အပိုင်း (၂၂၄)
Vol. 15 Ch. 224
“အား..”
သခင်လေးဝူစန်းက ကောင်းကင်ထက်သို့မော့၍ဝမ်းနည်းဖွယ်အော်ဟစ်လိုက်သည်။ ထို့နောက်အချိန်တိုလေးအတွင်း နတ်ဆိုးဆန်သောတောက်ပသည့် အနီရောင်မီးတောက်က သူ၏တစ်ကိုယ်လုံးအားဖြတ်သန်းပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းသခင်လေးဝူစန်းမှာ သွေးနီရောင်မီးတောက်များဖုံးလွှမ်းနေသော လူသားမီးတောက်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ မီးတောက်တို့အတွင်းမှ သခင်လေးဝူစန်း၏ အသတ်ဖြတ်ခံရမည့်ဝက်တစ်ကောင်အော်သံကဲ့သို့စိတ်မချမ်းမြေ့ဖွယ်ကောင်းသောသခင်လေးဝူစန်း၏အသံထွက်ပေါ်လာသည်။
ဟုန်ယွဲ့နှင့် စံပယ်လေးတို့က ရုတ်တရက် မီးတောက်လူသားအဖြစ်ပြောင်းလဲသွားသော သခင်လေးဝူစန်းအား ကြောင်ကြည့်နေမိကြသည်။ ဤသွေးနီရောင်မီးတောက်မှတစ်ဆင့် သူတို့၏နှလုံးသားများကိုပင်တဆက်ဆက်တုန်ယင်စေနိုင်သော စွမ်းအားတစ်ခုကိုသူတို့ခံစားမိ၍
ရနိုင်သည်ဖြစ်သည်။
ဟုန်ယွဲ့က ရုတ်တရက်ထရပ်လိုက်ပြီး သူမအထက်ရှိသိပ်သည်းသော သွေးနီရောင်အရပ်များကို ကြည့်လိုက်သည်။ သူကလက်နှစ်ဖက်ကိုဆုပ်၍ ပြောလိုက်သည်။
“ကျွန်မတို့ကိုကယ်တင်ပေးတဲ့အတွက် စီနီယာကိုအများကြီးကျေးဇူးတင်ပါတယ်”
စကားပြောပြီးသည့်နောက် ဟုန်ယွဲ့က ကောင်းကင်ထဲအားဆက်လက်၍ ကြည့်နေပြီး တစ်ဖက်လူ၏တုံ့ပြန်မှုအား ငြိမ်သက်စွာစောင့်ဆိုင်းနေလိုက်သည်။ ထိုအချိန်တွင်စံပယ်လေးကလည်း
ထရပ်လိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်မှသွေးတို့ကိုပင်
ဂရုစိုက်နိုင်ခြင်းမရှိဘဲ ဟုန်ယွဲ့အတိုင်းအတုခီုး၍ ပြောလိုက်သည်။
“ကျွန်မတို့ကိုကယ်တင်းပေးတဲ့အတွက် စီနီယာကို အများကြီးကျေးဇူးတင်ပါတယ်”
သို့သော် အချိန်ခဏမျှကြာမြင့်သည်အထိ သွေးနီရောင်တောအုပ်တစ်ခုလုံးထဲတွင် သခင်လေးဝူစန်း၏ ဖြည်းဖြည်းချင်းအားနည်းလာသော စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံမှလွွဲ၍ တစ်ခြားဘာတုံ့ပြန်မှုမှရှိမလာခဲ့ပေ။
“စီနီယာအမ….ညီမလေးတို့ကိုကယ်တင်ခဲ့တဲ့ စီနီယာက ထွက်သွားပြီနဲ့တူတယ်”
စံပယ်လေးက လျှောက်လှမ်းလာပြီး ဟုန်ယွဲ့ကိုပြောလိုက်သည်။
“အင်း..သူထွက်သွားတာပဲဖြစ်ရမယ်”
ဟုန်ယွဲ့က စံပယ်လေးအားခေါင်းညိမ့်ပြလိုက်ပြီးပြောလိုက်သည်။
“ဒီလိုမျိုးကြယ်ကိုးပွင်ဘုရင်နယ်ပယ်တစ်ယောက်ဖြစ်တဲ့သခင်လေးဝူစန်းလိုလူကိုတောင် မမြင်တွေ့ရဘဲနဲ့သတ်နိုင်တဲ့ကျွမ်းကျင်သူတစ်ယောက်က ဖြတ်သွားဖြတ်လာကြုံတုန်းကြုခိုက်မှာ တို့တွေကို သခင်လေးဝူစန်းအနိုင်ကျင့်နေတာကို မြင်သွားတာပဲဖြစ်ရမယ်…သူကရပ်ကြည့်မနေနိုင်ပဲနဲ့ တို့တွေကို ကယ်တင်ဖို့ဆုံးဖြတ်ခဲ့တာပဲ…ဒါပေမဲ့ ဒီလိုမျိုးကျွမ်းကျင်သူတစ်ယောက်က ငါတို့နဲ့အသိအကျွမ်းဖြစ်ချင်တဲ့ဘာရည်ရွယ်ချက်မှရှိ မှာတော့မဟုတ်ဖူး”
ဟုန်ယွဲ့က သူမ၏ စိတ်ထဲမှနေ၍ တွေးလိုက်သည်။ ဤကမ္ဘာကြီးကဤကဲ့သို့ပင်ဖြစ်လေသည်။
ထို့နောက်ချက်ချင်း သခင်လေးဝူစန်း၏ သွေးပျက်ဖွယ်ငယ်သံပါအောင်အော်ဟစ်သံက ရပ်တန့်လာသကဲ့သို့ သွေးရောင်မီးတောက်ကလည်း စတင်၍ အရှိန်ဖြင့်မြေပြင်ပေါ်တွင်စီးမျောသွားသည်။ ဟုန်ယွဲ့နှင့်စံပယ်လေးတို့၏အလွန်အံ့ဩနေသော အကြည့်အောက်တွင်ပင် သွေးရောင်မီးတောက်က ဆိုးရွားစွာရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခန္ဓာကိုယ်ထံသို့စီးမျောသွားသည်။ ၎င်းက သခင်လေးဝူစန်း၏ခန္ဓာကိုယ်မှထွက်ကာစီးမျောလာပြီးနောက် ထိုခန္ဓာကိုယ်၏စုပ်ယူမှုကိုခံလိုက်ရသည်။
ထို့နောက်တွင် ဆိုးရွားစွာရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခန္ဓာကိုယ်ထံမှ ရုတ်တရက်အဖြူရောင်အလင်းတစ်ခုလင်းလက်သွားသည်ကို မိန်းကလေးနှစ်ယောက် တွေ့မြင်လိုက်ရသည်။
“ဒါက….အဆင့်တက်တဲ့အဖြူရောင်အလင်းပဲ”
အစကတည်း ကရှစ်ဖုန့်မှာကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်လင်စာနှင့်ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ် တင်းယုတိုအားသတ်ပြီးသည့်နောက်တွင် အဆင့်ချိုးဖြတ်လုနီးနီးဖြစ်နေခဲ့ခြင်းဖြစ်သည်။ ယခု သူ့အနေဖြင့်ကြယ်ကိုးပွင်ဘုရင်နယ်ပယ် သခင်လေးဝူစန်း၏သေခြင်းစွမ်းအင်နှင့်သွေးတို့အားဝါးမျိုးပြီးသည့်နောက်၌ ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်အဆင့်သို့ သူအောက်မြင်စွာအဆင့်တက်လှမ်းနိုင်ခဲ့သည်။
“စီနီယာအမ…ခုဏက ညီမလေးတို့ကို ကယ်တင်ခဲ့တဲ့သူက…..ဒီပုဂ္ဂိုလ်ပဲ..”
စံပယ်လေးက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခန္ဓာကိုယ်အားကြည့်၍ ဟုန်ယွဲ့ကို ပြောလိုက်သည်။
“ဟုတ်တယ်….သွေးရောင်မီးတောက်လုံးက သူစုပ်ယူတာကိုခံလိုက်ရတယ်…
သူပဲဖြစ်လိမ့်မယ်”
ဟုန်ယွဲ့ကခေါင်းညိမ့်လိုက်သည်။
“အာ…စီနီယာအမ…ဒါဆိုရင်ညီမလေးတို့တွေသူ့ကိုဒီနေရာမှာထားခဲ့လို့မရတော့ဘူး….သူကညီမလေးတို့ကိုကယ်တင်ခဲ့
တာ….ဒါကြောင့်ညီမလေးတို့အနေနဲ့
သူ့ကိုပြန်ပြီးတော့ ကောင်းကောင်းဂရုစိုက်ပေးပြီး ပြန်ပေးဆပ်ရမယ်လေ….အရင် ဆရာအသက်ရှိစဉ်ကလည်းညီမလေးတို့ကိုကြင်နာမှုအတွက်ဘယ်လိုပြန်တုံ့ပြန်ရတယ်ဆိုတာကို သင်ပေးခဲ့တာပဲ”
စံပယ်လေးကပြောလိုက်သည်။
“ဟုတ်တယ်…..ဒါကမလွဲဧကန်ပဲ….သူကတို့တွေကိုကယ်တင်ခဲ့တယ်..သူအသက်ရှူနေသေးသ၍ တို့တွေသူ့ကို လက်လျော့လိုက်လို့မဖြစ်ဖူး”
ဟုန်ယွဲ့ကပြောလိုက်သည်။ သူမကစကားပြောရင်းစံပယ်လေးကိုကြည့်ကာ ထပ်ပြောလိုက်သည်။
“ဂျူနီယာညီမလေး မမကို မမတို့ရဲ့ အေးစိမ့်ကုသရေး မြင့်မြတ်ရေစင်ကို ထုတ်ပေးအုံး”
“ဟုတ်ကဲ့စီနီယာအမ”
တုံ့ဆိုင်းနေခြင်းအလျင်းမရှိဘဲ စံပယ်လေးက သူမ၏ သို့လှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပုလင်းတစ်ပုလင်း
ကိုထုတ်ယူလိုက်သည်။ ပုလင်းထဲတွင်ဟုန်ယွဲ့ခုဏကပြောခဲ့သော ကောင်းကင်အေးစိမ့် ကုသရေး မြင့်မြတ်ရေစင်ပါရှိသည်ဖြစ်လေသည်။
ဤမြင့်မြတ်ရေစင်မှာသူမတို့၏ဆရာဖြစ်သူအသက်ရှင်စဉ်ကတည်းက ချန်ရစ်ထားခဲ့သောအရာဖြစ်သည်။၎င်း၌ ကုသရေးဂုဏ်သတ္တိများပါရှိသည်ဖြစ်သည်။ ယခုအချိန်၌ ၎င်းမှာ ဤသေးငယ်သောကျောက်စိမ်းပုလင်းထဲရှိပမာဏလောက်သာကျန်ရစ်တော့သည်ဖြစ်သည်။ အစက သူမတို့ရှစ်ဖုန့်အားတွေ့သည့်အချိန်တွင် ၎င်းအားသူတို့နှင့်ကြုံကြိုက်လို့တွေ့ရသောလူတစ်ယောက်အပေါ်၌ အသုံးပြုရန်ဝန်လေးနေခဲ့သည်။ သို့သော်ယခုအချိန်တွင်တော့ အခြေအနေကကွဲပြားသွားပြီဖြစ်လေသည်။ဤကဲ့သို့ထိခိုက်ဒဏ်ရာများစွာဖြင့်
ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး မည်သူမည်ဝါပင် မသကွဲနိုင်တော့သည်အထိဖြစ်ခဲ့ရသော ဤပုဂ္ဂိုလ်က သူမတို့အားသခင်လေးဝူစန်း၏ မိစ္ဆာလက်ခုပ်အတွင်းမှ လွတ်မြောက်အောင်ကူညီခဲ့သည်ဖြစ်သည်။
အစောပိုင်းကဖြစ်ရပ်များအား တွေးမိသောအခါတွင် သူမတို့သာအကယ်၍ ဤပုဂ္ဂိုလ်နှင့်တွေ့ဆုံခဲ့ခြင်းမရှိပဲ သခင်လေးဝူစန်းက သူမတို့နောက်သို့ဆက်လက်၍လျှို့ဝှက်စွာဖြင့် ပုန်းကွယ်လိုက်လာပါက သူမတို့၏အဆုံးသတ်မှာဖော်ပြ၍ မရနိုင်အောင်ပင် စိတ်မချမ်းမြေ့ဖွယ်ကောင်းလိမ့်မည်ဖြစ်သည်။ အကယ်၍သူမတို့သာထိုတိရစ္ဆာ၏ညစ်ညမ်းရမ်းကားမှုကိုခံခဲ့ရပါက သူမတို့၏ဘဝများပျက်ဆီးသွားရလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သော နှိပ်စက်ညှင်းပန်းမှုမျိုးကသေသည်ထက်ပင်ပိုမို၍ဆိုးဝါးသည်ဖြစ်သည်။ ထိုထက်ပိုသည်ကား သခင်လေးဝူစန်း၏ အရိုးဖြူဂိုဏ်း၌ အရိုးဖြူပညာရပ်ဟုခေါ်ဆိုသောလျှို့ဝှက်
ပညာရပ်တစ်ခုရှိသည်ဖြစ်သည်။ ဤလျှို့ဝှက်ပညာရပ်အား အသုံးပြုသောအခါတွင် အရိုးဖြူများပေါ်၌ အမှတ်အသားတစ်ခုကို ပုံနှိပ်ရသည်ဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်ထိုကဲ့သို့ပြုလုပ်ခံလိုက်ရပါက ထိုလူအနေဖြင့် သူ၏အမိန့်များအား ထာဝရ နာခံရတော့သည်ဖြစ်ည်။ သူတို့အနေဖြင့် ထာဝရဖျက်စီးမှုကို ခံရလိမ့်မည်ဖြစ်ပြီး သူတို့၏သေဆုံးခြင်သည်ပင်လျှင်ထိုတိရစ္ဆာန်၏လက်ထဲ၌ ရှိနေလိမ့်မည်ဖြစ်သည်။
ဟုန်ယွဲ့အနေဖြင့်ထိုကဲ့သို့စိတ်မချမ်းမြေ့စရာအဆုံးသတ်မျိုးအားဆက်လက်၍ တွေးရဲခြင်းမရှိပေ။ သူမက ကောင်းကင်အေးစိမ့်ကုသရေးမြင့်မြတ်ရေစင်ကို ကျောက်စိမ်းပုလင်းအတွင်းမှလောင်းချလိုက်ပြီး ရုစ်ဖုန့်၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောကိုယ်ပေါ်၌ သုတ်လိမ်းပေးလိုက်သည်။ထို့နောက်တွင် စံပယ်လေးက အဖြူရောင်အဝတ်တစ်ခုကိုထုတ်ယူလိုက်ပြီး ရှစ်ဖုန့်၏ ဒဏ်ရာများနှင့်ကိုယ်အား ပတ်စည်းလိုက်သည်။ သူမက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား တင်းကျပ်စွာအထပ်ထပ်ပတ်စည်းပေးလိုက်ပြီး သူ့အား မံမီတစ်ကောင်နှင့်တူသွားစေသည်။
ထို့နောက်ဟုန်ယွဲ့က ရှစ်ဖုန့်၏လက်အတွင်းမှသွေးဓားကို ဆုပ်ကိုင်လိုက်သည်။ သို့သော်သူမသွေးဓားအားဆုပ်ကိုင်လိုက်သည့်အခါတွင် ၎င်းမှာတကယ့်ကိုအဆင့်ငါးလက်နက်တစ်ခုဖြစ်ကြောင်းကို သူမအာရုံခံမိလိုက်သည်။ ထျန်းမြောင်အင်ပါယာတစ်ခုလုံးတွင်ပင် အဆင့်ငါးအံ့ဖွယ်လက်နက်အား ပိုင်ဆိုင်သည့်သူအများကြီးရှိမနေပေ။ အဘယ့်ကြောင့်ဆိုသော် ထျန်းမြောင်အင်ပါယာအတွင်း၌ရှိနေသော ဆန်းကြယ်သန့်စင်သူ၏အမြင့်ဆုံးအဆင့်မှာ အဆင့်ငါးသာရှိပြီး တစ်ယောက်တည်းသာရှိသောကြောင့်ဖြစ်လေသည်။ အကယ်၍ လူတစ်ယောက်က အဆင့်ငါးဆန်းကြယ်သန့်စင်သူတစ်ယောက်အား အဆင့်ငါးလက်နက်ကိုသန့်စင်ခိုင်းစေလိုပါက သူ့အနေဖြင့်မတန်တဆများပြားသောတန်ကြေးတစ်ခုအားပေးချေရလိမ့်မည်ဖြစ်သည်။ ၎င်းကသာမန်လူပုဂ္ဂိုလ်တစ်ယောက်တက်နိုင်စွမ်းငှာမရှိသောအရာတစ်ခုပင်ဖြစ်လေသည်။
ရုတ်ခြည်း ဤပုဂ္ဂိုလ်က သခင်လေးဝူစန်းအား ဤကဲ့သို့ထိခိုက်ဒဏ်ရာရနေချိန်တွင်ပင်သတ်နိုင်စွမ်းရှိသည်ကို တွေးမိသွားသည်။ သူ၏သရုပ်မှန်မှာသေချာပေါက် သာမန်ဖြစ်လိမ့်မည်မဟုတ်ပေ။ သို့သော်ဤပုဂ္ဂိုလ်ကသူတို့အားကယ်တင်ပေးခဲ့သည်။ ထို့ကြောင့်ဟုန်ယွဲ့အနေဖြင့် ဤဓားအားသူမအတွက်သိမ်းထားရန်ဘာအတွေးမှအစကတည်းကရှိမနေခဲ့ပေ။ သူမကသွေးဓားအားရှစ်ဖုန့်၏ သိုလှောင်လက်စွပ်အတွင်းသို့ပြန်ထည့်ထားပေးလိုက်သည်။
“စီနီယာအမ..ဒီနေရာက လုံခြုံတယ်လို့ သတ်မှတ်လို့ရသေးတယ်…ညီမတို့တွေဒီမှာပဲနေပြီးတော့ သူ့ကို စောင့်ရှောက်ပေးကြမယ်ဆိုရင်ရောဘယ်လိုလဲ”
စံပယ်လေးကပြောလိုက်သည်။
“အင်း”
ဟုန်ယွဲ့က ခေါင်းညိမ့်လိုက်သည်။
“တို့တွေက ဒီနေရာကို မတော်တဆစုပ်ယူခံခဲ့ရတာ ….တို့တွေမှာ ဘာ ပြိုင်စံရှားရတနာတွေကို မှှရှာဖွေဖို့ ရည်ရွယ်ချက်မရှိဘူး…ဒီကမ္ဘာထဲမှာ ပြိုင်စံရှားရတနာတစ်ခုပေါ်လာတယ်ဆိုရင်တောင် တို့တွေကအဲ့တာအတွက်တိုက်ခိုက်လို့ရမှာမဟုတ်ဖူး….ဒီနေရာမှာပဲ ကျိုးကျိုးနွံနွံလေးနေကြတာပေါ့”
“သူပြန်ကောင်းလာတဲ့အခါကြရင် …..သူနဲ့အတူ ဒီကမ္ဘာကြီးထဲက ထွက်မဲ့လမ်းကို ရှာကြမယ်….သူဒီဘေးဒုက္ခကနေ မကျော်လွှားနိုင်ခဲ့ရင်လည်း တို့တွေသူ့ကိုပြင်ပကမ္ဘာဆီပြန်ခေါ်သွားပေးမယ်…တို့တွေပြန်ရောက်တဲ့အခါကြရင် ဒီပုဂ္ဂိုလ်ရဲ့ နောက်ခံကိုရှာဖွေပြီးတော့ သူ့ကိုသူ့မိသားစုဆီပြန်ပြီးလက်လွှဲပေးမယ်…အဲ့ဒါမှသာ တို့အသက်တွေကသူကယ်တင်ပေးခဲ့တဲအတွက် တို့ဘက်ကနေပြန်လည်ပေးဆပ်နိုင်တဲ့အရာတစ်ခုလို့ယူဆလို့ရနိုင်မယ်”
“အင်း”
စံပယ်လေးက နာခံစွာဖြင့်ခေါင်းညိမ့်လိုက်သည်။ သူမ၏အမူအယာက ဟုန်ယွဲ့၏စကားတို့အား ထောက်ခံသည့်ပုံစံပင်ဖြစ်လေသည်။
တကယ်တမ်းတွင်ရှစ်ဖုန့်မှာသတိပြန်လည်ရရှိလာခဲ့ပြီးဖြစ်သည်။ ဤအမျိုးသမီးနှစ်ယောက်နှင့်သူစတွေ့
သည့်အချိန်မှစတင်၍ ဆေးနှင်ရေတို့တိုက်ကျွေးစဉ်အချိန်များပါ အရာအားလုံးအားသူသိသည်ဖြစ်သည်။ ရှစ်ဖုန့်၏ မျက်လုံးတို့ကထိခိုက်ထား၍ မမြင်ရနိုင်သေးသော်လည်း ဤအမျိုးသမီးနှစ်ယောက်ပြောသမျှအား
သူကြားနိုင်သေးသည်ဖြစ်သည်။
သူ့အနေဖြင့်သူမတို့နှင့်မသိသော်လည်း ဤကြင်နာတတ်သောအမျိုးသမီးနှစ်ယောက်က သူ့အား ကယ်တင်ပြီးဂရုစိုက်ရန်အတွင်သူမတို့၏
လမ်းကြောင်းကိုပင် ရပ်တန့်ခဲ့သည်မှာ အမှန်ဖြစ်သည်။ အစကတည်းက သူတို့အနေဖြင့်ဒီအတိုင်းထားခဲ့လည်း
အဆင်ပြေသည်သာဖြစ်သည်။ သို့သော်သူမတို့က သူ၏ထိခိုက်ဒဏ်ရာများအားတွေးမိကြသောအခါတွင် အကယ်၍ သူသာဤနေရာတွင်ဆက်နေခဲ့ပါက သူ့အနေဖြင့် နတ်ဆိုးသားရဲတို့၏ စားသောက်ခြင်းခံရလိမ့်ကို သိခဲ့ကြသည်ဖြစ်သည်။
ဤကမ္ဘာတွင်အားနည်းသူများကအားကြီး
သူများ၏သားကောင်များဖြစ်ကြပြီး ဤနှစ်ယောက်ကဲ့သို့သောလူမျိုးများကရှားပါးသည်ဖြစ်သည်။ ထို့ကြောင့်လည်းဤအမျိုးသမီးနှစ်ယောက်
အနိုင်ကျင့်ခံနေရသည်ကို သူကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က သူ၏ခွန်အားများကို စုစည်း၍ သွေးနီရောင်မီးတောက်အစုအဝေးတစ်ခုအားပစ်လွှတ်ခဲ့ပြီး ထိုသူတောင်စားအားသေသည်အထိလောင်
ကျွမ်းစေလိုက်ခြင်းဖြစ်သည်။
ရှစ်ဖုန့်၏စိတ်ဝိညာဉ်အသိအမြင်အောက်တွင် သူ့အနေဖြင့်ဤအမျိုးသမီးနှစ်ယောက်၏ရောင်ဝါအားအာရုံခံနိုင်သည်ဖြစ်သည်။ သူအံ့အားသင့်မိသည်ကား ဤအမျိုးသမီးနှစ်ယောက်မှာ ထိုညကထျန်းမြောင်အင်ပါယာသို့လာသည့်
လမ်းတွင် လီလျိုရှင်းနောက်သို့ခြေရာခံ၍လိုက်လာသော အမျိုးသမီးနှစ်ဖြစ်နေခြင်းကြောင့်ဖြစ်လေသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE