← Chapters

အပိုင်း (၂၀၆)

Vol. 14 Ch. 206

အပိုင်း (၂၀၆)

Vol. 14 Ch. 206

ဝူရှောင်းယွင်နှင့် ယဲ့ဝူရှင်းတို့၏ စွမ်းအားပြင်းချီများက ပျံနှံ့ထွက်သွားပြီး ဝိုင်းထားသောလူများအား အတင်းအကျပ်နောက်သို့ ဆုတ်ခွာသွားစေသည်။ အင်ပါယာနယ်ပယ်နှစ်ဦး၏ စွွမ်းအားပြင်းချီအောက်တွင်  လူအများမှာတုန်ရင်သွားကြပြီး ဒူးထောက်ဦးညွှတ်ချင်သောစိတ်များပင် မည်သို့မျှမတက်နိုင်ပဲဖြစ်ပေါ်သွားရသည်။

“အင်ပါယာနယ်ပယ်ကျွမ်းကျင်သူ..

ဒီတော့အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတွေပေါ့…”

အနက်ရောင်ကျားပေါ်တွင်ရှိနေသော ဗိုလ်ချုပ်ချင်မှာလည်း သူတို့နှစ်ယောက်ထုတ်လွှတ်လိုက်သော ချီရောင်ဝါအား  တွေ့မြင်လိုက်ရသောအခါတွင်တုန်လှုပ်အံ့အားသင့်သွားခဲ့သည်။ သို့သော်သူက အလျှင်အမြန်စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။

“ခင်ဗျားတို့တွေ တကယ်ပဲ ပုန်ကန်မှုပြုလုပ်ပြီးတော့ ကျုပ်တို့ထျန်းမြောင်အင်ပါယာနဲ့ ရန်သူတွေဖြစ်ချင်လို့လား….ခင်ဗျားတို့တွေ ဟေးရှစ်မြို့ရဲ့ စစ်သားတစ်ယောက်ကိုထိရဲတယ်ဆိုရင်  နိုင်ငံတော်ကိုသစ္စာဖောက်တာ

နဲ့ညီမျှသွားလိမ့်မယ်… ခင်ဗျားတို့ရဲ့နိုင်ငံတစ်ခုလုံးပါဝင်ငြိစွန်းခြင်းမရှိရလေအောင် သေချာလေးဂရုစိုက်ကြပါ”

ဟေးရှစ်မြို့မှာ အင်ပါယာသုံးခုနှင့်ထိစပ်နေသော နယ်စပ်ဒေသမြို့ဖြစ်သည်။ပထမတစ်ခုမှာယွင်လိုင်အင်ပါယာဖြစ်ပြီး ဒုတိယတစ်ခုမှာ အောင်းလိုင်အင်ပါယာဖြစ်ကာ တတိယတစ်ခုမှာ မင်ယန်အင်ပါယာဖြစ်သည်။ဤအင်ပါယာသုံးခုမှာ နိုင်ငံအင်အားခြင်းတူညီကြသော အင်ပါယာများဖြစ်ကြသည်။ ၎င်းတို့အားလုံးမှာ  ထျန်းမြောင်အင်ပါယာ၏  လက်အောက်ခံနိုင်ငံများဖြစ်ကြသည်။

ထို့ကြောင့် ဟေးရှစ်မြို့က နယ်စပ်တွင်တည်ရှိသော်လည်း ထျန်းမြောင်အင်ပါယာက ၎င်းနှင့်ပက်သက်ပြီး အများကြီးအာရုံစိုက်မှုသိပ်မရှိပေ။  အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ လက်အောက်ခံနိုင်ငံသုံးခုနှင့်

မျက်နှာချင်းဆိုင်သာဖြစ်သောကြောင့်ဖြစ်သည်။ ဤလက်အောက်ခံနိုင်ငံသုံးနိုင်ငံက  ထျန်းမြောင်အင်ပါယာ၏ အင်အားကြီးမှုကိုဆန့်ကျင်၍  ပုန်ကန်ရဲလိမ့်မည်မဟုတ်သောကြောင့် သူတို့အနေဖြင့်   တပ်ဖွဲ့ကြီးကြီးမားမားကိုတပ်ဖြန့်ခြင်းသို့မဟုတ်  အလွန့်အလွန်အစွမ်းထက်သော

ကျွမ်းကျင်သူများကို မြို့အားစောင့်ကြပ်ရန် ခန့်အပ်ထားခြင်းတို့ကို လုပ်ဆောင်ထားခြင်းမရှိကြချေ။

သို့သော်ဟေးရှစ်မြို့၏ မြို့စောင့်တပ်သားများမှ ပြင်ပမှလာသောသူများအား ရှုမြင်ပုံမှာ ကွာခြားသည်ဖြစ်သည်။  သူတို့၏ မျက်လုံးထဲတွင် ထိုပြင်ပမှလာသောသူများမှာ သူတို့အမိနိုင်ငံ၏လက်အောက်ခံနိုင်ငံများမှလာကြသောသူများသာဖြစ်သည်။ အဆင့်အတန်းချင်းယှဉ်ကြည့်မည်ဆိုလျှင်သူတို့က ၎င်းတို့ထက်သာလွန်သည်ဟု အလိုအလျောက်ခံစားကြသည်ဖြစ်သည်။

ဤနှစ်များအတွင်းတွင် မြို့စောင့်တပ်ဖွဲ့အားတိုက်ခိုက်ရဲသော  ပြင်ပကလာသူတစ်ကောင်တစ်မြှီးမျှကိုသူတို့တွေ့ခဲ့ရခြင်းမရှိပေ။ ထျန်းမြောင်အင်ပါယာ၏ မြို့စောင့်တပ်ဖွဲ့အားတိုက်ခိုက်ရဲလျှင် နိုင်ငံတော်အားသစ္စာဖောက်သည့်သဘောသက်ရောက်သည်ဖြစ်သည်။

သို့သော်ရှစ်ဖုန့်အနေဖြင့်ဘာကြောင့်များ နိုင်ငံတော်သစ္စာဖောက်အဖြစ်စွပ်စွဲခံရမည်ကို ကြောက်ရပါမည်နည်း။ သူယွင်လိုင်အင်ပါယာတွင်ရှိနေခဲ့သောအချိန်ကဆိုလျှင် တစ်စုံတစ်ယောက်က “ဒီမိစ္ဆာက ဘာမဆို လုပ်ဆောင်နိုင်စွမ်းရှိတယ်” ဟု ပြောလိမ့်မည်ဖြစ်သည်။

ဤကမ္ဘာတွင် ရှစ်ဖုန့်မလုပ်ရဲသောအရာဘာမျှမရှိပေ။

ဝူရှောင်းယွင်ခန္ဓာနကိုယ်မှ တစ်ချိန်တည်းတွင် အပူလှိုင်းနှင့် အအေးလှုင်းတို့အား ထုတ်လွှတ်လိုက်သည်။  လေအေးများ၏ အောက်တွင် စစ်သားများမှာ ရုတ်တရက်အေးခဲသွားပြီး ရေခဲရုပ်ထုများအသွင်အဖြစ်ပြောင်းလဲသွားသည်။ သူတို့အားဝိုင်းထားကြသော လူရမ်းကားများမှာ ရုတ်တရက် မီးတောက်များအဖြစ်သို့

ပြောင်းလဲသွားကြသည်။

“အား…….”

နာကျင်စွာအော်ဟစ်ငိုယိုသော

အသံများထွက်ပေါ်လာသည်။  ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်တစ်ဦး၏ ရှေ့တွင်  ဤအဆင့်နိမ့်ကျင့်ကြံသူများအားလုံးမှာ မည်ကဲ့သို့ခုခံနိုင်စွမ်းရှိကြမည်နည်း။

“တစ်စုံတစ်ယောက်က တကယ်ကြီး ဟေးရှစ်မြို့စောင့်တပ်ဖွဲ့ကိုတိုက်ခိုက်ရဲတယ်ဟ..”

ဤမြင်ကွင်အား မြင်လိုက်ကြရသောသူအားလုံးမှာ ကြက်သေသေသွားကြရသည်။ ၎င်းတို့မှာ ထျန်းမြောင်အင်ပါယာ၏

စစ်သားများဖြစ်ကြသည်။

“မင်း..မင်းတို့”

အနက်ရောင်ကျား၏ ကျောကုန်းမြင့်ပေါ်၌ ထိုင်နေသော ဗိုလ်ချုပ်ချင်ပင် တုန်လှုပ်အံ့အားသင့်နေသည်။ ဟေးရှစ်မြို့အတွင်း သူ၏ ခံ့ညားထည်ဝါဩဇာတိက္ကမကြီးမားမှုများကို နှစ်ပေါင်းများစွာကြွားလုံးထုတ်ခဲ့ပြီးသည့်နောက် ဤသည်မှာ ဟေးရှစ်မြို့၏ မြို့စောင့်တပ်အား  တိုက်ခိုက်ရဲသောသူကိုသူပထမဆုံးအကြိမ်မြင်တွေ့ရခြင်းပင်ဖြစ်သည်။ သူကအော်ပြောလိုက်သည်။

“မင်းတို့တွေ မင်းတို့ရဲ့အင်ပါယာ မင်းတို့ရဲ့ မိသားစုတစ်ခုလုံး ပါဝင်ငြိစွန်းမှာကိုမကြောက်ကြဘူးလားကွ…”

“မင်းညီမကိုပဲသွားပြီးတော့ငြိစွန်းလိုက်”

ယွဲ့ဝူရှင်းကလည်း ရှစ်ဖုန့်၏ စကားတို့အားစတင်အတုခိုး၍ ပြောလိုက်သည်။  သူကသူ၏ ညာဘက်လက်ညှိုးဖြင

ဗိုလ်ချုပ်ချင်ထံသို့ထိုးညွှန်လိုက်သည်။  ရုတ်တရက် အနက်ရောင်ရောင်ခြည်တန်းတစ်ခုက ကောင်းကင်ထက်မှ သက်ဆင်းလာသည်။ ကြယ်တစ်ပွင့်ဘုရင်နယ်ပယ်အဆင့်သာရှိသော ဗိုလ်ချုပ်ချင်မှာခုခံမှုလုံးဝပြုလုပ်နိုင်ခြင်းမရှိဘဲ  အနက်ရောင်အလင်း၏ ဝါးမျိုမှုကိုခံလိုက်ရသည်။ ထို့နောက်တွင်သူ၏ ခန္ဓာကိုယ်က လွင့်ပျံထွက်သွားပြီး “ဖန်း” ဆိုသောအသံနှင့်အတူ ရှစ်ဖုန့်၏ ခြေရင်းသို့ကျရောက်သွားခဲ့သည်။  အနက်ရောင်အလင်းက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ…ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..”

ဤအချိန်တွင် တုန်လှုပ်အံ့အားသင့်မှုအဖြစ်ရဆုံးနှင့် မယုံကြည်နိုင်မှုအဖြစ်ရဆုံးသော သူမှာ တစ်ခြားသူများထက် ဤကိစ္စများအားဖြစ်ပွားစေသော အရင်းအမြစ်ဖြစ်သူ ကျန်းယွဲ့ပင်ဖြစ်သည်။

ကျန်းယွဲ့မှာ သူနောက်သို့နှစ်ပေါင်းများစွာလိုက်ခဲ့ပြီး ဟေးရှစ်မြို့တွင် နှစ်ပေါင်းများစွာရာဇဝတ်မှုများကို အတူတကွကျုးလွန်ခဲ့ကြသော သူ၏ ညီအကိုများ  ပြာဖြစ်သည်အထိလောင်ကျွမ်းခံရခြင်း

ကိုကူကယ်ရာမဲ့စွာဖြင့်ကြည့်နေရသည်။ ဤအချိန်တွင်သူကတော့မြေကြီးပေါ်တွင်လဲနေရပြီး ထရဲခြင်းပင်မရှိချေ။

သူ၏ ညီအကိုများပင် လောင်ကျွမ်းသေဆုံးသွားရခြင်းမဟုတ်ပဲ မြို့အစောင့်အကြပ်များနှင့်မြင့်မားပြီး

အရှိန်အဝါကြီးမားသူဖြစ်သော  ဗိုလ်ချုပ်ချင်ပင် သူ၏ဘေး၌လဲပြိုကျဆင်းနေရပြီဖြစ်သည်။

သူ့ညီအကိုများ၏ နာကျင်စွာအော်ဟစ်ငိုယိုသံများ

အားတွေးမိသောအခါတွင် ကျန်းယွဲ့၏ တစ်ကိုယ်လုံးမှာကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။

ယနေ့တွင်သူ့အနေဖြင့်ဘယ်အရာကိုမှကြောက်ရွံ့ခြင်းမရှိသောအကြင်နာမဲ့သည့် ပုဂ္ဂိုလ်တစ်ယောက်နှင့်အမှန်တကယ်တွေ့ဆုံလိုက်ရပြီဖြစ်ကြောင်းကို ကျန်းယွဲ့နားလည်လိုက်သည်။ ဤအကြင်နာမဲ့ရက်စက်သောသူမှာနောက်ပိုင်း၌ ထျန်းမြော်အင်ပါယာ၏အပြစ်ပေးခံရမှုကိုခံရနိုင်သော်လည်း  ယင်းကဘာများအသုံးဝင်ပါမည်နည်း။ ယနေ့တွင်သူ့အတွက်သေခြင်းတရားမှလွတ်မြောက်ရန်မှာခက်ခဲသည်ဖြစ်လေသည်။ ဤပုဂ္ဂိုလ်မှာ မြို့၏အစောင့်များကိုပင် တွေဝေတုန့်ဆိုင်းချင်းအလျင်း မရှိဘဲ သတ်ပစ်ခဲ့သည်ဖြစ်သည်။ သူတို့အားစော်ကားခဲ့သော

မည်ကဲ့သို့အလွတ်ပေးနိုင်ပါလိမ့်မည်နည်း။

ကျန်းယွဲ့၏ နှလုံးသားထဲတွင် အကြောက်တရားများဖြင့်ပြည့်နှက်နေသည်။  သူ၏ မျက်လုံးများကိုပင်ဖွင့်နိုင်ခြင်း

မရှိသည်အထိသူနောင်တရနေခဲ့သည်။ သူ့အနေဖြင့် ဤအကြင်နာမဲ့ရက်စက်တတ်

သောလူတစ်စုအား ရွေးချယ်ခဲ့မိသည့်အတွက် နောင်တရနေခဲ့သည်။

သူတို့ကရှင်းရှင်းလင်းလင်းထွက်ခွာသွားရန်ပြင်ဆင်ခဲ့ကြသော်လည်း သူက သူတို့အား ပြဿနာရှာရန်ပြန်ဆွဲခေါ်ထားခဲ့မိသည့်အတွက်နောင်တရနေခဲ့သည်။ ၎င်းတို့အားဝိုင်းထားရန်အတွက်သူကလူများကိုပင်ခေါ်ခဲ့သေးသည်။

“ကျွန်တော့်ကိုချမ်းသာပေးပါ..ကျွန်တော့်ကိုချမ်းသာပေးပါ…ဒီသေးငယ်နိမ့်ကျတဲ့သူရဲ့မျက်လုံးတွေက မြင်နိုင်စွမ်းကင်းမဲ့ခဲ့လို့ပါ….ကျွန်တော်ဒါတွေကိုလုပ်ဆောင်ခဲ့ရတာက မြို့အရှင်က ကျွန်တော့်ကိုအမိန့်ပေးခဲ့လို့ပါ”

ကျန်းယွဲ့က သူ၏ ဦးခေါင်းအား အလျှင်အမြန်မြေကြီးဖြင့်

တစ်ဘန်းဘန်းမြည်အောင်ဆောင့်ကာ ရှစ်ဖုန့်အားသနားညှာတာပေးပါရန်တောင်းပန်သည်။

“ကျန်းယွဲ့ …ပါးစပ်ပိတ်ထားစမ်း..ဒါတွေက မြို့အရှင်နဲ့ဘာဆိုင်လို့လဲ.. “

ကျန်းယွဲ၏နောက်တွင်လဲနေသော ဗိုလ်ချုပ်ချင်က မြို့အရှင်ဖြစ်သူ၏ ကိစ္စရပ်များအားလူထုကြားထဲတွင် ကျန်းယွဲ့က ပြောဆိုသောကြောင့်

ဒေါသတကြီးအော်ဟစ်လိုက်သည်။

“မင်းကတကယ်ပဲ ဒီမြို့အရှင်ရဲ့ ဂုဏ်သတင်းကိုပျက်စီးစေချင်လို့လား ….. မင်းကတကယ်ကိုသေဖို့ထိုက်တန်တယ်”

ဤအချိန်တွင်ခံ့ညားသောအေးစက်စက် နှာ‌ခေါင်းရှုံ့သံက  ကောင်းကင်ပြင်ထဲမှထွက်လာသည်။ ထို့နောက်တွင် စွမ်းအားကြီးချီက ကောင်းကင်ထဲမှသက်ဆင်းလာပြီး ရုတ်ချည်း ကျန်းယွဲ့၏ ဦးခေါင်းအား ပိုင်းဖြတ်သွားသည်။  ဤ၏ခေါင်းမှာသွေးများက ဖြာခနဲပန်းထွက်သွားသည်။

ကျန်းယွဲ့မှာအသံအားကြားလိုက်ရသည့်အချိန်တွင် သူ၏ခေါင်းကိုမော့ကြည့်ခဲ့သည်။ စွမ်းအားကြီးချီက သူ့ခေါင်းအားပိုင်းဖြတ်သွားသည့်အချိန်တွင်သူအသက်ပင်ကြာကြာမရှူရသေးချေ။  သူ၏မျက်လုံးများကကောင်းကင်ထက်အားစိုက်ကြည့်နေသကဲ့သို့ပြူးကျယ်နေသည်။  သူကထာဝရနောင်တတရားတို့ဖြစ်သေဆုံးသွားခဲ့ရသည်။

ထို့နောက်တွင် ကျန်းယွဲ့၏ ခေါင်းကမြေပြင်ပေါ်သို့ပြင်းထန်စွာပြုတ်ကျသွားပြီး  “ဖန်း”ဆိုသောအသံနှင့်အတူ သွေးများကနေရာအနှံ့သို့စီးဆင်းသွားသည်။

ကောင်းကင်ထဲတွင် ခရမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်‌ယောက်က ဝင့်ကြွားစွာရပ်နေသည်။ သူ၏ ဘယ်လက်အား နောက်ကျောဘက်တွင်ပစ်ထားပြီး ညာဘက်လက်ထဲတွင် စာလိပ်တစ်ခုကို ကိုင်ဆောင်ထားသည်။  သူက၎င်းအား လွန်စွာစိတ်ဝင်စားစွာဖြင့်ဖတ်ရှုနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက စာပေသမားဆန်ဆန်ရောင်ဝါတို့ထွက်နေသည်။

“မြို့အရှင်ပဲ…ငါတို့တွေ မြို့အရှင်ကိုတောင်မှ အလန့်တကြားဖြစ်သွားစေမိခဲ့ပြီ”

“ဟုတ်တယ် မြို့အရှင်ကိုယ်တိုင်တောင်မှလာခဲ့တာပဲ”

လူအုပ်ကြီးက ကောင်းကင်ထဲတွင်ပေါ်လာသော စာပေသမားဆန်ဆန် သက်လတ်ပိုင်းအရွယ်

လူကိုကြည့်ရင်းပြောလိုက်သည်။

စာပေသမား လူက စာလိပ်ကိုဖတ်နေခဲ့သည်။ စာမျက်နှာထပ်ဖွင့်ရတော့မည့်အချိန်တွင် သူက အဝေးကိုဖယ်လိုက်သည်။ သူ၏ လက်တို့အားနောက်ဘက်သို့ပစ်လိုက်ပြီး အောက်သို့ငုံ့ကြည့်၍ ခံ့ညားထည်ဝါစွာပြောလိုက်သည်။

“မင်းတို့ကဘယ်နိုင်ငံကလဲ…. မင်းတို့က မင်းတို့ရဲ့နိုင်ငံမှာဒေါသတကြီး

လျှောက်ရမ်းနေကြလူတွေလား… ငါ့ရဲ့ဟေးရှစ်မြို့ထဲမှာဘယ်လိုတောင်လူတွေကိုသတ်ဖြတ်ရဲတာလဲ… ဒါက ထျန်းမြောင်အင်ပါယာရဲ့ ဥပဒေကိုဆန့်ကျင်ရာရောက်တယ်ဆိုတာ မင်းတို့တွေမသိကြဘူးလား…. “

သူ၏ အောက်တွင်အင်ပါယာနယ်ပယ် သုံးယောက်ရှိနေသည်။ တစ်ယောက်ကကြယ်သုံးပွင့်

နယ်ပယ်ဖြစ်ပြီးကျန်တစ်ယောက်က ကြယ်လေးပွင့်နယ်ပယ်ဖြစ်ကာ အစွမ်းထက်ဆုံးလူမှာ ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်ဖြစ်သည်။  သူက ၎င်းတို့အားတစ်ချိန်လုံး

အလေးအနက်ထားထားခြင်းမရှိချေ။ သူက ကြယ်ရှစ်ပွင့်အင်ပါယာ

နယ်ပယ်တစ်ယောက်အဖြစ်သိကြသည်ဖြစ်သည်။ လူတစ်ယောက်အင်ပါယာ

နယ်ပယ်သို့ရောက်သောအချိန်တွင် ကြယ်တစ်ပွင့်ကွာခြားခြင်းက ကမ္ဘာတစ်ခုစာကွာခြားချက်

လောက်ကြီးမားသည်ဖြစ်သည်။  သူ၏ ခွန်အားဖြင့်ဆို့လျှင် သူအနေဖြင့် ၎င်းတို့အားဖိနှိပ်နိုင်သည်ဖြစ်၏။

“ခင်ဗျားက မြို့အရှင်သခင်လား”

ဝူရှောင်းယွင်က ကောင်းကင်ထက်သို့မော့ကြည့်လိုက်သည်။  ထို့နောက်တွင်သူ၏ ကိုယ်ကရုတ်တရက်မြင့်တက်သွားပြီး ကောင်းကင်ထက်သို့တစ်ဟုန်

ထိုးတက်လိုက်သည်။သူ၏ ဘယ်လက်အား နောက်ကျောဘက်တွင်ပစ်ထားပြီး  သူ၏ညာလက်က တံဆိပ်ပြားတစ်ခုကိုကိုင်ဆောင်ထား၏။ သူကမြို့အရှင်သခင်ဖြစ်သူအား  မျက်နှာချင်းဆိုင်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

၏

“ခင်ဗျား ဒါကိုမှတ်မိလား”

“ဟမ်”

စာပေသမား လူမှာ အရင်ဆုံးမျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်သူ၏မျက်လုံးတို့ပြူးကျယ်သွားသည်။စာပေပညာရှင်ဆန်ဆန်ခံ့ညားပြီးပြောင်းလဲမှုမရှိခဲ့သော  မျက်နှာမှာ ရုတ်တရက်ပြောင်းလဲမှုတို့ဖြစ်သွားရသည်။

“ဒါ..ဒါက အိမ့်ရှေ့စံမင်းသားကျင်းလွေရဲ့ အမှတ်တံဆိပ်ပြားပဲ…”

အိမ်ရှေ့စံမင်းသား ကျင်းလွေမှာ ထျန်းမြောင်အင်ပါယာ၏ အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်ပြီး အနာဂတ်ဧကရာဇ်မင်းလောင်းတစ်ပါးဖြစ်သည်။ ထျန်းမြောင်အင်ပါယာမှာ ယွင်လိုင်အင်ပါယာကဲ့သို့မဟုတ်ပေ။

ယွင်လိုင်အင်ပါယာတွင် အင်ပါလာနယ်ပယ်များမှာဒေသတစ်ခုစီကိုအစိုးရကြသည်။သို့သော်ထျန်းမြောင်အင်ပါယာတွင် သူကကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်နေပါသော်လည်းအကယ်၍ အိမ်ရှေ့စံမင်းသားကျင်းလွေကသာ

သူ့ကိုသတ်ဖြတ်ချင်ပါက သူလုပ်နိုင်တာဆို၍ အမိန့်ချမှတ်မှုအားနာခံရန်သာဖြစ်လေသည်။

“ခင်ဗျားမှတ်မိတယ်ဆိုတော့ကောင်းတယ်”

ဝူရှောင်းယွင်ကအေးစက်စွာပြောလိုက်သည်။

“ဒီတံဆိပ်ပြားကိုတွေ့ရတာက အိမ်ရှေ့မင်းသားကိုကိုယ်တိုင်တွေ့ရတာနဲ့ အတူတူပဲ..ဒူးထောက်စမ်း”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters