အပိုင်း (၂၀၄)
Vol. 14 Ch. 204
ဝူရှောင်းယွင်မှာ အစက တောင်တန်းပေါ်တွင်စွန့်ပစ်ခြင်းကိုခံခဲ့ရသော မိဘမဲ့ကလေးတစ်ယောက်ဖြစ်သည်။ သူ့အားမုဆိုးတစ်ယောက်က ကောက်ယူ၍ မုဆိုးအဖြစ်ပျိုးထောင်ပေးခဲ့သည်။ ဝူရှောင်းယွင်က သူ့မွေးစားဖခင်ဖြစ်သူကဲ့သို့မုဆိုး
တစ်ယောက်ဖြစ်လာခဲ့သည်။ သူနှင့် မုဆိုးကြီး၏သမီးဖြစ်သူတို့မှာ ကလေးဘဝကတည်းကငယ်ချစ်များဖြစ်ကြ၏။ သူတို့ကြီးပြင်းလာပြီးသည့်နောက်တွင် သူတို့သည် လင်နှင့်မယားလျှာနှင့်သွားဆိုသလို
ဖြစ်လာခဲ့သည်။
မုဆိုးအိုကြီးသေဆုံးပြီးသည့်နောက်တွင် သူတို့နှစ်ယောက်မှာတောင်တန်းထဲတွင်နေထိုင်ခဲ့ကြသည်။ ဝူရှောင်းယွင်မှာ မုဆိုးအိုကြီး၏ အမဲလိုက်ပညာရပ်များကိုအမွေဆက်ခံခဲ့ပြီး အသက်မွေးဝမ်းကြောင်းအတွက် မုဆိုးအလုပ်ကိုပင်ဆက်လက်လုပ်ကိုင်ခဲ့သည်။ သူ့မိန်းမဖြစ်သူယွဲ့ချင်ကတော့ အိမ်တွင်နေထိုင်ပြီး ချက်ပြုတ်လျှော်ဖွတ်ခြင်းနှင့်အခြားသောအိမ်မှုကိစ္စအဝဝကိုလုပ်ကိုင်သည်။ သူတို့၏ နေ့ရက်များကရိုးရှင်းပြီးပျင်းရိငြီး
ငွေ့ဖွယ်ကောင်းသော်လည်း သူတို့နှစ်ယောက်သားမှာပျော်ရွှင်စွာဖြင့်ပင်ဘဝကိုဆက်လက်ဖြတ်သန်းခဲ့ကြသည်။ ထို့အချိန်ကဝူရှောင်းယွင်မှာ သူ့ဘေး၌ သူ၏ ဇနီးဖြစ်သူရှိနေခဲ့လျှင် အရာအားလုံးလုံလောက်မှုရှိသည်ဟုပင်ခံစားခဲ့ရသည်။
သို့သော်ထိုပျော်ရွှင်ရသောနေ့ရက်များက အကြာကြီးမခံခဲ့ပေ။ ထိုနေ့မှာဝူရှောင်းယွင်အတွက်ရိုးရှင်း
လှသောအိမ်မက်ဆိုးတစ်ခုပင်ဖြစ်သည်။
ထို့နေ့က ဝူရှောင်းယွင်အမဲလိုက်ရာမှပြန်ရောက်လာသည့်အချိန်တွင် သူ၏ သစ်သားအိမ်လေး၏ အပြင်ဘက်၌ သူစိမ်းများရပ်နေသည်ကိုတွေ့လိုက်ရသည်။ အိမ်၏ အတွင်းထဲတွင်သူ၏ နှလုံးသားဖြစ်သူ ချစ်ဇနီးမှာ ရုန်းကန်လှုပ်ရှားအော်ဟစ်ငိုယိုနေသည်။ ဝူရှောင်းယွင်က အိမ်ဆီသို့ တစ်ဟုန်ထိုးပြေးသွားလိုက်သည်။ သို့သော်ထိုအချိန်က ဝူရှောင်းယွင်၏ ကျင့်ကြံမှုနယ်ပယ်မှာ စစ်သည်တော်နယ်ပယ်သာရှိသေး
သည်ဖြစ်သည်။ သူက အပြင်ဘက်တွင်ရှိနေသောထိုလူများ၏ ပြန်လည်ဆွဲခေါ်မှုကိုခံခဲ့ရပြီး ရိုက်နှက်ခံခဲ့ရသည်။ အဆုံးသတ်တွင် သူ့၌ တံခါးအား ကန်ကျောက်ရန် ခွန်အားတို့ဘယ်ကရောက်ရှိလာမှန်းမသိသော်လည်း သူ၏ခန္ဓာကိုယ်ကိုအသုံးပြု၍ တံခါးအားအပြင်းအထန်ချိုးဖြတ်ဖွင့်လိုက်နိုင်ခဲ့သည်။
ထိုအချိန်တွင် ဝူရှောင်းယွင်မှာ နှလုံးကြေကွဲဖွယ်မြင်ကွင်းတစ်ခုကိုမြင်
တွေိ့လိုက်ရသည်။ သူ၏ချစ်လှစွာသောဇနီးဖြစ်သူမှာ ထိုမကောင်းဆိုးဝါး၏ရုပ်ပျက်ဆင်းပျက်
စော်ကားဖျက်ဆီးမှုကိုခံနေရ၏။ သူမ၏မျက်နှာထက်တွင် ခံပြင်းမှု ဝမ်းနည်းပူဆွေးသောကရောက်မှု
တို့ဖြင့်ပြည့်နှက်နေသည်။ သူမ၏ဆံပင်များမှာရှုပ်ပွနေပြီး မျက်ရည်ပွင့်များက သူမ၏ ပါးပြင်ထက်သို့ကျဆင်းနေခဲ့သည်။ ထိုအချိန်တွင် အစေခံအုပ်စုက အပြင်းအထန်ရောက်ရှိလာခဲ့ပြီ သူ့အားမြေပြင်နှင့်ဖိကပ်ထားလိုက်သည်။ မကောင်းဆိုးဝါး၏ အမိန့်အောက်တွင် သူ၏ခေါင်းအားမော့ကာ မျက်လုံးများကိုအတင်းအကျပ်ဖွင့်၍ သူ၏ချစ်လှစွာသောဇနီးဖြစ်သူ မုဒိန်းကျင့်စော်ကားခံရသည့်ဖြစ်စဉ်
တစ်ခုလုံးအား သူ့အားနာကျင်အောင်ကြည့်ရှုစေခဲ့သည်။
သူတို့ထွက်ခွာသွားပြီးနောက်တွင် ပူပင်ကြောင့်ကြမဲ့သောရယ်သံများသာ
ကျန်ရစ်နေခဲ့သည်။ ထိုရယ်သံများကဝူရှောင်းယွင်အား အရှက်တကွဲအကျိုးနည်းမှုနှင့် ဖော်ပြ၍မရနိုင်သောနာကျင်မှုတို့ကိုအပြည့်အဝခံစားရစေသည်။ ယနေ့ထိတိုင် ဝူရှောင်းယွင်၏ နားထဲတွင် ထိုရယ်မောသံများအား ကြားနေရဆဲဖြစ်သည်။ အိပ်မောကျနေရာမှ ထိုချောက်ချားဖွယ် ရယ်မောသံများ
ကြောင့် ညလယ်ကြီးတွင် သူလန့်နိုးခဲ့ရသည့် အကြိမ်းပေါင်းကများစွာရှိခဲ့သည်ဖြစ်သည်။
ဝူရှောင်းယွင်က သူ့ဇနီးဖြစ်သူ၏ အိပ်ယာနားသို့ ခွေးသေတစ်ကောင်ကဲ့သို့တွားသွားခဲ့သောအခါတွင် သူ၏ ချစ်လှစွာသော ဇနီးဖြစ်သူမှာ သူမ၏လျှာအား သူမကိုယ်တိုင်ကိုက်ဖြတ်၍ ကိုယ့်ကိုယ်ကိုယ်သတ်
သေသွားခဲ့ပြီဖြစ်လေသည်။ ဝူရှောင်းယွင်မှာမိုးကောင်းကင်တစ်ခုလုံးပြိုကျလာသကဲ့သို့ ခံစားခဲ့ရသည်ဖြစ်သည်။ သူ၏ ပျော်ရွှင်မှု၊သူ၏ချစ်သူက ဖျက်ဆီးခံလိုက်ရသည်ဖြစ်သည်။ အရာအားလုံးအား ထိုမကောင်းဆိုးဝါးမှဖျက်ဆီး
သွားခဲ့ခြင်းဖြစ်သည်။
ဝူရှောင်းယွင်မှာကိုယ့်ကိုယ်သတ်သေရန်တွေးပြီး ချောက်ကမ်းပါးမှ ခုန်ချခဲ့သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ဆုံးဖြတ်
ထားခဲ့သည့် ဝူရှောင်းယွင်မှာ ချောက်ကမ်းပါးအောက်ရှိ အရိုးစိမ့်အောင်အေးသော စမ်းချောင်းတစ်ခုအတွင်းသို့ကျသွားခဲ့သည်။
အေးစက်လှသောစမ်းချောင်းထဲတွင် ဝူရှောင်းယွင်အရိုးစုတစ်ခုကိုတွေ့ရှိခဲ့သည်။ အရိုးခြောက်ဆီမှ အံ့ဖွယ်မီးလှံပညာရပ်ပါရှိသောကျောက်စိမ်းပြားတစ်ခုကိုနှင့် သားရဲ့အရေပြားဖြင့်ပြုလုပ်ထားသော သေတမ်းစာတစ်ခုကိုရှာတွေ့ခဲ့သည်။
အရိုးစုပိုင်ရှင်က အံ့ဖွယ်ရေခဲမီးလှံပညာရပ်မှ အံ့ဖွယ်မီးလှံပညာရပ်ကိုရရှိခဲ့သည်။
ခြစ်ခြစ်တောက်ပူသောမီးတောက်တို့နှင့် အတူ သူ့အနေဖြင့်ကြီးမားသောစွမ်းအားများကို
ရရှိခဲ့သော်လည်း သူ့တွင်အံ့ဖွယ်ရေခဲလှံပညာရပ်ရှိမနေခြင်း
ကြောင့် သူ့ခန္ဓာကိုယ်၏လောင်ကျွမ်းနာကျင်မှုဝေဒနာကိုနေ့နေ့ညညခံစားခဲ့ရသည်။ ဤရှာတွေ့ထားသောအေးစိမ့်သည့်စမ်းချောင်းအား သူ့ဝေဒနာကို ဖိနှိပ်ရန်အသုံးပြုခဲ့သော်လည်း အဆုံးသတ်၌ ပြန်လည်ထလာစမြဲပင်ဖြစ်သည်။
အံ့ဖွယ်မီးလှံပညာရပ်မှာကျင့်ကြံခြင်းပညာရပ်တစ်ခုတွင်သာမကဘဲ သိုင်းပညာရပ်တစ်ခုလည်းဖြစ်သည်။ အံ့ဖွယ်မီးလှံပညာရပ်အားတွေ့လိုက်ပြီး
သည့်နောက်တွင် ဝူရှောင်းယွင်အနေဖြင့် လက်စားချေရန်မျှော်လင့်ချက်တစ်ခုအားတွေ့လိုက်ရသကဲ့သို့ခံစားလိုက်ရသည်။ ကြီးမားသောစွမ်းအားအားရရှိနိုင်သ၍ သူ၏လက်စားချေမှုအားပြုလုပ်နိုင်သ၍ ခန္ဓာကိုယ်၏နာကျင်ခံစားမှုတို့က သူ့အတွက်ဘာမှအရေးသိပ်မပါပေ။
ထို့နောက်ဝူရှောင်းယွင်မှာ အင်ပါယာနယ်ပယ်သို့မရောက်ခင်အထိ ခြောက်ကမ်းပါးအောက်ခြေတွင် နှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီး နောက် လက်စားချေမှုကိုပြုလုပ်ရန်အတွက် ထျန်းမြောင်အင်ပါယာသို့ဝင်ရောက်ခဲ့သည်။
နောက်ဆုံးတွင်ထိုနေ့၌ ဝူရှောင်းယွင်သူ၏ရန်သူကိုတွေ့လိုက်ရသည်။ သို့သော်သူ့ရန်သူ၏ စွမ်းအားက အရမ်းကိုကြီးမားလွန်းနေသည်။ ဖိအား၏အောက်တွင်ပင်သူအသက်
မရှူနိုင်ခဲ့ပေ။ ဝူရှောင်းယွင်မှာ လက်လျော့ရန်အတွက်ဆန္ဒမရှိခဲ့ပေ။ သူကစွမ်းအားကြီးမှုနှင့်ဩဇာတိက္ကမကို အမြဲဖက်တွယ်ထားသောကြောင့် သူ၏နှလုံးသားအတွင်းရှိ အမုန်းမီးတောက်တို့က ပို၍ပင်လောင်ကျွမ်းလာခဲ့သည်။
နောက်ဆုံး၌ တစ်နေ့တွင်ဝူရှောင်းယွင်အိမ်ရှေ့မင်းသားကျင်းလွေနှင့်တွေ့ဆုံခဲ့သည်။ သူက ကျင်းလွေ၏ ရွေးချယ်မှုကိုခံခဲ့ရပြီး၎င်း၏ ကိုယ်ရံတော်တစ်ယောက်ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ထိုလူ၏ စွမ်းအားကြောင့်ကျင်းလွေက ၎င်းနှင့်ရန်သူမဖြစ်ချင်သည်ကို ဝူရှောင်းယွင်တွေ့လိုက်ရသည်။ သူ့လိုကိုယ်ရံတော်တစ်ယောက်အတွက်နှင့် ထျန်းမြောင်အင်ပါယာ၏ ကလန်ကြီးလေးခုထဲမှတစ်ခုဖြစ်သော တုံးဖန်းကလန်အား ကျင်းလွေက ရန်သူမဖြစ်ချင်ပေ။
သို့သော်ဝူရှောင်းယွင်က အရှုံးပေးလက်လျော့ရန်ဆန္ဒမရှိသေးပေ။ သူလုံလောက်သောသန်မာမှုရှိသည်နှင့် သူ့အား သီးသန့်သတ်ဖြတ်ခြင်းမရှိနိုင်ခဲ့လျှင်တောင် သူနှင့်အတူသေရွာသို့တစ်ပါတည်းခေါ်သွားနိုင်လိမ့်မည်ဟုသူယုံကြည်သည်။ သို့သော်အချိန်တို့က ကုန်ဆုံးမှုမြန်လာခဲ့၏။ သူက အံ့ဖွယ်မီးလှံပညာရပ်ကိုလေ့ကျင့်နေသကဲ့သို့ သူ၏ လောင်ကျွမ်းနာကျင်မှုဝေဒနာမှာလည်း ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ နောက်ပိုင်းတွင် သူ၏ခန္ဓာကိုယ်က လက်စားချေရန်မျှော်လင့်ချက်အား လက်လျော့မိလုနီးပါးဖြစ်လာစေခဲ့သည်။ သူကကျင်းလွေနှင့်အတူ ယွင်လိုင်အင်ပါယာသို့ရောက်လာခဲ့ပြီးနောက် အံ့ဖွယ်ရေခဲလှံပညာရပ်ကိုပိုင်ဆိုင်သော
ရှစ်ဖုန့်နှင့်တွေ့ခဲ့သည်။
ရှစ်ဖုန့်ကသူ့အား ဆက်လက်ရှင်သန်ခွင့်အခွင့်အရေးကိုပေးခဲ့ပြီး လက်စားချေရန်မျှော်လင့်ချက်ကို
ပေးအပ်ခဲ့သည်။
သူတို့က ဝူရှောင်းယွင်၏ စကားအားနားထောင်ကြရင်း ညကောင်းကင်ယံကိုထိုးခွင်းပျံသန်း
လာကြသည်။ အခြားသူများထက်ရှစ်ဖုန့်ကတော့ တည်ငြိိမ်သောအမူအယာရှိနေဆဲဖြစ်ပြီး လီလျိုရှင်းအပါအဝင်အခြာသောသူများကတော့ စိုးရိမ်မှုအမူအယာများဖြစ်ပေါ်နေသည်။ ဝူရှောင်းယွင်
၏ဘဝမှာ တကယ့်ကိုခါးသီးမှုအပြည့်ဖြင့်ဖြစ်သည်။
“ရှောင်းယွင် ခင်ဗျား
ရဲ့ မဆုတ်မနစ်ကြိုးစးမှုနဲ့ အတူ ဒီသခင်လေးနောက်ကိုလိုက်သ၍ ခင်ဗျားရဲ့ လက်စားချေမှုကိုသေချာပေါက်ပြု
လုပ်နိုင်လိမ့်မယ်”
ရှစ်ဖုန့်က ဝူရှောင်းယွင်ကိုပြောလိုက်သည်။
“ဟုတ်တယ် ရှစ်ဖုန့်ရဲ့ သိုင်းပညာနားလည်နိုင်မှုက နလန်ယွွမ်တောင်သူ့ရဲ့ လမ်းညွှန်ပြသမှုအောက်မှာ အဆင့်ချိုးဖြတ်သွားနိုင်ခဲ့တာ ….မင်းသေချာပေါက်ကိုလက်စားချေနိုင်ပါလိမ့်မယ်”
ယဲ့ဝူရှင်းကလည်း ဝူရှောင်းယွင်ကို နှစ်သိမ့်လိုက်သည်။
“ရှောင်းယွင်နားလည်ပါတယ်…သခင့်နောက်ကိုလိုက်ရတာက ရှောင်းယွင်ရဲ့ ကံကောင်းမှုတစ်ခုပါပဲ”
ဝူရှောင်းယွင်က ရှစ်ဖုန့်အား လေးစားစွာဖြင့်ပြောလိုက်သည်။
“အင်း”
ရှစ်ဖုန့်ကခေါင်းညိမ့်၍ ပြေလိုက်သည်။
“နောက်ကျခင်ဗျားမှာ မေးစရာမေးခွန်းတွေရှိတယ်ဆိုရင် ဒီသခင်လေးကို လွတ်လွတ်လပ်လပ်လာမေးလို့ရတယ်”
“ကျေးဇူးပါသခင်”
ပိန်းပေါက်အောင်မည်းမှောင်နေသောညကောင်းကင်ယံမှာ ဖြည်းဖြည်းချင်း တောက်ပလာသည်။ ကမ္ဘာတစ်ခုလုံးက မီးခိုးရောင် အဖြစ်ပြောင်းလဲသွားခဲ့သည်။
“သခင်ကျွန်တော်တို့ရှေ့က ထျန်းမြောင်အင်ပါယာပါပဲ..အဲ့မှာရှိနေတဲ့မြို့
ကိုတော့ ဟေးရှစ်မြို့လို့ခေါ်ပါတယ်”
ဝူရှေုာင်းယွင်က ရှစ်ဖုန့်ကို ပြောလိုက်သည်။
“ကောင်းတယ် ..နေ့ရောညရောပျံသန်းခဲ့ကြရလို့ခင်ဗျားတို့တွေပင်ပန်းနေကြမှာပဲ…
မြို့ထဲကိုအရင်သွားပြီးတော့ အနားယူကြစို့”
ထို့နောက်တွင်သူတို့လူစုက သူတို့ရှေ့ရှိ ဟေးရှစ်မြို့ကို ကြည့်လိုက်ပြီး ဆင်းသက်လိုက်ကြသည်။ဝူရှောင်းယွင်၌ အိမ်ရှေ့စံမင်းသားကျင်းလွေသူ့အားပေးထား
သော တံဆိပ်ပြားရှိနေသောကြောင့် ဟေးရှစ်မြို့အတွင်းသို့ မြို့ဂိတ်၌ အစောင့်များ၏ လေးစားသောအကြည့်များအောက်တွင် အလွယ်တကူ ဝင်ရောက်နိုင်ခဲ့ကြသည်။
နယ်စပ်ဒေသမြို့လေးတစ်ခု၏ လူဦးရေက ကျိုးတိုးကျဲတဲသာရှိသည်ဖြစ်သည်။ လက်မများတွင် ရှင်းလင်းနေသင့်သည်ဖြစ်သော်လည်း ယနေ့တွင် ဟေးရှစ်မြို့၏ လမ်းများထက်တွင် လူအများအပြားနှင့်ပြည့်နှက်နေပြီးသက်ဝင်လှုပ်ရှားနေသည်။
သူတို့အများဆုံးကြားခဲ့ရသည်ကားဟန်းရွှင်းမြို့ ရှိကောင်းကင်နှင့်မြေကြီး၏ မူမမှန်သောအကြောင်းများပင်ဖြစ်သည်။ တစ်ခြားနိုင်ငံမှလူအများအပြားမှာလည်း ဟန်ရွှင်း မြို့ တောအုပ်၏ သတင်းများကို ကြားသိပြီး နောက် ထျန်းမြောင်အင်ပါယာသို့ အပြင်းနှင်လာခဲ့ကြခြင်းဖြစ်သည်ဟု
ယူဆရသည်။
“ရှောင်းယွင် ဒီကနေ ဟန်းရွှင်းမြို့ကိုဘယ်လောက်ဝေးသေးလဲ”
ရှစ်ဖုန့်က ဝူရှောင်းယွင်ကိုမေးလိုက်သည်။
“ကျွန်တော်တို့တွေပျံသန်းပြီးသွားမယ်ဆိုရင် ငါးရက်လောက်အချိန်ယူရပါလိမ့်မယ်..ဒါပေမဲ့ ထျန်းမြောင် အင်ပါယာက ယွင်လိုင်အင်ပါယာလို မျိုးမဟုတ်ဖူး… မြို့တိုင်းမှာ အကွာအဝေးတို ပို့ဆောင်ကူးသန်းရေးအစီအရင်တည်ဆောက်ပုံတွေရှိတယ်…ကျွန်တော်တို့အနေနဲ့ သေချာတဲ့ ကမ္ဘာဦးကျောက်တုံးပမာဏကို
ပေးဆောင်ပြီးရင် ကူးသန်းရေးတည်ဆောင်ပုံ ဆယ့်တစ်ခုကို ဖြတ်သန်းရပါလိမ့်မယ်..မြို့ဆယ့်တစ်မြို့ကိုဖြတ်သန်းပြီးသွားတဲ့အခါကျရင် ကျွန်တော်တို့တွေ ဟန်ရွှင်းမြို့ကိုရောက်ပါလိမ့်မယ်”
ဝူရှောင်းယွင်၏စကားများကိုကြားပြီး
သည့်နောက် ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်ပြီး ကျန်အဖွဲ့ကလူများကိုပြောလိုက်သည်။
“ကောင်းပြီ တစ်ရက်လောက်နားဖို့အတွက်တည်းခိုခန်းတစ်ခုကိုရှာကြစို့ မနက်ဖြန်ကြရင်တို့တွေ ဟန်ရွှင်းမြို့ဆီကိုသွားကြမယ်”
“ညီအကိုတို့ မင်းတို့တွေကလည်း ဟန်ရွှင်းမြို့ကိုသွားနေကြတာပဲ…. “
ဤအချိန်တွင် အသံတစ်ခုက ရှစ်ဖုန့်နှင့် အခြားသူများ၏ နောက်မှထွက်ပေါ်လာသည်။ ရှစ်ဖုန့်လှည့်ကြည့်လိုက်သောအခါတွင် လူငယ်လေးတစ်ယောက်က ရပ်နေသည်ကိုတွေ့လိုက်ရသည်။ ရှစ်ဖုန့်လှည့်ကြည့်သည်ကိုတွေ့လိုက်ရသောအခါတွင် ထိုလူငယ်လေးကပြောလိုက်သည်။
“မင်းတို့တွေ ဟန်ရွှင်းမြို့ကိုသွားကြမှာဆိုရင် ဘာလို့ငါ့ရဲ့လျှို့ဝှက်လက်စွဲ
စအုပ်ကိုတစ်ချက်လောက်မကြည့်ကြတာလဲ”
လူငယ်ကစကားပြောပြီးနောက် စာအုပ်တစ်ခုကိုထုတ်ယူလိုက်သည်။ စာအုပ်၏ရှေ့တွင် စကားလုံးအချို့ကိုခပ်ကြီးကြီးရေးထားသည်။
“ဟန်ရွှင်းမြို့တွင် ရတနာမျာကိုရရှိရန်အတွက် လမ်းညွှန်မှုဗျူဟာ”
ဆက်ရန်….
ဘာသာပြန်သူ-ARISE