အပိုင်း(၂၀၉)
Vol. 14 Ch. 209
တင်းဟူသောမိသားစုနမည်ဖြင့်လူငယ်လေးမှာ သူတို့၏ ဇာတိသရုပ်မှန်များအား လူအများက ဆွေးနွေးပြောဆိုနေကြသည်ကိုကြားလိုက်
ရသောအခါတွင် သူ၏အမူအယာကပို၍ပင် ဆောင့်ကြွားဆောင့်ကြွားဖြင့် အထက်စီးဆန်မာနကြီးလာသည်။ သူကသူ၏လက်များကို နောက်တွင်ပစ်ထားပြီး ရှေ့သို့တစ်လှမ်းချင်းတက်လာသည်။ သူကဆက်ပြီးပြောလိုက်သည်။
“ဟန်းရွှင်းမြို့ထဲမှာ သတ်ဖြတ်ခြင်းကိုတားမြစ်ထားတာကြောင့်သာမဟုတ်ရင် မင်းရဲ့ မာနကြီးနေတဲ့ခွေး သေသွားတာကြာနေပြီ…
အခုငါတစ်နှစ်သုံးရေမယ်…
မင်းနဲ့မင်းရဲ့ခွေးတို့ငါ့မျက်စိ
အောက်ကနေပျောက်သွားလိုက်ကြ…. မဟုတ်ရင်ဖြစ်လာမဲ့ အကျိုးဆက်တွေကိုမင်းသိမှာပါ”
“တစ်”
တင်းမိသားစုနမည်နှင့်လူငယ်က ရှစ်ဖုန့်နှင့်ဝူရှောင်းယွင်တို့အား အေးစက်စွာစိုကြည့်လိုက်ပြီး စတင်၍ ရေတွက်လိုက်သည်။
“မင်းဖင်ကြီးမှာပဲသွားတစ်နေလိုက်”
လူငယ်၏အထက်စီးဆန်သော အမူအယာအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က သူ၏ညာလက်ကိုမြှောက်လိုက်သည်။ ရုတ်တရက်မျက်စိကျိန်းလောက်စရာကောင်း
သော အဖြူရောင်အလင်းတစ်ခုက သူ၏ညာလက်တွင်တောက်ပါလာသည်။ သူက တင်းမိသားစုနမည်နှင့်လူငယ်ကို ဖြတ်ရိုက်လိုက်သည်။
“ဟမ့် မင်းက မာလကဈန်ကြွချင်နေတာပဲ”
သူ၏ဝန်းကျင်ရှိလူများ၏ဆွေးနွေးမှုအားကြား
ပြီးသည့်နောက် သူ၏သရုပ်မှန်အားရှင်းရှင်းလင်းလင်းသိသည့်တိုင် ဤလူများအနေဖြင့် သူ့အားတိုက်ခိုက်ရဲခြင်းရှိလိမ့်အုံးမည်ဟု အဖြူရောင်နှင့်လူငယ်မှာမမျှော်လင့် ခဲ့ပေ။ထိုထက်ပိုသည်ကား သူနှိမ့်ချရှုမြင်ထားသော ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်လေးတစ်ယောက်ကသူ့အားတိုက်ခိုက်ခြင်းဖြစ်သည်။ သူ့အားတိုက်ခိုက်ရဲခြင်းက သေခြင်းတရားအားဖိတ်ခေါ်နေသည်နှင့်ခြားနားခြင်းမရှိပေ။
အဖြူရောင်ဝတ်ရုံလူငယ်၏ ညာလက်က နောက်ကျောဘက်တွင်ပစ်ထားဆဲဖြစ်သည်။ သူက ဘယ်လက်ကိုမြှောက်၍ ရှစ်ဖုန့်၏ လက်အား အထင်သေးစွာဖြင့်အမှုမထားသလို ဖမ်းဆုပ်ကိုင်လိုက်သည်။ လျှပ်စီးတစ်ခုလို သူ၏ စိတ်ထဲတွင်အတွေးတစ်ချို့က လက်ခနဲဖြစ်သွားပြီး သူ၏ နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားကာ သရော်ပြုံးတစ်ခုကိုပြုံးလိုက်သည်။ သူ့အနေဖြင့်ညှင်းပန်းနှိပ်စက်သည့်နည်းလမ်းဒါဇင်ပေါင်းများစွာကို တွေးထားနှင့်ပြီးသားဖြစ်သည်။
သို့သော် အဖြူရောင်ဝတ်စုံနှင့်လူငယ်၏လက်က ရှစ်ဖုန့်၏လက်အား ဖမ်းဆုပ်လိုက်သည်ကိုလူတိုင်းရှင်းရှင်း
လင်းလင်းမြင်လိုက်ကြရသော်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် ရှစ်ဖုန့်၏လက်က အဖြူရောင်ဝတ်စုံနှင့်လူငယ်၏လက်အားကျော်
ဖြတ်သွားသည်ကိုတွေ့လိုက်ကြရသည်။ ထို့နောက်၌ ကောင်းကင်နှင့်မြေကြီးကြားထဲတွင် ကြွပ်ဆပ်ဆပ် “ဖြန်း”ဟူသောအသံကပဲ့တင်ထွက်ပေါ်လာ
သည်။
အထက်စီးဆန်သော အဖြူရောင်ဝတ်စုံနှင့်လူငယ်အတွက်မှာမူ သူ၏ မျက်နှာထက်တွင်နက်ရှိုင်းသော လက်ဖဝါးရာတစ်ခုဖြစ်ပေါ်နေလေသည်။ ပါးရိုက်ခံလိုက်ရပြီးသည့်နောက်တွင် အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ ကမ္ဘာတစ်ခုလုံးက အစစ်အမှန်မဟုတ်ဖြစ်လာသည်ဟုခံစားလိုက်ရသည်။ မျက်နှာထက်တွင်ဗလာနတ္ထိအမူအယာတစ်ခု
ရှိနေပြီး သူက ထိုနေရာတွင်ရပ်နေသည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ…
ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
ဘယ်အချိန်ကများလင်ရွှယ်ဂိုဏ်း၏ မာနကြီးပါရမီရှင်တစ်ယောက်က ဤကဲ့သို့ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်အမှိုက်တစ်ယောက်၏ အရှက်ခွဲမှုကိုခွင့်ပြုလိုက်ရပါသနည်း။
ရုတ်တရက် အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ သတိပြန်ဝင်လာသည်။ သူ၏ မျက်နှာထက်တွင်ဒေါသတရားတို့ဖြင့်ပြည့်
နှက်နေ၏။ သူကရှစ်ဖုန့်အား ကြိမ်းဝါးလိုက်သည်။
“မင်းဘယ်လိုတောင်ငါ့ကိုရိုက်ရဲတာလဲကွ…
ဒီနေ့ …မင်းသေရမယ်”
သူကအော်ဟစ်လိုက်သကဲ့သို့ ပြင်းထန်သောအပြာရောင်မီးတောက်တစ်ခုက သူ၏လက်တို့ထံမှာဟုန်းခနဲထွက်ပေါ်လာသည်။ ၎င်းက ခြစ်ခြစ်တောက်နေသောအပူရှိန်တစ်ခုကိုထုတ်လွှတ်ပြီး ပြင်းထန်စွာတောက်လောင်နေသည်။
“ဟမ့်”
ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးသူ၏ညာလက်အားထပ်မံ၍ ဝေ့ယမ်းလိုက်သည်။ အဖြူရောင်ဝတ်ရုံနှင့်လူငယ်မှာ တုံ့ပြန်ချိန်ပင်မရလိုက်ပဲ သူ၏မျက်နှာအားထပ်မံ၍ ဖြတ်ရိုက်ခံလိုက်ရပြန်သည်။
“ဖြန်း”
ကြွပ်ဆပ်သော အသံတစ်ခုကကောင်းကင်နှင့်မြေကြီးကြားထဲတွင်ပဲ့တင်ထွက်ပေါ်လာ၏။ ဤအချိန်တွင် ဒေါသထွက်နေသော အဖြူရောင်နှင့်လူငယ်မှာ ရှစ်ဖုန့်၏ပါးရိုက်ချက်ကြောင့်နောက်သို့လွင့်ပျံထွက်သွားသည်။
“ဒါက..ငါဒါကိုမြင်နေရတာ ဟုတ်ရောဟုတ်ရဲ့လား….အဖြူရောင်ဝတ်ရုံနဲ့လူငယ်က ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်ပေမဲ့ သူက ဒီလူငယ်လေးရဲ့ပါးရိုက်တာကိုနှစ်ကြိမ်တောင်ခံလိုက်ရတယ်…ပြီးတော့ ဒီလူငယ်လေးကလည်း ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်ပဲရှိသေးတာ… “
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။
“ဒီလူငယ်လေးက ပါးရိုက်ပညာရပ်မှာ ပြိုင်ဘက်ကင်းဆရာတစ်ဆူဖြစ်နေတာလဲဖြစ်
ကောင်းဖြစ်နိုင်တယ်.. “
တစ်ခြားသောတစ်စုံတစ်ယောက်ကလည်း ထပ်ပြီးပြောလိုက်သည်။
“ဒါပေမဲ့ အဖြူရောင်နဲ့လူငယ်လေးက လင်ရွှယ်ဂိုဏ်းကလေ…ကောလဟာလတွေအရ လင်ရွှယ်ဂိုဏ်းက သူတို့ရဲ့တပည့်တွေကို အရမ်းကာကွယ်ပေးတာတဲ့….သူတို့တွေ ဒီကိစ္စကိုလွယ်လွယ်လေးနဲ့ လွှတ်ပေးမယ်လို့တော့ငါမထင်ဘူး… “
“ဒါပေမဲ့ အဲ့တာကလည်း ဒီလူငယ်လေးရဲ့နောက်ကွယ်က စွမ်းအားပေါ်မူတည်သေးတယ်လေ…. သူက လင်ရွှယ်ဂိုဏ်းကိုတောင် ဆန့်ကျင်ရဲတယ်ဆိုမှတော့ သူ့နောက်မှရှိနေတဲ့ စွမ်းအားက အားနည်းမှာတော့မဟုတ်ဖူး”
“ဆိုးဆိုးဝါးဝါးတော့ဖြစ်မှာမဟုတ်ဖူး..
ဒီလူငယ်လေးကိုကြည့်လိုက်….ဒီလိုမျိုးအသက်ငယ်ငယ်လေးနဲ့ကြယ်သုံးပွင့်အင်ပါယနယ်ပယ်ကိုရောက်နေပြီ…အဲ့တာထက်ပိုတာကား သူက ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်ကိုတောင်စိန်ခေါ်နိုင်စွမ်းရှိတယ်… သူက ကြီးမားတဲ့အဖွဲ့အစည်းအင်အားအချို့က မွန်စတားဆန်တဲ့ တပည့်တစ်ယောက်ပဲဖြစ်လိမ့်မယ်”
“ဟုတ်တယ်…..ငါလည်းအဲ့လိုထင်တယ်”
အဖြူရောင်ဝတ်စုံနှင့်လူငယ်အားပါးနှစ်ကြိမ်ရိုက်ပြီးသည့်နောက်တွင် ရှစ်ဖုန့်က တည်းခိုခန်းအတွင်းသို့အေးစက်စွာကြည့်လိုက်သည်။ ထိုထဲတွင် တစ်ခြားလူငယ်နှစ်ယောက်ရှိသည်ဖြစ်သည်။ ရှစ်ဖုန့်ကသူတို့အားအေးစက်စွာစိုက်ကြည့်လိုက်သည့်အချိန်တွင် သူတို့အား ကြမ်းကြုတ်သော သားရဲတစ်ကောင်က စိုက်ကြည့်ခြင်းခံလိုက်ရသကဲ့သို့ သူတို့ခံစားလိုက်ရသည်။ သူတို့က တည်းခိုခန်းအတွင်းမှ လျှင်မြန်စွာပြေးထွက်လာကြပြီး မြေပြင်ပေါ်တွင်လဲကျနေသော သူတို့၏စီနီယာအကိုတင်းထံသို့ သွားလိုက်ကြသည်။
“သွားစို့”
ရှစ်ဖုန့်ကလုံမုန့်၊ဝူရှောင်းယွင်နှင့် ယဲဝူရှင်းတို့ကိုပြောလိုက်သည်။ ထို့နောက်သူက ဦးဆောင်၍ တည်းခိုခန်းအတွင်းသို့ဝင်ရောက်လိုက်သည်။
စီနီယာအကိုတင်းမှာ သူ၏ဂျူနီယာညီနှစ်ယောက်အကူအညီဖြင့် မြေပြင်ပေါ်မှထလိုက်သည်။ သူကလက်သီးတို့အားတင်းကျပ်စွာဆုပ်ထားပြီး တုန်ယင်နေသည်။ သူ၏မျက်နှာကခက်ထန်ကြမ်းကြုတ်နေပြီး သူ၏မျက်လုံးများက အဆိပ်ရှိသော မြွေတစ်ကောင်၏ မျက်လုံးများကဲ့သို့ဖြစ်နေသည်။ သူက တည်းခိုခန်းအတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားသော ရှစ်ဖုန့်နှင့်အခြားသူများအားစိုက်ကြည့်နေသည်။
“ဒါကိုလက်စားမချေရရင် ငါတင်းကျုံးယောက်ျားတစ်ယောက်
မဟုတ်တော့ဘူးလို့ကျိန်ဆိုတယ်”
တင်းကျုံး၏ ကိုယ်မှာပို၍ပို၍ ပြင်းထန်စွာတုန်ယင်လာသည်။ သူ၏လက်ချောင်းဆယ်ချောင်းတို့က လက်ဖဝါးတို့အတွင်းစိုက်ဝင်နေ၏။ သူ၏လက်ဖဝါးများထံမှ သွေးစီချောင်းနှစ်ခု စီးဆင်းလာသော်လည်း သူအနေဖြင့်၎င်းအားခံစားမိခြင်းမရှိချေ။
“ရှောင်းယွင် ဒီတစ်ကြိမ်မင်းတော့ ပြဿနာကြီးထဲကိုဝင်မိနေပြီဆို
တာသိရဲ့လား…”
ဤအချိန်တွင် တည်းခိုခန်းအတွင်းမှ ပိုင်ရှင်ပုံစံပေါက်သောလူအိုကြီးတစ်ယောက်က ဝူရှောင်းယွင်ကိုပြောလိုက်သည်။ သူက ဝမ့်လိုင်တည်းခိုခန်း၏ ပိုင်ရှင်ဖြစ်သော ဝူရှောင်းယွင်၏ မိတ်ဆွေကောင်းဖြစ်သူ လူအိုကြီးချင်ပင်ဖြစ်သည်။
ထို့နောက်လူအိုကြီးချင်က ဆက်လက်ပြောဆိုသည်။
“အဲ့လူငယ်လေးတွေက လင်ရွှယ်ဂိုဏ်းကပဲ…. အဲ့တာက ထျန်းမြောင်အင်ပါယာအတွင်းက အင်အားကြီးဂိုဏ်းတွေထဲက တစ်ခုဖြစ်တယ်…ရှောင်းယွင် ငါမင်းကို ဒီတည်းခိုခန်းမှ မနေဖို့အကြံပေးချင်တယ်… ဖြစ်နိုင်သမျှ အမြန်ဆုံးမင်းတို့အသက်တွေအတွက် ထွက်ပြေးကြတာအကောင်းဆုံးပဲ”
“ကောင်းပြီ…နားတကျည်ကျည်လုပ်နေတာ
တော်လိုက်တော့ …ဒီမှာအခန်းလေးခန်းကျန်နေသေးတယ်မလား…. ကျုပ်တို့တွေအားလုံးယူမယ်”
လူအိုကြီးချင်ကဆက်လက်၍ နားတကျည်ကျည်လုပ်အုံးမည်ကိုတွေ့
လိုက်ရသောအခါတွင် ရှစ်ဖုန့်က စိတ်မရှည်စွာဖြင့်ကြားဖြတ်ဝင်တားလိုက်သည်။
ဤပုဂ္ဂိုလ်က လင်ရွှယ်ဂိုဏ်း၏ ပါရမီရှင်အား နှစ်ကြိမ်တိုင်တိုင်ပါးရိုက်ခဲ့သည်ကို လူအိုကြီးချင်မြင်တွေ့ခဲ့ရသည်ဖြစ်သည်။ အကယ်၍ သူက လင်ရွှယ်ဂိုဏ်း၏ တပည့်ဖြစ်ကိုတောင်ရိုက်နှက်ရဲသည်ဆိုလျှင် သူ့အနေဖြင့်ဤပုဂ္ဂိုလ်အား ဒေါသထွက်အောင်စော်ကားမိပါက ဤကြမ်းကြုတ်သောပုဂ္ဂိုလ်က သူ့အား တိုက်ခိုက်လိမ့်မည်ကို လူအိုကြီးချင်ကြောက်မိသည်။ထို့ကြောင့်သူကတစ်ခြားဘာမှမပြောတော့ပဲ စားပွဲထိုးအားလုပ်ထုံးလုပ်နည်းများအတိုင်း
ဂရုစိုက်ပေးရန်အမိန့်ပေးလိုက်သည်။
ရှစ်ဖုန့်နှင့်အခြားသုံးယောက်မှာ တစ်ယောက်တစ်ခန်းစီရရှိကြသည်။ အခန်းလေးခု က ဒုတိယထပ်၏ ထောင့်ဘက်ခြမ်းတွင်ရှိသည်ဖြစ်သည်။ ရှစ်ဖုန့်နှင့်လုံမုန့်တို့က အလယ်ရှိ အခန်းနှစ်ခန်းကိုယူပြီး ယဲ့ဝူရှင်းနှင့် ဝူရှောင်းယွင်တို့က ဘယ်နှင့်ညဘက်တွင်တစ်ခန်းစီယူကြသည်။
လုံမုန့်မှာ အရမ်းကိုအိပ်ချင်နေခဲ့ပြီဖြစ်သည်။ သူမအခန်းအတွင်းသို့ဝင်ပြီးသိပ်မကြာခင်တွင် ဟောက်သံသဲ့သဲ့လေးကိုပင်ကြားနိုင်
သည်ဖြစ်၏။
ယဲ့ဝူရှင်းနှင့်ဝူရှောင်းယွင်တို့ကလည်း သူတို့၏ အခန်းများဆီသို့သွားလိုက်ကြသည်။ ရှစ်ဖုန့်တစ်ယောက်တည်းသာလျှင် တည်းခိုခန်းအပြင်ဘက်သို့လျှောက်ထွက်လာ၏။ သူက မြို့ထဲမှထွက်ခွာကာ မြို့၏တောင်ဘက်ခြမ်းအားတစ်ချက်သွားကြည့်ရန် စီစဉ်ခဲ့သည်။ကောင်းကင်မီးတောက်
အနေဖြင့်ရှာဖွေမှုအသစ်တို့အား တွေ့ရှိနိုင်သည်ဖြစ်ကောင်းဖြစ်နိုင်သည်။
ဟန်ရွှင်းမြို့၏ လူဦးရေက အလွှာပေါင်းစုံရောနှောနေသည်ဖြစ်၏။ လူများအား ပျံသန်းခြင်းကို မြို့တွင်တားမြစ်ထားသည်ဖြစ်သည်။ ဤအမိန့်အား အတည်ပြုပြီးသည်နှင့် မည်သူမျှ ၎င်းအားဆန့်ကျင်ကာသွားရဲကြခြင်းမရှိကြပေ။ မြို့အရှင်သခင်၏ အိမ်တော်ရှိရာဦးတည်ချင်ဆီမှ ဆန်းကြယ်သော စွမ်းအင်တစ်ခုလာနေသည်ကိုရှစ်ဖုန့်ပင်ခံစား
နိုင်သည်ဖြစ်သည်။
သူတို့အနေဖြင့်ပျံသန်းနိုင်ကြခြင်းမရှိကြသော
ကြောင့် တောင်ဘက်သို့ပြေး၍သာသွားကြ
ရသည်ဖြစ်သည်။ ရှစ်ဖုန့်မှာတောင်ဘက်ဂိတ်မှနောက်ဆုံး
မဖြတ်ခင်အချိန်ထိ နှစ်နာရီခန့်ပြေးလွှားခဲ့ရသည်။ ဤအချိန်တွင် တောင်ဘက်ဂိတ်၏ အပြင်ဘက်၌ လူများပို၍ပို၍ စုစည်းလာကြပြီဖြစ်သည်။ လူတိုင်းက သွေးနီရောင်အလင်းအတွက်ဤနေရာသို့လာကြခြင်းဖြစ်သည်။ လူများကစုံစမ်းစစ်ဆေးမှုများအားပြုလုပ်ရန်အတွက် ပို၍ပို၍ လာခဲ့ကြပြီး သဲလွန်စအချို့အား ရှာတွေ့နိုင်ရန်မျှော်လင့်ကြသည်။
သူတို့အနေဖြင့် ကံကောင်းမှုကြောင့် ကောင်းကင်နှင့်မြေကြီး၏ရတနာက သူတို့လက်ထဲသို့ ဆန်းကြယ်စွာဖြင့်ပြုတ်ကျလာမည်ဟု
တွေးနေခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင်သူတို့အနေဖြင့်ပြိုင်ဘက်ကင်း အံ့ဖွယ်လက်နက်သို့မဟုတ် ပြိုင်ဘက်ကင်း ပညာရပ်များကိုရှိနိုင်လိမ့်မည်ဖြစ်သည်။ ထို့နောက်တွင်သူတို့အနေဖြင့်ကမ္ဘာကြီး၌ ပြိုင်ဘက်ကင်းသောသူတစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်ပြီး ထျန်းဟန်တိုက်ကြီးပေါ် ၌ ဝင့်ကြွားစွာရပ်နိုင်လိမ့်မည်ဖြစ်သည်။ သူတို့၏ လမ်းတစ်လျှောက်တွင်သတ်ဖြတ်ခြင်းများကိုပြုလုပ်ပြီး ပင်လယ်လေးခုကိုလှုပ်ခါစေကာ သန်းပေါင်းများစွာသောလူအများ၏လေးစားမှုကိုရယူနိုင်လိမ့်မည်ဖြစ်သည်။
မြို့ထဲမှ ထွက်ခွာလာပြီးသည့်နောက်တွင် ရှဏ်ဖုန့်က လေထဲတွင်ပျံသန်းလိုက်ပြီးရပ်တန့်လိုက်သည်။သူကကောင်းကင်မီးတောက်ကိုမေးလိုက်သည်။
“ခင်ဗျားတစ်ခုခုခံစားမိသေးလား”
“စောင့်အုံး”
ကောင်းကင်မီးတောက်ကပြောလိုက်သည်။
နောက်ဆက်တွဲအနေဖြင့်ရှစ်ဖုန့်က လေထဲတွင်ဖြည်းညှင်းစွာလွင့်မျောနေလိုက်ပြီး ထိုလှုပ်ရှားမှုက ကောင်းကင်မီးတောက်အားတစ်စုံတစ်ခုကိုရှာတွေ့စေနိုင်မည်ဟုမျှော်လင့်မိသည်။
ဆက်ရန်….
ဘာသာပြန်သူ- ARISE