← Chapters

အပိုင်း (၂၁၇)

Vol. 15 Ch. 217

အပိုင်း (၂၁၇)

Vol. 15 Ch. 217

ဓားကသူ၏နှလုံးသားအတွင်းသို့ရောက်ရှိသွားသည်နှင့်အတူ မယုံကြည်မှုများဖြင့်ပြည့်နှက်နေသော ကူးကျန့်မှာ ရုတ်တရက် တစ်စုံတစ်ခုကိုသဘောပေါက်သွားသည်။ သူကလျှင်မြန်စွာခေါင်းကိုလှည့်၍ ကြက်သေသေနေသော ချင်အောင်ကိုပြောလိုက်သည်။

“ချင်အောင် ပြေး ….ထျန်းကျန့်မဟာမိတ်အဖွဲ့ကိုပြောလိုက် သူငါ့ကိုသတ်ခဲ့တယ်လို့…ပြေးတော့…ပြေး…”

ကူးကျန့်စကားဆုံးအောင်မပြောနိုင်ခင်မှာပင် သူ၏ အသိတို့မှာ ဒီရေကဲ့သို့ဆုတ်ခွာသွားတော့သည်။ သူ၏ခန္ဓာကိုယ်က လေလျော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့  လျှင်မြန်စွာရှုံ့တွသွားသည်။သူ့ခန္ဓာကိုယ်အတွင်းရှိသွေးအားလုံးက သူ၏နှလုံးအတွင်းသို့အတင်းအကျပ်စိုက်ဝင်နေသော သွေးဓားအတွင်းစီးဆင်းသွားပြီးနောက် ရှစ်ဖုန့်၏လက်အတွင်းသို့ရောက်ရှိသွားကာ စုပ်ယူခြင်းခံလိုက်ရသည်။

ချင်အောင်မှာ အလွန်အံ့ဩမိနေခြင်းမှ ပြန်လည်၍ အသိဝင်လာသည်။ သူနှင့်အဆင့်တူဖြစ်သောကူးကျန့်မှာ ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်သာရှိသေးသော ဤလူငယ်လေး၏လှုပ်ရှားမှုအနည်းငယ်အောက်တွင်ရှုံးနိမ့်သွားခဲ့သည်။ ထိုထက်ပိုသည်ကား ဤအချိန်တိုလေးအတွင်းတွင် ကူးကျန့်၏ တောင့်တင်းသော ခန္ဓာကိုယ်က ရုတ်တရက် ဝါကျင့်ကျင့်ဖြစ်ကာခြောက်သွေ့လာပြီး ရေဓာတ်ဆုံးရှုံးသွားသော အလောင်းကောင်တစ်ခုကဲ့သို့ဖြစ်သွားသည်ကို အံ့အားသင့်ဖွယ်သူမြင်တွေ့လိုက်ရခြင်းပင်ဖြစ်သည်။

ချင်အောင်မှာထပ်ပြီးတော့တုံ့ဆိုင်းနေခြင်း

မရှိတော့ပေ။သူကလက်ဆန့်ထုတ်ကာ သွေးသစ်သီးကိုခူးယူလိုက်သည်။ သူကထိုအရာအားသိုလှောင်လက်စွပ်အတွင်းသို့ပစ်ထည့်လိုက်ပြီး ကောင်းကင်ထဲသို့ပျံသန်းလိုက်သည်။

“ဟမ့်…..ပြေးချင်တာလား”

ရှစ်ဖုန့်က သရော်ပြုံးပြုံးလိုက်သည်။  သူကသူ၏ညာလက်အားဝေ့ယမ်းလိုက်ပြီး တစ္ဆေမျက်နှာဖုံးက သူ၏ မျက်နှာထက်တွင်ပေါ်လာသည်။ ထို့နောက်သူက ဝိညာဉ်တိုက်ခိုက်မှုကိုထုတ်ဖော်လိုက်ပြီး ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့်

တိုက်ခိုက်လိုက်သည်။

“အား”

သိပ်သည်းထူထပ်သောသွေးနီရောင်

သစ်ရွက်များအား  ဖောက်ထွက်တော့တော့မည့်ချင်အောင်မှာ ရုတ်တရက် သူ၏ခေါင်းအတွင်းမှနာကျင်မှုကိုခံစား

လိုက်ရသည်။ ၎င်းမှာသူ၏ဦးခေါင်းအား ဧရာမတူကြီးတစ်လက်ဖြင့်ရိုက်နှက်လိုက်သကဲ့သို့ပင်ဖြစ်သည်။ နာကျင်မှုအပြည့်အော်ဟစ်သံနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ အတောင်ကျိုးသွားသောလင်းယုန်ငှက်

တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်ပြင်းထန်စွာပြုတ်ကျလာသည်။ သို့သော်လမ်းတစ်ဝက်အရောက်တွင် ချင်အောင်၏ တိုက်ခိုက်ခံလိုက်ရသော အသိတို့က ပြန်လည်ရရှိလာသည်။

ဤအချိန်အခိုက်အတန့်ကာလလေးတစ်ခုတွင်  ချင်အောင်မှာသူ့အားလှောင်ပြုံးပြုံးပြနေသည့် အေးစက်စက်ဖြင့်ငယ်ရွယ်သော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရသည်။ သွေးနီရောင်ဓားက သူ့ထံသို့တစ်ဟုန်ထိုးခုတ်ပိုင်း

ကျဆင်းလာသည်။

“ငရဲဘုံးပထမဓား”

“တောင်ဖွင့်ခြင်း”

ချင်အောင်ကအော်လိုက်သည်။

သူကသူ့လက်အတွင်းရှိ ရွှေရောင်ဆေဘာဓားကိုတင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။  ရွှေရောင်ဆေဘာဓားတွင် တစ်လက်လက်ထနေသော ရွှေရောင်အလင်းတို့တောက်ပနေပြီး ပျောက်ကွယ်သွားခြင်းမရှိချေ။ ၎င်း၌ တောင်တန်းနှင့်မြေပြင်တို့အားပိုင်းဖြတ်ခုတ်ပိုင်းနိုင်သော စွမ်းအားတို့ကို သယ်ဆောင်ထားသည်။ သူကဆေဘာဓားဖြင့်ရှေ့ကိုခုတ်ပိုင်းလိုက်သည်။ ရွှေရောင်ဆေဘာဓား၏ အောက်၌ အရာအားလုံးမှာအပိုင်းပိုင်းခုတ်ပိုင်း

ခံရတော့မည်သကဲ့သို့ပင်ဖြစ်သည်။

“ထန်”

ဆေဘာဓားနှင့်သွေးဓားတို့က တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့မိကြသည်။ သွေးဓား၏ထိပ်ဖျားက

ဆေဘာဓားသွားအား အတင်းအကျပ်ထိုးလိုက်သည်။ သို့သော် သာမန်ကာလျှံကာ ထိုးချက်တစ်ခုက ရွှေရောင်ဆေဘာဓား၏ လမ်းကြောင်းအားတားဆီးနိုင်ပုံရ၏။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ချင်အောင်အသိပြန်ဝင်လာသည့်အခိုက်တွင် ရွှေရောင်ဆေဘာဓားအား တန်ပြန်ဖယ်ထုတ်လိုက်သောသွေးဓားက သူ၏ နှလုံးအားထိုးဖောက်သွားခဲ့ပြီဖြစ်သည်။

ချင်အောင်မှာဓားကသူ့ရင်ဘက်အားမည်ကဲ့သို့ထိုးဖောက်သွားသည်ကိုပင် မြင်လိုက်ရခြင်းမရှိချေ။ သူ့အနေဖြင့်ကူးကျန့်၏နောက်တွင်ရှိနေခဲ့စဉ်ကလည်း သွေးဓားကကူးကျန့်၏ ရင်ဘက်အားမည်ကဲ့သို့ထိုးဖောက်သွားသည်ကို မြင်တွေ့ခဲ့ရခြင်းမရှိခဲ့ချေ။

“မလုပ်နဲ့”

ချင်အောင်မှာလက်မခံနိုင်စွာဖြင့်အော်ဟစ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော သူ၏ခန္ဓာကိုယ်အတွင်းရှိသွေးတို့က ဆူပွက်နေသောရေတို့ကဲ့သို့ ရူးသွပ်စွာတလိပ်လိပ်ဖြစ်နေသောကြောင့်

ဖြစ်သည်။ ထို့နောက်ချက်ခြင်း  သူ၏ကိုယ်အတွင်းရှိသွေးတို့က နောက်ပြန်စီးဆင်းလာပြီး  ချင်အောင်၏ ရင်ဘက်အတွင်းရှိသွေးဓားထံသို့စီးဝင်

သွားသည်။ ထို့နောက်တွင် ရှစ်ဖုန့်၏လက်အတွင်းသို့စီးဝင်ကာ ဝါးမျိုခြင်းခံလိုက်ရသည်။ ချင်အောင်၏ ခန္ဓာကိုယ်မှာလည်း ကူးကျန့်၏ခန္ဓာကိုယ်ကဲ့သို့ပင် ရှုံ့တွခြောက်သွေ့သွားခဲ့သည်။

ချင်အောင်၏သိုလှောင်လက်စွပ်ကိုယူကာ သွေးဓားအား ချင်အောင်၏ ရှုံ့တွနေသောအလောင်းမှနှုတ်ယူပြီးသည့်

နောက် ရှစ်ဖုန့်မှာထိုရှံ့တွနေသောအလောင်းများအား ထပ်မံ၍ အာရုံစိုက်ခြင်းမရှိတော့ပေ။ သူက ယခုလေးတင်မှရရှိခဲ့သောသိုလှောင်လက်စွပ်အတွင်းမှသွေးသစ်သီးကိုထုတ်ယူလိုက်ပြီးနောက်ကိုက်စားလိုက်သည်။

သွေးသစ်သီးအားစားသုံးပြီးသည့်နောက် ရှစ်ဖုန့်၏ကိုယ်မှာအဖြူရောင်အလင်းတစ်ခုရုတ်တရက်လင်းလက်လာပြီး ကြယ်လေးပွင့်အင်ပါယာနယ်ပယ်အဆင့်သို့ဝင်၏ရောက်သွားသည်။

အောင်မြင်စွာအဆင့်တက်လှမ်းပြီးသည့်နောက် ရှစ်ဖုန့်က ခေါင်းမော့၍ အဖြူရောင်ပုံရိပ်ကိုကြည့်လိုက်သည်။

သူကပြောလိုက်သည်။

“မင်းသူတို့ကိုရှာမတွေ့ခဲ့ဖူးလား”

ချင်အောင်သူ၏ဆေဘာဓားဖြင့်သူ့အားခုတ်ပိုင်းစဉ်အချိန်ကတည်းက တင်းယုကသူတို့၏အထက်တွင်ရပ်နေပြီး သူတို့၏တိုက်ပွဲအားစောင့်ကြည့်နေခဲ့သည်ကို ရှစ်ဖုန့်သတိထားခဲ့မိပြီးဖြစ်သည်။

“ရှင်…..အဆင့်တက်သွားတာလား”

တင်းယုက ခေါင်းငုံ့၍ ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ သူမကမယုံကြည်နိုင်စွာဖြင့်ပြောလိုက်၏။

“ရှင်ကခုဏလေးတွင် ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်

ဖြစ်ခဲ့ပြီးတော့ အခုကြယ်လေးပွင့်အင်ပါယာနယ်ပယ်ဖြစ်သွားတယ်…ရှင်တကယ်ပဲ အင်ပါယာနယ်ပယ်တစ်ယောက်ရောဟုတ်ရဲ့

လား”

“မင်းမမြင်ခဲ့ဘူးလား”

ရှစ်ဖုန့်က ဘဝင်မကျသည့်ပုံစံဖြင့်ပြောလိုက်သည်။

“ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်…ရှင်ကြယ်

သုံးပွင့်အင်ပါယာနယ်ပယ်မှာရှိနေတုံးကတင် ကျွန်မရယ် ကူးကျန့်၊ ချင်အောင်နဲ့ စီနီယာအကိုကျန်းတို့ကိုအနိုင်ယူနိုင်ခဲ့တယ်… ရှင်ကမှတကယ့်ကို ပါရမီရှင်တစ်ယောက်လို့ပြောရတော့မှာပဲ…ရှင့်ရဲ့ပါရမီစွမ်းရည်နဲ့ယှဉ်မယ်ဆိုရင် ကျွန်မတို့ကဘာမှမဟုတ်တော့ဘူး”

တင်းယုကကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်ဟန်ပန်ဖြင့်ပြောလိုက်သည်။ သူမနှင့်အခြားသူများက ဤကဲ့သို့သောမွန်းစတားမျိုးအား တကယ့်ကို စော်ကားမိခဲ့ကြခြင်းဖြစ်သည်။ အကယ်၍ သူမ၏မျက်လုံးများဖြင့်သာကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရခြင်းမဟုတ်လျှင်  ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်က ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်ကျန်းချွမ်အားအနိုင်ယူနိုင်သည်အားယုံကြည်နိုင်ရန်ခက်ခဲလိမ့်မည်ဖြစ်သည်။ ၎င်းမှာသူ့ထက်နယ်ပယ်ကြီးတစ်ခုတိတိကွာခြားနေသောတိုက်ပွဲပင်ဖြစ်သည်။ ၎င်းက သူမ၏  သိုင်းပညာ ဗဟုသုတများအား ဆန့်ကျင်သွားစေခဲ့သည်ဖြစ်၏။ ယခုအချိန်တွင်သူသည်ကြယ်‌လေးပွင့်အင်ပါယာနယ်ပယ်သို့တက်လှမ်းသွား

ပြန်ပြီး  သူ၏ တိုက်ခိုက်ရေးခွန်အားမှာလည်း  တိုးပွားလာခဲ့ပြန်ပြီဖြစ်သည်။

တင်းယုကဆင်းသက်လိုက်ပြီးသည့်နောက် ရှစ်ဖုန့်၏ဘေးတွင်ရပ်လိုက်သည်။ သူမက ရှုံ့တွနေသော အလောင်းနှစ်ခုကိုညွှန်ပြ၍ ပြောလိုက်သည်။

“ကူးကျန့်က ထျန်းကျန့်မဟာမိတ်အဖွဲ့ရဲ့ ပါရမီရှင်တစ်ယောက်ပဲ…ထျန်းကျန့်မဟာမိတ်အဖွဲ့ရဲ့ လူငယ်မျိုးဆက်သစ်တွေထဲမှာကူကျန့်ရဲ့တိုက်ခိုက်ရေးခွန်အား က တတိယအဆင့်မှာရှိတယ်”

“ချင်အောင်က ထျန်းမြောင်အင်ပါယာရဲ့ ဗိုလ်ချုပ် ချင်ရှစ်ဟူရဲ့သားပဲ”

“အိုး….မင်းပြောပုံအရဆိုရင် သူတို့မှာ  နောက်ခံတစ်ချို့တော့ရှိတဲ့ပုံပဲ..”

ရှစ်ဖုန့်ကပြောလိုက်သည်။ ရှစ်ဖုန့်အတွက်မူဤနှစ်ယောက်က  ဖြတ်သွားဖြတ်လာလူနှစ်ယောက်ထက်မပိုပေ။

တင်းယုက သူမ၏ အကြည့်တို့အားတစ်ခြားနေရာသို့ရွှေ့လိုက်ပြီး  ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ရှင်..ရှင်က ကျွန်မတို့ထျန်းမြောင်အင်ပါယာကမဟုတ်ဖူးမလား…. ပြီးတော့ရှင့်လိုပါရမီရှင်မျိုးကို အရင် က ကျွန်မတစ်ခါမှမကြားဖူးဘူး… ထျန်းဟန်တိုက်ကြီးရဲ့တစ်ခြားနေရာတွေမှာ တစ်ခြားပါရမီရှင်တွေအများကြီးရှိတယ် လို့ ကျွန်မကြားဖူးတယ်…. ထျန်းမြောင်အင်ပါယာမှာရှိနေတဲ့ကျွန်မတို့လိုပါရမီရှင်တွေက အဲ့နေရာမှာဘာမှမဟုတ်ကြဖူးတဲ့”

“ဟုတ်တယ်”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ငါက ယွင်လိုင်အင်ပါယာကပဲ”

“ယွင်လိုင်အင်ပါယာ”

ဤအရာအားကြားလိုက်ရသောအခါတွင် တင်းယုမှာ တုန်လှုပ်အံ့အား သင့်သွားသည်။

“အဲ့တာက ကျွန်မတို့အရှေ့ပိုင်းဒေသက ယွင်လိုင်အင်ပါယာလား…. အဲ့တာကမဖြစ်နိုင်တာကြီး…. တစ်ခြားဒေသတွေမှာ ယွင်လိုင်အင်ပါယာလို့ခေါ်တဲ့ နိုင်ငံတစ်ခုရှိနေသေးလို့လား…..ထျန်းဟန်တိုက်ကြီးရဲ့ဘယ်ဒေသကယွင်လိုင်အင်ပါယာလဲ”

“အဲ့တာက ထျန်းမြောင်အင်ပါယာရဲ့လက်အောက်ခံဖြစ်တဲ့ ယွင်လိုင်အင်ပါယာပဲ”

ရှစ်ဖုန့်က သာမန်ကာလျှံကာပင် ဖြေလိုက်သည်။

သို့သောတင်းယု၏နားအတွင်းသို့ဝင်ရောက်သွားသောအခါတွင် သူမမှာတုန်လှုပ်အံ့အားသင့်နေခဲ့သည်။ဤနိုင်ငံငယ်လေးအကြောင်းအားလူအများပြောဖူးသည်ကိုသူမတစ်ခါကြားဖူးသည်

ဖြစ်သည်။ သူမ၏အထင်အမြင်တွင် ၎င်းကမဖြစ်စလောက်သောနိုင်ငံငယ်လေးတစ်ခုသာဖြစ်သည်။ ၎င်း၌ ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပင်ရှိနေပုံမရပေ။ ထိုထက်ပိုသည်ကား၎င်းမှာ ထျန်းမြောင်အင်ပါယာ၏ လက်အောက်ခံနိုင်ငံတစ်ခုဖြစ်နေခြင်းပင်ဖြစ်

သည်။

“သူရဲကောင်းတစ်ယောက်မှာနောက်ခံဆိုတာကအရေးမကြီးဘူး”

တင်းယု၏တုံ့ပြန်မှုအားမြင်တွေ့လိုက်ရသောအခါတွင်ရှစ်ဖုန့်က ဖြည်းဖြည်းချင်းပြောလိုက်သည်။

“လူတစ်ယောက်ကိုသူ့ရဲနောက်ခံကိုကြည့်ပြီးမဆုံးဖြတ်နဲ့ ..သေးငယ်တဲ့နိုင်ငံငယ်လေးတစ်ခု ဒါမှမဟုတ် တောင်းတန်းဒေသရွာလေးတစ်ခုကနေလည်း ဧကရာဇ်နယ်ပယ်သိုင်းပညာရှင်တစ်ယောက်ကိုမွေးထုတ်ပေးနိုင်တယ်… .ဧကရာဇ်နယ်ပယ်တစ်ယောက်ရဲ့ မိသားစုကနေလည်း အသုံးမကျတဲ့ အမှိုက်တစ်ယောက်ကို မွေးဖွားလာနိုင်သည်…. ပါရမီရှင်ဆိုတာ ဒေသတွေပိုင်းခြားပြီးတော့ခေါ်ဆိုလို့ရတဲ့ဟာမဟုတ်ဖူး …အဲ့တာက အဲ့လူကိုယ်တိုင်ပေါ်ပဲ မူတည်တယ်”

တွေးကြည့်မည်ဆိုလျှင်ရှစ်ဖုန့်သည်လည်း တကယ့်ကို တောင်းတန်းဒေသရွာငယ်လေးတစ်ခုမှ မွေးဖွားလာခဲ့ခြင်းဖြစ်လေသည်။

“အင်း”

ရှစ်ဖုန့်၏စကားတို့အား ကြားပြီးသည့်နောက်တွင် တင်းယုက ခေါင်းညိမ့်လိုက်သည်။ ထိုအရာက တကယ့်ကိုထိုကဲ့သိုကိစ္စမျိုးသာဖြစ်သည်။

“ဘယ်လိုလဲ…တောအုပ်ထဲရှာဖွေပြီးတဲ့နောက်

မင်းတစ်ခုခုကိုရှာတွေ့ခဲ့သေးလား”

ရှစ်ဖုန့်က တင်းယုကိုမေးလိုက်သည်။ တင်းယုမှာ သူနှင့်ခွဲထွက်သွားပြီးမှ တစ်ယောက်တည်းပြန်

ရောက်လာခြင်းဖြစ်သည်။

သူမအနေဖြင့်သူမ၏ စီနီယာအကိုကျန်းနှင့် “ငယ်ရွယ်ပြီး မာနကြီးသည်” ဟုဆိုသော မောင်ဖြစ်သူတို့အား ရှာမတွေ့ခဲ့သည်မှာ ကျိန်းသေသည်ဟုရှစ်ဖုန့်ပြောနိုင်သည်။  သို့သော် သူမအနေဖြင့်ဤကမ္ဘာထဲတွင်အခြားတစ်ခုခု

အားရှာတွေ့ခဲ့နိုင်မည်လားဆိုသည်ကိုရှစ်ဖုန့်သိချင်သည်ဖြစ်သည်။

“ကျွန်မတောအုပ်ရဲ့ရှေိ့ကိုဆက်သွားခဲ့တုံးက ဆယ်ယောက်ထက်ပိုတဲ့ပုံရိပ်တွေကိုကျွန်မတွေ့ခဲ့ပေမဲ့  ကျွန်မတို့လင်ရွှယ်ဂိုဏ်းက တပည့်တွေရဲ့ခြေရာလက်ရာကိုတော့မတွေ့ခဲ့ရဘူး…ကျွန်မတို့အပြင် ကျွန်မတို့ဂိုဏ်းက တစ်ခြားတပည့်တွေလာခဲ့လားဆိုတာကိုလည်း ကျွန်မမသိဘူး…. ဒါပေမဲ့ တောအုပ်ရဲ့ ရှေ့မှာ ထူးဆန်းတဲ့ရေကန်ငယ်တစ်ခုကိုတော့ ကျွန်မတွေ့ခဲ့တယ်”

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters