← Chapters

အပိုင်း(၂၀၃)

Vol. 14 Ch. 203

အပိုင်း(၂၀၃)

Vol. 14 Ch. 203

“တွေးကြည့်လိုက်မယ်ဆိုရင်  ငါလီလျိုရှင်းက တရားမျှတမှုကိုမြတ်နိုးတဲ့ သူတစ်ယောက်ပေါ့….အဲ့အချိန်တုံးကဆိုရင် ငါနဲ့ ဒါဇင်ပေါင်းများစွာသော ညီအကိုတွေဟာ မီးတွေရေတွေကိုအတူတူဖြတ်ကျော်ခဲ့ကြတယ်… ငါတို့တွေကိုဘက်ပေါင်းစုံကနေပြီးတော့ အစွမ်းထက်သန်မာတဲ့ ရန်သူတွေက ဝိုင်းထားကြပေမဲ့ ငါကတော့ အားလုံးကိုဂရုစိုက်ခဲ့ခြင်းမရှိခဲ့ဖူး. လူတစ်ယောက်နဲ့ ဓားတစ်ချောင်း ….ငါဟာ ငါ့ညီကိုတွေကိုဝိုင်းထားတာကနေထိုးဖောက်ဖို့အတွက် တိုက်ခိုက်ခဲ့တယ်… တိုက်ပွဲအတွင်းမှာ ငါ လီလျိုရှင်းဟာ ဓားဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်.. စုစုပေါင်းဓားဒဏ်ရာသုံးရာနဲ့ရှစ်ခုတိတိရရှိခဲ့ပေမဲ့  ငါဟာ ငါ့ညီအကိုတွေကိုကာကွယ်ပေးနိုင်ခဲ့တယ်… သူထို့ထဲက တစ်ယောက်လေးတောင်မှ ဓားဒဏ်ရာတစ်ချက်မရခဲ့ကြဘူး”

လမ်းတစ်လျှောက်တွင်လီလျိုရှင်းကလိုက်ပါလာပြီး စကားများနေသည်။ သူစကားပြောသည့်အချိန်တွင် သူ၏ အမူအယာက  အရမ်းကိုစစ်မှန်လွန်းပြီး တကယ့်ကိုတုန်လှုပ်ဖွယ်စိတ်ဝိညာဉ်အား နှိုးကြွစေဖွယ်ဖြစ်ရပ်တစ်ခု အမှန်တကယ်ပင်ဖြစ်ပျက်ခဲ့သည့်နှယ်ပင်

ထင်မှတ်ရစေသည်။

“ဒါပေမဲ့ဘာလို့ကျွန်မ အဲ့ဒဏ်ရာဒဏ်ချက်တွေကို မမြင်တွေ့ရတာလဲ…လက်တွေ့ကျကျပြောရ

မယ်ဆိုရင် ဒီလောက်ဓားဒဏ်ရာတွေအများကြီးနဲ့ရှင့်လက်တို့မျက်နှာတို့မှာဒဏ်ရာဒဏ်ချက်အနည်းငယ်

တော့ ကျန်ရစ်နေခဲ့သင့်တယ်….”

လမ်းတစ်လျှောက်လုံးတွင်လုံမုန့်တစ်ယောက်သာလျှင် သူ့အား အာရုံစိုက်မှုပြုလုပ်၏။

“အမ်….အဲ့အချိန်တုံးက ငါက ငါ့ရဲ့ချောမောတဲ့မျက်နှာလေးနဲ့ ဒီချို့ယွင်းချက်မရှိတဲ့လက်တစ်စုံကိုဘယ်လိုကာကွယ်ရမလဲပဲတွေးနေခဲ့တာလေ…ဒီတော့ ငါ့ရဲ့ သစ္စာရှိမှုနဲ့ တရားမျှတမှုကို မြတ်နိုးမှုကို  သက်သေပြမဲ့ အဲ့ဒဏ်ရာဒဏ်ချက်တွေအားလုံးက ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာပဲရှိတာပေါ့… ငါကအဝတ်တွေကိုဝတ်ထားလို့သာ အဲ့တာတွေကို မမြင်တွေ့နိုင်တာ….”

လီလျုရှင်းမှာ မျက်နှာပူခြင်း နှလုံးခုန်မြန်ခြင်းတို့လုံးဝမရှိပဲ  ပြောလိုက်သည်။

“အဲ့သလိုလား…ရှင်ပြောတာကိုကြားရသလောက်တော့ တော်တော်လေးကို အစွမ်းထက်ပဲပုံရှိတယ်”

လုံမုန့်ကပြောလိုက်သည်။

“ဒါက သာမန်ပါပဲ…ငါကဘယ်သူမို့လဲ….မင်းငါ့နမည်ကိုသိချင်မှသိမယ်ဆိုပေမဲ့ ပန်းကြွေဓားဆိုတဲ့ စကားလုံးသုံးလုံးကိုကြားရင်တော့ မင်းငါဘယ်သူဆိုတာကိုသိသင့်ပါတယ်… “

လီလျိုရှင်း ကစကားပြောရင်း ရုတ်တရက် သွားပေါ်အောင်ပြုံးလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်အထက်ရှိကောင်းကင်ထက်တွင် ပန်းပွင့်ချပ်များဖြင့်ပြည့်နှက်နေသည်။ အနီရောင်၊ အဝါရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မိုးပြာရောင်…….ပွင့်ချပ်တိုင်းတွက် သေးငယ်သောကွာဟချက်တစ်ခုရှိပြီး ပန်းကြွေဓားကဲသို့ထင်မှတ်ရစေသည်ဖြစ်သည်။

“ပန်းကြွေဓားလီလျိုရှင်းတဲ့လား….ကျွန်မတစ်ခါမှ အဲ့နမည်ကိုမကြားဖူးဘူး..”

လုံမုန့်က ခဏမျှတွေးလိုက်ပြီးနောက် ရိုးသားစွာပင်ဖြေကြားလိုက်သည်။

လုံမုန့်၏ စကားများက ကောင်းကင်ထဲရှိ ပွင့်ချပ်များအားပျောက်ကွယ်သွားစေသည်။ လီလျိုရှင်းကသက်ပြင်းချလိုက်သည်။

“မင်းကအရမ်းငယ်သေးတာကိုး….ငါ့ရဲ့ ပန်းကြွေဓားနမည်က ကမ္ဘာကြီးကို လှုပ်ခါစေတဲ့အချိန်တုံးကဆိုရင် မင်းရှိတောင်ရှိအုံးမှာမဟုတ်သေးဘူး”

“အင်း…..”

လုံမုန့်က အားပျော့စွာပြန်ဖြေလိုက်သည်။

“ရှောင်းယွင် တို့တွေ ထျန်းမြောင်အင်ပါယာကို ရောက်ဖို့အတွက်  ဘယ်လောက်ကြာအုံးမလဲ..”

ရှစ်ဖုန့်က ဝူရှောင်းယွင်ကိုမေးလိုက်သည်။

ဝူရှောင်းယွင်က အောက်ရှိမြေပြင်ကို ငုံ့ကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်ကိုကြည့်၍ ပြောလိုက်သည်။

“ကျွန်တော်တို့တွေအခု ဝူယွဲ့တောင်တန်းကို ရောက်နေပါပြီ ကျွန်တော်တို့ရဲ့ လက်ရှိအမြန်နှုန်းနဲ့ဆိုရင် ထျန်းမြောင်အင်ပါယာကိုရောက်ဖို့အတွက် နေ့တစ်ဝက်လောက်အခြေအနေယူရပါမယ်”

“နေ့တစ်ဝက်လား”

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ကောင်းပြီ..သွားကြစို့”

“ညီအကိုရှစ် မင်းတို့တွေ ထျန်းမြောင်အင်ပါယာကိုသွားကြမလို့လား”

သူတို့၏နောက်မှလိုက်ပါလာသောလီလျိုရှင်းမှာ နောက်ဆုံးတွင် သူတို့ဘယ်ကိုဦးတည်နေသည်ဆိုသည်အားသိသွားခဲ့သည်။

“ဘာဖြစ်လို့လဲ”

ရှစ်ဖုန့်က မေးလိုက်သည်။

“မင်းလည်းပဲ သတင်းတွေကိုရထားလို့များဖြစ်နိုင်မလား…

ထျန်းမြောင်အင်ပါယာရဲ့ ဟန်ရွှင်း မြို့အပြင်ဘက်မှာ  ကောင်းကင်နဲ့မြေကြီးရဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်နေတယ်တဲ့….မကြာခဏဆိုသလို သွေးနီရောင်အလင်းတွေဖျက်ခနဲဖျက်ခနဲလင်းလက်နေပြီး ရတနာအမျိုးအစားတစ်ခုခုမွေးဖွားလာသလိုမျိုးပဲလို့ပြောကြတယ်….သွေးနီရောင်အလင်းက မကောင်းတဲ့ နမိတ်လက္ခဏာလို့ပြောကြတဲ့သူတွေလည်း

ရှိတယ်….”

လီလျိုရှင်းကပြောလိုက်သည်။

“သွေးနီရောင်အလင်းလား”

လီလျိုရှင်း၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ သူက ထျန်းမြောင်အင်ပါယာသို့လင်အာကိုရှာပြီး ယွင်လိုင်အင်ပါယာသို့ပြန်ခေါ်သွားရန်သာလာ

ခဲ့ခြင်းဖြစ်ပြီး ထိုအကြောင်းအား သိရှိထားခြင်းမရှိပေ။

“ကောင်လေး…တစ်ချက်သွားပြီးကြည့်ရအောင်…”

ဤအချိန်တွင်ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိ‌ ကောင်းကင်မီးတောက်ကပြောလိုက်သည်။

“အဲ့တာက သွေးပန်းခက်မျိုးနွယ်က တစ်ခုခုများထပ်ပြီး ဖြစ်နေနိုင်မလား”

ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ သို့သော်၎င်းက သွေးပန်းခက်မျိုးနွယ်စုမှ ရတနာတစ်ခုတကယ်ဖြစ်နေခဲ့လျှင်  ၎င်းအတွက်မဖြစ်မနေတိုက်ခိုက်ဖို့လိုအပ်လာ

ပြီဖြစ်သည်။ သူအစောပိုင်းက ကာလများကသိခဲ့ရသလောက်ဆိုလျှင် သူနှင့်အတူရှိနေသော ရတနာနှစ်ခုက တစ်ချိန်က နတ်ဘုရားအဆင့်တည်ရှိမှုမျိုးများဖြစ်ခဲ့

သည်ဖြစ်သည်။

ထို့အပြင် ယွင်လိုင်အင်ပါယာနှင့် ထျန်းမြောင်အင်ပါယာတို့မှာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည်။ သွေးပန်းခက်မျိုးနွယ်စု၏ အခြားသောရတနာတစ်ခုက ထျန်းမြောင်အင်ပါယာ၌ ကျန်ရှိနေခဲ့ခြင်းမှာ ထူးဆန်းသောအရာတော့မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ၎င်းက ကောင်းကင်နှင့်မြေကြိီး၏ ထူးဆန်းသောဖြစ်ရပ်များအားဖြစ်စေသည်

ဆိုလျှင် ၎င်းမှာ ပြိုင်ဘက်ကင်းရတနာတစ်ခုဖြစ်ရမည်ဖြစ်သည်။၎င်းမှာ ထျန်းမြောင်အင်ပါယာအတွင်းသို့ဝင်ရောက်ရန်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ ထို့ကြောင့်သူ့အနေဖြင့်၎င်းအားမလွဲချော်နိုင်ပေ။

ယခုအချိန်၌ သူလုပ်ဖို့အလိုအပ်ဆုံးသောအရာမှာ စွမ်းအားများအား ပိုမို၍ ရရှိလာရန်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ထျန်းမြောင်အင်ပါယာမှ ဖျောင်ရှဂိုဏ်းက လုံချန်ထံမှာ လင်အာကို အတင်းအကျပ်ခေါ်ဆောင်သွားခဲ့သည်။ သူထို့နေရာသို့သွားမည်ဆိုလျှင် တိုက်ပွဲတစ်ခုကမုချဖြစ်လိမ့်မည်ဖြစ်သည်။

တကယ်တော့သူသည်လည်း အလွယ်ကာရောလုပ်တတ်သူတစ်ယောက်

မဟုတ်ပေ။ အမှိုက်ဂိုဏ်းတစ်ခုက လင်အာအားကောင်းကောင်းဆက်ဆံလျှင် သူသနားညှာတာပေးလိမ့်မည်ဖြစ်သည်။

အကယ်၍ ခေါ်သွားသူက သူ၏ တစ်ဦးတည်းသောညီမလေးဖြစ်သူအား အရှက်ခွဲစော်ကားရဲသည်ဆိုလျှင် သူ့အနေဖြင့်သူ၏ဓားဖြင့် ၎င်း၏ တစ်မျိုးလုံးကိုမျိုးဖြုတ်ပစ်မည့်အပြင်

ဖျောင်ရှဂိုဏ်း၏သွေးဖြင့်လည်း ဆေးကြောခြင်းကိုပြုလုပ်ရလိမ့်မည်ဖြစ်သည်။

ထို့အပြင် ထိုထျန်းမြောင်အင်ပါယာ၏ စိတ်ကြီးဝင်နေသော ဧကရာဇ်၊အိမ်ရှေ့စံမင်းသားကျင်းလွေနှင့်

ပုမိသားစုတို့လည်းရှိနေသေးသည်ဖြစ်သည်။ လုံရှင်းနှင့်ထိုသခင်လေးပုဆိုသူတို့က ယွင်လိုင်အင်ပါယာတွင်အသတ်ခံလိုက်ရပြီး လုံချန်က ထီးနန်းကိုဆက်ခံခဲ့သည်။သူတို့အနေဖြင့်ယွင်

လိုင်အင်ပါယာအား အေးအေးဆေးဆေးတော့လွှတ်ထားလိမ့်မည်မဟုတ်ပေ။ဤအမှိုက်များကိုလည်း သူကိုယ်တိုင်ပင်သွားရောက်၍ တွေ့ဆုံရလိမ့်မည်ဖြစ်သည်။

“ဝူလေး …မင်းရဲ့အမူအယာက ရုတ်တရက်ကြီးပြောင်းလဲသွားတယ်လို့ငါခံစားရတာပါလိမ့်…မင်းဘာလို့ဘာမှမပြောတော့တာလဲ…မင်းစိတ်ထဲမှာတစ်ခုခုတော့ရှိနေတဲ့ပုံပဲ ဟုတ်တယ်မလား”

ဤအချိန်တွင်ယဲ့ဝူရှင်းက ဝူရှောင်းယွင်ကိုကြည့်၍ ရုတ်တရက်ပြောလိုက်သည်။

“ဟီးဟီး…ဘာမှမရှိပါဘူး”

ဝူရှောင်းယွင်က လှည့်၍ ပြုံးပြကာ ယဲ့ဝူရှင်းကိုပြောလိုက်သည်။

“မင်းရဲ့စိတ်ထဲဘာမှမရှိဘူးသာပြောတယ်..

ငါမင်းအပြုံးကနေခါးသီးမှုတွေမြင်နေရတယ်…

ဘာဖြစ်လို့လဲ”

ယဲ့ဝူရှင်းကထပ်မံ၍ မေးလိုက်သည်။

“ဟားဟား..အဲ့သလိုလား”

ဝူရှောင်းယွင်က ခါးသက်စွာရယ်မောလိုက်ပြီး သက်ပြင်းတစ်ခုမချခင် သူ၏လက်ကိုဆန့်ထုတ်၍ သူ့မျက်နှာကိုထိလိုက်သည်။

“ဟူး”

ဤအချိန်တွင် ရှစ်ဖုန့်ကလည်း သတိပြုမိသွားပြီးမေးလိုက်သည်။

“ဘာတွေဖြစ်ခဲ့လို့လဲ”

“ဘာလို့ဆိုရင် အဲ့နေရာကို ရောက်တော့မှာမို့လို့ပါ”

ဝူရှောင်းယွင်ကပြောလိုက်သည်။ သူ၏ မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုတို့ဖြင့်ပြည့်နှက်နေပြီး  အောက်သို့သက်ဆင်းလိုက်သည်။

အရှစ်ဖုန့်နှင့်အခြားသူများကလည်း ဝူရှောင်းယွင်နောက်သို့လိုက်ပါပြီး အောက်သို့ဆင်းသက်လိုက်ကြသည်။ သိပ်မကြာခင်တွင် သူတို့မှာ ဝူရှောင်းယွင်နောက်သို့လိုက်ပါ၍ တောင်ထိပ်တစ်ခုပေါ်သို့ရောက်ရှိလာသည်။  တောင်ထိပ်တွင် ပေါင်းပင်များက တောထနေပြီး  ပေါင်းပင်များကြားထဲတွင် သင်္ချိုင်းမြေပုံတစ်ခုက ထီးထီးရပ်တည်နေသည်။ ညအမှောင်ထဲတွင်  ညလေပြေက တဖြူးဖြူးတိုက်ခတ်နေပြီး  ပုံမှန်ထက်ပို၍ ပင် ညအချိန်က တိတ်ဆိတ်နေသယောင်ထင်မှတ်ရသည်။  သင်္ချိုင်းမြေပုံသည်လည်း ပေါင်းပင်များဖုံးလွှမ်းနေသည်။

ရှစ်ဖုန့်နှင့်တစ်ခြားသောသူများက ကြည့်လိုက်ကြသည်။

ကျောက်တုံးပြားပေါ်တွင် “ချစ်လှစွာသောဇနီး ယွဲ့ချင်”ဟူ၍ စကားလုံးတို့ရေးထွင်းထား၏။ အောက်တွင် ရေးထိုးထားသော စကားလုံးက “ယောက်ျားဝူရှောင်းယွင်”ဟူ၍ ဖြစ်သည်။

ဝူရှောင်းယွင်၏ဒေါင်မြင့်မြင့်ပုံရိပ်က သင်္ချိုင်းမြေပုံ၏ရှေ့တွင်ရပ်လိုက်သည်။

သူက ညင်သာစွာပြောလိုက်၏။

“ချင်လေး…မင်းယောက်ကျားမင်းကိုတွေ့ဖို့အတွက်ရောက်လာတယ်”

ရှစ်ဖုန့်နှင့် အခြားသောသူများက ဝူရှောင်းယွင်နှင့်သိပ်မဝေးလှသော နေရာတွင်ရပ်နေကြသည်။ သူတို့အနေဖြင့်ဘာမှပြောကြားခြင်းမှရှိသလို ဝင်ရောက်စွတ်ဖတ်ခြင်းလည်းမရှိကြချေ။

ဝူရှောင်းယွင်၏ ညင်သာသောအသံက ဆက်လက်၍ပြောဆိုသည်။

“ချင်လေး ဒီနေရာမှာ မင်းတစ်ယောက်တည်း အထီးကျန်နေတယ်မလား…ဒါပေမဲ့ မင်းယောက်ျားဖြစ်သူကတော့ မင်းနဲ့အတူ နေ့တိုင်း အဖော်ပြုမပေးနိုင်ခဲ့ဘူး… မင်းရဲ့ယောက်ျားအရမ်းကို ကြိုးကြိုးစားစားလုပ်ဆောင်နေခဲ့တာကြောင့်ပါ…အဲ့သူတောင်းစား …မင်းယောက်ျား သူ့ကိုလုံးဝအလွတ်မပေးဘူး… မင်းရဲ့ယောက်ျားက သေချာပေါက် မင်းအတွက်လက်စားချေပေးမယ်…မင်းယောက်ျား မင်းကိုအရမ်းလွမ်းတာပဲ ချင်လေးရယ်”

ဝူရှောင်းယွင်မှာ စကားပြောနေရင်းရုတ်တရက်ငိုကြွေးလိုက်သည်။ဤကဲ့သို့ကြံ့ခိုင်သန်မာသော ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်တွင်  ဤကဲ့သို့ အားနည်းသောဘက်ခြမ်းတစ်ခုရှိနေလိမ့်မည်ဟု မည်သူမျှမထင်ထားခဲ့ကြချေ။

ဝူရှောင်းယွင်က ငိုကြွေးနေရာမှရပ်တန့်လိုက်သည်။ အေးစက်သောညလေညှင်းကြောင့်  ပတ်ဝန်းကျင်ရှိ ပေါင်းပင်တို့မှာ ယိမ်းနွဲ့ကခုန်နေကြသည်။ ဝူရှေုာင်းယွင်၏ စကားလုံးတို့က အထီးကျန်သော ညအခါသမယနှင့် အထီးကျန်တောင်ကုန်းတို့တွင် ဟိန်းထွက်သွားသကဲ့သို့ပင်ဖြစ်သည်။ ယင်းမှာ အထီးကျန်ဆန်သောသင်္ချိုင်းမြေပုံလေးအောက်ရှိခန္ဓာကိုယ်မှာ ဝူရှောင်းယွင်အားပြန်လည်၍ တုံ့ပြန်သကဲ့သို့ပင်ဖြစ်လေသည်။

အချိန်တစ်ချို့ကြာမြင့်ပြီးသည့််နောက်တွင်  ညလေတိုက်ခတ်ခြင်းကလည်းရပ်တန့်သွားပြီး ဝူရှောင်းယွင်ကဖြည်းညှင်းစွာရပ်၍   လှည့်လိုက်ကာ သူ၏ ပုံမှန်အသွင်အပြင်အဖြစ်ပြန်ပြောင်းသွားခဲ့သည်။ သူကရုတ်တရက် လူအုပ်စု၏အလယ်တွင်ရပ်နေသော  ရှစ်ဖုန့်၏ရှေ့တွင်ဒူးထောက်ချလိုက်သည်။

“သခင်…ကျွန်တော့်ကို  အန္တိမရေခဲလှံပညာရပ်ကိုပေးအပ်ခဲ့ပြီး ပြင်းထန်တဲ့ မီးတောက်လောင်ကျွမ်းမှုကနေလွတ်မြောက်စေခဲ့ပြီးတော့ သေဆုံးတော့မဲ့ကျွန်တော်ရဲ့ဒီကိုယ်ကို

ဆက်လက်ရှင်သန်နေထိုင်နိုင်ခွင့်ပြုခဲ့တယ်… သခင်က ကျွန်တော့်ကို လက်စားချေဖို့မျှော်လင့်ချက်ကို ဆက်လက်ရှင်သန့်ခွင့်ပေးခဲ့တဲ့သူပါပဲ…

ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ဦးညွှတ်ဂါရဝပြုမှုကိုလက်ခံပေးပါ”

ဝူရှောင်းယွင်ကစကားပြောပြီးနောက် ရှစ်ဖုန့်အား နက်ရှိုင်းစွာ ဦးညွှတ်ဂါရဝပြုလိုက်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters