အပိုင်း(၂၁၉)
Vol. 15 Ch. 219
အစိမ်းရောင်မီးတောက်နှင့် သွေးနီရောင်မီးတောက်တို့က အပြင်းအထန်ထိပ်တိုက်တွေ့မိကြသည်။ တစ်ခုကပြိုင်ဘက်ကင်းသော မြင့်မားသည့်အပူချိန်ကို ထုတ်လွှတ်နေချိန်တွင် အခြားတစ်ခုက ပြိုင်ဘက်ကင်း အေးစိမ့်သော အေးစက်မှုကိုထုတ်လွှတ်နေ၏။ သို့သော် အစိမ်းရောင်မီးတောက်က ပြန်လည်ဆုတ်ခွာမည့်အရိပ်အယောင်ပြလာရန် အချိန်သိပ်မကြာလိုက်ပေ။
“ဘာ…ဘာဖြစ်နေတာလဲ”
အစိမ်းရောင်ကြာပဒုမ္မာငရဲမီးတောက်၏
ပိုင်ရှင်ဖြစ်သူယန်ကျုံးမှာ အစိမ်းရောင်ကြာပဒုမ္မာငရဲမီးတောက်၏ ကြောက်ရွံ့သကဲ့သို့ဖြစ်နေမှုကိုအာရုံခံမိနိုင်သည်ဖြစ်သည်။
ဤသည်မှာ ကောင်းကင်မီးတောက်၏ဖိအားပင်ဖြစ်၏။ အစိမ်းရောင်ကြာပဒုမ္မာငရဲမီးတောက်မှာ အဆင့်ခြောက်အဆင့်သို့ရောက်ရှိနေသည်
ဖြစ်ပြီး လက်ရှိကောင်းကင်မီးတောက်က အဆင့်ငါးအဆင့်သာရှိသေးသော်လည်းကောင်းကင်မီးတောက်မှာ ကောင်းကင်ဘုံအဆင့်မီးတောက်တစ်ခုဖြစ်လေသည်။ ကောင်းကင်ဘုံနှင့်မြေကြီးတို့၏ကွာခြားချက်က ကြီးမားကျယ်ပြောလှသည်ဖြစ်သည်။
“ကောင်းကင်မီးတောက်…ဒီမီးတောက်က တကယ့်ကိုကောင်းကင်ဘုံအဆင့် မီးတောက်ပဲ”
ထိုအချိန်တွင်အိုမင်းမင်းအက်ရှှရှအသံတစ်ခုက ယန်ကျုံး၏ရင်ဘက်ရှေ့ရှိ ချိတ်ဆွဲထားသောကျောက်စိမ်းပြားအတွင်း
မှထွက်လာသည်။
“ကောင်းကင်မီးတောက်”
ဤစကားနှစ်ခွန်းအားကြားလိုက်
ရသောအခါတွင် ယန်ကျုံးသည်လည်းတုန်လှုပ်အံ့အားသင့်သွားခဲ့သည်။ ယခုသူ့၌ အစိမ်းရောင်ကြာပဒုမ္မာငရဲမီးတောက်ရှိနေပြီး ကောင်းကင်မီးတောက်တစ်ခုကဘာလဲဆိုသည်အား သူနားလည်သည်ဖြစ်သည်။
ထို့နောက်ယန်ကျုံး၏မျက်နှာထက်တွင်
ယတိပြက်ဆုံးဖြတ်ထားမှုတို့ဖြစ်ပေါ်လာသည်။
“အဲ့တာကကောင်းကင်မီးတောက်ဖြစ်
နေတော့ရောဘာဖြစ်လဲ….အဲ့တာက အဆင့်ငါးအဆင့်ပဲရှိသေးတာ ပြီးတော့ငါ့ရဲ့အစိမ်းရောင်ကြာပဒုမ္မာ
ငရဲမီးတောက်က အဆင့်ခြောက်အဆင့်ကိုရောက်နေပြီ….ဒီသွေးနီရောင်မီးတောက်ကိုဝါးမျိုပြီးတာနဲ့ ငါ့ရဲ့ အစိမ်းရောင်ကြာပဒုမ္မာငရဲမီးတောက်က ကောင်းကင်အဆင့်ကိုတက်လှမ်းနိုင်လိမ့်မယ်”
ယန်ကျုံးဒေါသတကြီးအော်ဟစ်လိုက်သည်။ သူကအံကိုကြိတ်၍ သူ၏အစိမ်းရောင်ကြာပဒုမ္မာမီးတောက်စိတ်ဆန္ဒကိုထုတ်ဖော်လိုက်သည်။သူက
အစိမ်းရောင်ကြာပဒုမ္မာမီးတောက်အား သွေးနီရောင်မီးတောက်နှင့်အတင်းအကျပ်တိုက်ခိုက်ခိုင်း၍ သွေးနီရောင်မီးတောက်အား အတင်းအကျပ်ဖိနှိပ်ခိုင်းစေသည်။
“ကျုံးအား မလုပ်နဲ့”
ကျောက်စိမ်းပြားအတွင်းတွင်ရှိနေသော ဝိညာဉ်က ယန်ကျုံး၏ အပြုအမူများကိုအာရုံခံမိပြီး ချက်ခြင်း ကမန်းကတမ်းအော်ဟစ်လိုက်သည်။ ယန်ကျုံး၏စွမ်းအင်များက ကုန်ခမ်းလာနေသည်ကို
သူရှင်းရှင်းလင်းလင်း
အာရုံခံမိနိုင်သည်ဖြစ်သည်။ ဤသို့သာဆက်သွားနေလျှင် ယန်ကျုံး၏စွမ်းအင်တို့လုံးဝကုန်ခမ်းသွားပြီး သူနှင့်ယန်ကျုံတို့ အန္တရာယ်အတွင်းသို့ကျရောက်ရ
လိမ့်မည်ဖြစ်လေသည်။
အစိမ်းရောင်ကြာပဒုမ္မာမီးတောက်က ကောင်းကင်မီးတောက်အားဆက်လက်၍ ခုခံနေသေးသည်ဖြစ်သော်လည်း ၎င်းမှာကောင်းကင်မီးတောက်၏
အပေါ်စီးမှဖိနှိပ်မှုခံနေရသည်ကိုသိသာစွာခံစားရနိုင်သည်ဖြစ်သည်။ ပြင်းထန်သောသွေးနီရောင်မီးတောက်တို့က အစိမ်းရောင်မီးတောက်အားတစ်လက်မချင်းဝါးမျိုနေခဲ့ပြီး ဖြည်းဖြည်းချင်းရှေ့သို့ပင်ချဉ်းကပ်လာခဲ့သည်။
ယန်ကျုံးမှာမူအံကိုကြိိတ်၍ တောင်ခံနေဆဲဖြစ်သည်။ သူ၏မျက်နှာမှာကြမ်းကြုတ်ခတ်ထန်နေပြီး သူ၏နဖူးထက်တွင်ပဲစေ့အရွယ် ချွေးပေါက်တို့ပင်စီးကျနေသည်။
“ကျုံးအား မြန်မြန်မီးတောက်ကိုပြန်ရုတ်သိမ်းပြီးထွက်ပြေးတော့…..ကောင်းကင်မီးတောက်ကိုခုခံဖို့ အစိမ်းရောင်ကြာပဒုမ္မာမီးတောက်ကိုအသုံးပြုတာက မင်းကို အန္တရာယ်ပဲဖြစ်စေလိမ့်မယ်”
ဤအချိန်၌ယန်ကျုံးကိုယ်တိုင်ပင်အခြေအနေက ကောင်းမလာသည်ကိုဖြည်းဖြည်းချင်း
သဘောပေါက်လာသည်။ သူ၏ပုံရိပ်က ရုတ်တရက်ဟင်းလင်းပြင်အတွင်းသို့ထိုးတက်သွားသည်။
“ဝုန်း”
ကောင်းကင်မီးတောက်ကဟုန်းခနဲ
တောက်လောင်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကျန်ရှိနေသောအစိမ်းရောင်မီးတောက်တို့အား လွှမ်းခြုံဝါးမျိုလိုက်သည်။
“ထပ်ပြီးတော့ပြေးဖို့ကြိုးစားနေတာလား”
ယန်ကျုံးကကောင်းကင်ထဲသို့တစ်ဟုန်
ထိုးဦးတည်နေသည်ကိုတွေ့လိုက်ရသောအခါ ရှစ်ဖုန့်က သူ၏ဓားဖြင့်ရုတ်တရက်ခုတ်ပိုင်းလိုက်သည်။ယန်ကျုံး၏အထက်တွင် ဧရာမသွေးနီရောင်ဓားကြီးကခုတ်ပိုင်းကျဆင်းလာသည်။
“ဖျက်ဆီးစမ်း”
ယန်ကျုံးကသူ၏လက်သီးနှစ်ခုလုံးကို
မြှောက်လိုက်သည်။ သူ၏လက်သီးနှစ်ခုလုံးတွင် အစိမ်းရောင်မီးတောက်တို့တောက်လောင်
နေသည်။ ရုတ်တရက်ဦးတည်လာနေသောဧရာမ သွေးမီးတောက်ဓားကြီးဖြင့်ထိပ်တိုက်
တွေ့ဆုံလိုက်သည်။
“ဝုန်း”
ထို့နောက်ပြင်းပြသောဆန္ဒဖြင့် ကောင်းကင်မီးတောက်အားခုခံရန် အစိမ်းရောင်ကြာပဒုမ္မာမီးတောက်အား အသုံးပြုခဲ့သည့် ယန်ကျုံးမှာ သူ့ခန္ဓာကိုယ်အတွင်းရှိ ယွမ်ချီပမာဏတော်တော်များများကို ဆုံးရှုံးသွားခဲ့ရသည်။ ထိုအခိုက်အတန့်တွင် ငရဲဘုံဓားချက်အောက်၌ သူ့အနေဖြင့် လုံးဝခုခံနိုင်ခြင်းမရှိခဲ့ချေ။ သွေးနီရောင်ဧရာမဓားချက်ဖြင့်သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာရိုက်နှက်ခံရသလိုကျရောက်သွားခဲ့သည်။ ထို့နောက်တွင်အောက်ရှိယန်ကျုံးထံသို့
ငရဲဘုံဓားချက်တစ်ခုခုတ်ပိုင်း
ကျဆင်းလာပြန်သည်။
“ကျုံးအာ”
နောက်တစ်ကြိမ်ထပ်မံ၍ ကျောက်စိမ်းပြားအတွင်းမှ အသံအိုတစ်ခုထွက်ပေါ်လာပြန်သည်။ ထို့နောက််မြေပြင်ပေါ်တွင်လဲနေသော
ယန်ကျုံးမှာရုတ်တရက်ထရပ်လာသည်။ ဤအချိန်တွင် ယန်ကျုံး၏အဟုန်မှာ ရုတ်တရက်ဆိုသလိုပြောင်းလဲသွားခဲ့သည်။ သူ၏လက်ဖဝါးအားကောင်းကင်ထက်
သို့ရိုက်ထုတ်လိုက်ပြီး နောက်တစ်ကြိမ်ထပ်မံ၍ ဧရာမအစိမ်းရောင်မီးတောက်
လက်ဖဝါးပုံရိပ်တစ်ခုပေါက်ကွဲထွက်ပေါ်လာပြန်သည်။ ၎င်းက သွေးနီရောင်ဧရာမဓားကြီးဖြင့် ပြင်းထန်စွာပစ်ဆောင့်သလိုထိပ်တိုက်
တွေ့ဆုံသွားသည်။ ပေါက်ကွဲသံတစ်ခုနှင့်အတူ နှစ်ခုစလုံးဖျက်ဆီးခံလိုက်ကြရသည်။
“သောက်ချီးပဲ…မင်းပဲထပ်ပြီးပေါ်လာပြန်ပီ…
မင်းပဲမလား”
ရှစ်ဖုန့်ကပြောလိုက်ပြီးနောက် တစ္ဆေမျက်နှာဖုံးက သူ၏မျက်နှာပေါ်တွင်ပေါ်လာသည်။ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကို ထုတ်ဖော်၍ ဝိညာဉ်တိုက်ခိုက်မှုကိုပြုလုပ်လိုက်သည်။ ဝိညာဉ်တိုက်ခိုက်မှုများမှာ ဤကဲသို့အကြွင်းအကျန်ဝိညာဉ်
အမျိုးအစားအား အထူးရည်ရွယ်ခြင်းပင်ဖြစ်လေသည်။
“ဟမ့်”
ရုတ်တရက်ယန်ကျုံးကအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ဤအချိန်၌ယန်ကျုံး၏အသံမှာ
ယခင်လူငယ်ယန်ကျုံး၏အသံပင်ဖြစ်သည်။ ထို့နောက်ချက်ခြင်း ယန်ကျုံးကလည်း ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကိုထုတ်ဖော်၍ ရှစ်ဖုန့်ထံသို့တိုက်ခိုက်လိုက်သည်။
“ဘန်း”
မမြင်နိုင်သောဝိညာဉ်တိုက်ခိုက်မှုနှစ်ခုက ကျယ်လောင်စွာပစ်ဆောင့်မိကြသည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
ဤအချိန်တွင်ရှစ်ဖုန့်သည်လည်းတုန်လှုပ်
အံ့အားသင့်မိသွားရသည်။
“အား”
ယန်ကျုံးကနာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။
အစောပိုင်းကဝိညာဉ်တိုက်ခိုက်မှုနှစ်ခုတွင် နှစ်ခုစလုံးဖျက်ဆီးခံလိုက်ရသော်လည်း သူ၏ဝိညာဉ်ကတော့ အနည်းငယ်ထိခိုက်မှုဖြစ်သွားသည်ဖြစ်သည်။
ရှစ်ဖုန့်တုန်လှုပ်အံ့အားသင့်ရသည်ကာ တစ်ဖက်ပြိုင်ဘက်၏ ဝိညာဉ်စွမ်အားမှာဤကဲ့သို့တိုတောင်းသည့်
အချိန်တိုလေးအတွင်းတွင် အဆင့်ငါးအဆင့်သို့ရောက်ရှိနေသော
ကြောင့်ဖြစ်လေသည်။
လက်ရှိယန်ကျုံးမှာကျင့်ကြံမှုနှစ်မျိုး
သိုင်းပညာရှင်တစ်ယောက်ဖြစ်လေသည်။ ဆေးဘက်ဝင်ဆေးလုံးများဖြင့်
ထောက်ပံမှုအောက်တွင် သူ့အနေဖြင့်ကံကောင်းမှုများကိုတစ်ခုပြီးတစ်ခုတွေ့ကြုံခဲ့ရသည်ဖြစ်သည်။ သူ့အနေဖြင့်အစိမ်းရောင်ကြာပဒုမ္မာမီးတောက်ကိုပါရှရှိခဲ့သေး၏။သူ၏သိုင်းပညာရပ်များပင်
တိုးတက်လာသည်သာမကဘဲ သူ၏ဝိညာဉ်ခွန်အားပင် ကြီးမားစွာတိုးတက်လာခဲ့လေသည်။ သူ့အနေဖြင့်ယခင်ကယန်ကျုံးထပ်ပြီး
မဟုတ်တော့ပေ။ လက်ရှိသူသည်မြင့်မားပြီး အရှိန်အဝါကြီးမားသော အဆင့်ငါးသန့်စင်သူတစ်ယောက်ဟူသည့် အထက်တန်းလွှာဂုဏ်ပုဒ်ကိုပိုင်ဆိုင်
ထားသည်ဖြစ်လေသည်။
အစောပိုင်းက ယန်ကျုံးမှာ အစိမ်းရောင်ကြာပဒုမ္မာမီးတောက်ကိုပြန်
ရုတ်သိမ်းပြီး သွေးနီရောင်မီးတောက်အားရှောင်တိမ်းချိန်တွင် များပြားလှသောဆေးလုံးများအားသူ၏ပါးစပ်အတွင်းပစ်ထည့်ဝါးမျိုကာ သူ၏မူလစွမ်းအင်တို့ကိုပြန်ဖြည့်
တင်းခဲ့လေသည်။ ဤအချိန်တွင်ခုဏက သူ၏ကုန်ဆုံးသွားသောမူလစွမ်းအင်များမှာ အရှိန်အဟုန်ဖြင့်ပြန်လည်ပြည့်တင်းလာခဲ့သည်။
ယန်ကျုံး၏ငယ်ရွယ်ချောမောပြီး ခိုင်မာပြတ်သားသော မျက်နှာကကောင်းကင်ထဲရှိရှစ်ဖုန့်ကိုကြည့်နေသည်။ သူ၏ မျက်လုံးတို့ထဲတွင်
သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ
ဖြင့်ပြည့်နှက်နေသည်။
ဤအချိန်တွင် ရှင်းလင်းသောအသံတစ်ခုက သွေးနီရောင်တောအုပ်အတွင်းမှထွက်ပေါ်လာသည်။
“ဒါကနမည်ကြီးလာတဲ့လူငယ်ပါရမီရှင်ယန်ကျုံးမလား..ကမ္ဘာကြီးကတကယ့်ကိုသေးသေးလေးပဲကွ”
ထိုအသံက လူတိုင်း၏အာရုံကိုဆွဲဆောင်သွားသည်။ ထို့နောက်တွင်ခရမ်းရောင်ဝတ်ဆုံနှင့်
ချောမောသောလူငယ်တစ်ယောက်ကပြည်တည်တည်မျက်နှာထားဖြင့် လျှောက်လှမ်းထွက်လာသည်။ သူ၏နောက်တွင်တစ်ခြားလူငယ်သုံး
ယောက်လည်းပါလာ၏။
“လင်စာ”
လာနေသောလူငယ်အားကြည့်ကာ ယန်ကျုံးကအေးစက်စွာဖြင့်ပြောလိုက်သည်။
လင်စာမှာ ဖျောင်ရှဂိုဏ်း၏ပါရမီရှင်တစ်ယောက်ဖြစ်သည်။
လင်စာကလမ်းလျှောက်လာရင်း
ရုတ်တရက်ခေါင်းမော့ကာ ရှစ်ဖုန့်အာထူးမခြားနားစွာဖြင့်
ကြည့်လိုက်သည်။ ထို့နောက်သူကယန်ကျုံးကိုကြည့်လိုက်ပြီးပြောလိုက်၏။
“ဒီနေရာကနေစွမ်းအင်လှိုင်းတစ်ခုလာနေတာကိုငါခံစားမိလို့ ဒီကိုတစ်ချက်ကြည့်ဖို့ငါလာခဲ့တာ….
ငါကဒီနေရာမှာတစ်ယောက်ယောက်တိုက်ခိုက်နေတယ်ထင်နေခဲ့တာ …..အဲ့တာကအင်ပါယာ
နယ်ပယ်ကျင့်ကြံသူဖြစ်တဲ့ ယန်ကျုံးဆိုတဲ့မင်းဖြစ်နေတာပဲကွ.
.ယန်ကျုံးမင်းတကယ့်ကိုပဲ ကြီးထွားလာတာပါလား”
“ဟားဟား…ဟားဟား..”
လင်စာ၏စကားတို့အားကြားလိုက်ရသောအခါတွင် သူ့နောက်တွင်ရှိနေသော လူသုံးယောက်ကလည်း အော်ရယ်လိုက်ကြသည်။ သူတို့ထဲကတစ်ယောက်ကပြောလိုက်သည်။
“ဒါကကြယ်လေးပွင့်အင်ပါယာနယ်ပယ်
အမှိုက်လေးပဲ..သူကကျွန်တော်နဲ့တောင် ပြိုင်ဘက်ဖြစ်ဖို့မထိုက်တန်သေးဘူး”
“ကျွန်တော်တို့တွေ ဒါကိုအာရုံခံမိနေတာကြာပြီ……
ဒီငတိ ကြယ်လေးပွင့်အင်ပါယာ
ကျင့်ကြံသူလေးတစ်ယောက်ကိုတောင်အဆုံးမသတ်နိုင်သေးဘူး..”
“ဘာကိုမြင့်တက်လာတဲ့ပါရမီရှင်လဲ…..ဘယ်လိုလုပ်ပြီးသူက ကျွန်တော်တို့ရဲ့စီနီယာ အကိုလင်နဲ့နှိုင်းယှဉ်လို့ရမှာတဲ့လဲ….ဟန်ရွှင်းမြို့ရဲ့ စည်းမျဉ်းကြောင့်သာမဟုတ်ခဲ့ရင် ဒီကျုံးဆိုတဲ့ကောင် တို့စီနီယာအကိုလင်ရဲ့သတ်တာကိုခံပြီး
နေလောက်ပြီ.. အခုလောက်ဆို ဟန်ရွှင်းမြို့မှာဘယ်ခွေးလေွခွေးလွင်ရဲ့အစာဖြစ်နေပြီလဲတောင်သိမှာမဟုတ်ဖူး”
“ရို့…လင်ရွှယ်ဂိုဏ်းရဲ့ အလှလေးတင်းယုလည်းဒီမှာရှိနေတာပါလား….မင်းကို ကျန်းချွမ်နဲ့အတူ မမြင်တွေ့ရတဲ့ အချိန်က ခပ်ရှားရှားရယ်ပဲ….”
ထို့နောက်တွင် လင်စာက တင်းယုကိုကြည့်၍ပြောလိုက်သည်။
“ယန်ကျုံးကဒီကြယ်လေးပွင့်အင်ပါယာနယ်ပယ်အမှိုက်လေးနဲ့တိုက်ခိုက်နေတယ်လို့ငါထင်နေခဲ့တာ အခုငါအလှလေးတင်းယုကိုတွေ့လိုက်ရတော့ နားလည်သွားပြီ…..ယန်ကျုံးကယောက်ျားတစ်ယောက်ဖြစ်ပြီးကွာ ဘယ်လိုဖြစ်ပြီးတော့မိန်းကလေးတစ်ယောက်ကိုတောင် အနိုင်ကျင့်ရဲတာလဲ…..သူကပိုပိုပြီးတော့ တောင်အလားအလားကောင်းတွေကို ဖြစ်လာတာပါလားဟ”
ထို့နောင်လင်စာကပြောလိုက်သည်။
“ဘယ်လိုလဲ အလှလေး…မင်းငါ့အကူအညီကိုလိုလား….ဘာမှဟိတ်ဟန်တွေလုပ်နေဖို့မလိုဖူးနော်…
ငါလင်စာ ကမတရားမှုတွေကိုမြင်တဲ့အခါမှာ လက်ပိုက်ကြည့်မနေတတ်ဖူး..အထူးသဖြင့်ပန်းလေးတစ်ပွင့်ကိုကာကွယ်ရတာမျိုး
ဆိုရင်ပိုတောင်ပျော်သေးတာပေါ့”
လင်စာ၏စကားတို့အားကြားလိုက်ရသော
အခါတွင် တင်းယုကသူမခေါင်းကိုခါယမ်းလိုက်သည်။ လင်စာမှာအစကတင်းယုကသူ၏
အကူအညီအားမလိုအပ်ဟုပြောနေသည်ထင်ခဲ့သည်။သို့သော်သူမနောက်ထပ်ပြောသောစကားကသူ့အားအံ့အားသင့်စွားစေလေသည်။
“မလိုဘူးလင်စာ….ယန်ကျုံးနဲ့ရန်သူဖြစ်နေတဲ့သူကငါမဟုတ်ဖူး”
သူမသာမဟုတ်ခဲ့လျှင် တကယ်ပဲ ယန်ကျုံးတိုက်ခိုက်နေသည်ကာ ကြယ်လေးပွင့်အင်ပါယာနယ်ပယ်
အမှိုက်ကိုများဖြစ်နိုင်မည်လား။ယန်ကျုံးကအစကတည်းက သူနှင့်တိုက်ခိုက်နေခဲ့ခြင်းလား။ တင်းယု၏စကားအားကြားပြီးသည့်နောက်တွင် လင်စာနှင့်အခြားသူများက ဟင်းလင်းပြင်ထက်ရှိသွေးနီရောင်ဓားအားကိုင်ဆောင်ထားသောလူငယ်လေးထံသို့သူတို့၏
အကြည့်များကိုရွှေ့လိုက်ကြသည်။
ဆက်ရန်…
ဘာသာပြန်သူ- ARISE