← Chapters

အပိုင်း (၂၀၂)

Vol. 14 Ch. 202

အပိုင်း (၂၀၂)

Vol. 14 Ch. 202

ညကောင်းကင်ယံတွင် အေးစက်သောလေအေးတို့ကတိုက်ခတ်နေ၏။

“ဘာလို့ကျုပ်အတိတ်နမိတ်မကောင်းတဲ့ ခံစားချက်မျိုးကိုခံစားနေရတာပါလိမ့်…. တစ်ခုခုတော့မဟုတ်သေးဘူး….”

ဝူရှောင်းယွင်ကရုတ်တရက်ပြောလိုက်သည်။

ဝူရှောင်းယွင်၏ အေးစိမ့်သောလေအကြောင်း ပြောဆိုမှုအားကြားလိုက်ရသောအခါတွင်  ယဲ့ဝူရှင်းက ပြုံး၍ပြောလိုက်သည်။

“မင်းက ယောက်ျားတစ်ယောက်ပဲဟာ သရဲတွေကိုကြောက်တယ်တဲ့လား”

“သရဲတွေကိုကြောက်တယ်ဟုတ်လား”

ဝူရှောင်းယွင်မှာ ယဲ့ဝူရှင်း၏ စကားအားကြားလိုက်ရသောအခါတွင်  သူကအထင်သေးစွာဖြင့်ပြောလိုက်သည်။

“ကျုပ်ကအင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်

ယောက်ပဲဟာ  သရဲတွေကိုကျုပ်အနားကိုကပ်မလာနိုင်ဘူး.. အဲ့တော့ကျုပ်ကဘာလို့သရဲတစ္ဆေတွေကို

ကြောက်ရမှာလဲ”

“အဲ့တာက မဖြစ်မနေအမှန်တရားတစ်ခုတော့မဟုတ်ဖူး…

မင်းပြောနေတာက သာမန်သရဲတစ္ဆေတွေကိုပြောနေတာ…

မင်းနေနဲ့ ငရဲဘုံကိုးခုဧကရာဇ်ရဲ့ ယိုမင်ဘုံနန်းက သန်းပေါင်းများစွာသောသရဲတစ္ဆေစစ်သားတွေကိုဦးဆောင်တဲ့ တစ္ဆေစစ်သူကြီး ရှစ်ယောက်အကြောင်းကို မသိတားများဖြစ်နိုင်မလား… မကျော်လွှားနိုင်တဲ့ တည်ရှိမှုမျိုးဖြစ်တဲ့ အဲ့တစ္ဆေစစ်သူကြီး ရှစ်ယောက်ကိုမပြောနဲ့  အဲ့သရဲတစ္ဆေစစ်သားတွေနဲ့တင် မင်းအလွယ်တကူ ခြေမွပစ်လို့ရနိုင်တယ်”

ယဲ့ဝူရှင်းက ဝူရှောင်းယွင်အား အထက်စီးဆန်စွာပြောလိုက်သည်။ ဤလူအိုကြီး၏ လေသံက သူသည်ထိုသန်းပေါင်းများစွာသောသရဲတစ္ဆေစစ်သားတို့အား ဦးဆောင်နေသောသူတစ်ယောက်ကဲ့သို့သော

လေသံမျိုးဖြင့်ဖြစ်သည်။

“သူတို့တွေက ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ လက်အောက်ကလေ..ဘယ်လိုလုပ်ပြီးသူတို့နဲ့

တော့နှိုင်းယှဉ်ပြေလို့ရမှာလဲ”

ဝူရှောင်းယွင်ကပြောလိုက်သည်။

“ငရဲဘုံကိုးခု ဘုံနန်းတဲ့လား”

ရှစ်ဖုန့်မှာယဲ့ဝူရှင်း၏ စကားတို့အား ကြားလိုက်ရသောအခါတွင် သူထိန်းချုပ်နေကြဖြစ်သော ငရဲဘုံကိုးခု ဘုံနန်းအကြောင်းကိုတွေးလိုက်မိသည်။ သူနှစ်ငါးဆယ်ကြာသေဆုံးသွားခဲ့ပြီးသည့်

နောက်တွင် ယခုအချိန်၌ ၎င်းနေရာမှာမည်ကဲ့သို့ဖြစ်ပျက်နေသည်အားသူသိချင်မိသည်။

“ညဘက်ကအရမ်းမှောင်နေပြီ..ဦးလေးတို့နှစ်

ယောက် သရဲအကြောင်းတွေကိုမပြောသင့်တော့ဘူး”

လုံမုန့်က သူတို့နှစ်ယောက်အားထက်တွန့်တက်လိုက်

သည်။

“ဟားဟား..လူအိုကြီးယွဲ့ ခင်ဗျားတော့ ကောင်မလေးကို ခြောက်လှန့်သလိုဖြစ်နေပြီဗျ”

လုံမုန့်၏ အမူအယာအား မြင်တွေ့လိုက်ရသောအခါတွင် ဝူရှောင်းယွင်က ရယ်မောလိုက်သည်။

“ကောင်းပြီ..လုံမုန့်က ကြောက်တတ်တဲ့သူပဲ…ခင်ဗျားတို့နှစ်ယောက်စကားပြောတာတော်သင့်ပြီ”

ရှစ်ဖုန့်က ထိုနှစ်ယောက်အားပြောလိုက်သည်။

“ကိုကြီးရှစ်ဖုန့်ကသာ အကောင်းဆုံးပဲ…ဦးလေးတို့နှစ်ယောက်ကိုလျစ်လျူရှုလိုက်တော့မယ် ”

လုံမုန့်က ရှစ်ဖုန့်နားသို့ကပ်လာခဲ့ပြီး  ယဲ့ဝူရှင်းနှင့် ဝူရှောင်းယွင်တို့အား မျက်စောင်းထိုးလိုက်သည်။

“ဟွန့်”

ထို့နောက်သူမက သူတို့နှစ်ယောက်အားနှာခေါင်းရှုံ့လိုက်၏။

“အား..သ…သရဲရှိတယ်”

ထိုအချိန်တွင် ရှေ့ဘက်မှနေ၍ အော်သံတစ်ခုထွက်ပေါ်လာသည်။  လုံမုန့်သည်လည်းတုန်လှုပ်သွားခဲ့သည်။ သူမကရှစ်ဖုန့်နားသို့ထပ်မံတိုးကပ်လိုက်ပြီး ရှစ်ဖုန့်၏ လက်မောင်းအားဆုပ်ကိုင်ထားလိုက်သည်။  သူမ၏ နူးညံ့သောခန္ဓာကိုယ်လေးကရှစ်ဖုန့်၏ ကိုယ်အားဖိကပ်ထား၏။

“သရဲလား”

ရှစ်ဖုန့်က ရှေ့သို့ကြည့်ပြီးနောက်ပြောလိုက်သည်။

“ငါတော့သရဲတစ်ကောင်ကို တွေ့နေရတယ်လို့ထင်တယ်….ဘာလို့နေရာတိုင်းမှာအဲ့လူကိုတွေ့နေရတာလဲ”

ပျံသန်းလာနေသောအပြာရောင်ပုံရိပ်အားကြည့်နေရင်း၎င်းမှာ ပန်းကြွေဓားလီလျိုရှင်းဖြစ်နေသည်ကိုတွေ့

လိုက်ရသည်။

ဤအချိန်တွင် လီလျိုရှင်းမှာ  သူ၏ ဓားအား လက်နှစ်ဖက်ဖြင့်ပိုက်ထားဆဲဖြစ်သည်။ သူ၏ အဝတ်အစားများကရွဲ့စောင်းနေပြီး သူ၏ မျက်နှာထက်တွင်ကြောက်လန့်ထိပ်ပျာမှု စိတ်ပျက်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူက နောက်ဆုံးတွေ့ခဲ့သောအချိန်၌ ရှစ်ဖုန့်သူ့အားပေးထားသော အနက်ရောင်လင်းနို့ပေါ်တွင်ရပ်နေသည်။ သူကသူ့အောက်ရှိလင်းနို့အား မောင်းနှင်၍ လေကိုထိုးခွင်းပျံသန်းလာပြီး ရှစ်ဖုန့်ထံသို့လျှင်မြန်စွာချဉ်းကပ်လာသည်။

“သူပြည့်တန်ဆာတစ်ယောက်နဲ့များတွေ့လာတာများဖြစ်နိုင်မလား”

ဝူရှောင်းယွင်က ချဉ်းကပ်လာသောလီလျိုရှင်းအားကြည့်ကာ မေးလိုက်သည်။

‌

ထိန့်လန့်ကြောက်ရွံ့နေသောလီလျိုရှင်းကရှေ့ကိုကြည့်လိုက်ပြီး သူ၏မျက်လုံးတို့ရုတ်တရက် အရောင်လက်သွားသည်။

“အား..ဟား..ဟား..ဟား..အဟား.ဟား…ဟား….ညီကိုရှစ်ပဲကွ…ညီကိုရေ..ငါ့ကိုကယ်ပါအုံး

ဟ”

