← Chapters

အပိုင်း (၂၂၃)

Vol. 15 Ch. 223

အပိုင်း (၂၂၃)

Vol. 15 Ch. 223

ချစ်စဖွယ်ကောင်းသော အနီရောင်အဝတ်အစားဖြင့်ကောင်မလေးက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော သွေးနီရောင်အရာအား  စိုးရိမ်သော အမူအယာဖြင့် ကြည့်လိုက်သည်။  ထိုအချိန်တွင် သူမ၏ အနီရောင်ဝတ်စီနီယာအမက မော့ကြည့်၍ပြောလိုက်သည်။

“တို့တွေဘာလို့သူ့ကို သစ်ပင်ပေါ်မှာ မထားရတာလဲ”

“အဲ့လိုလုပ်လို့မရဘူးစီနီယာအမ…သွေးနံ့က အရမ်းကိုပြင်းတယ်…..ညီမလေးတို့သာ သူ့ကိုသစ်ပင်ပေါ်မှာထားလိုက်ရင်  နတ်ဆိုးသားရဲတွေက အဲ့တာကို အနံ့ခံနိုင်မှာပဲ…  အဲ့အချိန်ကျရင်သူတို့တွေက သစ်ပင်ပေါ်ကို ကုတ်တက်ပြီးတော့သူ့ကို စားလိမ့်မယ်…”

အနီရောင်နှင့်ကောင်မလေးက စိတ်ပူနေဆဲဖြစ်သည်။

ကောင်မလေး၏စကားအားကြားလိုက်ရသောအခါတွင် အနီရောင်နှင့်အမျိုးသမီးကပြုံး၍

ပြောလိုက်သည်။

“လူတိုင်းက မမတို့ရဲ့အောက်လမ်းတစ္ဆေဂိုဏ်းက မိစ္ဆာဂိုဏ်းတစ်ခုလို့ပြောကြတယ်….ဘယ်လိုဖြစ်ပြီးတော့ အဲ့လိုဂိုဏ်းမှာညီမလေးလို ကြင်နာတတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ်လာခဲ့ရတာလဲ”

“စီနီယာအမ…ညီမလေးတို့က အောက်လမ်းတစ္ဆေဂိုဏ်းကဖြစ်တာနဲ့ လူတစ်ယောက်ကို ကယ်တာဘာဖြစ်မှာမို့လဲ….ဆရာကလည်း အောက်လမ်းတစ္ဆေဂိုဏ်းကပဲ…

ညီမလေးတို့ငယ်ငယ်တုံးက ဆရာကပဲ ညီမလေးတို့ကို ကယ်တင်ခဲ့တာမဟုတ်ဖူးလား….ဆရာသာ အသက်ရှင်နေသေးရင် သူလည်းသေချာပေါက် ဒါကို လုပ်ဖို့အတွက်တိုက်တွန်းကူညီမှာပဲ…”

အနီရောင်ဝတ်ကောင်မလေးက ပြောလိုက်သည်။

“ဟုတ်တယ်….တို့တွေကိုလည်းဆရာကကယ်တင်ခဲ့တာ”

အနီရောင်ဝတ်ကောင်မလေး၏စကားအားကြားလိုက်ရသောအခါတွင်  အနီရောင်စီနီယာအမဖြစ်သူ၏စိတ်ထဲ၌ အနည်းငယ်ခါးကိုင်းနေသော ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ ထိုကြင်နာတတ်သော အိုမင်းသည့်မျက်နှာတစ်ခု က ကံမကောင်းစွာဖြင့် ထိုတရားမျှတမှုမြတ်နိုးသူဟုခေါ်ကြသောဂိုဏ်းများကြောင့်……..

“ဘယ်သူလဲ….ထွက်လာခဲ့..”

ထိုအချိန်တွင်အနီရောင်ဝတ်စီနီယာအမဖြစ်သူက ရုတ်တရက်လှည့်လိုက်ပြီး သိပ်သည်းသောသွေးနီရောင်

တောအုပ်၏နောက်ကွယ်သို့ အော်ပြောလိုက်သည်။

“ဟားဟား….ငါမကောင်းဆုံးပုံးကွယ်နေခဲ့ပေမဲ့လည်း  အဆုံးသတ်မှာ  အလှပဂေးလေး ဟုန်ယွဲ့က ငါ့ကိုရှာတွေ့ခဲ့မယ်လို့ငါမထင်ထားမိခဲ့ဘူး..ဒါက အချစ်ရဲ့စွမ်းအားကြောင့်လည်းဖြစ်ကောင်း

ဖြစ်နေနိုင်တယ်… “

ကြီးမားသော သွေးရောင်သစ်ပင်ကြီး၏နောက်ကွယ်မှ သပ်ရပ်ကျော့မော့သောအဖြူရောင်ဝတ်စုံကို

ဆင်မြန်းထားသည့် သခင်လေးတစ်ယောက်လျှောက်လှမ်းထွက်လာသည်။ သူက သူ၏လက်အတွင်းရှိစက္ကူယပ်တောင်

အားပေါ့ပေါ့ပါးပါးပင်ဝေ့ယမ်းနေသည်။ ယပ်တောင်၏မျက်နှာပြင်ပေါ်တွင် အရိုးဖြူပုံရိပ်တစ်ခုရှိသည်။

“ဒီတော့  ဒါက….အရိုးဖြူဂိုဏ်းရဲ့ သခင်လေး ဝူစန်းကိုး…. ကျွန်မတို့နောက်ကို ရှင်ဘာရည်ရွယ်ချက်ရှိလို့လိုက်လာရတာလဲ”

အနီရောင်ဝတ်စီနီယာအမဖြစ်သူဟုန်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူမက လေးနက်ပြီးသတိဝီရိယရှိသောအမူအယာဖြင့် အရိုးဖြူယပ်တောင်အား ဝေ့ယမ်းနေသည့် သခင်လေးဝူစန်းကိုကြည့်လိုက်သည်။

“ဟားဟား…”

အနီရောင်ဝတ်အမျိုးသမီး၏ စကားအားကြားလိုက်ရသောအခါ တွင်  သခင်လေး ဝူစန်းက ပြုံး၍ ပြောလိုက်သည်။

“အလှလေးဟုန်ယွဲ့က ကျုပ်ရဲ့ ရည်ရွယ်ချက်တွေကို ဖောက်မမြင်နိုင်ဘူးဆိုတာဖြစ်နိုင်ပါ့မလား”

သခင်လေးဝူစန်းကစကားပြောရင်း  ဟုန်ယွဲ့ဘေး၌ရှိနေသည့်ကောင်မလေးအား တဏှာရာဂစိတ်အပြည့်ဖြင့် ကြည့်လိုက်ပြီးပြောလိုက်သည်။

“မင်းတို့တွေနဲ့နှစ်အနည်းငယ်လောက်လေးမတွေ့ရတဲ့နောက်မှာ စံပယ်လေးအနေနဲ့  အရမ်းထွားလာလိမ့်မယ်လိုငါမထင်ထားခဲ့မိဘူး…မင်းကတကယ့်ကိုလှပတဲ့ ပန်းနီလေးတစ်ပွင့်ပဲကွာ…မင်းက လူတွေကို သည်းမခံနိုင်အောင်လုပ်ရုံတင်မကဘူး….

ခူးဆွတ်ချင်စိတ်တွေပါပေါက်

အောင်လုပ်နိုင်တာပဲ”

မိန်းကလေးနှစ်ယောက်မှာ အစကတည်းက ဤလူ၏ဖောက်လွဲဖောက်ပြန်ရည်ရွယ်ချက်များနှင့် သူ့မျက်နှာထက်ရှိ စက်ဆုပ်ဖွယ်ဖောက်လွဲဖောက်ပြန်အကြည့်တို့အား  မြင်တွေ့ခဲ့ပြီးဖြစ်လေသည်။  ဟုန်ယွဲ့၏လက်ထဲတွင်ဓားရှည်တစ်ချောင်းပေါ်လာသည်။  သူမက ၎င်းဖြင့်ရှေ့သို့ထိုးညွှန်လိုက်ပြီးနောက် သူမ၏ဂျူနီယာညီမဖြစ်သူစံပယ်လေးအား ပြောလိုက်သည်။

“ဂျူနီယာညီမလေး မြန်မြန်ဒီကနေထွက်သွားတော့”

“ဟင့်အင်း..စီနီယာအမ…

ဘယ်လိုလုပ်ပြီးညီမလေးမမကိုပစ်ထားခဲ့နိုင်မှာလဲ…အတူတူတိုက်ပြီးတော့သူ့ကို ရိုက်ပြီးမောင်းထုတ်ရအောင်..”

စပယ်လေးက စကားပြောရင်း သူမ၏သိုလှောင်လက်စွပ်အတွင်း

မှသေးငယ်သည့် အနက်ရောင်ရဲတင်းလေးကိုထုတ်ယူလိုက်သည်။

“ဟီးဟီး …အလှလေးနှစ်ယောက်က ဒီသခင်လေးကို အတူတူခုခံကြဖို့ကြိုးစားနေကြတာလား..

စိတ်ဝင်စားစရာပဲ…. ဒီသခင်းလေးက မင်းတို့ကို ဇိမ်ရှိရှိအသုံးတော်မခံခင်လေးမှာ အရင်ဆုံးနည်းနည်းလောက်ပျော်ပါးကြတောပေါ့….ဟီးဟီးဟီးဟီး”

သခင်လေးဝူစန်းက စကားပြောရင်း သူ့လက်အတွင်း၌ရှိနေသေ အရိုးဖြူယပ်တောင်ကို ပိတ်လိုက်သည်။ သူ၏ ကိုယ်ကရှေ့သို့ဖျက်ခနဲဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်း  မိန်းကလေးနှစ်ယောက်၏ရှေ့တွင် အဖြူရောင် အရိပ်များကပေါ်လာသည်။

မိန်းကလေးနှစ်ယောက်က သခင်လေးဝူစန်းအား တစ်ချိန်တည်းတွင်တိုက်ခိုက်လိုက်ကြသည်။

ရုတ်တရက် အေးစိမ့်သော လေးအေးတစ်ခုကတိုက်ခတ်လာသည်။ အေးစိမ့်သောလေအတွင်းတင်ဓားနှင့် ရဲတင်းအရိပ်တို့ကပေါ်လာသည်။  ၎င်းတို့ကသိပ်သည်းစွာ စုစည်းနေကြသကဲ့သို့ သခင်လေးဝူစန်းအားဝါးမျိုရန်တစ်ဟုတ်ထိုးဦးတည်လာသည်။

“ဟားဟား….ဒီသခင်လေးအတွက်ချိုးဖြတ်

လိုက်စမ်း”

သခင်လေးဝူစန်းကတသောသောရယ်မောလိုက်သည်။ သူကသူ၏စက္ကူယပ်တောင်ကို ပိတ်လိုက်ပြီး ၎င်းအားရှေ့သို့ထိုးညွှန်လိုက်သည်။

ဤယပ်တောင်၏အောက်တွင် ပြင်းထန်သောအေးစိမ့်လေများသည်

လည်းကောင်း ဓားနှင့်ရဲတင်းအရိပ်များသည်လည်းကောင်း သုတ်သင်ချေမှုန်းခံလိုက်ရသည်။ထို့နောက်တွင်သခင်လေးဝူစန်းက သူ၏ယပ်တောင်အား ဘက်ညာလွဲယမ်းလိုက်သည်။

“အား…အား”

နူးညံ့သောအော်ဟစ်သံနှစ်ခုနှင့်အတူ  စက္ကူယပ်တောင်၏တိုက်ခိုက်ချက်က မိန်းကလေးနှစ်ယောက်ကိုထိမှန်သွားပြီး မြေပြင်ပေါ်သို့ပစ်လဲကျသွားစေသည်။

ဟုန်ယွဲ့၏ကျင့်ကြံမှုက ကြယ်ငါးပွင့်ဘုရင်နယ်ပယ်တွင်သာရှိနေသေးပြီးစပယ်လေးမှာ ကြယ်နှစ်ပွင့်  ဘုရင်နယ်ပယ်သာရှိသေးသည်ဖြစ်သည်။ ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်ဖြစ်သော သခင်လေးဝူစန်း၏ရှေ့တွင် သူမတို့အနေဖြင့် တိုက်ခိုက်မှုတစ်ချက်ကိုပင် ခုခံရပ်တည်နိုင်ခြင်းမရှိခဲ့ချေ။

မြေပြင်ပေါ်သို့ပစ်လဲကျသွားသော မိန်းကလေးနှစ်ယောက်အားခေါင်းငုံ့၍ကြည့်ရင်း  သခင်လေးဝူစန်း၏မျက်နှာထက်၌ တဏှာရာဂအခိုးအငွေ့များဖြင့်ပိုပို၍ပြည့်နှက်လာသည်။ သူကကြောင်တိကြောင်ကျားရယ်မောလိုက်ပြီး နောက်ပြောလိုက်သည်။

“ဟီးဟီး..ဒီသခင်လေးရှေ့မှာအလှလေး

နှစ်ယောက်က လဲလျောင်းနေကြတာပဲ….ဘယ်တစ်ယောက်ကိုငါအရင်ရွေးသင့်လဲ…. ဒါကတကယ်ရွေးချယ်ဖို့ခက်တာပဲကွာ….

တစ်ယောက်က နုနယ်ပြီးတော့ညှို့ဓာတ်ပြင်းတဲ့အချိန်

တစ်ယောက်က မခံရပ်နိုင်လောက်တဲ့စွဲမက်မှုတွေနဲ့ပြည့်နှက်နေတယ်..နှစ်ယောက်စလုံးမှာသူ့အရည်အသွေးနဲ့သူရှိနေတာပဲ”

“ဝူစန်း….အယုတ်တမာကောင် ငါသေသွားရင်တောင် နင့်ကိုငါအလွတ်မပေးဘူး…. “

ဟုန်ယွဲ့က အံကိုကြိတ်လိုက်ပြီး သူမ၏ဓားအာ ပင့်ထိုးလိုက်ပြန်သည်။ နောက်တစ်ကြိမ်ထပ်မံ၍ အေးစိမ့်သောလေတို့တိုက်ခတ်လာပြီး ဓားရိပ်များက သခင်လေးဝူစန်းထံ တိုးဝင်သွားပြန်သည်။

“ဟားဟား….မင်းသာအရမ်းတိုအနံအရသာနဲ့

ပြည့်စုံတဲ့သူဆိုတာကို သိခဲ့ရင် …..ဒီသခင်လေးအနေနဲ့ မင်းကို အရင်ဂရုစိုက်ပေးပြီးတော့အချိန်ကောင်းတစ်ခု

ပေးမှာပါ”

ဓားရိပ်များက ချဉ်းကပ်လာသကဲ့သို့ သခင်းလေးဝူစန်းကလည်း ပြောင်းလဲမှုမရှိသောအမူအယာဖြင့်

ပြောနေသည်။

သူ၏ယပ်တောင်အားတစ်ချက်

ဝေ့ယမ်းလိုက်ခြင်းနှင့်အတူ  ဓားရိပ်များက ဘာသဲလွန်စမှကျန်ရစ်နေခဲ့ခြင်းမှရှိဘဲ

ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် သခင်လေးဝူစန်း၏ ယပ်တောင်က ဟုန်ယွဲ့၏ဓားကိုင်ထားသောလက်

ကောက်ဝတ်ကို တိုက်ခိုက်လိုက်သည်။

“အား”

ဟုန်ယွဲ့မှာ နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။ သူမ၏လက်ကပြေလျော့သွားက ဓားလည်းလွင့်ထွက်သွားသည်။

“ချလွမ်”

၎င်းကသိပ်မဝေးလှသော အနီရောင်မြေပြင်ပေါ်သို့ကျရောက်သွားသည်။

“စီနီယာအမ…လူယုတ်မာကောင် …နင်တကယ်ပဲ ငါ့စီနီယာအမကို အနိုင်ကျင့်ရဲတယ်….”

ထိုအချိန်တွင် အခြားတစ်ဖက်၌ရှိနေသောစံပယ်လေးကလည်း အော်ဟစ်လိုက်သည်။ မြေပြင်ပေါ်တွင်လဲကျနေသောသူမ၏ကိုယ်လေးမှာချက်ခြင်းထရပ်လာပြီး သခင်လေးဝူစန်းအားသူမ၏ရဲတင်းဖြင့်ခုတ်ပိုင်းလိုက်သည်။ ကြီးမားသောရဲတင်းရိပ်ကြီးတစ်ခုကပေါ်လာပြီး ကြမ်းကြုတ်ဖိနှိပ်သောရောင်ဝါတို့ဖြင့် သခင်လေးဝူစန်းအားခုတ်ပိုင်းလိုက်သည်။

“နှစ်လိုဖွယ်ကောင်းတဲ့ပန်းလေး…

ဒီသခင်းလေးကို နာခံစွာနဲ့စောင့်နေစမ်းပါ..ဒီသခင်လေးမင်းစီနီယာအမအပေါ်တုန်နေအောင်ချစ်တာကို စောင့်နေလိုက် ပြီးမှ…ငါမင်းကို ချစ်ပေးပြီးတော့ အစစ်အမှန်မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်မှုအရသာကဘာလဲဆိုတာကိုအရသာခံခွင့်ပေးမယ်”

သူကစားပြော၍ရယ်လိုက်ပြီး စက္ကူယပ်တောင်အား ထပ်မံ၍အပေါ်သို့ပင့်ရိုက်လိုက်သည်။

ဤတိုက်ခိုက်မှု၏အောက်တွင်ဖိနှိပ်သော ရဲတင်း ရိပ်တို့မှာ ချက်ချင်းဖျက်ဆီးခံလိုက်ကြရသည်။

ထို့နောက်အချိန်မကြာလိုက်ပဲ သခင်လေးဝူစန့်က စံပယ်လေးရှေ့သို့ဖျက်ခနဲရောက်ရှိသွားပြီး  သူမ၏ရင်ဘက်အား သူ၏စက္ကူယပ်တောင်ဖြင့် ရိုက်နှက်လိုက်ကာ နောက်သို့လွင့်ထွက်သွားစေသည်။ လွင့်ထွက်နေရင်း စံပယ်လေးမှာပါးစပ်အပြည့်သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

“ဂျူနီယာညီမလေး”

စံပယ်လေးနောက်သို့လွင့်ပျံလာရင်း သွေးအန်လိုက်ရသည်ကို မြင်လိုက်ရသောအခါတွင် ဟုန်ယွဲ့ကစိုးရိမ်သောကရောက်စွာဖြင့်အော်ဟစ်လိုက်သည်။  ထိုအချိန်၌ သခင်လေးဝူစန်းမှာ သူမရှေ့သို့ရောက်ရှိနေပြီဖြစ်ပြီး သူ့မျက်နှာထက်တွင် ယုတ်မာသောအပြုံးတစ်ခုနှင့်ပြည့်နှက်နေသည်။

“ဟီးဟီးဟီး”

သူ၏ဖြူစင်သွယ်လျကျေုာက်စိမ်းနှင့်

တူသောလက်တို့ဖြင့် သူမ၏မို့မောက်သော အထွတ်နှစ်ခုထံဆုပ်ကိုင်လိုက်သည်။

“သူတောင်းစား”

ဟုန်ယွဲ့ကဒေါသတကြီး သခင်းလေးဝူစန်း၏လက်ထံ သူမရှိသမျှအားကုန်ထည့်၍ လက်ဝါးတစ်ချက်ရိုက်လွှတ်လိုက်သည်။

“ဟားဟား”

သခင်လေးဝူစန်းကတသောသောရယ်မောလိုက်သည်။ လက်ပြန်ရိုက်ချက်တစ်ချက်ဖြင့် ဟုန်ယွဲ့၏လက်ဖဝါးအားပြန်လည်ရိုက်ထုတ်

လိုက်သည်။  သူ၏ဖြူစင်သွယ်လျကျောက်စိမ်းနှင့်တူသော

လက်က ဆက်လက်၍ ဆန့်ထုတ်လာသည်။သူ၏လက်သူမထံသို့မ

ရောက်ခင်မှာပင် သခင်လေးဝူစန်းမှာ သူ့လက်ထက်၌ပြည့်နှက်နေမည့် နူးညံ့မှုနှင့်ပျော့ပျောင်းမှုတို့ကို ခံစား၍ရနိုင်သည်ဖြစ်သည်။

“ဟီးဟီးဟီးဟီး”

ဤသွေးရောင်ကမ္ဘာ၏ထွန်းလင်းတောက်ပ

မှုအောက်တွင် သခင်လေးဝူစန်း၏ တဏှာခိုးငွေ့များနှင့်အပြုံးမှာ ပို၍ပင်နတ်ဆိုးဆန်လာသည်။

ထိုအချိန်တွင် သေးငယ်သော သွေးနီရောင်မီးတောက်လေးတစ်ခုက လေထဲသို့ဖြတ်သန်းလာပြီးလေထဲ၌လှပသောသွေးနီရောင်အကွေးအဝိုက်လေးများချန်ထား

ရစ်ခဲ့သည်ကို မည်သူမျှသတိမထားမိကြချေ။

“ဟီးဟီးဟီး….”

သခင်လေးဝူစန်း၏တဏှာပြုံးတို့ကရပ်တန့်ချင်းမရှိချေ။ သူ၏မျက်နှာထက်တွင်စိတ်လှုပ်ရှားမှုများ

ဖြင့်ပြည့်နှက်နေသည်။ သူမထိန်းနိုင်ဘဲ နှုတ်ခမ်းများပင်သပ်လိုက်ကာ ရောက်ရှိလာတော့မည့်ပျော်ရွှင်မှုအကြောင်းကို စိတ်ကူးနေမိသည်။

နတ်ဆိုးလက်သည်းက မို့မောက်သောတောင်ထွတ်နှစ်ခုအားသို့ရောက်ခါနီးတွင် သခင်းလေးဝူစန်း၏အမူအယာမှာပြင်းပြင်းထန်ထန်ကို ပြောင်းလဲသွားသည်။ ဆန်းကြယ်ပြီးအေးစိမ့်သောစွမ်းအင်တစ်ခုကသူ့ကိုယ်ပေါ်သို့ကျရောက်လာသည်

ကိုခံစားရသကဲ့သို့ သူ၏မျက်နှာထက်၌တုန်လှုပ်

အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters