← Chapters

အပိုင်း(၂၁၂)

Vol. 15 Ch. 212

အပိုင်း(၂၁၂)

Vol. 15 Ch. 212

“ငရဲဘုံကိုးခု တစ္ဆေဓားသွား”

ရှစ်ဖုန့်က ကျန်းချွမ်အားစိတ်ရှုပ်ထွေးသွားစေရန် အရင်ဆုံးစိတ်လှည့်စားမှုကိုအသုံပြုလိုက်ပြီး

နောက်သူ့အားခုတ်ပိုင်းလိုက်သည်။ ရုတ်ခြည်း ကျန်းချွမ် ချိုးဖြတ်လိုက်သောတစ္ဆေအရိပ်များက ပြန်လည်ပေါ်လာပြန်သည်။

“မင်းဒီလိုအဆင့်နိမ့်စိတ်လှည့်စားမှုလောက်

လေးနဲ့ငါ့အပေါ် ဒုတိယအကြိမ်အသုံးပြုချင်တာလား…ချိုးဖြတ်စမ်း”

ကျန်းချွမ်က အေးစက်ခိုင်မာစွာအော်ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ဓားချီတို့က ပစ်လွှတ်သလိုထွက်လာပြီး သရဲတစ္ဆေများထံသို့ပျံသန်းသွားသည်။ သူက ခွန်အားအကုန်လုံးအား သူ၏ညာလက်သီးတွင်စုစည်းလိုက်ပြီးရှစ်ဖုန့်၏ဓားထံသို့ထိုးသွင်းလိုက်၏။

“ဘန်း”

ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်၏ စွမ်းအားအပြည့်တိုက်ခိုက်မှုက  သွေးနီရောင်မီးတောက်တို့တောက်လောင်

နေသော သွေးဓားဖြင့် အပြင်းအထန်ပစ်ဆောင့်မိကြသည်။  ချက်ချင်း၎င်းက ရှစ်ဖုန့်၏ ဓားတိုက်ခိုက်မှုကိုရပ်တန့်လိုက်သည်။ ထိုအချိန်တွင်ရှစ်ဖုန့်၏ နှုတ်ခမ်းကတွန့်ကွေးသွားကာ အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။ကျန်းချွမ်၏ ဓားချီအောက်တွင်ဖြတ်တောက်ခံလိုက်ရသော တစ္ဆေခန္ဓာများက ရုတ်ခြည်း အဖြူရောင်ဓားချီကြောင်းများအဖြစ်ဖွဲ့စည်း

ပြောင်းလဲသွားသည်။ ၎င်းတို့က ပြွတ်သိပ်ထူထပ်နေပြီး အားလုံးက ကျန်းချွမ်ထံသို့ အရှိအဟုန်ဖြင့် တလိပ်လိပ်ဦးတည်သွားသည်။

“ဘာဖြစ်နေတာလဲ…အဲ့တာက စိတ်လှည့်စားမှုမဟုတ်ဖူးလား..”

အငြိုးကြီးသောဝိညာဉ်များက ဓားချီအဖြစ်ပြောင်းလဲသွားသည်ကိုမြင်လိုက်

ရသောအခါတွင် ကျန်းချွမ်မှာ အားကောင်းလှသော စိတ်ပူပန်မှုအာရုံတစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ အကာအကွယ်ကျိုးပြတ်သွားပြီ အဖြူရောင်ဓားချီ၏ခုတ်ပိုင်းမှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအားထိုးဖောက်ခုတ်

ထွင်ခံလိုက်ရသည်။ ထို့သို့ခံလိုက်ရခြင်းကြောင့် သူခန္ဓာကိုယ်ရှိ အစိတ်အပိုင်းပေါင်းစုံမှ သွေးများပန်းထွက်စီးဆင်းလာသည်။

“အား.”

ကျန်းချွမ်က ကောင်းကင်ထဲတွင်အော်ဟစ်လိုက်သည်။  သူ၏ကိုယ်မှသိပ်သည်းသောကြည်လဲ့သည်ဓား

ချီများထပ်မံပစ်လွှတ်သလိုထွက်လာပြီး ၎င်းကအဖြူရောင်ဓားချီမနှင့်အပြင်းအထန်ထိပ်တိုက်တွေ့ဆုံမိကာ နှစ်ခုစလုံးအတူတကွပျောက်ကွယ်သွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်၏လက်အတွင်းရှိဓားရှည်က လုပ်ခါသွားသည်။ထိခိုက်ဒဏ်ရာရသွားပြီးအာရုံပျက်သွားသည့်ကျန်းချွမ်မှာ အားကောင်းသောစွမ်းအားတစ်ခုကသူ့ထံသို့

လာနေသည်ကိုခံစားလိုက်ရသည်။  သူ၏လက်သီးက ရုတ်တရက်ဓားရှည်၏အဝေးသို့ကန်ထွက်သွားသည်။ ဤအချိန်တွင် သွေးနီရောင်မီးတောက်များလောင်ကျွမ်းနေ

သည့် သွေးဓားအား  ကျန်းချွမ်၏ ရင်ဘက်ထံသို့အရှိန်အဟုန်ဖြင့်ထိုးသွင်းလိုက်

သည်။ ရှစ်ဖုန့်က ပို၍ပင် လှောင်ပြုံးပြုံးလိုက်သည်။  သူသာကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်တစ်

ယောက်၏ သွေး၊ဝိညာည်နှင့်သေခြင်းစွမ်းအင်တို့အား ဝါးမျိုနိုင်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ကြယ်တစ်ပွင့်အဆင့်တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။

“အား”

မကြုံးစဖူးအန္တရာယ်နှင့်စိုးရိမ်ပူပန်မှု အသိအာရုံတစ်ခုက ကျန်းချွမ်၏နှလုံးသားထဲတွင်မြင့်

တက်လာသည်။ မီးတောက်ဓားက သူ၏နှလုံးအားထိုးသွင်းတော့မည်ကို သူမြင်တွေ့လိုက်ရသည်။

“မဟုတ်ဖူး”

ထိုအချိန်တွင် နူးညံ့သောအော်ဟစ်သံတစ်ခုက

ရုတ်တရက်ထွက်ပေါ်လာသည်။တင်းယုမှာမသိလိုက်ပါပဲ ကျန်းချွမ်၏နောက်ကျောဘက်တွင်ပေါ်လာပြီး သူမ၏နူးညံ့သောကိုယ်လေးဖြင့် ကျန်းချွမ်၏ တုတ်ခိုင်သန်မာသောကိုယ်အားပွေ့ဖက်လိုက်သည်။ သူမကကျန်းချွမ်အားဖက်ပြီးသည့်နောက်  လှည့်လိုက်ကာ သူမ၏နောက်ကျောဖြင့် ကျန်းချွမ်ထံသို့ထိုးသွင်းလာသောဓားအားကာဆီး၍တားလိုက်သည်။

“အား”

သွေးဓားက အကြင်နာမဲ့စွာဖြင့် တင်းယု၏နူးညံ့သောခန္ဓာကိုယ်နောက်ကျော

ဘက်အား ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ တင်းယုက ကောင်းကင်ထက်သို့မော့၍ နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။

“အား..ယုလေး”

ကျန်းချွမ်က ရုတ်ခြည်း လှည့်လိုက်သောအခါတွင်တင်းယုကသူ့အတွက်တိုက်ခိုက်မှုအား ကာဆီးပေးလိုက်သည်ကိုတွေ့လိုက်ရသည်။

သူကတင်းယုအားပွေ့ဖက်ထားပြီး ပူးဆွေးသောကရောက်စွာဖြင့်အော်ဟစ်လိုက်

သည်။ ထို့နောက်တွင်တင်းယု၏ ခန္ဓာကိုယ်မှာ သွေးနီရောင်မီးတောက်တို့ဖုံးလွှမ်းခံလိုက်ရပြီး အေးစက်ပြီးထူးဆန်းသောရောင်ဝါတစ်ခုက သူမ၏ကိုယ်မှ ထုတ်လွှတ်နေသည်ကို ကျန်းချွမ်မြင်တွေိ့လိုက်ရသည်။

ကျန်းချွမ်က အလျှင်အမြန်သူ၏မူလစွမ်းအင်တို့အားတင်းယု၏ကိုယ်အတွင်းသို့လွှဲပြောင်းစီးဆင်းစေလိုက်ပြီး တင်းယု၏ခန္ဓာကိုယ်ပေါ်ရှိသွေးနီရောင်မီးတောက်ကိုငြိမ်းသက်လိုက်သည်။  ဤအချိန်တွင် ရှစ်ဖုန့်၏ အမူအယာက အေးစက်မှုအဖြစ်သို့ပြောင်းလဲသွား၏။ တင်းယု၏နောက်ကျောအားထိုးဝင်သွားသောသွေးဓားက ရုတ်တရက် တင်းယု၏ ရင်ဘက်ထိတိုင်ထိုးဖောက်သွားပြီး ကျန်းချွမ်၏ နှလုံးနေရာအတွင်းသို့ဝင်သွားသည်။

“ဝေါ့”

ကျန်းချွမ်၏ပါးစပ်မှလက်ဆတ်သောသွေးတစ်ပွက်ကိုအန်ထုတ်လိုက်ရပြီး တင်းယု၏မျက်နှာပေါ်သို့စင်သွားသည်။

တင်းယုကခေါင်းငုံ့ကြည့်လိုက်ပြီး သူမ၏ရင်ဘက်အတွင်းမှသွေးဓားက ကျန်းချွမ်၏ရင်ဘက်နှင့်ဆက်သွယ်ထားသည်ကိုတွေ့လိုက်ရသည်။  သူမကသောကပရိဝေဒဖြစ်စွာဖြင့် အလျှင်အမြန်အော်စဟစ်လိုက်သည်။

“အား…စီနီယာအကိုကျန်း”

သူမက အော်ဟစ်လိုက်သကဲ့သို့ သူမ၏ကိုယ်အတွင်းရှိ ကျန်ရှိနေသောခွန်အားအကုန်အားစုစည်းကာ ကျန်းချွမ်၏ပခုံးအားသူမ၏လက်ဖဝါးဖြင့်ရိုက်ထုတ်လိုက်ပြီး နောက်သို့လွင့်ပျံသွားစေသည်။

“အား..ယုလေး”

နောက်သို့လွင့်ပျံနေရင်း သောကပရိဝေဒအပြည့်ဖြင့်ကျန်းချွမ်က သူမ၏ နမည်အားဟစ်အော်ခေါ်လိုက်သည်။

“စီနီယာအကိုကျန်း…ဒီဘဝမှာအကိုနဲ့ညီမဆုံတွေ့ခဲ့ရတာနဲ့တင် အဲ့ဒါက လုံလောက်မှုရှိသွားပြီးပါပြီ”

သူမက အကွာအဝေးတစ်ခုရှိလွင့်ပျံသွားသော ကျန်းချွမ်ကိုကြည့်လိုက်ပြီး ရုတ်တရက်အပြုံးတစ်ခုကိုလှစ်ဟာပြ

လိုက်သည်။

ကျန်းချွမ်၏သွေးများစွန်းပေစေသောသူမ၏

မျက်နှာနှင့်ဖိုသီဖတ်သီဖြစ်နေသောသူမ၏ဆံပင်တို့က ဝမ်းနည်းနေသောအလှလေး၏ပုံရိပ်ကိုလှစ်ဟာထွက်ပေါ်စေသည်။ ၎င်းက သူမအားခြောက်သွေ့ညှိုးနွမ်းတော့မည့်ပန်း

လေးတစ်ပွင့်ကဲ့သို့ အခြားသူများအားခံစားမိစေ၏။  ဤအချိန်တွင်သွေးနီရောင်မီးတောက်က တင်းယု၏ကိုယ်ပေါ်တွင်ထပ်မံ၍ တောက်လောင်လာပြီး သူမအားမီးတောက်လူသားတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားစေ၏။ ကျန်းချွမ်၏မျက်လုံးအတွင်းရှိဝမ်းနည်းမှုတို့နှင့်လှပသောမျက်နှာလေးက သွေးနီရောင်မီးတောက်တို့အောက်တွင်နစ်မြုပ်ပျောက်ကွယ်သွားသည်။

“ယုလေး”

ကျန်းချွမ်က တင်းယုအားကြည့်နေရင်း အရူးတစ်ယောက်ကဲ့သို့ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“အမ”

ဤအချိန်တွင်တင်းကျုံးက ကောင်းကင်ထဲသို့တစ်ဟုန်ထိုးတက်သွားကာ နောက်ပျံလွင့်လာသောကျန်းချွမ်၏ကိုယ်ကိုဖမ်းလိုက်သည်။ ထို့နောက်တွင်ကောင်းကင်ထဲသို့သူဆက်လက်၍ တစ်ဟုန်ထိုးမသွားခင် ကျန်းချွမ်၏ ကိုယ်အားတည်ငြိမ်အောင်လုပ်ပေးလိုက်ပြီး

သွေးနီရောင်မီးတောက်လူသားအဖြစ်သို့ပြောင်းလဲသွားသော တင်းယုထံသို့ဦးတည်ပျံသန်းလိုက်သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ…ဒါကဘယ်လိုဖြစ်

နိုင်မှာလဲ”

သူ၏ဘေးတွင်ရှိနေခဲ့သော သူ၏အမဖြစ်သူက ဤအချိန်တွင် ထိုနတ်ဆိုး၏သတ်ဖြတ်မှုကိုခံလိုက်ရပြီး သွေးနီရောင်မီးလူသားအဖြစ်ပြောင်းလဲသွား

သည်ကို တင်းကျုံးမှာမယုံကြည်နိုင်သေးပဲဖြစ်နေသည်။ ထိုထက်ပိုသည်ကား ယခုဖြစ်ပျက်ခဲ့သမျှအရာအားလုံးမှာသူ့

ကြောင့်ဖြစ်ခဲ့ရခြင်းပင်ဖြစ်သည်။ သူ၏အမသာတစ်ခုခုဖြစ်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့်ကျန်သည့်လက်ကျန်ဘဝ

တစ်လျှောက်လုံး၌  ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်ကြောင့် ငြိမ်းချမ်းစွာအနားယူနိုင်လိမ့်မည်မဟုတ်တော့ချေ။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ငါတို့က လင်ရွှယ်ဂိုဏ်းရဲ့ တပည့်တွေလေ..ဒီလူကငါတို့က လင်ရွှယ်ဂိုဏ်းရဲ့တပည့်တွေဆိုတာကိုရှင်းရှင်းလင်းလင်းကိုသိနေတာပဲ… အဲ့တာတောင်သူကငါတို့ကိုတိုက်ခိုက်ရဲသေး

တယ်…”

ယခုအချိန်ထိတိုင်တင်းကျုံးမှာ  ၎င်းအားမယုံကြည်သေးဖြစ်နေဆဲဖြစ်သည်။  အရာအားလုံးက အိမ်မက်တစ်ခုကဲ့သို့ သူခံစားနေရသည်။ သူ့အနေဖြင့်မကြာခင်တွင်နိုးလာကာ သူအမက သူ့ရှေ့တွင်ထပ်မံရပ်နေပြီး  ပျင်းရိမှုအတွက်၊တိုးတက်အောင်လုပ်ချင်စိတ်မရှိမှုအတွက်နှင့်သူမအားပြဿနားများအတွင်းဆွဲသွင်းမှုတို့အတွက်သူ့အားဆူပူရန်မျှော်လင့်နေမိသည်။

ဤအချိန်တွင်တင်းကျုံး၏နှလုံးသားအတွင်း၌ သူ့အား သူ့အမ၏ဆူပူကြိမ်းမောင်းမှဒများက အရမ်းလှပခြင်း၊အရမ်းအံ့ဩဖို့ကောင်းခြင်းနှင့်အရမ်းပျော်ဖို့ကောင်းခြင်းတို့ဖြစ်စေသည်ဟုခံစားရသည်။

တင်းကျုံးမှာ သူ့အနေဖြင့်အရမ်းကိုမာနကြီးခဲ့ အာဏာရှင်ဆန်ခဲ့မှုတို့အတွက်နောင်တရနေခဲ့သည်။သူကနတ်ဆိုး၏ တပည့်အားရိုက်နှက်ခဲ့ပြီးသည့်နောက် နတ်ဆိုး၏ပါးရိုက်ခြင်းနှစ်ကြိမ်ခံရသည့်တိုင်သူ့အမဖြစ်သူအား သူ့ကိုကူညီရန်တောင်းဆိုခဲ့သေးသည်။  သူ့အနေဖြင့် အမဖြစ်သူအားပါဝင်ပက်သက်ငြိစွန်းစေခဲ့သည်။

“အား”

တင်းကျုံးမှာ ဝမ်းနည်းပူဆွေးမှု နာကျည်းဒေါသထွက်မှုတို့ဖြင့်အော်ဟစ်လိုက်

သည်။ ရူးနေသောသားရဲတစ်ကောင်ကဲ့သို့  သွေးနီရောင်မီးတောက်နောက်ရှိ သူ့ကိုမျက်နှာချင်းဆိုင်နေသော နတ်ဆိုး၏ အေးစက်သောမျက်နှာကိုစိုက်ကြည့်လိုက်သည်။

“ထားလိုက်ပါတော့လေ”

ရှစ်ဖုန့်က သူ့ဟာသူတီးတိုးရေရွတ်လိုက်သည်။ သွေးဓားအတွင်းရှိအမျိုးသမီးသူ့အားတိုက်ခိုက်ခဲ့စဉ်အချိန်တုံးက သူမက သူမ၏စွမ်းအားတစ်ချို့အားထိန်ချန်ထားခဲ့ပြီး   ဘာသတ်ဖြတ်ခြင်းလှုပ်ရှားမှုကိုမှလုပ်ဆောင် ခဲ့ခြင်းမရှိပေ။ သူ့အားရင်ဆိုင်ရင် သိုင်းပညာရပ်မားကိုအသုံးပြုစဉ်ကလည်း ရှစ်ဖုန့်အနေဖြင့်ဘာသတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုမှ မခံစားမိခဲ့ပေ။

ခုဏကပြုလုပ်ခဲ့သောအမျိုးသမီး၏အပြူအမူ

များကိုတေွးမိပြီး  အတိတ်ကကြောင်းအရာအချို့ကိုပြန်သတိရမိသွားသည်။သူမ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကိုအသုံး

ပြု၍ သူ့အားကာကွယ်ပေးခဲ့သောအမျိုးသမီး

တစ်ယောက်ရှိခဲ့ဖူးသည်ဖြစ်သည်။

ရှစ်ဖု့န်၏အတွေးတစ်ချက်ဖြင့် တင်းယု၏ကိုယ်ပေါ်၌ လောင်ကျွမ်းနေသောမီးတောင်မှာ

ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး  တင်းယု၏နုနယ်လှပသောကိုယ်လေးနှင့်

လှပသောမျက်နှာလေးက ထပ်မံ၍ လှစ်ဟာထွက်ပေါ်လာသည်။ သို့သော်သူဤအချိန်တွင် သူမ၏ မျက်လုံးများမှာပိတ်နေခဲ့ပြီး သူမသေပြီလားရှင်သေးလာဆိုသည်အားမည်သူကမျှမသိကြချေ။

ရှစ်ဖုန့်က သွေးဓားအားသူမ၏ကိုယ်မှနှုတ်ယူလိုက်သည်။သူကသူ၏ဘယ်လက်ဖြင့်ဆီးလ်တံဆိပ်တစ်ခုကိုပုံဖော်လိုက်ပြီး   သူမ၏ ပခုံးပေါ်သို့ဖိလိုက်သည်။ သူကရေရွတ်လိုက်သည်။

“ငရဲဘုံကိုးခု ထာဝရအသက်နှင့်ဘယ်သောအခါမှ မသေဆုံးခြင်း..”

“သူတောင်းစား..ငါ့အမကိုလွှတ်ပေးစမ်း”

ထိုအချိန်တွင်တင်းကျုံးမှာရောက်ရှိလာခဲ့ပြီး ဓားရှည်တစ်ချောင်းအားသူ၏  လက်တို့ထဲတွင်ကိုင်ထားကာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ ထို့အချိန်တွင် မမြင်နိုင်သောအားတစ်ခုက ရှေ့မှာလာနေသည်ကိုတင်းကျုံးရုတ်တရက်ခ

ံစားလိုက်ရပြီး သူ၏ရင်ဘက်အားတိုက်ရိုက်ထိမှန်သွားသည်။ မမြင်နိုင်သောအား၏အောက်တွင်တင်းကျုံးမှာ  ကြိုးပြက်သွားသောစွန်တစ်ကောင်ကဲ့သို့ နောက်သို့လွင့်ပျံထွက်သွားသည်။

“အား..အမ”

တင်းကျုံးမှာသူ့အနေဖြင့်အနားသို့ပင်

ကပ်နိုင်ခြင်းမရှိဘဲ နောက်သို့လွင့်ပျံထွက်သွားသည်ကိုမြင်တွေ့

လိုက်ရသောအခါ  လက်မခံနိုင်စွာဖြင့််အော်ဟစ်လိုက်သည်။ သူတို့နှစ်ယောက်ကြားတွင်ရှိနေသောစွမ်းအားကွာခြားချက်က အရမ်းကိုကြီးမားလွန်းလှသည်ဖြစ်၏။

ဤအချိန်တွင် ထိခိုက်ဒဏ်ရာရထားသောကျန်းချွမ်က လည်းအလျှင်အမြန်ရောက်လာသည်။ ရှစ်ဖုန့်က သူ့အားအေးစက်စွာကြည့်လိုက်ပြီးအော်

ပြောလိုက်သည်။

“ဒီအမျိုးသမီ ဒီသခင်လေးကိုတိုက်ခိုက်တုံးက ဘာသတ်ဖြတ်လိုတဲ့စိတ်ဆန္ဒမှမပါခဲ့လို့ ..ဒီသခင်လေးက အခုချိန်မှာသူ့အသက်ကို ချမ်းသာပေးနိုင်တယ်…မင်းတို့နှစ်ယောက်ဒီ

သခင်လေးကိုတိုက်ခိုက်ရဲတယ်ဆိုရင်တော့ ဒီသခင်လေးသေချာပေါက်မင်းတို့အသက်တွေကိုသတ်ပစ်မယ်”

သူ၏အသံကကောင်းကင်နှင့်မြေကြီးကြား

ထဲတွင်ပဲ့တင်ထွက်သွားပြီး အသံဩဇာဖြင့်ပြည့်စုံကာစွမ်းအားကြီးလှသည်။ အကြောင်းပြချက်တစ်ချို့ကြောင့်ရှစ်ဖုန့်

၏ခံ့ညားထည်ဝါပြီး  ရေခဲတမျှအေးစက်သောမျက်နှာအားမြင်

တွေ့လိုက်ရသောအခါတွင် ကျန်းချွမ်မှာ မြင့်မားပြီး အရှိန်အဝါကြီးမားသော ကျွမ်းကျင်သူတစ်ယောက်နှင့်ရင်ဆိုင်နေရသည်ဟုခံစားလိုက်ရသည်။ သူ၏ ပုံရိပ်က မရည်ရွယ်ဘဲ ဟင်းလင်းပြင်ထဲတွင်ရပ်တန့်သွားခဲ့သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ..ဘယ်လိုဖြစ်နိုင်မှလဲ…ဒါကလူငယ်လေးတစ်ယောက်သက်သက်ပဲကိုး…….ဘယ်လိုဖြစ်ပြီးတော့ငါ့ကိုဒီလိုခံစားချက်

မျိုးပေးနိုင်ရတာလဲ”

ကျန်းချွမ်ကသူ့ကိုယ်သူမယုံကြည်နိုင်

ဖြစ်နေသည်။

ဆက်ရန်….

ဘာသာပြန်သူ- ARISE

All Chapters