အပိုင်း (၂၂၁)
Vol. 15 Ch. 221
ငွေရောင်ဓားအားအဝေးသို့သွေဖယ်ထုတ်
လိုက်ပြီးသည့်နောက် ရှစ်ဖုန့်က ရုတ်တရက်သူ၏ညာခြေထောက်အားမြေပြင်
ပေါ်သို့ ဆောင့်နင်းလိုက်သည်။
“ဘန်း”
မြေပြင်မှာတုန်ဟီးသွားပြီး ရှစ်ဖုန့်၏ကိုယ်က သူ၏ရှေ့တွင်ရှိနေသော တင်းယုထံသို့ဦးတည်လိုက်သည်။ သူ၏ အမူအယာကသာမန်ထက်လွန်ကဲစွာ
အေးစက်နေသည်။ သူ့အနေဖြင့်သူ၏ဘဝတွင်ဤကဲ့သို့ကျေးဇူးကန်းတက်သောလူမျိုးများအားအမုန်ဆုံးဖြစ်သည်။ သူကဤအပျက်မ၏ အသက်ကို ချမ်းသာပေးခဲ့ပြီး ကယ်တင်မှုကိုပင်ပြုလုပ်ပေးခဲ့သည်ဖြစ်သည်။ ဤအပျက်မက သူ၏ကြင်နာသနားမှုအားရန်လိုမှုအဖြစ်တကယ်ကိုပြန်လည်ပေးဆပ်ရဲသည်။ သူမအနေဖြင့်သေဆုံးဖို့ထိုက်
တန်သည်ဖြစ်သည်။ သူမသေကိုသေရမည်ဖြစ်သည်။
ငရဲဘုံကိုးခု ရွေးလျားခြင်းပညာရပ်၏အောက်တွင်ရှစ်ဖုန့်မှာမျက်စိတစ်မှိတ်အတွင်းလိုရာသို့
ရောက်ရှိသွားသည်။ ကြမ်းကြုတ်သောရှစ်ဖုန့်ကလှောင်ချိုင့်အတွင်းမှလွတ်လာသော ကြမ်းကြုတ်ခက်ထန်သည့် သားရဲတစ်ကောင်ကဲ့သို့ တင်းယုအားသူ၏လက်ထဲရှိသွေးဓား
ဖြင့်ထိုးသွင်းလိုက်သည်။
“မဟုတ်ဖူး…မလုပ်နဲ့….”
တင်းယု၏မျက်လုံးတို့မှာပြူးကျယ်နေပြီးသူမ၏လှပသောမျက်နှာထက်တွင် အကြောက်တရားတို့ဖြင့်ပြည့်နှက်နေသည်။သူမအနေဖြင့် ဤဓားချက်၏အံ့ဖွယ်ကောင်းမှုနှင့်ကြောက်မက်ဖွယ်ကောင်းမှုတို့ကို ယခင်က မျက်မြင်ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ ဓားကချဉ်းကပ်လာသကဲ့သို့ သူမ၏နှလုံးသားထဲတွင်လည်း တုန်လှုပ်အံ့အားသင့်မှုများဖြင့်
ပြည့်နှက်နေသည်။ သူမ၏လက်တို့တွင်ငွေရောင်အလင်းများဖြင့်ဖုံးလွှမ်းနေပြီး တော်ပသောငွေရောင်ဒိုင်းကာတစ်ခုပုံစံဖြစ်စေကာ ရှစ်ဖုန့်၏ ထိုးသွင်းချက်ကိုကာဆီးလိုက်သည်။ ယန်ကျုံးနှင့်လင်စာတို့၏တိုက်ခိုက်မှုတို့က မကြာခင်ရောက်ရှိလာပြီးသူမ၏အကျပ်
အတည်းအားဖြေရှင်းပေးနိုင်ရန်တစ်ခုတည်းသာ မျှော်လင့်နေမိသည်။
သွေးဓား၏ အောက်တွင် ငွေရောင်အလင်းဒိုင်းကာမှာ ဖန်ကွဲစများကဲ့သို့ကွဲကြေသွားပြီး ငွေရောင်အစက်အပြောက်အမှုန်များအဖြစ်သို့
ပြောင်းလဲ၍ လေထဲတွင်ကခုန်နေကာ တင်းယု၏လှပသောမျက်နှလေးအားထွန်းလင်းဖော်ပြပေးသလိုဖြစ်နေသည်။ သူမ၏မျက်နှာထက်တွင်အကြောက်တရား
တို့ဖြင့်ပြည့်နှက်နေပြီးသူမက တိုးဖျော့စွာအော်ပြောလိုက်သည်။
“ဟင့်အင်..ကျွန်မကိုမသတ်ပါနဲ့…”
သွေးဓားက ကြမ်းကြုခတ်ထန်စွာဖြင့် တင်းယု၏ရင်ဘက်အတွင်းထိုးဝင်သွားပြီး တိုက်ရိုက်ပင်ထုတ်ချင်းပေါက်သွားကာ သူမ၏နောက်ကျော်ဘက်မှပြန်ထွက်လာသည်။
“ဝေါ့”
တင်းယု၏နုနယ်ကြော့ရှင်းသောကိုယ်လေးက ရှေ့သို့ကိုင်းသွားပြီး ပါးစပ်အပြည့်သွေးတစ်ပွက်ကိုအန်ထုတ်လိုက်သည်။ ထို့နောက်ကြာမြင့်လိုက်ခြင်းပင်မရှိဘဲ သူမကိုယ်အတွင်းရှိသွေးတို့က စတင်ဆူပွက်လာပြီး ဖောက်ပြ၍မရနိုင်သော သက်တောင့်သက်သာမရှိသည့်ခံစားမှုတစ်ခုက သူမတစ်ကိုယ်လုံးဖြတ်သန်းပျံ့နှံ့လာသည်ကို တင်းယုခံစားလိုက်ရသည်။ သူမ၏ကိုယ်အတွင်းတွင်ရှိနေသော သွေးအားလုံးက သူမရင်ဘက်၌စိုက်ဝင်နေသော သွေးဓားအတွင်းသို့ပြောင်းပြန်စီးဝင်သွားပြီး သွေးဓားကိုဖြတ်သန်း၍ သူမရှေ့ရှိရှစ်ဖုန့်၏ လက်အတွင်းသို့ရောက်ရှိသွားကာ ၎င်း၏စုပ်ယူမှုကိုခံလိုက်ရသည်။
တင်းယု၏လှပသောမျက်နှာလေးနှင့်သွယ်
လျကျစ်လျစ်သောခန္ဓာကိုယ်လေးမှာ လျှင်မြန်စွာရှုံတွသွားသည်။ လင်ရွှယ်ဂိုဏ်း၏အလှပဂေးတစ်ယောက်ဖြစ်သူ မျိုးဆက်တစ်ခု၏ပါရမီရှင်
တစ်ယောက်ဖြစ်သူ မှာ မကြာခင်တွင်ရှုံ့တွခြောက်သွေ့လာပြီး
ဖြူဖျော့ဝါကျင့်
သောအလောင်းတစ်ခုဖြစ်သွားခဲ့သည်။
ထို့နောက်ချက်ခြင်းရှစ်ဖုန့်က ခြောက်သွေ့နေသောအလောင်းတန်းလန်းပါနေသည့်သူ၏သွေးဓားကို မြှောက်လိုက်သည်။ သူကရုတ်တရက်လှည့်၍ သူ့နောက်တွင်ရှိသော မြေပြင်အားရိုက်နှက်ချလိုက်သည်။
“ဝုန်း”
မြေပြင်မှ ပြင်းထန်သောပေါက်ကွဲမှုတစ်ခု
ထွက်ပေါ်လာသည်။
အစိမ်းရောင်မီးတောက်များက မြေပြင်တစ်လျှောက်တွင်စတင်၍လောင်ကျွမ်းလာ၏။ ရှစ်ဖုန့်က သူ့ဓားပေါ်ရှိခြောက်သွေ့သော
အလောင်းအားသုံးပြု ကာ မီးတောက်များကို ကွယ်ပျောက်စေလိုက်သည်။
ဤအခိုက်အတန့်တွင် ပြင်းထန်သောလေဆင်နှာမောင်းကြီးကလည်းသိမ်းကျုံးဦးတည်လာသည်။
“ငရဲဘုံခုတ်ပိုင်းချက်”
ရှစ်ဖုန့်ကအော်ပြောလိုက်ပြီးနောက်သူ၏ဓားကိုထပ်မံ၍ လွှဲယမ်းလိုက်သည်။ ဟင်းလင်းပြင်ထဲတွင်ဧရာမ သွေးနီရောင်မီးတောက် ဓားကြီးပေါ်လာပြီး လေဆင်နှာမောင်းထံသို့ပြင်းထန်စွာခုတ်ပိုင်းချလိုက်သည်။
“ဝုန်း”
စွမ်းအားကြီးစွမ်းအင်နှစ်ခုက ရုတ်တရက် အပြင်းအထန် ပစ်ဆောင့်မိကြသည်။
“ဝုန်း..ဝုန်း…ဝုန်း”
“ဝုန်း..ဝုန်း…ဝုန်း”
“ဝုန်း..ဝုန်း…ဝုန်း”
ထို့နောက်တွင်မြေပြင်ကစတင်၍
လှုပ်ခါလာသည်။
“ဘာဖြစ်သွားတာလဲ”
ရှစ်ဖုန့်မှာ ကြီးမားစွာထိတ်လန့်သွားသည်။ မြေအောက်မှနေ၍ သာမန်ထက်များစွာသာလွန်သော စွမ်းအားကြီးစွမ်းအင်အတက်အကျများ
ကလာနေသည်ကို သူခံစားလိုက်ရသည်။
“ဘယ်လိုတောင်စွမ်းအားကြီးလိုက်
တဲ့စွမ်းအင်အတက်အကျမျိုးလဲ..ကျုံးအာ တို့တွေဒီနေရာမှာကြာကြာ
ဆက်နေလို့မရတော့ဘူး”
ထိုအချိန်တွင် ယန်ကျုံး၏ရင်ဘက်ရှေ့တွင်ချိတ်ဆွဲထားသော ကျောက်စိမ်းပြားထံမှ အက်ရှရှအသံတစ်ခုထွက်ပေါ်လာသည်။ အကြွင်းအကျန်ဝိညာဉ်သည်လည်း မြေအောက်မှလာနေသော စွမ်းအားကြီးစွမ်းအင်ကို အာရုံခံမိသည်ဖြစ်သည်။
ဤအချိန်တွင်ရှိနေသောလူတိုင်းမှာ အားကောင်းပြီး အန္တရာဘ်ရှိသောရောင်ဝါတစ်ခုကိုခံစား
ရနိုင်သည်ဖြစ်သည်။ ဖျောင်ရှဂိုဏ်းမှာအခြားသော တပည့်သုံးယောက်လုံးမှာ ကောင်းကင်ထဲသို့ပျံတက်လိုက်သည်။ ယန်ကျုံးနှင့်လင်စာတို့ပင်တိုက်ခိုက်ခြင်းကို လက်လျော့လိုက်ကြပြီးကောင်းကင်ထဲသို့
ပျံတက်လိုက်သည်။
“အထဲကိုပြေးရမယ်”
ရှစ်ဖုန့်မှာမြေပြင်ပေါ်တွင်ရပ်နေဆဲဖြစ်သည်။ သူ၏ဘက်လက်ထဲတွင် ယွဲဝူရွှမ်းသူ့အားပေးထားခဲ့သော သေးငယ်သည့်ကျောက်စိမ်းပုလင်းအား ထုတ်ယူကိုင်ဆောင်ထားပြီး ၎င်းအားသွေးကန်အတွင်းသို့ပစ်ထည့်
လိုက်သည်။ သူ၏ညာလက်ထဲတွင်ရှိနေသောသွေးဓားဖြင့် အဝေးသို့ပျံသန်းထွက်ပြေးရန်ကြိုးစားနေသည့်လင်စာထံသို့ လွှဲယမ်းခုတ်ပိုင်းလိုက်သည်။
လင်စာ၏ခေါင်းထက်တွင် ဧရာမမီးတောက် ဓားချီတစ်ခုကရုတ်တရက်ပေါ်လာပြီး သူ့အားခုတ်ပိုင်းရန်ကျဆင်းလာသည်။
“မင်းရူးနေလား”
လင်စာမှာရှစ်ဖုန့်ကသူ့အားလိုက်ဖမ်းနေသေးဆဲဖြစ်သည်ကိုမြင်ရပြီး အောက်တွင်ရှိနေသောရောင်ဝါကတစ်ဟုန်
ထိုးချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည်။ သူကအလျှင်အမြန်ဒေါသတကြီးအော်ဟစ်လိုက်သည်။ သို့သော်သူ့အနေဖြင့် သူ့ခေါင်းထက်ရှိမီးတောက်ဓားအားခုခံမှု
ကိုပြုလုပ်လိုက်ရလေသည်။
သူက သူ၏လက်ထဲတွင် ဧရာမလေဝဲဓားတစ်ခုကို ဖန်တီးလိုက်ပြီး မီးတောက်ဓားထံသို့တိုက်ရိုက်ပင်ထိုးသွင်း
လိုက်သည်။
ဓားချီနှစ်ခုအပြင်းအထန်ထိပ်တိုက်တွေ့ဆုံ
ပစ်ဆောင့်မိကြပြီး ပျက်ဆီးသွားကြသည်။ ဤအချိန်တွင်ရုတ်တရက်သူ၏ခေါင်းအတွင်းမှ
စူးရှသောနာကျင်မှုကို လင်စာခံစားလိုက်ရသည်။ ရှစ်ဖုန့်ကနောက်တစ်ကြိမ်ထပ်မံ၍ လင်စာအပေါ်တွင်ဝိညာဉ်တိုက်ခိုက်မှုကို
အသုံးပြုခဲ့သည်။
“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်”
“အား”
လင်စာမှာတိုက်ခိုက်ခံရပြီးနောက်ရုတ်ခြည်း
ပင် ငယ်သံပါအောင်အော်ဟစ်လိုက်သည်။ ထိုအချိန်တွင်ရှစ်ဖုန့်မှာလင်စာ၏အထက်သို့ရောက်ရှိနေပြီဖြစ်သည်။ သူ၏တတိယမျက်လုံးမှတိုက်စားခြင်းမြူ
ပင်လယ်တစ်ခုထွက်ပေါ်လာပြီး အောက်ရှိလင်စာထံဦးတည်သွားသည်။ ရှစ်ဖုန့်က သွေးဓားကို လွှဲယမ်းလိုက်ပြီး အဖြူရောင်ဓားရိပ်စီးကြောင်းများအား တိုက်စားခြင်းမြူခိုးတို့နောက်မှလိုက်ပါစေကာ လင်စာထံမုန်တိုင်းတစ်ခုကဲ့သို့ဦးတည်စေလိုက်သည်။
လင်စာကအတင်းအကျပ်အသိပြန်ဝင်အောင်
လုပ်လိုက်သော်လည်း မကြာခင်တွင်သူ၏ ခန္ဓာကိုယ်မှာတိုက်စားခြင်းမီးခိုးရောင်မြူတို့၏လွှမ်းခြုံရစ်ပတ်မှုကို ခံလိုက်ရသည်။ မီးခိုးရောင်မြူအတွင်း၌လင်စာမှာ ရုတ်တရက်သူ၏ခန္ဓာကိုယ်အတွင်းရှိယွမ်ချီတို့က ကုန်ခမ်းလာနေသည်ကို ခံစားမိလိုက်သည်။ သူ၏ခန္ဓာကိုယ်ပင်ယိုယွင်းပျက်စီးတော့မည့်
လက္ခဏာတို့ပြသာလာနေသည်။ ထို့နောက်မကြာခင်သိပ်သည်းသောဓားချီတို့က သူ့ထံသို့ချဉ်းကပ်လာသည်။
“အား”
လင်စာအော်ဟစ်ကြုံးဝါးလိုက်သည်။သူ့ခန္ဓာကိုယ်ဝန်းကျင်တွင်ရှိနေသောလေစီးကြောင်းတို့က လေဝဲတစ်ခုကဲ့သို့ဖြစ်လာသည်။ မျက်စိတစ်မှိတ်အတွင်းလင်စာ၏ကိုယ်မှာ ကောင်းကင်နှင်မြေကြီးအား
ဆက်သွယ်ထားသော ဟာရီကိန်းမုန်တိုင်းတစ်ခုအသွင်
ပြောင်းလဲသွားသည်။ ရုတ်ခြည်းမီးခိုးရောင်မြူတို့အဝေးကိုလွင့်ထွက်သွားကာ သူ့အားလွှမ်းခြုံလာနေသော သိပ်သည်းသည့်အဖြူရောင်ဓားချီတို့က အစိတ်စိတ်အမွှာမွှာကွဲအက်သွားသည်။
သို့သော်ထိုအခိုက်အတန့်တွင် မြေပြင်မှ သွေးနီရောင်အလင်းတန်းကြီးတစ်ခု ပစ်လွှတ်သလိုထွက်လာသည်။ ဤအလင်းတန်းက ဟာရီကိန်းမုန်တိုင်းအဖြစ်ပြောင်းလဲထားသော လင်စာထံသို့တည့်တည့်ပင် တစ်ဟုန်ထိုးတိုးဝင်သွားသည်။
အစောပိုင်းကသဲကြီးမဲကြီးပြင်းထန်နေသော ဟာရီကိန်းမုန်တိုင်းမှာ သွေးနီရောင်အလင်းတန်းထိမှန်သွားသောအခါတွင်ရုတ်ခြည်း ပျောက်ကွယ်သွားကာ ၎င်းအတွင်းမှ လင်စာ၏ပုံရိပ်လှစ်ဟာထွက်ပေါ်လာသည်။ ထိုအချိန်တွင်လင်စာ၏မျက်နှာထက်၌ အလွန်အမင်းတုန်လှုပ်အံ့အားသင့်မှုများ
ဖြင့်ပြည့်နှက်နေသည်။
အဘယ့်ကြောင့်ဆိုသော် ဟာရီကိန်းမုန်တိုင်းကျိုးပျက်သွားသော ထိုအခိုက်အတန့်ကိုအခွင့်ကောင်းယူ၍ သွေးနီရောင်ဓားတစ်ချောင်းကသူ့အားတိုက်ရိုက်ပင်ခုတ်ပိုင်းသွားခြင်းကြောင့်ဖြစ်လေသည်။ ဓား၏ရွေ့လျားမှုနှုန်းကနှေးကွေးပုံရသော်လည်း မျက်စိတစ်မှိတ်အတွင်း ၎င်းက ရုတ်တရကဆိုသလိလင်စား၏
ရင်ဘက်အားထိုးဖောက်သွားသည်။
လင်စာအားထိုးသွင်းပြီးသည့်နောက်ရှစ်ဖုန့်က အောက်သို့ဒေါင်လိုက်အနေအထားဖြင့်တစ်ဟုန်ထိုးထိုးဆင်းလိုက်ကာ လင်စာ၏ကိုယ်အား အောက်ဘက်ရှိသိပ်မဝေးလှသောသွေး
ရေကန်ငယ်ထံသို့ယူလာခဲ့သည်။ ကျောက်စိမ်းပုလင်းငယ်၏စုပ်ယူမှုကို
ခံလိုက်ရပြီးသည့်နောက် သွေးရေကန်ငယ်အတွင်းရှိ သွေးနီရောင်ရေတို့မှာ ကျောက်စိမ်းပုလင်းအတွင်းသို့
ရောက်ရှိသွားခဲ့သည်။ သွေးကန်ငယ်၏ရွှံ့နွံပေါ်တွင်လက်ချောင်းတစ်ချောင်းအရွယ်အစားရှိသော ကျောက်စိမ်းပုလင်းလေးတစ်လုံးသာ ဆိတ်ငြိမ်စွာဖြင့်လဲနေ၏။
“ဟင့်အင်း ..မဟုတ်ဖူး..ငါ့ကိုမသတ်ပါနဲ့….အဲ့တာထက်ငါတို့ကြားမှာလည်း ကြီးမားတဲ့ ရန်လိုမှုတွေရှိတာမှမဟုတ်တာ အစကတည်းက ငါက မင်းရဲ့အစစ်အမှန်ကျင့်ကြ့မှုနယ်ပယ်ကို စမ်းသပ်ချင်ရုံပါ….အဲ့ထက်ပိုတာက ငါက ဖျောင်ရှဂိုဏ်းရဲ့ ပါရမီရှင်တပည့်တစ်ယောက်နော်…. ငါ့ရဲဂျူနီယာညီသုံးယောက်ကလွတ်သွားပြီ ငါသာသေရင်…ငါ့ကိုသတ်တဲ့သူက မင်းဆိုတာကို သူတို့ အလိုအလျောက်သိသွားမှာပဲ…အဲ့အချိန်ကျ ဖျောင်ရှဂိုဏ်းကသာအဲ့တာကိုသိသွားရင် သူတို့မင်းသေတဲ့အထိမင်းကိုအမဲလိုက်
လိမ့်မယ်”
ရင်ဘက်တွင်ဓားတန်းလန်းထိုးသွင်းခံရရင်းဖြင့်ရှစ်ဖုန့်၏သယ်ဆောင်လာခြင်းကိုခံရသော
လင်စာကရှစ်ဖုန့်ကို ပြောလိုက်သည်။သူ၏လေသံ၌ တောင်းပန်မှုနှင့်ခြိမ်းခြောက်မှုတို့နှစ်မျိုးလုံး
ပါဝင်နေသည်။
လင်စာ၏စကားတို့အားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်၏နှုတ်ခမ်းတို့ကတွန့်ကွေးသွား
ပြီးအေးစက်စွာပြုံးလိုက်သည်။ သူကပြောလိုက်သည်။
“ဒီတော့မင်းက ဖျောင်ရှဆိုတဲ့ဂိုဏ်းကပေါ့”
“ဟုတ်တယ်…ငါကဖျောင်ရှဂိုဏ်းရဲ့
ဘိုးဘေးနယ်ပယ်အဆင့် ပါရမီရှင်တပည့်တစ်ယောက်…..”
လင်စာ၏စကားတစ်ဝက်အရောက်တွင်ရှိသေးသည် ရှစ်ဖုန့် သူ့ကိုယ်အတွင်းသို့စိုက်ဝင်နေသော
သွေးဓားအားရုတ်တရက်ထိုးလှည့်လိုက်သည်။
“အား”
အသည်းခိုက်မတတ်နာကျင်မှုကလင်စာ
အားဝက်တစ်ကောင်အသတ်ခံရလျှင်
အော်သကဲ့သို့
အော်ဟစ်သွားစေသည်။ ထို့နောက်တွင် လင်စာမှာ သူ့ကိုယ်အတွင်းရှိသွေးတို့က ဆူပွက်လာပြီး ပြောင်းပြန်စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။ ၎င်းကသူ၏နှလုံးမှတစ်ဆင့်သွေးဓားအတွင်း
သို့ဖြတ်သန်းစီးဝင်သွားပြီးနောက် သွေးဓားမှတစ်ဆင့်ရှစ်ဖုန့်၏လက်အတွင်း
သို့ဖြတ်သန်းရောက်ရှိသွားသည်။
တင်းယုကဲ့သို့ပင် လင်စာ၏ကိုယ်မှာလည်း လျှင်မြန်စွာရှံ့တွသွားပြီး ဖြူဖတ်ဖြူရော်ဝါကျင့်ကျင့်ရှုံ့တွခြောက်သွေ့
သောအလောင်းကောင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။
ဖျောင်ရှဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ယောက်ဖြစ်သူ ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူ လင်စာမှာ ကျဆုံးသွားခဲ့ရပြီဖြစ်လေသည်။
ထိုအချိန်တွင် စပါးအုံးမြွေတစ်ကောင်အရွယ်အစားရှိသည့် သွေးနီရောင်နွယ်ပင်တစ်ခုက မြေကြီးအတွင်းမှထိုးထွက်လာပြီး ရှစ်ဖုန့်ထံသို့တည့်တည့်ပင်ပစ်လွှတ်
သလိုဦးတည်လာသည်။
ဆက်ရန်…..
ဘာသာပြန်သူ -ARISE