← Chapters

အပိုင်း(၂၁၀)

Vol. 14 Ch. 210

အပိုင်း(၂၁၀)

Vol. 14 Ch. 210

ဤအချိန်၌ မြို့ပြင်ကဟင်းလင်းပြင်ထဲတွင်ရှိနေသောသူမှာရှစ်ဖုန့်တစ်ယောက်တည်းမဟုတ်ပေ။ ထို့ကြောင့်ရှစ်ဖုန့်အနေဖြင့်အများကြီး အာရုံစိုက်မှုခံရခြင်းမရှိပေ။ တစ်ချို့သောသူများက ကောင်းကင်ထဲ၌ ရှာဖွေမှုပြုလုပ်နေကြစဉ်တွင် အခြားသူများကတော့  မြေပြင်ပေါ်၌ ရှာဖွေနေကြ၏။

“ခင်ဗျားဘာမှရှာမတွေ့သေးဘူးလား…. ခင်ဗျားမြင့်မြတ်ဓားရဲ့ အပိုင်းအစကိုတောင်အာရုံခံမရဘူးလား”

ပတ်ဝန်းကျင်အားလှည့်ပတ်၍ ပျံသန်းပြီးသည့်နောက်တွင်  ရှစ်ဖုန့်က သူ၏ ဝိညာဉ်စွမ်းအားကိုအသုံးပြုပြီး  ကောင်းကင်မီးတောက်နှင့်ဆက်သွယ်မှုပြုလုပ်ကာ မေးလိုက်သည်။

“ဟင့်အင်း ….ရှေးဦးဘုန်းတန်းခိုးကြောင့် ဒီနေရာမှာ ဝင်ပေါက်တစ်ခု ပွင့်ခဲ့တယ်လို့ငါသံသယရှိတယ်…ဝင်ပေါက်က လက်တလောကမှ ပေါ်လာခဲ့ပြီး သွေးနီရောင်အလင်းက အဲ့နေရာလွတ်ထဲကနေထုတ်လွှတ်တာပဲ”

ကောင်းကင်မီးတောက်ကပြောလိုက်သည်။

“အင်း”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ ကောင်းကင်မီးတောက်၏ အတွေးက သူ၏ အတွေးဖြင့်ထပ်တူကျသည်ဖြစ်သည်။ သူ့တွင်လည်းတူညီသောအတွေးတစ်ခုရှိခဲ့သည်

ဖြစ်သည်။

“ကြည့်ရာတာ ကျုပ်တို့တွေ သွေးနီရောင်အလင်းပေါ်လာတာကို

စောင့်ရမဲ့ပုံပဲ”

“အမ..အဲ့သူတောင်းစားပဲ”

ထိုအချိန်တွင် ဒေါသတကြီး နှင့်ရင်းနီးသောအသံတစ်ခုက ရှစ်ဖုန့်၏နားအတွင်းသို့ဝင်ရောက်လာခဲ့သည်။ ရှစ်ဖုန့်လှည့်ကြည့်လိုက်သောအခါတွင်  တည်းခိုခန်းဝင်ပေါက်၌ သူနှစ်ကြိမ်တိုင်ပါးရိုက်ခဲ့သော လူငယ်ကိုတွေ့လိုက်ရသည်။  သူ၏ဘေးတွင် တူညီသော လင်ရွှယ်ဂိုဏ်း၏ အဖြူရောင်ဝတ်စုံကိုဝတ်ထားသည့် လှပသော အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်။

အမျိုးသမီးက အသက်မကြီးသေးပေ။ သူမမှာ နှစ်ဆယ့်နှစ်နှစ်  နှစ်ဆယ့်သုံးနှစ်အရွယ်ခန့်သာရှိသေးသည်ဖြစ်သည်။  သို့သော်သူမ၏သိုင်းပညာကျင့်ကြံမှုက ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်အဆင့်ရှိ၏။  သူမအားပါရမီရှင်တစ်ယောက်အဖြစ်မှတ်ယူ၍ ရနိုင်သည်ဖြစ်သည်။

အမျိုးသမီးကရှစ်ဖုန့်အားတွေ့လိုက်ရသောအခါတွင် မျက်မှောင်ကြုတ်လိုက်ပြီး  တင်းကျုံးကိုကြည့်လိုက်သည်။ သူမကပြောလိုက်သည်။

“ဘာဖြစ်တာလဲ…သူကကြယ်သုံးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်ပဲဟာ ဘယ်လိုဖြစ်ပြီးနင့်ကိုပါးနှစ်ချက်တောင်ရိုက်နိုင်မှာလဲ”

“အမ…ဒီလူက ထူးဆန်းတယ်”

တင်းကျုံးကပြောလိုက်သည်။

တင်းကျုံး၏စကားတို့အားကြားလိုက်ရပြီးသည့်နောက် အမျိုးသမီးက ခေါင်းညိမ့်လိုက်သည်။ ၎င်းမှာတကယ့်ကိုကြယ်သုံးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်က ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်

အား ပါးရိုက်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးက ရှစ်ဖုန့်ထံသို့သိက္ခာရှိသောသူတစ်ယောက်အမူအယာဖြင့်ကြည့်လိုက်သည်။

ထို့နောက်တင်းကျုံးကပြောလိုက်သည်။

“အမ..ကျွန်တော့်အတွက်လက်စားချေပေး

ရမယ်….ကျွန်တော်ဒီအတိုင်းပဲမပြီးဆုံးသွားနိုင်ဘူး…မဟုတ်ရင် ကျွန်တော့်စိတ်တွေက မတည်မငြိမ်ဖြစ်လာပြီး ကျွန်တော့်ရဲ့သိုင်းပညာက ဒီနေရာမှာပဲ ရပ်တန့်သွားလိမ့်မယ်”

“ငါနားလည်တယ်”

အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက စကားပြောပြီးသည့်နောက်တွင် လေထဲ၌ ရှေ့သို့ခြေလှမ်းလိုက်ပြီး  ဖြည်းညှင်းစွာရှစ်ဖုန့်ထံသို့ချဉ်းကပ်လာသည်။ သူမကအော်ပြောလိုက်သည်။

“ရှင်ကဘယ်သူလဲ…ဘာကြောင့်ကျွန်မမောင်ကိုလူတွေကြားထဲမှာ အရှက်ခွဲရတာလဲ…ဘယ်လိုဖြစ်ပြီးတော့ လင်ရွှယ်ဂိုဏ်းရဲ့တပည့်တွေကိုအရှက်ခွဲရဲရတာလဲ”

ရှစ်ဖုန့်ကအဖြူရောင်ဝတ်အမျိုးသမီးထံသို့ အေးစက်စွာကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဘာလဲ မင်းကသူ့ဘက်ကနေရပ်တည်ပေးမလို့လား….”

သူစကားပြောနေရင်းလက်ထဲတွင် သွေးနီရောင်ဓားကပေါ်လာသည်။

ဤအချိန်တွင် ကောင်းကင်ထက်၌ဖြစ်စေ မြေကြီးပေါ်၌ဖြစ်စေ ရှိနေကြသော ကျင့်ကြံသူအားလုံးမှာ ကောင်းကင်ထက်ရှိ ပုံရိပ်နှစ်ခု၏ ဆွဲဆောင်မှုကိုခံလိုက်ကြရပြီး မော့ကြည့်လိုက်ကြသည်။

“ကြည့်လိုက်အုံး ဟိုမှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီး

တစ်ယောက်တို့ငြင်းခုန်နေကြတာမလား….”

ယောကျ်ားတစ်ယောက်နှင်မိန်းမတစ်ယောက်တို့ပိုပြီးငြင်းခုန်မှုပြုလုပ်လေ  အခြားသူများ၏စပ်စုလိုစိတ်များက ပို၍ နိုးကြားလာလေပင်ဖြစ်သည်။

“အဲ့တာက လင်ရွှယ်ဂိုဏ်းရဲ့ ပါရမီရှင်တွေထဲက တင်းယုဖြစ်မဲ့ပုံပဲ…..အဲ့လူငယ်လေးကရော

ဘယ်သူလဲ”

ဤအချိန်တွင်ရှစ်ဖုန့်ကလည်းသူ့ပတ်ဝန်းကျင်တွင်ရှိသောလူများ၏ အကြည့်များကိုသတိထားမိလိုက်သည်။  သူကသရော်ပြုံးပြုံးလိုက်ပြီး  အဖြူရောင်နှင့်အမျိုးသမီးအားအော်ပြောလိုက်သည်။

“ခွေးမ ငါမင်းကိုဘယ်နှစ်ခါပြောရမလဲ… ငါတို့ကြားမှာမဖြစ်နိုင်ဘူးလို့လေ….

ဒီတော့ဘာလဲ…မင်းကငါ့ကိုရိုက်နှက်ပြီး တော့ငါ့အသွေးငါ့အသားနဲ့တည်ဆောက်ထားတဲ့ ကိုယ်ဝန်ကိုမင်းလိုချင်နေတာလား…မင်းက ငါရည်ရွယ်ထားတဲ့သိုင်းပညာလမ်းကြောင်းမှာ ဟင်းခတ်အမွှေးအကြိုင်တစ်ခုထက်မပိုဘူး..မင်းလိုအမျိုးသမီးမျိုးကငါ့ရဲ့ ဟင်းခတ်အမွေးအကြိုင်လောက်ပဲ အဆင့်ရှိတယ်…ငါကမင်းရဲ့ ခန္ဓာကိုယ်ကိုပဲ နည်းနည်းလောက်စိတ်ဝင်စားခဲ့တာ …ဘာကိုအချစ်လဲ…အဲ့တာက မင်းကိုယ်မင်းနဲ့တစ်ခြားသူတွေကိုလှည့်စားထားတဲ့ဟာသတစ်ခုသက်သက်ပဲ…အနာဂတ်မှာ ငါ့နားကိုလာပြီးတော့ ရစ်သီရစ်သီလာလုပ်မနေနဲ့”

“ဘာ..တင်းယုက တကယ်ကြီး ဒီလူငယ်လေးနဲ့အိပ်ခဲ့တာလား..

ကောင်းကင်ဘုံရေ…”

ရှစ်ဖုန့်၏စကားလုံးတို့ကရုတ်ချည်း အားလုံးအားတုန်လှုပ်အံ့အားသင့်မှုတို့ဖြစ်သွား

စေသည်။

“တင်းယု…အဲ့တာငါ့ရဲနတ်ဘုရားမလေးကွာ…သူတကယ်ကြီးဒီလူငယ်လေးနဲ့အိပ်ခဲ့တာပဲ…တကယ်ကြီးလက်ဆတ်တဲ့အသီးအရွက်တွေကို ဝက်တွေကစားသွားသလိုမျိုးခံစားရတယ်ကွာ”

“ဒီလူငယ်လေးကဘယ်သူများလဲ…သူကကြယ်သုံးပွင့်အင်ပါယာနယ်ပယ်ပဲရှိသေးတယ်…ဒါပေမဲ့…သူစွန့်ပစ်လိုက်တာ

တောင်မှတင်းယုက စွဲလန်းနေသေးတယ်…ဒီလူမှာ တောင့်တင်းတဲ့နောက်ခံအင်အားတော့ရှိရမယ်… သူ့နောက်ကွယ်မှာရှိနေတဲ့စွမ်းအားက ရိုးရှင်းမှာတော့ဟုတ်ပုံမရဘူး..”

“တင်းယုက အပြင်ပန်းမှာအပြစ်ကင်းစင်ပြီး‌တော့ဖြူစင်သူလေးဖြစ်ပုံပေါ်ပေမဲ့  သူမက တကယ်ကြီးဒီလိုလူစားမျိုးဖြစ်နေတယ်…ဟူး .ငါအရင်တုံးကတကယ်ကို မျက်စိကွယ်နေခဲ့တာပဲ…ညပေါင်းများစွာ ငါ့ရဲ့စိတ်ထဲမှာဒီအမျိုးသမီးကနေရာယူထားခဲ့တယ်….ငါတို့နှစ်ယောက်ကြားထဲမှာသာအဲ့တာကပထမဆုံးအကြိမ်ဖြစ်ခဲ့ရင် သူမလက်ထဲမှာငါ့ကိုဆုပ်ကိုင်ထားမှာပဲ..”

အားလုံးကရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ထင်ကြေးများဖြင့်မှန်းဆကြတော့သည်။ သူတို့တွေတစ်ယောက်နှင့်တစ်ယောက်ထိုးညွှန်

ပြကြကာ သက်ပြင်းကိုယ်စီချလိုက်ကြသည်။

ရှစ်ဖုန့်၏စကားလုံးတို့နှင့် ပတ်ဝန်းကျင်ရှိဆွေးနွေးသံများက  တင်းယု၏နားအတွင်းသို့ရှင်းလင်းစွာဝင်ရောက်လာခဲ့သည်ဖြစ်သည်။ ထို့ကြောင့်တင်းယု၏မျက်နှာမှာ ဒေါသတို့ဖြင့်တောက်လောင်သကဲ့သို့ ရုတ်ချည်းနီရဲသွားသည်။

“မဟုတ်တာတွေပြောမနေနဲ့ ….လူယုတ်မာကောင် နင်တကယ်ကြီးငါ့ရဲ့ဂုဏ်သိက္ခာကိုစော်ကားရဲတယ်..နင်သေဖို့ထိုက်တန်တယ်…နင်သေဖို့ကိုထိုက်တန်တယ်”

တင်းယု၏အသွင်အပြင်နှင့် ပတ်ဝန်းကျင်ရှိလူများ၏အဆက်မပြတ်ပြောဆိုသံများအားမြင်ရကြားရသောအခါတွင်  ရှစ်ဖုန့်နက်ရှိုင်းစွာသရော်ပြုံးပြုံးလိုက်သည်။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက ဘယ်တိုက်ခိုက်မှုထက်မဆိုပို၍ အကျိုးသက်ရောက်မှုရှိသည်ဖြစ်သည်။

“ငရဲကိုသွားလိုက်တော့”

တင်းယုကဒေါသတကြီးအော်ဟစ်လိုက်သည်။  သူမ၏လက်ထဲတွင် ငွေရောင်ဓားပါးတစ်ခုပေါ်လာပြီး ၎င်းက ငွေရောင်အလင်းတို့တောက်ပနေသည်။ သူမကရှစ်ဖုန့်ထံသို့တိုက်ရိုက်ထိုးသွင်းလိုက်သည်။ ရုတ်တရက် ငွေရောင်ဓားရိပ်များက မျက်စိကျိန်းလောက်အောင်ပျံသန်းထွက်ပေါ်

လာပြီး ရှစ်ဖုန့်ထံသို့ဦးတည်လာသည်။

“ဟမ့်ခွေးမ ………..မင်းကဒီသခင်လေးကိုမရတာနဲ့ပဲ  ဒီသခင်လေးကိုသတ်ချင်နေတာပေါ့လေ…မင်းကတကယ့်ကို ရက်စက်တဲ့မိန်းမပဲကွ…”

ရှစ်ဖုန့်က ဒေါသထွက်ချင်ဟန်ဆောင်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။သူ၏ လက်ထဲတွင်ရှိနေသောသွေးဓားက အဖြူရောင်အလင်းတို့ဖုံးလွှမ်းနေ၏။ ထို့နောက်တွင် ငရဲဘုံဓားချက်အားထိုးသွင်းလိုက်သည်။

စွမ်းအားကြီး ငရဲဘုံဓားချက်၏အောက်တွင် မိုးရွှာသွန်းသကဲ့သို့ဦးတည်လာနေသော ငွေရောင်ဓားချီတို့မှာ ပျောက်ကွယ်သွားခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် သွေးဓားနှင့်တင်းယု၏ငွေရောင်ဓားပါးတို့က အပြင်းအထန်ထိပ်တိုက်တွေ့ဆုံမိကြ၏။

“ဘန်း”

ကြွပ်ဆပ်ဆပ်အသံတစ်ခုနှင့်အတူ တင်းယု၏ ဒေါသထွက်နေသောမျက်နှာတွင် တုန်လှုပ်အံ့အားသင့်သောအမူအယာတို့က အစားထိုးဝင်ရောက်လာသည်။

“ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ဤအချိန်တွင် တင်းယုမှာ သူမ၏ငွေရောင်ဓားကိုဖြတ်သန်း၍ အားကောင်းသောစွမ်းအင်တစ်ခုက သူမ၏လက်မောင်းအတွင်းတုန်ခါဝင်ရောက်လာသည်ဟုခံစားလိုက်ရပြီး ထို့နောက်တွင် သူမတစ်ကိုယ်လုံသို့ပျံ့နှံ့ဝင်ရောက်လာခဲ့သည်။

“ဝေါ့”

စွမ်းအားကြီးစွမ်းအင်၏ အောက်တွင် သူမ၏ ပန်းဆီရောင်နှုတ်ခမ်းလေးထံမှ လတ်ဆတ်သောသွေးတစ်ပွက်ကိုအန်ထုတ်

လိုက်ရသည်။ သူမ၏ တစ်ကိုယ်လုံးက ကြိုးပြက်သွားသော စွန်တစ်ကောင်ကဲ့သို့နောက်သို့လွင့်ပျံထွက်သွားသည်။

“ရှုံးသွားတယ်..ရှုံးသွားတယ်ဟ….ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်ဖြစ်တဲ့လင်ရွှယ်ဂိုဏ်းရဲ့ပါရမီရှင် တင်းယုကတကယ်ကြီး အဲ့လူငယ်လေးရဲ့ ဓားချက်အောက်မှာရှုံးနိမ့်သွားခဲ့တယ်”

“မအံ့ဩတော့ပါဘူး..ဒီလူငယ်က ဒီလိုအသက်ငယ်ငယ်လေးနဲ့ ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်လောက်တဲ့ပါရမီမျိုးရှိနေတာ…တင်းယုလိုပါရမီရှင်မျိုးကစွန့်ပစ်ခံပြီးရတာတောင် လိုက်ကပ်နေတာကိုမအံ့ဩတော့ပါဘူး..”

“ဘယ်အင်အားစုကနေများဒီလူငယ်လေးလာခဲ့တာလဲ…. သူကအရမ်းငယ်ပြီးတော့ အရမ်းကိုလည်းပါရမီစွမ်းရည်ရှိတယ်…ငါတို့ရဲ့ထျန်းမြောင်အင်ပါယာမှာတော့ သူလိုလူမျိုးတွေကင်းမဲ့ခြင်းတော့မရှိပါဘူး”

“ကြည့်လိုက်အုံးအဲ့လူကို”

ရုတ်တရက် တစ်စုံတစ်ယောက်က အလန့်တကြားအော်ဟစ်လိုက်သည်။ အဖြူရောင်ပုံရိပ်တစ်ခုက တင်းယု၏နောက်ဘက်တွင်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။၎င်းမှာ အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်ဖြစ်ပြီး  ဓားကဲ့သို့မျက်ခုံးများနှင့်စူးရှသော မျက်ဝန်းများကိုပိုင်ဆိုင်ထားသည်။  သူ၏မျက်နှာက ယောက်ျားပီသမှုရှိပြီး သူ၏အဖြူရောင်အဝတ်တို့က လေထဲတွင်တဖျပ်ဖျပ်လွင့်နေသည်။ သူ၏ ပုံရိပ်က ကျော့ရှင်းပြီးသဘာဝဆန်၏။ သူကသူ၏ဖြူသွယ်သောလက်ကိုညင်သာစွာဆန့်ထုတ်လိုက်ပြီး သူမ၏ကျောပြင်အားဖိလိုက်ကာ တင်းယုအားနောက်သို့လွင့်ပျံလာရာမှ ရပ်တန့်စေလိုက်သည်။

တင်းယုကသူမခေါင်းအားလှည့်ကြည့်လိုက်

သောအခါတွင် ငယ်ရွယ်ချောမောသောမျက်နှာတစ်ခုကိုတွေ့

လိုက်သည်။အချိန်ခဏလောက်သူမ၏မျက်နှာ

ထက်တွင်နာကျည်းချက်တို့ဖြင့်

ပြည့်နေပြီးနောက်မျက်ရည်တို့က သူမ၏မျက်လုံးတို့မှ မသိလိုက်ပါပဲစီးကျလာကာနာကျည်းစွာဖြင့်ခေါ်လိုက်သည်။

“စီနီယာ အကို ကျန်း”

“အဲ့တာသူပဲ..အဲ့တာသူပဲ…လင်ရွှယ်ဂိုဏ်းရဲ့ ပါရမီရှင်တပည့် ကျန်းချွမ်ပဲ….ကောလဟာလတွေအရသူက ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်အဆင့်ကိုရောက်နေပြီတဲ့….သူကသေချာပေါက်မွန်းစတားဆန်တဲ့ပါရမီရှင်ပဲ…. “

တစ်စုံတစ်ယောက်က အဖြူရောင်ဝတ်လူ၏ချောမောသောမျက်နှာ

အားမြင်တွေ့လိုက်ရသောအခါတွင်  ချက်ချင်း အံ့အားသင့်စွာဖြင့်အော်ပြောလိုက်သည်။

“ဒီတော့သူက နမည်ကျော် ကျန်းချွမ်ပေါ့”

“ငတုံးမလေး….မင်းအသက်ကြီးနေတာတောင် ဘာလို့ငိုနေသေးတာလဲ”

ကျန်းချွမ်က တင်းယုအားညင်သာစွာပြောလိုက်သည်။ သူက သူ၏လက်ကိုဆန့်ထုတ်၍ တင်းယု၏မျက်နှာထက်ရှိ မျက်ရည်စများမကို ညင်သွာစွာသုတ်ပေးလိုက်သည်။

“ထပ်ပြီးငိုမနေနဲ့တော့ ….အကိုရှိနေပြီဆိုရင် ညီမကို ဘယ်သူမှအနိုင်မကျင့်စေရတော့ဘူး”

ဆက်ရန်….

ဘာသာပြန်သူ  -ARISE

All Chapters