← Chapters

အပိုင်း (၂၀၁)

Vol. 14 Ch. 201

အပိုင်း (၂၀၁)

Vol. 14 Ch. 201

“ရှစ်ဖုန့် မင်းဘာလုပ်နေတာလဲ….မင်းဘာလုပ်ဖို့ကြိုး

စားနေတာလဲ… “

လုံရှင်းမှာ ရှစ်ဖုန့်က လေထဲသို့တဖြည်းဖြည်းမြင့်တက်လာပြီး သူ့ထံသို့ချဉ်းကပ်လာသည်ကိုတွေ့လိုက်ရသည်။ ထို့နောက်တွင် လုံရှင်းမှာ အသက်ကယ်ကောက်ရိုးမျှင်တစ်ခုအားတွေးမိသွားပုံရ၏။သူကသူ့လက်ထဲရှိ အင်ပါယာအမိန့်ပြန်တမ်းကို မြှောက်လိုက်ပြီး  အော်ပြောလိုက်သည်။

“ငါကထျန်းမြောင်အင်ပါယာကနေခန့်အပ်ထားတဲ့ ယွင်လိုင်အင်ပါယာရဲ့ ဧကရာဇ်မင်းတစ်ပါးပဲကွ… မင်းငါ့ကိုဘယ်လိုတောင်ရိုင်းစိုင်းရဲတာလဲ.. ငါ့လက်ထဲမှာအင်ပါယာအမိန့်ပြန်တမ်းရှိတယ်….ငါကဘုရားသခင်လိုသံတမာန်မျိုးကွ..ငါက ထျန်းမြောင်အင်ပါယာကိုတရားဝင်ကိုယ်စားပြုတယ်…မင်းငါ့ကိုတစ်ခုခုလုပ်လိုက်တာနဲ့ အဲ့တာကထျန်းမြောင်အင်ပါယာရဲ့ ဧကရာဇ်မင်းကို စော်ကားလိုက်တာနဲ့အတူတူပဲ”

“နောက်ထပ်အရူးတစ်ယောက်ပဲ”

ရှစ်ဖုန့်က ပြောရင်းသူ၏လက်ချောင်းကိုဖျက်ခနဲလှုပ်ရှားလိုက်သည်။ သွေးနီရောင်မီးတောင်အစုအဝေးတစ်ခုက လှစ်ခနဲထွက်ပေါ်လာပြီး လေထဲတွင်လှပသောသွေးနီရောင်စက်ဝန်းပြတ်တစ်ခုကိုဆွဲလိုက်သည်။ ထို့နောက်တွင်၎င်းက အင်ပါယာအမိန့်ပြန်တမ်းဟု လုံရှင်းခေါ်နေသော အရာပေါ်သို့ကျရောက်သွားသည်။ ထို့နောက်တွင် အင်ပါယာအမိန့်ပြန်တမ်းမှာ သွေးနီရောင်မီးတောက်များဖြင့်ဟုန်းဟုန်း

တောက်လောင်သွားသည်။

လုံရှင်းမှာ တုန်လှုပ်အံ့အားသင့်သွားပြီး အော်ပြောလိုက်သည်။

“ရှစ်ဖုန့် ထျန်းမြောင်အင်ပါယာရဲ့ အင်ပါရာအမိန့်ပြန်တမ်းကိုမင်းဘယ်လိုတောင်မီးရှို့ပစ်ရဲတာလဲ.. “

ထို့နောက်တွင် လုံရှင်းမှာ သူ၏ညာလက်မှစူးရှသော နာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။ အင်ပါယာအမိန့်ပြန်တမ်းတင်မဟုတ်ပဲ သူ၏ ညာလက်ပါ သွေးနီရောင်မီးတောက်တို့၏လောင်ကျွမ်းမှုအားခံလိုက်ရသည်ကိုလုံရှင်းတွေ့လိုက်သည်။

“အား..”

လုံရှင်းကျယ်လောင်စွာအော်ဟစ်လိုက်သည်။ထို့နောက်သူ၏ဘယ်လက်ကိုအသုံးပြု၍ မီးအား အလျှင်မြန်ရိုက်သတ်လိုက်၏။ သို့သော် သူ့ဘယ်လက်ကမီးတောက်အားထိလိုက်သောအခါတွင် ၎င်းပါထပ်မံ၍ လောင်ကျွမ်းသွားပြန်သည်။

“အား..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. အား…အား..ငါ့ကိုကယ်ပါအုံး..”

ထို့နောက်တွင်မီးတောက်တို့က လုံရှင်း၏ခန္ဓာကိုယ်တစ်ခုလုံးအားအရှိန်

အဟုန်ဖြင့်ပြန့်နှံ့သွားခဲ့သည်။  မျက်စိတစ်မှိတ်အတွင်းသူလောင်ကျွမ်းခံလိုက်ရ၏။လုံရှင်းသည်သာမဟုတ်ပဲ သူ့အောက်တွင်ရှိသော  ရွှေရောင်နတ်ဆိုးသားရဲပင် လောင်ကျွမ်းခံလိုက်ရခြင်းဖြစ်သည်။ ထို့နောက်တွင် သွေးနီရောင်မီးတောက်က ရှစ်ဖုန့်ထံသို့ပြန်လည်၍ ဝင်ရောက်လာသည်။ လေထုထဲတွင် သူ့ကိုယ်သူ ဧကရာဇ်မင်းဟု ခေါ်ဆိုသောလုံရှင်းမှာ ဘာသဲလွန်စမှပင်ကျန်ရစ်နေခဲ့ခြင်းမရှိပဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ဤမြင်ကွင်းအားကြည့်၍ မြို့စားနယ်စားများနှင့်အရာရှိများမှာ  သူတို့အနေဖြင့်လုံရှင်း၏ အကြိုက်ကိုလိုက်ဆောင်ပြီး ဧကရာဇ်တစ်ပါးအဖြစ်သူ့အား အသိအမှတ်မပြုခဲ့ခြင်းအပေါ်တွင် များစွာဝမ်းသာမိကြသည်။ ထိုသို့မဟုတ်ပါက နောက်ဆက်တွဲအကျိုးရလဒ်များအနေဖြင့် စိတ်ကူးကြည့်၍ ပင်ရနိုင်လိမ့်မည်မဟုတ်ပေ။ ဤမိစ္ဆာကြယ်က ပုမိသားစု၏ တတိယသခင်လေးဖြစ်သူကိုပင်သတ်ဖြတ်ရဲ

သည်ဖြစ်သည်။ သူမလုပ်ဆောင်နိုင်သောအရာဟူ၍ တစ်ခြားဘာများရှိနေသေးသနည်း။

“သခင်လေးဖုန့် သခင်လေးကျုပ်ကို စိတ်မပျက်စေခဲ့ဖူးပဲ”

လုံရှင်းကမော့ကြည့်၍ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူက တစ်ခြားသောသူများကိုကြည့်၍ ပြေလိုက်သည်။

“မင်းမှုထမ်းအပေါင်းတို့ ….ကျုပ်နဲ့အတူ  နန်းတော်ကိုပြန်လိုက်ခဲ့ကြပါ”

အာဏာရှင်အားဆန့်ကျင်တိုက်ခိုက်ပြီးထီးနန်း

ရာဇပလ္လင်အတွက်ရုန်းကန်လှုပ်ရှားခြင်းက အဆုံးသတ်လာခဲ့ပြီဖြစ်သည်။ ဧကရာဇ် အသစ်ဆက်ဆက်လုံချန်က သူ၏ စစ်တပ်ကိုဦးဆောင်ပြီး နယ်စားအပေါင်းတို့အား ထိန်းချုပ်ခဲ့သည်။ နယ်စားအားလုံးအားအတူတကွစုစည်းပြီး  အင်ပါယာမြို့အတွင်းသို့ ချိုးဖြတ်ဝင်ရောက်ခဲ့သည်။ အင်ပါယာမြို့အတွင်းတွင် ခြောက်သွေ့သောအလောင်းများဖြင့်ပြည့်နှက်

နေပြီး  အနိဋ္ဌာရုံ မြင်ကွင်းကိုဖြစ်ပေါ်စေနေသည်။

ထူးဆန်းသောအရာမှာ အင်ပါယာလက်ရွေးစင်စစ်သည်ရှစ်သိန်းက  တစ်ချိန်လုံးတွင်အင်ပါယာမြို့တော်အတွင်း၌ တစ်ခါမျှပေါ်လာခဲ့ခြင်းမရှိပဲ ဘာသဲလွန်စမျှမကျန်အောင်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။ လုံချန်က စစ်တပ်အားအမိန့်ပေး၍ အင်ပါယာမြို့တော်အနှံ့ပတ်စိတ်တိုက်ရှာဖွေစေသော်လည်း အရိုးများ၊ချပ်ဝတ်များ သို့မဟုတ် လက်နက်များမှ တစ်ချို့တလေကိုပင်ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိချေ။

ယင်းမှာလုံအောင်က ၎င်းတို့အားတစ်ခြားသောနေရာသို့ပို့ဆောင်ရန်စီစဉ်ခဲ့ခြင်းကြောင့်လား သို့မဟုတ် …..

မည်သူကမျှ စစ်သည်ရှစ်သိန်းရောက်ရှိသွားသောနေရာ သို့မဟုတ် သေလားရှင်လားဆိုသည်ကို သိရှိကြခြင်းမရှိကြပေ။

လုံမိသားစုမှ ယွင်လိုင်အင်ပါယာကိုထူထောင်ခဲ့ပြီးနောက် ၁၁၀၂ ခုနှစ်တွင် သုံးဆယ့်သုံးဆက်မြောက်ဧကရာဇ်မင်းဖြစ်သူ လုံအောင်မှာ  အသက်လေးဆယ့်သုံးနှစ်အရွယ်၌ သေဆုံးသွားခဲ့သည်။ ထို့နောက်တွင် ထီးနန်းအား လုံအောင်၏ စတုတ္ထမြောက်သားဖြစ်သူ လုံချန်မှာ အမွေဆက်ခံခဲ့သည်။

ဧကရာဇ်မင်းအသစ်က ရာဇပလ္လင်ကို ဆက်ခံသသောအခါတွင်  တစ်နိုင်ငံလုံးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့သည်။သူ၏ စေတနာသဒ္ဒါတရားတို့က နိုင်ငံတစ်ဝန်းပျံ့နှံ့သွားပြီး အခွန်အတုတ်ကောက်ခံမှုများကိုလည်းသုံးနှစ်အထိလျော့ချခဲ့သည်။

“ကောင်းကင်ဘုံ၏ အမိန့်ဆန္ဒအရ အနောက်မြောက်ဗိုလ်ချုပ်

ကျန်းကျွင်းချင်အား  အနောက်မြောက်မင်းသားအဖြစ် ဧကရာဇ်မင်းမှ ဘွဲ့ပေးအပ်သည် ..ဤဘွဲ့အား သားစဉ်မြေးဆက်အမွေဆက်ခံခွင်ရှိသည်”

“တောင်ပိုင်းဘုရင် ယဲ့ဝူရှင်းအား မင်းသားအန်းလဲ့အဖြစ် ဘွဲ့ပေးအပ်သည်  .

.သူ၏ ဘွဲ့အား သားစဉ်မြေးဆက်အမွေ     ဆက် အမွေဆက်ခံခွင့်ရှိသည်။

“ဝူရှောင်းယွင်အား .ဘုရင်ဝူရှောင်းယွင်အဖြစ် ဘွဲ့ပေးအပ်သည်..သူ၏ ဘွဲ့အား သားစဉ်မြေးဆက်အမွေဆက်ခံခွင့်ရရှိလိမ့်မည်”

“…”

“ပုယွဲ့ သည် နိုင်ငံ၏ မိခင်တစ်ဦး အဖြစ်ဘွဲ့ပေးအပ်သည်”

“ရှစ်လင်အား မင်းသမီး ချန်အယ် ဟူသောဘွဲ့ကိုပေးအပ်သည်”

“ရှစ်ဖုန့်အား ယွင်လိုင်အင်ပါယာ၏ စစ်ပွဲနတ်ဘုရားအဖြစ်ဘွဲ့ပေးအပ်သည်… ယွင်လိုင်အင်ပါယာ၏ ဒေသတိုင်းတွင် စစ်ပွဲနတ်ဘုရား၏ အံ့ဖွယ်ရုပ်ထုအားတည်ဆောက်ပြီး  ကျွန်ုပ်တို့ပြည်သူလူထုလူအများအနေဖြင့် မျိုးဆက်များစွာတိုင် ဂါရဝပြုကိုးကွယ်ကြရမည်.. ဤအရသည် ကျွန်ုပ်တို့၏ လေးစားဂုဏ်ပြုခြင်းပင်ဖြစ်သည်”

“ဧကရာဇ်မင်းသက်တော်ရှည်ပါစေသော်..

ဝမ့်စွေ့..ဝမ့်စွေ့ ..ဝမ့်ဝမ့်စွေ့”

“ကျုပ်ရဲ့ ပြည်သူအပေါင်းတို့”

“ဧကရာဇ်မင်းသက်တော်ရှည်ပါစေ”

လုံချန်က ရွှေရောင်လက်သည်းကိုးခု နဂါးဝတ်ရုံကိုဝတ်ဆင်ထားပြီး  သူ၏ ခေါင်းပေါ်တွင် ရွှေရောင်သရဖူတစ်ခုကိုဆောင်းထောင်းသည်။ သူက ရာဇပလ္လင်ခန်းမ၏ အမြင့်ထက်တွင်ထိုင်နေပြီး အရာရှိအမှုထမ်းများအားအပေါ်စီးမှကြည့်နေသည်။ သူ့မျက်နှာထက်၌ ခံစားချက်များဖြင့်ပြည့်နှက်နေ၏။ ဤနေ့ရက်အခါသမယသည် နောက်ဆုံးတွင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“အာ..သခင်းလေးဖုန့် ဘယ်ရောက်သွားလဲ..”

အစောပိုင်းလေးကမှာ ရာဇပလ္လင်ခန်းမအတွင်းတွင်ရှိနေသောရှစ်ဖုန့်မှာရုတ်တရက်ပျောက်ကွယ်သွားသည်ကို လုံချန်သဘောပေါက်လိုက်သည်။

“သခင်လေးဖုန့်ဘယ်ကိုသွားတယ်ဆိုတာ တစ်ယောက်ယောက်များတွေ့မိကြသေးလား..ဘုရင်ရှောင်းယွင်ရော တောင်ပိုင်းဘုရင်ရော ပျောက်သွားကြတာလား”

ဤအချိန်တွင် ရှေ့ဆုံးတန်းတွင်ရပ်နေသော အနောက်မြောက်မင်းသားကျန်းကျွင်းချင်က ရှေ့သို့လျှောက်လှမ်းထွက်လာပြီးလုံချန်

ကိုဦးညွှတ်ဂါရဝပြုလိုက်သည်။

“ဧကရာဇ်မင်းကို တင်ပြပါတယ်…စစ်ပွဲနတ်ဘုရား မင်းသာအန်လီနဲ့…ဘုရင်ဝူရှောင်းယွင်တို့ဟာ ခုဏလေးတင်ပဲ ရာဇပလ္လင်ခန်းမ အပြင်ဘက်ကိုထွက်သွားကြပါတယ်…ဒီစာက ဧကရာဇ်မင်းကိုပေးပေးဖို့အတွက်စစ်ပွဲနတ်

ဘုရားက ကျွန်တော်မျိုးကို တောင်းဆိုထားတဲ့အရာဖြစ်ပါတယ်”

“ဘာ..စာလား.သခင်လေးဖုန့် ထွက်သွားပြီလား..”

ကျန်းကျွင်းချင်၏ စကားတို့အားကြားလိုက်ရသောအခါတွင် လုံချန်မှာသူ၏ ပလ္လင်ထက်မှရုတ်တရက်ထရပ်လိုက်ပြီး အမောတကောပြောလိုက်သည်။

“မြန်မြန်လေးငါ့ဆီကိုယူလာခဲ့ပေးစမ်း”

ကုန်းကုန်းတစ်ယောက်က ထွက်လာပြီး ကျန်းကျွင်းချင်ထံမှစာကိုယူလိုက်သည်။ ထို့နောက်တွင်သူကလုံချန်ထံသို့သွားကာရိုသေစွာဖြင့်ကမ်းပေးလိုက်သည်။  စာအိပ်အတွင်းမှ အဖြူရောင်စာရွက်အပိုင်းအစတစ်ခုနှင့် ကျောက်စိမ်းပြားတစ်ခုထွက်လာသည်။

အဖြူရောင်စာရွက်ပေါ်တွင် ရိုးရှင်းသောစာလုံးအနည်းငယ်သာပါရှိသည်။

“ငါ့အမေကိုဂရုစိုက်ပေးပါ…. တစ်ခုခုဖြစ်လာခဲ့ရင် ဒီကျောက်စိမ်းပြားကိုခွဲလိုက်ပါ”

ရိုးရှင်းလှသောစာလုံးအချို့ကိုကြည့်ကာ ရှစ်ဖုန့်တကယ်ထွက်ခွာသွားပြီဖြစ်ကြောင်းကိုလုံချန်သိလိုက်ရသည်။လွန်ခဲ့သောရက်အချို့ကသူ့အနေဖြင့်နန်းတက်ပွဲအတွက်အလုပ်များနေခဲ့သောကြောင့် ရှစ်ဖုန့်အား သေသေချာချာကျေးဇူးတင်စကားပြောဖို့ အခွင့်အရေးမရရှိခဲ့ပေ။

ယနေ့တွင်သူရရှိထားခဲ့သောအရာအားလုံးသည် ရှစ်ဖုန့်ကသူ့အား နှင်းအပ်ထားသောအရာများပင်ဖြစ်သည်။

……………

“သခင် ကျုပ်တို့တွေအခု ထျန်းမြောင်အင်ပါယာကိုသွားကြမှာလား”

ဝူရှောင်းယွင်ကမေးလိုက်သည်။

“ဟုတ်တယ်”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ ရှစ်လင်မှာ ထျန်းမြောင်အင်ပါယာတွင်ရှိနေဆဲဖြစ်သည်။ ရှစ်ဖုန့်ကသူမအား ပြန်လည်၍ ခေါ်ယူလို၏။ သူအားတားဆီးရဲသည့်မည်သူမဆိုအား သူဖျက်ဆီးပစ်လိမ့်မည်ဖြစ်သည်။

“လူအိုကြီးယဲ့…..ဘာလို့ကျုပ်တို့နောက်ကိုလိုက်လာတာလဲ… “

ဝူရှောင်းယွင်က တစ်ခြားတစ်ဖက်ရှိယဲ့ဝူရှင်းကိုကြည့်၍ မေးလိုက်သည်။

“ခင်ဗျားအသက်ကြီးနေပြီပဲ..ခင်ဗျားအနေနဲ့ အန်းလဲ့မင်းသားတစ်ပါးအနေနဲ့ပဲ ခင်ဗျားရဲ့ ကြီးရင့်တဲ့အရွယ်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသင့်တယ်”

“ဟားဟား …ထျန်းမြောင်အင်ပါယာမှာကျွမ်းကျင်သူတွေနဲ့

ပြည့်နှက်နေတယ်လို့ကျုပ်ကြားခဲ့တယ်… အဲ့တာကိုကျုပ်မျက်စိနဲ့ကိုယ်တိုင်ကိုယ်ကျတွေ့ချင်လို့လေ… မင်းထက်သန်မာတဲ့သူနဲ့တွေ့တဲ့အခါကျမှာ မင်းပိုပြီးသန်မာလာမယ်လို့အဲ့ကောင်ဆိုးလေးရှစ်ဖုန့်ပြောခဲ့တယ်မလား…ကျုပ်သာယွင်လိုင်

အင်ပါယာမှာနေခဲ့ရင် ကျုပ်ရဲ အောင်မြင်မှုတွေက အကန့်အသတ်နဲ့ဖြစ်သွားလိမ့်မယ်”

“ညီမလေးကိုစောင့်ပါအုံး”

ထိုအချိန်တွင် နှစ်လိုဖွယ်ကောင်းသော အော်သံလေးတစ်ခုက သူတို့၏နောက်မှထွက်ပေါ်လာသည်။သူတို့လှည့်ကြည့်လိုက်သောအခါတွင် အဆင့်လေးအဖြူရောင်မြင်းပျံပေါ်တွင်ထိုင်နေသည့် ကျစ်လျစ်သွယ်လျသောပုံရိပ်လေးတစ်ခုကိုတွေ့လိုက်ကြရသည်။

“ကိုကြီးရှစ်ဖုန့် ညီမလေးကိုစောင့်ပါအုံး “

လုံမုန့်က ရှေ့သို့ကြည့်၍ အမောတကောလေး အော်ပြောလိုက်သည်။

“ဘာလို့အဲ့ကောင်မလေးကနောက်ကလိုက်လာရတာလဲ”

ဝူရှောင်းယွင်ကလုံမုန့်ကိုကြည့်၍ မေးလိုက်သည်။

“ရှေးပဝေသဏီအချိန်ကတည်းက  အလှလေးတွေဆိုတာ သူရဲကောင်းတွေကိုပဲ ချစ်မြတ်နိုးကြတာလေ”

ယဲ့ဝူရှင်းမှာသူယခင်ကကြုံတွေ့ဖူးသကဲ့သို့ ရှစ်ဖုန့်အားကြည့်လိုက်သည်။

“သူရောက်လာပြီဆိုမှတော့ သူ့ကိုခေါ်သွားကြတာပေါ့…ဒီကောင်မလေးပါရမီက မဆိုးပါဘူး… ပြင်ပြကမ္ဘာမှာဆိုရင်သူပိုပြီး‌တော့မြန်မြန်ဆန်ဆန်နဲ့ ကြီးပြင်းရင့်ကျက်လာပြီးအစွမ်းထက်လာနိုင်

တယ်..ယွင်လိုင်အင်ပါယာထဲမှာသာသူနေခဲ့မယ်ဆိုရင်  သူ့ရဲ့အောင်မြင်မှုတွေက အကန့်အသတ်နဲ့ပဲဖြစ်နေလိမ့်မယ်”

ရှစ်ဖုန့်က လုံမုန့်ကိုကြည့်၍ပြောလိုက်သည်။

“ကိုကြီးရှစ်ဖုန့် …ကိုကြီးတို့ကအရမ်းဆိုးတဲ့လူတွေပဲ….စွန့်စားခန်းထွက်တာကိုညီမလေးကိုတောင်မခေါ်သွားချင်ကြဘူး.. ကိုကြီးတို့ကညီမလေးကို အင်ပါယာနန်းတော်ထဲမှာပဲ တစ်ယောက်တည်းနေစေချင်ကြတယ်.. အဲ့လိုလူမျိုးတွေရဲ့ ကြီးထွားမှုက ဆွေးမြေ့ပုတ်သို့ဖို့ကြီးပြင်းလာသလိုမျိုးပဲဖြစ်နေလိမ့်မယ်..”

လုံမုန့်က ရှစ်ဖုန့်နှင့်အခြားသောသူများနာသို့ချဉ်းကပ်လာရင်းနှုတ်ခမ်းလေးစူလိုက်သည်။

ရှစ်ဖုန့်က ဘာမှပြောကြားခြင်းမရှိပေ။ ဝူရှောင်းယွင်က အရင်ဆုံးပြောလိုက်သည်။

“မင်းလိုမျိုးမင်းသမီးလေးက အခက်အခဲတွေကိုတောင့်မခံနိုင်မှာကိုကြောက်တယ်မဟုတ်ဖူးလား”

“ဟမ့်  သမီးမကြောက်ပေါင်..သမီးကအရမ်းကိုသန်မာတာ”

လုံမုန့်က သူမ၏ လက်သီးဆုပ်လေးအား ဝူရှောင်းယွင်ကိုဝေ့ယမ်းပြသည်။

“ကောင်းပြီ မင်းလိုက်လာခဲ့ပြီဆိုမှတော့အတူတူသွားကြတာပေါ့”

ရှစ်ဖုန့်ကပြောပြီးနောက် ပြန်လှည့်လိုက်သည်။

ရှစ်ဖုန့်နှင့်အခြားသူများက ထျန်းမြောင်အင်ပါယာဆီသို့ပျံသန်းသွားကြ

သည်။ ကောင်ကင်မှမဲမှောင်နေပြီး ညအချိန်ကကျရောက်လာခဲ့ပြီဖြစ်လေသည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters