အပိုင်း (၂၁၈)
Vol. 15 Ch. 218
“ဒါပေမဲ့ တောအုပ်ရဲ့အရှေ့မှာ ထူးဆန်းတဲ့ရေကန်ငယ်တစ်ခုကိုကျွန်မတွေ့ခဲ့တယ်…. အဲ့တာကို ရေကန်ငယ်တစ်ခုလို့ခေါ်နိုင်တယ်ဆိုပေမဲ့ အထဲမှာရှိတဲ့ရေတွေက သွေးနီရောင်ဖြစ်နေပြီးတော့ ချစ်ချစ်တောက်ပူတဲ့ အပူတွေကိုထုတ်လွှတ်နေတယ်…”
တင်းယုကပြောလိုက်သည်။
“သွေးရေကန်ငယ်လား…ချစ်ချစ်တောက်ပူတဲ့အပူတွေကိုထုတ်လွှတ်နေတာလား”
တင်းယု၏ဖော်ပြချက်အားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်မှာ တစ်ချက်သွားကြည့်ရန်စိတ်ဝင်စားသွားသည်။
“ငါသာမမှားဘူးဆိုရင် အဲ့တာက ကြက်သွေးရောင်သွေးရေကန်ငယ်
ပဲဖြစ်လိမ့်မယ်”
ထိုအချိန်တွင်ရှစ်ဖုနု့်၏ကိုယ်အတွင်းရှိကောင်းကင်မီးတောက်ကပြောလိုက်သည်။
“ကြက်သွေးရောင်သွေးရေကန်လား”
ရှစ်ဖုန့်အနေဖြင့်ထိုနမည်အားတစ်ခါမျှကြား
ဖူးခြင်းမရှိခဲ့ချေ။သူကကောင်းကင်မီး
တောက်အား သူ၏ဝိညာဉ်ဖြင့်ဆက်သွယ်လိုက်ပြီး ပြောလိုက်သည်။
“အဲ့တာက ခင်ဗျားအတွက်အသုံးဝင်လား”
“အဲ့တာကငါ့အတွက်အသုံးမဝင်ဘူး…ဒါပေမဲ့ မင်းအတွက်တော့အသုံးဝင်တယ်.. မင်းအနေနဲ့အဲ့တာကို မင်းကိုယ်အတွင်းစုပ်ယူနိုင်ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်နိုင်တယ်”
ကောင်းကင်မီးတောက်ကပြောလိုက်သည်။
“တကယ်လား”
ကောင်းကင်မီးတောက်၏စကားလုံး
တို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မှာ ပီတိဂွမ်းဆီးထိသွားတော့သည်။ ယခုအချိန်၌ သူ၏အဓိကကျင့်ကြံမှုမှာ သိုင်းပညာရပ်များပေါ်တွင်သာအခြေခံချင်းဖြစ်သည်။သူ၏ ဝိညာဉ်စွမ်းအားက ဝိညာဉ်များအားဝါးမျိုနိုင်ခြင်းကြောင့် နောက်တွင်ကျန်ရစ်နေခဲ့ခြင်းမရှိချေ။ သို့သော်သူ၏ကာယခန္ဓာကိုယ်က တော့ နောက်တွင်အများကြီးပြက်ကျန်နေခဲ့သည်။ သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို ဖြတ်ကျော်ခဲ့ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်က တိုးတက်မှုရှိခဲ့သည်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ခွန်အားမှာ စိတ်ဝိညာဉ်နယ်ပယ် အလယ်အလတ်အဆင့်တွင်သာရှိသေးသည်ဖြစ်သည်။
“အဲ့တာကိုကြည့်ဖို့ ငါ့ကိုခေါ်သွားပါ”
ရှစ်ဖုန့်က တင်းယုကိုပြောလိုက်သည်။
“ကောင်းပြီ..ကျွန်မနောက်ကိုလိုက်ခဲ့ပါ”
တင်းယုစကားပြောပြီးသည့်နောက်တွင် သူမ၏ ကိုယ်ကလေထဲသို့ ပျံတက်သွားသည်။ ရှစ်ဖုန့်သည်လည်းကောင်းကင်ထဲသို့ပျံတက်
လိုက်သည်။ “ဘန်း”ဆိုသောအသံနှင့်အတူ သူတို့က သိပ်သည်းထူထဲသော သွေးနီရောင်သစ်ရွက်များကိုထိုးဖောက်ပြီး ဟင်းလင်းပြင်ထဲသို့ရောက်ရှိသွားသည်။
တင်းယု၏ဦးဆောင်မှုအောက်တွင် ရှစ်ဖုန့်က ကြက်သွေးရောင်သွေးရေရှိရာသွေးကန်ငယ်ဆီသို့လိုက်ပါလိုက်သည်။
“အဲတာက ဟိုမှာပဲ”
တင်းယုကသိပ်မဝေးသောနေရာအားညွှန်ပြပြီးပြောလိုက်သည်။
သွေးနီရောင်တောအုပ်အတွင်းတွင် အချင်းဝက် ပတ်လည်ငါးမီတာရှိသော ရေကန်ငယ်တစ်ခုရှိသည်။ အထဲတွင်ရှိနေသောရေများအားလုံးမှာ သွေးနီရောင်ဖြစ်သည်။ ရေကန်ငယ်၏အလယ်တွင် ငယ်ရွယ်သောခန္ဓာကိုယ်တစ်ခုကရပ်နေသည်။
“ကျုံးအာ ..ဒီရေကို ကြက်သွေးရောင်သွေးရေလို့ခေါ်တယ်….
ဆရာမင်းကိုသင်ပေးထားတဲ့ ခန္ဓာသန့်စင်ခြင်းပညာရပ်ကို အသုံးပြုပြီးတော့ မင်းခန္ဓာကိုယ်နဲ့ သွေးရေတွေကိုစုပ်ယူလိုက်…..မင်းရဲ့ခန္ဓာကိုယ်ကို မင်းသန့်စင်နိုင်လိမ့်မယ်”
လူငယ်လေးအား သူ့ရင်ဘက်တွင်ချိတ်ဆွဲထားသော ကျောက်စိမ်းပြားထဲမှအက်ကွဲစူးရှသည့်အသံတစ်ခုကပြောလိုက်သည်။
“ကျွန်တော်သိပြီဆရာ”
လူငယ်ကစကားပြောရင်း သူ့လက်များဖြင့် ဆန်းကြယ်သော ဆီးလ်တံဆိပ်တစ်ခုကိုပုံဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိချွေးပေါက်များအားလုံးပွင့်လာပြီး သူ့ခန္ဓာကိုယ်အားစတင်သန့်စင်ရန်အတွက် သွေးများကိုစုပ်ယူလိုက်သည်။
သို့သော်ထိုအချိန်တွင် လူငယ်လေး၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ သူကအလျှင်အမြန်လှည့်လိုက်ပြီး သွေးရေအတွင်းမှာသူ၏ဖြူဖွေးသော လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအချိန်တွင် သူ၏ခေါင်းထက်၌ ထက်ရှသောအဖြူရောင်ဓားချီတစ်ခုခုတ်ပိုင်းကျဆင်းလာသည်။ သွေးရေအတွင်းမှဆန့်ထုတ်လိုက်သော
လူငယ်လေး၏လက်တွင် အစိမ်းရောင်မီးတောက်တို့ချက်ချင်း
ဟုန်းခနတောက်လောင်လာသည်။ သူကခုတ်ပိုင်းကျဆင်းလာသော အဖြူရောင်ဓားချီထံသို့ လက်ဖဝါးတစ်ခုကိုပစ်လွှတ်လိုက်သည်။
“ဘန်း”
လူငယ်၏ အစိမ်းရောင်မီးတောက်လက်ဖဝါးအောက်တွင် အဖြူရောင်ဓားချီမှာရုတ်ခြည်းဆိုသလို ပျက်သုဉ်းသွားသည်။
“အဲ့တာက အစိမ်းရောင်ကြာပဒုမ္မာငရဲမီးတောက်ပဲ”
ကောင်းကင်မီးတောက်က လူငယ်၏လက်ဖဝါး၌တောက်လောင်နေသော မီးတောက်ကိုအာရုံခံမိလိုက်သည်။ ဟင်းလင်းပြင်ထဲတွင်ရပ်နေသောရှစ်ဖုန့်မှာ ချက်ချင်း ကောင်းကင်မီးတောက်ထံမှ သတင်းစကားတစ်ခုကိုရရှိလိုက်သည်။ ရှစ်ဖုန့်သည်လည်း ကောင်းကင်မီးတောက်၏ပျော်ရွှင်နေမှုကိုအာရုံခံမိနိုင်သည်ဖြစ်လေသည်။
“မင်းကိုး…”
သွေးရေကန်ငယ်၏ မျက်နှာပြင်ထက်၌လွင့်မျောနေသော ငယ်ရွယ်ပြီးချောမောသည့် မျက်နှာအားမြင်တွေ့လိုက်ရသောအခါတွင်ရှစ်ဖုန့်ကပြောလိုက်သည်။ ထိုသူမှာ တစ်ခြားသူမဟုတ်ပဲ ယန်ကျုံးပင်ဖြစ်လေသည်။
“မင်းပဲကိုး”
ဤအချိန်တွင်ယန်ကျုံးကလည်း ဟင်းလင်းပြင်ထဲရှိရှစ်ဖုန့်အား သတ်ဖြတ်ချင်စိတ်ဖြင့်စိုက်ကြည့်နေသည်။ ရန်သူများဦးတည်တွေ့ဆုံရာလမ်းကြောင်းက တကယ့်ကိုကျဉ်းမြောင်းလှသည်ဖြစ်သည်။
နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်တုံးက ဤပုဂ္ဂိုလ်ကြောင့် ယန်ကျုံး၏ဆရာဖြစ်သူမှာ မီးတောက်နယ်မြေ၏ ချော်ရည်ပူထဲတွင်
သေတော့မလိုဖြစ်ခဲ့ရသည်ဖြစ်သည်။ ထိုထက်ပိုသည်ကား ယန်ကျုံးအနေဖြင့်ယခုအခါ၌ ဤပုဂ္ဂိုလ်၏တစ်ခြားသောပုံရိပ်တစ်ခုအားသိရှိလိုက်ရခြင်းပင်ဖြစ်သည်။ ဤပုဂ္ဂိုလ်မှာ ငရဲဘုံကိုးခု အဆက်အနွယ်တစ်ယောက်ပင်ဖြစ်လေသည်။
“အဲ့တာကသူပဲ…ကျွန်မသူ့ကိုဟန်းရွှင်းမြို့ထဲမှာတစ်ခါတွေ့ဖူးတယ်…အဲ့အချိန်တုံးက သူက ဖျောင်ရှဂိုဏ်းရဲ့တပည့်တွေနဲ့အငြင်း
အခုန်ဖြစ်ပြီးတော့တိုက်ခိုက်နေခဲ့တာ…နောက်ပိုင်းကျ…သူက လက်တလောက မှထျန်းမြောင်အင်ပါယာအတွင်းမှာ ဂုဏ်သတင်းမြင့်တက်လာခဲ့တဲ့ ပါရမီရှင် ယန်ကျုံးဆိုတာကို အနီးအနားကလူတွေပြောလို့ကျွန်မသိခဲ့ရတယ်…”
ရှစ်ဖုန့်၏နောက်တွင်ရှိနေသောတင်းယုက
ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ရှစ်ဖုန့် မင်းဒီနေ့သေကိုသေရမယ်”
ယန်ကျုံးစကားပြောပြီးပြီးချင်း သွေးရေကန်ထဲမှာ တစ်ဟုန်ထိုးထွက်လာသည်။
“ဘန်း”
ရုတ်တရက်ယန်ကျုံး၏တစ်ကိုယ်လုံးတွင်အစိမ်းရောင်မီးတောက်တို့တောက်လောင်လာပြီး အစိမ်းရောင်မီးတောက်လူသားတစ်ယောက်
အဖြစ်သို့ပြောင်းလဲသွားသည်။ ချစ်ချစ်တောက်ပူနေသောမီးတောက်စိမ်း၏
အောက်တွင် ယန်ကျုံး၏ ခန္ဓာကိုယ်ဝန်းကျင်၌ရှိနေသောလေတို့မှာ လောင်ကျွမ်းမှုကိုခံရပြီး နဂိုအတိုင်းရှိမနေတော့ပဲ ပုံပျက်လာကာ အခိုးအငွေ့များအဖြစ်ပေါက်ကွဲမြင့်
တက်လာသည်။
ထို့နောက် ယန်ကျုံး၏လက်ဖဝါးကရုတ်တရက်ရှစ်ဖုန့်ထံသို့လေကိုထိုးခွင်းရ၍ဦးတည်
တိုက်ခိုက်လိုက်သည်။ သူ့ထံမှဧရာမအစိမ်းရောင် လက်ဖဝါးပုံရိပ်ကြီး ပေါက်ကွဲထွက်ပေါ်လာသည်။
“ချိုးဖြတ်စမ်း”
ရှစ်ဖုန့်က အော်ပြောလိုက်သည်။ သူကသူ၏သွေးဓားအားအောက်သို့လွှဲယမ်းခုတ်လိုက်သည်။ အဖြူရောင်လခြမ်းကွေးသဏ္ဍန် ထက်ရှသောဓားပုံရိပ်တစ်ခုက ရုတ်တရက်ထွက်လာပြီး အစိမ်းရောင်မီးတောက်လက်ဖဝါးဖြင့် အပြင်းအထန်ပစ်ဆောင့်မိသလိုတွေ့ဆုံကြသည်။
“ဝုန်း”
စွမ်းအားပြင်းစွမ်းအားနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာပြီး နှစ်ခုလုံးဖျက်ဆီးခံလိုက်ရသည်။
ထိုအချိန်တွင်ယန်ကျုံးမှာရှစ်ဖုန့်၏ရှေ့သိုရောက်နှင့်နေပြီဖြစ်သည်။ အစိမ်းရောင်မီးတောက်များက သူ့တစ်ကိုယ်လုံးအနှံ့တစ်လိပ်လိပ်ပြန်ဝင်သွား
ပြီးနောက် ယန်ကျုံး၏ နုနယ်သောမျက်နှာနှင့် ခန္ဓာကိုယ်တစ်ဝက်လှစ်ဟာထွက်ပေါ်လာသည်။ထို့နောက်တွင် အစိမ်းရောင်မီးတောက်အားလုံးမှာယန်ကျုံး၏ ညာလက်သီး၌ စုစည်းသွားသည်။ ၎င်းတွင်စွမ်းအားပြင်း မီးတောက်စွမ်းအင်တစ်ခုပါဝင်နေပြီး အရာအားလုံးအား၎င်းကလောင်ကျွမ်းပစ်နိုင်
သကဲ့သို့ပင်ဖြစ်သည်။ ရုတ်တရက်သူက ရှစ်ဖုန့်ထံသို့လက်သီးတစ်လုံးပစ်သွင်းလိုက်
သည်။
ဤလက်သီးချက်ဆီမှသာမန်ထက်လွန်ကဲသော စွမ်းအားတို့ကိုရှစ်ဖုန့်ခံစားရသည်ဖြစ်သည်။ ဤကဲ့သို့အချိန်တိုလေးအတွင်းဤပုဂ္ဂိုလ်
အနေဖြင့် ယခုကဲ့သို့အများကြီးတိုးတက်လာလိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့ချေ။ ယင်းမှာ ဤပုဂ္ဂိုလ်ပိုင်ဆိုင်ထားသော ဝိညာဉ်က သာမန်ထက်ထူးခြားသည်ဖြစ်ကြောင်း သိသာလှသည်ဖြစ်လေသည်။
“ကောင်းကင်မိုးကြိုးဓားပညာရပ်ပထမပုံစံ တားဆီခြင်း”
ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်ပြီး သွေးဓားထံမှရုတ်တရက်
သွေးမီးတောက်တို့ပေါက်ကွဲထွက်လာသည်။သွေးနီရောင်မီးတောက်၏ ထိပ်ဖျား တွင် အဖြူရောင်လျှပ်ပန်းလျှပ်နွယ်လေးများက စီးဆင်းနေသည်။ ထို့နောက်တွင်၎င်းက ယန်ကျုံး၏လက်သီးချက်အား
တားဆီးလိုက်သည်။
“ထန်”
တောအုပ်ထဲတွင် မာကျောသောသတ္ထုချင်းထိခတ်သည့်အသံတစ်ခုထွက်ပေါ်လာသည်။ရှစ်ဖုန့်က ယန်ကျုံး၏တိုက်ခိုက်မှုအားသူ၏
ဓားဖြင့်တားဆီးလိုက်သည်။ ထို့နောက်သူက သူ၏ဓားကိုလှည့်လိုက်သည်။
“ငရဲဘုံဓားသွား”
သူက ယန်ကျုံး၏နှလုံးအား ဓားဖြင်ထိုးသွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် အဖြူရောင်ဓားရိပ်များက ယန်ကျုံးထံသို့ဦးတည်သွားသည်။
“လှည့်ကွက်သာသာလေးတစ်ခုက ငါ့ကိုဘယ်လိုလုပ်ပြီးတာ့ထိခိုက်စေမှာတဲ့လဲ….ချိုးဖျက်စမ်း..”
အောက်တွင်ရှိနေသော ယန်ကျုံးထံမှ အစိမ်းရောင် မီးတောက်လက်သီးတစ်ခု ထပ်မံ၍ ပေါက်ကွဲထွက်လာသည်။
“ထန်”
လက်သီးက သွေးနီရောင်မီးတောက်တို့တောက်လောင်နေ
သော သွေးဓားပေါ်သို့ ပြင်းထန်စွာထိမှန်သွားသည်။ ၎င်းကရှစ်ဖုန့်၏ငရဲဘုံဓားသွားအား ချိုးဖျက်လိုက်သည်။
ငရဲဘုံဓားချက်ကအရမ်းကိုလျှင်မြန်သော
ဓားချက်တစ်ခုဖြစ်သည်။ ၎င်းကအရမ်းမြန်လွန်းသောကြောင့် ၎င်းအား မြင်ကွင်းအတွင်းဖမ်းမိနိုင်ရန်ပင် အားနည်းလှသည်ဖြစ်သည်။ သာမန်လူများအနေဖြင့်၎င်းအား စက္ခုမြင်ကွင်း၌ဖမ်းမိနိုင်ရန်ပင် စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းကနှေးကွေးသည်ဟုထင်ရလိမ့်မည်ဖြစ်သော်လည်းတကယ်တမ်းတွင် သေချာရှင်းရှင်းလင်းလင်းမမြင်နိုင်ရလောက်
သည်အထိကိုမြန်ဆန်သည်ဖြစ်သည်။ ထို့ကြောင့်လည်း ချင်အောင်နှင့်ကူးကျန့်တို့ဤဓားချက်အောက်၌သေဆုံးသွားခဲ့ကြရခြင်းဖြစ်သည်။
သို့သော်ယန်ကျုံးကတော့တကယ့်ကို ငရဲဘုံဓားချက်၏ လမ်းကြောင်းအလျှင်အား လိုက်မှီနိုင် ခဲ့ပြီး ၎င်း၏လက်သီးတစ်ချက်ဖြင့် ချိုးဖျက်လိုက်နိုင်သည်ဖြစ်သည်။ ထို့နောက်တွင်ပြင်းထန်သော အစိမ်းရောင်မီးတောက်က သူ၏ကိုယ်မှတလိပ်လိပ်ထွက်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့ဦးတည်လာသည်။
“လောင်ကျွမ်းစမ်း”
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏ကိုယ်မှလည်း သွေးနီရောင်မီးတောက်က ဟုန်းခနဲထွက်ပေါ်လာသည်။ အစိမ်းရောင်မီးတောက်နှင့်သွေးနီရောင်မီး
တောက်တို့မှာ ကြမ်းကြုတ်သော သားရဲနှစ်ကောင်ကဲ့သို့ တစ်ခုနှင့်တစ်ခု အပြင်းအထန်ထိပ်တိုက်တွေ့ဆုံကြပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုအား ဖြစ်ပေါ်သွားစေသည်။ ပြိုင်ဘက်ကင်းပြင်းထန်သောစွမ်းအင်တို့နှင့်အတူ ပြင်းထန်သော မီးတောက်နှစ်ခုတို့၏အလယ်ဗဟိုတွင် အရှိန်အဟုန်ဖြင့်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်
သွားစေပြီး ဦးတည်ချက်အနှံ့သို့ပျံ့နှံ့ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ဘေး၌ရပ်ကာကြည့်နေသောတင်းယုသည်
လည်း ပြင်းထန်သောစွမ်းအင်တို့ကို အာရုံခံမိလိုက်သည်။ သူမကလျှင်မြန်စွာဆုတ်ခွာ၍ တိုက်ပွဲမြေပြင်မှအဝေးသို့ထွက်ပြေးလိုက်သည်။ တင်းယု၏ မျက်နှာထက်တွင် ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေသည်။ ဟန်ရွှင်းမြို့တွင်ယန်ကျုံးကယွင်လိုင်အင်ပါယာမှလူတစ်ယောက်ဖြစ်ကြောင်း ဘေးကလူတစ်ယောက်ပြောခဲ့သည်ကို သူမမှတ်မိသေးသည်ဖြစ်သည်။
တစ်ယောက်ကယွင်လိုင်အင်ပါယာမှဖြစ်ပြီး အခြားမွန်းစတားတစ်ယောက်ကလည်း ယွင်လိုင်အင်ပါယာမှပင်ဖြစ်နေသည်။ သေးငယ်သောယွင်လိုင်အင်ပါယာမှ ဤကဲ့သို့သော မွန်းစတားနှစ်ကောင်ကို မွေးထုတ်နိုင်ခဲ့သည်ဖြစ်သည်။ သူတို့နှစ်ဦးလုံးမှာသူမထက်ငယ်ရွယ်ကြသော်
လည်း နှစ်ယောက်လုံးက သူမထက်ပိုမိုအစွမ်းထက်သန်မာကြ
သည်ဖြစ်သည်။
ထို့နောက်ချက်ချင်း အစောပိုင်းကရှစ်ဖုန့်သူမကိုပြောခဲ့သောစကားလုံးများအား သူမ၏စိတ်ထဲတွင်ပေါ်လာခဲ့သည်။
“သူရဲကောင်းတစ်ယောက်ဟာ သူတို့ရဲနောက်ခံက ဘာဖြစ်တယ်ဆိုတာကိုဂရုမစိုက်ဘူး”
ဆက်ရန်….
ဘာသာပြန်သူ-ARISE