← Chapters

အပိုင်း (၂၂၅)

Vol. 15 Ch. 225

အပိုင်း (၂၂၅)

Vol. 15 Ch. 225

“ငရဲဘုံကိုးခု မပျက်စီးနိုင်ခြင်းနှင့်ထာဝရတည်မြဲခြင်း”

ရှစ်ဖုန့်က သူ၏ဒဏ်ရားများကိုပြန်လည်ကုသရန်အတွက် မန္တရားကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။  တစ်ချိန်တည်းမှာပင် ထိုအမျိုးသမီးနှစ်ယောက်သူ့အားလိမ်းကျံပေး

သော ကောင်းကင်အေးစိမ့် ကုသရေးမြင့်မြင်ရေစင်ကက တကယ့်ကို သာမန်ထက်သာလွန်သည်ကိုရှစ်ဖုန့်အာရုံခံမိ

သည်ဖြစ်သည်။  သူ၏ငရဲဘုံကိုးခု ပညာရပ်သက်ရောက်မှုအောက်တွင် ကောင်းကင်အေးစိမ့်ကုသရေးမြင့်မြတ်ရေစင်

နှင့်ယှဉ်တွဲ၍ သူ၏ဒဏ်ရာများမှာဖြည်းဖြည်းချင်းပြန်လည်

ကောင်းမွန်လာနေသည်။  အနည်းဆုံးယခုအချိန်၌ သူ၏အသက်မှာ အန္တရာယ်ရှိမနေတော့ပေ။

ယခုအချိန်၌သူ့အနေဖြင့် သူ၏ ဒဏ်ရာများမှ ဖြစ်နိုင်သမျှအမြန်ဆုံးပြန်လည်၍ ကောင်းမွန်ရန်လိုအပ်နေသည်။

ဤနေရာရှိမြေပြင်တွင် အခြားသော ပုန်းကွယ်၍ စောင့်နေသူတစ်ယောက်ထပ်ရှိ

နေအုံးမလားဆိုသည်ကို မည်သူသိနိုင်မည်နည်း။

ထိုထက်ပိုသည်ကား  သူတို့အပြင်များပြားလှသည့်အခြားသောသူများသည်လည်းဤကမ္ဘာအတွင်းသို့ဝင်ရောက်လာခဲ့သည်ဖြစ်သည်။ သူ့အနေဖြင့် ဘိုးဘေးနယ်ပယ်အဆင့်များစွာဖြင့်

အဆက်မပြက် မမျှော်လင့်ပဲကြုံကြိုက်ခဲ့ရသည်။ အကယ်၍ သခင်လေးဝူစန်းကသာဘိုးဘေး

နယ်ပယ်တစ်ယောက်ဖြစ်နေခဲ့လျှင်  ဤအမျိုးသမီးနှစ်ယောက်ပင် အန္တရာယ်ဖြစ်စေမည်မဟုတ်ပဲ ဤကဲ့သို့အတိုင်းအတာထိထိခိုက်ဒဏ်ရာရထားသောသူသည်လည်း  ထွက်ပြေးလွတ်မြောက်နိုင်ရန်ခက်ခဲ

လိမ့်မည်ဖြစ်သည်။

အချိန်များကတရွေ့ရွေ့ကုန်ဆုံးသွားသည်။ ရှစ်ဖုန့်၏ဒဏ်ရာများကလည်း ငရဲဘုံကိုးခု ပညာရပ်၏အောက်တွင် ဖြည်းညှင်းစွာဖြင့် ပြန်လည်ကောင်းမွန်လာနေသည်ဖြစ်သည်။ ဤတစ်ကြိမ်တွင်သူ့အနေဖြင့်ဤမျှ

အတိုင်းအတာပမာဏအထိ ထိခိုက်ဒဏ်ရာများရခဲ့သည်။  အကယ်၍သူသာ သူ၏ထိခိုက်ဒဏ်ရာရမှုများမှပြန်လည်၍ ကောင်းမွန်လာခဲ့လျှင် ရှစ်ဖုန့်၏ကာယခွန်အားမှာ သေချာပေါက် အခြားသော အဆင့်တစ်ခုသို့မြင့်တက်သွား

လိမ့်မည်ဖြစ်သည်။

ဟုန်ယွဲ့နှင့်စံပယ်လေးတို့က ရှစ်ဖုန့်၏ဒဏ်ရာများအားကုသပေးပြီးသည့်

နောက်တွင် အမျိုးသမီးနှစ်ယောက်မှာပတ်ဝန်းကျင်၌

လျှောက်၍ အချိန်ဖြုန်းနေခြင်းမရှိကြချေ။

ဤအချိန်အားအကျိုးအမြတ်ရယူကာ  သူတို့ကရှစ်ဖုန့်၏ဘေးတွင်တင်ပျဉ်ခွေထိုင်

လိုက်ကြပြီး စတင်၍ကျင့်ကြံမှုပြုနေကြသကဲ့သို့ ရုတ်တရက်ဖြစ်လာနိုင့်မည့် မတော်တဆမှုများကိုလည်း စောင့်ကြည့်နေကြသည်။

“ဝုန်း”

ရုတ်တရက် ခရမ်းရောင်ပုံရိပ်တစ်ခုက  ကောင်းကင်မှသက်ဆင်းလာပြီး  ကျင့်ကြံခြင်းကို ပြုလုပ်နေကြသောအမျိုးသမီးနှစ်ယောက်၏

ရှေ့တွင်ဆင်းသက်လိုက်သည်။

“ဝုန်း..ဝုန်း..ဝုန်း..”

ထို့နောက်ချက်ခြင်း နောက်ထပ်ခရမ်းရောင်ဝတ်ရုံများအားဝတ်ဆင်ထားကြသော ပုံရိပ်သုံးခုက ထပ်မံ၍ ဆင်းသက်လာသည်။

ရှစ်ဖုန့်ကသူ၏ဝိညာဉ်မှတစ်ဆင့် ခုဏကဆင်းသက်လာသောပုံရိပ်သုံးခုမှာ လင်စာနှင့်အတူပါလာသောလူသုံးယောက်

ဖြစ်ကြောင်းကို သူအာရုံခံမိလိုက်သည်။ ဦးစွာဆင်းသက်လာခဲ့သောသူမှာမူ  သူ၏သိုင်းနယ်ပယ်က လင်စာထက်ကြယ်တစ်ပွင့်ပို၍ မြင့်မားလေသည်။  သူသည်တကယ့်ကို ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်ကျင့်ကြံသူ

တစ်ယောက်ဖြစ်လေသည်။

ဤပုဂ္ဂိုလ်၏နမည်မှာ လင်ဟောင်ဖြစ်သည်။ သူသည်လင်စာကဲ့သို့ ဖျောင်ရှဂိုဏ်း၏ပါရမီရှင်တပည့်ဖြစ်ရုံသာမက လင်စာ၏သွေးတူညီအကိုတော်စပ်သူတစ်ဦး

လည်းဖြစ်သည်။

ယခင်တုံးက ဖျောင်ရှဂိုဏ်း၏တပည့်သုံးယောက်မှာ တောအုပ်အတွင်းကအန္တရာယ်အားအာရုံခံ

မိသည့်အချိန်တွင်  သူတို့သည်အလျှင်အမြန်ထွက်ပြေးကြကာ လေကိုထွင်းခွင်းပျံသန်း၍ လွတ်မြောက်သွားကြသည်။ တိုက်ဆိုင်စွာဖြင့်သူတို့သည် လေကိုထိုးခွင်းပျံသန်းလာသောလင်ဟောင်နှင့်တွေ့ဆုံခဲ့သည်။လင်ဟောင်အားသူတို့တွေ့လိုက်ရသောအခါမှသာ  လင်စာတစ်ယောက်သူတို့နှင့်အတူပါမလာခြင်းကိုသလောက်ပေါက်မိလိုက်ကြခြင်းဖြစ်သည်။

လင်ဟောင်အားဖြစ်ပျက်သများကိုပြောပြပြီး

သည့်နောက်  လင်ဟောင်မှာသူ့ညီဖြစ်သူလင်စာ၏လုံခြုံမှုအတွက်စိုးရိမ်သွားသည်။ ထို့ကြောင့် သူကလူသုံးယောက်အားသူ့အားတောအုပ်ဆီသို့စစ်ဆေးရန်အတွက်သူ့ကိုခေါ်ဆောင်

သွားရန်ပြောခဲ့ခြင်းဖြစ်သည်။

သူတို့တောအုပ်ထံသို့ရောက်သောအခါတွင် ဘာအန္တရာယ်ကိုမှ မမြင်တွေ့ခဲ့ရပေ။သူတို့မြင်တွေ့ခဲ့သည်ဆို၍  တောအုပ်က ဖရိုဖရဲစုတ်ပြတ်သက်နေခြင်းကိုသာဖြစ်သည်။  သွေးနီရောင်သစ်ပင်များကမြေပြင်အနှံ့ကျိုး

ကြေပြန့်ကျဲနေပြီး နက်ရှိုင်းပြီးကြီးမားသောချိုင့်တွင်းကြီး

တစ်ခုသာသူတို့၏ရှေ့တွင်ပေါ်လာခဲ့သည်။

သို့သော်ထိုအရာကအဓိကအချက်မဟုတ်ပေ။  သိပ်မကြာလိုက်ခင်တွင်  သွေးသစ်ပင်များဖြင့်ရှုပ်ပွနေသော ချိုင့်ကြီး၏အလယ်၌ ရှုံ့တွနေသောအလောင်းတစ်ခုအား

သူတို့မြင်တွေ့လိုက်ရခြင်းပင်ဖြစ်သည်။  အလောင်းပေါ်တွင်ရှိနေသောအဝတ်များက  လင်စာဝတ်ဆင်ခဲ့သည်နှင့်တူညီသော အဝတ်များဖြစ်လေသည်။

ငယ်ရွယ်သောအင်ပါယာနယ်ပယ်

သုံးယောက်မှာ  ဤအလောင်းအားမြင်တွေ့လိုက်ရသော

အခါတွင်  ရှစ်ဖုန့်သတ်ခဲ့သောတင်းယုကို ချက်ချင်းတွေးမိသွားသည်။  တင်းယု၏အလောင်းသည်လည်းလင်စာ၏

အလောင်းကဲ့သို့ပင်ဖြစ်လေသည်။  သူ၏သွေးများအားခြောက်သွေ့နေအောင်စုပ်ယူခံထားရပြီး  သူ၏အလောင်းက ဝါကြင့်ကြင့်ဖြစ်ကာ ရှံ့တွခြောက်သွေ့လာသည်ဖြစ်သည်။

သူတို့ထွက်ခွာသွားပြီးသည့်နောက်တွင် လင်စာမှာသွေးဓားနှင့်လူငယ်လေး၏

သတ်ဖြတ်ခြင်းခံလိုက်ရကြောင်းကို သိလိုက်ကြသည်။

သူ့ညီဖြစ်သူ၏အလောင်းအားမြင်တွေ့

လိုက်ရသောအခါတွင် လင်ဟောင်မှာ ရူးသွပ်သွားတော့မတက်ဖြစ်သွားရသည်။ သူကတစ်အုပ်တစ်ခွင်လိုက်ရှာ၍ သူ့ညီအားသတ်ဖြတ်ခဲ့သည့်လူသတ်သမားကို  သေချာပေါက်ရှာဖွေမည်ဟုကျိန််ဆိုခဲ့သည်။

လင်ဟောင်က ဟုန်ယွဲ့နှင်စံပယ်လေးတို့၏ရှေ့၌ ဝင့်ကြွားစွာရပ်လိုက်သည့်အခါတွင် သူ၏လက်တို့၌လည်း လေဓားနှစ်ခုအားဖွဲ့စည်းပြီးဖြစ်လေသည်။

သူကမိန်းကလေးနှစ်ယောက်၏ ဖြူစင်သန့်ရှင်းသောလည်တိုင်နှစ်ခုအား   လေဓားတို့ဖြင့်ထိုးညွှန်လိုက်ပြီး  အေးစက်စွာမေးလိုက်သည်။

“မင်းတို့နှစ်ယောက်   သွေးနီရောင်ဓားတစ်လက်ကိုကိုင်ထားတဲ့ အသက်ဆယ့်ငါးဆယ့်ခြောက်အရွယ်လူငယ်တစ်ယောက်  ကို ဒီနားပတ်ဝန်းကျင်မှာတွေ့မိသေးလား”

လင်ဟောင်၏မျက်နှာမှာဆီးနှင်းများဖုံးလွမ်းခံရသကဲ့သို့ ရေခဲတမျှအေးစက်နေသည်။  ဤမိန်းကလေးနှစ်ယောက်သာသူ့အား

စိတ်မပျော်ရွှင်အောင်ပြုလုပ်ရဲခဲ့ပါက   သူ့အနေဖြင့်သူတို့အားချက်ခြင်းပင်သတ်ပစ်

လိမ့်မည်ဖြစ်သည်။ သူ၏ညီဖြစ်သူသေဆုံးသွားခြင်းကြောင့် သူ့အနေဖြင့် လေလောဆယ်တွင်သူ့နှလုံးသားအတွင်းရှိ ဒေါသတရားတို့ကို ဖိနှိပ်ထားခြင်းဖြစ်သည်။ သို့သော် သူ့အနေဖြင့်ရူးသွပ်လုနီးနီးဖြစ်နေသည်

ဖြစ်သည်။ ထို့ကြောင့်သူ့တွင် ဘယ်လိုလုပ်ပြီး ဆန့်ကျင်ဘက်လိင်အတွက်နှင့်ကြင်နာသနား

စိတ်များရှိနေနိုင်ပါမည်နည်း။

“ကျွန်မသူ့ကို မတွေ့မိဘူး”

ဟုန်ယွဲ့ကတည်ငြိမ်သောအမူအယာ

ဖြင့်ပြောသည်။  သွေးဓားနှင့်လူဟုဤပုဂ္ဂိုလ်

ပြောလိုက်ကတည်းက   သူတို့ရှာဖွေနေသည့်သူအားသူမခန့်မှန်း

မိသည်ဖြစ်သည်။  သို့သော်ထိုထလူကသူတို့၏အသက်အားကယ်တင်ခဲ့သည်ဖြစ်သောကြောင့်   သူမအနေဖြင့်သူ့အပေါ်တွင်

သစ္စာမဖောက်နိုင်ချေ။

ဤအချိန်တွင်စံပယ်လေးမှာလည်းပါးနပ်သောသူတစ်ယောက်ဖြစ်သည်။  သူမကဟုန်ယွဲ့ကို ပြောလိုက်သည်။

“စီနီယာအမ မမညီမလေးကို ဒီတောအုပ်ထဲကနေထွက်သွားလို့ရနိုင်မလား

ဆိုပြီး သစ်ပင်ပေါ်ကိုတက်ပြီးကြည့်ခိုင်းတုံးက  သွေးရောင်ဓားတစ်လက်ကိုလက်ထဲမှာကိုင်ထားပုံရတဲ့လူတစ်ယောက်ကို တွေ့လိုက်တယ်.သူက အနောက်မြောက်ဘက်ကိုပျံသန်းတာ”

“အနောက်မြောက်ဘက်လား”

စံပယ်လေး၏စကားအားကြား

လိုက်ရသောအခါတွင်  လင်ဟောင်က  မျက်မှောင်ကြုတ်လိုက်သည်။  သူကအမျိုးသမီးနှစ်ယောက်ထံကြည့်

လိုက်ပြီးနောက်  သူမတို့ဘေးရှိလူပုံပေါက်နေသော

အဝတ်ထုပ်ကြီးကိုကြည့်လိုက်သည်။  သူ၏လက်တို့အားတစ်ချက်ဖိလိုက်

သောအခါတွင် မိန်းကလေးနှစ်ဦး၏လည်ပင်းရှေ့တွင်ရှိနေသော  လေဓားနှစ်ခုမှာပျောက်ကွယ်သွားသည်။  ထို့နောက်သူက သူ့နောက်တွင်ရှိသော လူသုံးဦးကိုပြောလိုက်သည်။

“သွားစို့”

လင်ဟောင်ကစကားပြောပြီးသောအခါတွင် သူ၏ကိုယ်က ကောင်းကင်ထဲသို့ဒေါင်လိုက်အနေအထားထိုးတက်သွားပြီး လေကိုထိုးခွင်း၍ မြောက်ဘက်သို့ပျံသန်းလိုက်သည်။ ဤအချိန်တွင် အခြားသော  ဖျောင်ရှဂိုဏ်း၏အင်ပါယာနယ်ပယ်

တပည့်သုံးယောက်ကလည်း   လင်ဟောင်နောက်သို့လိုက်သည်။

သူတို့လေးယောက်ထွက်ခွာသွားပြီးသည့်နောက်တွင်  စံပယ်လေးက စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ သူမကခေါင်းလှည့်၍ ဟုန်ယွဲ့ကို ပြောလိုက်သည်။

“စီနီယာအမ…သီသီလေးပဲ… ဒီလူတွေညီမလေးတို့ကို သတ်မိလုနီးပါးပဲ”

“အင်း”

ဟုန်ယွဲ့က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ကံကောင်းတော့ ညီမလေးကပါးနပ်တဲ့မိန်းကလေးဖြစ်နေလို့”

ထို့နောက်  ဟုန်ယွဲ့ကသူမတို့ဘေးတွင်လဲလျောင်းနေသော ရှစ်ဖုန့်ကို ကြည့်ပြီးပြောလိုက်သည်။

“မြန်မြန်သွားကြစို့ ……….တို့တွေဒီမှာကြာကြာနေလို့မရဘူး….သူတို့တွေတစ်ခုခုမှားနေတယ်ဆိုတာကို ရှာတွေ့သွားပြီးတော့ပြန်လာကြလိမ့်မယ်”

စံပယ်လေး၏အကူအညီဖြင့် ဟုန်ယွဲ့က မံမီပုံဖြစ်နေသောရှစ်ဖုန့်အား  သူမ၏ကျောပေါ်သို့ ဂရုတစိုက်သယ်ဆောင်လိုက်သည်။  ထို့နောက်တွင်မိန်းကလေးနှစ်ယောက်

နှင့်မံမာကြီးက အရှေ့တောင်ဘက်သို့ လျှင်မြန်စွာလျှောက်လှမ်းထွက်ကြသည်။

သိပ်မကြာခင်တွင် လေကိုထိုးခွင်းပျံသန်းကာ အနောက်မြောက်ဘက်သို့ဦးတည်နေသော လင်ဟောင်တစ်ယောက် တစ်ခုခုမှားယွင်းနေသည်ကို ဖြည်းဖြည်းချင်းသဘောပေါက်လာသည်။ ထို့နောက်သိပ်မကြာခင် လင်ဟောင်က အင်ပါယာနယ်ပယ်သုံးယောက်ကို ပြောလိုက်သည်။

“အဲ့မိန်းကလေးတွေ အဲ့မှာရှိနေသေးလားဆိုတာကို ပြန်သွားကြည့်ကြရအောင်”

ထိုသို့ပြောပြီးသည့်နောက်   လင်ဟောင်ကဦးဆောင်၍  သူတို့လာခဲ့သောဦးတည်ချက်ဆီသို့  လေကိုထိုးခွင်းပျံသန်းလိုက်သည်။

ပုံရိပ်လေးခုက  ဟုန်ယွဲ့နှင့်စံပယ်လေးတို့ရှိနေခဲ့သောနေရာသို့ဆင်းသက်လိုက်ကြသည်။ ဤအချိန်တွင်မိန်းကလေးနှစ်ဦးနှင့် အဝတ်များဖြင့်ပတ်စည်းခံထားရသော  ထပ်ပြီးရှိမနေတော့ချေ။

“လီးပဲ…ငါတို့တွေ အဲ့ခွေးမနှစ်ကောင်ရဲ့လှည့်စားမှုကိုခံလိုက်ရပြီ…. သူတို့မှာသာ ဖုံကွယ်ချင်တဲ့စိတ်ဆန္ဒနဲ့ထိခိုက်ဒဏ်ရာရထားတဲ့သူရှိမနေဘူးဆိုရင် ဒီလိုမြန်မြန်ဆန်ဆန်နဲ့ထွက်သွားကြမဲ့

အစားဒီနေရာမှာပဲရှိနေကြလိမ့်မယ်… မုန်းဖို့ကောင်းလိုက်တာကွာ”

လင်အောင်က စကားပြောရင်း သူ၏ညာလက်အားဆန့်ထုတ်လိုက်ရာ  သူ့ဘေးတွင်ရှိနေသောသွေးနီရောင်

သစ်ပင်ကြီးက   သူ၏လက်ဖဝါးချက်ကြောင့်ချက်ချင်း

ကျိုးသွားသည်။

“ဝုန်း”

သစ်ပင်ကမြေပြင်ပေါ်သို့ပြိုလဲကျလာပြီး အခြားသစ်ပင်တစ်ခုကိုထိမှန်သွားသည်။

“ငါတို့လေးယောက်လူခွဲပြီးတော့ရှာကြမယ်… အဲ့ခွေးမတွေကိုဘယ်သူပဲရှာတွေ့သည်ဖြစ်စေ ချက်ချင်းဆက်သွယ်ရေးကျောက်စိမ်းပြားတွေကို ချိုးလိုက်ကြ “

လင်ဟောင်က အခြားသုံးယောက်အား အမိန့်ပေးသည့်လေသံဖြင့်ပြောလိုက်သည်။

“ဟုတ်ကဲ့”

သုံးယောက်သားပြိုင်တူတုံ့ပြန်လိုက်ကြသည်။ လင်ဟောင်မှာဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ယောက်ဖြစ်ပြီး  သူ၏အဆင့်အတန်းကသူတို့ထက်များစွာ

မြင့်မားကြသည်ဖြစ်သည်။ သူတို့အနေဖြင့် သူ၏ အမိန့်များအား မနာခံပဲမနေရဲချေ။ ထို့နောက်သူ၏ညီဖြစ်သူကိုဆုံရှုံးလိုက်ရ

ခြင်းကြောင့်  ပေါက်ကွဲလုနီးပါးဖြစ်နေသော  လင်ဟောင်အားထားခဲ့ကြသည်။

ချက်ချင်း သူတို့လေးယောက်လုံး ဦးတည်ချက်လေးခုသို့ခွဲလိုက်ကြကာ  လှစ်ခနဲပျံသန်းသွားကြသည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters