← Chapters

အပိုင်း (၂၀၅)

Vol. 14 Ch. 205

အပိုင်း (၂၀၅)

Vol. 14 Ch. 205

“ဟန်ရွှင်းမြို့၏ လျှို့ဝှက်ရတနာအားရရှိရန် လျှို့ဝှက် လမ်းညွှန်မှု”

၎င်း၏ဘေးတွင်စာလုံးအနည်းငယ်အား ရေးထားသေးသည်။

“သွေးနီရောင်စကားဝှက် ပုံစံ”

“ဝိုးဒါက အရမ်းကိုအထင်ကြီးဖို့ကောင်းတဲ့ပုံပဲ…”

လုံမုန့်မှာ လမ်းညွှန်စာအုပ်အား တွေ့လိုက်ရသောအခါတွင် စိတ်လှုပ်ရှားစွာဖြင့်အော်ပြောလိုက်သည်။

“ဒါကိုရှင်ဘယ်လောက်နဲ့ ရောင်းမှာလဲ”

လူငယ်လေးက လုံမုန့်အားကြည့်၍ ပြောလိုက်သည်။

“မိန်းမလှလေး မင်းကတကယ့်ကိုမင်းရဲ့ပစ္စည်းကိုကောင်း

ကောင်းသိတဲ့သူပဲ….ဒီစာအုပ်က ငါတို့ညီအကိုတွေရေးသားခဲ့တာ ….ငါတို့တွေမှန်ကန်တဲ့အချိန်ကိုရှာတွေ့ခဲ့ပြီး

တော့ ဟန်ရွှင်းမြို့ပြင်ဘက်က သွေးနီရောင်အလင်းနားကိုစွန့်စွန့်စားစားနဲ့ အနီးကပ်သွားခဲ့တယ်…အဲ့နောက်မှာ ငါတို့တွေဒီမှတ်တမ်းကိုရေးသားပြုစုခဲ့တာပဲ…. ဒါက ထျန်းမြောင်အင်ပါယာတစ်ခုလုံးမှာတောင် တစ်ခုတည်းရှိတဲ့စာအုပ်လို့ပြောလို့ရတယ်…. ဒီအလှလေးအတွက်ဆိုတော့ ငါမင်းကို ကမ္ဘာဦးကျောက်တုံးတစ်ထောင်နဲ့ပဲ ဈေးဖြတ်ပေးလိုက်ပါ့မယ်”

“ကောင်းပြီ..သူပြောတဲ့ အဓိပ္ပါယ်မရှိတာတွေကိုနားမထောင်နေနဲ့…. သူကလူလိမ်တစ်ယောက်ပဲ …သွားစို့”

ရှစ်ဖုန့်က လုံမုန့်ကိုပြောလိုက်သည်။

“အိုး..ညီမလေးသိပြီ”

လုံမုန့်က နားလည်သွားသည်ပုံစံဖြင့်ခေါင်းညိမ့်

လိုက်သည်။ ထို့နောက်သူမက အခြားသူများနှင့်အတူပြန်လှည့်လိုက်ပြီး ထွက်သွားရန်ပြင်ဆင်လိုက်သည်။

“မင်း..ဘယ်လိုတောင်ဒီလိုမျိုးပြောနိုင်

ရတာလဲကွ”

ထိုအချိန်တွင် သူ၏နောက်တွင်ရှိနေသော လူငယ်က လက်မခံနိုင်ဖြစ်သွားပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“မင်းဘယ်သူ့ကိုလာပြီး

လူလိမ်လို့ခေါ်နေတာလဲ”

“ဘာဖြစ်လို့လဲ”

ရှစ်ဖုန့်ကလှည့်လိုက်၍ ထိုလူအားအေးစက်စွာကြည့်လိုက်သည်။ ရှစ်ဖုန့်၏ အေးစက်သောအကြည့်ဖြင့်စိုက်ကြည့်ခံ

လိုက်ရသောအခါတွင်  ထိုလူမှာ တုန်လှုပ်သွားပြီး အတင်းအကျပ်လုပ်မယူရပါဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်သွားသည်။

မကြာခင်လူငယ်မှာ အသိပြင်ကပ်လာ၏။ သူကရှစ်ဖုန့်အားလက်ညှိုးထိုးပြီးပြော

လိုက်သည်။

“ဘာလဲမင်းကလူတစ်ယောက်ကိုစော်ကားပြီးတာတောင် အကြမ်းဖက်ချင်သေးတာလားကွ..ငါကျန်းယွဲ့က အလွယ်တကူနဲ့ အနိုင်ကျင့်လို့ရတဲ့လူတစ်ယောက်လို့မင်းကထင်နေတာလား”

“ကောင်လေး ကျေးဇူးမတင်ဖင်လှန်ပြတွေလာလုပ်မနေနဲ့ ….မင်းအတွက်ဘာက ကောင်းတယ်ဆိုတာကိုသိတယ်ဆိုရင်  ငါ့ရဲ့လမ်းကနေထွက်သွားလိုက်တော့…..”

ဝူရှောင်းယွင်က ရှေ့သို့လျှောက်ထွက်လာပြီး ကျန်းယွဲ့ဟူသော လူငယ်အားအော်ပြောလိုက်သည်။

“ကောင်းပြီ..ခင်ဗျားတို့က ကျုပ်ကိုလာပြီးအနိုင်ကျင့်ကြတာက  ခင်ဗျားတို့မှာ လူပိုများနေလို့ ဟုတ်တယ်မလား.. ခင်ဗျားတို့က အရေအတွက်ချင်း ယှဉ်ချင်နေတာမလား… ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်..ငါမင်းတို့ကိုအရေအတွက်ချင်းယှဉ်ပြမယ်..ညီအကိုတို့….”

ထိုအချိန်တွင် ကျန်းယွဲ့က အော်ပြောလိုက်သည်။

“ဟမ့် မင်းတို့ကများ ငါ့ကိုလာပြီးတော့ လူအရေအတွက်ချင်း ပြိုင်ချင်နေတာတဲ့လား….”

ကျန်းယွဲ့က အေးစက်စက်သရော်ပြုံးပြုံးလိုက်ပြီး ရှစ်ဖုန့်နှင့်အခြားသူများကိုကြည့်လိုက်သည်။ ထို့နောက်သူက ဆက်ပြောသည်။

“မင်းတို့လို တိုင်းတစ်ပါးကလာတဲ့ သိုင်းပညာရှင်တွေက ငါတို့ထက်ပိုပြီးသန်မာတယ်ဆိုတာကိုငါသိတယ်…..အဲ့တာကြောင့်လည်းငါတို့က မင်းတို့ရဲ့ ကျင့်ကြံမှုတွေကို ထွင်းဖောက်ပြီးမမြင်နိုင်ဘူး..ဒါပေမဲ့ အဲ့တော့ရောဘာဖြစ်လဲ…. ဟေးရှစ်မြို့မှာ နဂါးတစ်ကောင်တောင်မှာ ဒီနေရာမှာရှိနေတဲ့ ဖေဖေ့ကို ဦးညွှတ်ရတယ်…မင်းတို့သာငါတို့ကိုတိုက်ခိုက်ရဲရင် မင်းတို့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံးကို နောင်တတွေနဲ့‌ နေထိုင်သွားရအောင် ငါလုပ်မယ်ဆိုတာ မင်းယုံလား”

“ကြည့်အုံး..အဲ့တာ ကျန်းယွဲ့နဲ့ အခြားသူတွေပဲ…..ဒီလူရမ်းကားတွေကတော့ထပ်ပြီး တိုင်းတစ်ပါးသားတွေကို အနိုင်ကျင့်နေပြန်ပြီ…”

တစ်စုံတစ်ယောက်က ကြည့်လိုက်ပြီးပြောလိုက်သည်။

“ရှူး….မင်းပြောတာကိုသူမကြားသွားစေနဲ့ဟ….ကျန်းယွဲ့ကဘယ်လိုလူလဲဆိုတာကို မင်းမသိဘူးလား.,….သူ့ယောက်ဖက ဟေးရှစ်မြို့ရဲ့ မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ ကြီမားတဲ့ လုပ်ပိုင်ခွင့်အာဏာကိုစွဲကိုင်ထားတဲ့သူကွ… လွန်ခဲ့တဲ့ ရက်အနည်းငယ်တုံးက ကျန်းယွဲ့နဲ့ အခြားသူတွေကို ဖီဆန်ဆန့်ကျင်ရဲတဲ့ တိုင်းတစ်ပါးသားကျင့်ကြံသူတစ်ယောက်ရှိခဲ့တယ်…အဆုံးသတ်မှာတော့ သူဟာ မြို့စောင့်တပ်ဖွဲ့ရဲ့ဖမ်းဆီးတာကိုခံလိုက်ရ

ပြီးတော့ ..သူသေလားရှင်လားဆိုတာကိုတောင် ငါတို့မသိရတော့ဘူး”

“ဟုတ်တယ်…..အဲ့လူက ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်လို့

ငါကြားခဲ့တယ်…. သူတစ်ချက်လေးပဲ လှုပ်ရှားမှုပြုလုပ်ရသေးတယ် မြို့စောင့်တပ်တွေက ပေါ်လာခဲ့တာပဲတဲ့…မြို့စောင့်တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ချင်ကိုယ်တိုင် လူတွေကိုခေါ်လာပြီး‌တော့ အဲ့လူကိုဖမ်းခဲ့တာလို့ ငါကြားခဲ့တယ်…သူသေသလားရှင်သလားတော့ ငါလည်းမသိဘူး”

“ငါကြားထားတာတော့ ကျန်းယွဲ့ရဲ့ ဟေးရှစ်မြို့ထဲမှာ ဗြောင်ကျကျခြိမ်းခြောက်ငွေညှစ်တာတွေကို မြို့အရှင်ကိုယ်တိုင်က အမိန့်ပေးထားတာလို့ကြားတယ်… သူ့ရဲ့ရည်ရွယ်ချက်က မြို့အတွင်းကိုဝင်ရောက်လာတဲ့ တိုင်းတစ်ပါးသား သိုင်းပညာရှင်တွေဆီကနေ ငွေအချို့ကို ရက်ရက်စက်စက်ခြိိမ်းခြောက်ငွေညှစ်ချင်တာပဲ…တကယ်တော့ မြို့အရှင်ကိုယ်တိုင်က ဒီလိုကိစ္စမျိုးတွေကို လုပ်ဆောင်လို့မရတာကြောင့်  ဒီလူရမ်းကားတွေကို ဒါတွေလုပ်ခွင့်ပေးထားတာပဲ…. အခုတောင်မြို့စောင့်တပ်တွေက တစ်နေရာရာကနေ တိတ်တဆိတ်ဒါကိုစောင့်ကြည့်နေ

လောက်တယ်…   ခုခံဖို့အတွက်တစ်ဖက်ကလူတွေက ဘယ်လိုလှုပ်ရှားမှုမျိုးမဆို လုပ်မယ်ဆိုတာနဲ့ သူတို့တွေသေချာပေါက်ချက်ခြင်းထွက်လာလိမ့်မယ်”

“ကျင့်ကြံသူတွေက ဒီနယ်စပ်မြို့မှာ မြို့စောင့်တပ်ဖွဲ့ကိုခုခံရဲမယ်ဆိုရင် သူတို့တွေဟာ ရန်သူသူလျှိုတွေအဖြစ်မှတ်ယူခံရလိမ့်မယ်…သူတို့ထွက်ပြေးနိုင်ကြတယ်ဆိုရင်တောင်မှ  သူတို့အနေနဲ့ ထျန်းမြောင်အင်ပါယာရဲ့ ထာဝရအလိုရှိ ရာဇဝတ်သားတွေဖြစ်သွားလိမ့်မယ်… သူတို့ရဲ့ သရုပ်မှန်ကိုအတည်ပြုပြီးတာနဲ့  ငါတို့ထျန်းမြောင်အင်ပါယာရဲ့ အင်အားကောင်းမှုမျိုးနဲ့ဆိုရင် အဲ့ကျင့်ကြံသူတွေသူတို့နိုင်ငံကိုထွက်ပြေးလွတ်မြောက်ရောက်ရှိသွားခဲ့ရင

တောင်မှ ငါတို့အနေနဲ့တိုက်ရိုက်ဖမ်းဆီးခြင်းကိုပြုလုပ်နိုင်တယ်… အဲ့နိုင်ငံသေးလေးတွေက ငါတို့ရဲ့ ထျန်းမြောင်အင်ပါယာကိုအာခံရဲမှာမဟုတ်ကြဘူး”

“ဒီတော့ ဒီလူတွေကခုခံရဲတယ်ဆိုရင် သူတို့တွေကို သေပြီးသားအသားပြားတွေဖြစ်ပြီလို့ဆိုလိုတဲ့သဘောပဲပေါ့”

“အမှန်ပဲ….မင်းအတွက် ဘာက ကောင်းမွန်လဲဆိုတာကိုသိတယ်ဆိုရင် မင်းအနေနဲ့ ကျန်းယွဲ့ကို ကမ္ဘာဦးကျောက်တုံးတွေပေးလိုက်တာ အကောင်းဆုံးပဲ….ပိုက်ဆံစုထားပြီး  ကံဆိုးမှုတွေကို ရှောင်ကျဉ်တာက အဆုံးမရှိတဲ့ပြဿနာတွေရောက်လာတာထက်ပိုကောင်းတယ်”

ရှစ်ဖုန့်က ထိုလူများအား အေးစက်စွာကြည့်လိုက်သည်။ ဤအချိန်တွင်ကျန်းယွဲ့က ရှစ်ဖုန့်ကိုကြည့်လိုက်ပြီးပြောလိုက်သည်။

“ငါအမုန်းဆိုတဲ့လူက မင်းလိုမျိုး ရုပ်ချောချောကောင်လေးတွေကိုပဲ…ခုဏကမင်းငါ့ကိုလူလိမ်ဆိုပြီးတောင်ခေါ်ရဲတယ်…. အခုချက်ခြင်း မြေပြင်ပေါ်မှာဒူးထောက်ပြီးတော့ ဒီသခင်လေးကျေနပ်အောင်တောင်းပန်စမ်း…

ပြီးတော့လည်း…ဟီးဟီး”

ကျန်းယွဲ့က လုံမုန့်အား ဂရုတစိုက်သေချာကြည့်၍ တဏှာဆန်သောအပြုံးကိုပြုံးလိုက်သည်။

သူ၏ပါးစပ်မှ  သွားရည်များပင်ကျလာသည်။ သူကခက်ခက်ခဲခဲပြန်မျိုချကာ သွားပေါ်အောင်ပြုံးလိုက်ပြီး

“ဒီအလှလေးကိုဒီဦးလေးနဲ့အတူ တစ်ညာတာကုန်ဆုံးခွင့်ပေး”

“ဖြန်း”

ကြွပ်ဆပ်သောအသံတစ်ခုက ထွက်ပေါ်လာသည်။ ရှစ်ဖုန့်က ကျန်းယွဲ့၏ မျက်နှာအား တိုက်ရိုက်ပင်ဖြတ်ရိုက်လိုက်ပြီး မြေပြင်ပေါ်သို့လွင့်ထွက်သွားစေသည်။

“သူ…သူတကယ်ကြီး ကျန်းယွဲ့ကိုတိုက်ရိုက်ကိုရိုက်နှက်ရဲတယ်… သူထပ်ပြီးတော့အသက်မရှင်ချင်တော့ဘူးပဲ”

“တိုင်းတစ်ပါးသားက အမြဲ တိုင်းတစ်ပါးသားပဲဖြစ်နမှာပဲ…သူ့အနေနဲ့ ဒီကိစ္စကိုတစ်ချိန်လုံး အလေးအနက်ထားနေတဲ့ပုံတောင်မပေါ်ဘူး..”

“ဝုန်း..ဝုန်း”

“ဝန်း….ဝုန်း”

ရုတ်တရက် မြေပြင်မှာ ငလျှင်တစ်ခုလှုပ်ခတ်သကဲ့သို့ စတင်၍ တုန်ခါလာသည်။ ထို့နောက်တွင် အဖြူရောင်ချပ်ဝတ်မြင်းတပ်များနှင့် အဖြူရောင်ချပ်ဝတ်လှံရှည်ကိုင်ထားသူများက ဦးတည်ချက်အနှံ့မှ တစ်ဟုန်ထိုးထွက်လာပြီး ရှစ်ဖုန့်အား ဝိုင်းထားလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ..ဒီမြို့စောင့်တပ်ဖွဲ့က တစ်ချိန်လုံးအမှောင်ထဲမှာ ပုန်းအောင်းနေကြတာ”

တစ်စုံတစ်ယောက်က  သူ့ဘေးရှိလူအားတီးတိုးပြောလိုက်သည်။

“ဒါက မသိသာနေဘူးလား…အဲ့တိုင်းတစ်ပါးသားတွေ ဒုက္ခရောက်တော့မယ်…ကြည့်အုံး…အဲ့တာက ဗိုလ်ချုပ်ချင်ပဲ”

တုတ်ခိုင်သန်မာသော သက်လတ်ပိုင်းအရွယ် ဗိုလ်ချုပ်က မြင့်မားသော အနက်ရောင်ကျားပေါ်တွင် ထိုင်နေသည်။ သူ၏လက်ထဲတွင်ကြီးမားသောဓားကြီးအား စွဲကိုင်ထားပြီး အော်ပြောလိုက်သည်။

“ဘယ်သူက ငါ့ရဲ့ ဟေးရှစ်မြို့ထဲမှာ ဆိုးဆိုးရွားရွားတွေပြုမူရဲတာလဲကွ”

“မင်း..မင်းကများငါ့ကိုဘယ်လိုတောင်ရိုက်ရဲတာလဲ”

မြေပြင်ပေါ်တွင်လဲနေသောကျန်းယွဲ့က ခေါင်းမော့၍ ရှစ်ဖုန့်အား ကြမ်းကြမ်းတမ်းတမ်းကြည့်လိုက်သည်။ ထို့နောက်သူက အားနည်းသူတစ်ယောက်အဖြစ်ဟန်ဆောင်ပြီး သက်လတ်ပိုင်းအရွယ်ဗိုလ်ချုပ်ကို

အော်ပြောလိုက်သည်။

“ဗိုလ်ချုပ်ချင် ဒီမှာ ဗိုလ်ချုပ်ရှိနေတာကောင်းလိုက်တာ…

ကျွန်တော့်ကိုကူညီပါအုံး…ဒီလူက ကျွန်တော့်ရဲ့ စာအုပ်ကိုခိုးရုံတင်မကဘူး..ကျွန်တော့်ကိုပါ ထိခိုက်အနာတရဖြစ်အောင်လုပ်ရဲတယ်… သူတို့တွေ ကျွန်တော်တို့မြို့အရှင်ရဲ့ အိမ်တော်ကိုဒီညခိုးဝင်ပြီးတော့ တစ်ခုခုကို စုံစမ်းမဲ့အကြောင်းပြောနေတာကိုပါ

ကျွန်တော်ကြားခဲ့တယ်…. သူတို့က ရန်သူတွေဘက်က သူလျှိုတွေဖြစ်တယ်လို့ ကျွန်တော်သံသယရှိပါတယ်”

“ဒီကျန်းယွဲ့က တကယ့်ကိုရက်စက်တဲ့သူပဲ …သူကတစ်ဖက်ကလူတွေကို တိုက်ရိုက်ကို သူလျှိုဆိုပြီး ခေါင်းစဉ်တပ်လိုက်တော့တာပဲ”

“ဒါကြောင့်လည်း လူဆိုးသူဆိုးတွေထက် လူကြီးလူကောင်းတွေကိုပဲ စော်ကားလိုက်တာက ပိုကောင်းတယ်လို့ပြောကြတာပေါ့”

“ဒီလူတွေအနေနဲ့ သူတို့မသေခင်မှာတင် အရှင်လတ်လတ် အရေခွံစုတ်ခံကြရမှာတောင် ငါကြောက်မိတယ်”

“သူလျှိုတဲ့လား..ကောင်းပြီ ညီအကိုတို့ သူတို့အားလုံးကိုဖမ်းလိုက်စမ်း”

ဗိုလ်ချုပ်ချင်က သူ၏ စစ်သားများကို အော်ပြောလိုက်သည်။

ဤအချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ရှစ်ဖုန့်က နောက်ဆုံးတွင်စကားပြောလာသည်။

“အရှက်မရှိတဲ့ အမှိုက်တွေ….. မင်းတို့က လူဆိုးလူမိုက်တွေနဲ့ပေါင်းကြံနေပြီးတော့ ….တကယ်ကိုအရှက်မရှိ မျက်နှာပြောင်လာတိုက်နေသေးတယ်…သူလျှိုတဲ့လား… ဒီသခင်လေးက သူလျှိုတစ်ယောက်ဖြစ်လိမ့်မယ်…

အဲ့တော့ဘာဖြစ်လဲ… ရှောင်ယွင်..လူအိုကြီးယွဲ့ ..ဒီအမှိုက်တွေအားလုံးကိုသတ်ပစ်လိုက်”

“ဟုတ်ကဲ့”

“ကောင်းတယ်”

ဝူရှောင်းယွင်နှင့် ယဲ့ဝူရှင်းတို့က ပြိုင်တူတုံ့ပြန်လိုက်ကြသည်။ စွမ်းအားကြီးလှသော အင်ပါယာနယ်ပယ် ရောင်ဝါများ က ပြန့်နှံ့ထွက်လာသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters