ့သို့ကြည့်နေသည်။
ဒေါသအမျက်ခြောင်းခြောင်းထွက်နေသော သခင်လေးပုက ရှစ်ဖုန့်၏ မျက်နှာအားကြည့်လိုက်သည်။ ရှစ်ဖုန့်အနေဖြင့်ဘာကြောင့်ဤကဲ့သို့ဆက်လက်၍ ပြုမူနေသေးမှန်းကိုသူနားလည်ခြင်းမရှိချေ။ သူက၎င်းအား ပုကလန်က ဘယ်သူတွေလဲဆိုသည်ကို ပြေပြထားပြီးဖြစ်သည်။ရှစ်ဖုန့်အနေဖြင့် နောင်တရစိတ်ထိခိုက်မှုတို့ဖြစ်သင့်သည်ဖြစ်
သည်။၎င်းအနေဖြင့် ဒူးထောက်ပြီး သနားညှာတာပေးပါရန် တောင်းပန်သင့်သည်ဖြစ်သည်။ ဘယ်ပုကလန်က သူလာခဲ့ခြင်းဆိုသည်အား ၎င်းမသိ၍များလော။
“ငါက ထျန်းမြောင်အင်ပါယာရဲ့ ကလန်ကြီးလေးခုထဲကတစ်ခုဖြစ်တဲ့ ပုကလန်က တတိယသခင်လေးပဲ… မင်းကြောင့်နဲ့ ဒီအမှိုက်အင်ပါယာက ဖျက်ဆီးခံရလိမ့်မယ်”
သခင်လေးပုကထပ်မံ၍ အော်ပြောလိုက်ပြန်သည်။ သူက၎င်းတို့အားသူဘယ်သူဆိုသည်ကိုပြောခဲ့သည်။ သူပြောနေသောပုကလန်က တကယ့်အစစ်အမှန်ပုကလန်ဖြစ်ကြောင်းကိုသူပြောခဲ့သည်ဖြစ်သည်။
အောက်တွင်ရှိနေကြသော အထက်တန်းလွှာများအားလုံးက ၎င်းကပုကလန်ဖြစ်ကြောင်းကိုမှန်းဆထားခဲ့ပြီးသားဖြစ်သည်။ သို့သော် ၎င်းအား သခင်လေးပုထံမှကြားလိုက်ရသောအခါတွင် သူတို့ထပ်မံ၍ အံ့အားသင့်တုန်လှုပ်သွားကြပြန်သည်။ ပုကလန်...၎င်းမှာ အစစ်အမှန်ပုကလန်ပင်ဖြစ်သည်။
“အရူး”
ရှစ်ဖုန့်က အရူးတစ်ယောက်အားရယ်မောသကဲ့သို့ အထင်သေးစွာရယ်မောလိုက်ပြီးနောက် အားကောင်းသော စုပ်ယူအားတစ်ခုက သူ၏လက်ဖဝါးထံမှ ထွက်ပေါ်လာသည်။
သခင်လေးပုမှာ သူ၏ သွေးများ ရုတ်တရက်ဆူပွက်လာသလိုခံစားလိုက်ရသည်။ ပြောမပြတတ်အောင်ပင်ထူးခြားသော ခံစားမှုတစ်ခုက သူ၏ တစ်ကိုယ်လုံးတွင်ပျံ့နှံာ့လာသည်။
“မဟုတ်ဖူး..မင်းဘာလုပ်နေတာလဲ..မင်းဘာလုပ်နေတာလဲကွ… ငါက ပုကလန်ရဲ့ တတိယသခင်လေးကွ.. ပုကလန်က ထျန်းမြောင်အင်ပါယာရဲ့ကလန်ကြီးလေးခုထဲက တစ်ခုပဲကွ..မလုပ်နဲ့…”
နီရဲသောသွေးများက သခင်လေးပု၏ မျက်နှာမှပန်းထွက်လာပြီး ရှစ်ဖုန့်၏လက်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရသည်။ သခင်လေးပု၏ ခန္ဓာကိုယ်က လေလျော့သွာသောပူဖောင်းကဲ့သို့ရှုံ့တွသွားသည်။ သူကခြောက်သွေ့သော အလောင်းတစ်ခုဖြစ်သွားခဲ့ပြီး ဖက်ထုပ်တစ်ခုကဲ့သို့မြေပြင်ပေါ်သို့ရှစ်ဖုန့်၏ လွှတ်ပစ်ခြင်းကိုခံလိုက်ရသည်။
“သ…သခင်လေးပု သေသွားပြီ”
လုံရှင်းက ယင်းမှာ အြစ်အမှန်မဟုတ်သလိုခံစားရသည်။ သခင်းလေးပု၏အဆင့်အတန်းကဘယ်လိုအဆင့်အတန်းမျိုးဖြစ်သနည်း။ သူ၏ကျင့်ကြံမှုအဆင့်ကရောဘယ်လိုအဆင့်အတန်းမျိုးဖြစ်သပါနည်း။ ရှစ်ဖုန့်ကရောအဘယ့်ကြောင့် သူ့အားအရမ်းအလွယ်တကူသတ်ပစ်နိုင်ရပါသ
နည်း။
“ရှစ်ဖုန့် မင်းဘာလုပ်တာလဲကွ သစ္စာဖောက်ကောင် …ပုကလန်က ဘယ်လောက်အင်အားကြီးလဲဆိုတာကိုမင်းသိလား…. မင်းသခင်လေးပုကိုသတ်လိုက်တယ်…မင်းကငါတို့ယွင်လိုင်အင်ပါယာက လူတွေအားလုံးကိုသတ်လိုက်တာပဲကွ… ရှစ်ဖုန့် မင်းက ရက်စက်တဲ့ကောင်ပဲ…မင်းကနိုင်ငံတော်သစ္စာ
ဖောက်ပဲကွ..”
လုံရှင်းက ရှစ်ဖုန့်အားလက်ညှိုးထိုးပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
“မင်းဟောင်လို့ပြီးပြီလား … “
ရှစ်ဖုန့်က သူ့၏ခေါင်းကို မော့၍ လုံရှင်းအားအေးစက်စွာစိုက်ကြည့်လိုက်သည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE