အပိုင်း(၂၁၁)
Vol. 15 Ch. 211
တင်းယုကသူမ၏ သေးသွယ်ပြီးနူးညံ့သောလက်ချောင်းလေးများ
ဖြင် သူမျက်နှာအားပွတ်သပ်လိုက်သည်။ ကျန်းချွမ်၏စကားများကိုနားထောင်ရပြီး ချောမောသောမျက်နှာအား ကြည့်လိုက်ကာ တင်းယု၏ အစကမကျေမနပ်ဖြစ်နေမှုများမှာ ဘာသဲလွန်စမှကျန်ရစ်နေခဲ့ခြင်းမရှိအောင်ပင်ပျောက်ကွယ်သွားခဲ့သည်။ ထိုအစားသူမက သူ့အားချိုသာစွာပင်ပြုံးပြလိုက်သေးသည်။ သူသာ သူမအနားရှိနေလျှင် သူမအနေဖြင့်သူ့အား ကြည့်နေနိုင်သည်ဖြစ်ပြီး ဤအချိန်၌ ရှစ်ဖုန့်ကြောင့်ဖြစ်ခဲ့ရသော တုန်လှုပ်မှုများအားလုံးကိုပင်မေ့သွားပုံရ
လေသည်။
“ဖောက်ပြန်နေတဲ့စုံတွဲ ဒီသခင်လေးအတွက်ငရဲကိုသွားလိုက်ကြစမ်း”
အေးစက်သော အော်သံတစ်ခုကအခြားတစ်ဖက်ခြမ်းမှထွက်
ပေါ်လာပြီး ဤနေရာရှိ နွေးထွေးချိုသာသောမြင်ကွင်းအား ဖျက်ဆီးပစ်လိုက်သည်။ ဧရာမအဖြူရောင်ဓားချီကြီးက ဟင်းလင်းပြင်ထဲတွင်ပေါ်လာပြီး ချစ်ကျွမ်းဝင်နေကြဆဲဖြစ်သောလူနှစ်ယောက်
ပေါ်သို့ ရုတ်တရက်ခုတ်ပိုင်းချလိုက်သည်။
“အကို့ကိုစောင့်နေပါ”
ဤအချိန်တွင်ပင် ကျန်းချွမ်က တင်းယုအား ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေသော မျက်နှာမျိုးဖြင့် ပြောလိုက်သေးသည်။
“ကောင်းပါပြီ”
တင်းယုကသူ့အားကြည့်လိုက်ပြီး သူမ၏ ခေါင်းလေးအား နာခံမှုရှိစွာဖြင့်ညိမ့်ပြလိုက်သည်။ ဤလူ၏ရှေ့တွင် ကောင်းကင်ဘုံ၏ကျတ်သရေဆောင်ဟု ဘွဲ့ရထားသောအမျိုးသမီးမှာ ကျိုးနွံသော ကြောင်ပေါက်လေးတစ်ကောင်ဖြစ်နေသည်။ သူမ တိုးဖျော့ညင်သာစွာသတိပေးလိုက်သည်။
“ဂရုစိုက်ပါ..ဒီလူကထူးဆန်းတယ်”
ကျန်းချွမ်ကပြောင်းလဲမှုမရှိဘဲ ပြုံးပြလိုက်သည်။ သူ၏ကိုယ်အား တင်းယုနှင့်အဝေးဆီသို့ရွေ့လျားလိုက်ပြီး ကောင်းကင်ထက်သို့ကြည့်လိုက်သည်။ သူ့တွင်ကောင်းကင်ပြင်အားဖျက်ဆီးပစ်နိုင်သော စွမ်းအားများရှိနေသကဲ့သို့ ရှစ်ဖုန့်ခုတ်ပိုင်းလိုက်သောဧရာမအဖြူရောင်ဓားချီကြီးထံ တည့်တည့်ပင် တစ်ဟုန်ထိုးဦးတည်လိုက်သည်။
“ဝုန်း”
ကျယ်လောင်သော ဆူညံသံတစ်ခုကာကောင်းကင်ပြင်အားဖြတ်
သန်းထွက်ပေါ်လာသည်။ ဦးတည်ချက်အနှံ့သို့ပြင်းထန်သောစွမ်းအင်များက အရှိန်အဟုန်ပြင်းစွာထွက်သွားသည်။ ကျန်းချွမ်၏ လက်သီးချက်အောက်တွင် ဧရာမအဖြူရောင်ဓားချီကြီးမှာ မှန်တစ်ခုကဲ့သို့ကောင်းကင်ထဲတွင်ကွဲကြေသွားသည်။
သို့သော်ကျန်းချွမ်၏လက်သီးက ဓားချီနှင့် အပြင်းအထန်ထိပ်တိုက်တွေ့ဆုံမိသည့်အချိန်
တွင် ယုံရခက်သော အံ့အားသင့်တုန်လှုပ်မှုတစ်ခုက သူ၏ မျက်နှာထက်တွင်ပေါ်လာ၏။ သူ၏လက်သီးချက်ကြောင့် ဓားချီက ကွဲကြေသွားခဲ့သော်လည်း စွမ်းအားပြင်းလှသောစွမ်းအားကြောင့် သူ၏ ခန္ဓာကိုယ်မှာလှုပ်ခတ်သွားပြီးမြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားရသည်။
“အား..စီနီယာအကိုကျန်း”
ကျန်းချွမ်ပြုတ်ကျသွားသည်ကိုတွေ့လိုက်ရ
သောအခါတွင် တင်းယုမှာအရမ်းကိုတုန်လှုပ်အံ့အားသင့်သွားရ
ပြီး သူမ၏ လှပသောမျက်နှာလေးမှာလည်း ဖြူဖျော့သွားသည်။ ကျန်းချွမ်း၏ ကျဆင်းလာသော ခန္ဓာကိုယ်အား ဖမ်းဆီးချင်သည့်အတွက် သူမ၏ နုရွသောကိုယ်လေးက ချက်ခြင်း ကျန်းချွမ်ဆီသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။
သို့သော် ကျန်းချွမ်၏ ကျဆင်းနေသောကိုယ်က လေထဲတွင် ချက်ချင်းရပ်တန့်သွားသည်။ ကျန်းချွမ်အဆင်ပြေသည့်ပုံကိုမြင်တွေ့လိုက်ရ
သောအခါမှသာ တင်းယုမှာ စိတ်သက်သာရာရစွာဖြင့်တိတ်တဆိတ်သက်
ပြင်းချလိုက်နိုင်ပြီး နောက်သို့ပြန်ဆုတ်ခွာလိုက်သည်။
“အမ စိတ်မပူပါနဲ့ … ယောက်ဖရဲ့ စွမ်းအားနဲ့ဆိုရင် သူအဆင်ပြေမှာပါ…”
ဤအချိန်တွင် ရှစ်ဖုန့်၏ ပါးရိုက်ခြင်းအားနှစ်ကြိမ်ထိခံခဲ့ရသော တင်းကျုံးက တင်းယု၏ ဘေးတွင်ပေါ်လာသည်။ သူသည်လည်း လေထဲတွင်ရှိနေသော ကျန်းချွမ်အားကြည့်လိုက်ပြီးပြောလိုက်သည်။
တင်းယုက သူမမောင်အားဒေါသထွက်ဟန်ဆောင်ပြီး မျက်စောင်းထိုးလိုက်ကာ ပြောလိုက်သည်။
“အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့….ဘာကိုယောက်ဖလဲ..အခု…..က…မဟုတ်သေးဘူး….”
တင်းယုကစကားပြောနေရင်း သူမ၏ မျက်နှာမှနေ၍ နားထိတိုင် နီရဲနေသည်။ သူမ၏ မောင်ဖြစ်သူက ယောက်ဖဟုခေါ်လိုက်သော်လည်း သူမ၏နှလုံးသားကတော့ပီတိဂွန်းဆီထိနေသည်။
“ဟီးဟီး”
တင်းကျုံးက တင်းယု၏ ပုံပန်းသွင်ပြင်အား တွေ့လိုက်ရသောအခါရယ်မောလိုက်သည်။
“နင်ကရယ်နေရဲ့သေးတယ်လား…ဒါတွေအားလုံးက နင့်ရဲ့အမှားကြောင့်ပဲ…ငါနောက်မှနင့်ကိုသင်
ခန်းစာပေးအုံးမယ်”
ရှစ်ဖုန့်၏တိုက်ခိုက်မှုအား မျက်မြင်တွေ့ကြုံရပြီးသည့်နောက် ကောင်းကင်ထဲတွင်ရှိနေသော ကျန်းချွမ်၏ အမူအယာမှာပို၍ လေးနက်လာသည်။ သူက ရှစ်ဖုန့်အားကြည့်လိုက်ပြီး ကြယ်သုံးပွင့်အင်ပါယာနယ်သာရှိသေးပုံရသောဤလူငယ်လေးက သေချာပေါက်မရိုးရှင်းမှန်းကိုသူနားလည်လိုက်သည်။
တကယ်တော့ ကျန်းချွမ်အနေဖြင့်ရှစ်ဖုန့်အား အစကတည်းက ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်
အဖြစ်သာ ထင်ထားခြင်းမရှိခဲ့ပေ။သူ့အနေဖြင့် သူ၏ အစစ်အမှန်ကျင့်ကြံမှုအား ဖုံးကွယ်ရန်အတွက် လျှို့ဝှက်ပညာရပ်တစ်မျိုးမျိုးအားအသုံးပြုထားခဲ့ခြင်းဖြစ်ရမည်ဖြစ်သည်။ ကျန်းချွမ်မှာ အရမ်းကိုမာနကြီးသူဖြစ်သောကြောင့် သူ့အား ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်သာရှိသော လူငယ်တစ်ယောက်က စိန်ခေါ်နိုင်လိမ့်မည်ဟုတော့ မတွေးထားခဲ့ချေ။ ၎င်းမှာရိုးရိုးလေးပင် မဖြစ်နိုင်သောအရာဖြစ်သည်။
ကျန်းချွမ်က သူ၏ လက်တို့ကိုနောက်တွင်ပစ်ထားပြီး ရှစ်ဖုန့်ထံသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။
“မင်းကပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဆိုတာကိုငါဝန်ခံပါတယ်… ခုဏက ငါမင်းကိုနားလည်မှုလွဲသွားခဲ့တယ်….ပုံမှန်အ
တိုင်းသာဆိုရင် ငါက မင်းလိုမျိုးပါရမီရှင်တစ်ယောက်နဲ့
မိတ်ဆွေတွေဖြစ်ချင်တာ….ဒါပေမဲ့ မင်းကငါ့ရဲ့ဂျူနီယာညီမလေး တင်းယုကိုအနိုင်ကျင့်ခဲ့တယ်..အဲ့တာကြောင့် ငါမင်းကိုငရဲကိုပဲ ပို့ပေးနိုင်မယ်”
ကျန်းချွမ်ကစကားပြောနေရင်းသူ၏ အဟုန်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည်ရုတ်တရက် ထက်ရှှသော ဓားတစ်ခုကဲ့သိုဖြစ်သွားသည်။ သူ၏ညာလက်က ဓားလက်ချောင်းပုံစံဖြစ်သွား၏။ ရှဏ်ဖုန့်မှာသူ၏အထက်တွင်ရှိနေသောလေထုကရုတ်ချည်း အတက်အကျတို့ဖြစ်လာသည်ကိုခံစားလိုက်ရ
သည်။ကြည်လဲ့သောအရောင်ရှိသည့် ဓားရှည်တစ်ချောင်းက လေထဲတွင်သိပ်သည်းဖွဲ့စည်းလာသည်။ ကျန်းချွမ်၏ဓားလက်ချောင်းကခုတ်ပိုင်းချလိုက်သည့်အခိုက်အတန့်တွင် ကြည်လဲ့သော ဓားရှည်မှာချက်ချင်းရှစ်ဖုန့်၏ ဦးခေါင်းပေါ်သို့ခုတ်ပိုင်းကျရောက်လာသည်။
“ချိုးဖြတ်စမ်း”
ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။ အစက ဖြူရောင်ဖုံးလွှမ်းထားသောသွေးဓားမှာ သွေးနီရောင်မီးတောက်တို့ ထပ်မံ၍တောက်လောင်သွားသည်။ သူကခုတ်ပိုင်းကျဆင်းလာသောဓားရှည်ထံသို့ လျှင်မြန်စွာထိုးသွင်းလိုက်သည်။ ၎င်းဓားချက်၏အောက်တွင် ကြည်လဲ့သော ဓားရှည်မှာ ချက်ခြင်းဖျက််ဆီးခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က သူ၏ တိုက်စားခြင်းတတိယမျက်လုံးကို ဖွင့်လိုက်ပြီး တိုက်စားခြင်းမြူပင်လယ်တစ်ခုကိုပန်းထုတ်လိုက်သည်။ မြူများက တလိပ်လိပ် တက်လာပြီး ကျန်းချွမ်ထံသို့တစ်ဟုန်ထိုးဦးတည်လာသည်။
“ဘာမိစ္ဆာချီတွေလဲ”
မြူပင်လယ်တစ်ခုက သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသည်ကိုတွေိ့လိုက်ရသောအခါတွင် ကျန်းချွမ်က မျက်မှောင်ကြုတ်လိုက်သည်။သူက သူ၏ ဓားလက်ချောင်းဖြင့်ထပ်မံ၍ ခုတ်ပိုင်းလိုက်ပြီး ရုတ်တရက် ဧရာမ ကြည်လဲ့သောဓားရှည်ကြီးက ထပ်မံ၍ မြူပင်လယ်အတွင်းသို့ခုတ်ပိုင်းချလိုက်သည်။ ထို့နောက်တွင် ကျန်းချွမ်က သူ၏ ဓားလက်ချောင်းကို ရှေ့သို့ထိုးညွှန်လိုက်ပြီး အော်ပြောလိုက်သည်။
“သွားစမ်း”
ကျန်းချွမ်၏ အမိန့်ပေးမှုအောက်တွင် ဧရာမကြည်လဲ့သောဓားရှည်က ရှစ်ဖုန့်အားတိုက်ရိုက်ပင်တိုက်ခိုက်လိုက်သည်။
ထို့်နောက်ကျန်းချွမ်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။
“ဓားမိုးရွာသွန်းခြင်း”
ကျန်းချွမ်၏အသံထွက်ပေါ်လာပြီးမကြာမီတွင် သေးငယ်သော ကြည်လဲ့သည့်ဓားချီများက ရှစ်ဖုန့်၏ အထက်ဟင်းလင်းပြင်ထဲတွင်ပေါ်လာသည်။ ၎င်းတို့က ရှစ်ဖုန့်၏အထက်ဟင်းလင်းပြင်ထဲတွင်ပြွတ်သိပ်ပြည့်ကျပ်နေပြီး မိုးသည်းထန်စွာရွာသွန်းကဲ့သို့ရှစ်ဖုန့်ထံကျဆင်းလာသည်။
“အမ မြင်လိုက်လား…ယောက်ဖရဲ့ဓားမိုးက အမရဲ့နမည်ပေါ်ကို အခြေခံပြီးတော့ နားလည်သဘောပေါက်သွားခဲ့တာလို့ကျွန်တော်ကြားခဲ့တယ်”
အခြားတစ်ဖက်ခြမ်းတွင် တင်းကျုံးက ကျန်းချွမ်၏ ဓားမိုးလှုပ်ရှားမှုကို မြင်တွေ့လိုက်ရပြီး သူ့ဘေးတွင်ရှိနေသော တင်းယုကိုပြောလိုက်သည်။
“နင်ဟာနင်ပဲပြောနေတာ”
တင်းယုက တင်းကျုံးအားမျက်စောင်းထိုး၍ ပြောလိုက်သည်။ သို့သောသူမ၏နှလုံးသားထဲတွင်တော့ ပီတိဂွန်းဆီထိနေသည်။ သူမကတိုက်ပွဲမြေပြင်ကိုကြည့်လိုက်ပြီး သူမချစ်ခင်ရသောသူက သူမအတွက် တိုက်ခိုက်မှုအားပြုလုပ်နေသည်ကိုစောင့်ကြည့်နေသည်။ သူမအားတိုက်ခိုက်မှုမျိုးစုံဖြင့်တိုက်ခိုက်ခဲ့ကာသူမကိုအနိုင်ကျင့်ခဲ့သည့် လူဆိုးကောင်ကိုလည်း စောင့်ကြည့်နေ၏။
“သူတောင်းစား…မင်းငါ့ယောက်ဖရဲ့ ဒီတစ်ကြိမ်တိုက်ခိုက်မှုကိုဘယ်လိုတားဆီးမလဲဆိုတာကြည့်ကြသေးတာပေါ့ ဟမ့်…. “
တင်းကျုံးက ရှေ့သို့ကြည့်လိုက်ပြီး ကြမ်းကြုတ်စွာပြောလိုက်သည်။ ထိုသူတောင်းစားကသူ့အားလမ်းမပေါ်တွင်
ပါးရိုက်ရဲပြီး သူ့အားအရှက်ခွဲရဲသည်ဖြစ်သည်။ ၎င်းအနေဖြင့်အသေဆိုးနှင့်သေဆုံးရန်ထိုက်တန်သည်ဖြစ်၏။
“လောင်ကျွမ်းစမ်း”
ရုတ်တရက် ပြင်းထန်သောသွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ကိုယ်မှာဟုန်းခနဲထွက်လာပြီးဦးတည်ချက်အနှံ့သို့ပျံ့နှံ့ထွက်သွားသည်။ဟင်းလင်းပြင်ထဲမှာကျဆင်းလာသောဓား
မိုးမှာ သွေးနီရောင်မီးတောက်၏ ဝါးမျိုခြင်းကိုခံလိုက်ရသည်။
ထို့နောက်တွင်ရှစ်ဖုန့်၏ကိုယ်ကရှေ့သို့လေးညှို့မှ ပစ်လွှတ်လိုက်သောမြှားကဲ့သို့ တစ်ဟုန်ထိုးပြေးထွက်သွားပြီး ဧရာမကြည်လဲ့သောဓားချီထံသို့ထိုးသွင်း
လိုက်သည်။ ဓားနှစ်ခုမှာအပြင်းအထန်ထိပ်တိုက်တွေ့
မိကြသည်။
“ဘန်း”
ဧရာမပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာပြီးနေရာလွတ်များကိုပင် အနည်းငယ်တုန်ခါသွားစေသည်။ ရှစ်ဖုန့်က ကြုံးဝါးလိုက်သည်။
“ဖျက်ဆီးစမ်း”
ရုတ်ချည်း ရှစ်ဖုန့်၏ အော်ဟစ်သံနှင့် သွေးလစန္ဒြာသားရဲတို့၏ အော်ဟစ်သံတို့ယှဉ်တွဲ၍ သွေးနီရောင်မီးတောက်တို့တောက်လောင်
နေသောသွေးဓား၏အောက်တွင် ဧရာမ ကြည်လဲ့သောဓားရှည်ကြီးမှာ ရုတ်တရက် အပိုင်းပိုင်းကျိုးကျေသွားသည်။ ပြင်းထန်သောသတ်ဖြတ်ခြင်းစိဆန္ဒနှင့်အတူ ရှစ်ဖုန့်က ရှေ့သို့တစ်ဟုန်ထိုးဆက်လက်ချီတက်သွားပြီး သူ့လက်ထဲရှိမီးတောက်ဓားရှည်ဖြင့် ကျန်းချွမ်အား ထိုးသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင်ရှစ်ဖုန့်က ဝိညာဉ်စွမ်းအားဖြင့်ကျန်းချွမ်၏ဝိညာဉ်အားတရစပ်တိုက်ခိုက်လိုက်သည်။
‘ငရဲဘုံကိုးခု စိတ်လှည့်စားခြင်း”
နောက်ဆက်တွဲအနေဖြင့်ကျန်းချွမ်၏ တစ်ကိုယ်လုံးမှာ မှုန်မှိုင်းသော ကမ္ဘာတစ်ခုအတွင်းသို့ကျရောက်သွားသလို
ခံစားလိုက်ရသည်။လေအေးများကတိုက်
ခတ်နေ
ပြီး များပြားလှသော အဖြူရောင်သရဲတစ္ဆေများက သူ၏ဝန်းကျင်ပတ်လည်တွင်ပေါ်လာသည်။ သူတို့ကပြွတ်သိပ်ကာတစ်ပုံတစ်ခေါင်းဖြစ်နေပြီးသူတို့၏ အစွယ်များကိုဖော်ပြ၍ မရေတွက်နိုင်သောစိတ်မချမ်းမြေ့ဖွယ်ရာ စူးရှရှအော်ဟစ်သံလှိုင်းများထွက်ပေါ်နေသည်။
“ငါ့အသက်ကိုပြန်ပေးစမ်း…
ငါ့အသက်ကိုပြန်ပေးစမ်း”
ကျန်းချွမ်မှာ သရဲတစ္ဆေအရိပ်များအတွင်းမှ သူသတ်ခဲ့သောလူများ၏မျက်နှာများကိုပင်ပြန်လည်၍ မြင်တွေ့လိုက်ရသည်။ သွေးစွန်းသောပုံများ၊အပြစ်ကင်းစင်သော
ပုံစံများ၊နာကျင်နေသောပုံများ၊ ဒေါသထွက်နေသောပုံများ၊
လက်သင့်မခံနိုင်သောပုံများနှင့်မကျေချမ်းမှု
ပုံများဖြင့်အမျိုးအစားစုံလင်လှသည်ဖြစ်သည်။
ကြမ်းကြုတ်ရက်စက်သော သရဲတစ္ဆေများအားလုံးက ရုတ်တရက်သူ့ထံသို့တစ်ဟုန်ထိုးဦးတည်
လာသည်။ သူတို့က သူ့အားသတ်ချင်နေကြ၏။
“ဒါကစိတ်လှည့်စားမှုတစ်ခုပဲ…မင်းတို့တွေကငါ့ကိုသတ်ချင်နေတာဆိုရင် ….ငါကလည်း မင်းတို့အားလုံးကိုဖျက်ဆီးပစ်မယ်..မင်းတို့
ဝိညာဉ်တွေပျက်ဆီးစမ်း..ဒီနေရာကနေ
ထွက်သွားကြ”
ကျန်းချွမ်ကအော်ဟစ်လိုက်သည်။ သူကလက်တို့အားကြက်ခြေခတ်သဏ္ဍန်လုပ်လိုက်ပြီး ရှေ့သို့ခုတ်ပိုင်းချလိုက်၏။ သရဲတစ္ဆေအရိပ်များနှင့် နေရာတစ်ခုလုံးမှာရုတ်တရက်ကွဲကြေသွားပြီး ကျန်းချွမ်မာသူ၏မူလကမ္ဘာသို့ပြန်လည်၍ ရောက်ရှိလာသည်။
“ငရဲဘုံကိုးခု တစ္ဆေအရိပ်ဓားသွား”
ဆက်ရန်…
ဘာသာပြန်သူ-ARISE