← Chapters

အပိုင်း (၂၁၅)

Vol. 15 Ch. 215

အပိုင်း (၂၁၅)

Vol. 15 Ch. 215

“အား”

တင်းယုမှာ ရုတ်တရက်ပေါ်လာသောနတ်ဆိုးအပင်အား တွေိ့လိုက်ရသောအခါတွင် မည်သို့မျှ မတက်နိုင်ပဲ ချွေးအေးတို့ပင်ကျလာ၏။ ထို့နောက်တွင်သေဆုံးသွားသောအပင်နှင့် သူမနောက်ရှိအပင်တို့အားတွေ့လိုက်ရသည်။ ကြီးမာသော သွေးနီရောင်မျက်နှာကြီးမှာ လျှင်မြန်စွာရှုံတွသွားပြီး များပြားလှသောသွေးတို့ကပန်းထွက်လာကာ ရှစ်ဖုန့်ထံသို့စုစည်းသွားကြပြီး စုပ်ယူခြင်းခံလိုက်ကြရသည်။

“ဒါက ဘယ်လိုမျိုးကျင့်ကြံတဲ့နည်းလမ်း အမျိုးအစားလဲ”

တင်းယုကမနေနိုင်ဘဲ မေးလိုက်မိသည်။ ထို့နောက်တွင် သူမတစ်စုံတစ်ခုကိုသဘောပေါက်သွားပြီး ထပ်မံ၍ မေးလိုက်သည်။

“ရှင်ဒီအရာတွေကို ဘယ်လိုမျိုးအာရုံခံနိုင်ရတာလဲ”

ထိုအရာများပေါ်လာခဲ့သည့်အချိန်တွင် တင်းယုမှာ အနည်းငယ်မျှသောခံစားမှုတို့ကိုပင်မရရှိခဲ့ချေ။ သူမ၏ နှလုံးသားထဲတွင် မည်သို့မျှမတက်နိုင်သော်လည်း စီနီယာအကိုကျန်းနှင့်တင်းကျုံးတို့အတွက်စိတ်ပူနေမိသည်။ အကယ်၍ စီနီယာ အကိုကျန်းနှင့်တင်းကျုံးတို့ ဤနေရာ၌ ပေါ်လာခဲ့လျှင်  ထိုအရာများသူတို့နောက်၌ရုတ်တရက်ပေါ်လာ

သောအခါ၌ မည်ကဲ့သို့ဖြစ်ပျက်သွားနိုင်မည်နည်း။

ထိုအရာများအားတွေးမိသောအခါတွင်တင်းယု၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေ၏။သူမအနေ

ဖြင့်စီနီယာအကိုကျန်းနှင့်တင်းကျုံးတို့အား

ချက်ခြင်းသွားရောက်

ရှာဖွေချင်စိတ်တို့ ဖြစ်နေမိသည်။

“သောက်ချီးပဲ”

ရှစ်ဖုန့်က ရိုးရှင်းသောဤစကားလုံးအချို့

ကိုသာပြောလိုက်ပြီး  ဟင်းလင်းပြင်ထဲသို့တိုက်ရိုက်ပင်တစ်ဟုန်ထိုး ဦးတည်သွားသည်။  ထိုအရာအားမြင်လိုက်ရသောအခါ တင်းယုကရှစ်ဖုန့်နောက်သို့ အလျှင်အမြန်မှီအောင်လိုက်လာပြီး

မေးလိုက်သည်။

“တစ်ခြားသူတွေဘယ်မှာလဲဆိုတာကို

ရှင်တို့သိကြလား”

“ငါမသိဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒီနေရာထဲကိုစုပ်ယူခံလိုက်ရတဲ့သူအားလုံးက နေရာအနှံ့ကိုကြုံရာကျပန်း ရောက်သွားတာဖြစ်မယ်…အဲ့အချိန်တုံးကဒီနေရာထဲကို အနည်းဆုံးလူရာဂဏန်းလောက်စုပ်ယူခံလိုက်ရလိမ့်မယ်… အခုငါပတ်ဝန်းကျင်ကိုကြည့်တော့ မင်းရယ်ငါရယ်ပဲ ဒီနေရာမှာရှိနေတယ်…ဒါကြောင့် .ငါတို့ရှေ့ကတောအုပ်ကိုပဲ အရင်ဆုံးသွားကြတာပေါ့”

ရှစ်ဖုန့်ကပြောပြီးသည့်နောက်တွင် အကွာအဝေးတစ်ခုအတွင်းရှိ သွေးနီရောင်တောအုပ်ထံသို့  လျှင်မြန်စွာပျံသန်းသွားလိုက်သည်။ ထိုနေရာတွင်ကောင်းကင်မီးတောက်က သွေးစွမ်းအင်တို့အား အာရုံခံမိထားသည်ဖြစ်၏။

တင်းယုကရှစ်ဖုန့်၏နောက်မှလိုက်ပါလိုက်သည်။ဤနေရာတွင် သူမ၏ မောင်ဖြစ်သူ တင်ကျုံးနှင့် စီနီယအကိုကျန်းတို့ရှိနေရန်

သူမမျှော်လင့်မိသည်။ ထိုမှသာသူမအနေဖြင့် သူတို့အားချက်ချင်းတွေ့မြင်နိုင်မည်ဖြစ်၏။ ရုတ်တရက် တင်းယုမှာ တစ်စုံတစ်ခုအားတွေးမိပြီးနောက်

ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ရှင်က လူဆိုးတစ်ယောက်မဟုတ်ဖူးဆိုတာကို ကျွန်မသိပါတယ်…ရှင်အနေနဲ့ စီနီယာအကိုကျန်းနဲ့ရန်သူတွေဖြစ်နေတာကိုရပ်တန့်ပေးနိုင်မလား…”

တင်းယုမှာ ဘာကြောင့်မှန်းမသိသော်လည်း သူမအနေဖြင့်ဤပုဂ္ဂိုလ်နှင့်ပက်သက်ပြီး ထူးခြားမှုတစ်စုံတစ်ရာကိုခံစားရသည်ဖြစ်သည်။ သို့သော်သူမအနေဖြင့်သူနှင့်ပက်သက်ပြီး ဘယ်အရာကထူးခြားလဲဆိုသည်အား ပြောနိုင်ချင်းမရှိချေ။ သူမအနေဖြင့်စီနီယာအကိုကျန်းမှာ သူနှင့်သာရန်သူဆက်ဖြစ်နေပါက ဆိုးကျိုးများဖြစ်လာလိမ့်မည်ဟုခံစားရသည်။ စီနီယာအကိုကျန်းမှာလည်း တကယ်ကိုဆိုးကျိုးတို့ဖြစ်ခဲ့ပြီး ရှစ်ဖုန့်၏ဓားအော်၌ သေဆုံးလုနီးပါးဖြစ်ခဲ့ရသည်ဖြစ်သည်။

“ငါကသူ့ရဲ့ရန်သူလား”

ရှစ်ဖုန့်က အေးစက်စွာခေါင်းကိုလှည့်၍ မေးခွန်းပြန်ထုတ်လိုက်သည်။

“ဟုတ်တယ်…ဒါကကျွန်မရဲ့အမှားပဲ….ဒါပေမဲ့ အဲ့အချိန်တုံးက ကျွန်မရဲ့ဂုဏ်သတင်းကိုဖျက်ဆီးခဲ့တာရှင်ပဲ…

စီနီယာအကိုကျန်းက ကျွန်မအတွက်နဲ့ရှင့်ကိုတိုက်ခိုက်ခဲ့တာ ….”

တင်းယုက ထိုသို့ပြောပြီးသည့်နောက်ဆက်လက်၍ ပြောပြန်သည်။

“ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက ကျွန်မရဲ့မောင်လေးကြောင့်ဖြစ်ခဲ့ရတာ…

ဒီနေရာကနေကျွန်မတို့ထွက်သွားပြီးတဲ့နောက် အနာဂတ်မှာသူထက်ပြီးပြဿနာတွေမရှာနိုင်ဖို့အတွက် ကျွန်မသူ့ကိုသေချာပေါက် သင်ခန်းစာတစ်ခုပေးမယ်….သူကကလေးပဲရှိပါသေးတယ်…ရှင်ကအဲ့တာကြီးကိုလက်ကိုင်ထားပြီးသူ့ကိုရင်မဆိုင်ဖို့ကျွန်မမျှော်လင့်ပါတယ်”

တင်းယုမှာသူမ၏မောင်ဖြစ်သူ တင်းကျုံးက ကလေးတစ်ယောက်သာဖြစ်သည်ဟု

ပြောနေချိန်တွင် တစ်ခုခုမှားယွင်းနေသည်ကိုသူမ ရုတ်တရက်သဘောပေါက်လိုက်သည်။

“ငယ်ရွယ်ပြီး တော့ အထက်စီးဆန်တယ်တဲ့လား”

ရှစ်ဖုန့်က တင်းယုကိုကြည့်၍ လှောင်ပြုံးပြုံးလိုက်သည်။

“ငါ့မှာသာ လုံလောက်တဲ့ခွန်အားစွမ်းအားမျိုးမရှိခဲ့ပဲ   အားနည်းတဲ့သိုင်းသမားတစ်ဦးဖြစ်နေခဲ့ရင် တည်းခိုခန်းမှာတုံးက မင်းရဲ့ငယ်ပြီးအထက်စီးဆန်ပါတယ်ဆိုတဲ့မောင်ကြောင့် ခွေးတစ်ကောင်လိုမျိုးငါရိုက်နှက်ခံခဲ့ရလိမ့်မယ်…ငါ့မှာသာမင်းစီနီယာအကိုကျန်းလိုမျိုးလုံ

လောက်တဲ့စွမ်းအားရှိမနေခဲ့ဘူးဆို

ရင် ငါဟာ အခုချိန်မှာ ခြုံပုတ်တွေကြားထဲကအေးစက်တဲ့

အလောင်းတစ်ခုဖြစ်နေလိမ့်မယ်...မင်းကငါ့အသက်ကိုလိုချင်တယ်ဆိုရင်တော့ တူညီတဲ့တန်ကြေးတစ်ခုမင်းငါ့ကိုပြန်ပေးဆပ်ဖို့လိုမှာပဲ….

“ဒါပေမဲ့….”

တင်းယုက တစ်စုံတစ်ခုအား ပြောဆိုချင်သော်လည်း ရှစ်ဖုန့်က သူမကိုကြားဖြတ်ဟန့်တားလိုက်သည်။

“ဒီသခင်လေးရဲ့စွမ်းအားကိုမြင်ပြီးတဲ့နောက် ငယ်ရွယ်ပြီး အထက်စီးဆန်ပါတယ်ဆိုတဲ့မင်းရဲ့ မောင်ငယ်လေးအနေနဲ့ နောင်ဒီသခင်လေး ကိုတွေ့တဲ့အခါ ပိုပြီးတော့ စဉ်းစားချင့်ချိန်တက်ဖို့လိုတယ်..မင်းရဲ့စီနီယာအကိုကျန်းအတွက်ကတော့ သူ့ရဲပင်ကိုယ်စရိုက်အရဆိုရင် သေချာပေါက်ဒီသခင်လေးဆီကိုသေဖို့လာမှာပဲ”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးသည့်

နောက်တွင် တင်းယုမှာဘာမှထပ်မံပြောကြားခြင်းမရှိတော့ချေ။  သူမအနေဖြင့် စီနီယာအကိုကျန်းနှင့်အတူရှိခဲ့ကြသည်မှာ အချိန်တော်တော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်လည်းသူမအနေဖြင့်လည်း စီနီယာအကိုကျန်း၏စရိုက်ကိုသိရှိထားပြီးဖြစ်၏။ယနေ့၏အရှုံးတရားအားသူဘယ်လိုလက်ခံနိုင်စွမ်းရှိပါမည်နည်း။ ဤလူငယ်လေးကြောင့်ရှုံးနိမ့်ခြင်းကို

ထည့်ပြောရန်မဆိုထားဘိ သေခါနီးအထိပင် သူဖြစ်ခဲ့ရသည်ဖြစ်သည်။

“ဟူး”

တင်းယုကသက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် လူငယ်လေးကိုထပ်မံ၍ ကြည့်လိုက်သည်။

“ဒီလူငယ်လေးကတကယ်ကိုပဲ ဆယ့်ငါးဆယ့်ခြောက်အရွယ်ပဲရှိသေးတာလား….ဒီလိုငယ်ရွယ်တဲ့ အသွင်အပြင်အောက်မှာ ဘယ်လိုစရိုက်မျိုးတွေရှိနေတာများလဲ”

မကြာခင်တွင်သူတို့နှစ်ယောက်မှာ အကွာအဝေးတစ်ခုအတွင်းရှိသွေးနီရောင်တောအုပ်ဆီသို့ရောက်ရှိလာခဲ့သည်။ တောအုပ်အထက်ရှိ လေထဲတွင်လွင့်မျောပျံသန်းရင်း ရှေ့သို့ကြည့်လိုက်သောအခါ၌ သိပ်သည်းသောကြက်သွေးရောင်သစ်ပင်များကိုတွေ့လိုက်ရသည်။ အကွာအဝေးတစ်ခုတွင် သားရဲများ၏အော်ဟစ်သံအချို့ကလည်း

ထွက်ပေါ်၍နေသည်။ သို့သော် ဤသည်မှာရှစ်ဖုန့်၏မျှော်လင့်ထားသော ဘောင်အတွင်း၌သာရှိသည်ဖြစ်၏။ ဤနေရာတွင် နတ်ဆိုးအပင်သားရဲများပင် ရှိနေသောကြောင့် အခြားသောသက်ရှိများလည်းဤနေရာ၌

ရှိနေခြင်းက အံ့အားသင့်စရာတော့မဟုတ်ပေ။

“ဘယ်လိုလဲ….သွေးစွမ်းအင်က ဘယ်နေရာမှာလဲ”

ရှစ်ဖုန့်က ဝိညာဉ်စွမ်းအင်ဖြင့် ကောင်းကင်မီးတောက်အားချိတ်ဆက်ပြီး

မေးလိုက်သည်။

“အောက်မှာ “

ကောင်းကင်မီးတောက်က ခပ်ပြတ်ပြတ်ပင်ပြန်ဖြေလိုက်သည်။

“မင်းရော …မင်းအောက်ကိုဆင်းမှာလား”

ရှစ်ဖုန့်က ခေါင်းလှည့်၍ တင်းယုကိုမေးလိုက်သည်။

“ဟင့်အင်း ကျွန်မရှေ့ကိုထပ်သွားပြီးတော့ သူတို့ကိုရှာတွေ့နိုင်မလားဆိုတာကိုကြည့်လိုက်အုံးမယ်..”

တင်းယုကပြောလိုက်သည်။

ရှစ်ဖု့န်ကခေါင်းညိမ့်လိုက်ပြီး ဘာမှတော့ ထပ်ပြီးပြောကြားခြင်းမရှိပေ။  သူ၏ပုံရိပ်က သွေးနီရောင်တောအုပ်အတွင်းသို့ဆင်း

သက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က လျှင်မြန်စွာဖြင့် သိပ်သည်းသော သွေးနီရောင်သစ်ရွက်များကို ဖြတ်ကျော်သွားပြီး တင်းယု၏မြင်ကွင်းထဲမှာပျောက်ကွယ်

သွားသည်။ထို့နောက်တွင်တင်းယုက ရှေ့သို့ပျံသွားပြီး ကျောက်စိမ်းပြားတစ်ခုအား ကျန်းချွမ်နှင့်တင်းကျုံးတို့အားရှာဖွေရန်ထုတ်ယူလိုက်သည်။ဤကျောက်စိမ်းပြားက လင်ရွှယ်ဂိုဏ်း၏ ပြိုင်ဘက်ကင်းအရာတစ်ခုဖြစ်သည်။ တပည့်တစ်ယောက်စီတိုင်းတွင်ဤ

ကျောက်စိမ်းပြားတစ်ခုစီရှိကြ၏။ ကျောက်စိမ်းပြားနှစ်ခုက တိကျသေချာသောအကွာအဝေးတစ်ခုအတွင်း၌ တွေ့ဆုံမိကြလျှင်  သူတို့အားအသိပေးသည့်အနေဖြင့် အစိမ်းရောင်အလင်းတစ်ခုကိုထုတ်လွှတ်ပေး

မည်ဖြစ်သည်။

သွေးနီရောင်သစ်ပင်များ၊သွေးနီရောင်ပေါင်းပင်များ၊ သွေးနီရောင်ဆူးချုံများနှင့်သွေးနီရောင် နွယ်ပင်များက  သွေးနီရောင်တောအုပ်အတွင်းတွင် သိပ်သည်းထူထပ်စွာပေါက်ရောက်နေကြသည်။ သွေးနီရောင်အကိုင်းအခတ်အရွက်များ၏ အောက်တွင် တောအုပ်မှာ အနည်းငယ်မှုန်မှိုင်းနေသည့်ပုံဖြစ်ပေါ်နေသည်။ သွေးနီရောင် အရောင်အစင်းနှင့်ပေါင်းစပ်ယှဉ်တွဲလိုက်သောအခါ ၎င်းမှာ အနည်းငယ်ပင်ကြောက်လန့်ဖို့ကောင်းသွားသည်ဖြစ်၏။ တောအုပ်အတွင်းသို့ရှစ်ဖုန့်ဝင်ရောက်ပြီးမကြာမီတွင် သွေးနီရောင်မြွေတစ်ကောင်က ၎င်း၏သွေးရောင်ပါးစပ်ကိုဖွင့်ဟ၍  သူ့ထံသို့ခုန်အုပ်လိုက်သည်။

ရှစ်ဖုန့်သည်ကား နယ်မြေအကျိုးသက်ရောက်မှုအား အစီအစဉ်ချထားပြီးဖြစ်၏။သူကသူ့လက်

အတွင်းရှိ သွေးဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။

ဧရာမမြွေကြီး၏ဦးခေါင်းမှာချက်ခြင်း သွေးဓားကြောင့်ဟက်တက်ကွဲသွားသည်။ မြေပြင်ပေါ်သို့ကျဆင်းလာသော ဧရာမမြွေဦးခေါင်းကြီးမှ သွေးများပန်းထွက်လာသည်။

“ဘန်း”

ရှစ်ဖုန့်၏ဝါးမျိုမှုအောက်တွင်  ကြီးမားပြီး ရှည်လျားသောမြွေကြီးမှာ လျှင်မြန်စွာရှုံ့တွခြောက်သွေ့သွားသည်။ သွေး၊ သေခြင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့အား ဝါးမျိုပြီးသည့်နောက်တွင်  လူတစ်ယောက်၏ အမြင့်တစ်ဝက်အရွယ်အစားရှိသည့်နီရဲ‌သော အပင်တစ်ခုပေါ်၌ နီရဲသော သစ်သီးတစ်လုံးကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။၎င်းမှာ လက်သီးဆုပ်တစ်ခုအရွယ်သာရှိပြီး  နီရဲသောအလင်းတို့ဖြင့်တောက်ပနေသည်။

ရှစ်ဖုန့်ကလက်ဆန့်ထုတ်၍ သွေးနီရောင်သစ်သီးကိုခူးလိုက်၏။ သူ၏လက်ထဲတွင်ကိုင်ထားရင်း သစ်သီး၌ သန့်စင်ပြီးကြွယ်ဝသော သွေးစွမ်းအင်များဖြင့် ပြည့်နှက်နေသည်ကို ရှစ်ဖုန့်ခံစားမိနိုင်သည်။

“ခင်ဗျားအာရုံခံမိတဲ့ သွေးစွမ်းအင်က ဒီသစ်သီးဆီကနေလာတာလား”

ရှစ်ဖုန့်ကကောင်းကင်မီးတောက်ကို

မေးလိုက်သည်။

“အဲ့တာပဲ..စားလိုက်”

ကောင်းကင်မီးတောက်ကပြောလိုက်သည်။

“ကောင်းပြီ”

ချက်ခြင်းပင် ရှစ်ဖုန့်က နီနီရဲရဲသစ်သီးအား တစ်ကိုက်ကိုက်လိုက်သည်။ သန့်စင်ပြီးပေါကြွယ်ဝသော သွေးရောင်အရည်တို့က သူ၏ပါးစပ်အတွင်းသို့ စီးဝင်သွားသည်။ ရှစ်ဖုန့်မှာသွေးစုပ်ဖုတ်ကောင်တစ်ကောင်

ကဲ့သို့ဖြစ်နေသည်။သူ၏ပါးစပ်တွင်သွေးနီရောင်တို့စွန်းထင်းနေ၏။ ထို့နောက်တွင်သူက သစ်သီးအား နောက်ထပ်တစ်ကိုက်ကိုက်လိုက်သည်။  နီနီရဲရဲသစ်သီးမှာ ရှစ်ဖုန့်၏လျှင်မြန်စွာစားသောက်ခြင်းကိုခံလိုက်ရသည်။

သန့်စင်ပြီးပေါကြွယ်ဝသော သွေးစွမ်းအင်တို့က ရှစ်ဖုန့်၏ခန္ဓာကိုယ်အားဖြတ်သန်း၍  ဝမ်းဗိုက်အတွင်းရှိ သွေးနီရောင်မီးတောက်ထံသို့စီးဝင်သွားသည်။ ခဏလေးနှင့် ၎င်းမှာကောင်းကင်မီးတောက်၏ ဝါးမျိုမှုကိုခံလိုက်ရသည်။ ကောင်းကင်မီးတောက်၏ စွမ်းအင်တို့တိုးပွားလာသည်ကိုရှစ်ဖုန့်ခံစားရသည်။ နီနီရဲရဲသစ်သီး၏သန့်စင်ပြီးပေါကြွယ်ဝသော သွေးစွမ်းအင်တို့အရ နောက်ထပ်ငါးလုံးလောက်အားသူဝါးမျို

လိုက်သည်နှင့် ကြယ်တစ်ပွင့်အဆင့်တက်လှမ်းနိုင်မည်ဖြစ်ပြီး  ကြယ်လေးပွင့်အင်ပါယာနယ်ပယ်

တစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters