← Chapters

အပိုင်း(၂၁၃)

Vol. 15 Ch. 213

အပိုင်း(၂၁၃)

Vol. 15 Ch. 213

“မဟုတ်ဖူး…ဒါကစိတ်လှည့်စားတာပဲ…သူကငါ့အပေါ်မှာစိတ်လှည့်စားမှုကိုအသုံးပြုခဲ့တာ….ဒါက ကလိမ်ကကျစ်ကျတဲ့ လှည့်ကွက်တစ်ချို့သက်သက်ပဲ”

မာနကြီးဝင့်ကြွားသောကျန်းချွမ်က သူပွဲဦးစတင်ထွက်ကတည်းက ပါရမီရှင်တစ်ဦးအဖြစ်အခေါ်ခံခဲ့ရခြင်းဖြစ်သည်။ထို့ကြောင့်  ပင်ကိုအားဖြင့်သူသည်လူငယ်လေးတစ်ယောက်၏ရောင်ဝါအောက်၌ ခြိမ်းခြောက်ခံရခြင်းကိုယုံကြည်နိုင်ခြင်းမရှိချေ။ ဒါတွေအားလုံကရှစ်ဖုန့်၏ စိတ်လှည့်စားမှုကြောင့်ဟု သူမှတ်ယူထားသည်။

“ယုလေးကိုလွှတ်လိုက်”

ကျန်းချွမ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူကရပ်တန့်နေရာမှာ ရှစ်ဖုန့်ထံသို့ ထပ်မံ၍ တစ်ဟုန်ထိုးဦးတည်လိုက်သည်။ ရှစ်ဖုန့်၏ မျက်နှာက ပိုပို၍ အေးစက်လာသည်။ ဤငတိက သူ့အားခုဏကတိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်ချင်းစိတ်ဆန္ဒကိုသူ့အားထုတ်ဖော်ပြခဲ့သည်ဖြစ်သည်။ သူက၎င်းအားဤကောင်မလေးအတွက်လွှတ်

ပေးခဲ့သည်။ ၎င်းက သူ့အတွက်ဘာကကောင်းသည်ဆိုသည်အားမသိသောကြောင့် ရှစ်ဖုန့်အနေဖြင့်၎င်းအား ငရဲသို့ခရီးပို့ပေးရန်ဆုံးဖြတ်လိုက်သည်။

သူ၏ဘယ်လက်က မိန်းကလေး၏ဒဏ်ရာများအား ကုသပေးနေဆဲဖြစ်သည်။ သူ၏ညာလက်အတွင်းရှိသွေးနီရောင်ဓားက ထပ်မံ၍ သွေးနီရောင် မီးတောက်တို့ထွန်းလင်းတောက်ပလာသည်။ တိုက်စားခြင်းမိစ္ဆာမျက်လုံးမှ သိပ်သည်းသောမြူများကထွက်လာပြီး  သွေးဓား၏အပေါ်တွင် ပေါင်းစပ်ဖွဲ့စည်းသွားသည်။ ထို့နောက်ရှစ်ဖုန့် က သူ့ ထံသို့တစ်ဟုန်ထိုးချဉ်းကပ်လာသော ကျန်းချွမ်အား ခုတ်ပိုင်းချလိုက်သည်။

ဧရာမသွေးနီရောင်ဓားချီက ဟင်းလင်းပြင်ထဲတွင်ပေါ်လာသည်။ ၎င်းအား မီးခိုးရောင်မြူတို့က ဝန်းရံထား၏။ ကောင်းကင်အားထောက်ထားသောကြီးမား

သည့်တိုင်လုံးကြီးတစ်ခုကဲ့သို့ ၎င်းကတစ်ဟုန်ထိုးချဉ်းကပ်လာသော  ကျန်းချွမ်ထံကျဆင်းလာသည်။

“အား…ချိုးဖြတ်စမ်း”

ကျန်းချွမ်ကအော်ဟစ်လိုက်သည်။ သူ့အနေဖြင့်ထိခိုက်ဒဏ်ရာရထားသော်လည်း  တင်းယု၎င်း၏လက်အတွင်း၌ရှိနေသောကြောင့်ဟုပြောရန် မဆိုထားဘိ သူ၏မာနတရားကပင် သူ့အားနောက်ဆုတ်ရန်ခွင့်ပြုနေခြင်းမရှိပေ။ ဧရာမ ကြည်လဲ့သောဓားချီကကြီးက သူ၏လက်ထဲတွင်ပေါ်လာသည်။ ဓားရိုးကိုကိုင်ပြီး လွှဲယမ်းလိုက်သည်။

“ဝုန်း”

ဓားနှစ်ချောင်းကအပြင်းအထန်ထိပ်တိုက်ပစ်

ဆောင့်မိကြသည်။

သို့သော်ကျန်းချွမ်၏ နှလုံးသားက ထိခိုက်ဒဏ်ရာရနေခဲ့သည်ဖြစ်၏။ ထို့နောက်တွင်သိပ်သည်းဖွဲ့စည်းထားသော ဧရာမကြည်လဲ့သည့်ဓားရှည်ကမီးတောက်ဓား၏ စွမ်းအားအောက်တွင် အစိတ်စိတ်အမွှာမွှာအလွှာလိုက်အလွှာလိုက် ကွဲကြေသွားသည်။ ထို့နောက်တွင်မီးတောက်ဓားကဆက်လက်၍ ကျဆင်းလာပြီး ကျန်းချွမ်၏ကိုယ်အား ခုတ်ပိုင်းကာ မြေကြီးထဲသို့ရောက်သည်အထိဆွဲ

ခေါ်သွားသည်။

“ဝုန်း”

ဤဓားချက်၏ အောက်တွင် မြေပြင်မှာရုတ်တရက် တုန်လှုပ်သွားသည်။ ဧရာမမီးတောက်ဓားချီပျောက်ကွယ်သွားပြီးသည့်နောက် ဧရာမအက်ကွဲကြောင်းကြီးတစ်ခုက မြေပြင်ထဲတွင်ပေါ်လာသည်။ ခန္ဓာကိုယ်တစ်ခုက မြေပြင်ထက်တွင်ခွေးသေကောင်တစ်ခုကဲ့သို့လဲလျောင်းနေ၏။ သူ၏နောက်ကျောရှိအဝတ်အစားများမှာ စုတ်ပြဲနေပြီး  မြင်သာထင်သာရှိသော အသားများတွင်သွေးများကစီးထွက်နေသည်။ ၎င်းမှာတိုက်စားခံရသကဲ့သို့ဖြစ်ပြီးမှုန်ဝါးဝါးဖြစ်နေ၏။

လူအများအပြားက အက်ကွဲကြောင်းအတွင်းရှိ ပုံရိပ်ကိုကြည့်လိုက်ပြီးသည့်နောက် မည်သို့မျှမတက်နိုင်ဘဲ ပင့်သက်ရှိုက်လိုက်မိသည်။

“လင်ရွှယ်ဂိုဏ်းရဲ့ ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူဖြစ်တဲ့ ပါရမီရှင်ကျန်းချွမ် ရှုံးနိမ့်သွားပြီ..ပြီးတော့လည်းလုံးလုံးလျားလျားကိုရှုံးနိမ့်သွားတာ”

“ဒီနတ်ဆိုးကဘယ်သူလဲ”

လူအချို့က ဟင်းလင်းပြင်ထဲတွင်ရှိနေသောပုံရိပ်ကိုကြည့်၍ သူတို့၏နှလုံးသားအောက်ခြေမှနေ၍ မေးမြန်းနေကြသည်။

ဤအချိန်တွင် ဟင်းလင်းပြင်ထဲတွင်ရှိနေသော လူငယ်က သူ၏ သွေးနီရောင်မီးတောက်ဓားကိုထပ်မံမြှောက်လိုက်သည်ကိုတွေ့လိုက်ကြရသည်။ နောက်ထပ်ဧရာမမီးတောက်ဓားချီတစ်ခုက ဟင်းလင်းပြင်ထဲတွင်ပေါ်လာသည်။

“ဒီဓားက မင်းအသက်ကိုနှုတ်ဖို့အတွက်လုံလောက်တယ်”

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်ပြီးနောက် ကျန်းချွမ်ထံသို့ထပ်မံ၍  ခုတ်ပိုင်းချလိုက်သည်။

“ဟင့်အင်း..မလုပ်ပါနဲ့”

ရှစ်ဖုန့်၏လက်အတွင်းတွင်ရှိနေသော တင်းယုကရုတ်တရက်နိုးလာသည်။ သူမက ဟင်းလင်းပြင်ထဲတွင်ရှိနေသော ဓားကြီးနှင့် အက်ကွဲကြောင်းအတွင်းရှိပုံရိပ်ကိုကြည့်လိုက်သည်။ ၎င်းကခဏလေးသာဖြစ်သော်လည်း အရမ်းကိုရှည်ကြာသောအိမ်မက်တစ်ခုအားမက်နေရသကဲ့သို့ပင်ဖြစ်သည်။ အိမ်မက်ထဲတွင် သူမအနေဖြင့် ကျန်းချွန်ထံသိုတူညီစွာကျရောက်လာသည့် ဓား၊ တူညီသောဖြစ်ရပ်၊တူညီသောမြင်ကွင်းများ

ကိုမြင်တွေ့ခဲ့ရသည်ဖြစ်သည်။

တင်းယုက လှုပ်ရှားချင်စိတ်ဓားချက်၏အောက်သို့တစ်ဟုန်ထိုးပြေးသွားလိုစိတ်များဖြစ်နေသော်လည်း သူမ၏ ခန္ဓာကိုယ်အားအားကောင်းသောစွမ်းအားတစ်ခုက ဖိနှိပ်ထားသည်ကိုတွေ့လိုက်ရပြီး လှုပ်ရှားမှုပြုလုပ်နိုင်ခြင်းမရှိချေ။ သူမ၏ခေါင်းအားမပြေမပြစ်လှည့်လိုက်ပြီး အေးစက်သောမျက်နှာတစ်ခုအားတွေ့

လိုက်ရသည်။

“ဟင့်အင်း စီနီယာအကိုကျန်းကိုမသတ်ပါနဲ့ ကျွန်မရှင့်ကိုတောင်းပန်ပါတယ်”

ရှစ်ဖုန့်အားတောင်းပန်နေရင်း တင်းယု၏ လှပသောမျက်နှာလေးတွင် အသနားခံမှုများဖြင့်ပြည့်နှက်နေသည်။

ရှစ်ဖုန့်က တင်းယု၏စကားတို့အားမကြားသကဲ့သို့ ပြုမူနေလိုက်သည်။ သူ၏မျက်နှာကအေးစက်နေပြီး ပြောင်းလဲမှုမရှိပေ။ သူ့အားသတ်ချင်သူမှန်သမျှမှာ သေဆုံးကြရမည်သာဖြစ်သည်။

ကြီးမားသော မီးတောက်ဓားချီက ကျဆင်းလာနေဆဲဖြစ်သည်။ ထိုဓားက ကျန်းချွမ်၏ကံတရားအား ပတ်ဆို့သတ်မှတ်ထားပြီးသကဲ့သို့ဖြစ်ပုံရသည်။  လူအများစုက သူတို့၏ နှလုံးသားထဲတွင် သက်ပြင်းချမိလိုက်ကြသည်။ မျိုးဆက်တစ်ခု၏ ပါရမီရှင်တစ်ယောက်ဖြစ်သောကျန်းချွမ်မှာ ထိုဓားချက်၏ အောက်တွင်  သုတ်သင်ခံလိုက်ရတော့မည်ဖြစ်သည်။

“ခရက်”

ထိုအချိန်၌  ကြက်ဥကွဲသက်သို့ကျယ်လောင်သော အက်ကွဲသံတစ်ခုက ရုတ်တရက်ဟင်းလင်းပြင်ထဲတွင်ထွက်ပေါ်လာသည်။ ဧရာမမီးတောက်ဓားချီကြီး၏ အောက်တွင် နေရာလွတ်ထဲ၌ သေးငယ်သောအက်ကွဲကြောင်းလေးတစ်ခု ကရုတ်တရက်ပေါ်လာသည်ကိုလူများမြင်

လိုက်ကြသည်။ အက်ကွဲကြောင်း၏ ခုခံမှုအောက်၌ မီးတောက်ဓားချီမှာ ပျောက်ကွယ်သွားသည်။ အက်ကွဲကြောင်းမှာ ပင့်ကူအိမ်ကဲ့သိုဖြစ်ပြီး  ဦးတည်ချက်အနှံ့သို့ လျှင်မြန်စွာ ပြန့်ကားသွားသည်။ အားကောင်းသောသွေးနီရောင်အလင်းတန်းတစ်ခုက  အက်ကွဲကြောင်းတစ်ခုမှပစ်လွှတ်သလို

ထွက်လာပြီး  မျက်စိတစ်မှိတ်အတွင်း  ကောင်းကင်ထဲ၌ သွေးနီရောင်အလင်းတို့စွန်းထင်းသွားသည်။

“ဒါက….ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာတာလား……သွေးနီရောင်အလင်းတန်းတွေက ဒီကြားကွပ်လပ်အဟတွေကြားထဲကနေထွက်

ပေါ်လာခဲ့တာလား….ကောင်းကင်နဲ့မြေကြီးရဲ့ ပြိုင်ဘက်ကင်းရတနာက ဒီအထဲမှာ ရှိနေတာလား”

ကြားကွပ်လပ်အဟက အိမ်တစ်လုံးစာအရွယ်အစားထိပြန့်ကားလာ

သည့်အချိန်တွင်  ၎င်းကရုတ်တရက်ကွဲကြေသွားပြီး သွေးနီရောင်အပေါက်တစ်ခု လှစ်ဟာထွက်ပေါ်လာသည်။ အပြင်ဘက်တွင်ရှိနေသောကမ္ဘာနှင့် အတွင်းဘက်တွင်ရှိနေသော ကမ္ဘာနှစ်ခုတို့က လုံးဝ ကွဲပြားခြားနားပုံရလေသည်။ အတွင်းဘက်ကမ္ဘာအတွင်းမှ သိပ်သည်းသောသွေးနံ့များကိုထုတ်လွှတ်နေ၏။

ထို့နောက်တွင် အားကောင်းသောစုပ်ယူအားတစ်ခုက သွေးနီရောင်အပေါက်ဆီမှထွက်ပေါ်လာသည်။ အားကောင်းသောစုပ်ယူအား၏အောက်တွင်လူများအားလုံးမှ သွေးနီရောင်ဝင်ပေါက်အတွင်းသို့စုပ်ယူခြင်းခံလိုက်ရသည်။ ရှစ်ဖုန့်နှင့်တင်းယုတို့ပင်ချွင်းချက်ရှိမနေပေ။ အားကောင်းသောစုပ်ယူအား၏အောက်၌  သူတို့အားလုံးမှာ ခုခံနိုင်စွမ်းရှိမနေကြချေ။ သူတို့၏ ခန္ဓာကိုယ်များကထိန်းချုပ်နိုင်ခြင်းမှရှိဘဲ အပေါက်အတွင်းသို့ပျံသန်းဝင်ရောက်သွား

ကြသည်။

သွေးနီရောင်မီးတောက်ကြီးက ဧရာမ ဖုန်စုပ်စက်ကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။  မျက်စိတစ်မှိတ်အတွင်း သိပ်မဝေးသောနေရာတွင်ရှိနေသည့် လူရာပေါင်းများစွာကိုစုပ်ယူသွားခဲ့သည်။ ကြက်သွေးရောင်မီးတောက်အတွင်းသို့ စုပ်ယူခြင်းမခံလိုက်ရသော လူများလည်းအများအပြားရှိနေသေးသည်ဖြစ်၏။ ထိုလူများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက

ကြသည်။ သူတို့အနေဖြင့်သေချာစွာအနီးကပ်၍ ဂရုတစိုက်ကြည့်ရှုမည်ဆိုလျှင် သွေးနီရောင်မီးတောက်အတွင်းသို့စုပ်ယူခြင်းမခံလိုက်ရသောသူများမှာ သက်လတ်ပိုင်းလူရွယ်အချို့နှင့်သိုင်း

ပညာရှင်အိုကြီးများဖြစ်ကြသည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။ ကွင်းပြင်ထဲတွင် ငယ်ရွယ်သောသိုင်းပညာရှင်များမှာကျန်ရစ်နေခဲ့ကြခြင်းမရှိကြချေ။

ဘုရင်နယ်ပယ်သက်လတ်ပိုင်းသိုင်းပညာရှင်တစ်ယောက်က  သတိပြန်ဝင်လာပြီး အလန့်တကြားအော်ဟစ်လိုက်သည်။

“ဒီသွေးနီရောင် အပေါက်က ရှေးဦးဘုန်းတန်ခိုးကြောင့်ပွင့်လာတာပဲဖြစ်ရမယ်…ကောင်းကင်နဲ့မြေကြီးရဲ့ပြိုင်ဘက်ကင်းရတနာက အထဲမှာရှိနေတာပဲဖြစ်မယ်”

သူကစကားပြောနေရင်း သူ့အောက်ရှိ ပျံသန်းရေးနတ်ဆိုးသားရဲကို အလျှင်အမြန်မောင်းနှင်ကာ သွေးနီရောင်အပေါက်ထံသို့ပျံသန်းစေလိုက်

သည်။  သို့သော သူ့အနေဖြင့် အနီးအနားသို့မကပ်နိုင်ခင်မှာပင် စွမ်းအားကြီးသောပြန်ကန်အားတစ်ခုက ရုတ်တရက် ပေါ်လာသည်။ ထို့နောက်ချက်ခြင်း သက်လတ်ပိုင်းအရွယ်သိုင်းပညာရှင်နှင့်သူ၏ နတ်ဆိုးသားရဲတို့မှာ စွမ်းအားပြင်းတွန်းကန်အားကြောင့်ရုတ်ခြည်း

ဆိုသလို နောက်သို့လွင့်ပျံထွက်လာ၏။ သူကနောက်သို့လွင့်ပျံထွက်လာရင်း မျက်နှာထက်တွင်  အလွန်အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။ ထိုလူများက အပေါက်အတွင်းသို့စုပ်ယူခြင်းခံလိုက်ရချိန်တွင်သူဘယ်အတွက်ကြောင့်ဆန်းကြယ်သောစွမ်း

အား၏  ပြန်လည်တွန်းကန်မှုကိုခံလိုက်ရသည်အားနားလည်းနိုင်ခြင်းမရှိချေ။

“ဘန်း”

သူက မြေပြင်နှင့်ပြင်းထန်စွာ ပစ်ဆောင့်မိသွားသည်။

သူတို့ကြားထဲတွင် ဘုရင်နယ်ပယ်သက်လတ်ပိုင်းလူမှာ နောက်သို့ ပြန်ကန်ထွက်လာသည်ကိုမြင်တွေ့လိုက်ရသောလူများလည်းရှိကြသည်။  သူတို့အနေဖြင့် တစ်စုံတစ်ခုအား သတိပြုမိပုံရပြီး သူ့နောက်ရှိလူများကိုမေးလိုက်သည်။

“မင်းတို့အားလုံးသတိထားမိကြလား”….သွေးနီရောင်အပေါက်ထဲတွင်စုပ်ယူခံလိုက်ရတဲ့သူတွေက ငယ်ရွယ်တဲ့သူတွေနဲ့ အရွယ်ရောက်ပြီးတဲ့လူငယ်တွေပဲ…ငါတို့လို

နည်းနည်းလေးအသက်ကြီးတဲ့သူတွေက ဒီနေရာမှာပဲနေခဲ့ရပြီး ဘာသက်ရောက်မှုကိုမှ ရရှိပုံမပေါ်ဘူး”

“ဟုတ်တယ်….အဲ့လိုဖြစ်တဲ့ပုံပဲ”

တစ်စုံတစ်ယောက်က ခေါင်းကိုအနည်းငယ်ညိမ့်ပြလိုက်သည်။

“အတွင်းကမ္ဘာထဲကိုဝင်ရောက်ဖို့အတွက်က အသက်ကန့်သတ်ချက်ရှိတဲ့ပုံပဲ”

ဤအချိန်တွင် မြို့၏တောင်ဘက်၌ ရုတ်ရုတ်သဲသဲဖြစ်မှုတစ်ခုဖြစ်ပေါ်နေသည်ဖြစ်သည်။ ကောင်းကင်ထဲတွင်ရှိနေသောသွေးနီရောင်အလင်းက အချိန်ကြသည်အထိပျောက်ကွယ်သွားခြင်းမရှိဘဲ သွေးနီရောင်အပေါက်တစ်ခုက ဟင်းလင်းပြင်ထဲတွင်ပေါ်လာခဲ့သည်။ ၎င်းက ဤနေရာသို့ရောက်လာကြ‌သောလူအရေအတွက်တော်တော်များများအား

စုပ်ယူခဲ့ပြီးဖြစ်၏။ လူငယ်များအနေဖြင့်  ဤနေရာသို့နီးကပ်စွာမလာရသေးခင်မှာပင်  သူတို့၏ခန္ဓာကိုယ်များက အားကောင်းသောစုပ်ယူအားတစ်ခု၏ ဆွဲယူမှုကိုခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်ခြင်းမရှိဘဲ  သွေးနီရောင်အပေါက်အတွင်းသို့ ပျံသန်းဝင်ရောက်သွားကြသည်။ သွေးနီရောင်အပေါက်အတွင်းသို့စုပ်ယူခံလိုက်ရသည့်အခါတွင်သူတို့အနေဖြင့် ဧရာမသွေးနီရောင်ပါးစပ်ကြီး၏ ဝါးမျိုမှုကိုခံလိုက်ရသကဲ့သို့ ဘာသဲလွန်စမှကျန်ရစ်ခဲ့ခြင်းမရှိပဲ ပျောက်ကွယ်သွားကြ၏။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters