အပိုင်း (၂၂၀)
Vol. 15 Ch. 220
ကြယ်လေးပွင့်အင်ပါယာနယ်ပယ်အမှိုက်လေးတစ်ယောက်က ယန်ကျုံးနှင့် အချိန်အကြာကြီးယှဉ်တိုက်ခိုက်နိုင်ခြင်းကို လင်စာအနေဖြင့်ယုံကြည်နိုင်ခြင်းမရှိသေးချေ။သူကသူ၏ညာလက်ကိုဆန့်ထုတ်လိုက်ပြီးသည့်နောက် လက်ဖဝါးအား အပေါ်သို့မျက်နှာမူထားလိုက်သည်။ သူ၏လက်ဖဝါးထံမှလေစီးကြောင်းတစ်ခု
ပေါ်လာသည်။ ထို့နောက်တွင်လေစီးကြောင်းကထပ်တလဲလဲ အဆက်မပြတ်လှည်ပတ်လာပြီး အရှိန်အဟုန်ဖြင့်ပြန့်ကားလာသည်။ မျက်စိတစ်မှိတ်အတွင်း လေဆင်နှာမောင်းငယ်လေးတစ်ခုဖြစ်ပေါ်လာကာ ရှစ်ဖုန့်ထံသို့သိမ်းကျုံးဦးတည်သွားသည်။
“မင်းကတော့သေချင်နေတာပဲ”
ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။သူ၏လက်ထဲတွင်ရှိနေသောသွေးဓားအား ရုတ်ခနဲအောက်သို့ခုတ်ပိုင်းချလိုက်ကာ လေဆင်နှာမောင်း၏ပြင်းထန်သောစွမ်းအင်တို့အား အုပ်စုကွဲထွက်သွားစေသည်။ထို့နောက်တွင်သူက လေဆင်နှာမောင်း၏ကွဲထွက်သွားသော အပိုင်းနှစ်ခုကြားသို့လိုက်ပါဆင်းသက်
လိုက်သည်။ ထို့နောက်သွေးနီရောင်မီးတောက်တို့တောက်
လောင်နေသော သွေးဓားက လင်စာ၏ခေါင်းပေါ်သို့ခုတ်ပိုင်းကျဆင်း
လာသည်။
“ဒါ….ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဖျောင်ရှဂိုဏ်းမှလူများမှာတုန်လှုပ်အံ့အားသင့်
သွားကြသည်။ စီနီယာအကို လင်၏တိုက်ခိုက်မှုမှာ ကြယ်လေးပွင့်အင်ပါယာနယ်ပယ် အမှိုက်တစ်ယောက်၏ တားဆီးခြင်းကို တကယ်ခံခဲ့ရသည်ဖြစ်သည်။
သို့သော်လင်စာ၌ နားလည်သဘောပေါက်သည်
ဟူသောအမူအယာတစ်ခုရှိနေသည်။ဒီတော့ ဤပုဂ္ဂိုလ်သည်သူ၏ကျင့်ကြံမှုအစစ်အမှန်အား ဖုံးကွယ်ရန်အတွက် လျှို့ဝှက်ပညာရပ်အချို့အား အသုံးပြုခဲ့ခြင်းပင်ဖြစ်ရမည်ဖြစ်သည်။
လင်စာသည်လည်းကျန်းချွမ်နှင့်အမြင်
တူသည်ဖြစ်သည်။ ကြယ်လေးပွင့်နယ်ပယ်အင်ပါယာတစ်ယောက်က သူ့တိုက်ခိုက်မှုအားချိုးဖျက်နိုင်သည်ဟု သူ့အားသေသည်အထိရိုက်နှက်၍ ယုံကြည်ခိုင်းလျှင်ပင်သူယုံကြည်မည်မဟုတ်ပေ။
သူ၏ခေါင်းထက်မှကျဆင်းလာနေသောဓားအားတွေ့လိုက်ရသောအခါတွင် သူ၏ကလက်ထဲရှိလေဆင်နှာမောင်းမှာ ရုတ်တရက် လေဓားတစ်ခုအဖြစ်သိပ်သည်းဖွဲ့စည်းသွားသည်။ သူက သူ၏ ဓားကို မြှောက်၍ သွေးနီရောင်ဓား၏ တိုက်ခိုက်မှုနှင့်တွေ့ဆုံစေလိုက်သည်။
“ဘန်း”
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လင်စာ၏ဓားကရှစ်ဖုန့်၏ တိုက်ခိုက်မှုကိုတားဆီးလိုက်သည်။
သို့သော်ထို့နောက်တွင် ရှစ်ဖုန့်၏မျက်နှာထက်၌ တစ္ဆေမျက်နှာဖုံးပေါ်လာသည်။ လင်စာမှာသူ၏ခေါင်းမှ စူးရှသောနာကျင့်မှုကိုခံစားလိုက်ရသည်။ရှစ်ဖုန့်၏ဝိညာဉ်တုန်လှုပ်ဆီးလ်က သူအားထိမှန်သွားခဲ့ပြီးဖြစ်လေသည်။
“ဘန်း”
အချိန်တိုလေးအတွင်းရှစ်ဖုန့်က သူ၏ ဓားကိုထပ်မံလွှဲယမ်းလိုက်သည်။
ရုတ်ခြည်းဆိုသလို လင်စာခေါင်းထက်ရှိ လေဓားမှာဖျက်ဆီးခံလိုက်ရသည်။ သူ၏ဓားအားပြောင်းလဲခြင်းမရှိသကဲ့သို့ ရှစ်ဖုန့်က လင်စာ၏ ဦးခေါင်းထံထပ်မံ၍ လွှဲယမ်းခုတ်လိုက်ပြန်သည်။
“အား”
အချိန်အခိုက်အတန့်တစ်ခုလောက်
အမှတ်တမဲ့ဖြစ်သွားခဲ့ပြီးနောက်လင်စာမှာ သူ၏ အသိတို့ပြန်လည်ရရှိလာသည်။ သွေးနီရောင်ဓားက သူ၏ဦးခေါင်းနှင့်တော်တော်လေးနီးကပ်လာသည်ကိုတွေ့လိုက်ရသောအခါ လင်စာတစ်ယောက်တုန်လှုပ်အံ့အားသင့်
သွားခဲ့ပြီး အလျှင်အမြန်နောက်ပြန်လှန်ချ၍ ရှောင်တိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဘယ်လက်ကလက်သီးတစ်ခုပုံစံဖြစ်သွား
ပြီး သွေးနီရောင်ဓားထံသို့ထိုးချလိုက်သည်။
“ထန်”
လင်စာတစ်ယောက် သွေးဓား၏တိုက်ခိုက်မှုအား လက်သီးချက်တစ်ခုတည်းဖြင့်တားဆီးနိုင်လိုက်သော်လည်းတိုက်ခိုက်မှုနောက်ကွယ်မှ
ပါလာသောအားက သူ့အားမြေပြင်ပေါ်သို့ခြေကားရားလက်
ကားရားပစ်ကျသွားစေသည်။
“ငရဲကိုလစ်လိုက်တော့”
ရှစ်ဖုန့်ကပြောလိုက်သည်။
သူကငရဲဘုံဓားချက်ဖြင့် လင်စာ၏နှလုံးထံထိုးသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် အဖြူရောင်ဓားရိပ်တစ်ခုက ပေါ်လာပြီး လင်စာကို လွှမ်းခြုံသွားသည်။
လင်စာ၏ နှလုံးသားထဲတွင်မကြုံစဖူးခံစားချက်တစ်ခုမြင့်တက်လာသည်။ ဓားမှာအရမ်းနှေးကွေးစွာလာနေသည့်ပုံ
ပေါ်သော်လည်း ၎င်းကလင်စာအား အလွန်ပြင်းထန်သော အန္တရာယ်ခံစားချက်တစ်ခုကိုခံစားမိစေသည်။
သို့သော်ထိုအခိုက်အတန့်တွင်ရှစ်ဖုန့်ရုတ်တရက်သူ၏ဓားကိုမြှောက်၍ ယန်ကျုံး၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ ယန်ကျုံးရှစ်ဖုန့်နားသို့ချဉ်းကပ်လာသည်။ သူ၏ညာလက်သီးတွင်အစိမ်းရောင်မီးတောက်တို့တောက်လောင်နေပြီး သူ့ရှိသမျှအစွမ်းကုန်လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။ ရှစ်ဖုန့်က ၎င်းအားသူ၏ သွေးဓားဖြင့်တားဆီးလိုက်သည်။
“ထန်”
ထို့နောက်တွင်ရှစ်ဖုန့်နှင့်ယန်ကျုံးတို့ဆုတ်ခွာ
လိုက်ကြသည်။
မြေပြင်ပေါ်တွင်ရှိနေသောလင်စာမှာ ဝဲတစ်ခုကိုအလျှင်အမြန်ဖန်တီးလိုက်ပြီး အဖြူရောင်ဓားရိပ်များအားတစ်ခုပြီးတစ်ခုကွဲ
ကြေသွားစေသည်။ မြေပြင်ပေါ်တွင်လဲနေသောသူ၏ကိုယ်အားထ၍ရပ်လိုက်သည်။
အစောပိုင်းကဖြစ်ရပ်အားပြန်တွေးမိသောအခါတွင် လင်စာမှာ အကြောက်တရားတို့စွဲကျန်ရစ်နေဆဲပင်ဖြစ်
သည်။ ယန်ကျုံးသာသူ့အတွက်ထိုဓားအားမတားဆီး
ပေးခဲ့ပါက ဖြစ်လာမည့်အကျိုးဆက်အား စိတ်ကူးကြည့်၍ပင်ရနိုင်လိမ့်မည်မဟုတ်ပေ။ လင်စာမှာထိုအကြောင်းအား ထပ်မံတွေးရဲခြင်းပင်မရှိတော့ချေ။
သူ၏နောက်သို့ဆုတ်ခွာလောသောယန်ကျုံးကိုလင်စာကြည့်လိုက်သည်။ ယန်ကျုံးကသူ့အားဘာကြောင့်ကယ်တင်မှန်းကိုလင်စာနားလည်သော်လည်း သူကပြောလိုက်သည်။
“ကျေး…ကျေးဇူးတင်ပါတယ်”
ယန်ကျုံးကလင်စာကို လျစ်လျူရှုလိုက်ပြီး ရှစ်ဖုန့်အား လေးနက်တည်ကြည်စွာကြည့်လိုက်သည်။
ရှစ်ဖုန့်က လည်း သူ၏ရှေ့တွင်ရှိနေသောလူနှစ်ယောက်အားကြည့်၍အေးစက်စွာပြောလိုက်သည်။
“မင်းတို့တွေအတူတူတိုက်ခိုက်ကြဖို့စီစဉ်နေတာလား”
“ရှစ်ဖုန့် မင်းရဲ့ပင်ကိ ပါရမီစွမ်းရည်က အရမ်းကို ကြောက်ဖို့ကောင်းလွန်းတယ်…
မင်းသားဆက်ပြီးတော့ကြီးထွားလာမယ််ဆိုရင် အဲ့တာက အရမ်းကိုအန္တရာယ်များတဲ့အရာတစ်ခု အမှန်တကယ်ဖြစ်လာလိမ့်မယ်…ဒီတော့ မင်းဒီနေ့ပဲသေကိုသေရမယ်”
ယန်ကျုံးက ယတိပြက်ဆုံးဖြတ်ထားသော အမူအယာမျိုးဖြင့်ပြောလိုက်သည်။
လင်စာပင်လျှင်ယန်ကျုံးပြောသော အရမ်းအန္တရာယ်များသည်ဆိုသည့်စကားအား လက်ခံသည်ဖြစ်သည်။ ထိုထက်ပိုသည်ကား သူသည်ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်အရွယ်သာရှိသေးခြင်းပင်ဖြစ်သည်။ လင်စာလက်မခံချင်ဘူးဆိုလျှင်တော သူ၏ပါရမီက ၎င်း၏ပါရမီလောက် မကောင်းသည်ကို တော့ဝန်ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်လည်းလင်စာ၏ နှလုံးသားထဲတွင် ဤပုဂ္ဂိုလ်သေရမည်ဟုခိုက်မာစွာယုံကြည်ထားသည်။ ဤကဲ့သို့ပုဂ္ဂိုလ်မျိုးအား အရွယ်မရောက်သေးခင်ငယ်ရွယ်စဉ်ကတည်းက သတ်ပစ်ရမည်ဖြစ်သည်။
“ဒါဆိုလည်းအတူတူသာလာကြ”
လူနှစ်ယောက်အားကြည့်နေရင်းရှစ်ဖုန့်၏
မျက်နှာကတော့အေးစက်နေဆဲဖြစ်သည်။ သူ၏မျက်နှာထက်တွင်ဘာခံစားမှုကိုမှမြင်တွေ့ရခြင်းမရှိချေ။
“ဟမ်”
ဤအချိန်တွင်ရှစ်ဖုန့်ရုတ်တရက်
မျက်မှောင်ကြုတ်လိုက်သည်။ သူ၏လူသတ််ရောင်ဝါတို့က ရုတ်ခြည်းမြင့်တက်လာသည်။ သူကဒေါသတကြီးအော်ဟစ်လိုက်သည်။
“မင်းကတော့သေချင်နေတာပဲ”
သူကအော်ပြောရင်းလျှင်မြန်စွာလှည့်လိုက်သည်။ ငရဲဘုံဓားချက်ဖြင့်သူ၏ နောက်ကျောက်ဘက်သို့လှမ်းထိုးလိုက်၏။
ထိုအချိန်တွင်ရှစ်ဖုန့်၏ရှေ့၌ ငွေရောင်ဓားပုံရိပ်များကပေါ်လာသည်။ သူအားတိုက်ခိုက်သည့်သူမှာ သူတကယ်တမ်းကယ်တင်ခဲ့သည့်သူဖြစ်သော တင်းယုပင်ဖြစ်လေသည်။
ငရဲဘုံဓားချက်၏အောက်တွင် ငွေရောင်ဓားရိပ်များကတစ်ခုပြီးတစ်ခုပျောက်ကွယ်သွားသည်။ ဤအရာအားမြင်တွေ့လိုက်ရသောအခါတင်းယု၏လှပသောမျက်နှာလေးထက်တွင်ပြောင်းလဲမှုတို့ဖြစ်သွားပြီးနောက်သူမချက်ခြင်းပင်ဆုတ်ခွာထွက်ပြေးလိုက်သည်။ ရှစ်ဖုန့်၏မျက်နှာထက်တွင် အေးခဲသောမြူနှင်းများဖုံးလွှမ်းနေသကဲ့သို့ပင်ထင်မှတ်ရသည်။လူသတ်ခြင်းရောင်ဝါအပြည့်ဖြင့် သူမနောက်သို့ဓားနှင့်အတူလိုက်ဖမ်းလိုက်သည်။ ကြင်နာသနားနှုအား ရန်လိုမှုဖြင့်ပြန်ပေးဆပ်သောဤခွေးမကို သူသတ်ရန်ဆုံးဖြတ်လိုက်သည်။ အဖြူရောင်ဓားရိပ်စီးကြောင်းများကထွက်ပေါ်လာသည်။
ဤအချိန်တွင် ပြင်းထန်သောစွမ်းအင်တစ်ခုက သူ၏နောက်ဘက်မှလာနေသည်ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။ လင်စာနှင့်ယန်ကျုံးတို့ကရှစ်ဖုန့်အား တိုက်ခိုက်ရန်အတူတကွလက်တွဲလိုက်ကြသည်။ ဧရာမအစိမ်းရောင်မီးတောက်လက်ဖဝါးပုံရိပ်နှင့် ဧရာမ လေဆင်နှာမောင်းကြီးတစ်ခုပေါ်လာသည်။
“ချိုးဖျက်စမ်း”
ရှစ်ဖုန့်ကလှည့်ကာ အော်ပြောလိုက်သည်။ တိုက်စားခြင်းတတိယမိစ္ဆမျက်လုံးက ပွင့်လာပြီး ဧရာမလေဆင်နှာမောင်းကြီးထံသို့ တိုက်စားခြင်းမြူပင်လယ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိသွေးနီရောင်မီးတောက်တို့က မီးပင်လယ်တစ်ခုကဲ့သို့ဟုန်းခနဲ့ ပြန့်ကားထွက်ပေါ်လာကာ ဧရာမ အစိမ်းရောင်မီးတောက်လက်ဖဝါးပုံရိပ်ကြီးထံသို့ဦးတည်လိုက်သည်။
“ကျွန်မတောင်းပန်ပါတယ်…
ရှင့်ရဲပါရမီစွမ်းရည်က အရမ်းကိုကြောက်ဖို့ကောင်းတယ်….စီနီယာအကို ကျန်းက သူရှင့်အပေါ်ရှုံးနိမ့်ရတာကိုလက်ခံနိုင်မှာမဟုတ်ဖူး…သူရှင့်ကိုလက်စားချေဖို့အတွက် လာရှာလိမ့်မယ်….ရှင်သေသွားမှသာ စီနီယာအကိုကျန်း အသက်ရှင်နိုင်လိမ့်မယ်..”
တင်းယု၏ကူကယ်ရာမဲ့သော အသံက ရှစ်ဖုန့်၏နောက်မှထွက်ပေါ်လာသည်။
“ကျေးဇူးကန်းတဲ့ခွေးမ..ငရဲကိုလစ်လိုက်တော့”
ရှစ်ဖုန့်ကလှည့်လိုက်ကာ အဖြူရောင်လခြမ်းကွေးသဏ္ဍန်ဓားချီကိုလွှဲယမ်းထုတ်ဖော်လိုက်သည်။ လခြမ်းကွေးသဏ္ဍန်ဓားချီ၏အောက်တွင် တင်းယု၏တိုက်ခိုက်မှုမှာထပ်မံ၍ ဖျက်ဆီးခံလိုက်ရပြန်သည်။ သို့သော်ဓားချီက ရပ်တန့်ခြင်းမရှိပဲ တင်းယုထံသို့ဆက်လက်၍ ကျဆင်းလာသည်။
တင်းယုကအလျှင်အမြန်သူမ၏ဓားအားမြှေုာက်ကာ တားဆီးလိုက်သည်။ သို့သော်လခြမ်းကွေးသဏ္ဍန်ဓားချီ၏ သက်ရောက်မှုအောက်တွင် စွမ်းအားကြီးမားသော အားတစ်ခုက ပါးလျသော ငွေဓားကိုဖြတ်ကျော်ကျရောက်လာသည်။ သူမ၏နုနယ်ကြော့ရှင်းသောကိုယ်လေးမှာ ကြိုးပျက်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်သို့လွင့်ပျံထွက်သွားသည်။
ရှစ်ဖုန့်၏ နောက်တွင်ရှိသော အစိမ်းရောင်မီးတောက်လက်ဖဝါးမှာ သွေးနီရောင်မီးတောက်၏ သက်ရောက်မှုအောက်တွင် ပျောက်ကွယ်သွားသည်။
မီးခိုးရောင်မြူပင်လယ်ကြောင့် ဧရာမလေဆင်နှာမောင်းကြီး၏တစ်ဝက်
ကျော်မှာ တိုက်စားခံလိုက်ရသည်။ ရှစ်ဖုန့်ကလှည့်လိုက်ပြီးနောက် ရုတ်တရက်သူ၏ ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။ ဤခုတ်ပိုင်းမှုအောက်တွင် လေဆင်နှာမောင်းမှာရုတ်ခြည်းဆိုသလိုက်
ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် လေဓားတစ်ခုက ရှစ်ဖုန့်၏ခေါင်းထံသို့ထိုးသွင်းရန်လာနေပြီး အစိမ်းရောင်မီးတောက်လက်သီးတစ်ခုက ရှစ်ဖုန့်၏ ရင်ဘက်ထံသို့ဦးတည်လာနေသည်။ ဓားတစ်ချောင်းနှင့်လက်သီးတစ်လုံး။ လင်စာနှင့်ယန်ကျုံးတို့က ရှစ်ဖုန့်အားနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်
လိုက်ကြသည်။
“လစ်လိုက်စမ်း”
ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။ သွေးနီရောင်ဓားက လေဓားနှင့်အပြင်းအထန်ထိပ်တိုက်ပစ်ဆောင့်မိသည်။ သူလက်ဘယ်လက်အားလက်သီးဆုပ်တစ်ခု
အဖြစ်ဆုပ်လိုက်ပြီး သွေးနီရောင်မီးတောက်တို့ဟုန်းခနဲတောက်လောင်စေကာ အစိမ်းရောင်မီးတောက်လက်သီးနှင့်အပြင်းအထန်ထိပ်တိုက်တွေ့စေလိုက်သည်။
“ဘန်း..ဘန်း”
အတိုက်အခံထိပ်တိုက်တွေ့ဆုံကြသော အားတို့အောက်တွင် ရှစ်ဖုန့်၊ယန်ကျုံးနှင့် လင်စာတို့မှာ အားလုံးနောက်ပြန်ဆုတ်ခွာလိုက်ကြရသည်။ ရှစ်ဖုန့်က ရုတ်တရက်လှည့်လိုက်ကာ ငရဲဘုံဓားဖြင့်ထိုးသွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် တင်းယု၏ ငွေရောင်ဓားပါးလေမှ ငွေရောင်အလင်းတို့တလက်လက်တောက်ပလာသည်။ ငွေရောင်ဓားက သူမ၏လက်အတွင်းမှငွေရောင် ကြယ်ပျံတစ်ခုကဲ့သို့ပျံသန်းထွက်သွားပြီး ဟင်းလင်းပြင်အားထိုးခွင်းကာရှစ်ဖုန့်ထံသို့ပစ်လွှတ်သလိုဦးတည်လာသည်။
“ထန်”
ငရဲဘုံဓားချက်၏ အောက်တွင် ရှစ်ဖုန့်က ငွေရောင်ဓားအား အဝေးသို့ရိုက်ဖယ်ထုတ်လိုက်သည်။၏
ဆက်ရန်…
ဘာသာပြန်သူ-ARISE