“ကိုကြီးရှစ်ဖုန့် ဘယ်လိုဖြစ်ပြီးတော့ ဒီလိုလူနဲ့သိနေရတာလဲ”

သူမ၏ရှေ့ရှိစုတ်ပြတ်သက်နေသောလီလျိုရှင်းအားကြည့်ကာလုံမုန့်က မနှစ်မြို့မှုအပြည့်ဖြစ်ပျက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ညီကိုရှစ်…ဒီအကိုနဲ့..ဒီအကိုကြီးတို့ညီအကိုတို့ကိုတွေ့ရတာအရမ်းကောင်းတာပဲ”

လီလျိုရှင်းက ရှစ်ဖုန့်နှင့်အခြားသူများ၏ ရှေ့တွင်ရပ်တန့်လိုက်သည်။ သူကရှစ်ဖုန့်၊ယဲ့ဝူရှင်းနှင့်ဝူရှောင်ယွင်တို့အား

ကြည့်လိုက်သည်။  သူ၏လေသံနှင့်အသွင်အပြင်ကသူတို့မှာတစ်

ယောက်နှင့်တစ်ယောက် အရမ်းကိုရင်းနီးမှုရှိကြသကဲ့သို့ပင်ဖြစ်သည်။

“ဒီလူကဘယ်သူလဲ"

ဝူရှောင်းယွင်ကသူ့ရှေ့ရှိသူနှင့်အရမ်းကိုရင်းနှီးပုံရသောသူအားကြည့်လိုက်သည်။  သူဘယ်လောက်ပင်ကြိုးစားသည်ဖြစ်စေ သူ့အနေဖြင့်ဤလူအား မမှတ်မနိုင်ဖြစ်နေသည်။

“မင်းကဘာလို့ဒီမှာရှိနေတာလဲ”

ရှစ်ဖုန့်ကလီလျိုရှင်းကိုကြည့်၍ ပြောင်းလဲမှုမရှိသောအမူအယာဖြင့်မေးလိုက်

သည်။

“အာ.ဟုတ်သား”

ရှစ်ဖုန့်၏စကားလုံးတို့က သူ့အားလှုပ်နှိုးလိုက်သကဲ့သို့ဖြစ်သည်။ သူကအလျှင်အမြန်တုန့်ပြန်ပြောဆိုလိုက်သည်။

“ငါခုဏကတုံးကသရဲတစ်ကောင်လိုက်ဖမ်းတာကိုခံနေရတာ….အဲ့တာကအရမ်းကိုသီသီလေးမှ သီသီလေးပဲ”

လီလျိုရှင်းမှာ သူ၏နှလုံးသားထဲတွင်အကြောက်တရားတို့ကျန်ရစ်နေသေးသည်။ သူကနောက်သို့လှည့်ကြည့်လိုက်ပြီးသည့်

နောက် သူ့အားမည်သူမျှလိုက်ဖမ်းခြင်းမရှိသည်ကိုတွေ့လိုက်ရသည်။ ထို့နောက်သူကပြန်လှည့်လိုက်ပြီး စိတ်သက်သာရာရစွာဖြင့်တိတ်တဆိတ်သက်

ပြင်းချလိုက်သည်။

“သရဲတစ်ကောင်လိုက်ဖမ်းတာလား….အဲ့လိုဖြစ်မဲ့ပုံလည်းမပေါ်ဘူး”

လီလျိုရှင်း၏ ရှုပ်ပွနေသောအဝတ်အစားများအားကြည့်ကာ ရှစ်ဖုန့်ကပြောလိုက်သည်။

“ဟူး.”

လီလျိုရှင်းမှာပြောမပြနိုင်အောင်ထူးခြားသော အတွေ့အကြုံကိုခံစားလိုက်ရသကဲ့သို့ သက်ပြင်းရှည်ကြီးကိုချလိုက်သည်။ သူကသက်ပြင်းချပြီးပြောလိုက်သည်။

“ပြောရရင် ဇတ်လမ်းကအရှည်ကြီးပဲ…. ငါကအရမ်းချောနေလို့လည်းဖြစ်နိုင်တယ်… တစ်ခါတစ်လေကျရင်လေ ဓားကိုသုံးပြီးတော့ငါ့ရဲ့ဒီချောမောလှပတဲ့မျက်

နှာကိုသာ လှီးဖြတ်လိုက်ပစ်ချင်တယ်”

“ခွီး..”

လုံမုန့်မှာလီလျိုရှင်း၏ စကားအားကြားလိုက်ရသောအခါတွင် တိုက်ရိုက်ကိုရယ်မောမိလိုက်သည်။

“ဒီအလှလေးကဘယ်သူပါလိမ့်”

လီလျိုရှင်းကလုံမုန့်ကိုကြည့်လိုက်ပြီးနောက် သူ၏ ရှုပ်ပွနေသောအဝတ်အစားများအား သေသေသပ်သပ်ပြင်ဆင်လိုက်သည်။ သူ၏ မျက်နှာကရုတ်တရက်ပိုပြီးလေးနက်လာပြီး

နောက် လေးလေးနက်နက်ပြောဆိုလိုက်သည်။

“ဘာလို့ငါ ဒီလိုမျိုးကိုတွေ့ကြုံခဲ့ဖူးတယ်လို့အရမ်းကိုပြင်း

ပြင်းထန်ထန်ခံစားနေရတာပါလိမ့်”

“ရှင်ကျွန်မကိုသိလို့လား”

လုံမုန့်က ရုတ်တရက်ဤကဲ့သို့ပြောင်းလဲသွားသော လီလျိုရှင်းကိုကြည့်လိုက်ပြီး  လီလျိုရှင်း၏ စကားတို့အားကြားပြီးသည့်နောက်တွင် သိချင်စိတ်ဖြင့်မေးလိုက်မိသည်။

လီလျိုရှင်းက ရုတ်တရက် သွားပေါ်အောင်ရယ်မောလိုက်ပြီး နာကျင်မှုအပြည့်ဖြင့်အမူအယာကိုဖော်ပြလိုက်သည်။  သူက အသက်ခပ်ပြင်းပြင်းတစ်ချပ်ရှူလိုက်ပြီး သူ့ခေါင်းကိုခါယမ်း၍ပြောလိုက်၏။

“ဆင်တူတယ်..တကယ်ကြီးကိုဆင်တူတာ….ကံဆိုးချင်တော့ သူမကိုဒီဘဝမှာ ထပ်ပြီးဘယ်တော့မှငါပြန်မတွေ့ရတာဖူးဆိုတာကိုငါသိနေခဲ့တယ်…..ငါ့ရဲ့အချစ်ရဆုံးသောသူ…”

“အာ..”

လုံမုန့်မှာလီလျိုရှင်း၏စကားတို့အား ကြားလိုက်ရသောအခါတွင် ရုတ်တရက်အံ့အားသင့်တုန်လှုပ်သွားခဲ့သည်။

“သူဘာဖြစ်ခဲ့လို့လဲ”

လီလျိုရှင်းမှာဆက်လက်၍ ပြောလိုသော်လည်း ရှစ်ဖုန့်၏ အေးစက်စွာကြားဖြတ်ဟန့်တားမှုကိုခံလိုက်ရ

သည်။

“တော်လောက်ပြီ”

ချက်ခြင်းရှစ်ဖုန့်၏ကိုယ်မှ လူသတ်ရောင်ဝါတို့ စီးဆင်းထွက်ပေါ်လာသည်။

“အာ..”

လီလျိုရှင်းမှာအားနည်းစွာတုန့်ပြန်လိုက်ပြီးနောက်ဘာမှထပ်မံ၍ပြောခြင်းမရှိတော့ပေ။

“လမ်းကိုမပိတ်ထားနဲ့”

ရှစ်ဖုန့်ကပြေလိုက်သည်။

“အာ..”

လီလျိုရှင်းကသူ့အောက်ရှိလင်းနို့ကိုမောင်းနှင်လိုက်ပြီး နာခံစွာဖြင့်ဘေးဖယ်ပေးလိုက်သည်။

“သွားစို့”

ရှစ်ဖုန့်ကကျန်သုံးယောက်ကိုပြေလိုက်သည်။ ထို့နောက်သူတို့လေးယောက်သားနောက်တစ်

ကြိိမ်ထပ်မံ၍ လေကိုထိုးခွင်းပြီး ရှေ့သို့ပျံသန်းသွားသည်။ ညကောင်းကင်ယံထဲတွင် လီလျိုရှင်းတစ်ယောက်သာသူ့အောက်ရှိလင်းနို့နှင့်အတူကျန်ရစ်နေခဲ့သည်။

ည၏လေအေးတို့ကတစ်ဟူးဟူးတိုက်ခတ်နေ

၏။

“အား”

လီလျိုရှင်းမှာရုတ်တရက် တစ်စုံတစ်ခုအားသဘောပေါက်သွားပုံရပြီး  သူ့အောက်ရှိလင်းနို့အား အလျင်အမြန်မောင်းနှင်၍  ရှစ်ဖုန့်နောက်သို့လိုက်ကာအော်ပြောလိုက်

သည်။

“ညီကိုရှစ်..ငါ့ကိုစောင့်ပါအုံး..ငါတစ်ယောက်

တည်းကျန်ခဲ့တာ ..ငါကြောက်လို့ပါ..ငါကြောက်လို့ပါဟ… ညီကိုတို့ရ ငါ့ကိုစောင့်ကြပါအုံး…ငါလီလျိုရှင်းကညီအကိုတွေအပေါ်မှာအမြဲတမ်း သစ္စာရှိတဲ့သူပါ…မင်းတို့ငါ့ကိုသဘာကျသင့်ပါတယ်”

ပုံရိပ်တို့က အကွာအဝေးတစ်ခုအတွင်းဖြည်းဖြည်းချင်း

ပျောက်ကွယ်သွားသည်။ ရုတ်တရက် အနီရောင်ပုံရိပ်နှစ်ခုက အမှောင်ထုအောက်တွင်ပေါ်လာသည်။ သူတို့၏အော်ကတွင် မှင်ကဲ့သို့နက်နက်မှောင်သော နတ်ဆိုးသားရဲတစ်ကောင်ရှိ၏။

“စီနီယာအမ ညီမလေးတို့ဘာလုပ်ကြမတုံး….အဲ့သူတောင်းစားကထွက်ပြေးသွားပြီ… အဲ့တာကအရမ်းကိုလွယ်လွန်းတယ်”

နှစ်လိုဖွယ်ကောင်းသောအသံလေးတစ်ခုက

ပြောလိုက်သည်။

“စိတ်မပူပါနဲ့ တို့တစ္ဆေဂိုဏ်းရဲ့ အမှတ်အသားကိုအဲ့သူတောင်းစားပေါ်မှာ အမတိတ်တိတ်ဆိတ်ထားထားပြီးပါပြီ…သူကမ္ဘာကြီးရဲ့ အဆုံးထိပြေးမယ်ဆိုရင်တောင်  တို့တွေသူ့ကိုလိုက်ဖမ်းနိုင်လိမ့်မယ်… အဲ့မှာ အင်ပါယာနယ်ပယ်သုံးယောက်ရှိနေတယ်… သူတို့ကိုစော်ကားတာက တို့အတွက်မကောင်းဘူး…အထူးသဖြင့်အဲ့လူ

ငယ်လေးပဲ…ခုဏတုံးကသူတို့တွေပုန်းနေတဲ့နေရာကို အကြိမ်အများကြီးကြည့်နေခဲ့တယ်.. သူအမတို့ကိုရှာတွေ့သွားတယ်လို့ အမခံစားရတယ်”

အနည်းငယ်အသက်ကြီးသောအမျိုးသမီးက

ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး…ညီမလေးတို့တစ္ဆေဂိုဏ်းရဲ့ ဖုံးကွယ်ခြင်းပညာရပ်က ကမ္ဘာကြီးမှာပြိုင်ဘက်ကင်းပဲလေ….အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်နေရင်တောင် ဘယ်လိုလုပ်ပြီးဖောက်မြင်နိုင်ဖို့ဆိုတာ

ကဖြစ်နိုင်မှာလဲ”

“အမအတွေးလွန်နေတာဖြစ်နိုင်လောက်မယ်.. သူတို့တွေက တို့တွေထက်ပိုအစွမ်းထက်တာကြောင့် သူတို့တွေရှာတွေ့တာနဲ့ တို့တွေကို တိုက်ခိုက်သင့်တယ်…

ရှစ်ဖုန့်က လီလျိုရှင်းပြောသော “သရဲ”ဆိုသည်များအားရှာတွေ့ခဲ့ပြီးသည်မှာအမှန်ပင်ဖြစ်သည်။ သူ့အနေဖြင့်အရေးမပါသောကိစ္စတို့အပေါ်တွင်အာရုံစိုက်စိတ်ရှုပ်မခံနိုင်ပေ။ ထိုလီလျိုရှင်းမှာသဲကန္တာရထဲတွင် မသတီစရာကိစ္စရပ်များအားကျူးလွန်ပြီး

ခဲ့ပြီးဖြစ်ပြီး ယခုအခါတွင်လည်းသူ၏ အဝတ်များကရှုပ်ပွနေသည်။

ဤသူတောင်းစားနှင့်ပက်သက်၍ ဘာကောင်းတာများဖြစ်နိုင်ပါမည်နည်း။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters