ပွတ်လောရိုက်သွားခြင်း
Vol. 32 Ch. 433
ခန်းမအတွင်းရှိ တပည့်များမှာ ဇူယွမ်အား မယုံကြည်နိုင်စွာ ငေးမော ကြည့်ရှုနေကြဆဲပင် ဖြစ်သည်။ ဇူယွမ်မှာ ထိုအကြည့်များအား အလေးပင်မထားဟန်ဖြင့် ရှုယန်တို့အုပ်စုအား တစ်ချက်မျှကြည့်လိုက်၏။
ရှုယန်တို့မှာ ပထမ၌ ဇူယွမ်အရှက်ကွဲခြင်းကို ကြည့်ရှုခံစားနိုင်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပါသော်လည်း ဖြစ်ပေါ်ခဲ့သော အခြေအနေများမှာ ရှုယန်တို့၏စိတ်ကူးထက် များစွာ ကျော်လွန်နေခဲ့ပေသည်။
ဇူယွမ်မှာ လီချင်းချန်အား အရိုအသေပြု၍ ပြောလိုက်၏။ “စီနီယာအစ်မတော် ချင်းချန် တာဝန်ပြီးဆုံးပြီဆိုတော့ ကျွန်တော် မူလသူတော်စင် တောင်ထွတ်ကို ပြန်ပါတော့မယ်။ ခရီးစဥ်တစ်လျှောက်လုံး ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက် ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်”
လီချင်းချန်မှ ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။ “အရမ်းကြီး ယဥ်ကျေးနေဖို့ မလိုပါဘူး။ သွေးကြောနယ်မြေ ဒေသထဲမှာ နင်ကအကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့သူဆိုတာ ငါတို့အားလုံး သိနေကြတာပဲကိုး”
ဇူယွမ်မှာ ခပ်ဖွဖွရယ်မော လိုက်ပြီးနောက် လီချင်းချန်တို့အား နှုတ်ဆက်ကာ ခန်းမထဲမှ ထွက်ခွာ၍ ချီတိမ်တိုက်တစ်ခု ဖန်ဆင်းကာ မူလသူတော်စင် တောင်ထွတ်သို့ ဦးတည် ပျံသန်းသွားတော့၏။
နှစ်လမျှသော အချိန်အတွင်း ဇူယွမ်မှာ ယောင်ယောင်နှင့် ထန်ထန်တို့ကို လွမ်းဆွတ်သတိရနေပြီ ဖြစ်သည်။
ဇူယွမ်ထွက်ခွာသွားပြီးသည့် တိုင်အောင် ခန်းမအတွင်းရှိ တပည့်များမှာ မယုံကြည်နိုင်ဟန်ဖြင့် တွေဝေနေကြဆဲ ဖြစ်၏။
ရှုယန်တို့အုပ်စုမှာ ကျောင်းဇူဘေးသို့ လျင်မြန်စွာ ရောက်ရှိလာပြီးနောက် မစောင့်နိုင်တော့ဟန်ဖြင့် မေးမြန်း လိုက်ကြလေတော့သည်။ “စီနီယာအစ်ကိုတော် ကျောင်းဇူ တာဝန်မှာ အမှားတစ်ခုခုများ ဖြစ်ခဲ့တာလား။ အစ်ကိုတော်တောင် ခေါင်းဆောင်တံဆိပ်ပြား မရတဲ့ဟာကို ဘယ်လိုလို့ ဇူယွမ်လိုကောင်မျိုးက ရသွားရတာလဲ”
ကျောင်းဇူ၏ဘေးတွင် ရှိနေသော လီချင်းချန်မှာ ရှုယန်တို့အား အလိုမကျဟန်ဖြင့် ကြည့်ရှုလိုက်ပြီးနောက် အေးစက်သော အမူအရာဖြင့် ထွက်ခွာသွား၏။
ပိုင်လီနှင့် အခြားသူများမှာလည်း ရှုယန်တို့အုပ်စုအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီးနောက် လီချင်းချန်နောက်သို့ လျင်မြန်စွာ လိုက်ပါ သွားလေတော့သည်။
ကျောင်းဇူမှာ ရှုယန်တို့အား ဒေါသထွက်စွာ အော်ဟစ်လိုက်၏။ “မင်းတို့အားလုံး ပါးစပ်ပိတ်ထား လိုက်ကြတော့”
ထို့နောက် ကျောင်းဇူမှာ ရှုယန်တို့အား လျစ်လျူရှုလျက် ထွက်ခွာသွားတော့သည်။
ရှုယန်တို့မှာ အော်ဟစ်ခြင်း ခံလိုက်ရသည့်အတွက် အနည်းငယ် ဒေါသထွက်သွားရ၏။ ထို့နောက် တစ်ဦးကိုယ်တစ်ဦး ကူကယ်ရာမဲ့စွာဖြင့် ကြည့်ရှုလိုက်ကြလေသည်။
*****
မစ်ရှင်ခန်းမမှ ထွက်ခွာလာပြီးသည်နှင့်တကွ ဇူယွမ်မှာ မူလ သူတော်စင်တောင်ထွတ်မှ သူ၏ ခရမ်းရောင်ဂူနန်းရှိရာသို့ ဦးတည်ပျံသန်းလာခဲ့၏။
ဂူနန်းသို့ ရောက်ရှိသောအခါ၌ ဇူယွမ်မှာ ဂူနန်းဝတွင် လဲလျောင်းနေသော ရှန်ဝမ့်ကျင်း၏ ဝဖိုင့်ဖိုင့်ပုံရိပ်အား တွေ့ရှိလိုက်ရပေသည်။
ရှန်ဝမ့်ကျင်းမှာ ဇူယွမ်အား တွေ့ရှိလိုက်ရသည်နှင့်တကွ အလွန်ပျော်ရွှင်သွားဟန်ဖြင့် ပြေးလွှားလာခဲ့၏။ “အစ်ကိုလေးဇူယွမ် နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့”
ဇူယွမ်မှာ တွေဝေစွာဖြင့် မေးမြန်းလိုက်သည်။ “အစ်မကြီး ယောင်ယောင်ရော ဘယ်မှာလဲ”
ရှန်ဝမ့်ကျင်းမှ ပြုံးကာပြောလိုက်၏။ “အစ်ကိုလေး ထွက်သွားပြီး သိပ်မကြာခင်မှာပဲ သခင်မလေး ယောင်ယောင်လည်း ထွက်သွားတယ်”
“ထွက်သွားတယ် ဟုတ်လား” ဇူယွမ်မှာ လျင်မြန်စွာပင် ဆက်လက် မေးမြန်းလိုက်သည်။ “သူမဘယ်ကို ထွက်သွားတာလဲ”
“သခင်မလေး ယောင်ယောင်ကလည်း ကောင်းကင်အဆင့် တာဝန်အတွက် ထွက်ခွာသွားတာပဲ။ သူမ မသွားခင်တုန်းက ကျွန်တော့်ကို ဒီဂူနန်းကို စောင့်ရှောက်ပေးဖို့ မှာခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်က အမြဲဒီကိုလာလာနေတာ” ရှန်ဝမ့်ကျင်းမှ ဖြေကြားလိုက်၏။
ဇူယွမ်မှာ အလွန်ပင် စိုးရိမ်သွားခဲ့ရသည်။ ယောင်ယောင်မှာ ဇူယွမ်ထက်များစွာ သန်မာသူဖြစ်ပါသော်လည်း သူမ၏အထောက်အထား အချက်အလက်များမှာ လျှို့ဝှက်ဆန်းကြယ်လှ၏။ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင်ဟူသော စိတ်ဖြင့် ဇူယွမ်မှာ စိတ်ပူနေရပေသည်။
“အရမ်းလည်း စိတ်ပူမနေပါနဲ့ အစ်ကိုလေးရယ်။ သခင်မလေးက အရမ်းထူးချွန်တဲ့သူပါ။ ကောင်းကင်အဆင့် တာဝန်လောက်က သူမအတွက် ခက်ခဲမှာမဟုတ်ပါဘူး” ရှန်ဝမ့်ကျင်းမှ နှစ်သိမ့်လိုက်၏။
ဇူယွမ်မှာ ခါးသက်စွာ ရယ်မောရင်း ခေါင်းညိတ်ပြလိုက်သည်။ ယခုအချိန်၌ ဇူယွမ်လုပ်ဆောင်နိုင်သော အရာမှာ ယောင်ယောင် ဘေးကင်းအောင် ဆုတောင်းပေးခြင်းသာ ဖြစ်၏။
ဇူယွမ်မှာ အချိန်အတန်ကြာမျှ ရှန်ဝမ့်ကျင်းနှင့် စကားစမြည် ပြောဆိုနေခဲ့သည်။ ထို့နောက် အနားယူရန် ရှန်ဝမ့်ကျင်းအား နှုတ်ဆက်၍ ဂူနန်းအတွင်းသို့ ဝင်ရောက်လာလိုက်၏။ ရှည်လျားလှသော ခရီးစဥ်ကြီးအပြီး၌ ဇူယွမ်မှာ အတော်ပင် မောပန်းနေခဲ့ပြီ ဖြစ်သည်။
ဇူယွမ် အနားယူနေစဥ် အချိန်များအတွင်း ခေါင်းဆောင်တံဆိပ်ပြား ရရှိခဲ့သော ဇူယွမ်၏သတင်းမှာ ကန်ရွှမ်းကလန် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
များစွာသော တပည့်များမှာ ထိုသတင်းအား မယုံကြည်နိုင် ဖြစ်နေရပြီး လီချင်းချန်ကိုပင် သံသယဝင်နေကြရသည်။ ထိုသို့မှမဟုတ်လျှင် ဇူယွမ်ကဲ့သို့ အဖွဲ့အတွင်း အရေးမပါသည့်သူမှာ မည်သည့်နည်းနှင့်မှ ကောင်းကင် တံဆိပ်ပြားအား ရရှိနိုင်လိမ့်မည်မဟုတ်ပေ။
လီချင်းချန်က သူမရဲ့တံဆိပ်ပြားကို ဇူယွမ့်ကို ပေးလိုက်တာများလား ....
သို့သော် ထိုအတွေးစများမှာ မရေမရာ ဖြစ်နေရ၏။ အဘယ့်ကြောင့်ဆိုသော် လီချင်းချန်မှာ ကလန်၏နံပါတ်တစ် အလှနတ်သမီးလေး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် လီချင်းချန်မှာ အလွန်ပင် အေးစက်စက်နိုင်လှပြီး မည်သည့် ယောက်ျားလေးနှင့်မှ တရင်းတနှီး မရှိခဲ့ဖူးချေ။
ဒါပေမဲ့အခု လီချင်းချန်က ဇူယွမ့်ကို နှစ်သက်မိတာမျိုးလည်း ဖြစ်နိုင်တာပဲမလား ...
ထိုအချင်းအရာသာ အမှန်ဖြစ်ခဲ့ပါက ကလန်အတွင်းမှ ယောက်ျားလေး တပည့်များပင် အုံကြွလာနိုင်ချေရှိ၏။
ထိုသတင်းများမှာ ကလန်အတွင်း လျင်မြန်စွာ ပျံ့နှံ့နေခဲ့ပြီး လီချင်းချန်ထံသို့ပင် ရောက်ရှိသွားပြီး သူမအား အလွန်အမင်း ဒေါသဖြစ်စေခဲ့သည်။ သို့သော် လီချင်းချန်မှ မတုံ့ပြန်ရသေးခင်မှာပင် မစ်ရှင်ခန်းမမှ ဇူယွမ်တို့၏ တိုက်ပွဲအကြောင်းအရာ အသေးစိတ်အား ထုတ်ပြန်လိုက်၏။
ထိုအချက်အလက် အလုံးစုံအား ထုတ်ပြန်ခဲ့ပြီးနောက် ကလန်အတွင်း၌ မယုံကြည်နိုင်မှုများစွာဖြင့် ထပ်မံ ပွတ်လောရိုက်သွားရသည်။
တိုက်ပွဲ၏ အချက်အလက်များမှာ ယုံကြည်နိုင်ရန် ခက်ခဲလွန်းလှ၏။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲအတွင်း၌ ဇူယွမ်မှာ ပိုင်လီနှင့် ချင်းဟိုင်တို့လောက်ပင် သန်မာခြင်းမရှိသည့် ရှုယန်ကိုပင် ကိုင်တွယ်ခြင်း မပြုနိုင်ခဲ့ပေ။
တစ်ဖက်တွင်မူ ယန်ရွှမ်းမှာ ပိုင်လီနှင့် ချင်းဟိုင်တို့သည်ပင် မတိုက်ခိုက်နိုင် လောက်အောင် သန်မာသူဖြစ်သည်။ ထို့အပြင် ယန်ရွှမ်းမှာ မူလစဦး အဋ္ဌမအဆင့်သို့ ရောက်ရှိနေသူဖြစ်၏။ ကန်ရွှမ်းကလန် အတွင်း၌ ထိုအဆင့်မှာ သက်ဆိုင်ရာ တောင်ထွတ်၏ တပည့်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ရန်ပင် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။
ဇူယွမ်က အဲဒီလောက် သန်မာတဲ့သူကို နိုင်သွားတယ်တဲ့လား ...
ဒီလောက်အချိန်တိုလေး အတွင်း ဇူယွမ်က အများကြီး သန်မာလာတာလား ...
တပည့်များမှ မည်မျှပင် လက်သင့်မခံနိုင်စေပါမူ မစ်ရှင်ခန်းမမှ ထုတ်ပြန်ခဲ့သော အကြောင်းအရာများအား အထွန့်တက်ခွင့်မရှိပေ။
****
“ဇူယွမ်က မူလစဦး အဋ္ဌမအဆင့် တစ်ယောက်ကို နိုင်သွားတာလား”
မူလသူတော်စင် တောင်ထွတ်မှ အကြီးအကဲလုစုန့်၏ အုပ်စုအတွင်း၌ …
လုယန်းမှာ မယုံကြည်နိုင်ဟန်ဖြင့် မျက်ဝန်းများ ဝိုင်းစက်နေရ၏။ သူမမှာ ထိုအကြောင်းအရာအား မစ်ရှင်ခန်းမမှတစ်ဆင့် ကြားသိလာခဲ့ရခြင်း ဖြစ်သည်။
အကြမ်းရေခွက်အား ကိုင်ဆောင်ထားလျက် ရှိသော အကြီးအကဲ လုစုန့်မှာလည်း အတော်ပင် အံ့အားသင့်သွားရ၏။ ထို့နောက် အကြီးအကဲလုစုန့်မှ သက်ပြင်းချကာ ရေရွတ်လိုက်သည်။ “ဒီကောင်လေးရဲ့ အရည်အချင်းတွေက တကယ်ကိုခန့်မှန်းလို့ မရဘူးပဲ”
အကြီးအကဲလုစုန့်မှာ လုယန်းအားကြည့်ကာ ပြောလိုက်၏။ “အခုထိ ဇူယွမ်ကို အထင်သေးနေတုန်းပဲလား”
လုယန်းမှာ စိတ်အလိုမကျဟန်ဖြင့် အော်ဟစ်လိုက်သည်။ “ဟုတ်ပြီ။ ဟုတ်ပြီ။ ဟုတ်ပြီ။ ဇူယွမ်က အရမ်းတော်တယ်။ အရမ်း အရည်အချင်းရှိတယ်။ ရပြီလား”
လုယန်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်၍ပြောလိုက်၏။ “ပြောကြတာကတော့ ဇူယွမ်က ကောင်းကင်အဆင့် မူလလက်နက်တစ်ခုကို ရရှိခဲ့ပြီး လက်နက်အစွမ်းနဲ့ ယန်ရွှမ်းကို အနိုင်တိုက်ခဲ့တာတဲ့”
“ကောင်းကင်အဆင့် မူလလက်နက်ကို ပိုင်ဆိုင်နိုင်တယ် ဆိုတာကလည်း ဇူယွမ်ရဲ့ ကံတရားကြောင့်ပဲလေ” အကြီးအကဲလုစုန့်မှ ခပ်ဖွဖွ ရယ်မောလိုက်သည်။ “ဒီပုံအတိုင်းဆို ဇူယွမ်က လာမဲ့တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားမှာတောင် ပါဝင်လာနိုင်တယ်”
“ဟားဟား ... နင်ကတော့ ပြိုင်ဘက်အသစ် တိုးတာပဲဟေ့”
လုယန်းမှ မျက်နှာကိုရှုံ့မဲ့လျက် တုံ့ပြန်လိုက်၏။ “ဇူယွမ်က အရည်အချင်းရှိတယ် ဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ ကောင်းကင်အဆင့် မူလလက်နက်ကို ပိုင်ဆိုင်ထားရုံလေးနဲ့ တပည့်ခေါင်းဆောင် ဖြစ်မယ်ထင်နေရင်တော့ သူသိပ်မှားသွားပြီ”
အကြီးအကဲလုစုန့်မှ ရယ်မောကာ သက်ပြင်းချလိုက်သည်။ နှိုင်းယှဥ်ရမည်ဆိုပါက ဇူယွမ်ထက်စာလျှင် အကြီးအကဲလုဟုန်း၏ အုပ်စုသည်သာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားအတွက် ပို၍ကြီးမားသော အတားအဆီးတစ်ခု ဖြစ်၏။
အကယ်၍ လုဟုန်း၏အုပ်စုမှသာ တပည့်ခေါင်းဆောင် နေရာကို ရရှိသွားခဲ့ပါက လုဟုန်းတို့မှာ အနာဂတ်၌ မူလသူတော်စင် တောင်ထွတ်၏ ဆရာသခင်အုပ်စု ဖြစ်လာရပေလိမ့်မည်။ ထိုသို့ဖြစ်သွားမည် ဆိုပါက လုဟုန်းမှ အခြားသော အုပ်စုနှစ်ခုအား ကျင့်ကြံရေး အရင်းအမြစ်များ ဖြတ်တောက် ပစ်လိမ့်မည်ပင် ဖြစ်သည်။
****
မူလသူတော်စင် တောင်ထွတ်မှ အကြီးအကဲလုဟုန်း၏ အုပ်စု၌ …
ကျောက်သား နန်းဆောင်ထက်တွင် ရှိနေသော အကြီးအကဲလုဟုန်းမှာ စိတ်အလိုမကျဟန်ဖြင့် ရေရွတ်လိုက်၏။ “ဒီကောင်က တကယ် ကိုယ့်နေရာကိုယ် မသိဘူးပဲ။ သူပြန်လာတာနဲ့ ကလန်တစ်ခုလုံးလည်း ဆူညံနေတာပဲ”
ဂူနန်းယှဥ်ပြိုင်ပွဲ၌ ဇူယွမ်အား ရှုံးနိမ့်ခဲ့သော ဝေယိုရွှမ်းမှာ ခက်ထန်နေသော အမူအရာဖြင့် ပြောလိုက်သည်။ “ဆရာလု ဇူယွမ်က အရင်ကထက် အများကြီး သန်မာလာပြီလို့ ကြားတယ်။ အခုဆို မူလစဦး အဋ္ဌမအဆင့်ကိုတောင် အနိုင်ယူနိုင်ခဲ့တာတဲ့”
“အဲဒါကြောင့် အကြီးအကဲ စိန်းထိုက်ယွမ်က လာမဲ့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားမှာတောင် ဇူယွမ့်ကို ပြိုင်ခိုင်းမလား မသိဘူး”
ဝေယိုရွှမ်း၏စကားအား ကြားလိုက်ရသော အခါ၌ အကြီးအကဲလုဟုန်းမှာ လျှို့ဝှက်စွာပြုံးရင်း ရှေ့တွင်ရှိနေသော လူငယ်အား ကြည့်ရှုလိုက်၏။ ထိုလူငယ်မှာ လွန်စွာပင် ကိုယ်လုံးကိုယ်ထည် တောင့်တင်း၍ အေးစက်သော အမူအရာရှိကာ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်ဖိအားများ ထွက်ပေါ်နေပေသည်။
ထိုလူငယ်မှာ အကြီးအကဲလုဟုန်း၏ ပထမတပည့်ဖြစ်သော ယွမ်ဟောင်ဖြစ်ပြီး တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားအတွက် အသန်မာဆုံး ယှဥ်ပြိုင်သူပင် ဖြစ်၏။
“မင်းရော ဘယ်လိုထင်လဲ ယွမ်ဟောင်” လုဟုန်းမှ မေးလိုက်သည်။
ယွမ်ဟောင်မှ အေးစက်စွာဖြင့် တုံ့ပြန်လိုက်၏။ “ယန်ရွှမ်းက ပိုင်လီတို့ကို အနိုင်တိုက်နိုင်ခဲ့တယ် ဆိုပေမဲ့ သူက မူလစဦး အဋ္ဌမအဆင့်ရဲ့ ကနဦးအဆင့်လောက်ပဲ ရှိသေးတော့ စွမ်းအင်တွေက မတည်မငြိမ် ဖြစ်နေမှာပဲ”
“ဇူယွမ်ကတော့ သူ့ရဲ့ကောင်းကင်အဆင့် မူလလက်နက်ကြောင့်သာ ယန်ရွှမ်းကို နိုင်သွားခဲ့တာ သိသာလွန်းတယ်။ တကယ်လို့ ဇူယွမ်သာ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားမှာ ဝင်ပါလာခဲ့ရင် ကောင်းကင်အဆင့် မူလလက်နက်ကလည်း သူ့အသက်ကို မကာကွယ်နိုင်ဘူး ဆိုတာ သိသွားစေရမယ်”
အကြီးအကဲလုဟုန်းမှာ ယွမ်ဟောင်၏စကားအား ကျေနပ်အားရနေဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ယွမ်ဟောင်မှာ တစ်ကြိမ်တစ်ခါမှ လုဟုန်းအား စိတ်မပျက်စေခဲ့ဘူးချေ။ ယွမ်ဟောင်မှာ ဓားကပ်ဘေးတောင်ထွတ်မှ လုဟုန်းရှိရာ မူလသူတော်စင် တောင်ထွတ်အထိပင် လိုက်ပါလာခဲ့သူဖြစ်ပြီး လုဟုန်း၏ တပည့်များအကြားတွင် အသန်မာဆုံးသူ ဖြစ်၏။
“ဇူယွမ်က အရည်အချင်းရှိရင်တောင် အတွေ့အကြုံ မရှိတဲ့ကောင်ပဲ။ သူ့ကိုဘာမှ စိုးရိမ်နေစရာ မလိုပါဘူး”
“ယွမ်ဟောင် ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်တပည့်ခေါင်းဆောင် ရွေးချယ်ပွဲမှာ မင်းရှုံးနိမ့်လို့ မဖြစ်ဘူးနော်။ ဓားကပ်ဘေး တောင်ထွတ်ရဲ့ ဆရာသခင်လင်ကျွမ်းကလည်း ဒီကိစ္စကို အထူးတလည် ခေါ်ပြီးမှာကြားထားတယ်။ ပြီးတော့ မင်းတပည့်ခေါင်းဆောင် ဖြစ်သွားပြီဆိုတာနဲ့ ငါတို့က မူလသူတော်စင် တောင်ထွတ်ရဲ့ ဆရာသခင်အုပ်စု ဖြစ်သွားကြမှာ”
“အဲဒီလိုဖြစ်ပြီဆိုတာနဲ့ မူလသူတော်စင် တောင်ထွတ်ကို ထောက်ပံ့တဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ အကုန်လုံးကို ငါတို့ လက်ဝါးကြီးအုပ်လို့ရပြီ။ ကျန်တဲ့အုပ်စုနှစ်ခုကလည်း ငါတို့ကို ဆန့်ကျင်လို့ရတော့မှာ မဟုတ်ဘူး။ ဇူယွမ်က အရည်အချင်းရှိတော့လည်း ဘာဖြစ်လဲ။ ငါတို့က သူ့ရဲ့ဂူနန်းကိုသိမ်းပြီး ကျင့်ကြံရေး အရင်းအမြစ်တွေ အားလုံးကို ဖြတ်တောက်ပစ်လိုက်မှာပေါ့။ အဲဒီအခါကြရင် သူဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။ သူက ပါရမီရှင်ဖြစ်နေတော့ရော ဘာထူးလဲ။ ငါတို့ကန်ရွှမ်းကလန်မှာ ပါရမီရှင်တွေမှ အများကြီးပဲ” လုဟုန်းမှ ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ယွမ်ဟောင်အား စကားဆိုလိုက်သည်။
“အဲဒီအချိန်ကြရင် ငါ့ရဲ့အဖွဲ့ကို မဝင်မိခဲ့တဲ့အတွက် ဇူယွမ်အကြီးအကျယ် နောင်တရသွားလိမ့်မယ်လို့ ငါပြောရဲတယ်။ သူက ဘာမှအသုံးမကျတဲ့ စိန်းအဘိုးကြီးဆီပဲ သွားခဲ့တာလေ ဟားဟားဟား ... ”
ယွမ်ဟောင်မှ ခေါင်းညိတ်ပြကာ ပြန်၍ပြောလိုက်၏။
“စိတ်မပူပါနဲ့ ဆရာလု။ တခြားအုပ်စုနှစ်ခုကို တွေးနေစရာကို မလိုတာ။ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာက ကျွန်တော့်အတွက်ဆိုတာ အသေအချာပဲ”