အပိုင်း(၂၀၇)
Vol. 14 Ch. 207
“အာ…အိမ်ရှေ့စံပဲ…အဲ့တာအိမ်ရှေ့စံမင်းသားရဲ့ တံဆိပ်ပြားပဲ… ဒီလူငယ်လေးက အိမ်ရှေ့စံမင်းသားများဖြစ်နေနိုင်မလား”
တစ်စုံတစ်ယောက်က ကောင်းကင်ထက်မှာအပြန်အလှန်စကားပြောဆိုသံကိုကြားပြီး လျှင်မြန်စွာပြောလိုက်သည်။ ထို့နောက်သူက အေးဆေးတည်ငြိမ်စွာရှိနေသော ရှစ်ဖုန့်ထံသို့ကြည့်လိုက်သည်။
“ငါလည်းအဲ့လိုထင်တယ်..သူ့ကိုကြည့်လိုက်…သူကအရမ်းကိုတည်ငြိမ်ရှိတယ်…သူကရှေးဦးလူသားတစ်ယောက်လိုမျိုးသူ့မျက်နှာက တည်ငြိမှုရှိလွန်းတယ်….သာမန်လူတွေမှာဒီလိုမျိုး ပင်ကိုယ်စရိုက်က မရှိနိုင်ဘူး …. ကြည့်လိုက် သူ့ကိုလူအချို့က ဝိုင်းထားကြတယ်ဆိုပေမဲ့ သူ့မှာ အင်ပါယာနယ်ပယ် ကိုယ်ရံတော်နှစ်ယောက်ရှိနေပြီး…မိန်းမလှလေးတစ်ယောက်ကလည်း သူ့ဘေးမှာရှိနေတယ်…. အဲ့တာတွေကြောင့် သူက အိမ်ရှေ့မင်းသားဆိုတာသိသာနေတာပဲ “
“သူတို့တွေအရမ်းအကြောက်တရားကင်းမဲ့နေတာကို မအံ့ဩတော့ပါဘူး… ဒီတစ်ကြိမ်တော့ မြို့အရှင် ကျုံးယန်တောင် ကံမကောင်းနိုင်တာ့ဘူးနဲ့တူတယ်….. သူကတကယ်ကြီးအိမ်ရှေ့စံကိုဗြောင်ကျကျခြိမ်းခြောက်ငွေညှစ်ရဲပြီးတော့ မြို့စောင့်တပ်တွေကိုပါ ဝိုင်းထားခိုင်းတဲ့အပြင် အိမ်ရှေ့စံနဲ့အခြားသူတွေကိုပါ
သတ်ဖို့လုပ်ရဲသေးတယ်”
“အိမ်….အိမ်ရှေ့စံ…..”
မြေပြင်ပေါ်တွင်လဲလျောင်းနေသော ဗိုလ်ချုပ်ချင်မှာ ခေါင်းကိုမော့၍ ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှာတုန်ရင်နေပြီး ထရဲခြင်းမရှိချေ။
“ကျုံးယန် အိမ်ရှေ့စံမင်းသားကိုနှုတ်ခွန်းဆက်သပါတယ်…အိမ်ရှေ့စံမင်းသားနှစ်ထောင်ပေါင်းများစွာတိုင် သက်တော်ရှည်လျားပါစေသော်…. “
မြို့အရှင်သခင်ဖြစ်သူကျုံးယန်မှာ လျှင်မြန်စွာဒူးထောက်လိုက်ပြီး ဝူရှောင်ယွင်လက်ထဲရှိ တံဆိပ်ပြားအားဂါရဝပြုလိုက်သည်။ တံဆိပ်ပြားအား မြင်တွေ့ရချင်းက အိမ်ရှေ့စံမင်းသားအား ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ရခြင်းနှင့်တူညီသည်ဖြစ်သည်။
ဝူရှောင်းယွင်က ခေါင်းငုံ့၍ အောက်ဘက်ရှိရှစ်ဖုန့်အားကြည့်လိုက်သည်။ သူကရှစ်ဖုန့်၏ အမြင်အားမေးမြန်းရန်လုပ်ခဲ့သော်လည်း ရှစ်ဖုန့်က သူ၏ ဘယ်လက်ဖြင့် ဆီးလ်တံဆိပ်တစ်ခုအားပုံဖော်ခဲ့ပြီးဖြစ်ပြီး ဟင်းလင်းပြင်အားရိုက်ခတ်လိုက်သည်။
“ငရဲဘုံကိုးခု အကြွင်းမဲ့ မိစ္ဆာဆီးလ်”
ယခုအချိန်၌ ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်၏ စွမ်းအားတို့အားသူလိုအပ်နေသည်။ ရှစ်ဖုန့်အနေဖြင့်၎င်းအားအလွယ်တစ်ကူမလွှတ်ပေးနိုင်ပေ။ ထိုထက်ပိုသည်ကား ၎င်းက သူ့အားစော်ကားခဲ့သည်ဖြစ်သည်။ ၎င်းအနေဖြင့်သေဖို့ထိုက်တန်၏။
“အား..”
ဟင်းလင်းပြင်ထဲတွင်ဒူးထောက်နေသော
ကျုံးယန်မှာ ရုတ်တရက် အောက်ဘက်မှာ အားကောင်းလှသောစွမ်းအားအတက်အကျများလာနေသည်ကိုခံစားလိုက်ရသည်။ အဖြူရောင်လက်ဖဝါးပုံရိပ်က ကောင်းကင်ထဲသို့တစ်ဟုန်ထိုးဦးတည်လာ၏။
အားကောင်းလှသော အန္တရာယ်အသိအာရုံနှင့် စိုးရိမ်ပူပန်မှုတို့က ကျုံးယန်၏ နှလုံးသားထဲတွင်ပြည့်နှက်လာသည်။ သူသာ လက်ဖဝါးပုံရိပ်ဖြင့်ရိုက်နှက်ခံလိုက်ရလျှင် ဖြစ်ပျက်လာမည်တို့အား သူစိတ်ကူးကြည့်၍ ရနိုင်သည်ဖြစ်သည်။ ဤလူကတကယ့်အိမ်ရှေ့စံမင်းသားဖစ်နေခဲ့လျှင်တောင် သူ့အားသတ်ချင်နေသည်ဆိုပါက ၎င်းအား အတုအယောင် အိမ်ရှေ့စံတစ်ယောက်အဖြစ်ဖြင့်ခေါင်းစဉ်တပ်လိုက်ပြီး သူကွပ်မျက်နိုင်သေးသည်ဖြစ်သည်။ ဤသည်မှာ ဟေးရှစ်မြို့ဖြစ်ပြီး သူ၏ ကိုယ်ပိုင်နယ်မြေဖြစ်သည်။
ကြီးမားသောဆုံးဖြတ်ချက်နှင့်အတူ ကျုံးယန်က သူ၏ ခန္ဓာကိုယ်အတွင်းရှိစွမ်းအင်အားလုံးအား သူ၏ညာလက်ထံသို့စုစည်းလိုက်သည်။ သူက သူ၏လက်ဖဝါးဖြင့်ခုတ်ပိုင်းသည့်သဏ္ဍန်ပြုလုပ်လိုက်ပြီး ကြီးမာသောခရမ်းရောင်ဆေဘာဓားပုံရိပ်ကြီးက ပေါ်လာသည်။ ၎င်းမှာကြယ်ရှစ်ပွင့်အင်ပါယာ
နယ်ပယ်တစ်ယောက်၏ တိုက်ခိုက်မှုပင်ဖြစ်သည်။ ပေါက်ကွဲထွက်လာသောစွမ်းအင်က အာကာသဓာတ်များကိုပင် အပိုင်းပိုင်းဆုတ်ဖြဲပစ်နိုင်စွမ်း
ရှိမည်ပုံပေါ်လေသည်။ သူကအဖြူရောင်လက်ဖဝါးပုံရိပ်ထံ
သို့ကြမ်းကြုတ်ပြင်းထန်စွာ
ခုတ်ပိုင်းချလိုက်သည်။
သူ၏တိုက်ခိုက်မှုက လက်ဖဝါးပုံရိပ်အားချိုးဖြတ်နိုင်ရန်လုံလောက်မှုရှိသည်ဟု ကျုံးယန်ယုံကြည်သည်။ ထို့နောက်တွင် ၎င်းက ဆက်လက်၍ ကျဆင်းသွားပြီး ရှစ်ဖုန့်တို့လူစုအားလွှမ်းခြုံသွားကာ ခရမ်းရောင်ဓားပုံရပ်ကြီး၏ အောက်တွင်၎င်းတို့မှာချေမှုန်းခံလိုက်ရမည်ဖြစ်သည်။
သို့သော် ဧရာမ ခရမ်းရောင်ဆေဘာဓားရိပ်ကြီးက အဖြူရောင်လက်ဖဝါးပုံရိပ်ဖြင့် အပြင်းအထန်ထိပ်တိုက်တွေ့ဆုံမိသောအခါတွင် သူ၏ စွမ်းအားအပြည့် ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်၏ တိုက်ခိုက်မှုမှာ လက်ဖဝါးပုံရိပ်၏ ဘာမှမကျန်တော့သည်အထိ ချေမွဖျက်ဆီးခြင်းခံလိုက်ရသည်ကို ကျုံးယန်တွေ့လိုက်ရသည်။ ထို့နောက်တွင်လက်ဖဝါးပုံရိပ်က သူ့ထံသို့တစ်ဟုန်ထိုးဆက်လက်၍ တိုက်ခိုက်လာသည်။ ကျုံးယန်ပြန်လည်၍ တုံ့ပြန်ရန်အချိန်ပင်မရလိုက်ပဲ လက်ဖဝါးပုံရိပ်က သူ၏ခေါင်းသို့ထိမှန်သွားသည်။
“ဘန်း”
ကျုံးယန်မှာကမ္ဘာကြီးတစ်ခုလုံး
ချာချာလည်သွားသကဲ့သို့ခံစားလိုက်ရပြီး သူ၏ခေါင်းအားလက်ကိုင်ရိုးရှည်တပ်တူကြီးဖြင့် ပြင်းထန်စွာထုနှက်လိုက်သကဲ့သို့ခံစားလိုက်ရသည်။ သွေးများကသူ၏ ဒွာရခုနှစ်ပေါက်မှာ စီးဆင်းထွက်လာပြီး ကျုံးယန်၏ မျက်လုံးများမှာမယုံကြည်နိုင်မှုတို့ဖြင့်ပြူးကျယ်နေသည်။ သူ၏ ပုံစံမှာအာဃာတတရားများကြီးစိုးနေသည့်စိတ်ဝိညာဉ်တစ်ခုကဲ့သို့ဖြစ်သည်။
“ဒါ….ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…ငါ..ငါ…ငါက ကြယ်ရှစ်ပွင့်အင်ပါယာနယ်
ပယ်တစ်ယောက်လေ”
ဤသည်မှာကျုံးယန်၏နောက်ဆုံးသောအတွေးများဖြစ်သည်။ ထို့နောက်တွင်သူ၏ ဝိညာဉ်မှာ ဆန်းကြယ်လှသောစွမ်းအားတစ်ခု၏ ထိန်းချုပ်မှုကိုခံလိုက်ရပုံရ၏။ သူ၏ကိုယ်ကအရှိန်အဟုန်ဖြင့်ကျဆင်းလာပြီး မြေပြင်နှင့်ပြင်းထန်စွာထိရိုက်သွားသည်။
“ဘန်း”
ပေါက်ကွဲသံက လူတိုင်းအားသူတို့၏ မိန်းမောနေမှုများမှနိုးထစေလိုက်ပြီး သူတို့အားလုံးအေးစက်သောလေများကိုနက်ရှိုင်းစွာ ရှူသွင်းမိလိုက်ကြသည်။
“မြို့…မြို့အရှင်သခင် ကျုံးယန် သေပြီ”
“သူဒီလိုမျိုးပဲ သေသွားခဲ့ပြီ….သူက အလွန်မြင့်မားတဲ့တည်ရှိမှုဖြစ်တဲ့ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်လေ”
“ဘုရားရေ…ဘယ်လိုတောင်ကြမ်းကြုတ်ရက်စက်တာမျိုးလဲ…သူက ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်ကိုဒီအတိုင်းလေးပဲ သတ်ပစ်ခဲ့တယ်… “
“ကြည့်လိုက်အုံး မြို့အရှင်သခင်ရဲ့ခန္ဓာကိုယ်ကို…”
ထို့နောက်တွင် ကျုံးယန်၏ခန္ဓာကိုယ်များများပြားလှသောသွေးတို့ကစီးဆင်းထွက်လာပြီး ရှစ်ဖုန့်ထံသို့အရှိန်အဟုန်ဖြင့်ဦးတည်သွားသည်ကို လူများတွေ့လိုက်ကြရသည်။ ကျုံးယန်၏ ကိုယ်မှာ လျှင်မြန်စွာရှုံ့တွလာပြီး ဖျစ်ညှစ်ခံလိုက်ရသကဲ့သို့
ခြောက်သွေ့သွားသည်။ ၎င်းက နှစ်ရာပေါင်းများစွာကြာမြင့်နေပြီဖြစ်
သောမံမီရုပ်အလောင်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး မြင်လိုက်ရသူများအား မွေးညှင်းပင်များကိုပင်
ထောင်မတ်သွားစေသည်။
“အား..မြို့အရှင်သခင်”
ဤအချိန်တွင်ထိတ်လန့်ကြောက်ရွံ့တုန်လှုပ်မှုအဖြစ်ရဆုံးသောသူမှာ ရှစ်ဖုန့်၏ ခြေရင်းနား၌ လဲလျောင်းနေသော ဗိုလ်ချုပ်ချင်ဆိုသူပင်ဖြစ်သည်။ မြို့အရှင်သခင်ဖြစ်သူမှာသေဆုံးသွားခဲ့ပြီး အရမ်းကိုစိတ်မချမ်းမြေ့ဖွယ်ရာ
ကောင်းစွာဖြင့်သေဆုံးသွားခဲ့ခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်ချင်မှာ အလိုအလျောက်ရှင်သန်လိုစိတ်သောစိတ်ဆန္ဒတို့ဖြစ်ပေါ်လာပြီးသူ၏နှလုံးသားထဲတွင်အလွန်အမင်းကြောက်ရွံ့မှုတို့ဖြစ်ပေါ်လာက ယင်းတို့ကသူအားကျန်းယွဲ့ကဲ့သို့ မြေပြင်နှင့်ခေါင်းအားထပ်တလဲလဲဆောင့်ကာ တောင်းပန်စေသည်။
“ကျွန်တော်မျိုးကိုချမ်းသာပေးပါ အရှင့်သား….ကျွန်တော်မျိုးကိုချမ်းသာပေးပါ… ကျွန်တော်မျိုးက အရေးမပါလှတဲ့ဗိုလ်ချုပ်လေးပါ… ကျွန်တော်မျိုးပြုလုပ်ခဲ့တာတွေအားလုံးက မြို့အရှင်သခင်ဖြစ်သူကျုံးယန်
စေခိုင်းမှုကြောင့်ပြုလုပ်ခဲ့ရတာပါ”
ဗိုလ်ချုပ်ချင်မှာသူ၏သွေးများပြင်း
ထန်စွာခန်းခြောက်သွားရမည့်နာ
ကျင်မှုကိုစိတ်ပင်မကူးကြည့်နိုင်ပေ။ ထို့ကဲ့သို့ထိတ်လန့်ကြောက်
မက်ဖွယ်ကောင်းသောအရာကသူ့ထံ၌ဖြစ်ပျက်လာမည်ကိုသူစိတ်ပင်မကူးရဲပေ။
သို့သော်သူတွေးထားသကဲ့သို့ပင် သူ၏တစ်ကိုယ်လုံးမှာဆူပွက်လာပြီး အရှိတရားနှင့်ပြောင်းပြန်စီးဆင်းမှုများဖြစ်ပေါ်လာသည်ကို ဗိုလ်ချုပ်ချင်ခံစားလိုက်ရသည်။ သက်တောင့်သက်သာမရှိလှသော ဖော်ပြ၍မရနိုင်သည့်ခံစားမှုတစ်ခုကသူ၏တစ်ကိုယ်လုံးတွင်ပြည့်နှက်နေသည်။
“အား…အရှင့်သားကျွန်တော်မျိုးကိုချမ်းသာပေးပါ….ကျွန်တော်မျိုးကိုချမ်းသာပေးပါ…အား…”
ဗိုလ်ချုပ်ချင်က ခေါင်းမော့လိုက်ပြီး သူ၏ မျက်နှာက ရှုံ့မဲ့နေသည်။ တောက်ပသောအနီရောင်သွေးတို့ကသူ၏ ဒွာရခုနှစ်ပေါက်မှစီးဆင်းထွက်လာပြီး အလွန်အမင်းနာကျင်စွာဖြင့် စူးစူးဝါးဝါးငယ်သံပါအောင်အော်ဟစ်သံက လိုက်ပါထွက်ပေါ်လာသည်။
“အား………………………………………”
သွေးအားလုံးကရှစ်ဖုန့်ထံသို့ဦးတည်သွားပြီး ဤအချိန်တွင် နောက်ထပ်သက်ရှိတစ်ဦးမှာ ခြောက်သွေ့သောအလောင်း
တစ်ခုဖြစ်သွားပြီဖြစ်လေသည်။
ဤအချိန်တွင် ပတ်ဝန်းကျင်မှကြည့်နေကြသော ပရိတ်သတ်များမှာသူတို့၏နှလုံးသားအတွင်းမှ အေးစိမ့်မှုတို့ကိုခံစားလိုက်ရပြီး ချောမောပြီး ပြောင်းလဲမှုမရှိသောပုံစံဖြင့် လူငယ်လေးကိုကြည့်လိုက်ကြသည်။ သူတို့အသိပြန်ဝင်လာသည့်အချိန်တွင်သူတို့၏ ကိုယ်များက အတင်းအကျပ်လုပ်ယူခြင်းမရှိပါဘဲ နောက်သို့ဘယ်အချိန်ကဆုတ်သွားခဲ့သည်ကိုမသိလိုက်ရကာ သူတို့ကြားထဲရှိအကွာအဝေးက ပို၍တိုးကာဝေးကွာသွားခဲ့သည်။
ဝူရှောင်းယွင်က မြေပြင်ပေါ်သို့ပြန်လည်၍ ရောက်ရှိလာသကဲ့သို့ရှစ်ဖုန့်က လဲ သူတို့အားပြောင်းလဲမှုမရှိဘဲပြောလိုက်သည်။
“သွားကြစို့”
ထို့နောက်တွင်သူတို့နှင့်
အတူပါလာခဲ့သောလီလျိုရှင်းမှာ
ဘယ်နေရာသို့ရောက်သွားမှန်းမသိ
သည်ကိုသတိပြုမိလိုက်ကြသည်။ သူတို့အနေဖြင့်၎င်းဘယ်နေရာသို့သွားမှန်းကိုမသိကြချေ။ သူ့အနေဖြင့်အစကသူတို့နှင့်
အတူလိုက်ပါလာခဲ့ခြင်းမှာ အမှောင်ထုထဲရှိ သရဲတစ္ဆေအားကြောက်လန့်သောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ဟေးရှစ်မြို့စောင့်တပ်ဖွဲ့နှင့်ရင်ဆိုင်တွေ့ချိန်တွင် ပြဿနာတက်မည်ကိုကြောက်ရွံ့သောကြောင့် လျှင်မြန်စွာဖြင့်ထွက်ပြေး
သွားခြင်းလဲဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ်သူတို့အနေဖြင့်
ထိုလူပျောက်သွားခြင်းအတွက် စိတ်ထဲတွင်ထားမနေပေ။ သူတို့လမ်းမထက်သို့
လျှောက်သွားလိုက်ကြသည်။
အစကလမ်းမပေါ်တွင်ရပ်၍ ပွဲအားစောင့်ကြည့်နေကြသောသူများမှာ ရှစ်ဖုန့်နှင်အခြားသူများကချဉ်းကပ်လာသည်ကိုတွေ့လိုက်ရသောအခါတွင် “ဝှစ်ရှ်” ခနဲ ဘေးသို့အလျှင်အမြန်ရှဲလိုက်ကြကာ သူတို့အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။ သူတို့အနေဖြင့်တုံ့ဆိုင်းချင်းမရှိပဲသတ်ဖြတ်ရဲပြီး ဘေးဒုက္ခတို့ကိုဖြစ်ပေါ်စေသည့်ဤလူများအား စော်ကားမှုပြုမိကြမည်ကိုကြောက်မိကြသည်။
ရှစ်ဖုန့်မှာ ခြေလှမ်းအနည်းငယ်ပင် မလျှောက်လှမ်းရသေးခင် ရုတ်တရက်ရပ်တန့်လိုက်သည်။ သူကခေါင်းမော့လိုက်ပြီး စားသောက်ဆိုင်တစ်ခု၏ ခေါင်မိုးပေါ်ကိုကြည့်လိုက်သည်။ ထိုနေရာတွင်လူငယ်တစ်ယောက်က ဝင့်ကြွားစွာရပ်နေသည်။ ၎င်းကအနက်ရောင်စစ်သည်အထူးဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏ ကျောပေါ်တွင် အနက်ရောင် သံမဏိဓားကိုလွယ်ထားသည်။ သူ၏ ဆံပင်ရှည်တို့ကလေထဲတွင်
တဖျပ်ဖျပ်လွင့်နေ၏။ သူ၏မျက်နှာက တည်ငြိမ်မှုရှိပြီး အသားအရေက ဖြူသည်။ ဤအချိန်တွင်သူကရှစ်ဖုန့်အားမြန်မြန်ဆန်ဆန်ပင်ကြည့်လိုက်သည်။
ထို့နောက်တွင် လူငယ်၏ ပုံရိပ်မှာလှစ်ခနဲဖြစ်သွားပြီး ခေါင်မိုးပေါ်မှပျောက်ကွယ်သွားသည်။
“နောက်ထပ်ပါရမီရှင်တစ်ယောက်လား”
ဘာမှမရှိတော့သော ခေါင်မိုးပေါ်ကိုကြည့်ကာရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။
“ဘာဖြစ်လို့လဲ…သခင်..”
ရှစ်ဖုန့်က ထိုနေရာ၌ စိတ်ရှုပ်ထွေးစွာရပ်နေသည်ကို တွေိ့လိုက်ရသောအခါတွင် ဝူရှောင်းယွင်ကမေးလိုက်သည်။
“ဘာမှမဟုတ်ဖူး..သွားကြစို့”
သူ၏အကြည့်တို့အားရုတ်သိမ်းကာရှစ်ဖုန့်က ၎င်းအားပြောလိုက်သည်။ ထို့နောက်တွင် အုပ်စုလိုက်ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားကြသည်။ ဟေးရှစ်မြို့အတွင်းရှိ
ကြားကာလဖြစ်ရပ်လေးများကြောင့် သူတို့ထဲကချို့ကပို့ဆောင်ဆက်သွယ်ရေးအစီအရင်ဖြင့်နောက်မြို့သို့သွားပြီးမှ အနားယူရန်ဆုံးဖြတ်ခဲ့ကြသည်။
ထို့အပြင် ဟေးရှစ်မြို့၏ မြို့အရှင်သခင်ဖြစ်သူ သေဆုံးသွားခြင်းက သေးငယ်သောကိစ္စတစ်ခုမဟုတ်ပေ။ ဤနေရာသို့ထျန်းမြောင်အင်ပါယာ၏ ကျွမ်းကျင်သူများက မကြာခင်တွင်ရောက်ရှိလာနိုင်လောက်သည်ဖြစ်သည်။
ဆက်ရန်….
ဘာသာပြန်သူ -ARISE