← Chapters

အပိုင်း (၂၂၂)

Vol. 15 Ch. 222

အပိုင်း (၂၂၂)

Vol. 15 Ch. 222

ရှစ်ဖုန့်သည်လည်းလာနေ

သောသွေးရောင်နွယ်ပင်အား အာရုံခံနိုင်သည်ဖြစ်သည်။ထိုစွမ်းအားမှာသူပင်ခုခံနိုင်စွမ်းမရှိသည့်စွမ်းအားမျိုးဖြစ်လေသည်။  သူကအလျှင်အမြန်ရှေ့သို့ရွေ့လျားလိုက်ပြီး၎င်းကို ရှောင်တိမ်းလိုက်သည်။ သွေးရောင်နွယ်ပင်က လေထဲတွင်ရှစ်ဖုန့်ချန်ထားရစ်ခဲ့သော ပုံရိပ်နှင့် လင်စာ၏ရှုံ့တွနေသောအလောင်းအား ဖြတ်ကျော်သွားသည်။

ထို့နောက်ချက်ခြင်း  မြေပြင်မှာပြင်းထန်သော တုန်ဟီးသည်များ အတွဲလိုက်ပဲ့တင်ထွက်ပေါ်လာသည်။ ထူထပ်သိပ်သည်းသော သွေးရောင်နွယ်ပင်များက မြေကြီးထဲမှ အဆက်မပြတ်တိုးထွက်လာသည်။ တစ်ချိန်တည်းတွင် ရေသည်ပုံးတစ်ပုံးစာ အရွယ်အစားရှိသည့် သွေးရောင်အလင်းတိုင်လုံးများကကောင်းကင်ထဲသို့တလိပ်လိပ်မြင့်တက်လာလေသည်။

ရှစ်ဖုန့်ကသဲသဲမဲမဲဦးတည်လာနေသော  သွေးရောင်နွယ်ပင် တိုင်လုံးများနှင့် နွယ်ပင်များကို ရှောင်တိမ်းလိုက်သည်။

သွေးနီရောင်တိုင်းလုံများအားရှောင်တိမ်းခြင်းကအဆင်ပြေသော်လည်း  သိပ်သည်းသော သွေးနီရောင်နွယ်ပင်များကတော့  သူတို့၏မျက်လုံးများအားဖွင့်ထားသလိုပင်ထင်မှတ်ရသည်ဖြစ်သည်။၎င်းတို့ကသွေးရူးသွေးတမ်းကခုန်ရင်းရှစ်ဖုန့်၏နောက်သို့လိုက်

ဖမ်းနေကြသည်။ ရှစ်ဖုန့်တွင်သွေးရောင်နွယ်ပင်များနှင့် ထိရိုက်မိလုနီးပါးဖြစ်ရသည့်အကြိမ်

ပေါင်းများစွာရှိခဲ့သည်။

ထိုအချိန်တွင်  နောက်ဆုံး၌ရှစ်ဖုန့်မှာ  သွေးနီရောင်နွံအိုင်အတွင်းသို့ရောက်ရှိ

သွားခဲ့သည်။သူကသွေးရောင်နွံအိုင်ငယ်အတွင်းရှိကျောက်စိမ်းပုလင်းငယ်ကို ကောက်ယူလိုက်ပြီး လျှင်မြန်စွာကောင်းကင်ထဲသို့

ပျံတက်လိုက်သည်။

“ဂါး”

ထိုအခိုက်အတန့်တွင် သားရဲတစ်ကောင်း၏ ဟိန်းဟောက်သံက နေရာဒေသတစ်ခုလုံးအားဖြတ်သန်း၍ ပဲ့တင်ထွက်ပေါ်လာသည်။ ၎င်းမှာ သေးငယ်သော သွေးနီရောင် တောင်ငယ်လေးတစ်လုံးက သွေးနီရောင်တောအုပ်ထဲရှိမြေပြင်မှ မြင့်တက်ပေါ်လာသကဲ့သို့ပင်ဖြစ်လေသည်။ ဧရာမသွေးနီရောင်သစ်ပင်များမှာတစ်ခုပြီးတစ်ခုပြိုလဲကျကုန်သည်။ မကြာခင်တွင် ဧရာမအနီရောင်သက်ရှိကြီးတစ်ကောင်က ၎င်း၏အသွင်အပြင်အား

ထုတ်ဖော်ပြသလာခဲ့သည်။

၎င်းမှာ တောင်ငယ်လေးတစ်ခုကဲ့သို့မြင့်မားသော သွေးရောင်သက်ရှိတစ်ကောင်ပင်ဖြစ်သည်။ ၎င်း၏ကျောပေါ်၌ ထူထဲပြီးရှည်လျားသော သွေးရောင်နွယ်ပင် သောင်းဂဏန်းခန့်ဖုံးလွှမ်းနေသည်။ ၎င်း၏ ခန္ဓာကိုယ်တွင်လည်း သွေးရောင်မျက်လုံးများဖုံးကာနေပြီး မီးအိမ်များကဲ့သို့ပင်ထင်မှတ်ရသည်ဖြစ်သည်။ ၎င်းတို့က သိပ်သည်းသောသွေးရောင်

ရောင်ခြည်တန်းများကို ပစ်လွှတ်လေသည်။ ထိုသက်ရှိရှိရာအလယ်ဗဟိုရှိ သွေးရောင်သစ်ပင်များမှာ တစ်ခုပြီးတစ်ခုပြိုလဲ၍ကျကုန်သည်။ သွေးရောင်အလင်းက ဟင်းလင်းပြင်ကိုဖြတ်သန်း၍ဆက်

လက်ဦးတည်လာနေ၏။

ဤအချိန်တွင်သွေးနီရောင်သက်ရှိပေါ်

ရှိသွေးနီရောင်မျက်လုံးများက ဟင်းလင်းပြင်ထဲတွင်ရှိနေသောအနက်ရောင်ပုံရိပ်အားအာရုံစူးစိုက်ထားကြသည်။ ထို့နောက် သောင်းဂဏန်းများစွာသောမျက်လုံးများက သေွးနီရောင်အလင်းရောင်ခြည်တန်းများအား ပစ်လွှတ်လိုက်ကြသည်။ သိပ်သည်းထူထပ်သော ရောင်ခြည်အလင်းတန်းများက သွေးနီရောင်ခန်းဆီးအသွင်ပုံပေါ်သွားပြီး ဟင်းလင်းပြင်ထဲတွင်ရှိနေသော အနက်ရောင်အရိပ်အားလျှင်မြန်စွာဖုံးကွယ်ပိတ်ဆို့သွားသည်။

ထွက်ပြေးနေသောရှစ်ဖုန့်မှာသူ၏နောက်ဘက်ရှိ စွမ်းအားကြီးသောစွမ်းအင်အတက်အကျများစွာကို ခံစားမိလိုက်သည်။  သူရုတ်တရက်လှည့်လိုက်သောအခါတွင် ဧရာမသွေးနီရောင်ခန်းဆီးကြီးတစ်ခုကသူ့အားဖုံးလွှမ်းရန်လာနေသည်ကို သူတွေ့လိုက်ရသည်။ သူ၏မျက်လုံးများပြူးကျယ်သွားရပြီးသူ၏မျက်နှာထက်တွင်ထိတ်လန့်မှုများဖြင့်

ပြည့်နှက်နေသည်။

“သောက်ချီးပဲ”

ရှစ်ဖုန့် ကျိန်ဆဲလိုက်ကာ ရုတ်တရက်လှည့်လိုက်သည်။ သူ၏ကိုယ်မှာ  နောက်ပြန်ပျံသန်းနေသေးဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် သွေးနီရောင်မီးတောက်များက သူ့အားကာကွယ်ရန် ရှစ်ဖုန့်၏ကိုယ်မှဟုန်းခနဲထွက်ပေါ်လာသည်။ တိုင်စားခြင်းမီးခိုးရောင်မြူများကလည်း သူ၏ကိုယ်မှလှိုင်းတံပိုးကဲ့သို့ထွက်ပေါ်လာသည်။သူ့လက်ထဲတွင်ရှိနေသောသွေးဓားတွင်လည်း မီးတောက်တို့ဟုန်းခနဲတောက်လောင်နေသည်။ အဖြူရောင်လျှပ်စီးကြောင်းအမျှင်လေးများက သွေးနီရောင်မီးတောက်ထဲတွင်ပြေး

လွှားနေကြသည်။

မျက်စိတစ်မှိတ်အတွင်း  သွေးနီရောင်ခန်းဆီးက ရှစ်ဖုန့်ထံသို့သိမ်းကျုံးဦးတည်လာသည်။ သွေးနီရောင်ခန်းဆီး၏အောက်တွင်

တိုက်စားခြင်းမြူများမှာ လာသဲလွန်စမှပင်ကျန်ရစ်နေခြင်းမှရှိပဲ လျှင်မြန်စွာပျောက်ကွယ်သွားသည်။ ထို့နောက်တွင် သွေးနီရောင်ခန်းဆီးက  နောက်ပြန်ပျံသန်းနေသည့် ရှစ်ဖုန့်၏အမြန်နှုန်းအားလိုက်မှီလာသည်။ သူ၏ တစ်ကိုယ်လုံးအား သွေးနီရောင်အလင်းခန်းဆီး၏ရိုက်နှက်

ခြင်းခံလိုက်ရသည်။

“အား..”

ရှစ်ဖုန့်ကနာကျင်စွာအော်ဟစ်လိုက်သည်။ သွေးနီရောင်အလင်းခန်းဆီးထဲတွင် သူ၏တစ်ကိုယ်လုံးမှာ အပိုင်းပိုင်းခြေမွခံရတော့မည်သကဲ့သို့ဖြစ်

နေသည်။သူ၏တစ်ကိုယ်လုံးတွင်ရှိနေသော သွေးနီရောင်မီးတောက်တို့မှာ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ သူက ကုသရေးဆေးလုံးလက်တစ်ဆုပ်ကို သူ၏လက်ဖြင်ဆုပ်ယူလိုက်ပြီး  ပါးစပ်အတွင်းသို့ပြင်းပြင်းထန်ထန်

ဖိသိပ်ထိုးထည့်လိုက်သည်။

“ငရဲဘုံကိုးခု ဧကရာဇ်က ဖျက်ဆီးမခံရနိုင်ဘူးကွ…. အမြဲထာဝရတည်ရှိနေမှာ”

သူ၏အဝတ်များက အပိုင်းပိုင်းဆုတ်ပြဲသွားပြီဖြစ်ပြီး သူ၏အသားများပင် သက်ရောက်မှုကြောင့်ဆုတ်ပြဲနေပြီဖြစ်သည်။  သွေးများကတစ်စက်စက်ကျဆင်းနေပြီး သူ၏အသားများက ဆိုးရွားစွာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ သူ၏အရိုးများပင် ပေါ်လာခဲ့သည်ဖြစ်သည်။ သူ၏အသားတို့အား အစောပိုင်းက ငရဲဘုံကိုးခု ပညာရပ်ဖြင့်ကုသခဲ့သော်လည်း ၎င်းတို့မှာ သက်ရောက်အားကြောင့်ထပ်မံ၍ ကွဲအက်လာသည်။ ရှစ်ဖုန့်မှာသူ၏အံကိုကြိတ်၍ အသည်းခိုက်မတက်နာကျင်မှုအား တောင့်ခံနေ၏။ ထို့ကြောင့်လည်းသူသေဆုံးခြင်း

မရှိသေးခြင်းဖြစ်သည်။

“အား…ငါကဖျက်ဆီးလို့မရနိုင်ဘူးကွ”

ရှစ်ဖုန့်ကထပ်မံ၍အော်ဟစ်လိုက်ပြီး သူ၏စိတ်အား အသည်းခိုက်မတက်နာကျင်မှုအောက်၌ အတင်းအကျပ်နိုးကြားနေစေသည်။ သူသာမေ့မျောသွားပါက အရာအားလုံးအဆုံးသတ်သွားလိမ့်

မည်ဖြစ်သည်။

သူ၏ဆိုးရွားစွာရုပ်ပျက်ဆင်းပျက်ဖြစ်

နေသောခန္ဓာကိုယ်က  သွေးနီရောင်အလင်းခန်းဆီး၏

ပြင်းထန်သောစွမ်းအင်ရိုက်ခတ်ထိမှန်မှုကို  ခံနေရဆဲဖြစ်သည်။ လွန်စွာပြင်းထန်သောနာကျင်မှုအောက်တွင်  ရှစ်ဖုန့်မှာသူ့အနေဖြင့် အံကိုမည်မျှကြာအောင်ကြိိတ်ခဲ့ရပြီး  ဘယ်လောက်အထိလွင့်ပျံထွက်သွားခဲ့ရသည်ကို ပင်မသိတော့ချေ။သူသွေးနီရောင်

အလင်းခန်းဆီး၏ အောက်မှလွတ်ထွက်လာသည်ကို အာရုံခံမိသောအခါတွင် ရှစ်ဖုန့်မှာသူ၏တစ်ကိုယ်လုံးပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ရုတ်တရက်သူ၏အသိမှာ သူ၏ဦးနှောက်ထဲမှ ဒီရေကဲ့သို့ဆုတ်ခွာသွားလေသည်။ သူ၏ဆိုးရွားစွာရုပ်ပျက်

ဆင်းပျက်ဖြစ်နေသော ကိုယ်မှာ မြေပြင်ပေါ်သို့အရှိန်အဟုန်ဖြင့်

ကျဆင်းသွားသည်။

“ဘန်း”

သူကသိပ်သည်းသောသွေးနီရောင်တောအုပ်တစ်ခုအတွင်းသို့ကျဆင်းသွားသည်။

……………………………………

“အား”

သွေးနီရောင်တောအုပ်အတွင်းတွင် မိန်းကလေးတစ်ယောက်၏ငယ်သံပါအောင်

အော်ဟစ်သောအသံကရုတ်တရက် ထွက်ပေါ်လာသည်။

အသက်ဆယ့်ခုနှစ်နှစ်ဆယ့်ရှစ်နှစ်ခန့်အရွယ်

ရှိသော အနီရောင်ကို ဆင်မြန်းထားသည့် လှပသောမိန်းကလေးတစ်ယောက်က သွေးနီရောင်တောအုပ်အတွင်းတွင်

လျှောက်လှမ်းနေခဲ့သည်။

ရုတ်တရက် သွေးနီရောင်အရာတစ်ခုက ကောင်းကင်မှကျဆင်းလာကာ  သူမရှေ့ခြောက်ထောက်တည့်တည့်သို့

သက်ဆင်းလာသည်ကို တွေ့လိုက်ရသည်။

မိန်းကလေးက ခေါင်းငုံ့၍

သွေးနီရောင်အရာကို ကြည့်လိုက်သည်။ သူမငယ်သံပါအောင်အော်ဟစ်လိုက်ပြီး နောက်သို့ခြေလှမ်းအနည်းငယ်

ဆုတ်ခွာလိုက်သည်။ သူမ၏ ကိုယ်အားထိန်းညှိနိုင်မှု ဆုံးရှုံးသွားရပြီး မြေပြင်ပေါ်သို့လဲကျသွားသည်။

“ဘာဖြစ်လို့လဲ ဂျူနီယာညီမလေး”

ထိုအချိန်တွင် မိန်းမငယ်လေးနှင့်သိပ်မဝေးလှသော နေရာမှ နှစ်လိုဖွယ်ကောင်းသောအသံတစ်ခု

ထွက်ပေါ်လာသည်။  ထို့နောက်တွင်အသက်နှစ််ဆယ်ခန့်ရှိကာ

လှပသောမျက်နှာလေးနှင့်

အနီရောင်အဝတ်အစားတို့ကို ဝတ်ဆင်ထားသော   အနည်းငယ်အသက်ပိုကြီးပုံရသောအမျိုးသမီးက တောအုပ်နောက်ထဲမှထွက်လာကာ သူတို့ထံသို့လျှောက်လှမ်းလာသည်။

“စီ…စီနီယာ..စီနီယာမမ….သ..သရဲ…”

မိန်းကလေးကသူမ၏ ရှေ့တွင်ရှိနေသော သွေးရောင်အရာကို ညွှန်ပြ၍ တုန်ယင်သောအသံဖြင့်ပြောလိုက်သည်။

“ကောင်မလေး….သရဲတစ္ဆေတွေနဲ့ပက်သက်ပြီးဘာများကြောက်စရာရှိလို့လဲ…မမတအောက်လမ်းဂိုဏ်းကနေသရဲတစ္ဆေတွေပျိုးထောင်တာကို ညီမလေးမြင်ဖူးနေတာပဲကို”

အမျိုးသမီးက မိန်းကလေးထံသို့စကားပြောရင်းဆက်လက်လျှောက်လှမ်းလာသည်။ မကြာခင်သူမကမြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်နေသော ကောင်းမလေးဘေးသို့ရောက်လာခဲ့သည်။ ကောင်မလေးညွှန်ပြသောလက်ညှိုးနောက်သို့လိုက်ပါ၍ သွေးရောင်အရာကို တွေ့လိုက်ရသည်။

ထိုအရာအားမြင်တွေ့လိုက်ရသောအခါတွင်  အမျိုးသမီးမှာ ချက်ချင်းပင် လေအေးတို့ကိုတစ်ချက်ရှူသွင်းလိုက်မိသည်။ ဤအရာမှာတကယ့်ကို ထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းသည်ဖြစ်သည်။ထို့နောက်တွင်အမျိုးသမီးက ဆိုးရွားစွာရုပ်ပျက်ဆင်းပျက်ဖြစ်နေသော  လက်ထံသို့အကြည့်တို့ကိုရွှေ့လိုက်သည်။ ၎င်းက သွေးရောင်ဓားတစ်ချောင်းကိုကိုင်ဆောင်ထားသည်ဖြစ်သည်။

“ကောင်မလေး…ဒါကလူတစ်ယောက်ပဲ….သူဘာဖြစ်ခဲ့တာလဲဆိုတာကိုမမမသိဘူး…သူဒီလိုထိခိုက်ဒဏ်ရာတွေကို ဘယ်လိုရလာတာများလဲ”

အနီရောင်နှင့်အမျိုးသမီးကစကားပြောရင်း သွေးရောင်အရာထံသို့လျှောက်သွားလိုက်သည်။ သူမကဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အသက်ရှူမရှူစစ်ဆေးရန်အတွက်လက်ကိုဆန့်ထုတ်လိုက်သည်။

“သူအသက်ရှူနေသေးတယ်…

ဂျူနီယာညီမလေး….

မမကိုကုသရေးသက်စောင့်ဆေးျပေးအုံး”

အနီရောင်ဝတ်မိန်းမပျိုက ခေါင်းလှည့်၍  ကောင်မလေးကိုပြောလိုက်သည်။

“အား..စီနီယာအမ..အဲ့တာလူလား”

ကောင်မလေးက စီနီယာအမဖြစ်သူ၏  စကားတို့အားကြားလိုက်ရသောအခါတွင်  သူမ၏ချစ်စဖွယ်ကောင်းသောမျက်နှာထက်၌  အံ့အားသင့်သွားသော အမူအယာတစ်ခုပေါ်လာသည်။ ထို့နောက်တွင်သူမက မြေပြင်ပေါ်မှ တွားသွားထလိုက်ကာ  သူမ၏ဖင်လုံးလေးအား လက်နှစ်ဖက်ဖြင့်ရိုက်ပုတ်ခါလိုက်ပြီး ရှေ့သို့လျှောက်လာလိုက်သည်။ သူမ၏စီနီယာအမဖြစ်သူအနားသို့ရောက်သည့်အချိန်တွင်  သူမ၏သိုလှောင်လက်စွပ်အတွင်းမှကျေက်စိမ်းပုလင်းတစ်ပုလင်းကိုထုတ်ယူပြီး  လက်လွဲပေးလိုက်သည်။

အနီရောင်နှင့်အမျိုးသမီးက ကျောက်စိမ်းပုလင်းကိုယူလိုက်ပြီး အနီရောင်သက်စောင့်ဆေးတစ်ခုကိုသွန်ထုတ်ယူလိုက်သည်။ သူမကဆောင့်ကြောင့်ထိုင်၍ သွေးရောင်အရာအားတိုက်ကျွေးလိုက်သည်။

“ဂျူနီယာညီမလေး..ရေပေးအုံး”

အနီရောင်နှင့်အမျိုးသမီးကပြောလိုက်သည်။

“အိုး.ကောင်းပြီ စီနီယာအမ”

အနီရောင်နှင့်ကောင်မလေးက ခေါင်းညိမ့်ပြကာ သူမ၏သိုလှောင်လက်စွပ်အတွင်းမှ ရေတစ်ပုလင်းကိုထုတ်ယူလိုက်သည်။

အနီရောင်အမျိုးသမီးက လှမ်းယူလိုက်ပြီး  သွေးရောင်အရာ၏ပါးစပ်ထဲသို့လောင်းထည့်ပေးလိုက်သည်။

“စီနီယာအမ…သူကဒီအခြေအနေတောင်

ရောက်နေတာ ကယ်လို့ရနိုင်ပါအုံးမလား”

အနီရောင်နှင့်မိန်းကလေးက  ခေါင်းလှည့်၍ သူမ၏စီနီယာအမဖြစ်သူကို မေးလိုက်သည်။

“ဒါက ..တို့တွေအခွင့်အခါကြုံလို့တွေ့ဆုံကြတာ …တို့တွေအကောင်းဆုံးလုပ်ဆောင်ခဲ့ပြီးပြီ….သူရှင်တာဖြစ်ဖြစ်သေဆုံးသွားတာဖြစ်ဖြစ်အဲ့တာကတော့ သူ့ရဲ့ကံတရားပေါ်မှာပဲမူတည်တယ်”

အနီရောင်နှင့်အမျိုးသမီးကပြောလိုက်သည်။

“ဒါဆိုရင် …ညီမလေးတို့ဒီအတိုင်းလစ်လျူရှုထားလိုက်လို့မရဘူး… ညီမလေးတို့တွေ ရှေ့မှာ နတ်ဆိုးသားရဲအချို့နဲ့မမျှော်လင့်ပဲ ပက်ပင်းကြုံတွေ့ခဲ့ပြီးပြီ… ညီမလေးတို့သာဒီအတိုင်းပစ်ထားခဲ့လိုက်လို့ အကယ်၍ နတ်ဆိုးသားရဲတွေဒီနေရာကိုပြေးလာပြီးတော့ သူ့ကို စားသွားရင် ဘယ်လိုလုပ်မလဲ…”

ချစ်စဖွယ်ကောင်းသော အနီရောင်ဝတ်ကောင်မလေးက  သွေးရောင်အရာကို ကြည့်၍  စိုးရိမ်သောအမူအယာဖြင့်ပြောလိုက်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters