အပိုင်း(၂၀၈)
Vol. 14 Ch. 208
နေရာကူးပြောင်းပို့ဆောင်ဆက်သွယ်ရေး အစီအရင်က ဟေးရှစ်မြို့၏အလယ်ဗဟိုတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြို့အရှင်သခင်၏အိမ်တော်နှင့် ဘေးချင်းကပ်လျက်ပင်ဖြစ်သည်။
၎င်းမှာမြင့်မားပြီးယဇ်ပလ္လင်တစ်ခု
ကဲ့သို့ပုံစံရှိသည့် စက်ဝိုင်းပုံစံ အဆောက်အဦးတစ်ခုဖြစ်သည်။ နေရာကူးပြောင်းအစီအရင်အား လျှို့ဝှက်ဆန်းကြယ်သည့် အာကာသနှင့်ဆိုင်သော
အင်းစာလုံးများဖြင့်ထွင်း
ထုပုံဖော်ထားခြင်းဖြစ်သည်။ ဤအကွာအဝေးတိုပို့ဆောင်ဆက်သွယ်ရေး အစီအရင်တည်ဆောင်ပုံလောက်လေးကိုပင် အဆင့်ငါးဆန်းကြယ်သန့်စင်သူ
ဖြစ်မှသာတည်ဆောက်နိုင်သည်ဖြစ်ပြီး
ရှားပါးပြီးဈေးကြီးသော အာကာသဓာတ်အခြေပြု ပစ္စည်းများအားထည့်သွင်း
တည်ဆောက်ထားရသည်ဖြစ်သည်။ ယွင်လိုင်အင်ပါယာနှင့်ဘေးချင်း
ကပ်လျက်ဖြစ်သောအင်ပါယာများတွင် ထျန်းမြောင်အင်ပါယာကဲ့သို့သော အင်ပါယာကြီးတစ်ခုတွင်သာနေရာကူးပြောင်းပို့ဆောင်သွယ်ရေးအစီအရင်ရှိပြီး ၎င်းမှာလည်း အကွာအဝေးတိုသာရသော ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ပင်
ဖြစ်လေသည်။
ဟေးရှစ်မြို့၏ မြို့အရှင်သခင်က ဟေးရှစ်မြို့၏မြို့စောင့်တပ်သားအများအပြားအသတ်ခံခဲ့ရသည်ဟုပြောခဲ့သည်ဖြစ်သည်။ ဤကဲ့သို့ သတင်းကြီးများက ဟေးရှစ်မြို့တစ်ခုလုံးအား လေနှင့်အတူ ဖြတ်သန်းပျံ့နှံ့သွားခဲ့သည်ဖြစ်သည်။ ဟေးရှစ်မြိုရှိစစ်သားများမှာ သူတို့အနေဖြင့်ပက်သက်ငြိစွန်းခံရမည်
ကိုကြောက်ကြသောကြောင့်သူတို့၏ ခေါင်းဆောင်းများ နှင့်ချပ်ဝတ်တန်ဆာများကို စွန့်ပစ်လိုက်ကြပြီး သူတို့၏အသက်အတွက်
ထွက်ပြေးသွားကြသည်။ သူတို့ကိုမဆိုထားဘိ ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်သူမြို့အရှင်သခင်ပင်လျှင်သတ်ဖြတ်ခံလိုက်ရသည်ဖြစ်သည်။
ပို့ဆောင်ဆက်သွယ်ရေးအစီအရင်
အားစောင့်ကြပ်နေကြသော အစောင့်များမှာလည်း ဘာသဲလွန်စမှကျန်ရစ်နေခြင်းမရှိအောင်ပျောက်ကွယ်သွားခဲ့ကြသည်။ အခြားမြို့များကိုဖြတ်သွားချင်ကြသည့် အချို့သော သိုင်းပညာရှင်များက ပို့ဆောင်ဆက်သွယ်ရေးအစီအရင်အား လည်ပတ်ရန်အတွက် သူတို့၏ ကိုယ်ပိုင် ကမ္ဘာဦးကျောက်တုံးများ
ကိုဖြည့်တင်းနေကြသည်။သို့သော်ဤသည်မှာသူတို့အတွက်ကောင်းမွန်သောအရာဖြစ်၏။ ဟေးရှစ်မြို့မှ သူတို့အားကောက်ခံသောကမ္ဘာဦးကျောက်တုံးပမာဏမှာ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်အား ဖြည့်တင်းရသည့်ပမာဏ၏နှစ်ဆဖြစ်သည်။
ပို့ဆောင်ဆက်သွယ်ရေးအစီအရင်၏ အပေါက်လေးပေါက်တွင် ကမ္ဘာဦးကျောက်တုံးများ
ပြည့်သွားပြီးသည့်နောက် အားကောင်းသောအဖြူရောင်အလင်းတန်းတစ်ခုတောက်ပလာသည်။ ပို့ဆောင်ဆက်သွယ်ရေး
အစီအရင်ပေါ်တွင်ရပ်နေကြသောသူများမှာ
ပျောက်ကွယ်သွားကြသည်။ သူတို့အနေဖြင့်ပို့ဆောင်ဆက်သွယ်ရေး
အစီအရင်အား ဖြတ်သန်းပြိး နောက်မြို့တစ်မြို့ဆီသို့ ပို့ဆောင်ခံလိုက်ရပြီဖြစ်လေသည်။
ရှစ်ဖုန့်နှင့်အခြားသောသူများကလည်း ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ပေါ်သို့ခြေချလိုက်ကြသည်။ ဝူရှောင်းယွင်ပြောကြားချက်အရ သူတို့အနေဖြင့်ဟန်ရွှင်းမြို့သို့သွားကြရမည်ဖြစ်သည်။ နောက်မြို့မှာယွဲ့ချင်းချန်မြို့ဖြစ်သည်။
တည်နေရာကိုဩဒိနိတ်အမှတ်အသားများ
ရွေးချယ်ပြီးသည့်နောက်တွင် အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးလေးထောင်ကိုလေးယောက်သားဖြည့်တင်းလိုက်ကြသည်။ အားကောင်းသော အဖြူရောင်အလင်းနှင့်အတူ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်အတွင်းမှာသူတို့ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင်ရှစ်ဖုန့်က အခြားသောမြို့များတွင်လည်း ပို့ဆောင်ဆက်သွယ်ရေးအစီအရင်တို့ကိုအသုံးပြုခဲ့သည်။ ဝူရှောင်းယွင်တွင် အိမ်ရှေ့စံမင်းသားကျင်းလွေ၏
အမှတ်တံဆိပ်ပြားရှိနေသောကြောင့် အိမ်ရှေ့မင်းသား၏ အမှတ်တံဆိပ်ပြားအား မြင်တွေ့လိုက်ကြရသောအခါတွင် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ရှိ
အစောင့်အကြပ်များမှာ အလျှင်အမြန်ဒူးထောက်လိုက်ကြပြီး လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။ ထိုအတွက်ကြောင့်ရှစ်ဖုန့်တို့အနေဖြင့်
တန်းစီခြင်းကိုပြုလုပ်နေစရာမလိုခဲ့ပေ။ ပို့ဆောင်ဆက်သွယ်ရေး အစီအရင်များစွာအားဖြတ်သန်းပြီးသည့်နောက် နောက်ဆုံးတွင်သူတို့၏ ခရီးပန်းတိုင်ဖြစ်သော ဟန်ရွှင်းမြို့ဆီသို့ရောက်ရှိလာခဲ့သည်။
ဤအချိန်တွင် ဟေးရှစ်မြို့အတွင်းရှိထူးဆန်းသော ဖြစ်ရပ်များကြောင့် ပတ်ဝန်းကျင်နိုင်ငံပေါင်းများစွာမှသိုင်းပညာရှင်များမှာ ထျန်းမြောင်အင်ပါယာအတွင်းတွင်စုစည်းနေကြသည်။ သိုင်းပညာရှင်များအား နေရာအနှံ့တွင်တွေ့နိုင်သည်ဖြစ်၏။
လမ်းမများထက်တွင်လျှောက်လှမ်းနေကြရင်း ဆွေးနွေးမှုအများဆုံးသော ခေါင်းစဉ်မှာ ဤထူးဆန်းသောဖြစ်ရပ်များ၏ မူလဇစ်မြစ်အကြောင်းကိုပင်ဖြစ်သည်။ ၎င်းကနမိတ်ဆိုးတစ်ခုလား သို့မဟုတ်ရှားပါးသော ရတနာတစ်ပါးမွေးဖွားလာခြင်းလားဆိုသည်ကိုမည်သူကမျှ သေချာစွာပြောကြားနိုင်ကြခြင်းမရှိကြချေ။
ရှစ်ဖုန့်က ဟန်ရွှင်း မြို့၏ကောင်းကင်ထက်ကို
မော့ကြည့်လိုက်သည်။ သူကသူ၏ဝိညာဉ်စွမ်းအားနှင့် ကောင်းကင်မီးတောက်ကိုဆက်သွယ်လိုက်ပြီး မေးလိုက်သည်။
“ခင်ဗျားဘာတစ်ခုခုများခံစားမိသေးလဲ”
“မခံစားမိဘူး”
ကောင်းကင်မီးတောက်ကရိုးရိုးတန်းတန်းပင်
ဖြေကြားလိုက်သည်။
ထို့နောက်ရှစ်ဖုန့်က အကြည့်တို့ကိုရုတ်သိမ်းပြီးနောက်သို့ကြည့်လိုက်သောအခါတွင်ထိုကောင်မလး လုံမုန့်က အဆက်မပြတ်သန်းဝေနေသည်ကိုတွေိ့လိုက်ရသည်။ သူမက သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး သူမ၏ ကာယခွန်အားက သာမန်လူတစ်ယောက်ထက်
သာလွန်သော်လည်း တစ်နေ့နှင့်တစ်ညခရီးသွားပြီးသည့်နောက်တွင်သူမ၏ စိတ်နှင့်ခန္ဓာကိုယ်တို့ပင်ပန်းနွမ်းနွယ်မှုတို့ဖြစ်နေပြီဖြစ်သည်။
“မင်းပင်ပန်းနေပြီလား”
ရှစ်ဖုန့်က ညင်သာစွာမေးလိုက်သည်။
“အင်းညီမလေးပင်ပန်းနေပြီ”
လုံမုန့်ကရိုးသားစွာဖြေကြားလိုက်သည်။
လုံမုန့်၏ ရိုးသားစွာပြန်ဖြေမှုအားမြင်တွေိ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က ပြုံး၍ ပြောလိုက်သည်။
“ဒါဆိုလည်းနေစရာနေရာတစ်ခုကို
အရင်ဆုံးသွားရှာကြတောပေါ့”
“သခင် ကျွန်တော်နဲ့လိုက်ခဲ့ပါ….ဟန်းရွှင်းမြို့ထဲမှာ တည်းခိုခန်းငယ်လေးတစ်ခုရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရှိတယ်…အခုဆိုရင် ဟန်းရွှင်းမြို့ထဲမှာ လူတွေကအရမ်းကိုများတာကြောင့် တည်းခိုးခန်းတစ်ခုကိုရှာဖို့ဆိုတာက မလွယ်ကူလောက်တော့ဘူး… “
ထိုအချိန်တွင် ဝူရှောင်းယွင်က ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ကောင်းတယ်”
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။
ဝူရှောင်းယွင်ကဦးဆောင်ပြီးရှစ်ဖုန့်နှင့်အခြားသူများက ဝူရှောင်းယွင်အစောပိုင်းကပြောသောတည်းခိုခန်းဆီသို့နောက်မှလိုက်ပါ၍ လျှောက်သွားလိုက်ကြသည်။
တည်းခိုခန်း၏အမည်မှာ ဝမ်လိုင်ဖြစ်သည်။ရှစ်ဖုန့်နှင့်အခြားသူများရောက်ရှိကြသောအချိန်တွင် တည်းခိုခန်းဝင်ပေါက်ဝန်းကျင်၌ လူအများလည်းလျှောက်လှမ်းနေကြသည်ကိုတွေ့ရသည်။ ဝူရှောင်းယွင်က အရင်ဆုံးဝင်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ပွက်ပွက်ညံသောအသံတစ်ခု
ရုတ်တရက်ထွက်ပေါ်လာသည်။
“ကြည့်လိုက်..ကောင်းကင်ကိုကြည့်လိုက်…
မြိုရဲ့အပြင်ဘက်မှာလှုပ်ရှားမှုရှိတယ်.. “
ပွက်ပွက်ညံသောအသံနောက်ကိုလိုက်၍ ရှစ်ဖုန့်နှင့်အခြားသူများက အလျှင်အမြန်အကြည့်များကိုလိုက်ရွှေ့လိုက်ကြသည်။ တောင်ဘက်ကောင်းကင်ပြင်မှာရုတ်ချည်း
အနီရောင်အဖြစ်ပြောင်းသွားပြီးနောက် အနီရောင်အလင်းမှာ ချက်ချင်းပြန်ပျောက်ကွယ်သွားသည်ကို
တွေ့လိုက်ရသည်။
“ဟမ်”
သူ၏သိုလှောင်လက်စွပ်အတွင်းရှိသွေးဓားမှာ ခုဏက အနည်းငယ်တုန်ခါသွားသည်ကို
သူအာရုံခံမိလိုက်နိုင်သည်။ ရှစ်ဖုန့်က ဓားအတွင်းတွင် အမှတ်အသားတစ်ခုအား
ထည့်သွင်းထားသည်ဖြစ်သည်။ထို့ကြောင့် ထိုအနည်းငယ်မျှတုန်ခါမှုအပင် သူ၏အာရုံခံမှုအောက်၌ လွတ်မြောက်နိုင်ခြင်းမရှိပေ။
“မြင့်မြတ်ဓားရဲ့ အပိုင်းအစပဲ”
ဤအချိန်တွင် ကောင်းကင်မီးတောက်က ရုတ်တရက်ပြောလိုက်သည်။မျှော်လင့်ထားသလိုပင် ကောင်းကင်မီးတောက်၏အသံက သွေးဓားအဘယ့်ကြောင့်တုန်ခါမှုဖြစ်ရသည်ဆိုသည်အားဖြေပြီးသားဖြစ်သွားခဲ့သည်။
“တစ်ခြားဘာရှိိသေးလဲ”
ရှစ်ဖုန့်ကမေးလိုက်သည်။ သူအနေဖြင့်မြင့်မြတ်ဓား၏ အပိုင်းအစအား ယခင်ကတော်ဝင်မိသားစုတားမြစ်မြေပြင်တွင်တွေ့ဖူးသည်ဖြစ်သော်လည်း အပိုင်းအစက ဤကဲ့သို့သောဖြစ်ရပ်ဆန်းများကိုဖန်တီးနိုင်စွမ်း မရှိသင့်ပေ။
“ငါဆန်းကြယ်တဲသွေးစွမ်းအားတစ်ခုကိုလည်းအာရုံခံမိခဲ့တယ်…ဒါပေမဲ့အဲ့တာက သွေးပန်းခက်မျိုးနွယ်စုနဲ့ဘာမှကို
မသက်ဆိုင်ဘူး.. ဘာလို့မြင့်မြတ်ဓားအပိုင်းအစက အဲ့ဆန်းကြယ်တဲ့စွမ်းအားထဲမှာ ရှိနေရလဲဆိုတာကိုငါသိချင်မိတယ်”
ကောင်းကင်မီးတောက်က ပြန်ဖြေလိုက်သည်။
“အဲ့တာကသွေးပန်းခက်မျိုးနွယ်စုနဲ့ဘာမှကိုမဆိုင်ဘူးလား….”
ရှစ်ဖုန့်က ကောင်းကင်ပြင်အားဆက်လက်စိုက်ကြည့်နေရင်းမျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
“ဒီမှာပဲ အရင် နေရာချလိုက်တာပေါ့”
ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။
“ပြီးမှပဲ..ကျုပ်တို့တွေ အဲ့သွားပြီးတော့တစ်ချက်ကြည့်မယ်”
“အင်း”
ကောင်းကင်မီးတောက်ပြန်ဖြေလိုက်သည်။
“အဲ့ဆန်းကြယ်တဲ့သွေးစွမ်းအင်ကိုသာ
ငါဝါးမျိုနိုင်ခဲ့ရင် အဲ့တာက သေချာပေါက်ငါ့ရဲ့စွမ်းအားကိုတော်တော်လေးတိုးပွားစေလိမ့်မယ်”
“အမ်”
ဤအချိန်တွင် တည်းခိုခန်းအတွင်းမှ ဝူရှောင်းယွင်၏ ဒေါသတကြီးအော်ဟစ်သံကိုရှစ်ဖုန့်ကြားလိုက်ရသည်။ထို့နောက်တွင်ဒေါင်မြင့်မြင့်နှင့်တုတ်ခိုင်သန်မာသော ပုံရိပ်တစ်ခုကတည်းခိုခန်းအတွင်းမှ လွင့်ပျံထွက်လာသည်။ လွင့်ပျံထွက်လာသောသူမှာ အစောပိုင်းကမှာတည်းခိုခန်းအတွင်းသို့ဝင်သွားခဲ့သော ဝူရှောင်းယွင်ပင်ဖြစ်၏။
ရှစ်ဖုန့်က အလျှင်အမြန်တစ်ဟုန်ထိုးသွားလိုက်ပြီး သူ၏ညာလက်ဖြင့် ဝူရှောင်းယွင်၏အကျောအားဖိလိုက်ကာ သူ့အားနောက်သို့လွင့်ပျံထွက်လာရာမှာရပ်တန့်စေလိုက်သည်။
ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်
ဝူရှောင်းယွင်မှာတကယ့်ကို
တစ်စုံတစ်ယောက်ကြောင့်
လွင့်ပျံထွက်လာခဲ့ရသည်။
ရှစ်ဖုန့်၏အမူအယာမှာ
အေးစက်မှုအဖြစ်သို့ပြောင်းလဲသွားပြီး တည်းခိုခန်းအတွင်းသို့ကြည့်လိုက်သည်။ အဖြူရောင်ဝတ်စုံဝတ်လူငယ်သုံးယောက်က တည်းခိုခန်းအတွင်းတွင်ရပ်နေကြပြီး အပြင်ဘက်သို့ကြည့်၍
သရော်ပြုံးပြုံးနေကြသည်။
“ဘာဖြစ်ခဲ့တာလဲ”
ရှစ်ဖုန့်က ဝူရှောင်းယွင်ကိုမေးလိုက်သည်။
“သခင်….ဒီလူတွေ..ဒီလူတွေကို တကယ့်ကိုမှ အရမ်းမလျော်ကန်တဲ့သူတွေပဲ… သူတို့တွေတကယ့်ကိုမှ တော်တော်လေးကိုများလွန်းတယ်…. “
ဝူရှောင်းယွင်က တည်းခိုခန်းအတွင်းသို့ကြည့်က ဒေါသထွက်မှုအပြည့်ဖြစ်နေသော
မျက်နှာဖြင့်ပြောလိုက်သည်။
“ကျွန်တော် အရင်ဆုံးရောက်လာခဲ့တဲ့သူဆိုတာ အရှင်းအလင်းကြီး သူတို့က နားဖို့အခန်းသုံးခုလိုတယ်လို့ပြောတယ်… ဒါပေမဲ့ အခန်းက လေးခုပဲကျန်တော့တာ…..ဒါကြောင့်ကျွန်တော်က လူအိုကြီးချမ့်ကို နှစ်ခန်းကျွန်တော်တို့အတွက်ပေးဖို့တောင်း
ဆိုခဲ့ပြီး သူတို့အတွက်နှစ်ခန်းပေးခဲ့တယ်…ဒါပေမဲ့ သူတို့က …..သူတို့ကတကယ်ကြီး ကျွန်တော့်ကို တိုက်ရိုက်တိုက်ခိုက်လိုက်တယ်”
“ဟမ့်”
ဘယ်ဘက်တွင်ရပ်နေသော အဖြူရောင်ဝတ်ရုံနှင့်ခပ်ပိန်ပန်ဂင်တိုတို လူငယ်ကအထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။
“ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်
တစ်ယောက်ကများ အရမ်းကို အစွမ်းထက်တယ်တင်နေတာလား…..မင်းကငါတို့ရဲ့ အကို တင်းရှေ့မှာဆိုဘာမှမဟုတ်ဖူးကွ.. “
လူငယ်ကပြောလိုက်သည်။ သူကလှည့်လိုက်ပြီး သူတို့၏အလည်တွင်ရပ်နေသော စီနီယာအကိုတင်းကိုကြည့်လိုက်သည်။
“ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပဲ”
ရှစ်ဖုန့်က လူငယ်၏ကျင့်ကြံမှုအား ဖောက်ထွင်းမြင်လိုက်သည်။ သူသည်ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်
တစ်ယောက်ဖြစ်ပြီး အခြားနှစ်ယောက်ကတော့ဘုရင်
နယ်ပယ်များဖြစ်ကြသည်။
စီနီယာအကိုတင်းမှာ ပို၍ပင် မာနကြီးသည့်ပုံဖြစ်လာသည်။ သူကသူ၏လက်များကိုနောက်တွင်ပစ်၍ ရှစ်ဖုန့်နှင့်အခြားသူများထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာသည်။ သူကဝင့်ကြွားစွာပြောလိုက်သည်။
“ဒါကမင်းရဲ့ခွေးလား…..
မင်းရဲ့ခွေးကိုမင်းဂရုစိုက်ပါ…. ငါကမင်းကောင်းဖို့အတွက်ရိုက်လိုက်တာ…
အရမ်းကိုမာနကြီးပြမနေနဲ့…. မင်းစော်ကားလို့မရတဲ့ တစ်စုံတစ်ယောက်ကိုစော်ကားမိရင် မင်းဘယ်လိုသေလို့သေသွားရမှန်းတောင်သိမှာမဟုတ်ဖူး”
“အဲ့လူငယ်လေးတွေကဘယ်သူတွေလဲ..ဘာလို့သူတို့က အရမ်းအထက်စီးဆန်ပြီးမာနကြီးနေရတာလဲ”
“မင်းသူတို့ရဲ့အဝတ်အစားတွေကိုမမြင်ဘူးလား… သူတို့က ငါတို့ထျန်းမြောင်အင်ပါယာရဲ့ လင်ရွှယ်ဂိုဏ်းကပဲ”
“ဘာ..ဒီတော့သူတို့က လင်ရွှယ်(နက်နဲစိတ်ဝိညာဉ်) ဂိုဏ်းကပေါ့ …မအံ့ဩတော့ပါဘူး…. အဲ့တာကငါတို့ထျန်းမြောင်အင်ပါယာရဲ့ စတုတ္ထမြောက်အင်အားကြီးဂိုဏ်းပဲ…. အဲ့တာက စတုတ္ထမြောက်ဂိုဏ်းဆိုပေမဲ့ ဒုတိယနဲ့တတိယဂိုဏ်းတွေဖြစ်ကြတဲ့ ဟို့ယွင်(မီးတိမ်တိုက်)ဂိုဏ်းနဲ့ ထျန်းကျန့်(ကောင်းကင်ဓား)
မဟာမိတ်အဖွဲ့တို့နဲ့အများကြီး
ကွာခြားချက်ရှိတာမဟုတ်ဖူး”
ထျန်းဟန်တိုက်ကြီးပေါ်တွင် ဘယ်နေရာသို့ရောက်သည်ဖြစ်စေ ပွဲကြိုက်ခင်များကင်းမဲ့သည်ဟူ၍ရှိမနေပေ။ ဤချိန်တွင် ဤနေရာ၌ တိုက်ပွဲတစ်ခု ဖြစ်နေသည်ကိုသူတို့မြင်တွေ့လိုက်ရသောအခါတွင်အားလုံးသောတစ်ယောက်ချင်းစီတိုင်းမှာ သူတို့အနေဖြင့်ယခင်ကတည်းက
တိုင်ပင်ထားကြသည့်အလား ချက်ချင်း ပတ်ဝန်းကျင်တွင် စုရုံးကြ၍ ဆွေးနွေးမှုကိုပြုလုပ်နေကြတော့သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE