အပိုင်း (၂၁၆)
Vol. 15 Ch. 216
“ရှေ့မှာသွေးသစ်သီးနောက်ထပ် သုံးလုံးရှိနေသေးတယ်”
ကောင်းကင်မီးတောက်က ရှစ်ဖုန့်ကိုပြောလိုက်သည်။
“သုံးခုတည်းလား”
ရှစ်ဖုန့်မှာကောင်းကင်မီးတောက်ပြောသော သစ်သီးအရေအတွက်အား ကြားလိုက်ရသောအခါတွင်အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သို့သော်ရှိခြင်းက မရှိခြင်းပိုကောင်းဟုသာတွေးလိုက်သည်။
ရှစ်ဖုန့်က သွေးဓားအားသူ၏လက်အတွင်းတွင်ကိုင်ဆောင်ထားပြီး ကောင်းကင်မီးတောက်၏ လမ်းညွှန်မှုအောက်၌ ရှေ့သို့ရွေ့လျားလိုက်သည်။ ရှစ်ဖုန့်၏တောက်လောင်နေသောသွေးမီး
တောက်အောက်တွင် လမ်းတစ်လျှောက်၌ ကာဆီးပိတ်ဆို့နေသော ပေါင်းပင်၊ ဆူးချုံများနှင့်နွယ်ပင်များအားလုံးမှာချက်ခြင်း
ရှင်းလင်းခံလိုက်ရသည်။
လမ်းတစ်လျှောက်တွင် သူအားချောင်းမြောင်းတိုက်ခိုက်သော သွေးရောင်နတ်ဆိုးသားရဲများနှင့် နတ်ဆိုးအပင်သားရဲများ လည်းရှိသည်ဖြစ်သည်။ ရှစ်ဖုန့်၏ အစွမ်းထက်ဝိညာဉ်စွမ်အားဖြင့်ထောက်လှမ်း
မှုအောက်တွင် ၎င်းတို့အနေဖြင့်မည်သည့်နေရာတွင်မှ ပုန်းအောင်းနိုင်ခြင်းမှရှိပဲ ရှစ်ဖုန့်၏ ဓားချက်အောက်၌သာ အသတ်ခံလိုက်ကြရသည်။သွေး၊ဝိညာဉ်နှင့် သေခြင်းစွမ်းအားတို့အားတို့မှာ ရှစ်ဖုန့်အတွက်သဘာဝအာဟာရပစ္စည်းများဖြစ်လာခဲ့သည်။
ရှစ်ဖုန့်က ပထမနှင့်ဒုတိယသစ်သွေးသီးတို့အားအဆင်ပြေချော့မွေ့စွာဖြင့် ခူးယူခဲ့ပြီးနောက်ဝါးမျိုလိုက်သည်။ ကောင်းကင်မီးတောက်အာရုံခံမိသော တတိယမြောက်သွေးသစ်သီးဆီသို့ရှစ်ဖုန့်သွား
တော့မည့်အချိန်တွင် ရုတ်တရက် သက်ရှိသတ္တဝါတစ်ကောင်၏အသက်ရှူမှုကို အာရုံခံမိလိုက်သည်။ သူလှည့်ကြည့်လိုက်သည့်အခါတွင် သူ၏ညာဘက်ရှိသွေးသစ်ပင်ကိုင်းတစ်ခုပေါ်၌ ရပ်နေသော အနက်ရောင်ပုံရိပ်တစ်ခုကိုသူမြင်တွေ့လိုက်ရ
သည်။ သူကအနက်ရောင်အထူးဝတ်စုံကိုဝတ်ဆင်ထား
ပြီး ကျောပေါ်တွင် အနက်ရောင် သံမဏိဓားတစ်ချောင်းကိုသယ်ဆောင်ထား
သည်။သွေးသစ်ပင်ပေါ်တွင်ရပ်နေသောထိုလ
ူငယ်မှာ ရှစ်ဖုန့် ထိုနေ့က ဟေးရှစ်မြို့၏ ခေါင်မိုးတစ်ခုပေါ်တွင်မြင်တွေ့ခဲ့ရသောလူငယ်
လေးပင်ဖြစ်သည်။
ဤလူငယ်လေးသည်လည်းဤနေရာသို့ဝင်
ရောက်လာခဲ့ပြီး သူနှင့်ဤနေရာ၌တွေ့ဆုံရလိမ့်မည်ဟုရှစ်ဖုန့် မမျှော်လင့်ထားခဲ့မိပေ။ထိုအချိန်တွင်လူငယ်
လေးကလည်း ရှစ်ဖုန့်အား ပြောင်းလဲမှုမရှိဘဲ ကြည့်နေသည်။
“ငရဲဘုံကိုးခု အဆက်အနွယ်”
ထို့နောက်တွင် လူငယ်လေးက ရှစ်ဖုန့်ကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။
ဤလူငယ်လေးထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းရောင်ဝါနှင့် တိုက်ပွဲစိတ်ဆန္ဒတို့ကို ရှစ်ဖုန့်လည်းခံစားမိသည်ဖြစ်သည်။ ထို့နောက်တွင်လူငယ်လေးကထပ်မံ၍ပြော
လိုက်သည်။
“ငရဲဘုံးကိုးခု ရဲ့ ဆင်းသက်လာတဲ့သူတွေ
က အရမ်းကို အားနည်းတယ်…..ငါကသူတို့ကိုသတ်ဖို့ စိတ်မဝင်စားဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူက ချက်ခြင်းလှုပ်ရှားလိုက်ပြီး တစ်ဟုန်ထိုးခုန်ပျံကျော်လွှားသွားတော့သည်။
သူ၏ကိုယ်က သိပ်သည်းသော သွေးသစ်ပင်အရွက်များကို ဖြတ်သန်းကျော်ဖြတ်သွားပြီး ရှစ်ဖုန့်၏မြင်ကွင်းမှပျောက်ကွယ်သွားသည်။
“ငရဲဘုံကိုးခု ရဲ့ ဆင်းသက်လာသူတွေကအားနည်းလွန်းတယ်..မင်းကသူတို့ကိုသတ်ဖို့ စိတ်မဝင်စားဖူးတဲ့လား”
ရှစ်ဖုန့်ကထိုစကားလုံးများအား အေးစက်စွာရေရွတ်လိုက်ပြီးနောက် သူ၏အမူအယာမှာလည်းပို၍ပင်အေးစက်လာခဲ့သည်။
“ဝုန်း”ဆိုသောအသံနှင့်အတူ သူ၏ခန္ဓာကိုယ်က ဟင်းလင်းပြင်ကိုထိုးဖောက်ဖြတ်သန်းကာ သူ့ပတ်ဝန်းကျင်ကိုလိုက်ကြည့်လိုက်သည်။
အချိန်တိုလေးအတွင်း အနက်ရောင်အဝတ်အစားနှင့်လူငယ်လေးမှာ အကွာအဝေးတစ်ခု၌ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
အနက်ရောင်ဝတ်လူငယ်က လေကိုထိုးခွင်းဖြတ်သန်းထွက်ခွာသွားချိန်တွင် သူထုတ်လွှတ်ခဲ့သော စွမ်းအင်အတက်အကျများက သူ၏သိုင်းပညာအမွေဆက်ခံမှုအားလှစ်ဟာပြသခဲ့သလိုဖြစ်ပြီးဖြစ်သည်။
“ဓားဧကရာဇ်….ယွဲ့ရှောင်း”
ယခင်တုံးက သိုင်းဧကရာဇ်များစွာပူးပေါင်း၍ ငရဲဘုံကိုးခု ဧကရာဇ်ထံမှ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား ခိုးယူရန် သတ်ဖြတ်ခြင်းအစီအရင်တစ်ခုအား ပြင်ဆင်ခဲ့ကြသည်။ ထိုသူများထဲမှ ဧကရာဇ်တစ်ယောက်၏နမည်မှာယွဲ့ရှောင်းဖြစ်သည်။ ထျန်းဟန်တိုက်ကြီးပေါ်တွင် လူများက သူ့အား ဓားဧကရာဇ် ယွဲ့ရှောင်းဟုခေါ်ကြသည်။
“ဒီသခင်လေး အသက်ရှိခဲ့စဉ်ကာလ အရင်အချိန်တုံးကဆိုရင် ယွဲ့ရှောင်းဆိုတာက ဒီသခင်လေးရဲ့ ရက်ရက်စက်စက်ပါးရိုက်တာကို သုံးကြိမ်တောင်ခံခဲ့ရတာ …..အဲ့တုံးကဆို ဒေါသထွက်ရဲပေမဲ့ပြန်တောင်ပြောရဲ့ခဲ့တာမ
ဟုတ်ဖူး….ဘာလဲ..ယွဲ့ရှောင်း မင်းက ငါ့ကိုသတ်ဖို့အဲ့အမှိုက်ဧကရာဇ်တွေနဲ့ပူးပေါင်းပြီးတဲ့နောက်မှာ ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ အဆက်အနွယ်တွေကိုဖျက်ဆီးဖို့ ပါရမီရှင်တစ်ယောက်ကိုပါ လေ့ကျင့်ပေးနေတာလား….”
ရှစ်ဖုန့်က သွေးနီရောင်ကောင်းကင်ပြင်ကိုကြည့်၍ အေးစက်စွာရေရွတ်လိုက်သည်။ဤပုဂ္ဂိုလ်အားသတ်ပစ်ရလိမ့်မည်ဖြစ်သည်။ ယွဲ့ရှောင်းနှင့်ထိုအမှိုက်ဧကရာဇ်များသည်လည်း တစ်နေ့တွင် ဖျက်ဆီးခံကြရမည်ဖြစ်သည်။
ထို့နောက်တွင်ရှစ်ဖုန့်က လျှင်မြန်စွာလေကိုထိုးခွင်းပျံသန်းလိုက်သည်။
ကောင်းကင်မီးတောက်ညွှန်ပြသော တတိယမြောက်သွေးသစ်သီးပေါ်သို့သူရောက်ရှိသွားသောအခါတွင် အောက်ဘက်မှလာနေသော စွမ်းအင်အတက်အကျများကိုရှစ်ဖုန့်အာရုံခံမိ
လိုက်သည်။
“တစ်ခြားတစ်ယောက်ယောက်များရှိနေတာ
လား”
သွေးသစ်သီးအားဆုံးရှုံးရခြင်းအားကာကွယ်ရန်အတွက်ရှစ်ဖုန့်က အလျှင်အမြန်ဆင်းသက်လိုက်သည်။ သူကသိပ်သည်းထူထပ်သော သွေးနီရောင်သစ်ရွက်များကို ဖြတ်သန်းကျော်ဖြတ်ပြီးလျှင်မြန်စွာဖြင့် သွေးနီရောင်တောအုပ်အတွင်းရောက်ရှိသွား
သည်။
အောက်ဘက်တွင် လူငယ်နှစ်ယောက်တိုက်ခိုက်နေကြပြီး တစ်ယောက်က ဆေဘာဓားကိုကိုင်ဆောင်ကာတစ်ယောက်က
တော့ ဓားရှည်တစ်လက်ကိုကိုင်ဆောင်ထားသည်။သူတို့ကြားထဲတွင်သွေးနီရောင်အပင်ရှိနေသည်။ သွေးနီရောင်အပင်ပေါ်တွင် လက်သီးဆုပ်အရွယ်သွေးနီရောင်သစ်သီးတစ်
လုံးရှိနေသည်။ သွေးနီရောင်သစ်သီးဖျက်ဆီးခံရခြင်းမှတားဆီးရန်အတွက် သူတို့နှစ်ဦးလုံးမှာပြင်းထန်သည့် ဘာသိုင်းပညာရပ်ကိုမှ အသုံးပြုခြင်းမရှိကြချေ။
ရောက်ရှိလာသောသူက ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်ငချွတ်လေးမှန်း တွေ့လိုက်ကြရသောအခါတွင် သူတို့ချက်ချင်းပင် စိတ်အေးလက်အေးဖြစ်သွားရသည်။ သူတို့နှစ်ဦးလုံးမှာ ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်များဖြစ်ကြပြီး
ရောက်လာသူအသစ်က ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်လေးတစ်
ယောက်သာဖြစ်သည်။ သူတို့၏မျက်လုံးထဲတွင် သူတို့အနေဖြင့် ၎င်းအား အလွယ်တကူသတ်ဖြတ်နိုင်သည်သာဖြစ်သည်။
“ချင်အောင် ငါတို့ရဲ့ခွန်အားက တစ်ယောက်နဲ့တစ်ယောက်သူမသာကိုယ်မသာ အခြေအနေမှာရှိနေတယ်…..အနိုင်ရသူကိုဆုံး
ဖြတ်နိုင်ဖို့အတွက်က အချိန်ဘယ်လောက်ကြာမယ်ဆိုတာငါတို့မသိ
နိုင်ဘူး…ဒါကြောင့် တိုက်ခိုက်တာကိုရပ်ပြီးတော့ အင်ပါယာနယ်ပယ်အမှိုက်လေးကို အရင်သတ်ရအောင်….အဲ့နောက်မှ သွေးသစ်သီးအတွက် ငါတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကိုအသုံးပြုပြီးတော့ ပြန်တိုက်ခိုက်ကြမယ်…အဲ့လိုမလုပ်ပဲ ငါတို့အခု ဆက်တိုက်လို့ လုံးဝအရေးကြီးတဲ့ထိခိုက်ဒဏ်ရာတွေရသွားခဲ့
ရင် ဒီသူတောင်းစားလေးငါတို့အပေါ် အမြတ်ထုတ်သွားမှာကို ဂရုမစိုက်နိုင်ဘဲနေလိမ့်မယ်”
အစိမ်းရောင်ဓားနှင်လူငယ်က ရွှေရောင်ဆေဘာဓားကိုကိုင်ဆောင်ထားသောလူငယ်ချင်အောင်အားပြောလိုက်သည်။
ချင်အောင်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ငါလဲအဲ့လိုပဲ ထပ်တူတွေးနေခဲ့တာ”
ထို့နောက်သူတို့နှစ်ယောက်သားရပ်လိုက်ကြပြီး ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ သူတို့၏ မျက်လုံးထဲတွင် ရှစ်ဖုန့်မှာ သေလူတစ်ယောက်နှင့်ဘာမှကွာခြားချင်း
မရှိချေ။
“ဒီကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်နှစ်
ယောက်က သေချင်နေကြတာပဲ…ဒီသွေးသစ်သီးနဲ့ဆိုရင်….ငါကြယ်လေးပွင့်အင်ပါယာနယ်ပယ်အဆင့်ကိုတက်နိုင်လောက်တယ်”
ရှစ်ဖုန့်က ၎င်းတို့နှစ်ဦးအားကြည့်ကာ ၎င်းတို့နှစ်ဦးမှသူ့အားပေးစွမ်းမည့် သွေးနှင့်သေခြင်းစွမ်းအင်တို့အား တွက်ချက်ခဲ့ပြီးဖြစ်လေသည်။
“ဒီသခင်လေး အလျှင်လိုနေတယ်..အတူတူသာတိုက်ကြ”
ရှစ်ဖုန့်က သူတို့နှစ်ဦးအားပြောလိုက်သည်။ သူတို့နှစ်ဦးကသူ့အားသတ်ချင်နေသောကြောင့် သူကလည်းသူတို့နှစ်ဦးအား နောက်ဘဝသို့ အတူတကွ ပို့ဆောင်ပေးရမည်ဖြစ်သည်။
“ဘာကွ..ငါများနားကြားမှားသွားတာလား…
.ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်က ငါတို့နှစ်ယောက်ကို အတူတူပေါင်းတိုက်ဖို့တောင်းဆိုတာတဲ့လား”
ချင်အောင်ဟုခေါ်သောလူငယ်လေးက ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် သူ့အနေဖြင့် ကမ္ဘာပေါ်တွင် အရယ်ရဆုံးသော ပြက်လုံးတစ်ခုအားကြားလိုက်ရသကဲ့သို့ခံစား
လိုက်ရသည်။
“ဟမ့် သူကလူပြက်လေးတစ်ကောင်ပါကွာ”
အစိမ်းရောင်ဓားနှင့်လူငယ်က အထင်သေးစွာဖြင့်ရယ်မော၍ ပြောလိုက်သည်။
“သူကငါတို့ကြောက်သွားအောင်ကျွမ်းကျင်
သူတစ်ယောက်လိုမျိုး ပြုမူချင်နေတယ်…..ဒီလိုအဆင့်နိမ့်
လှည့်စားမှုလေးက အဆင့်နိမ့်တဲ့သိုင်းသမားတွေအပေါ်မှာပဲရမယ်….အကယ်၍ဒီနေရာမှာ အဲ့အဆင့်နိမ့်သိုင်းသမားအရူးလေးတွေဆိုရင်
တော့သူပြောတာကို ကြောက်ချင်ကြောက်သွားနိုင်လောက်တယ်….ဒါပေမဲ့ငါတို့က ဘိုးဘေးနယ်ပယ်တွေ….. ငါတို့ရဲပါရမီစွမ်းရည်က ဘိုးဘေးနယ်ပယ်အဆင့်ထိကျင့်ကြံမှုပြုလုပ်နိုင်အောင်လုံလောက်တာဆိုတော့…..
ဘယ်လိုလုပ်ပြီးအဲ့အရူးလိုလူတွေနဲ့ငါတို့ကိုနှိုင်းယှဉ်လို့ရမှာလဲ”
ထို့နောက် ဓားနှင့်လူငယ်ကပင်ဆက်၍ပြောသည်။
“မင်းကိုသတ်ရတာက ပုရွတ်ဆိတ်လေးတစ်ကောင်ကို
သတ်ရသလိုပဲဖြစ်လိမ့်မယ်..”
စကားပြောပြီးသောအခါတွင် ဓားရှည်အားကိုင်ဆောင်ထားသော လူငယ်က ခပ်ဖြေးဖြေးပင်သူ၏ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းက ဖျက်ခနဲလက်သွားပြီး ထက်ရှသော ဓားချီတစ်ခုက ရေပြင်ညီအတိုင်း ရှစ်ဖုန့်၏လည်ပင်းထံသို့ခုတ်ပိုင်းရန်ဦးတည်လာသည်။
ဓားရှည်နှင့်လူငယ်မှသူ၏ဓားအား
လှုပ်ရှားပြီးသောအခါတွင် သူတို့နှစ်ယောက်လုံးရှစ်ဖုန့်အား သေလူတစ်ယောက်ကဲ့သို့ကြည့်လိုက်ကြသည်။
သို့သော်ရှစ်ဖုန့်၏ ကိုယ်က လှုပ်ရှားခြင်းမရှိသည်အားတွေ့လိုက်ရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားကြသည်။ ရုတ်တရက် ရှစ်ဖုန့်၏ရင်ဘက်မှသွေးနီရောင်မီးတောက် တစ်ခုပစ်လွှတ်သလိုထွက်လာသည်။ သွေးနီရောင်မီးတောက်၏ အောက်တွင် ဓားရှည်နှင့်လူငယ်၏ဓားချီမှာချက်ချင်းပင် ဖျက်ဆီးခံလိုက်ရသည်။ ထို့်နောက်တွင်သွေးနီရောင်မီးတောက်က ရှစ်ဖုန့်၏ကိုယ်အတွင်းသို့ပြန်ဝင်သွားပြီး ကွယ်ပျောက်သွားသည်။
“ဘာဖြစ်သွားတာလဲ….ကူးကျန့် မင်းရဲ့တိုက်ခိုက်မှုကို ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်ကတားဆီသွားတယ်…”
ဓားရှည်နှင့်လူငယ်၏ ဓားချီက ဖျက်ဆီးခံလိုက်ရသည်ကိုမြင်လိုက်ရသောအခါတွင် ချင်အောင်က အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
အခြားတစ်ဖက်တွင် ကူးကျန့်၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှု များဖြင့်ပြည့်နှက်နေ၏။ သူကတီးတိုးရေရွတ်လိုက်သည်။
“မီးတော်..သွေးနီရောင်မီးတောက် ….. ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်က ငါ့ရဲ့တိုက်ခိုက်မှုကိုတားဆီးသွားနိုင်တယ်….ဒီမီးတောက်ရဲ့ အဆင့်က သေချာပေါက် မနိမ့်ဘူး…အနည်းဆုံးအဆင့်ခြောက် သားရဲမီးတောက်ပဲ…ဒါမှမဟုတ်ရင် မြေမီးတောက်…ဟားဟား…ငါချမ်းသာပြီ…ငါချမ်းသာပြီကွ…ဒီမီးတောက်က ငါ့ရဲ့ဟာပဲ”
ကူးကျန့်က ရှစ်ဖုန့်အား လောဘကြီးသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။ ထို့နောက်တွင် အဖိုးထိုက်တန်သောရတနာတစ်ခုအား မြင်တွေ့ရသကဲ့သို့ သူက သူ့ဘေးရှိချင်အောင်ကို လျစ်လျူရှုလိုက်ပြီး မိန်းမလှလေးတစ်ယောက်အား မြင်တွေ့ရသောသားရဲတစ်ကောင်ကဲ့သို့ ရှစ်ဖုန့် ထံခုန်ဝင်သွားသည်။ သူကသူ့လက်ထဲရှိဓားရှည်အား
အဆက်မပြတ်ဝေ့ယမ်းပြီး မရေတွက်နိုင်သောထက်ရှသည့်ဓားချီများကို ထုတ်ဖော်လိုက်သည်။ ဓားချီတစ်ခုစီတိုင်းမှာ ဘိုးဘေးနယ်ပယ်တစ်ယောက်၏ စွမ်းအားများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကူးကျန့်က ရှစ်ဖုန့်အား သူ၏ ဓားချီဖြင့်တိုက်ရိုက်ပင် ပိုင်းဖြတ်လိုခဲ့သည်။ ထိုမှသာ ချင်အောင် မတုံ့ပြန်နိုင်ခင်မှာပင်သူ့အနေဖြင့်ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်းမှာ သွေးနီရောင်မီးတောက်အား သိမ်းပိုက်နိုင်လိမ့်မည်ဖြစ်သည်။
ရှစ်ဖန့်က ကူးကျန့်ထံသို့သာချိန်ရွယ်ပြီး သူ၏ ဓားကိုထိုးသွင်းလိုက်သည်။
“ငရဲဘုံးဓား”
ကောင်းကင်မှာမိုးစက်မိုးပေါက်များကဲ့သို့ကျဆင်းလာသောဓားချီတို့မှာ ရှစ်ဖုန့်၏ဓားချီအောက်တွင်ဖျက်ဆီးခံ
လိုက်ရသည်။ ကူးကျန့်၏မျက်နှာထက်တွင်
မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။ သွေးနီရောင်ဓားရှည်က သူ့ထံသို့ဖြည်းညှင်းစွာထိုးသွင်းလာ
ပုံရသော်လည်း သူနားလည်သဘောပေါက်လိုက်သည့်
အချိန်တွင် ၎င်းက သူ၏ရင်ဘက်အားဖောက်ထွင်းဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE